The Deal With A Demon King

By HninAung913

129K 12.7K 931

မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ... More

Intro And Characters
Part 1 (အမှတ်အသား)
Part 2 ( ဘဝရဲ့စာမျက်နှာ)
Part 3 ( ပူလောင်ခြင်း)
Part 4 ( ကျေးဇူးကြွေး)
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Characters of Deal (Edit)
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 26
Part 27
Part 28
Part 29
Part 30
Part 31**
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57

Part 25

567 73 6
By HninAung913

“ ပြန်တော့မလို့လား…”

ယွင်းရန်က တဖက်သို့လှည့်ကာ သွားရန်ပြင်နေသော နျူးကိုနောက်ဘက်မှနေ၍ လှမ်းမေးလိုက်သည်။ ဘာရယ်ကြောင့်မှန်းမသိပေမဲ့လို့ သူတကယ်တမ်း ဝန်ခံရလျှင် နျူးကိုသူနဲ့အတူ အကြာကြီးရှိနေစေချင်သည်။ သူ့အနေနဲ့ နျူးကိုတွေ့မြင်နေရသည်က စိတ်သက်သာရာရပြီး သူ့နှလုံးသားတစ်ခုလုံးလည်း အေးချမ်းနေသည်ဟုခံစားရသည်။ ထို့အပြင် မိစ္ဆာတိုင်းပြည်က သူ့အတွက်နေရသည်မှာ မွန်းကျပ်သလိုခံစားရတာကြောင့် သူအမြဲလိုလိုစာကြည့်တိုက်ထဲတွင်သာ သူ့ကိုယ်သူပိတ်လှောင်ထားလေ့ရှိသည်။ ယခုတော့ နျူးကို သူ့ဘေးနားမှာရှိနေစေချင်ပြီး အကယ်၍နျူးသာ ဤနေရာ၌ကြာကြာနေဖြစ်ခဲ့မည်ဆိုပါက ထိုကဲ့သို့သောခံစားချက်များ ကွယ်ပျောက်သွားနိုင်လောက်မည်ဟူသော အတွေးကို သူမတွေးပဲမနေနိုင်ချေ။ ထိုကဲ့သို့သော အတွေးကပင်  သူ့ကိုသက်တောင့်သက်သာရှိစေသည်။ ထို့ကြောင့် သူ နျူးကိုတော်တော်နှင့် ပြန်မလွှတ်ချင်။  အတတ်နိုင်ဆုံးတော့ သူ့ဘေးနားမှာ ဆွဲထားချင်သည်။

သို့သော်လည်း နျူးက ယွင်းရန်၏စကားကြောင့် ခြေလှမ်းတို့ကိုရပ်တန့်လိုက်ပြီး ယွင်းရန်ဘက်သို့ပြန်လှည့်လာကာ

“ အွန်း…. ပြန်မှရတော့မယ်လေ….အခုလော​က်ဆို လောင်ရဲ့ရဲ့ ဒေါသကငယ်ထိပ်မှာရောက်နေလောက်ပြီ။ နျူးကို အရည်ဖျော်ပစ်လိမ့်မယ်။ “

“ ဒါပေမဲ့….ငါမင်းကို တနေရာလိုက်ပို့အုန်းမလို့လေ…..”

နျူး၏ ဆက်တိုက်ပြုစုမှုကြောင့် နျူးလက်ထဲရှိအမဲလုံးလေးမှာ အိပ်ပျော်သွားပုံရကာ ငြိမ်သက်နေလေတော့သည်။ နျူးက ထိုကောင်လေးကိုလက်တဖက်ဖြင့်ပွေ့ကိုင်ထားရင်းပင် ကျန်လက်တစ်ဖက်က သူ၏ခေါင်းကို လှမ်းကုတ်ကာ

“ အဲ့တာက…နောက်…နောက်တခါမှ ကြည့်မယ်လေ…”

ထိုစကားကြောင့် စိတ်အလိုမကျဖြစ်နေပုံထောက်သော ယွင်းရန်၏မျက်နှာအမူအရာက ချက်ချင်းပုံမှန်အတိုင်းပြန်ဖြစ်သွားကာ

“ ဒါဆို….မင်း နောက်တခါ လာအုန်းမှာပေါ့…အဲ့လိုလား”

“ အင်းပေါ့…လာမှာလေ… ဒီနေရာကလည်း ပျော်ဖို့ကောင်းတာကို…”

“ ဘယ်တော့လဲ…”

“ အဲ့တာက… သေချာမသိသေးဘူး”

ယွင်းရန်ကမျက်မှောင်ကြုတ်နေဆဲပင်။ နျူးက ယွင်းရန်၏အမူအရာကိုမြင်တော့ သးတကယ်မနေတတ် မထိုင်တတ်ဖြစ်လာသလိူ ခံစားလိုက်ရသည်။ ရုတ်တရက် ထိုသူကိုကြည့်ရင်း သူပါ ဝမ်းနည်းလာသလိုပင်။ ထိုမိစ္ဆာဘုရင်အကြောင်းကို သေချာတော့ သူမသိပေမဲ့ ထင်သလောက်မဆိုးသွမ်းသလို သူ့အပေါ်လည်းဂရုစိုက်သည်ဟု ခံစားရသည်။ ထို့အပြင် ထိုသူနှင့်ရှိနေစဥ်အချိန်တွေကပင် သူ့ကိုဘယ်သောအခါကမျှမခံစားဖူးသည့် ခံစားချက်မျိုးကိုပါ ခံစားရစေသည်။ ထိုခံစားချက်ကို နျူးသေချာမသိပေမဲ့လို့ ထိုအရာက သူ့ကိုပျော်ရွှင်စေသလိုခံစားရ၏။ သို့သော်လည်း သူ ကောင်းကင်ဘုံကထွက်လာတာကြာနေသည့်အပြင် ဤတခေါက်က ကောင်းကင်မင်းကြီးနှင့်အတူလာတာမို့ သူဒီမှာအကြာကြီး နေလို့မဖြစ်။ နောင်တချိန် လောင်ရဲ့အလုပ်ရှုပ်နေခဲ့ပြီး သူ့ကိုဂရုမစိုက်နိုင်သည့်အချိန်နှင့်ကိုက်နေခဲ့ပါက သူဒီကို ထပ်လာကိုလာဖြစ်အုန်းမှာ သေချာပါသည်။

နျူးက ယွင်းရန်ကိုကြည့်ကာ သူ၏မျက်ဝန်းများပိတ်သွားသည်အထိ ရယ်ပြလိုက်ရင်း

“ မကြာခင်ပေါ့…”

ထိုအခါမှ ယွင်းရန်က သူ၏မျက်ဝန်းများကိုအသာမှိတ်ကာ ပြန်ဖွင့်လိုက်ပြီး နျူးကိုကြည့်သည်။

“ ငါမင်းကို လိုက်ပို့ပေးမယ်။ “

“ အွန်း…”

…………………

“ နျူး……!!!”

မက်မွန်တောထဲမှ အသံကျယ်ကြီးတစ်ခုက ကောင်းကင်ဘုံတစ်ခုလုံးသည်ပင် ဖိန့်ဖိန့်တုန်သွားလောက်သည်ဟု ခံစားလိုက်ရပေသည်။ နောက်ဆုံးတော့ နျူးက မက်မွန်တောထဲတွင်မရှိသည်မှာအတော်ကြာနေပြီဖြစ်သည်ကို လောင်ရဲ့တွေ့ရှိသွားလေပြီ။ နျူးမှာ သူ၏ခြေလှမ်းများကို ခပ်ဖွဖွနင်းနေရာမှ ရုတ်တရက်တုန်တတ်သွားကာ ရပ်တန့်လိုက်သည်။ သူ့ပုခုံးပေါ်တွင် မျက်လုံးခြောက်လုံးစလုံးကိုအသုံးပြုကာ သူ့အားပြူးကြောင်ကြောင်ဖြင့်ကြည့်နေပါသော ကျိကျိအား သူခေါင်းကိုစောင်းကာကြည့်လိုက်ရင်း

“ မပူပါနဲ့….မင်းရောက်ရောက်ချင်းတော့ မသေလောက်ပါဘူး…”

နျူး ထိုအကောင်လေးကိုပြုံးပြလိုက်သည်။ ထိုအမဲလုံးလေးကတော့ စိတ်သက်သာရာရပုံမပေါ်ပါချေ။  ပြီးနောက်ရှေ့သိူ့တည့်တည့်ကြည့်ကာ သက်ပြင်းချလိုက်၏။

ထိုအချိန်တွင်ပဲ အထဲရှိလောင်ရဲ့၏အသံကျယ်ကြီးက ထပ်ပေါ်လာပြန်ပါသေးသည်။

“ မင်းပြန်ရောက်နေပြီဆိုတာ ငါသိတယ်နော်…… ဘယ်သူ့အားကိုးနဲ့မို့ပဲဖြစ်ဖြစ် ဒီနေ့တော့ မင်းကိုမှတ်လောက်အောင် ဆုံးမမယ်။ အခုထွက်လာခဲ့စမ်း……!!!”

နျူး၏ မျက်ခုံးနှစ်ခုကြားနှင်းပွင့်ချပ်ကလေးမှာတော့ ဟန်မဆောင်နိုင်စွာ အစိမ်းရင့်ရောင်အဖြစ်သို့ ပြောင်းလဲသွားလေ၏။ ထို့နောက် နျူးတစ်ယောက် ချက်ချင်းဆိုသလို မက်မွန်တော၏အဝင်ဝတံခါးမကြီးရှေ့တွင် ဒူးထောက်ချလိုက်လေတော့သည်။ ထို့နောက် သူ၏လက်နှစ်ဖက်ကိုလက်သီးဆုပ်ကာမြှောက်လျက်  ဒူးနှစ်ဖက်နှင့်ပင် လောင်ရဲ့ရှိရာဆီသို့ သွားလေတော့၏။ လောင်ရဲ့က သူ့ကိုမြင်လေတော့ ဘာအသံမှဆက်မထွက်တော့ပဲ သူ့ဆီတဖြည်းဖြည်းရောက်လာမည်ကိုသာ ရပ်ကြည့်နေလေ၏။ လောင်ရဲ့အနားသို့ ရောက်လေတော့မှ နျူးက လက်ကိုမြှောက်ထားလျက်ပင်

“ လောင်ရဲ့………နျူး…မှားသွားပါတယ်…”

“ လူ့လောကကိုတယောက်တည်း သွားတယ်ပေါ့ ဟုတ်လား။ နျူး……မင်းက အရမ်းကိုအရွယ်ရောက်နေပြီပေါ့…ဒီအဖိုးကြီးရဲ့စကားတွေက မင်းအတွက် ဂရုမစိုက်စရာတွေဖြစ်နေပြီပေါ့။ “

“ လောင်…လောင်ရဲ့…အဲ့လိုမဟုတ်…”

နျူးက ဤတကြိမ်တွင်တော့ သူ ဒူးထောက်ထားခြင်းကို အနည်းငယ်မှပင်မရွေ့ရဲပါသေးချေ။ သူ့အပြစ်ကိုတော့ သူသေချာသိသည်။ ဤကိစ္စတစ်ခုလုံးကိုလည်း ကောင်းကင်မင်းကြီးကို လွှဲချ၍လည်းမရ။ လောင်ရဲ့သိလျင် ပို၍သာဆိုးလိမ့်မည်။ ထို့အပြင် မိစ္ဆာဘုရင်ယွင်းရန်ဆီကိုပါသွားခဲ့သေးသည်ကို သိသွားပါက သူအသက်ပင်ဘယ်အပေါက်က ရှူရတော့မည်ကို သိနိုင်လိမ့်မည်မဟုတ်တော့ချေ။ နျူးက ဖြေရှင်းချက်ပေးရန်ပြင်တော့ လောင်ရဲ့က အပြောမခံပဲ တဖက်သို့လှည့်သွားလေ၏။ သူအတော်လေး စိတ်ဆိုးနေသည်ကို ကြည့်ရုံနှင့်ပင် သိနိုင်ပါပေသည်။ ဒူးထောက်ထားသောသော နျူးမှာ လောင်ရဲ့၏ကျောပြင်အားကြည့်ရင်း ဝမ်းနည်းလာကာ မျက်ဝန်းမှမျက်ရည်များ  ပိုးပိုးပေါက်ပေါက်ကျဆင်းလာပါတော့သည်။ ထို့အပြင် ငိုသံကြီးဖြင့်

“ လောင်ရဲ့……လောင်ရဲ့…နျူးကိုမမုန်းပါနဲ့…နောက်မလူပ်တော့ပါဘူး…နျူးက…နျူးကဒီအတိုင်း…”

လောင်ရဲ့မှာ နျူး၏အော်ငိုသံကြောင့်ချက်ချင်းပြန်လှည့်လာရလေတော့သည်။ မျက်ရည်ကြီးငယ်ကျနေပါသော နျူးကိုကြည့်ရင်း လောင်ရဲ့မှာ မည်သိူ့မျှ အသည်းမမာနိုင်တော့ပါချေ။ သို့သော်လည်း အမြဲတမ်းထိုကဲ့သို့ အလျော့ပေးနေတာမို့ နျူးက ကြာလေဆိုးလာလေဖြစ်နေသည်ကို သူသိသည်။ ထို့ကြောင့် သူအလျော့ပေးဖို့ကို အတော်ထိန်းရပေလိမ့်အုန်းမည်။

“ တိတ်စမ်း…ဘာတွေများ မှန်နေလို့ ငိုနေတာလဲ။ ငါက ဆူတောင်မဆူရတော့ဘူးလား။ ပြီးတော့….ဘယ်သူကများ မုန်းတယ်လို့ပြောမိလို့လဲ……တိတ်… အခုတိတ်….”

လောင်ရဲ့ကပြန်ဟောက်လိုက်တာကြောင့် ဆက်ငိုခွင့်မရှိတော့သည့်အလား သူ့ခေါင်းလေးကိုမော့ကာ နှာတစ်ရှုံ့ရှုံ့ဖြင့် လောင်ရဲ့အားကြည့်လာပါတော့သည်။ လောင်ရဲ့သည်လည်း သူ့ကိုမနိုင်တော့ပါချေ။ သူလည်း မျက်လုံးအစုံကိုမှိတ်ကာ သက်ပြင်းချလိုက်ပြီး

“ ငါ ဘာလုပ်ရမလဲဆိုတာ မသိတော့ဘူး “

“ ဘာကိုလဲ…လောင်ရဲ့…”

နျူးက သူ၏မျက်ရည်များကိုသုတ်ရင်း လောင်ရဲ့၏တီးတိုးစကားကို လှမ်းမေးလေသည်။ လောင်ရဲ့က နျူးကိုကြည့်လိုက်ရင်း

“ ဘာမှမဟုတ်ဘူး…သွား...သွား…အထဲကိုဝင်ပြီး အနားယူလိုက်တော့…”

လောင်ရဲ့၏စကားကြောင့် နျူးကချက်ချင်းမတ်တပ်ကောက်ရပ်လိုက်သည်။ သူ လောင်ရဲ့ကို လှမ်းဖက်လိုက်ရင်း

“ လောင်ရဲ့……… ကျေးဇူးပါ…”

ထိုအခါမှ လောင်ရဲ့ကနျူး၏ကျောပြင်ကိုအသာပုတ်ပေးလိုက်ရင်း

“ သွားသွား…သွား နားတော့…”

နျူးတယောက် လောင်ရဲ့ကိုဖက်တွယ်ထားရာမှ ပြန်ခွာလိုက်ပြီးတဲ့နောက် အထဲသို့ဝင်ရန်ပြင်လိုက်သည်။ ကျိကျိကို လောင်ရဲ့မမြင်နိုင်အောင် သူ့နောက်ကျောခါးဘက်တွင် ဝှက်ထားတာကြောင့် သူ ကျောခိုင်းလိုက်လေတော့ လောင်ရဲ့က ထိုအမဲလုံးလေးကို မြင်သွားပါလေတော့သည်။

“ နျူး…မင်း ခါးမှာကပ်နေတာ ဘာကောင်လဲ”

“ အဲ့တာက……”

နျူးမှာ သူခိုးလူမိသည့်အလား သူ၏ခြေလှမ်းများကို ရပ်တန့်လိူက်မိတော့သည်။ ကျိကျိက အဖိုးအိုကြီး၏ စူးစိုက်စွာကြည့်ခြင်းကို ခံလိုက်ရတာကြောင့် တုန်တတ်နေသည်မှာ သူ၏အမွှေးဖွားဖွားလေးများကပင် ဖြောင့်စင်းသည်အထိ ထောင်နေကြတော့သည်။ နျူးက လောင်ရဲ့ဘက်သိူ့ပြန်လှည့်လာပြီး ကျိကျိကိုတော့ သူ့လက်ဖဝါးပေါ်ပြန်တင်လိုက်တော့သည်။ သူ ခေါင်းကို ငုံ့ထားရင်း

“ ဒီဟာလေးက…”

“ မိစ္ဆာတိုင်းပြည်က……နျူး……မင်း……”

လောင်ရဲ့လို သက်တမ်းအများကြီးနေလာပြီးတဲ့ နတ်အိုကြီးက ဒီလိူမကောင်းဆိုးဝါးအသေးစားလေးတွေကို မသိစရာတော့အကြောင်းမရှိပါချေ။ နျူးကတော့ မကြာခင်သေဒဏ်ပေးခံရတော့မည့် အပြစ်သားအလား ကြောက်၍တုန်တတ်နေပြီဖြစ်သည်။ သူ၏ကျိကျိသည်လည်း ထိုအတိုင်းပင်။ လောင်ရဲ့၏ ဒေါသကနောက်ဆုံးတွင်တော့ ငယ်ထိပ်ထိ ရောက်သွားပါတော့သည်။

ထိုအခိုက်အတန့်တွင်ပင် သူ၏မက်မွန်ရိုးကောက်တောင်ဝှေးကို ဖန်တီးလိုက်လေပြီး သူ နျူးကိုလွှဲရိုက်ရန်ပြင်လိုက်သည်။

နျူးက သူ၏မျက်ဝန်းအစုံကိုမှိတ်ချပစ်လိုက်ပြီး သူ၏မျက်ခုံးနှစ်ခုကြားရှိနှင်းပွင့်ချပ်ကလေးကတော့ အနီရောင်သို့ပြောင်းလဲသွားလေသည်။ သူတကယ် ကြောက်လန့်နေချေပြီ။ လောင်ရဲ့က သူ့ကိုဘယ်တုန်းကမှ ဤလောက်အထိ စိတ်မတိုခဲ့ဖူးပေ။ လက်မပါခဲ့ဖူးပေ။ ဘယ်အရာကများ သူ့ကိုဤလောက်ထိ စိတ်ဆိုးစေသည်ကိုလည်း သူနားမလည်။ သူက သက်တမ်းငယ်သေးတဲ့ နတ်သူငယ်ပေမဲ့လို့ သူဤလောက်အထိတော့ ချုပ်ချယ်မခံရသင့်ဘူးလို့ သူထင်မိသည်။ သူနဲ့ရွယ်တူနတ်သူငယ်တွေလည်း ရှိနေတာ။ ဤသို့နတ်သက်တမ်းငယ်တာက သူတယောက်တည်း မဟူတ်။ လောင်ရဲ့က သူ့အပေါ်ကို အရမ်းတင်းကျပ်လွန်းလှသည်။

လောင်ရဲ့၏တောင်ဝှေးက ယခုအချိန်ထိ သူ့အပေါ်သို့ကျရောက်မလာသေးပါချေ။ သိူ့သော်လည်း နျူးသည် သူ၏မျက်ဝန်းများကို မှိတ်ထားရင်းနှင့်ပင် အော်လိုက်လေ၏။

“ ဘာလို့ နျူးက သွားလို့မရတာလဲ။ ဘာလို့ နျူးကျမှ ဘယ်သူနဲ့မှ အပေါင်းအသင်းလုပ်လို့မရတာလဲ။ ဘာလိူ့ နျူးကျမှ ဒီမက်မွန်တောထဲမှာပဲ တဘဝလုံးနေရစေချင်တာလဲ။ ဘာလို့…ဘာလို့…ကောင်းကင်မင်းကြီးနဲ့ရော……မိစ္ဆာဘုရင်နဲ့ရော…ရင်းနှီးခွင့်တောင် မရှိရတာလဲ။

သိပါတယ်…ကိုယ့်ကိုကိုယ် အဆင့်နိမ့်တဲ့နတ်သူငယ်မှန်း သိပါတယ်……ဒါပေမဲ့… ဘာလို့… သူများတွေ လုပ်လို့ရတဲ့ အရာတွေကို နျူးက လုပ်ခွင့်မရှိရတာလဲ……နျူးလည်း လောင်ရဲ့မသိအောင် ခိုးလုပ်နေရတာကို ငြီးငွေ့နေပြီ…နျူးလည်း.. နျူး…”

နျူးမှာ ပြောနေရင်းပင် ထပ်မံကာ မျက်ရည်များကျဆင်းလာလေတော့သည်။ သူ၏မျက်ခုံးနှစ်ခုကြားရှိအရာလေးသည်ကတော့ ချက်ချင်းပင် မှိန်ကျသွားကာ မီးခိုးရောင်အဖြစ်သို့ပြောင်းလဲနေပါ၏။ သူ့ရှေ့ရှိ လောင်ရဲ့သည်လည်း တောင်ဝှေးကိုင်ထားသော လက်တို့က လေပေါ်တွင်သာ ရပ်တန့်လို့နေပြီး သူသည်လည်း တဖြည်းဖြည်းနှင့်ပင် မျက်ရည်များကျလာလေတော့သည်။ ထို့နောက် သူ၏တောင်ဝှေးကို ပြန်ဖျောက်လိုက်ရင်း

“ ဒီလောကမှာ မင်းမသိသင့်ဆုံးက သူတို့နှစ်ယောက်ကိုပဲ။ မင်းကို ဒီမှာပဲ နေခိုင်းခဲ့တာက မင်းကို ကောင်းကင်မင်းကြီးမြင်သွားမှာကို ကြောက်လို့… နောက်ဆုံးကျရင်…”

လောင်ရဲ့၏ငိုရင်းပြောလာသည့် စကားသံတွေကြောင့် နျူး၏မျက်ဝန်းတို့က တဖြည်းဖြည်းချင်းပြန်ပွင့်လာလေသည်။ သူလည်း မျက်ရည်တို့ကြောင့် ရှေ့ရှိ နတ်အိုကြီးအား စမ်းတဝါးဝါးသာ မြင်ရ၏။ နတ်အိုကြီးက အားရပါးရငိုနေပါသည်။ သူပြောချင်သည့် စကားလုံးအဓိပ္ပါယ်တွေကိုတော့ နျူးနားမလည်နိုင်ပါချေ။

လောင်ရဲ့က ဘေးနားတွင်ရှိသော ကျောက်စားပွဲဘေးရှိ ထိုင်ခုံပေါ်သိူ့ သူ့၏ကိုယ်ခန္တာကို ပစ်ချကာ ထိုင်လိုက်ပြီး သူ၏လက်တဖက်ကိုတော့ ကျောက်စားပွဲကို အမှီပြုစေသည်။ သူ၏ခေါင်းကို အောက်ကိုသာငုံ့ထားပြီး

“ နှစ်တသောင်းကြာမြင့်ပြီးတဲ့ ကံကြမ္မာဟောကိန်း…တစ်ခုရှိတယ်။ မိစ္ဆာဘုရင် ယွင်းရန်က တစ်စုံတစ်ခုကြောင့် ကောင်းကင်ဘုံကိုဆန့်ကျင်လိမ့်မယ်။ သုံးလောကတစ်ခုလုံးရဲ့ ကပ်ဆိုးဟာ အဲ့အရာကြောင့် ဖြစ်လာရလိမ့်မယ်။ ကြောက်မက်ဖွယ်ရာ စစ်မြေပြင်တစ်ခုဖြစ်ပွားပြီး အသက်ပေါင်းများစွာသေဆုံးရပြီး ဝိညာည်ပေါင်းများစွာ ပျက်စီးရလိမ့်မယ်။  “

လောင်ရဲ့၏ စိတ်မချမ်းမြေ့သည့်အသံနှင့်ပြောလာသောစကားကြောင့် နျူးမှာ အနည်းငယ်ကြောက်လန့်မိသော်လည်း တပြိုင်နက်တည်းမှာပင် လောင်ရဲ့၏စကားတွေကို နားမလည်နိုင်ဖြစ်ရသည်။ လောင်ရဲ့က ဤအရာကိုစိုးရိမ်နေသည်ဟုဆိုလျင် ထိုအရာက သူနှင့်အဘယ်သိူ့ပတ်သတ်သနည်း။ သူ့ကို အစစ၊ အရာရာချုပ်ချယ်တာနှင့် မည်သို့မျှ စပ်ဆက်ကြည့်လို့မရချေ။

“ နျူးနဲ့……ဘယ်လိုပတ်သတ်လို့လဲ။ “

နျူး၏အမေးကြောင့် လောင်ရဲ့က နျူး၏လက်နှစ်ဖက်ကိုလှမ်းဆွဲလိုက်သည်။ နျူးမှာ ရုတ်တရက်ပေမို့ ထိတ်လန့်သွားလေ၏။ လောင်ရဲ့က သူ၏မျက်ဝန်းပြာတွေကို သေချာစွာ စူးစိုက်ကြည့်ရင်း

“ အဲ့ဒီ…တစ်စုံတစ်ခုက မင်းမဟုတ်ဖို့…… ငါမျှော်လင့်ခဲ့တာ…”

“………”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ ျပန္ေတာ့မလို႔လား…”

ယြင္းရန္က တဖက္သို႔လွည့္ကာ သြားရန္ျပင္ေနေသာ န်ဴးကိုေနာက္ဘက္မွေန၍ လွမ္းေမးလိုက္သည္။ ဘာရယ္ေၾကာင့္မွန္းမသိေပမဲ့လို႔ သူတကယ္တမ္း ဝန္ခံရလၽွင္ န်ဴးကိုသူနဲ႔အတူ အၾကာႀကီးရွိေနေစခ်င္သည္။ သူ႔အေနနဲ႔ န်ဴးကိုေတြ႕ျမင္ေနရသည္က စိတ္သက္သာရာရၿပီး သူ႔ႏွလုံးသားတစ္ခုလုံးလည္း ေအးခ်မ္းေနသည္ဟုခံစားရသည္။ ထို႔အျပင္ မိစၧာတိုင္းျပည္က သူ႔အတြက္ေနရသည္မွာ မြန္းက်ပ္သလိုခံစားရတာေၾကာင့္ သူအျမဲလိုလိုစာၾကည့္တိုက္ထဲတြင္သာ သူ႔ကိုယ္သူပိတ္ေလွာင္ထားေလ့ရွိသည္။ ယခုေတာ့ န်ဴးကို သူ႔ေဘးနားမွာရွိေနေစခ်င္ၿပီး အကယ္၍န်ဴးသာ ဤေနရာ၌ၾကာၾကာေနျဖစ္ခဲ့မည္ဆိုပါက ထိုကဲ့သို႔ေသာခံစားခ်က္မ်ား ကြယ္ေပ်ာက္သြားနိုင္ေလာက္မည္ဟူေသာ အေတြးကို သူမေတြးပဲမေနနိုင္ေခ်။ ထိုကဲ့သို႔ေသာ အေတြးကပင္  သူ႔ကိုသက္ေတာင့္သက္သာရွိေစသည္။ ထို႔ေၾကာင့္ သူ န်ဴးကိုေတာ္ေတာ္ႏွင့္ ျပန္မလႊတ္ခ်င္။  အတတ္နိုင္ဆုံးေတာ့ သူ႔ေဘးနားမွာ ဆြဲထားခ်င္သည္။

သို႔ေသာ္လည္း န်ဴးက ယြင္းရန္၏စကားေၾကာင့္ ေျခလွမ္းတို႔ကိုရပ္တန္႔လိုက္ၿပီး ယြင္းရန္ဘက္သို႔ျပန္လွည့္လာကာ

“ အြန္း…. ျပန္မွရေတာ့မယ္ေလ….အခုေလာ​က္ဆို ေလာင္ရဲ့ရဲ့ ေဒါသကငယ္ထိပ္မွာေရာက္ေနေလာက္ၿပီ။ န်ဴးကို အရည္ေဖ်ာ္ပစ္လိမ့္မယ္။ “

“ ဒါေပမဲ့….ငါမင္းကို တေနရာလိုက္ပို႔အုန္းမလို႔ေလ…..”

န်ဴး၏ ဆက္တိုက္ျပဳစုမွုေၾကာင့္ န်ဴးလက္ထဲရွိအမဲလုံးေလးမွာ အိပ္ေပ်ာ္သြားပုံရကာ ၿငိမ္သက္ေနေလေတာ့သည္။ န်ဴးက ထိုေကာင္ေလးကိုလက္တဖက္ျဖင့္ေပြ႕ကိုင္ထားရင္းပင္ က်န္လက္တစ္ဖက္က သူ၏ေခါင္းကို လွမ္းကုတ္ကာ

“ အဲ့တာက…ေနာက္…ေနာက္တခါမွ ၾကည့္မယ္ေလ…”

ထိုစကားေၾကာင့္ စိတ္အလိုမက်ျဖစ္ေနပုံေထာက္ေသာ ယြင္းရန္၏မ်က္ႏွာအမူအရာက ခ်က္ခ်င္းပုံမွန္အတိုင္းျပန္ျဖစ္သြားကာ

“ ဒါဆို….မင္း ေနာက္တခါ လာအုန္းမွာေပါ့…အဲ့လိုလား”

“ အင္းေပါ့…လာမွာေလ… ဒီေနရာကလည္း ေပ်ာ္ဖို႔ေကာင္းတာကို…”

“ ဘယ္ေတာ့လဲ…”

“ အဲ့တာက… ေသခ်ာမသိေသးဘူး”

ယြင္းရန္ကမ်က္ေမွာင္ၾကဳတ္ေနဆဲပင္။ န်ဴးက ယြင္းရန္၏အမူအရာကိုျမင္ေတာ့ သးတကယ္မေနတတ္ မထိုင္တတ္ျဖစ္လာသလိူ ခံစားလိုက္ရသည္။ ႐ုတ္တရက္ ထိုသူကိုၾကည့္ရင္း သူပါ ဝမ္းနည္းလာသလိုပင္။ ထိုမိစၧာဘုရင္အေၾကာင္းကို ေသခ်ာေတာ့ သူမသိေပမဲ့ ထင္သေလာက္မဆိုးသြမ္းသလို သူ႔အေပၚလည္းဂ႐ုစိုက္သည္ဟု ခံစားရသည္။ ထို႔အျပင္ ထိုသူႏွင့္ရွိေနစဥ္အခ်ိန္ေတြကပင္ သူ႔ကိုဘယ္ေသာအခါကမၽွမခံစားဖူးသည့္ ခံစားခ်က္မ်ိဳးကိုပါ ခံစားရေစသည္။ ထိုခံစားခ်က္ကို န်ဴးေသခ်ာမသိေပမဲ့လို႔ ထိုအရာက သူ႔ကိုေပ်ာ္ရႊင္ေစသလိုခံစားရ၏။ သို႔ေသာ္လည္း သူ ေကာင္းကင္ဘုံကထြက္လာတာၾကာေနသည့္အျပင္ ဤတေခါက္က ေကာင္းကင္မင္းႀကီးႏွင့္အတူလာတာမို႔ သူဒီမွာအၾကာႀကီး ေနလို႔မျဖစ္။ ေနာင္တခ်ိန္ ေလာင္ရဲ့အလုပ္ရွုပ္ေနခဲ့ၿပီး သူ႔ကိုဂ႐ုမစိုက္နိုင္သည့္အခ်ိန္ႏွင့္ကိုက္ေနခဲ့ပါက သူဒီကို ထပ္လာကိုလာျဖစ္အုန္းမွာ ေသခ်ာပါသည္။

န်ဴးက ယြင္းရန္ကိုၾကည့္ကာ သူ၏မ်က္ဝန္းမ်ားပိတ္သြားသည္အထိ ရယ္ျပလိုက္ရင္း

“ မၾကာခင္ေပါ့…”

ထိုအခါမွ ယြင္းရန္က သူ၏မ်က္ဝန္းမ်ားကိုအသာမွိတ္ကာ ျပန္ဖြင့္လိုက္ၿပီး န်ဴးကိုၾကည့္သည္။

“ ငါမင္းကို လိုက္ပို႔ေပးမယ္။ “

“ အြန္း…”

…………………

“ န်ဴး……!!!”

မက္မြန္ေတာထဲမွ အသံက်ယ္ႀကီးတစ္ခုက ေကာင္းကင္ဘုံတစ္ခုလုံးသည္ပင္ ဖိန္႔ဖိန္႔တုန္သြားေလာက္သည္ဟု ခံစားလိုက္ရေပသည္။ ေနာက္ဆုံးေတာ့ န်ဴးက မက္မြန္ေတာထဲတြင္မရွိသည္မွာအေတာ္ၾကာေနၿပီျဖစ္သည္ကို ေလာင္ရဲ့ေတြ႕ရွိသြားေလၿပီ။ န်ဴးမွာ သူ၏ေျခလွမ္းမ်ားကို ခပ္ဖြဖြနင္းေနရာမွ ႐ုတ္တရက္တုန္တတ္သြားကာ ရပ္တန္႔လိုက္သည္။ သူ႔ပုခုံးေပၚတြင္ မ်က္လုံးေျခာက္လုံးစလုံးကိုအသုံးျပဳကာ သူ႔အားျပဴးေၾကာင္ေၾကာင္ျဖင့္ၾကည့္ေနပါေသာ က်ိက်ိအား သူေခါင္းကိုေစာင္းကာၾကည့္လိုက္ရင္း

“ မပူပါနဲ႔….မင္းေရာက္ေရာက္ခ်င္းေတာ့ မေသေလာက္ပါဘူး…”

န်ဴး ထိုအေကာင္ေလးကိုျပဳံးျပလိုက္သည္။ ထိုအမဲလုံးေလးကေတာ့ စိတ္သက္သာရာရပုံမေပၚပါေခ်။  ၿပီးေနာက္ေရွ႕သိူ႔တည့္တည့္ၾကည့္ကာ သက္ျပင္းခ်လိုက္၏။

ထိုအခ်ိန္တြင္ပဲ အထဲရွိေလာင္ရဲ့၏အသံက်ယ္ႀကီးက ထပ္ေပၚလာျပန္ပါေသးသည္။

“ မင္းျပန္ေရာက္ေနၿပီဆိုတာ ငါသိတယ္ေနာ္…… ဘယ္သူ႔အားကိုးနဲ႔မို႔ပဲျဖစ္ျဖစ္ ဒီေန႔ေတာ့ မင္းကိုမွတ္ေလာက္ေအာင္ ဆုံးမမယ္။ အခုထြက္လာခဲ့စမ္း……!!!”

န်ဴး၏ မ်က္ခုံးႏွစ္ခုၾကားႏွင္းပြင့္ခ်ပ္ကေလးမွာေတာ့ ဟန္မေဆာင္နိုင္စြာ အစိမ္းရင့္ေရာင္အျဖစ္သို႔ ေျပာင္းလဲသြားေလ၏။ ထို႔ေနာက္ န်ဴးတစ္ေယာက္ ခ်က္ခ်င္းဆိုသလို မက္မြန္ေတာ၏အဝင္ဝတံခါးမႀကီးေရွ႕တြင္ ဒူးေထာက္ခ်လိုက္ေလေတာ့သည္။ ထို႔ေနာက္ သူ၏လက္ႏွစ္ဖက္ကိုလက္သီးဆုပ္ကာေျမႇာက္လ်က္  ဒူးႏွစ္ဖက္ႏွင့္ပင္ ေလာင္ရဲ့ရွိရာဆီသို႔ သြားေလေတာ့၏။ ေလာင္ရဲ့က သူ႔ကိုျမင္ေလေတာ့ ဘာအသံမွဆက္မထြက္ေတာ့ပဲ သူ႔ဆီတျဖည္းျဖည္းေရာက္လာမည္ကိုသာ ရပ္ၾကည့္ေနေလ၏။ ေလာင္ရဲ့အနားသို႔ ေရာက္ေလေတာ့မွ န်ဴးက လက္ကိုေျမႇာက္ထားလ်က္ပင္

“ ေလာင္ရဲ့………န်ဴး…မွားသြားပါတယ္…”

“ လူ႔ေလာကကိုတေယာက္တည္း သြားတယ္ေပါ့ ဟုတ္လား။ န်ဴး……မင္းက အရမ္းကိုအရြယ္ေရာက္ေနၿပီေပါ့…ဒီအဖိုးႀကီးရဲ့စကားေတြက မင္းအတြက္ ဂ႐ုမစိုက္စရာေတြျဖစ္ေနၿပီေပါ့။ “

“ ေလာင္…ေလာင္ရဲ့…အဲ့လိုမဟုတ္…”

န်ဴးက ဤတႀကိမ္တြင္ေတာ့ သူ ဒူးေထာက္ထားျခင္းကို အနည္းငယ္မွပင္မေရြ႕ရဲပါေသးေခ်။ သူ႔အျပစ္ကိုေတာ့ သူေသခ်ာသိသည္။ ဤကိစၥတစ္ခုလုံးကိုလည္း ေကာင္းကင္မင္းႀကီးကို လႊဲခ်၍လည္းမရ။ ေလာင္ရဲ့သိလ်င္ ပို၍သာဆိုးလိမ့္မည္။ ထို႔အျပင္ မိစၧာဘုရင္ယြင္းရန္ဆီကိုပါသြားခဲ့ေသးသည္ကို သိသြားပါက သူအသက္ပင္ဘယ္အေပါက္က ရွူရေတာ့မည္ကို သိနိုင္လိမ့္မည္မဟုတ္ေတာ့ေခ်။ န်ဴးက ေျဖရွင္းခ်က္ေပးရန္ျပင္ေတာ့ ေလာင္ရဲ့က အေျပာမခံပဲ တဖက္သို႔လွည့္သြားေလ၏။ သူအေတာ္ေလး စိတ္ဆိုးေနသည္ကို ၾကည့္႐ုံႏွင့္ပင္ သိနိုင္ပါေပသည္။ ဒူးေထာက္ထားေသာေသာ န်ဴးမွာ ေလာင္ရဲ့၏ေက်ာျပင္အားၾကည့္ရင္း ဝမ္းနည္းလာကာ မ်က္ဝန္းမွမ်က္ရည္မ်ား  ပိုးပိုးေပါက္ေပါက္က်ဆင္းလာပါေတာ့သည္။ ထို႔အျပင္ ငိုသံႀကီးျဖင့္

“ ေလာင္ရဲ့……ေလာင္ရဲ့…န်ဴးကိုမမုန္းပါနဲ႔…ေနာက္မလူပ္ေတာ့ပါဘူး…န်ဴးက…န်ဴးကဒီအတိုင္း…”

ေလာင္ရဲ့မွာ န်ဴး၏ေအာ္ငိုသံေၾကာင့္ခ်က္ခ်င္းျပန္လွည့္လာရေလေတာ့သည္။ မ်က္ရည္ႀကီးငယ္က်ေနပါေသာ န်ဴးကိုၾကည့္ရင္း ေလာင္ရဲ့မွာ မည္သိူ႔မၽွ အသည္းမမာနိုင္ေတာ့ပါေခ်။ သို႔ေသာ္လည္း အျမဲတမ္းထိုကဲ့သို႔ အေလ်ာ့ေပးေနတာမို႔ န်ဴးက ၾကာေလဆိုးလာေလျဖစ္ေနသည္ကို သူသိသည္။ ထို႔ေၾကာင့္ သူအေလ်ာ့ေပးဖို႔ကို အေတာ္ထိန္းရေပလိမ့္အုန္းမည္။

“ တိတ္စမ္း…ဘာေတြမ်ား မွန္ေနလို႔ ငိုေနတာလဲ။ ငါက ဆူေတာင္မဆူရေတာ့ဘူးလား။ ၿပီးေတာ့….ဘယ္သူကမ်ား မုန္းတယ္လို႔ေျပာမိလို႔လဲ……တိတ္… အခုတိတ္….”

ေလာင္ရဲ့ကျပန္ေဟာက္လိုက္တာေၾကာင့္ ဆက္ငိုခြင့္မရွိေတာ့သည့္အလား သူ႔ေခါင္းေလးကိုေမာ့ကာ ႏွာတစ္ရွုံ႔ရွုံ႔ျဖင့္ ေလာင္ရဲ့အားၾကည့္လာပါေတာ့သည္။ ေလာင္ရဲ့သည္လည္း သူ႔ကိုမနိုင္ေတာ့ပါေခ်။ သူလည္း မ်က္လုံးအစုံကိုမွိတ္ကာ သက္ျပင္းခ်လိုက္ၿပီး

“ ငါ ဘာလုပ္ရမလဲဆိုတာ မသိေတာ့ဘူး “

“ ဘာကိုလဲ…ေလာင္ရဲ့…”

န်ဴးက သူ၏မ်က္ရည္မ်ားကိုသုတ္ရင္း ေလာင္ရဲ့၏တီးတိုးစကားကို လွမ္းေမးေလသည္။ ေလာင္ရဲ့က န်ဴးကိုၾကည့္လိုက္ရင္း

“ ဘာမွမဟုတ္ဘူး…သြား...သြား…အထဲကိုဝင္ၿပီး အနားယူလိုက္ေတာ့…”

ေလာင္ရဲ့၏စကားေၾကာင့္ န်ဴးကခ်က္ခ်င္းမတ္တပ္ေကာက္ရပ္လိုက္သည္။ သူ ေလာင္ရဲ့ကို လွမ္းဖက္လိုက္ရင္း

“ ေလာင္ရဲ့……… ေက်းဇူးပါ…”

ထိုအခါမွ ေလာင္ရဲ့ကန်ဴး၏ေက်ာျပင္ကိုအသာပုတ္ေပးလိုက္ရင္း

“ သြားသြား…သြား နားေတာ့…”

န်ဴးတေယာက္ ေလာင္ရဲ့ကိုဖက္တြယ္ထားရာမွ ျပန္ခြာလိုက္ၿပီးတဲ့ေနာက္ အထဲသို႔ဝင္ရန္ျပင္လိုက္သည္။ က်ိက်ိကို ေလာင္ရဲ့မျမင္နိုင္ေအာင္ သူ႔ေနာက္ေက်ာခါးဘက္တြင္ ဝွက္ထားတာေၾကာင့္ သူ ေက်ာခိုင္းလိုက္ေလေတာ့ ေလာင္ရဲ့က ထိုအမဲလုံးေလးကို ျမင္သြားပါေလေတာ့သည္။

“ န်ဴး…မင္း ခါးမွာကပ္ေနတာ ဘာေကာင္လဲ”

“ အဲ့တာက……”

န်ဴးမွာ သူခိုးလူမိသည့္အလား သူ၏ေျခလွမ္းမ်ားကို ရပ္တန္႔လိူက္မိေတာ့သည္။ က်ိက်ိက အဖိုးအိုႀကီး၏ စူးစိုက္စြာၾကည့္ျခင္းကို ခံလိုက္ရတာေၾကာင့္ တုန္တတ္ေနသည္မွာ သူ၏အေမႊးဖြားဖြားေလးမ်ားကပင္ ေျဖာင့္စင္းသည္အထိ ေထာင္ေနၾကေတာ့သည္။ န်ဴးက ေလာင္ရဲ့ဘက္သိူ႔ျပန္လွည့္လာၿပီး က်ိက်ိကိုေတာ့ သူ႔လက္ဖဝါးေပၚျပန္တင္လိုက္ေတာ့သည္။ သူ ေခါင္းကို ငုံ႔ထားရင္း

“ ဒီဟာေလးက…”

“ မိစၧာတိုင္းျပည္က……န်ဴး……မင္း……”

ေလာင္ရဲ့လို သက္တမ္းအမ်ားႀကီးေနလာၿပီးတဲ့ နတ္အိုႀကီးက ဒီလိူမေကာင္းဆိုးဝါးအေသးစားေလးေတြကို မသိစရာေတာ့အေၾကာင္းမရွိပါေခ်။ န်ဴးကေတာ့ မၾကာခင္ေသဒဏ္ေပးခံရေတာ့မည့္ အျပစ္သားအလား ေၾကာက္၍တုန္တတ္ေနၿပီျဖစ္သည္။ သူ၏က်ိက်ိသည္လည္း ထိုအတိုင္းပင္။ ေလာင္ရဲ့၏ ေဒါသကေနာက္ဆုံးတြင္ေတာ့ ငယ္ထိပ္ထိ ေရာက္သြားပါေတာ့သည္။

ထိုအခိုက္အတန္႔တြင္ပင္ သူ၏မက္မြန္ရိုးေကာက္ေတာင္ေဝွးကို ဖန္တီးလိုက္ေလၿပီး သူ န်ဴးကိုလႊဲရိုက္ရန္ျပင္လိုက္သည္။

န်ဴးက သူ၏မ်က္ဝန္းအစုံကိုမွိတ္ခ်ပစ္လိုက္ၿပီး သူ၏မ်က္ခုံးႏွစ္ခုၾကားရွိႏွင္းပြင့္ခ်ပ္ကေလးကေတာ့ အနီေရာင္သို႔ေျပာင္းလဲသြားေလသည္။ သူတကယ္ ေၾကာက္လန္႔ေနေခ်ၿပီ။ ေလာင္ရဲ့က သူ႔ကိုဘယ္တုန္းကမွ ဤေလာက္အထိ စိတ္မတိုခဲ့ဖူးေပ။ လက္မပါခဲ့ဖူးေပ။ ဘယ္အရာကမ်ား သူ႔ကိုဤေလာက္ထိ စိတ္ဆိုးေစသည္ကိုလည္း သူနားမလည္။ သူက သက္တမ္းငယ္ေသးတဲ့ နတ္သူငယ္ေပမဲ့လို႔ သူဤေလာက္အထိေတာ့ ခ်ဳပ္ခ်ယ္မခံရသင့္ဘူးလို႔ သူထင္မိသည္။ သူနဲ႔ရြယ္တူနတ္သူငယ္ေတြလည္း ရွိေနတာ။ ဤသို႔နတ္သက္တမ္းငယ္တာက သူတေယာက္တည္း မဟူတ္။ ေလာင္ရဲ့က သူ႔အေပၚကို အရမ္းတင္းက်ပ္လြန္းလွသည္။

ေလာင္ရဲ့၏ေတာင္ေဝွးက ယခုအခ်ိန္ထိ သူ႔အေပၚသို႔က်ေရာက္မလာေသးပါေခ်။ သိူ႔ေသာ္လည္း န်ဴးသည္ သူ၏မ်က္ဝန္းမ်ားကို မွိတ္ထားရင္းႏွင့္ပင္ ေအာ္လိုက္ေလ၏။

“ ဘာလို႔ န်ဴးက သြားလို႔မရတာလဲ။ ဘာလို႔ န်ဴးက်မွ ဘယ္သူနဲ႔မွ အေပါင္းအသင္းလုပ္လို႔မရတာလဲ။ ဘာလိူ႔ န်ဴးက်မွ ဒီမက္မြန္ေတာထဲမွာပဲ တဘဝလုံးေနရေစခ်င္တာလဲ။ ဘာလို႔…ဘာလို႔…ေကာင္းကင္မင္းႀကီးနဲ႔ေရာ……မိစၧာဘုရင္နဲ႔ေရာ…ရင္းႏွီးခြင့္ေတာင္ မရွိရတာလဲ။

သိပါတယ္…ကိုယ့္ကိုကိုယ္ အဆင့္နိမ့္တဲ့နတ္သူငယ္မွန္း သိပါတယ္……ဒါေပမဲ့… ဘာလို႔… သူမ်ားေတြ လုပ္လို႔ရတဲ့ အရာေတြကို န်ဴးက လုပ္ခြင့္မရွိရတာလဲ……န်ဴးလည္း ေလာင္ရဲ့မသိေအာင္ ခိုးလုပ္ေနရတာကို ၿငီးေငြ႕ေနၿပီ…န်ဴးလည္း.. န်ဴး…”

န်ဴးမွာ ေျပာေနရင္းပင္ ထပ္မံကာ မ်က္ရည္မ်ားက်ဆင္းလာေလေတာ့သည္။ သူ၏မ်က္ခုံးႏွစ္ခုၾကားရွိအရာေလးသည္ကေတာ့ ခ်က္ခ်င္းပင္ မွိန္က်သြားကာ မီးခိုးေရာင္အျဖစ္သို႔ေျပာင္းလဲေနပါ၏။ သူ႔ေရွ႕ရွိ ေလာင္ရဲ့သည္လည္း ေတာင္ေဝွးကိုင္ထားေသာ လက္တို႔က ေလေပၚတြင္သာ ရပ္တန္႔လို႔ေနၿပီး သူသည္လည္း တျဖည္းျဖည္းႏွင့္ပင္ မ်က္ရည္မ်ားက်လာေလေတာ့သည္။ ထို႔ေနာက္ သူ၏ေတာင္ေဝွးကို ျပန္ေဖ်ာက္လိုက္ရင္း

“ ဒီေလာကမွာ မင္းမသိသင့္ဆုံးက သူတို႔ႏွစ္ေယာက္ကိုပဲ။ မင္းကို ဒီမွာပဲ ေနခိုင္းခဲ့တာက မင္းကို ေကာင္းကင္မင္းႀကီးျမင္သြားမွာကို ေၾကာက္လို႔… ေနာက္ဆုံးက်ရင္…”

ေလာင္ရဲ့၏ငိုရင္းေျပာလာသည့္ စကားသံေတြေၾကာင့္ န်ဴး၏မ်က္ဝန္းတို႔က တျဖည္းျဖည္းခ်င္းျပန္ပြင့္လာေလသည္။ သူလည္း မ်က္ရည္တို႔ေၾကာင့္ ေရွ႕ရွိ နတ္အိုႀကီးအား စမ္းတဝါးဝါးသာ ျမင္ရ၏။ နတ္အိုႀကီးက အားရပါးရငိုေနပါသည္။ သူေျပာခ်င္သည့္ စကားလုံးအဓိပၸါယ္ေတြကိုေတာ့ န်ဴးနားမလည္နိုင္ပါေခ်။

ေလာင္ရဲ့က ေဘးနားတြင္ရွိေသာ ေက်ာက္စားပြဲေဘးရွိ ထိုင္ခုံေပၚသိူ႔ သူ႔၏ကိုယ္ခႏၲာကို ပစ္ခ်ကာ ထိုင္လိုက္ၿပီး သူ၏လက္တဖက္ကိုေတာ့ ေက်ာက္စားပြဲကို အမွီျပဳေစသည္။ သူ၏ေခါင္းကို ေအာက္ကိုသာငုံ႔ထားၿပီး

“ ႏွစ္တေသာင္းၾကာျမင့္ၿပီးတဲ့ ကံၾကမၼာေဟာကိန္း…တစ္ခုရွိတယ္။ မိစၧာဘုရင္ ယြင္းရန္က တစ္စုံတစ္ခုေၾကာင့္ ေကာင္းကင္ဘုံကိုဆန္႔က်င္လိမ့္မယ္။ သုံးေလာကတစ္ခုလုံးရဲ့ ကပ္ဆိုးဟာ အဲ့အရာေၾကာင့္ ျဖစ္လာရလိမ့္မယ္။ ေၾကာက္မက္ဖြယ္ရာ စစ္ေျမျပင္တစ္ခုျဖစ္ပြားၿပီး အသက္ေပါင္းမ်ားစြာေသဆုံးရၿပီး ဝိညာည္ေပါင္းမ်ားစြာ ပ်က္စီးရလိမ့္မယ္။  “

ေလာင္ရဲ့၏ စိတ္မခ်မ္းေျမ့သည့္အသံႏွင့္ေျပာလာေသာစကားေၾကာင့္ န်ဴးမွာ အနည္းငယ္ေၾကာက္လန္႔မိေသာ္လည္း တၿပိဳင္နက္တည္းမွာပင္ ေလာင္ရဲ့၏စကားေတြကို နားမလည္နိုင္ျဖစ္ရသည္။ ေလာင္ရဲ့က ဤအရာကိုစိုးရိမ္ေနသည္ဟုဆိုလ်င္ ထိုအရာက သူႏွင့္အဘယ္သိူ႔ပတ္သတ္သနည္း။ သူ႔ကို အစစ၊ အရာရာခ်ဳပ္ခ်ယ္တာႏွင့္ မည္သို႔မၽွ စပ္ဆက္ၾကည့္လို႔မရေခ်။

“ န်ဴးနဲ႔……ဘယ္လိုပတ္သတ္လို႔လဲ။ “

န်ဴး၏အေမးေၾကာင့္ ေလာင္ရဲ့က န်ဴး၏လက္ႏွစ္ဖက္ကိုလွမ္းဆြဲလိုက္သည္။ န်ဴးမွာ ႐ုတ္တရက္ေပမို႔ ထိတ္လန္႔သြားေလ၏။ ေလာင္ရဲ့က သူ၏မ်က္ဝန္းျပာေတြကို ေသခ်ာစြာ စူးစိုက္ၾကည့္ရင္း

“ အဲ့ဒီ…တစ္စုံတစ္ခုက မင္းမဟုတ္ဖို႔…… ငါေမၽွာ္လင့္ခဲ့တာ…”

“………”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Continue Reading

You'll Also Like

12K 645 23
တစ်ခါတစ်လေ အချစ်ကိုဦးနှောက်က မမှတ်မိတာတောင် နှလုံးသားကမှတ်မိနေမိတယ်။ ဒါပေမယ့် အချစ်က ကိုယ်ချစ်ရတဲ့လူ သေဆုံးသွားရင်တောင် ပျောက်ကွယ်သွားတဲ့ အရာမဟုတ်ဘူး...
309K 22.8K 54
Myanmar×BL (Unicode+Zawgyi) Owncreation Total: 49 parts This story is just my imagination. [Unicode] ရှေးခေတ်ကဝိညာဥ်တို့နေထိုင်ရာကို အလည်တစ်ခေါက်သွာ...
342K 37.2K 124
Book-2 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
230K 17.6K 51
Iyaye musamman mata sukan sadaukar da dukkan farincikinsu domin kyautata rayuwar 'ya'yansu. Haka ce ta faru ga Maamu har zuwa lokacin da Allah Ya azu...