Scroll down for Zawgyi.
Unicode
စွပ်ပြုတ်တစ်၀က်စာလောက်ကို ပေါ်ယွီ သောက်ပြီးချိန်၌ သူ ရုတ်တရက် မေးလိုက်သည်။ " ဒါက ကြက်သားစွပ်ပြုတ်လား ? "
" ဟုတ်တယ် " ဟန်ကျစ်ယွီ ပြောလိုက်သည်။ " အထဲမှာ တရုတ် angelica (တရုတ်ရိုးရာဆေးတစ်မျိုး) နဲ့ အနီရောင် စွံပလွံသီးတွေ (တရုတ်မှာ ဆုံးရှုံးသွားတဲ့သွေးတွေကို ပြန်လည်ဖြည့်တင်းပေးတဲ့ အားဆေးတစ်မျိုး) ပါတယ်။ အဲဒါတွေက မင်းကျန်းမာရေးကို အထောက်အကူပြုတယ်လေ "
( Angelica )
( Red date )
" အင်း " ပေါ်ယွီ ပြန်ဖြေလိုက်သည်။သူ စောစောလေးတုန်းကထက် စွပ်ပြုတ်သောက်တဲ့အရှိန်ကို သိသိသာသာ လျော့ချလိုက်ပြီး ဖြည်းညင်းစွာ မေးလိုက်သည်။ " ကျွန်တော် ဘယ်အချိန်ကျရင် ဆေးရုံဆင်းရမှာလဲ ??? "
" နောက်ထပ်နှစ်ရက်လောက်တော့ မင်းအခြေအနေကို သေချာ စောင့်ကြည့်ရဦးမယ်။ မနက်ဖြန်ကျရင် ငါ မင်းကို စေ့စေ့စပ်စပ် check up လုပ်ပေးမယ်။ ဒါနဲ့လေ မင်း ကိုယ်၀န်ရှိတာကို မတွေ့ကြုံဖူးတာလည်း မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ကိုယ့်ကိုကိုယ် အချိန်မီ ဂရုမစိုက်ရတာလဲ !!!?? " ဟန်ကျစ်ယွီက ဆရာ၀န်တစ်ယောက်ဖြစ်သည်။ဒါကြောင့် ဘာပဲဖြစ်ဖြစ် သူဟာ ပေါ်ယွီရဲ့ဂရုမစိုက်မှုက သန္ဓေသားလောင်းလေးကို ပျက်ကျစေတယ်ဆိုပြီး စိတ်ထဲ တနုံ့နုံ့စဉ်းစားကာ နာကျင်နေသည်။
ဖရဲသီးလေးက စွပ်ပြုတ်တွေကို အတင်းကာရော မျိုချပစ်လိုက်ပြီးနောက် အမေးရှိလာခဲ့သည်။ " ပါးပါး , ပါးပါးက နေမကောင်းဘူးလားဟင် ??? "
ဟန်ကျစ်ယွီ ဖြေလိုက်သည်။ " ဟုတ်တယ်။ အဲဒါကြောင့် သားက အခုချိန်ကစပြီး သားပါးပါးကို ကောင်းကောင်း ဂရုစိုက်ပေးရမယ်နော်။ အဲလိုမဟုတ်ရင် နောက်တစ်ခါကျ ............. " သူ သက်ပြင်းချလိုက်သည်။ " အိုး , ဒါတွေကို ထားလိုက်ပါတော့လေ "
ပေါ်ယွီ စွတ်ပြုတ်ကို ငုံ့သောက်နေရာကနေ တစ်ရှူးတစ်စနဲ့ သူ့နှုတ်ခမ်းနားတစ်ဝိုက်ကို ဖိသုတ်လိုက်သည်။အဲဒီနောက် သူ စွပ်ပြုတ်ကို ထပ်သောက်ချင်စိတ်မရှိတော့ပေ။ပေါ်ယွီ ပြောပြလိုက်သည်။ " အရင်က အဲဒီကိစ္စဖြစ်နေလိမ့်မယ်မှန်း ကျွန်တော် တစ်ခါလေးတောင်မှ တွေးမကြည့်မိဘူးရယ်။ပြီးတော့ ကျွန်တော် နောက်တစ်ကြိမ် ကိုယ်၀န်ရှိနေတယ်ဆိုတာကို သိလိုက်ရတုန်းက တော်တော်လေးကို အံ့အားသင့်သွားတာ "
" မင်း နောက်ကျရင် ကြိုတင်ကာကွယ်ပြီး သန္ဓေတားဖို့ကို ဂရုစိုက်သင့်တယ် " ဟန်ကျစ်ယွီက ပေါ်ယွီ့ဒဏ်ရာပေါ်ကို ဆားထပ်ဖြူးဖို့အထိတော့ နှလုံးသားမရှိတာမဟုတ်ပေ။သူက ဝိုးတိုးဝါးတားနဲ့ ပေါ်ယွီ့ကို အလေးအနက် တိုက်တွန်းလိုက်တာဖြစ်သည်။
" ဟုတ်ပြီလေ။ ငါ့မှာလည်း လုပ်စရာတွေရှိသေးတယ်။ အခု ငါ သွားတော့မယ်။ ကောင်းကောင်းနားနေနှင့် "
ပေါ်ယွီ ခေါင်းငြိမ့်ပြလိုက်သည်။ဟန်ကျစ်ယွီ တံခါး၀လောက်ကို ရောက်တဲ့အချိန်မှာ သူ ရုတ်တရက် ဟန်ကျစ်ယွီကို လှမ်းပြောလိုက်သည်။ " ကျွန်တော် တောင်းပန်ပါတယ်။ ဒီကိစ္စကို သူ့ဆီ မပြောပါနဲ့ "
ဟန်ကျစ်ယွီနဲ့စုန့်ရှီလင်က အချိန်ကြာညောင်းလှပြီဖြစ်တဲ့ သူငယ်ချင်းကောင်းတွေဖြစ်ကြမှန်း ပေါ်ယွီ သိသည်။ဟန်ကျစ်ယွီက ဒီဟာကို စုန့်ရှီလင်ဆီ ပြောပြမှာမဟုတ်ဘူးဆိုတာ သိသော်ငြားလည်း ပေါ်ယွီ အကူအညီမဲ့စွာနဲ့ ဟန်ကျစ်ယွီကို သတိပေးလိုက်မိသည်။
ဟန်ကျစ်ယွီက ပေါ်ယွီ ပြောတာကို အသိအမှတ်ပြုလိုက်ပြီး ခေါင်းလှည့်ကြည့်မလာဘဲ ဖြေလိုက်သည်။ " အင်း " အဲဒီနောက် သူ ထွက်သွားတော့သည်။
အခုချိန်မှာ စုန့်ရှီလင်ကို ပေါ်ယွီ ပြောပြမှာမဟုတ်ပေ။ဒါပေမယ့် တစ်နေ့နေ့ ရောက်လာရင်တော့ နောက်ထပ် ဖခင်တစ်ဦးဖြစ်တဲ့ စုန့်ရှီလင်ဟာလည်း အမှန်တရားကို အနှေးနဲ့အမြန်ပင် သိရှိသွားမှာဖြစ်သည်။
နောင်တစ်ချိန်ကျ အခြေအနေတွေ ဘာမှဆိုးဆိုးဝါးဝါး ဖြစ်မလာဖို့ကိုပဲ သူ မျှော်လင့်မိတယ်။
_____________
မော့အန်းယွီ မယုံကြည်နိုင်စွာ ဆိုလာသည်။ " ပါး !!! ကျွန်တော် ဒီပရောဂျက်ကို အရဖြတ်ယူဖို့ ခက်ခက်ခဲခဲ လုပ်ခဲ့ရတာ။ ဘာဖြစ်လို့ သူ့ကို ဒီဟာ ပြန်ပေးရမှာလဲ ???!!! "
မော့အန်းယွီအဖေရဲ့မျက်နှာဟာ ခက်ထန်မည်းမှောင်နေပြီး သူ့ရှေ့တည့်တည့်၌ စာချုပ်နှစ်စောင် ရှိနေသည်။စုန့်ရှီလင်က မော့အန်းယွီဆီမှာ ဒီစာချုပ်တွေကို ပေါ်ယွီနဲ့ အလဲအလှယ်လုပ်ခဲ့တာဖြစ်သည်။
" ငါတို့ ဒီလုပ်ငန်းနှစ်ခုကို လက်ခံလိုက်တာနဲ့တစ်ပြိုင်နက် အနှစ်နှစ်အလလ စုဆောင်းလာခဲ့ရတဲ့ မော့မိသားစုစည်းစိမ်ဂုဏ်သတင်းတွေအကုန်လုံးက စုန့်ရှီလင် ဝါးမျိုတာခံလိုက်ရလိမ့်မယ်။ မင်း နားလည်ရဲ့လား ??? " မော့အန်းယွီအဖေက သူ့ရင်ဘတ်ပေါ်ကို လက်နဲ့ ဖိထားရင်း ပြောလိုက်သည်။
" ဟင့်အင်း !!! ကျွန်တော် နားမလည်ဘူး !!! "
" ဒီသဘောတူညီမှုစာချုပ်နှစ်ခုက ငါတို့တွေအတွက် အသက်ကယ်ကောက်ရိုးတွေအဖြစ် သတ်မှတ်လို့ရတယ်။ ဒါပေမယ့် အဲဒီလိုဆိုရင် ကျီရန်မြို့တော်က သံမဏိအခြေစိုက်စခန်းကို ငါတို့ စွန့်လွှတ်မှပဲ ငါတို့ရဲ့စည်းစိမ်ဥစ္စာတွေကို ဆက်ပြီး ထိန်းသိမ်းထားနိုင်တော့မယ် ............. " မော့အန်းယွီအဖေက မရှင်းလင်းစွာ ဆိုလိုက်သည်။
မော့အန်းယွီ တောင့်တင်းသွားရသည်။
စောစောတုန်းက သူ့ကို ဒီစာချုပ်တွေပေးဖို့ စုန့်ရှီလင် တုံ့ဆိုင်းမနေခဲ့တာလဲဆိုတာ အခု မော့အန်းယွီ နားလည်သလိုရှိလာပြီဖြစ်သည်။
မော့မိသားစုက ကျီရန်မြို့တော်တွင် ပိုမိုအမြတ်အစွန်းရရှိတဲ့ သံမဏိအခြေစိုက်စခန်းကို ပိုင်ဆိုင်ထားသည်။တခြားစကားနဲ့ ပြောရရင် မော့မိသားစုရဲ့နှစ်စဉ်၀င်ငွေအများစုဟာ အဲဒီသံမဏိအခြေစိုက်စခန်းဆီကနေ လာတာဖြစ်သည်။
စုန့်မိသားစုကလည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းက အဲဒီနေရာကို ပစ်မှတ်ထားနေခဲ့ကြသည်။
စုန့်မိသားစုက ၀င်ရောက်စွက်ဖက်နှောင့်ယှက်ဖို့ ကြံစည်ပြီး သူတို့ရဲ့လူတွေကို ကျီရန်မြို့တော်မှာ အခြေချနေထိုင်ဖို့ တစ်ခေါက်ထက်မနည်း ပို့ဆောင်ထားခဲ့သည်။ ဒါပေသိ မော့မိသားစုကရော စုန့်မိသားစု စောင့်မျှော်နေသလို ကိစ္စတွေအားလုံး သူတို့စိတ်တိုင်းကျ လုပ်ကိုင်ဖို့ ဘယ်လိုနည်းနဲ့ ခွင့်ပြုထားနိုင်မှာလဲ ???
ဒါကြောင့် စုန့်ရှီလင်က ဒီတစ်ခါအခွင့်အရေးကို သေချာပေါက် အသုံးချချင်နေလိမ့်မယ် .............
အဲဒီအကြောင်းကို တွေးမိသွားတဲ့အခါ မော့အန်းယွီ အများကြီး ဆက်မစဉ်းစားရဲတော့ချေ။
မော့အန်းယွီအဖေဆီကနေ ရှင်းရှင်းလင်းလင်း သိမြင်နိုင်အောင် ပညာပေးတာခံရပြီးနောက် မော့အန်းယွီမှာ နေမထိထိုင်မသာဖြစ်နေတဲ့ မျက်နှာနဲ့အတူ ပြောလိုက်လေသည်။ " ကျွန်တော် ဒီစာချုပ်တွေကို သူ့ဆီ လူကိုယ်တိုင်သွားပြီး ပြန်ပို့လိုက်ပါ့မယ် "
ဒါပေမယ့် မော့အန်းယွီအဖေက မော့အန်းယွီ ပြောတာကို လက်မခံဘဲ လေသံတင်းမာစွာနဲ့ ပြောလာခဲ့သည်။ " ငါ မင်းကို နိုင်ငံခြားသွားဖို့ စီစဉ်ပြီးပြီ။ နောက်သုံးနာရီကြာရင် မင်း လေယာဉ်ပေါ်တက်ရမယ်။ ပြီးတော့ မင်းရဲ့နေ့စဉ်သုံး တစ်ကိုယ်ရေတစ်ကာယပစ္စည်းတွေကိုလည်း ဟိုမှာ ပြင်ဆင်ထားဖို့ လူတစ်ယောက်ကို ငါ ခိုင်းထားတယ်။ တကယ်လို့ မင်း စိတ်တည်ငြိမ်သွားတဲ့ တစ်နေ့ကျရင် ပြန်လာလို့ရတယ် "
" ပါး !!! " မော့အန်းယွီ ခပ်ကြိတ်ကြိတ် အော်လိုက်သည်။သူ တွေးမိတာက သူ့အဖေ သူ့ကို ဒီကနေ ထွက်မသွားခိုင်းသင့်ဘူး !!!
မော့အန်းယွီအဖေက စားပွဲကို ဒုန်းကနဲ ရိုက်ချကာ ပြောလိုက်သည်။ " မင်း လုပ်ခဲ့တဲ့ အမှားက သိပ်မကြီးဘူးလို့များ ထင်နေလားကွ ??? မင်း ငါတို့မော့မိသားစုကို တကယ် ပျက်စီးစေချင်နေတာလား ??? ဒီတစ်ခါတော့ ငါပြောတာ နားထောင်စမ်း။ မင်း ကိုယ့်ကိုကိုယ် အလေးအနက် သုံးသပ်ဆင်ခြင်တာမျိုး မလုပ်နိုင်ရင် ဘယ်တော့မှ ပြန်မလာခဲ့နဲ့ !!! "
မော့အန်းယွီက ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတဲ့ သူ့လက်သီးဆုပ်တွေကို ဖြည်းညင်းစွာ ဖြည်လျော့လိုက်ပြီး သူ့နဖူးပေါ်က သွေးကြောမျှင်တွေပါ အရေပြားအောက်ကနေ ထွက်ပေါ်လာသည်။အချိန်အတော်ကြာတဲ့အခါကျမှ သူ ပြောလိုက်သည်။ " ဟုတ်ကဲ့ပါ။ ကျွန်တော် နိုင်ငံခြားကို ထွက်သွားပါ့မယ် ... "
မော့အန်းယွီအဖေက သိသိသာသာ စိတ်ပျက်လက်ပျက်ဖြစ်နေဟန်နဲ့ သူ့ခေါင်းကို တစ်ဖက်လှည့်သွားကာ မော့အန်းယွီဆီ ကြည့်မလာတော့ပေ။
_____________
နေ့ခင်းအချိန်မှာ ပေါ်ယွီ အများကြီး အိပ်လိုက်မိသည်။ညလည်းရောက်ရော သူက သူ့သားလေးနဲ့အတူတူ ဆိုဖာပေါ်မှာထိုင်ရင်း အဝါရောင်ပင်လယ်ရေမြှုပ်ကောင်လေးနဲ့ အနီရောင်ကြယ်ငါးလေးတို့ သူငယ်ချင်းကောင်းတွေ ဖြစ်လာကြတဲ့ ကာတွန်းကားကို ကြည့်နေသည်။
( Spongebob )
ထင်မထားခဲ့ပေမယ့် ဇာတ်လမ်းလေးက စိတ်၀င်စားဖို့ ကောင်းသားပဲ ...
ပေါ်ယွီ သူ့လက်မောင်းတွေထဲမှာ ပွေ့ဖက်ထားတဲ့ ဖရဲသီးလေးကို သူ့နှာတံလေးနဲ့ ပွတ်သီးပွတ်သပ်လုပ်ကာ မေးလိုက်သည်။ " ကလေးလေး , မင်း ဘယ်သူ့ကို သဘောကျလဲ ??? "
ကိုးနာရီထိုးနေပြီဖြစ်သည်။ဖရဲသီးလေးမှာ ခေါင်းလေးမထောင်နိုင်အောင်ကို အိပ်ချင်နေတာကြောင့် ပေါ်ယွီရဲ့ရင်ခွင်ကိုသာ သူ့နှာခေါင်းလေးနဲ့ ပွတ်သပ်လိုက်ပြီး တိုးတိုးလေး ဖြေလိုက်သည်။ " သားက ပါးပါးကို သဘောကျတယ် "
ပေါ်ယွီရဲ့နှလုံးသားလေးက ချက်ချင်းလက်ငင်းပင် နူးညံ့ပျော့ပြောင်းသွားပြီး ဖရဲသီးလေးကို အိပ်ရာဆီ သယ်သွားကာ စောင်ခြုံပေးလိုက်သည်။ " ပါးပါးကလည်း မင်းကို သဘောကျတယ်နော် "
ဖရဲသီးလေးက အိပ်ရာထဲမှာ သူ့ကိုယ်လေးကို မှောက်ကာ တင်ပါးလေး မို့ထွက်ရင်း အိပ်ပျော်သွားတော့သည်။
" တင် ! " ပေါ်ယွီ စာတို message ၀င်သံကို ကြားလိုက်ရသည်။
[[ ကိုယ် တံခါးမှာ စောင့်နေတယ် ]]
ပေါ်ယွီ ဖုန်းကို ချကာ သူ့ရဲ့အူတူတူသားလေးကို မွှေးမွှေးပေးလိုက်ပြီး ကုတ်အင်္ကျီယူထွက်လာလိုက်သည်။သူက တံခါး၀ရှိ ခုံတန်းရှည်ပေါ်မှာ ထိုင်နေပြီး လူသူကင်းရှင်းနေတဲ့ စင်္ကြန်လမ်းတွင် လေတိုက်သံ တရှဲရှဲမြည်ကာ လေပြည်ညင်းတွေက တိုက်ခတ်လို့နေသည်။
စုန့်ရှီလင်က စီးကရက်ကို မီးငြှိမ်းပြီး အမှိုက်ပုံးထဲ ပစ်ထည့်ကာ ပေါ့ပါးစွာ နှုတ်ဆက်လာသည်။ " ဟိုင်း ! "
" မင်း ငါ့ကို ဘာပြောချင်တာလဲ ??? " ပေါ်ယွီ သူ့နှုတ်ခမ်းတွေကို တွန့်ကွေးကာ စုန့်ရှီလင်ဆီ တည့်တည့် မကြည့်ရဲချေ။
ကလေးလေးက သူ့ဆီ ရောက်လာပေမယ့် သူ့ရဲ့ဆင်ခြင်ကင်းမဲ့မှုကြောင့်ပဲ ဒီလို မတော်တဆဖြစ်သွားခဲ့ရတယ်။
အဲဒီအတွက် စုန့်ရှီလင်အပေါ် ပေါ်ယွီ အပြစ်ရှိသလို ခံစားနေရသည်။
စုန့်ရှီလင် ဖြေလိုက်သည်။ " မော့အန်းယွီ နိုင်ငံခြားကို ထွက်သွားပြီ။ ချီညီအစ်ကိုကလည်း ကိုယ့်အဖေရဲ့ပိုင်နက်ထဲမှာ။ မင်း သူတို့ကို ဘယ်လိုလုပ်ချင်လဲ ??? "
ပေါ်ယွီ ပြုံးလိုက်သည်။သူ မျက်ရည်တွေကို တိတ်တခိုး သုတ်ပစ်လိုက်ပြီး မုန်းတီးစွာ ဆိုလိုက်သည်။ " မင်းရော သူ့(ချီယန်)ကို အန္တရာယ်ပေးချင်လား ??? "
" ဒီကိစ္စက ဘာမှတွန့်ဆုတ်နေစရာမရှိဘူး။ သူ မကောင်းတာလုပ်ထားရင် အပြစ်ပေးခံရသင့်တာပေါ့ " စုန့်ရှီလင်ရဲ့ကျောက်တုံးနှလုံးသားဟာ တခြားလူတွေအားလုံးထက် ပိုမိုကာ မာကျောနေသည်။
ဒါပေမယ့် တစ်စုံတစ်ယောက်က သူ့ကို ရိုးရိုးသားသားနဲ့ စိတ်ရင်းအတိုင်း ဆက်ဆံပေးနေသ၍ သူကလည်း အဲလိုပဲ ပြန်ဆက်ဆံမယ်။
ပေါ်ယွီက တည်ကြည်လေးနက်နေပြီး ဒေါသထွက်စွာနဲ့ အံတင်းတင်းကြိတ်ကာ
" တကယ်လို့ မင်းကို ငါက သူ့ကို သတ်ပေးဖို့ ပြောရင်ရော ??? "
စုန့်ရှီလင် ခဏလောက် တိတ်ဆိတ်နေတာကြောင့် သူ ပြောတာကို ငြင်းဆန်လိုက်တာပဲလို့ ပေါ်ယွီ စဉ်းစားမိပြီး လှောင်ပြောင်သရော်လိုက်တော့မယ့်အချိန်တွင် စုန့်ရှီလင် ပြောလာခဲ့သည်။ " သေခြင်းတရားဆိုတာ ဒုက္ခတွေကြားမှာနေရတာထက် ပိုကောင်းနေပါသေးတယ်။ မင်းက မင်းရဲ့ဘ၀ကို ဦးဆောင်သွားရမယ်လေ။ မင်းကတော့ မင်းရဲ့လက်တွေမှာ သွေးမစွန်းဘဲ အေးအေးချမ်းချမ်း ဆက်နေသွားရင် ကောင်းမယ် "
ပေါ်ယွီ မင်တက်သွားသည်။
စုန့်ရှီလင် ဆက်ပြောလိုက်သည်။ " ကိုယ် သူ့ရဲ့အဆုံးသတ်ကို မင်းဆီ ပြပေးမယ် "
ပေါ်ယွီ အကူအညီမဲ့စွာနဲ့ ခေါင်းငြိမ့်သဘောတူလိုက်သည်။ " ငါ မင်းကို စောင့်နေတယ် "
" မင်း ကိုယ့်ကို ဘယ်တုန်းကမှ စောင့်နေမပေးခဲ့ဖူးဘဲနဲ့ " စုန့်ရှီလင် ရုတ်တရက် ပြောလိုက်သည်။
ပေါ်ယွီရဲ့မျက်ဆန်အိမ်တွေ ကျဉ်းမြောင်းသွားရသည်။ချက်ချင်းဆိုသလိုပင် အဲဒီနှစ်တွေတုန်းက သူ အခြေအနေတွေဆီကနေ အဝေးကို တိမ်းရှောင်ထွက်ပြေးသွားခဲ့ပြီး စုန့်ရှီလင်အား တစ်ယောက်တည်း ချန်ထားခဲ့မိတဲ့အချက်ကို စုန့်ရှီလင် အပြစ်တင်နေတယ်ဆိုတာ ပေါ်ယွီ နားလည်လိုက်သည်။
" မင်းက တစ်ခါလေးတောင်မှ ကိုယ့်ကို မယုံကြည်ခဲ့ဖူးဘူး " စုန့်ရှီလင် သူ့လက်တွေကို အိတ်ကပ်ထဲထည့်ကာ သူ ပြောချင်တာတွေ ပြောပြီးတာနဲ့ တန်းထွက်သွားလေသည်။
ပေါ်ယွီက တဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်သွားတဲ့ စုန့်ရှီလင်ရဲ့ပုံရိပ်ကိုသာ စူးစိုက်ကြည့်နေပြီး သူ့ကို ဒီမှာ ဆက်နေပေးဖို့ လုံး၀ ဆိုမလာချေ။
စုန့်ရှီလင် ထောင့်ချိုးတစ်ခု အရောက်မှာ သူ အိတ်ကပ်ထဲက ဖုန်းဟာ ရုတ်တရက် အသံမြည်လာခဲ့သည်။သူ ဖုန်းကို ထုတ်ကြည့်လိုက်တဲ့အခါ ပေါ်ယွီဆီက ဖြစ်နေမှန်း တွေ့လိုက်ရသည်။ " ငါ ............. "
" ငါတို့တွေ နောက်တစ်ကြိမ် ပြန်ပြီး အတူတူရှိကြဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ မင်းကို ငါ ပြောခဲ့ဖူးတယ် " ပေါ်ယွီက လူနာဆောင်ရှေ့မှာ ရပ်ရင်း ဖုန်းပြောနေပင်မယ့် သူ့မျက်၀န်းတွေကတော့ စုန့်ရှီလင်ရဲ့ကျောပြင်ကိုသာ ငေးကြည့်လို့နေသည်။
" ဒါပေမယ့် ငါ အမြဲစဉ်းစားနေတာက ငါ့ဘ၀ကြီးကို ပိုပျော်စရာကောင်းအောင် လုပ်ပေးနိုင်မယ့် ပုံမှန် sex partner တစ်ယောက်ရှိဖို့ပဲ။ အဲဒီတော့ မစ္စတာစုန့် , မင်းကို ငါ့ရဲ့ bedmate ဖြစ်ဖို့ ကမ်းလှမ်းပါရစေလား ? "
{ T / N ; သူများတကာတွေအကုန်လုံး High boss ကြီးတွေကပဲ အတူနေချစ်သူလုပ်ဖို့ စကမ်းလှမ်းနေကြချိန်မှာ ပေါ်ယွီကတော့ high boss ကြီးကိုသွားပြီး ကမ်းလှမ်းနေတယ် ဟား ဟား ... }
စုန့်ရှီလင်က လှည့်ကြည့်မလာခဲ့ပေ။သူ့ကျောပြင်က မြဲမြံနေမယ့် ရင်းနှီးကျွမ်း၀င်ပြီး ချစ်စိတ်ပြင်းပြနေတဲ့ မျက်၀န်းအကြည့်တွေကို ခံစားမိတာကြောင့် သူ ကြုံတောင့်ကြုံခဲ ပြုံးလိုက်မိသွားသည်။
ထူးကဲပြောက်မြောက်လှတဲ့ မုဆိုးဆိုတာက သားကောင်လေးကို သူ့အလိုလို ထောင်ခြောက်ထဲ ခုန်၀င်လာအောင် မျှားခေါ်နိုင်ပြီး မစ္စတာစုန့်ကလည်း အဲဒီအတော်ဆုံး တောလိုက်မုဆိုးတွေထဲက တစ်ယောက်ဖြစ်သည်။
" ငါ ငါ့ရဲ့ခန္ဓာကိုယ်စစ်ဆေးမှုမှတ်တမ်းကို မင်းဆီ ပေးမယ် , ဟုတ်ပြီလား ??? "
" ဟုတ်ပြီ " စုန့်ရှီလင် ပြန်ဖြေလိုက်သည်။
အဲဒီနောက် သူတို့တွေ တစ်ပြိုင်တည်း ဖုန်းချလိုက်ကြသည်။
စုန့်ရှီလင် သူ့ရှေ့က ဓါတ်လှေကားတံခါး ပွက့်လာချိန်တွင် အနောက်မှာ ရှိနေဆဲဖြစ်တဲ့ ပုံရိပ်လေးကို ချန်ထားခဲ့ကာ အထဲ၀င်လိုက်သည်။
ပေါ်ယွီ သူ့မျက်နှာသူ ပြန်ကိုင်ကြည့်လိုက်သည်။အခုကိစ္စမှာ သူ လက်ဦးမှုရယူထိန်းချုပ်ထားတယ်ဆိုပေမယ့် သူ့ကိုယ်သူ ချောင်ပိတ်တာခံလိုက်ရတယ်လို့ပဲ အထင်မှားနေမိသည်။
စုန့်ရှီလင် ကားထဲမှာ ထိုင်နေသည်။သူ ဆေးရုံကနေ ထွက်လာတဲ့အချိန်တုန်းက ပေါ်ယွီရဲ့လူနာဆောင်အခန်းပြတင်းပေါက်ကို မော့ကြည့်ကာ တိုးတိုးလေး ဆိုလိုက်သည်။
" ကောင်းသောညပါ ပေါ်ယွီ "
နောက်တစ်နေ့၌ အားလုံး စစ်ဆေးပြီးနောက် ပေါ်ယွီက လုပ်ရိုးလုပ်စဉ်တွေကို ဆောင်ရွက်ကာ ဆေးရုံဆင်းတော့သည်။သူက ဆေးရုံမှာ နေ,နေရတာကို သဘောမကျတာကြောင့် အိမ်မှာပဲ အနားယူဖို့ စီစဉ်လိုက်သည်။
ဟန်ကျစ်ယွီလည်း ပေါ်ယွီကို စိတ်ပြောင်းအောင် မလုပ်နိုင်ပေ။ " ကောင်းပြီလေ။ အဲဒါဆိုလည်း အခုချိန်မှာ မင်း ကိုယ့်ကိုကိုယ် ပိုကျန်းမာအောင် လုပ်သင့်တယ်။ အားရှိစေမယ့် အစားအသောက်တွေ များများပိုစားပြီး အလုပ်,လုပ်တာကို လျော့ရမယ် "
ပေါ်ယွီ ဟန်ကျစ်ယွီရဲ့ပခုံးကို ကျေးဇူးတင်စွာ ပုတ်လိုက်သည်။ " ဒီရက်တလော ခင်ဗျား ဂရုစိုက်ပေးတာတွေအတွက် ကျေးဇူးတင်ပါတယ် "
ဟန်ကျစ်ယွီ ချဉ်စူးစွာ ဆိုလိုက်သည်။
" မင်းကတော့ ငါ့ကို အမြဲပြသာနာတွေပဲ ပေးတယ်နော် "
ဟန်ကျစ်ယွီ ပြောလိုက်တာကို ပေါ်ယွီ စိတ်အနှောင့်အယှက်မဖြစ်ဘဲ ရယ်လိုက်မိသည်။ဟန်ကျစ်ယွီက သူ့ကို ကူညီပြီး ကလေးလေးနဲ့ပတ်သတ်လို့ အမှန်တရားကို ဖုန်းကွယ်ထားပေးရတာကြောင့် ဖိအားတွေမတရားများနေတယ်ဆိုတာ ပေါ်ယွီ သိသည်။ဟန်ကျစ်ယွီက အဲဒါကို ထုတ်ဖော်မပြောသော်ငြားလည်း သူ ဘာမှမဖြစ်သလိုမျိုးတော့ ဟန်ဆောင်မနေတတ်ပေ။
ဒါဟာ ဟန်ကျစ်ယွီဆီကနေ ပုဂ္ဂိုလ်ရေးအကူအညီကို ပေါ်ယွီ လက်ခံရရှိခဲ့တာဖြစ်သည်။
" ကျွန်တော်တို့မိတ်ဆွေတွေ ဆုံရအောင်လေ။ ရှောင်ပိုင်ကိုလည်း အပြင်ထွက်ဖို့ခေါ်ပြီး ထမင်းတစ်နပ်လောက် အတူတူ စားကြရအောင် " ပေါ်ယွီက လက်တစ်ဖက်မှာ ကလေးလေးကို ချီထားရင်း ဖုန်းကို ဆွဲထုတ်ကာ တစ်ချက်ကြည့်လိုက်သည်။
အချိန်က မစောတော့ပေ။သူက စာချုပ်အကြောင်း စကားပြောဖို့ ချူဖန်းနဲ့ ချိန်းထားတာရှိသည်။အခု သူ သွားရမယ့် အချိန်ကို ရောက်နေပြီဖြစ်သည်။သို့မှမဟုတ်လျှင် သူ နောက်ကျနေတော့မှာဖြစ်သည်။
အဲဒီနောက်တွင် အသက်ငယ်ငယ် သူနာပြုလေးတစ်ယောက်မှာ ခက်ခက်ခဲခဲ အသက်လုရှူရင်း ဟန်ကျစ်ယွီဆီ အမောတကော ပြေးလာကာ ပြောလိုက်သည်။ " ဆေးရုံအုပ်ဟန် , ကုတင်နံပါတ် ၃ က လူနာက အခြေအနေ ပိုဆိုးလာပါတယ်။ အခု သူ့ကို ခွဲစိတ်ခန်းဆီ အမြန်ပို့ရပါမယ် "
ဟန်ကျစ်ယွီ ခေါင်းငြိမ့်လိုက်ပြီး တလောတကြီး ပြောလိုက်သည်။ " ငါ ခွဲစိတ်ခန်း၀င်ရဦးမယ်။ မင်း အရင်ပြန်နှင့်လေ။ ဆေးစစ်မှုအဖြေ ထွက်လာတာနဲ့ ငါ မင်းကို လှမ်းပြောလိုက်မယ် " ကတိုက်ကရိုက် စကားပြောပြီးနောက် သူ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။
ပေါ်ယွီတစ်ယောက် နေကာမျက်မှန်ကို တပ်လိုက်ပြီး ကလေးလေးကို သူ့လက်မောင်းထဲမှာ ချီကာ ထွက်သွားဖို့ ပြင်လိုက်သည်။သို့သော်လည်း သူ ဆေးရုံတံခါး၀ကနေ ထွက်လာသည့်အချိန်၌ ကားနှစ်စီးက သူ့ရှေ့မှာ တစ်ချိန်တည်း ထိုးရပ်လာခဲ့သည်။
ရှောင်လီမှာ ( ဒီ ' ရှောင် ' က မျိုးရိုး ' ရှောင် ' မဟုတ်ပါဘူး ခင်မင်ရင်းနှီးတဲ့ အဓိပ္ပါယ်နဲ့ ခေါ်လိုက်တာပါ ) အံ့အားသင့်နေပြီး အသည်းအသန် မေးလိုက်လေသည်။ " ပေါ်ကော , ကော နေကောင်းသွားပြီလား ??? "
ပေါ်ယွီက ခံစားချက်ကို ဖတ်၍မရနိုင်တဲ့ မျက်နှာမျိုးနဲ့အတူ ခေါင်းငြိမ့်ပြလိုက်ပြီး ဘေးတစ်ဖက်မှာ လာရပ်နေတဲ့ အနောက်တိုင်း၀တ်စုံ ၀တ်ထားတဲ့ လူအား ကြည့်ကာ မေးလိုက်သည်။ " ခင်ဗျားက ဘယ်သူလဲ ??? "
အနောက်တိုင်း၀တ်စုံနဲ့ လူက ပြန်ဖြေလာသည်။ " မင်္ဂလာပါ , မစ္စတာပေါ်။ ခင်ဗျားကို ကြိုဖို့ မစ္စတာချူက ကျွန်တော့်ကို လွှတ်လိုက်တာပါ "
ပေါ်ယွီရဲ့နှုတ်ခမ်းအစုံက တွန့်ကွေးသွားကာ ခဏလောက် တွေဝေတုံ့ဆိုင်းနေပြီးနောက် ရှောင်လီ့ဘက်ကို လှည့်ပြောလိုက်သည်။
" မင်း အရင်ပြန်လိုက်တော့။ ငါ လုပ်စရာလေး ရှိသေးတယ် "
ပေါ်ယွီက သူ့ကို အရင်ထွက်သွားခိုင်းလိမ့်မယ်လို့ ရှောင်လီ ထင်မထားချေ။သူ မင်တက်သွားပြီး ခေါင်းငြိမ့်သဘောတူလိုက်သည်။နောက်တခြားလူတစ်ယောက်ရဲ့ ကားပေါ်ကို တက်ကာ ထွက်ခွာသွားတဲ့ ပေါ်ယွီအား ရှောင်လီ ရပ်ကြည့်နေသည်။
မစ္စတာချူ ???
ရုတ်တရက်ဆိုသလို ရှောင်ကျန်း စိတ်ထဲမှာ တစ်စုံတစ်ရာက ဖြတ်ခနဲ ပေါ်ပေါက်လာသည်။သူ ဖုန်းကို ထုတ်ကာ မန်နေဂျာကျန်းဆီ ဖုန်းခေါ်လိုက်လေသည်။ " မန်နေဂျာကျန်း , အခုလေးတင် ပေါ်ကောက မစ္စတာချူ လွှတ်လိုက်တယ်ဆိုတဲ့ လူတစ်ယောက်နဲ့ အတူထွက်သွားကြတယ် "
" အိုး " မန်နေဂျာကျန်းက အဲဒီကိစ္စကို ဂရုမထားသလို တည်ငြိမ်စွာ ပြောလိုက်သည်။
" ငါ နားလည်ပြီ။ ဆက်လုပ်ထား။ စကားမစပ် ဒီအကြောင်းကို တခြားလူတွေ မသိစေနဲ့။ မင်း ငါ ပြောတာကို နားလည်တယ်မလား ??? "
ရှောင်လီ ပြန်ဖြေလိုက်သည်။ " ဟုတ်ကဲ့။ ကျွန်တော့်ပါးစပ်ကို သေချာလေး ပိတ်ထားပါ့မယ် "
အဲဒီနောက် မန်နေဂျာကျန်းက ဟိုဟိုဒီဒီ ပြောဆိုကာ အရင် ဖုန်းချသွားခဲ့သည်။
ရှောင်လီ diver seat မှာ ၀င်ထိုင်ပြီး သက်ပြင်းချလိုက်မိသည်။ " ငါလေး သက်သက်မဲ့ စကားများလိုက်မိသလို ခံစားရတယ်။ ပေါ်ယွီကို ဆန့်ကျင်ပြီး ဒီအကြောင်းတွေကို ထုတ်မပြောသင့်ဘူး !!! ငါ ရှောင်ကျန်းခြေရာအတိုင်း နင်းမိတော့မလို့ !!! "
_____________
ပေါ်ယွီ အခန်းတံခါးကို ဖွင့်လိုက်သည်။သီးသန့်အထူး စားသောက်ဆိုင်ဟာ ရှေးခေတ်တရုတ်ရိုးရာစတိုင် အလှဆင်ထားတာဖြစ်သည်။သူ အခန်းတံခါးကို ဆွဲဖွင့်လိုက်ချင်းမှာပဲ အရမ်းအနုစိတ်လှပတဲ့ ရှေးဟောင်းပုံစံ ခန်းဆီးက မြင်ကွင်းထဲကို ရောက်ရှိလို့လာခဲ့သည်။
ချူဖန်းနဲ့ သူ့သား၀တုတ်လေးက ခန်းဆီးလိုက်ကာနောက်တွင် အချင်းချင်း ကြည့်လိုက်ကြသည်။
၀တုတ်လေးက မှန်ကို ယူကာ သူ့ဆံပင်လေးတွေကို စိတ်လှုပ်ရှားစွာ ဖြီးသင်လိုက်သည်။သူ ခေါင်းမလျှော်ခဲ့ရသေးဘဲ သူ့ရဲ့ idol ကြီးနဲ့ တွေ့ရမှာဖြစ်တာကြောင့် ဘယ်လောက်တောင် ဆိုးဝါးလိုက်တဲ့ date မျိုးလဲဆိုပြီး ၀တုတ်လေး သက်ပြင်းချလိုက်မိသည်။
ချူဖန်းရဲ့မျက်နှာကြီးကပါ မည်းမှောင်လို့လာပြီး သူ တွေးလိုက်သည်။ ဝတုတ်လေးက ငါနဲ့ကျတော့ ဒီလိုမျိုး date လုပ်ဖို့ တစ်ခါမှ အာရုံမရဖူးဘူး !!!
ပေါ်ယွီဟာ သူ့လက်မောင်းထဲက ဖရဲသီးလေးနဲ့အတူ အထဲ၀င်လာခဲ့သည်။suit အား အကျအန ၀တ်ထားတဲ့ ၀တုတ်လေးကို သူ တွေ့လိုက်တဲ့အခါ ပေါ်ယွီ ခဏလောက် အံ့သြသွားရသည်။အဲဒီနောက် သူ အဓိပ္ပါယ်ပါပါနဲ့ နှုတ်ဆက်စကားဆိုလိုက်လေသည်။
" မတွေ့တာ ကြာပြီနော် "
၀တုတ်လေးခမျာ အထိတ်တလန့် တုန်လှုပ်သွားပြီး အခက်တွေ့နေတဲ့ မျက်နှာအမူအရာလေးနဲ့အတူ သူ့နှုတ်ခမ်းလေးတွေ မဲ့ကျသွားသည်။
အရင်တုန်းက သူ ဖရဲသီးလေးကို အနိုင်ကျင့်ခဲ့တဲ့အကြောင်း ပေါ်ယွီ မှတ်မိနေတုန်းပဲထင်တယ်။ ဒါ သူ့အတွက် တကယ့်ကို ၀မ်းနည်းစရာပဲ။
.
.
.
.
.
.
ခေါင်းစဉ်ဖတ်ပြီး ဂျင်းမိသွားကြတယ်မလား ... ကိုယ်ရောပဲရယ် ...
Please give me energy to translate by VOTING .
Zawgyi
စြပ္ျပဳတ္တစ္၀က္စာေလာက္ကို ေပၚယြီ ေသာက္ၿပီးခ်ိန္၌ သူ ႐ုတ္တရက္ ေမးလိုက္သည္။ " ဒါက ၾကက္သားစြပ္ျပဳတ္လား ? "
" ဟုတ္တယ္ " ဟန္က်စ္ယြီ ေျပာလိုက္သည္။ " အထဲမွာ တ႐ုတ္ angelica (တ႐ုတ္႐ိုးရာေဆးတစ္မ်ိဳး) နဲ႔ အနီေရာင္ စြံပလြံသီးေတြ (တ႐ုတ္မွာ ဆုံး႐ႈံးသြားတဲ့ေသြးေတြကို ျပန္လည္ျဖည့္တင္းေပးတဲ့ အားေဆးတစ္မ်ိဳး) ပါတယ္။ အဲဒါေတြက မင္းက်န္းမာေရးကို အေထာက္အကူျပဳတယ္ေလ "

( Angelica )

( Red date )
" အင္း " ေပၚယြီ ျပန္ေျဖလိုက္သည္။သူ ေစာေစာေလးတုန္းကထက္ စြပ္ျပဳတ္ေသာက္တဲ့အ႐ွိန္ကို သိသိသာသာ ေလ်ာ့ခ်လိုက္ၿပီး ျဖည္းညင္းစြာ ေမးလိုက္သည္။ " ကြၽန္ေတာ္ ဘယ္အခ်ိန္က်ရင္ ေဆး႐ုံဆင္းရမွာလဲ ??? "
" ေနာက္ထပ္ႏွစ္ရက္ေလာက္ေတာ့ မင္းအေျခအေနကို ေသခ်ာ ေစာင့္ၾကည့္ရဦးမယ္။ မနက္ျဖန္က်ရင္ ငါ မင္းကို ေစ့ေစ့စပ္စပ္ check up လုပ္ေပးမယ္။ ဒါနဲ႔ေလ မင္း ကိုယ္၀န္႐ွိတာကို မေတြ႕ၾကဳံဖူးတာလည္း မဟုတ္ဘဲနဲ႔ ဘာျဖစ္လို႔ ကိုယ့္ကိုကိုယ္ အခ်ိန္မီ ဂ႐ုမစိုက္ရတာလဲ !!!?? " ဟန္က်စ္ယြီက ဆရာ၀န္တစ္ေယာက္ျဖစ္သည္။ဒါေၾကာင့္ ဘာပဲျဖစ္ျဖစ္ သူဟာ ေပၚယြီရဲ႕ဂ႐ုမစိုက္မႈက သေႏၶသားေလာင္းေလးကို ပ်က္က်ေစတယ္ဆိုၿပီး စိတ္ထဲ တႏုံ႔ႏုံ႔စဥ္းစားကာ နာက်င္ေနသည္။
ဖရဲသီးေလးက စြပ္ျပဳတ္ေတြကို အတင္းကာေရာ မ်ိဳခ်ပစ္လိုက္ၿပီးေနာက္ အေမး႐ွိလာခဲ့သည္။ " ပါးပါး , ပါးပါးက ေနမေကာင္းဘူးလားဟင္ ??? "
ဟန္က်စ္ယြီ ေျဖလိုက္သည္။ " ဟုတ္တယ္။ အဲဒါေၾကာင့္ သားက အခုခ်ိန္ကစၿပီး သားပါးပါးကို ေကာင္းေကာင္း ဂ႐ုစိုက္ေပးရမယ္ေနာ္။ အဲလိုမဟုတ္ရင္ ေနာက္တစ္ခါက် ............. " သူ သက္ျပင္းခ်လိုက္သည္။ " အိုး , ဒါေတြကို ထားလိုက္ပါေတာ့ေလ "
ေပၚယြီ စြတ္ျပဳတ္ကို ငုံ႔ေသာက္ေနရာကေန တစ္႐ွဴးတစ္စနဲ႔ သူ႕ႏႈတ္ခမ္းနားတစ္ဝိုက္ကို ဖိသုတ္လိုက္သည္။အဲဒီေနာက္ သူ စြပ္ျပဳတ္ကို ထပ္ေသာက္ခ်င္စိတ္မ႐ွိေတာ့ေပ။ေပၚယြီ ေျပာျပလိုက္သည္။ " အရင္က အဲဒီကိစၥျဖစ္ေနလိမ့္မယ္မွန္း ကြၽန္ေတာ္ တစ္ခါေလးေတာင္မွ ေတြးမၾကည့္မိဘူးရယ္။ၿပီးေတာ့ ကြၽန္ေတာ္ ေနာက္တစ္ႀကိမ္ ကိုယ္၀န္႐ွိေနတယ္ဆိုတာကို သိလိုက္ရတုန္းက ေတာ္ေတာ္ေလးကို အံ့အားသင့္သြားတာ "
" မင္း ေနာက္က်ရင္ ႀကိဳတင္ကာကြယ္ၿပီး သေႏၶတားဖို႔ကို ဂ႐ုစိုက္သင့္တယ္ " ဟန္က်စ္ယြီက ေပၚယြီ႕ဒဏ္ရာေပၚကို ဆားထပ္ျဖဴးဖို႔အထိေတာ့ ႏွလုံးသားမ႐ွိတာမဟုတ္ေပ။သူက ဝိုးတိုးဝါးတားနဲ႔ ေပၚယြီ႕ကို အေလးအနက္ တိုက္တြန္းလိုက္တာျဖစ္သည္။
" ဟုတ္ၿပီေလ။ ငါ့မွာလည္း လုပ္စရာေတြ႐ွိေသးတယ္။ အခု ငါ သြားေတာ့မယ္။ ေကာင္းေကာင္းနားေနႏွင့္ "
ေပၚယြီ ေခါင္းၿငိမ့္ျပလိုက္သည္။ဟန္က်စ္ယြီ တံခါး၀ေလာက္ကို ေရာက္တဲ့အခ်ိန္မွာ သူ ႐ုတ္တရက္ ဟန္က်စ္ယြီကို လွမ္းေျပာလိုက္သည္။ " ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ဒီကိစၥကို သူ႕ဆီ မေျပာပါနဲ႔ "
ဟန္က်စ္ယြီနဲ႔စုန္႔႐ွီလင္က အခ်ိန္ၾကာေညာင္းလွၿပီျဖစ္တဲ့ သူငယ္ခ်င္းေကာင္းေတြျဖစ္ၾကမွန္း ေပၚယြီ သိသည္။ဟန္က်စ္ယြီက ဒီဟာကို စုန္႔႐ွီလင္ဆီ ေျပာျပမွာမဟုတ္ဘူးဆိုတာ သိေသာ္ျငားလည္း ေပၚယြီ အကူအညီမဲ့စြာနဲ႔ ဟန္က်စ္ယြီကို သတိေပးလိုက္မိသည္။
ဟန္က်စ္ယြီက ေပၚယြီ ေျပာတာကို အသိအမွတ္ျပဳလိုက္ၿပီး ေခါင္းလွည့္ၾကည့္မလာဘဲ ေျဖလိုက္သည္။ " အင္း " အဲဒီေနာက္ သူ ထြက္သြားေတာ့သည္။
အခုခ်ိန္မွာ စုန္႔႐ွီလင္ကို ေပၚယြီ ေျပာျပမွာမဟုတ္ေပ။ဒါေပမယ့္ တစ္ေန႔ေန႔ ေရာက္လာရင္ေတာ့ ေနာက္ထပ္ ဖခင္တစ္ဦးျဖစ္တဲ့ စုန္႔႐ွီလင္ဟာလည္း အမွန္တရားကို အေႏွးနဲ႔အျမန္ပင္ သိ႐ွိသြားမွာျဖစ္သည္။
ေနာင္တစ္ခ်ိန္က် အေျခအေနေတြ ဘာမွဆိုးဆိုးဝါးဝါး ျဖစ္မလာဖို႔ကိုပဲ သူ ေမွ်ာ္လင့္မိတယ္။
_____________
ေမာ့အန္းယြီ မယုံၾကည္ႏိုင္စြာ ဆိုလာသည္။ " ပါး !!! ကြၽန္ေတာ္ ဒီပေရာဂ်က္ကို အရျဖတ္ယူဖို႔ ခက္ခက္ခဲခဲ လုပ္ခဲ့ရတာ။ ဘာျဖစ္လို႔ သူ႕ကို ဒီဟာ ျပန္ေပးရမွာလဲ ???!!! "
ေမာ့အန္းယြီအေဖရဲ႕မ်က္ႏွာဟာ ခက္ထန္မည္းေမွာင္ေနၿပီး သူ႕ေ႐ွ႕တည့္တည့္၌ စာခ်ဳပ္ႏွစ္ေစာင္ ႐ွိေနသည္။စုန္႔႐ွီလင္က ေမာ့အန္းယြီဆီမွာ ဒီစာခ်ဳပ္ေတြကို ေပၚယြီနဲ႔ အလဲအလွယ္လုပ္ခဲ့တာျဖစ္သည္။
" ငါတို႔ ဒီလုပ္ငန္းႏွစ္ခုကို လက္ခံလိုက္တာနဲ႔တစ္ၿပိဳင္နက္ အႏွစ္ႏွစ္အလလ စုေဆာင္းလာခဲ့ရတဲ့ ေမာ့မိသားစုစည္းစိမ္ဂုဏ္သတင္းေတြအကုန္လုံးက စုန္႔႐ွီလင္ ဝါးမ်ိဳတာခံလိုက္ရလိမ့္မယ္။ မင္း နားလည္ရဲ႕လား ??? " ေမာ့အန္းယြီအေဖက သူ႕ရင္ဘတ္ေပၚကို လက္နဲ႔ ဖိထားရင္း ေျပာလိုက္သည္။
" ဟင့္အင္း !!! ကြၽန္ေတာ္ နားမလည္ဘူး !!! "
" ဒီသေဘာတူညီမႈစာခ်ဳပ္ႏွစ္ခုက ငါတို႔ေတြအတြက္ အသက္ကယ္ေကာက္႐ိုးေတြအျဖစ္ သတ္မွတ္လို႔ရတယ္။ ဒါေပမယ့္ အဲဒီလိုဆိုရင္ က်ီရန္ၿမိဳ႕ေတာ္က သံမဏိအေျခစိုက္စခန္းကို ငါတို႔ စြန္႔လႊတ္မွပဲ ငါတို႔ရဲ႕စည္းစိမ္ဥစၥာေတြကို ဆက္ၿပီး ထိန္းသိမ္းထားႏိုင္ေတာ့မယ္ ............. " ေမာ့အန္းယြီအေဖက မ႐ွင္းလင္းစြာ ဆိုလိုက္သည္။
ေမာ့အန္းယြီ ေတာင့္တင္းသြားရသည္။
ေစာေစာတုန္းက သူ႕ကို ဒီစာခ်ဳပ္ေတြေပးဖို႔ စုန္႔႐ွီလင္ တုံ႔ဆိုင္းမေနခဲ့တာလဲဆိုတာ အခု ေမာ့အန္းယြီ နားလည္သလို႐ွိလာၿပီျဖစ္သည္။
ေမာ့မိသားစုက က်ီရန္ၿမိဳ႕ေတာ္တြင္ ပိုမိုအျမတ္အစြန္းရ႐ွိတဲ့ သံမဏိအေျခစိုက္စခန္းကို ပိုင္ဆိုင္ထားသည္။တျခားစကားနဲ႔ ေျပာရရင္ ေမာ့မိသားစုရဲ႕ႏွစ္စဥ္၀င္ေငြအမ်ားစုဟာ အဲဒီသံမဏိအေျခစိုက္စခန္းဆီကေန လာတာျဖစ္သည္။
စုန္႔မိသားစုကလည္း လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ေလာက္ကတည္းက အဲဒီေနရာကို ပစ္မွတ္ထားေနခဲ့ၾကသည္။
စုန္႔မိသားစုက ၀င္ေရာက္စြက္ဖက္ေႏွာင့္ယွက္ဖို႔ ၾကံစည္ၿပီး သူတို႔ရဲ႕လူေတြကို က်ီရန္ၿမိဳ႕ေတာ္မွာ အေျခခ်ေနထိုင္ဖို႔ တစ္ေခါက္ထက္မနည္း ပို႔ေဆာင္ထားခဲ့သည္။ ဒါေပသိ ေမာ့မိသားစုကေရာ စုန္႔မိသားစု ေစာင့္ေမွ်ာ္ေနသလို ကိစၥေတြအားလုံး သူတို႔စိတ္တိုင္းက် လုပ္ကိုင္ဖို႔ ဘယ္လိုနည္းနဲ႔ ခြင့္ျပဳထားႏိုင္မွာလဲ ???
ဒါေၾကာင့္ စုန္႔႐ွီလင္က ဒီတစ္ခါအခြင့္အေရးကို ေသခ်ာေပါက္ အသုံးခ်ခ်င္ေနလိမ့္မယ္ .............
အဲဒီအေၾကာင္းကို ေတြးမိသြားတဲ့အခါ ေမာ့အန္းယြီ အမ်ားႀကီး ဆက္မစဥ္းစားရဲေတာ့ေခ်။
ေမာ့အန္းယြီအေဖဆီကေန ႐ွင္း႐ွင္းလင္းလင္း သိျမင္ႏိုင္ေအာင္ ပညာေပးတာခံရၿပီးေနာက္ ေမာ့အန္းယြီမွာ ေနမထိထိုင္မသာျဖစ္ေနတဲ့ မ်က္ႏွာနဲ႔အတူ ေျပာလိုက္ေလသည္။ " ကြၽန္ေတာ္ ဒီစာခ်ဳပ္ေတြကို သူ႕ဆီ လူကိုယ္တိုင္သြားၿပီး ျပန္ပို႔လိုက္ပါ့မယ္ "
ဒါေပမယ့္ ေမာ့အန္းယြီအေဖက ေမာ့အန္းယြီ ေျပာတာကို လက္မခံဘဲ ေလသံတင္းမာစြာနဲ႔ ေျပာလာခဲ့သည္။ " ငါ မင္းကို ႏိုင္ငံျခားသြားဖို႔ စီစဥ္ၿပီးၿပီ။ ေနာက္သုံးနာရီၾကာရင္ မင္း ေလယာဥ္ေပၚတက္ရမယ္။ ၿပီးေတာ့ မင္းရဲ႕ေန႔စဥ္သုံး တစ္ကိုယ္ေရတစ္ကာယပစၥည္းေတြကိုလည္း ဟိုမွာ ျပင္ဆင္ထားဖို႔ လူတစ္ေယာက္ကို ငါ ခိုင္းထားတယ္။ တကယ္လို႔ မင္း စိတ္တည္ၿငိမ္သြားတဲ့ တစ္ေန႔က်ရင္ ျပန္လာလို႔ရတယ္ "
" ပါး !!! " ေမာ့အန္းယြီ ခပ္ႀကိတ္ႀကိတ္ ေအာ္လိုက္သည္။သူ ေတြးမိတာက သူ႕အေဖ သူ႕ကို ဒီကေန ထြက္မသြားခိုင္းသင့္ဘူး !!!
ေမာ့အန္းယြီအေဖက စားပြဲကို ဒုန္းကနဲ ႐ိုက္ခ်ကာ ေျပာလိုက္သည္။ " မင္း လုပ္ခဲ့တဲ့ အမွားက သိပ္မႀကီးဘူးလို႔မ်ား ထင္ေနလားကြ ??? မင္း ငါတို႔ေမာ့မိသားစုကို တကယ္ ပ်က္စီးေစခ်င္ေနတာလား ??? ဒီတစ္ခါေတာ့ ငါေျပာတာ နားေထာင္စမ္း။ မင္း ကိုယ့္ကိုကိုယ္ အေလးအနက္ သုံးသပ္ဆင္ျခင္တာမ်ိဳး မလုပ္ႏိုင္ရင္ ဘယ္ေတာ့မွ ျပန္မလာခဲ့နဲ႔ !!! "
ေမာ့အန္းယြီက က်စ္က်စ္ပါေအာင္ ဆုပ္ထားမိတဲ့ သူ႕လက္သီးဆုပ္ေတြကို ျဖည္းညင္းစြာ ျဖည္ေလ်ာ့လိုက္ၿပီး သူ႕နဖူးေပၚက ေသြးေၾကာမွ်င္ေတြပါ အေရျပားေအာက္ကေန ထြက္ေပၚလာသည္။အခ်ိန္အေတာ္ၾကာတဲ့အခါက်မွ သူ ေျပာလိုက္သည္။ " ဟုတ္ကဲ့ပါ။ ကြၽန္ေတာ္ ႏိုင္ငံျခားကို ထြက္သြားပါ့မယ္ ... "
ေမာ့အန္းယြီအေဖက သိသိသာသာ စိတ္ပ်က္လက္ပ်က္ျဖစ္ေနဟန္နဲ႔ သူ႕ေခါင္းကို တစ္ဖက္လွည့္သြားကာ ေမာ့အန္းယြီဆီ ၾကည့္မလာေတာ့ေပ။
_____________
ေန႔ခင္းအခ်ိန္မွာ ေပၚယြီ အမ်ားႀကီး အိပ္လိုက္မိသည္။ညလည္းေရာက္ေရာ သူက သူ႕သားေလးနဲ႔အတူတူ ဆိုဖာေပၚမွာထိုင္ရင္း အဝါေရာင္ပင္လယ္ေရျမႇဳပ္ေကာင္ေလးနဲ႔ အနီေရာင္ၾကယ္ငါးေလးတို႔ သူငယ္ခ်င္းေကာင္းေတြ ျဖစ္လာၾကတဲ့ ကာတြန္းကားကို ၾကည့္ေနသည္။

( Spongebob )
ထင္မထားခဲ့ေပမယ့္ ဇာတ္လမ္းေလးက စိတ္၀င္စားဖို႔ ေကာင္းသားပဲ ...
ေပၚယြီ သူ႕လက္ေမာင္းေတြထဲမွာ ေပြ႕ဖက္ထားတဲ့ ဖရဲသီးေလးကို သူ႕ႏွာတံေလးနဲ႔ ပြတ္သီးပြတ္သပ္လုပ္ကာ ေမးလိုက္သည္။ " ကေလးေလး , မင္း ဘယ္သူ႕ကို သေဘာက်လဲ ??? "
ကိုးနာရီထိုးေနၿပီျဖစ္သည္။ဖရဲသီးေလးမွာ ေခါင္းေလးမေထာင္ႏိုင္ေအာင္ကို အိပ္ခ်င္ေနတာေၾကာင့္ ေပၚယြီရဲ႕ရင္ခြင္ကိုသာ သူ႕ႏွာေခါင္းေလးနဲ႔ ပြတ္သပ္လိုက္ၿပီး တိုးတိုးေလး ေျဖလိုက္သည္။ " သားက ပါးပါးကို သေဘာက်တယ္ "
ေပၚယြီရဲ႕ႏွလုံးသားေလးက ခ်က္ခ်င္းလက္ငင္းပင္ ႏူးညံ့ေပ်ာ့ေျပာင္းသြားၿပီး ဖရဲသီးေလးကို အိပ္ရာဆီ သယ္သြားကာ ေစာင္ျခဳံေပးလိုက္သည္။ " ပါးပါးကလည္း မင္းကို သေဘာက်တယ္ေနာ္ "
ဖရဲသီးေလးက အိပ္ရာထဲမွာ သူ႕ကိုယ္ေလးကို ေမွာက္ကာ တင္ပါးေလး မို႔ထြက္ရင္း အိပ္ေပ်ာ္သြားေတာ့သည္။
" တင္ ! " ေပၚယြီ စာတို message ၀င္သံကို ၾကားလိုက္ရသည္။
[[ ကိုယ္ တံခါးမွာ ေစာင့္ေနတယ္ ]]
ေပၚယြီ ဖုန္းကို ခ်ကာ သူ႕ရဲ႕အူတူတူသားေလးကို ေမႊးေမႊးေပးလိုက္ၿပီး ကုတ္အက်ႌယူထြက္လာလိုက္သည္။သူက တံခါး၀႐ွိ ခုံတန္း႐ွည္ေပၚမွာ ထိုင္ေနၿပီး လူသူကင္း႐ွင္းေနတဲ့ စႀကၤန္လမ္းတြင္ ေလတိုက္သံ တ႐ွဲ႐ွဲျမည္ကာ ေလျပည္ညင္းေတြက တိုက္ခတ္လို႔ေနသည္။
စုန္႔႐ွီလင္က စီးကရက္ကို မီးၿငႇိမ္းၿပီး အမိႈက္ပုံးထဲ ပစ္ထည့္ကာ ေပါ့ပါးစြာ ႏႈတ္ဆက္လာသည္။ " ဟိုင္း ! "
" မင္း ငါ့ကို ဘာေျပာခ်င္တာလဲ ??? " ေပၚယြီ သူ႕ႏႈတ္ခမ္းေတြကို တြန္႔ေကြးကာ စုန္႔႐ွီလင္ဆီ တည့္တည့္ မၾကည့္ရဲေခ်။
ကေလးေလးက သူ႕ဆီ ေရာက္လာေပမယ့္ သူ႕ရဲ႕ဆင္ျခင္ကင္းမဲ့မႈေၾကာင့္ပဲ ဒီလို မေတာ္တဆျဖစ္သြားခဲ့ရတယ္။
အဲဒီအတြက္ စုန္႔႐ွီလင္အေပၚ ေပၚယြီ အျပစ္႐ွိသလို ခံစားေနရသည္။
စုန္႔႐ွီလင္ ေျဖလိုက္သည္။ " ေမာ့အန္းယြီ ႏိုင္ငံျခားကို ထြက္သြားၿပီ။ ခ်ီညီအစ္ကိုကလည္း ကိုယ့္အေဖရဲ႕ပိုင္နက္ထဲမွာ။ မင္း သူတို႔ကို ဘယ္လိုလုပ္ခ်င္လဲ ??? "
ေပၚယြီ ျပဳံးလိုက္သည္။သူ မ်က္ရည္ေတြကို တိတ္တခိုး သုတ္ပစ္လိုက္ၿပီး မုန္းတီးစြာ ဆိုလိုက္သည္။ " မင္းေရာ သူ႕(ခ်ီယန္)ကို အႏၲရာယ္ေပးခ်င္လား ??? "
" ဒီကိစၥက ဘာမွတြန္႔ဆုတ္ေနစရာမ႐ွိဘူး။ သူ မေကာင္းတာလုပ္ထားရင္ အျပစ္ေပးခံရသင့္တာေပါ့ " စုန္႔႐ွီလင္ရဲ႕ေက်ာက္တုံးႏွလုံးသားဟာ တျခားလူေတြအားလုံးထက္ ပိုမိုကာ မာေက်ာေနသည္။
ဒါေပမယ့္ တစ္စုံတစ္ေယာက္က သူ႕ကို ႐ိုး႐ိုးသားသားနဲ႔ စိတ္ရင္းအတိုင္း ဆက္ဆံေပးေနသ၍ သူကလည္း အဲလိုပဲ ျပန္ဆက္ဆံမယ္။
ေပၚယြီက တည္ၾကည္ေလးနက္ေနၿပီး ေဒါသထြက္စြာနဲ႔ အံတင္းတင္းႀကိတ္ကာ
" တကယ္လို႔ မင္းကို ငါက သူ႕ကို သတ္ေပးဖို႔ ေျပာရင္ေရာ ??? "
စုန္႔႐ွီလင္ ခဏေလာက္ တိတ္ဆိတ္ေနတာေၾကာင့္ သူ ေျပာတာကို ျငင္းဆန္လိုက္တာပဲလို႔ ေပၚယြီ စဥ္းစားမိၿပီး ေလွာင္ေျပာင္သေရာ္လိုက္ေတာ့မယ့္အခ်ိန္တြင္ စုန္႔႐ွီလင္ ေျပာလာခဲ့သည္။ " ေသျခင္းတရားဆိုတာ ဒုကၡေတြၾကားမွာေနရတာထက္ ပိုေကာင္းေနပါေသးတယ္။ မင္းက မင္းရဲ႕ဘ၀ကို ဦးေဆာင္သြားရမယ္ေလ။ မင္းကေတာ့ မင္းရဲ႕လက္ေတြမွာ ေသြးမစြန္းဘဲ ေအးေအးခ်မ္းခ်မ္း ဆက္ေနသြားရင္ ေကာင္းမယ္ "
ေပၚယြီ မင္တက္သြားသည္။
စုန္႔႐ွီလင္ ဆက္ေျပာလိုက္သည္။ " ကိုယ္ သူ႕ရဲ႕အဆုံးသတ္ကို မင္းဆီ ျပေပးမယ္ "
ေပၚယြီ အကူအညီမဲ့စြာနဲ႔ ေခါင္းၿငိမ့္သေဘာတူလိုက္သည္။ " ငါ မင္းကို ေစာင့္ေနတယ္ "
" မင္း ကိုယ့္ကို ဘယ္တုန္းကမွ ေစာင့္ေနမေပးခဲ့ဖူးဘဲနဲ႔ " စုန္႔႐ွီလင္ ႐ုတ္တရက္ ေျပာလိုက္သည္။
ေပၚယြီရဲ႕မ်က္ဆန္အိမ္ေတြ က်ဥ္းေျမာင္းသြားရသည္။ခ်က္ခ်င္းဆိုသလိုပင္ အဲဒီႏွစ္ေတြတုန္းက သူ အေျခအေနေတြဆီကေန အေဝးကို တိမ္းေ႐ွာင္ထြက္ေျပးသြားခဲ့ၿပီး စုန္႔႐ွီလင္အား တစ္ေယာက္တည္း ခ်န္ထားခဲ့မိတဲ့အခ်က္ကို စုန္႔႐ွီလင္ အျပစ္တင္ေနတယ္ဆိုတာ ေပၚယြီ နားလည္လိုက္သည္။
" မင္းက တစ္ခါေလးေတာင္မွ ကိုယ့္ကို မယုံၾကည္ခဲ့ဖူးဘူး " စုန္႔႐ွီလင္ သူ႕လက္ေတြကို အိတ္ကပ္ထဲထည့္ကာ သူ ေျပာခ်င္တာေတြ ေျပာၿပီးတာနဲ႔ တန္းထြက္သြားေလသည္။
ေပၚယြီက တျဖည္းျဖည္းနဲ႔ ေမွးမွိန္ေပ်ာက္ကြယ္သြားတဲ့ စုန္႔႐ွီလင္ရဲ႕ပုံရိပ္ကိုသာ စူးစိုက္ၾကည့္ေနၿပီး သူ႕ကို ဒီမွာ ဆက္ေနေပးဖို႔ လုံး၀ ဆိုမလာေခ်။
စုန္႔႐ွီလင္ ေထာင့္ခ်ိဳးတစ္ခု အေရာက္မွာ သူ အိတ္ကပ္ထဲက ဖုန္းဟာ ႐ုတ္တရက္ အသံျမည္လာခဲ့သည္။သူ ဖုန္းကို ထုတ္ၾကည့္လိုက္တဲ့အခါ ေပၚယြီဆီက ျဖစ္ေနမွန္း ေတြ႕လိုက္ရသည္။ " ငါ ............. "
" ငါတို႔ေတြ ေနာက္တစ္ႀကိမ္ ျပန္ၿပီး အတူတူ႐ွိၾကဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့ဘူးလို႔ မင္းကို ငါ ေျပာခဲ့ဖူးတယ္ " ေပၚယြီက လူနာေဆာင္ေ႐ွ႕မွာ ရပ္ရင္း ဖုန္းေျပာေနပင္မယ့္ သူ႕မ်က္၀န္းေတြကေတာ့ စုန္႔႐ွီလင္ရဲ႕ေက်ာျပင္ကိုသာ ေငးၾကည့္လို႔ေနသည္။
" ဒါေပမယ့္ ငါ အၿမဲစဥ္းစားေနတာက ငါ့ဘ၀ႀကီးကို ပိုေပ်ာ္စရာေကာင္းေအာင္ လုပ္ေပးႏိုင္မယ့္ ပုံမွန္ sex partner တစ္ေယာက္႐ွိဖို႔ပဲ။ အဲဒီေတာ့ မစၥတာစုန္႔ , မင္းကို ငါ့ရဲ႕ bedmate ျဖစ္ဖို႔ ကမ္းလွမ္းပါရေစလား ? "
{ T / N ; သူမ်ားတကာေတြအကုန္လုံး High boss ႀကီးေတြကပဲ အတူေနခ်စ္သူလုပ္ဖို႔ စကမ္းလွမ္းေနၾကခ်ိန္မွာ ေပၚယြီကေတာ့ high boss ႀကီးကိုသြားၿပီး ကမ္းလွမ္းေနတယ္ ဟား ဟား ... }
စုန္႔႐ွီလင္က လွည့္ၾကည့္မလာခဲ့ေပ။သူ႕ေက်ာျပင္က ၿမဲျမံေနမယ့္ ရင္းႏွီးကြၽမ္း၀င္ၿပီး ခ်စ္စိတ္ျပင္းျပေနတဲ့ မ်က္၀န္းအၾကည့္ေတြကို ခံစားမိတာေၾကာင့္ သူ ၾကဳံေတာင့္ၾကဳံခဲ ျပဳံးလိုက္မိသြားသည္။
ထူးကဲေျပာက္ေျမာက္လွတဲ့ မုဆိုးဆိုတာက သားေကာင္ေလးကို သူ႕အလိုလို ေထာင္ေျခာက္ထဲ ခုန္၀င္လာေအာင္ မွ်ားေခၚႏိုင္ၿပီး မစၥတာစုန္႔ကလည္း အဲဒီအေတာ္ဆုံး ေတာလိုက္မုဆိုးေတြထဲက တစ္ေယာက္ျဖစ္သည္။
" ငါ ငါ့ရဲ႕ခႏၶာကိုယ္စစ္ေဆးမႈမွတ္တမ္းကို မင္းဆီ ေပးမယ္ , ဟုတ္ၿပီလား ??? "
" ဟုတ္ၿပီ " စုန္႔႐ွီလင္ ျပန္ေျဖလိုက္သည္။
အဲဒီေနာက္ သူတို႔ေတြ တစ္ၿပိဳင္တည္း ဖုန္းခ်လိုက္ၾကသည္။
စုန္႔႐ွီလင္ သူ႕ေ႐ွ႕က ဓါတ္ေလွကားတံခါး ပြက့္လာခ်ိန္တြင္ အေနာက္မွာ ႐ွိေနဆဲျဖစ္တဲ့ ပုံရိပ္ေလးကို ခ်န္ထားခဲ့ကာ အထဲ၀င္လိုက္သည္။
ေပၚယြီ သူ႕မ်က္ႏွာသူ ျပန္ကိုင္ၾကည့္လိုက္သည္။အခုကိစၥမွာ သူ လက္ဦးမႈရယူထိန္းခ်ဳပ္ထားတယ္ဆိုေပမယ့္ သူ႕ကိုယ္သူ ေခ်ာင္ပိတ္တာခံလိုက္ရတယ္လို႔ပဲ အထင္မွားေနမိသည္။
စုန္႔႐ွီလင္ ကားထဲမွာ ထိုင္ေနသည္။သူ ေဆး႐ုံကေန ထြက္လာတဲ့အခ်ိန္တုန္းက ေပၚယြီရဲ႕လူနာေဆာင္အခန္းျပတင္းေပါက္ကို ေမာ့ၾကည့္ကာ တိုးတိုးေလး ဆိုလိုက္သည္။
" ေကာင္းေသာညပါ ေပၚယြီ "
ေနာက္တစ္ေန႔၌ အားလုံး စစ္ေဆးၿပီးေနာက္ ေပၚယြီက လုပ္႐ိုးလုပ္စဥ္ေတြကို ေဆာင္႐ြက္ကာ ေဆး႐ုံဆင္းေတာ့သည္။သူက ေဆး႐ုံမွာ ေန,ေနရတာကို သေဘာမက်တာေၾကာင့္ အိမ္မွာပဲ အနားယူဖို႔ စီစဥ္လိုက္သည္။
ဟန္က်စ္ယြီလည္း ေပၚယြီကို စိတ္ေျပာင္းေအာင္ မလုပ္ႏိုင္ေပ။ " ေကာင္းၿပီေလ။ အဲဒါဆိုလည္း အခုခ်ိန္မွာ မင္း ကိုယ့္ကိုကိုယ္ ပိုက်န္းမာေအာင္ လုပ္သင့္တယ္။ အား႐ွိေစမယ့္ အစားအေသာက္ေတြ မ်ားမ်ားပိုစားၿပီး အလုပ္,လုပ္တာကို ေလ်ာ့ရမယ္ "
ေပၚယြီ ဟန္က်စ္ယြီရဲ႕ပခုံးကို ေက်းဇူးတင္စြာ ပုတ္လိုက္သည္။ " ဒီရက္တေလာ ခင္ဗ်ား ဂ႐ုစိုက္ေပးတာေတြအတြက္ ေက်းဇူးတင္ပါတယ္ "
ဟန္က်စ္ယြီ ခ်ဥ္စူးစြာ ဆိုလိုက္သည္။
" မင္းကေတာ့ ငါ့ကို အၿမဲျပသာနာေတြပဲ ေပးတယ္ေနာ္ "
ဟန္က်စ္ယြီ ေျပာလိုက္တာကို ေပၚယြီ စိတ္အေႏွာင့္အယွက္မျဖစ္ဘဲ ရယ္လိုက္မိသည္။ဟန္က်စ္ယြီက သူ႕ကို ကူညီၿပီး ကေလးေလးနဲ႔ပတ္သတ္လို႔ အမွန္တရားကို ဖုန္းကြယ္ထားေပးရတာေၾကာင့္ ဖိအားေတြမတရားမ်ားေနတယ္ဆိုတာ ေပၚယြီ သိသည္။ဟန္က်စ္ယြီက အဲဒါကို ထုတ္ေဖာ္မေျပာေသာ္ျငားလည္း သူ ဘာမွမျဖစ္သလိုမ်ိဳးေတာ့ ဟန္ေဆာင္မေနတတ္ေပ။
ဒါဟာ ဟန္က်စ္ယြီဆီကေန ပုဂၢိဳလ္ေရးအကူအညီကို ေပၚယြီ လက္ခံရ႐ွိခဲ့တာျဖစ္သည္။
" ကြၽန္ေတာ္တို႔မိတ္ေဆြေတြ ဆုံရေအာင္ေလ။ ေ႐ွာင္ပိုင္ကိုလည္း အျပင္ထြက္ဖို႔ေခၚၿပီး ထမင္းတစ္နပ္ေလာက္ အတူတူ စားၾကရေအာင္ " ေပၚယြီက လက္တစ္ဖက္မွာ ကေလးေလးကို ခ်ီထားရင္း ဖုန္းကို ဆြဲထုတ္ကာ တစ္ခ်က္ၾကည့္လိုက္သည္။
အခ်ိန္က မေစာေတာ့ေပ။သူက စာခ်ဳပ္အေၾကာင္း စကားေျပာဖို႔ ခ်ဴဖန္းနဲ႔ ခ်ိန္းထားတာ႐ွိသည္။အခု သူ သြားရမယ့္ အခ်ိန္ကို ေရာက္ေနၿပီျဖစ္သည္။သို႔မွမဟုတ္လွ်င္ သူ ေနာက္က်ေနေတာ့မွာျဖစ္သည္။
အဲဒီေနာက္တြင္ အသက္ငယ္ငယ္ သူနာျပဳေလးတစ္ေယာက္မွာ ခက္ခက္ခဲခဲ အသက္လု႐ွဴရင္း ဟန္က်စ္ယြီဆီ အေမာတေကာ ေျပးလာကာ ေျပာလိုက္သည္။ " ေဆး႐ုံအုပ္ဟန္ , ကုတင္နံပါတ္ ၃ က လူနာက အေျခအေန ပိုဆိုးလာပါတယ္။ အခု သူ႕ကို ခြဲစိတ္ခန္းဆီ အျမန္ပို႔ရပါမယ္ "
ဟန္က်စ္ယြီ ေခါင္းၿငိမ့္လိုက္ၿပီး တေလာတႀကီး ေျပာလိုက္သည္။ " ငါ ခြဲစိတ္ခန္း၀င္ရဦးမယ္။ မင္း အရင္ျပန္ႏွင့္ေလ။ ေဆးစစ္မႈအေျဖ ထြက္လာတာနဲ႔ ငါ မင္းကို လွမ္းေျပာလိုက္မယ္ " ကတိုက္က႐ိုက္ စကားေျပာၿပီးေနာက္ သူ လ်င္ျမန္စြာ ေျပးထြက္သြားေတာ့သည္။
ေပၚယြီတစ္ေယာက္ ေနကာမ်က္မွန္ကို တပ္လိုက္ၿပီး ကေလးေလးကို သူ႕လက္ေမာင္းထဲမွာ ခ်ီကာ ထြက္သြားဖို႔ ျပင္လိုက္သည္။သို႔ေသာ္လည္း သူ ေဆး႐ုံတံခါး၀ကေန ထြက္လာသည့္အခ်ိန္၌ ကားႏွစ္စီးက သူ႕ေ႐ွ႕မွာ တစ္ခ်ိန္တည္း ထိုးရပ္လာခဲ့သည္။
ေ႐ွာင္လီမွာ ( ဒီ ' ေ႐ွာင္ ' က မ်ိဳး႐ိုး ' ေ႐ွာင္ ' မဟုတ္ပါဘူး ခင္မင္ရင္းႏွီးတဲ့ အဓိပၸါယ္နဲ႔ ေခၚလိုက္တာပါ ) အံ့အားသင့္ေနၿပီး အသည္းအသန္ ေမးလိုက္ေလသည္။ " ေပၚေကာ , ေကာ ေနေကာင္းသြားၿပီလား ??? "
ေပၚယြီက ခံစားခ်က္ကို ဖတ္၍မရႏိုင္တဲ့ မ်က္ႏွာမ်ိဳးနဲ႔အတူ ေခါင္းၿငိမ့္ျပလိုက္ၿပီး ေဘးတစ္ဖက္မွာ လာရပ္ေနတဲ့ အေနာက္တိုင္း၀တ္စုံ ၀တ္ထားတဲ့ လူအား ၾကည့္ကာ ေမးလိုက္သည္။ " ခင္ဗ်ားက ဘယ္သူလဲ ??? "
အေနာက္တိုင္း၀တ္စုံနဲ႔ လူက ျပန္ေျဖလာသည္။ " မဂၤလာပါ , မစၥတာေပၚ။ ခင္ဗ်ားကို ႀကိဳဖို႔ မစၥတာခ်ဴက ကြၽန္ေတာ္႕ကို လႊတ္လိုက္တာပါ "
ေပၚယြီရဲ႕ႏႈတ္ခမ္းအစုံက တြန္႔ေကြးသြားကာ ခဏေလာက္ ေတြေဝတုံ႔ဆိုင္းေနၿပီးေနာက္ ေ႐ွာင္လီ့ဘက္ကို လွည့္ေျပာလိုက္သည္။
" မင္း အရင္ျပန္လိုက္ေတာ့။ ငါ လုပ္စရာေလး ႐ွိေသးတယ္ "
ေပၚယြီက သူ႕ကို အရင္ထြက္သြားခိုင္းလိမ့္မယ္လို႔ ေ႐ွာင္လီ ထင္မထားေခ်။သူ မင္တက္သြားၿပီး ေခါင္းၿငိမ့္သေဘာတူလိုက္သည္။ေနာက္တျခားလူတစ္ေယာက္ရဲ႕ ကားေပၚကို တက္ကာ ထြက္ခြာသြားတဲ့ ေပၚယြီအား ေ႐ွာင္လီ ရပ္ၾကည့္ေနသည္။
မစၥတာခ်ဴ ???
႐ုတ္တရက္ဆိုသလို ေ႐ွာင္က်န္း စိတ္ထဲမွာ တစ္စုံတစ္ရာက ျဖတ္ခနဲ ေပၚေပါက္လာသည္။သူ ဖုန္းကို ထုတ္ကာ မန္ေနဂ်ာက်န္းဆီ ဖုန္းေခၚလိုက္ေလသည္။ " မန္ေနဂ်ာက်န္း , အခုေလးတင္ ေပၚေကာက မစၥတာခ်ဴ လႊတ္လိုက္တယ္ဆိုတဲ့ လူတစ္ေယာက္နဲ႔ အတူထြက္သြားၾကတယ္ "
" အိုး " မန္ေနဂ်ာက်န္းက အဲဒီကိစၥကို ဂ႐ုမထားသလို တည္ၿငိမ္စြာ ေျပာလိုက္သည္။
" ငါ နားလည္ၿပီ။ ဆက္လုပ္ထား။ စကားမစပ္ ဒီအေၾကာင္းကို တျခားလူေတြ မသိေစနဲ႔။ မင္း ငါ ေျပာတာကို နားလည္တယ္မလား ??? "
ေ႐ွာင္လီ ျပန္ေျဖလိုက္သည္။ " ဟုတ္ကဲ့။ ကြၽန္ေတာ္႕ပါးစပ္ကို ေသခ်ာေလး ပိတ္ထားပါ့မယ္ "
အဲဒီေနာက္ မန္ေနဂ်ာက်န္းက ဟိုဟိုဒီဒီ ေျပာဆိုကာ အရင္ ဖုန္းခ်သြားခဲ့သည္။
ေ႐ွာင္လီ diver seat မွာ ၀င္ထိုင္ၿပီး သက္ျပင္းခ်လိုက္မိသည္။ " ငါေလး သက္သက္မဲ့ စကားမ်ားလိုက္မိသလို ခံစားရတယ္။ ေပၚယြီကို ဆန္႔က်င္ၿပီး ဒီအေၾကာင္းေတြကို ထုတ္မေျပာသင့္ဘူး !!! ငါ ေ႐ွာင္က်န္းေျခရာအတိုင္း နင္းမိေတာ့မလို႔ !!! "
_____________
ေပၚယြီ အခန္းတံခါးကို ဖြင့္လိုက္သည္။သီးသန္႔အထူး စားေသာက္ဆိုင္ဟာ ေ႐ွးေခတ္တ႐ုတ္႐ိုးရာစတိုင္ အလွဆင္ထားတာျဖစ္သည္။သူ အခန္းတံခါးကို ဆြဲဖြင့္လိုက္ခ်င္းမွာပဲ အရမ္းအႏုစိတ္လွပတဲ့ ေ႐ွးေဟာင္းပုံစံ ခန္းဆီးက ျမင္ကြင္းထဲကို ေရာက္႐ွိလို႔လာခဲ့သည္။
ခ်ဴဖန္းနဲ႔ သူ႕သား၀တုတ္ေလးက ခန္းဆီးလိုက္ကာေနာက္တြင္ အခ်င္းခ်င္း ၾကည့္လိုက္ၾကသည္။
၀တုတ္ေလးက မွန္ကို ယူကာ သူ႕ဆံပင္ေလးေတြကို စိတ္လႈပ္႐ွားစြာ ၿဖီးသင္လိုက္သည္။သူ ေခါင္းမေလွ်ာ္ခဲ့ရေသးဘဲ သူ႕ရဲ႕ idol ႀကီးနဲ႔ ေတြ႕ရမွာျဖစ္တာေၾကာင့္ ဘယ္ေလာက္ေတာင္ ဆိုးဝါးလိုက္တဲ့ date မ်ိဳးလဲဆိုၿပီး ၀တုတ္ေလး သက္ျပင္းခ်လိုက္မိသည္။
ခ်ဴဖန္းရဲ႕မ်က္ႏွာႀကီးကပါ မည္းေမွာင္လို႔လာၿပီး သူ ေတြးလိုက္သည္။ ဝတုတ္ေလးက ငါနဲ႔က်ေတာ့ ဒီလိုမ်ိဳး date လုပ္ဖို႔ တစ္ခါမွ အာ႐ုံမရဖူးဘူး !!!
ေပၚယြီဟာ သူ႕လက္ေမာင္းထဲက ဖရဲသီးေလးနဲ႔အတူ အထဲ၀င္လာခဲ့သည္။suit အား အက်အန ၀တ္ထားတဲ့ ၀တုတ္ေလးကို သူ ေတြ႕လိုက္တဲ့အခါ ေပၚယြီ ခဏေလာက္ အံ့ၾသသြားရသည္။အဲဒီေနာက္ သူ အဓိပၸါယ္ပါပါနဲ႔ ႏႈတ္ဆက္စကားဆိုလိုက္ေလသည္။
" မေတြ႕တာ ၾကာၿပီေနာ္ "
၀တုတ္ေလးခမ်ာ အထိတ္တလန္႔ တုန္လႈပ္သြားၿပီး အခက္ေတြ႕ေနတဲ့ မ်က္ႏွာအမူအရာေလးနဲ႔အတူ သူ႕ႏႈတ္ခမ္းေလးေတြ မဲ့က်သြားသည္။
အရင္တုန္းက သူ ဖရဲသီးေလးကို အႏိုင္က်င့္ခဲ့တဲ့အေၾကာင္း ေပၚယြီ မွတ္မိေနတုန္းပဲထင္တယ္။ ဒါ သူ႕အတြက္ တကယ့္ကို ၀မ္းနည္းစရာပဲ။
.
.
.
.
.
.
ေခါင္းစဥ္ဖတ္ၿပီး ဂ်င္းမိသြားၾကတယ္မလား ... ကိုယ္ေရာပဲရယ္ ...
Please give me energy to translate by VOTING .