Scroll down for Zawgyi.
Unicode
ပေါ်ယွီ အချိန်အကြာကြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
စုန့်ရှီလင် တံခါးဖွင့်ပြီး အထဲ၀င်လာတဲ့အချိန်တွင် အူတူတူ မျက်နှာအမူအရာလေးနဲ့ ဖရဲသီးလေးက ပေါ်ယွီရဲ့ရင်ဘတ်ပေါ်မှာ မျက်လုံးလေးတွေ ဖွင့်လျက်သား လှဲလျောင်းနေတာကို တွေ့လိုက်ရသည်။သူ အကူအညီမဲ့စွာနဲ့ မျက်မှောင်ကြုတ်လိုက်မိကာ ကလေးကို ဖယ်ဖို့အတွက် ရှေ့တိုးသွားလိုက်သည်။
နေမကောင်းဖြစ်နေတဲ့အချိန်မှာ ကလေးကို သူ့ရင်ဘတ်ပေါ် တက်အိပ်ဖို့ ဘယ်လိုများ ခွင့်ပြုထားနိုင်ရတာလဲကွာ ???
ဒါပေမယ့် စုန့်ရှီလင် သူ ဖရဲသီးလေးကို ပွေ့ချီလိုက်ချင်းမှာတင် ပေါ်ယွီ အိပ်ရာနိုးလာခဲ့သည်။အခန်းထဲတွင် စုန့်ရှီလင်ကို မြင်လိုက်ရတဲ့အခါ ကောင်းကောင်းမွန်မွန် ပဋိသန္ဓာရစကားဆိုဖို့ ပေါ်ယွီ အရမ်းကို နွမ်းနယ်နုံးချည့်နေတာကြောင့် ရင်းနှီးဖော်ရွေစွာသာ ပြုံးပြလိုက်သည်။
စုန့်ရှီလင်က ပေါ်ယွီ သူ့ကို စကားမဆိုဘဲ ပြုံးရုံပြုံးပြလိုက်တာအား စိတ်ထဲ ဘယ်လိုမှမအောက်မေ့ဘဲ ဆိုဖာပေါ် ထိုင်ကာ ပြောလိုက်သည်။ " မင်း ဘယ်လိုနေသေးလဲ ??? "
စောင်အောက်က ပေါ်ယွီ့လက်တွေဟာ သူ့ဗိုက်လေးပေါ်ကို ဖြည်းညင်းစွာ အုပ်ကိုင်လိုက်ပြီး သူ့ရဲ့တည်ငြိမ်အေးဆေးဟန်ကိုတော့ ထိန်းသိမ်းထားသည်။ " အများကြီး ပိုကောင်းလာပါပြီ "
" မင်း ဘာရောဂါလဲ ??? " စုန့်ရှီလင် ဆက်မေးလိုက်သည်။
ပေါ်ယွီက သူ့နှုတ်ခမ်းတွေကို တွန့်ကွေးစေလိုက်ပြီး အချိန်အတော်ကြာမှ ပြန်ဖြေလာသည်။ " အဖျားရောဂါဟောင်းပါ။ ဒါနဲ့ ကိစ္စတွေအကုန်လုံး ဖြေရှင်းပြီးသွားပြီလား ??? "
အဖျားရောဂါဟောင်း ??? ဘယ်လိုအဖျားရောဂါမျိုးမို့လို့ သူ့ကို ကြမ်းပြင်တစ်ခုလုံး နီရဲသွားအောင် သွေးတွေ ထွက်စေရတာလဲ !!!
စုန့်ရှီလင် သံသယဖြစ်စွာ ကြည့်လိုက်ပေမယ့် ပေါ်ယွီ့နောက်လိုက်ကာ တခြားအကြောင်းအရာဘက်ကို ပြောင်းလဲပြောဆိုလိုက်သည်။ " အင်း ၊ အားလုံး ဖြေရှင်းပြီးသွားပြီ "
ဖရဲသီးလေးက စုန့်ရှီလင်ရဲ့နက်ကတိုင်စကို လှမ်းဆွဲလိုက်ပြီး ရှေ့ကို ကိုင်းလာကာ တတွတ်တွတ် ဆိုလိုက်သည်။ " ဦးဦးစုန့် ၊ ပါးပါး ဗိုက်ဆာနေလိမ့်မယ်။ သားတို့တွေ ပါးပါးအတွက် ဆန်ပြုတ်သွား၀ယ်ကြမလားဟင် ??? "
ဆန်ပြုတ် ???
စုန့်ရှီလင် ခေါင်းငြိမ့်သဘောတူလိုက်သည်။ " အစာစားရအောင် တစ်ခုခု၀ယ်ဖို့ ကိုယ် သူ့ကို အပြင်ခေါ်သွားလိုက်မယ် "
ပေါ်ယွီ အသက်ရှူပေါက်ရစွာ သက်ပြင်းချလိုက်ပြီး စိတ်အားထက်သန်စွာ ခေါင်းငြိမ့်ပြလိုက်သည်။ " အင်း , မင်းတို့တွေ သွားလို့ရတယ် "
တည်ငြိမ်လေးနက်တဲ့ အမျိုးသားက ချစ်စရာ ဖောင်းဖောင်းကစ်ကစ် ကလေးလေးကို ချီရင်း အပြင်ထွက်လာခဲ့သည်။သူတို့နှစ်ယောက်ကြားရှိ လုံးလုံး ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် ထူးခြားစွာ လိုက်ဖက်ညီပြီး သဟဇာတဖြစ်နေတဲ့ ခံစားမှုမျိုးကြောင့် စုန့်ရှီလင်ဟာ တစ်လမ်းလုံးက လူတွေရဲ့ အကြည့်ပေါင်းမြောက်များစွာကို ဖမ်းစားထားလေသည်။
အသားဆန်ပြုတ်နဲ့ ဆားစိမ်အသီးအရွက်သနပ်တွေကို ၀ယ်ယူပြီးနောက် စုန့်ရှီလင်က လူနာဆောင်ဆီ တန်းမပြန်ဘဲ ဆေးရုံအုပ်ရုံးခန်းဆီသွားကာ တံခါးခေါက်လိုက်သည်။
ဟန်ကျစ်ယွီ သူ့မျက်မှန်ကို ဆွဲချွတ်လိုက်ပြီး တံခါး၀မှာ ရပ်နေတဲ့ စုန့်ရှီလင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ " မင်း ငါ့ဆီ ရောက်လာမယ်ဆိုတာကို သိပေမယ့် ဒီလောက်အစောကြီး ရောက်လာလိမ့်မယ်လို့တော့ ငါ မထင်မိဘူး "
စုန့်ရှီလင် နှုတ်ခမ်းကို မဲ့ကာ " ငါ့ကို ဆေးမှတ်တမ်းပေး "
ဒါဟာ သူ့ရဲ့သူငယ်ချင်းဟောင်းကြီး စုန့်ရှီလင်က လေးလေးနက်နက်နဲ့ တောင်းဆိုနေတာကို ဟန်ကျစ်ယွီ ငြင်းဆန်လိုက်တာ ပထမဆုံးအကြိမ်ဖြစ်သည်။ " ဆရာ၀န်တစ်ယောက်အနေနဲ့ ငါ့ရဲ့စည်းမျဉ်းတွေအရ ငါ မင်းကို သူ့ရဲ့ဆေးမှတ်တမ်းပေးလို့ မရဘူး။ တကယ်လို့ မင်းက လူနာရဲ့ခန္ဓာကိုယ်အခြေအနေကို သိချင်တာဆိုရင်တော့ မင်းကိုယ်တိုင်ပဲ သူ့ကို မေးကြည့်လိုက်ပါ "
စုန့်ရှီလင်က ခက်ထန်တင်းမာနေတဲ့ လေသံနဲ့အတူ နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။ " ဆေးမှတ်တမ်း "
ဟန်ကျစ်ယွီ ပြန်ပြောလိုက်သည်။ " လောင်စုန့်ရား ၊ ဒီတစ်ခါက ငါ မင်းကို မကူညီချင်လို့ မဟုတ်ရပါဘူးကွာ။ ဒါက လူနာရဲ့ဆန္ဒလေ။ အဲဒါကြောင့် ငါ မင်းကို ပြောမပြနိုင်တာပါ "
စုန့်ရှီလင် အေးစက်စွာ ဆိုလိုက်သည်။ " သူ နေမကောင်းတာ ပြင်းထန်လား ??? "
အဲဒီမေးခွန်းကို ကြားတဲ့အခါ ဟန်ကျစ်ယွီ ကတိုက်ကရိုက် ဖြေလိုက်သည်။ " သေချာပေါက် မပြင်းထန်ဘူးပေါ့။ မင်းကို ငါ ငါ့ရဲ့ကိုယ်ကျင့်တရားကို တိုင်တည်ပြီး ကတိပေးတယ် !!! ဒါပေမယ့် ခုချိန်အတွင်းတော့ သူ ပင်ပန်းလို့မရဘူး။ သူ များများအနားယူပြီး အတူတူနေတာမျိုးကို လျော့လုပ်သင့်တယ် "
ဟန်ကျစ်ယွီနဲ့ စုန့်ရှီလင်တို့က နှစ်ပေါင်းများစွာ သူငယ်ချင်းအရင်းကြီးတွေ ဖြစ်ခဲ့ကြသည်။ *ဒါကြောင့် ဒီဥစ္စာက ဒီလိုအေးစက်တင်းမာပြီး ရက်စက်ခက်ထန်တဲ့ ဒီအမျိုးသား လုပ်ပေးနိုင်တဲ့ အကြီးမားဆုံး လိုက်လျောမှုဆိုတာကို ဟန်ကျစ်ယွီ ကောင်းကောင်း သိသည်။သူက ပေါ်ယွီရဲ့လျို့ဝှက်ချက်ကို စုန့်ရှီလင်ဆီ ပြောမပြနိုင်ဘူးဆိုပေမယ့် ပေါ်ယွီနဲ့ပတ်သတ်လို့ ဘာတွေဂရုစိုက်ဖို့ လိုအပ်သလဲဆိုတာတွေကိုတော့ အကြွင်းမဲ့ ပြောပြပေးနိုင်သည်။
{ T / N ; * အဲဒီစာကြောင်းက ပေါ်ယွီ့ဆေးမှတ်တမ်းအကြောင်း စုန့်ရှီလင် ထပ်မမေးတော့တာကိုဆိုလိုတာပါ }
စုန့်ရှီလင် အောက်ကို ငုံ့ကြည့်လိုက်ပြီး သူ့လက်မောင်းတွေထဲက ဖရဲသီးလေးနဲ့အတူ လှည့်ထွက်သွားလိုက်သည်။
ဟန်ကျစ်ယွီ စိတ်သက်သာရာရစွာ သက်ပြင်းလေးလေး ချလိုက်မိသည်။
အပြန်လမ်းတွင် ဖရဲသီးလေးက စုန့်ရှီလင်ရဲ့လည်တိုင်ကို ခပ်တင်းတင်း ဖက်တွယ်ထားရင်း တုံ့ဆိုင်းစွာ ဆိုလိုက်သည်။ " ဦးဦးစုန့် ပါးပါးကလေ အများကြီး ၀မ်းနည်းနေတယိထင်တယ် "
စုန့်ရှီလင်က ချက်ချင်းပင် ကလေးလေးကို တင်းတင်းကြပ်ကြပ် ပြန်လည်ပွေ့ဖက်ကာ ဆက်ပြောလိုက်သည်။ " သူ ၀မ်းနည်းနေတယ်လို့ မင်း ဘာလို့ တွေးရတာလဲ ??? "
" သား မသိဘူး " ဖရဲသီးလေး စိတ်ဓါတ်ကျနေသည်။ " ပါးပါးက သားကို စိတ်ဆိုးနေတာလားဟင် ??? "
စုန့်ရှီလင် ; " စိတ်မဆိုးပါဘူး "
အဲဒီနောက်တွင် သူ့ဖုန်းတစ်လုံးနဲ့အတူ လူနာဆောင်ရှေ့မှာ မတ်တပ်ရပ်ကာ ဒေါသတကြီး အော်ဟစ်ဆူပူနေတဲ့ မန်နေဂျာကျန်းကို သူတို့ တွေ့လိုက်ရသည်။ " အရင်တုန်းက မင်းရဲ့တီဗွီရှိုးအတွက် ငါတို့ပေါ်ယွီက အချိန်ဇယားကိုတောင် သီးသန့်ဖယ်ပေးခဲ့တာကွ !!! ဒါပေမယ့် မင်းတို့ဘက်ကရော !!! မင်းတို့တွေက သရုပ်ဆောင်တွေကို ပေါပေါပဲပဲ ပြောင်းပစ်လိုက်တယ်လေ !!! မင်း ငါ့တို့ပေါ်ယွီကို ဘာများအောက်မေ့နေလဲ ??? သူက မင်းတို့ ခေါ်ရင် ရောက်လာရပြီး မင်းတို့ မလိုရင် ချန်ထားပစ်ခဲ့လိုက်လို့ရလား ??? မင်း ဆုသာတောင်းနေလိုက်တော့ !!! "
" မဖြစ်နိုင်တာ !!! မင်းတို့က နောက်ဆက်တွဲ အစီအစဉ်ရိုက်ကူးဖို့အတွက် ထပ်တောင်းဆိုပါတယ်ပေါ့။ ငါတို့ဘက်က လုံး၀ သဘောမတူနိုင်ဘူး "
ဖရဲသီးလေးက စုန့်ရှီလင်ကို မရေမရာဖြစ်နေဟန်နဲ့ ကြည့်လိုက်သည်။ " ဦးဦးစုန့် ??? "
စုန့်ရှီလင်ဟာ မျက်နှာထား တင်းမာခက်ထန်နေပြီး ကလေးလေးကို အောက်ကြမ်းပြင်ပေါ် ချပေးကာ လူနာခန်းတံခါးဆီ လုံးလုံးလုံးလုံး လျှောက်သွားနေတဲ့ ဖရဲသီးလေးကို သေချာ စောင့်ကြည့်ပေးနေသည်။အဲဒီနောက် သူက နောက်ကို ပြန်လှည့်ကာ မန်နေဂျာကျန်းရဲ့ဟန်းဖုန်းကို ဆွဲယူလိုက်သည်။
မန်နေဂျာကျန်း အံ့သြသွားသည်။ဒါပေမယ့် သူ့ဖုန်းကို လုယူလိုက်တာက စုန့်ရှီလင်ဖြစ်နေတာကို မြင်တဲ့အချိန်မှာ သူ ဆဲရေးတော့မယ့် စကားလုံးတွေအားလုံးကို မျိုချထားလိုက်ရသည်။
စုန့်ရှီလင်က ဘာလို့ ဒီမှာရှိနေတာလဲဟ ???
_____________
ပေါ်ယွီ သန့်စင်ခန်းထဲကနေ ထွက်လာသည့်အချိန်တွင် သူ့ဆီ တစ်ယောက်တည်း ပြေးလာနေတဲ့ ဖရဲသီးလေးကို တွေ့လိုက်ရသည်။သူ့နှလုံးသားထဲမှာ တစ်ခုခု ဆုံးရှုံးသွားသလို ခံစားရရင်း သူ မေးလိုက်သည်။ " မင်း ဘာဖြစ်လို့ ဒီကို တစ်ယောက်တည်း ပြန်လာတာလဲ ??? "
ဖရဲသီးလေးက ရွှင်မြူးစွာနဲ့ ပေါ်ယွီ့ပေါင်တံတွေကို ဖက်တွယ်ကာ သူ့မျက်နှာလေးနဲ့ တိုးဝှေ့ပွတ်သပ်လိုက်ပြီး ခဏအကြာမှာ ပြန်ဖြေလာခဲ့သည်။ " ဦးဦးစုန့်က အပြင်ဘက်မှာ "
" အွန်း ... " သူ့နှလုံးသားအတွင်းထဲမှာ ဖြစ်တည်လာတဲ့ ပျော်ရွှင်မှုတွေကို မသိချင်ယောင်ဆောင်ရင်း ပေါ်ယွီ ပြောလိုက်သည်။ဒါပေမယ့် သူ ဘာမှထပ်မမေးရသေးခင်မှာတင် စုန့်ရှီလင်နဲ့မန်နေဂျာကျန်းတို့ ရှေ့ဆင့်နောက်ဆင့် အထဲ၀င်လာကြတာကို တွေ့လိုက်သည်။
မန်နေဂျာကျန်းရဲ့မျက်နှာက အရမ်း ၀မ်းသာအားရဖြစ်နေပေမယ့် သူက စုန့်ရှီလင်ရဲ့တည်ရှိမှုကိုတော့ အလွန်အမင်း သတိထားနေဟန်ပေါ်သည်။သူ ခပ်တောင့်တောင့် ထိုင်ချလိုက်ပြီး ပေါ်ယွီကို ကြင်နာနူးညံ့စွာ ကြည့်လာသည်။
ပေါ်ယွီ သူ့စိတ်ထဲမှာ မျက်နှာကြီးရာ ဟင်းဖတ်ပါပြီး သူ့လာ ဖားနေတဲ့ မန်နေဂျာကျန်းကို လျစ်လျူရှူထားလိုက်သည်။စုန့်ရှီလင်နဲ့သူကြားက ဆက်ဆံရေးကို သိသွားပြီးတဲ့နောက် မန်နေဂျာကျန်းက ထင်ထားတဲ့အတိုင်းပင် သူ့အပေါ်ကို မဟားတရားတွေ စွတ်ကောင်းပြနေတော့တာဖြစ်သည်။
စုန့်ရှီလင်က ဆန်ပြုတ်ပူပူလေးနဲ့ ဆားရည်စိမ်အသီးအရွက်သနပ်တချို့ကို စားပွဲပေါ်တင်ကာ ပြောလိုက်သည်။ " မင်း ဆေးရုံကနေ ဘယ်အချိန်ဆင်းမှာလဲ ??? "
မန်နေဂျာကျန်းက ကြားဖြတ်၀င်ပြောလိုက်သည်။ " မစ္စတာစုန့်က ငါတို့ကို အကြီးကြီး ကူညီပေးခဲ့တာနော်။ မင်း သူ့ကို ကျေးဇူးတင်သင့်တယ် , ပေါ်ယွီရေ "
" ဘာအကူအညီလဲ ??? " ပေါ်ယွီ အံ့အားသင့်သွားသည်။
မန်နေဂျာကျန်းက ပေါ်ယွီ မေးတာကို ပြန်မဖြေဘဲ ခပ်ကြီးကြီး ပြုံးကာ ဆိုလိုက်သည်။ " ငါ အပြင်ထွက်ပြီး ဖုန်းဖြေလိုက်ဦးမယ်။ မင်းတို့တွေ စကားပြောကြပါ "
စကားဆုံးတာနဲ့ မန်နေဂျာကျန်းဟာ ပြုံးပြရင်း အပြင်ကို တစ်ချိုးတည်း လစ်ထွက်သွားတော့သည်။ သူက သူတို့နှစ်ယောက်အတွက် အချစ်ကမ္ဘာကြီးတစ်ခု ဖန်တီးပေးဖို့ ဆုံးဖြတ်ထားတယ်လေ !!!
ဒါပေမယ့် မန်နေဂျာကျန်း မေ့လျော့နေတာက အခန်းထဲမှာရှိနေသေးတဲ့ ဖရဲသီးလေးကိုပင်။ဒါကြောင့် ဘာပဲဖြစ်ဖြစ် ပေါ်ယွီနဲ့စုန့်ရှီလင်တို့ နှစ်ယောက်တည်းပဲ အတူတူ ရှိနေဖို့ဆိုတာမဖြစ်နိုင်ချေ။
ပေါ်ယွီ စကားတစ်လုံးမှ မဆိုဘဲ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတဲ့ မန်နေဂျာကျန်းရဲ့ပုံရိပ်ကို ကြည့်နေသည်။သူ့စိတ်ထဲမှာ ခုအခြေအနေကြီးက ၀ရုန်းသုန်းကားဖြစ်နေသလို ခံစားရကာ စုန့်ရှီလင်ကို မေးလိုက်သည်။ " မင်း ဘာလုပ်ခဲ့တာလဲ ??? "
စုန့်ရှီလင် ; " ဘာမှမဟုတ်ပါဘူး။ ကောင်းကောင်းအနားယူလိုက်။ ပြီးတော့ ရသစုံရှိုးတွေကိုလည်း တချို့ဟာတွေပဲ လုပ်ရမယ် "
လွန်ခဲ့တဲ့တစ်နာရီအကြာက ....... မန်နေဂျာကျန်းဆီကနေ ပေါ်ယွီ ဖုန်းလက်ခံရရှိခဲ့သည်။ " Eliminating Tornadoes " ရသစုံရှိုးရဲ့ ဖိတ်ခေါ်ချက်အား နောက်တစ်ကြိမ် လက်ခံလိုက်ရန် သူ့ကို ဖြောင့်ဖြပြောဆိုဖို့ ကြိုးစားခဲ့သည်။ဒါပေမယ့် သူတို့တွေက အဲဒီကမ်းလှမ်းဖိတ်ကြားမှုကို လက်မခံခင်မှာ သူ နည်းနည်းဖြစ်ဖြစ် အထာကိုင်ဖို့ လိုအပ်သည်။
သို့သော်ငြားလည်း ပေါ်ယွီကတော့ နောက်ထပ်တစ်ကြိမ် အဲဒီရသစုံရှိုးမှာ ပါ၀င်ဖို့ရာ လုံး၀ ဆန္ဒမရှိပေ။
အရင်ဆုံး သူ့ရဲ့လောလောလတ်လတ် ခန္ဓာကိုယ်အခြေအနေအရ ပေါ်ယွီ အပြင်မှာ ပြေးလွှားဆော့ကစားနေလို့ မရနိုင်ပေ။ပိုအရေးကြီးတာက " Eliminating Tornadoes " ပရိုဂရမ်အဖွဲ့ဟာ ဟိုတစ်ခါတုန်းက သူ့နေရာမှာ အစားထိုးဖို့ ချီယန်ကို ရွေးချယ်ခဲ့သည်။ဒါကြောင့် ပေါ်ယွီ အဲဒီရှိုးမှာ တကယ် မပါ၀င်ချင်ပေ။
ထုတ်မပြောတာက ပြသာနာလည်းနည်းပြီး မျက်နှာပျက်ရတာထက်စာရင်လည်း ပိုကောင်းပါသေးတယ် ......
{ T / N ; ကိုယ်လည်း အဲဒီစာကြောင်း Meaning ကို မရှင်းဘူးရယ် }
ပြီးတော့ အမှန်တကယ်က entertainment လောကထဲမှာ ကူးစက်ပျံ့နှံ့နေတဲ့ ချီယန့်သတင်းတွေကြောင့်သာ " Eliminating Tornadoes " ပရိုဂရမ်အဖွဲ့က ပေါ်ယွီကို ပြန်ပြီလူစားလဲလိုက်တာဖြစ်သည်။ဒါကြောင့် တကယ်လို့များ သူက ဘာမှမဖြစ်ခဲ့သလို ခဝါချပြီး " Eliminating Tornadoes " မှာ ပါ၀င်လိုက်ပြန်ရင်လည်း entertainment လောကထဲမယ် ပေါ်ယွီက ရယ်စရာဟာသကြီးတစ်ခု ဖြစ်လာလိမ့်မည်။
အဲဒါကြောင့် ဒီတစ်ခေါက်မှာတော့ ပေါ်ယွီ အဲဒီရသစုံရှိုးကို ပါ၀င်မှာမဟုတ်ချေ။
စုန့်ရှီလင် စကားကို ခဏလောက် ရပ်တန့်လိုက်ပြီး ဆက်ပြောလာသည်။ " မင်း နေပြန်ကောင်းလာရင် သူတို့တွေက ရှန်းရှ theme နဲ့ ရှိုးတစ်ခုကို မင်းအတွက် သီးသန့် လုပ်ပေးလိမ့်မယ် "
ပေါ်ယွီ ပါ၀င်သရုပ်ဆောင်ခဲ့တဲ့ 《Three Thousand Disasters》 ဇာတ်လမ်းတွဲက ဆောင်းရာသီအားလပ်ရက်မှာ သေချာပေါက် ထုတ်လွှင့်မှာဖြစ်သည်။သူဟာ အဓိကဇာတ်ဆောင်တွေထဲက တစ်ယောက်ဖြစ်တာကြောင့် အဲဒီဇာတ်လမ်းတွဲကို ပေါ်ယွီ ပရိုမိုးရှင်းဆင်းကြော်ငြာရမှာပဲဖြစ်သည်။
" Eliminating Tornadoes " မှာက ပရိသတ်အင်အား အခိုင်အမာရှိသည်။ပြီးတော့ အဲဒီရသစုံရှိုးဟာ စတင်ထုတ်လွှင့်သည့်အချိန်ကတည်းက ကြည်ရှူသူဦးရေ အမြင့်ဆုံး စံချိန်တင်လာခဲ့သည်။ဒါကြောင့် ပေါ်ယွီသာ အဲဒီရှန်းရှ theme နဲ့ ရသစုံရှိုးမှာ ပါ၀င်လိုက်မယ်ဆိုရင် သူ့ web series ရဲ့ ကြော်ငြာမှာအားကပါ သေချာပေါက် ကြီးထွားလာပြီး အကောင်းဆုံးသော ရလဒ်တွေကို ရရှိန်ုင်မှာဖြစ်သည်။
အထူးသဖြင့် ပေါ်ယွီ ရိုက်ကူးရမယ့် အစီအစဉ် theme က ရှန်းရှနောက်ခံဖြစ်နေတာကြောင့် ပေါ်ယွီဟာ တစ်၀က်အင်အားစိုက်ထုတ်ရင် အကျိုးရလဒ်နှစ်ဆလောက် ပြန်ရရှိနိုင်သည်။
ပေါ်ယွီ့မျက်၀န်းတွေက ခက်ခဲရှုပ်ထွေးသွားသည်။စုန့်ရှီလင် ဘာလုပ်ခဲ့သလဲဆိုတာကို သူ မှန်းကြည့်လို့ရသွားပြီး ခဏလောက်ကြာတဲ့အခါ ပြောလိုက်သည်။ " မင်းကို ကျေးဇူးတင်ပါတယ် "
စုန့်ရှီလင်က သူ့လက်ကို ဆန့်တန်းကာ ပေါ်ယွီ့နဖူးပြင်လေးကို ထိတွေ့လာသည်။ " မင်းလေးကတော့ ကိုယ့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး "
ပေါ်ယွီ မင်တက်သွားရသည်။
စုန့်ရှီလင်က ကိုယ်ကို ရှေ့ကိုင်းချလာပြီး ပေါ်ယွီ့နဖူးပေါ်ကို အနမ်းလေးခြွေလိုက်သည်။စုန့်ရှီလင်ရဲ့၀င်လေထွက်လေနွေးနွေးက ပေါ်ယွီ့မျက်နှာပေါ်မှာ မှုတ်ဖျန်းနေကာ တိုးရှအက်ကွဲနေတဲ့ အသံနဲ့ ပြောလိုက်သည်။
" ညကျ ကိုယ့်ကို စောင့်နေဦးနော်။ ကိုယ် မင်းကို မေးစရာရှိတယ် "
ပြောပြီးတာနဲ့ စုန့်ရှီလင်ဟာ ပေါ်ယွီ ဘာမှပြန်မတုံ့ပြန်နိုင်သေးခင်မှာတင် တံခါးကို ဖွင့်ပြီး အပြင်ထွက်သွားတော့သည်။
ဖရဲသီးလေးရဲ့လက်ထဲက ဇွန်းလေးဟာ ကြမ်းပြင်ပေါ်ကို ချွမ်ခနဲ ပြုတ်ကျသွားပြီး နှုတ်ခမ်းလေး စူသွားသည်။အဲဒီနောက် ဖရဲသီးလေးက ကြမ်းပြင်ပေါ် ထိုင်ကာ ကျယ်လောင်စွာ အော်ငိုတော့သည်။
ဖရဲသီးလေးရဲ့ငိုသံကြောင့် ပေါ်ယွီ စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်လာပေမယ့် သူ တစ်လက်မတောင် မလှုပ်နိုင်သေးပေ။
မန်နေဂျာကျန်းက အပြင်ဘက်ကနေ အထဲကို အပြေးအလွှား၀င်လာပြီး ပြောလိုက်သည်။ " ဘာဖြစ်တာလဲ ??? မစ္စတာစုန့်က ဘာလို့ အစောကြီး ထွက်သွားရတာလဲ ??? အလိုလေးနော် ... မင်းကပါ ဘာဖြစ်လို့ ငိုနေရတာလဲကွာ ??? "
ပေါ်ယွီ ခေါင်းကိုက်စွာနဲ့ ရှေ့ကို လျှောက်လာလိုက်သည်။သူက ၀မ်းပန်းတနည်း ငိုနေတဲ့ ဖရဲသီးလေးကို သူ့လက်မောင်းတွေအောက်မှာ ပွေ့ဖက်ချီပိုးရင်း စက်၀ိုင်းသဏ္ဍာန် ပတ်ပတ်လည် လျှောက်ပေးနေသည်။အဲဒီနောက်မှာတော့ ငိုသံလေးက ရပ်တန့်သွားခဲ့သည်။
မန်နေဂျာကျန်း ; " ......... "
ပေါ်ယွီ ; " ခင်ဗျား ကျွန်တော့်ကို ပြောမယ့် ကိစ္စက ဘာလဲ ??? "
" မင်း ကုမ္ပဏီက မင်းအတွက် စီစဉ်ပေးထားတဲ့ လက်ထောက်ကို သဘောမကျဘူးလား ??? ဒီနေ့တင် သူ ငါ့ဆီ ရောက်လာပြီး သူ့ကို အလုပ်ထွက်ခွင့်ပေးဖို့ တောင်းပန်သွားတယ်။ ဘယ်လိုဖြစ်တာလဲ ??? "
ရှောင်ကျန်း ???
ပေါ်ယွီ လှောင်ပြောင်ခနဲ့လိုက်သည်။
တကယ်လို့ အဲဒီတိရိစ္ဆာန်ကောင်သာ တခြားလူဆီ ကပ်ခိုပြီး တိတ်တိတ်လေး အကူအညီမပေးခဲ့ရင် သူ့ဗိုက်ထဲက ကလေးလေးလည်း ခုလိုထွက်သွားရမှာမဟုတ်ဘူး !!!
ပြီးတော့ ချီယန်ရော မော့အန်းယွီပါ ..........
တစ်ခွန်းတည်းပြောရရင် သူ အဲဒီလူတွေကို ဒီတိုင်း လွှတ်မပေးလိုက်နိုင်ဘူး !!!
" သူက ပါပါရာဇီတွေဆီ ကျွန်တော့်အတင်းအဖျင်းတွေကို ရောင်းစားချင်နေတာ။ တကယ်လို့ သူ့ကို ကျွန်တော့်နားမှာ ဆက်ထားနေမယ်ရင် သူက ကျွန်တော့်ဘ၀ကြီးရဲ့ပြသာနာကောင်ဖြစ်နေလိမ့်မယ်။ ခင်ဗျား သူ့ကို ပြသာနာတွေအပြင်ဘက် ဝေးဝေးထုတ်ပေးချင်လား ??? " ပေါ်ယွီ မန်နေဂျာကျန်းကို ဝေ့ကြည့်လိုက်တဲ့အချိန်မှာ သူ မျှော်လင့်ထားသလိုပဲ တဟုန်းဟုန်းတောက်လောင်နေတဲ့ ဒေါသတွေကို မန်နေဂျာကျန်းရဲ့မျက်လုံးတွေထဲမှာ တွေ့လိုက်ရသည်။
entertainment လောကထဲတွင် သူတို့ရဲ့ အလုပ်စည်းမျဉ်းအရ star တွေဘေးနားက လူတွေဟာ သူတို့ရဲ့စကားလုံးတွေကို စောင့်ထိန်းရမည်ဟု တားမြစ်ထားသည်။ဒါကြောင့် ရှောင်ကျန်းအပေါ်မှာ ပေါ်ယွီက သစ္စာဖောက်တံဆိပ်ကပ်ပေးလိုက်တာဖြစ်သဖြင့် ဒီလောကထဲမှာ ရှောင်ကျန်း ဆက်လက်အလုပ်လုပ်ကိုင်လို့ မရနိုင်တော့ပေ။
ဒါ့ပြင် ပေါ်ယွီ ပြောတာကလည်း အလိမ်အညာတစ်ခု မဟုတ်ပေ။ရှောင်ကျန်းက သစ္စာဖောက်ဖြစ်ရုံသာမက သူ့ကိုပါ မော့အန်းယွီဆီ ရောင်းစားလိုက်သေးသည်။ အဲဒါတွေကြောင့် သူ ရှောင်ကျန်းကို ဘာအခွင့်အရေးမှပေးမှာမဟုတ်ဘူး !!!
မန်နေဂျာကျန်း အံတင်းတင်း ကြိတ်လိုက်မိသည်။ ' ကျန်း ' မျိုးရိုး ငတုံးကောင်က သူ့ကို လှည့်စားရဲတယ်ပေါ့ !!! What the fuck !!! သူ အဲ့စောင်တုံးကောင်ကို တခြား star တစ်ယောက်ဆီမှာ အလုပ်စီစဉ်ပေးတော့မလို့ !!!
" ငါ ကိစ္စတွေရှင်းဖို့ အရင် ပြန်နှင့်လိုက်ဦးမယ်။ မင်းကို ကြည့်ရတာ ကောင်းကောင်း နေမကောင်းသေးဘူး။ သေချာလေး နားလိုက်ဦး။ ငါ မင်းအလုပ်တွေအကုန်လုံးအတွက် အချိန်ဇယားတွေကို ပြန်ညှိထားပေးမယ်။ ပြီးတော့ မင်း ဇာတ်လမ်းရိုက်နေတုန်း မတော်တဆ ဒဏ်ရာရသွားတယ်လို့ မီဒီယာတွေကို ငါ ကြေညာလိုက်မယ် " မန်နေဂျာကျန်း လျင်မြန်စွာ ပြောလိုက်သည်။
" ငါ ဆင်ခြေဆင်လက်အကြောင်းပြချက်အကုန်ရေးပြီးသား message တစ်စောင်ကို မင်းဆီ ပို့လိုက်မယ်။ မင်းက အဲဒါကို copy လုပ်ပြီး selfie တစ်ပုံနဲ့အတူတူ တွဲတင်လိုက်။ အင်တာနက်သုံးစွဲသူတွေက မင်းကို မေ့မသွားစေနဲ့ " ပြောရင်းဆိုရင်းနဲ့ပင် မန်နေဂျာကျန်းက ပေါ်ယွီ့မျက်နှာကို သေချာကြည့်ကာ ကျစ်စုတ်လိုက်သည်။
ပေါ်ယွီက နဂိုကတည်းက အသားအရေ ဖြူဖွေးပြီး အခုတော့ ဖျော့တော့လို့နေသည်။ဒါကြောင့်ပဲ သူ့ပုံစံလေးက ချက်ချင်းလက်ငင်းပင် အလွန် စိတ်ဓါတ်ကျအားငယ်နေဟန်ရှိတဲ့ ဆွဲဆောင်မှုရှိရှိ ကောင်လေးတစ်ယောက်အသွင်နဲ့ တူသွားလေသည်။
ပေါ်ယွီ မျက်မှောင်ကြုတ်လိုက်သည်။
" ခင်ဗျားမှာ ဘာမှလုပ်စရာမရှိတော့ရင်လည်း ဒီကနေ ထွက်သွားပါ့လား။ ကျွန်တော့ကို ဒီလိုမျိုး စိတ်ပျက်စရာကောင်းတဲ့ မျက်လုံးကြီးတွေနဲ့ လာကြည့်မနေဘဲနဲ့လေ "
မန်နေဂျာကျန်းက ဟွန်းခနဲ နှာမှုတ်ကာ အဝေးကို ထွက်သွားတော့သည်။
သူ့လက်မောင်းတွေထဲက ကလေးလေးကို ပေါ်ယွီ ဆွဲထုတ်ပြီး အိပ်ရာပေါ် တင်ပေးလိုက်သည်။ " ငါ့ကို ပြော။ မင်း ဘာလို့ ငိုနေတာလဲ ??? "
ဖရဲသီးလေးက မပျော်မရွှင်ဖြစ်နေဟန်နဲ့ မေးလိုက်သည်။ " ပါးပါးက ဦးဦးစုန့်ကို သဘောကျလားဟင် ??? "
" အမ်း ... ??? " " အဲ့လိုပဲ ဆိုကြပါစို့ " ပေါ်ယွီ ၀တ်ကျေတမ်းကျေ ပြန်ဖြေလိုက်သည်။
ဖရဲသီးလေးက ပေါ်ယွီဆီ ကြည့်မလာဘဲ သူ့ခေါင်းလေးကို ငုံ့ကာ တစ်လုံးချင်း ဖိပြောလာသည်။ " ဟုတ်ကဲ့ပါ , သားလည်း ဦးဦးစုန့်ကို သဘောကျပါတယ် "
ပေါ်ယွီ မင်တက်သွားပြီး ဖရဲသီးလေးကို သေချာ ထပ်မေးကြည့်လိုက်ပေမယ့် ကလေးလေးက အဲဒီအကြောင်းကို ထပ်ပြောချင်စိတ်မရှိသဖြင့် ပေါ်ယွီ လက်လျော့လိုက်ရသည်။
ဒါပေမယ့် မျှော်လင့်မထားစွာနဲ့ပဲ ကလေးငယ်ငယ်က အရမ်းစိတ်ရှုပ်ထွေးနေဟန်ရသည်။ သူ သုံးနေကျ နည်းလမ်းကို ပြောင်းလဲပစ်ဖို့ လိုအပ်နေတာများလား ??? { T / N ; အဲဒီစာကြောင်းကို ကိုယ်လည်း သေချာနားမလည်ဘူးရော် ... }
ပေါ်ယွီ တိတ်ဆိတ်နေမိသည်။
ဟန်ကျစ်ယွီ တံခါးကို ဖွင့်ကာ အထဲ၀င်လာပြီး သူ့လက်ထဲက စက်ရုပ်လေးနဲ့အတူ ဖရဲသီးလေးကို ပျော်ရွှင်အောင် နှစ်သိမ့်ပေးလိုက်သည်။ " ကလေးလေး , မင်း ဦးလေး ဘယ်သူလဲဆိုတာ မှတ်မိလား ??? "
" လွန်ခဲ့တဲ့တစ်လကမှ မွေးတဲ့ ကလေးလေးက ဘာမှတ်မိမှာတုန်း " ပေါ်ယွီ အေးစက်စွာ ဆိုလိုက်သည်။
ဟန်ကျစ်ယွီရဲ့အပြုံးကြီးက ရုတ်တရက်ဆိုသလို တောင့်တင်းသွားသည်။သူက ပေါ်ယွီ စိတ်အခြေအနေကောင်းမနေနိုင်တာကို တွေးမိတာကြောင့် ခုကိစ္စကို စိတ်ထဲ ထည့်မနေပေ။
ပေါ်ယွီ ပြောလိုက်သည်။ " ရှောင်ပိုင်ရော ဘာလို့ ဒီကိုမလာတာလဲ ??? "
ရှောင်ပိုင်ဆိုတာက ဟန်ကျစ်ယွီရဲ့လိင်တူချစ်သူဖြစ်ပြီး ပင်ကိုယ်စရိုက် နူးညံ့သိမ်မွေ့ကာ မဂ္ဂဇင်းတစ်ခုရဲ့ ခေါင်းဆောင်အယ်ဒီတာဖြစ်သည်။
" သူ အချိန်ပိုဆင်းနေရလို့ ဒီကိုလာဖို့ အချိန်မရှိဘူးဖြစ်နေတယ် " ဟန်ကျစ်ယွီက ကလေးချစ်တတ်တာကြောင့် သူက စက်ရုပ်လေးတစ်ရုပ်ကို အသုံးပြုကာ ဖရဲသီးလေးကို ချက်ချင်း ဆွဲဆောင်လိုက်နိုင်ပြီး ဖရဲသီးလေးနဲ့အတူတူ လေပေါနေကြသည်။သိပ်မကြာင်ခင်မှာပဲ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားကြတော့သည်။
" ပြီးတော့ ဒီဟာက သူ မင်းအတွက် လုပ်ပေးလိုက်တဲ့ စွပ်ပြုတ် " ဟန်ကျစ်ယွီက အနွေးဓါတ်ဘူးတစ်လုံးကို မျက်လှည့်ဆန်ဆန် ထုတ်ယူပြလိုက်ပြီး ပေါ်ယွီဆီ ကမ်းပေးလိုက်သည်။
ပေါ်ယွီ ဓါတ်ဘူးကို တစ်ချက်ကြည့်ကာ သူ့ရဲ့အူတူတူသားလေးကို သူ့နား ဆွဲခေါ်လိုက်သည်။အဲဒီနောက် သားအဖနှစ်ယောက်လုံးဟာ စွပ်ပြုတ်ရည်ကို တစ်ယောက်တစ်လှည့်စီ စတင်သောက်ကြတော့သည်။
သူ့ရှေ့က သားအဖနှစ်ဦးရဲ့အေးချမ်းကာ သဟဇာတဖြစ်တဲ့ မြင်ကွင်းလေးကို ကြည့်ပြီး ဟန်ကျစ်ယွီမှာ ရုတ်တရက် ဗိုက်ဆာလာသလို ခံစားလိုက်ရသည်။
.
.
.
.
.
.
Hello , ကိုယ့်အိမ်က wifi ကို လောလောဆယ်တော့ ဆက်သက်တမ်းမတိုးသေးပါဘူး
ခု ကိုယ်က သနားစရာ data သမားလေး ဖြစ်သွားပါပြီ။ ဇာတ်လမ်းတွေလည်း မကြည့်ရတော့ဘူး ဟင့် ... 😭 အဲဒါကြောင့် ကိုယ် bill မရှိလို့များ update လေးတွေ နောက်ကျနေရင် စိတ်မရှိကြပါနဲ့လို့ ...
VOTE PLEASE !!!!!!
Zawgyi
ေပၚယြီ အခ်ိန္အၾကာႀကီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားခဲ့သည္။
စုန္႔႐ွီလင္ တံခါးဖြင့္ၿပီး အထဲ၀င္လာတဲ့အခ်ိန္တြင္ အူတူတူ မ်က္ႏွာအမူအရာေလးနဲ႔ ဖရဲသီးေလးက ေပၚယြီရဲ႕ရင္ဘတ္ေပၚမွာ မ်က္လုံးေလးေတြ ဖြင့္လ်က္သား လွဲေလ်ာင္းေနတာကို ေတြ႕လိုက္ရသည္။သူ အကူအညီမဲ့စြာနဲ႔ မ်က္ေမွာင္ၾကဳတ္လိုက္မိကာ ကေလးကို ဖယ္ဖို႔အတြက္ ေ႐ွ႕တိုးသြားလိုက္သည္။
ေနမေကာင္းျဖစ္ေနတဲ့အခ်ိန္မွာ ကေလးကို သူ႕ရင္ဘတ္ေပၚ တက္အိပ္ဖို႔ ဘယ္လိုမ်ား ခြင့္ျပဳထားႏိုင္ရတာလဲကြာ ???
ဒါေပမယ့္ စုန္႔႐ွီလင္ သူ ဖရဲသီးေလးကို ေပြ႕ခ်ီလိုက္ခ်င္းမွာတင္ ေပၚယြီ အိပ္ရာႏိုးလာခဲ့သည္။အခန္းထဲတြင္ စုန္႔႐ွီလင္ကို ျမင္လိုက္ရတဲ့အခါ ေကာင္းေကာင္းမြန္မြန္ ပဋိသႏၶာရစကားဆိုဖို႔ ေပၚယြီ အရမ္းကို ႏြမ္းနယ္ႏုံးခ်ည့္ေနတာေၾကာင့္ ရင္းႏွီးေဖာ္ေ႐ြစြာသာ ျပဳံးျပလိုက္သည္။
စုန္႔႐ွီလင္က ေပၚယြီ သူ႕ကို စကားမဆိုဘဲ ျပဳံး႐ုံျပဳံးျပလိုက္တာအား စိတ္ထဲ ဘယ္လိုမွမေအာက္ေမ့ဘဲ ဆိုဖာေပၚ ထိုင္ကာ ေျပာလိုက္သည္။ " မင္း ဘယ္လိုေနေသးလဲ ??? "
ေစာင္ေအာက္က ေပၚယြီ႕လက္ေတြဟာ သူ႕ဗိုက္ေလးေပၚကို ျဖည္းညင္းစြာ အုပ္ကိုင္လိုက္ၿပီး သူ႕ရဲ႕တည္ၿငိမ္ေအးေဆးဟန္ကိုေတာ့ ထိန္းသိမ္းထားသည္။ " အမ်ားႀကီး ပိုေကာင္းလာပါၿပီ "
" မင္း ဘာေရာဂါလဲ ??? " စုန္႔႐ွီလင္ ဆက္ေမးလိုက္သည္။
ေပၚယြီက သူ႕ႏႈတ္ခမ္းေတြကို တြန္႔ေကြးေစလိုက္ၿပီး အခ်ိန္အေတာ္ၾကာမွ ျပန္ေျဖလာသည္။ " အဖ်ားေရာဂါေဟာင္းပါ။ ဒါနဲ႔ ကိစၥေတြအကုန္လုံး ေျဖ႐ွင္းၿပီးသြားၿပီလား ??? "
အဖ်ားေရာဂါေဟာင္း ??? ဘယ္လိုအဖ်ားေရာဂါမ်ိဳးမို႔လို႔ သူ႕ကို ၾကမ္းျပင္တစ္ခုလုံး နီရဲသြားေအာင္ ေသြးေတြ ထြက္ေစရတာလဲ !!!
စုန္႔႐ွီလင္ သံသယျဖစ္စြာ ၾကည့္လိုက္ေပမယ့္ ေပၚယြီ႕ေနာက္လိုက္ကာ တျခားအေၾကာင္းအရာဘက္ကို ေျပာင္းလဲေျပာဆိုလိုက္သည္။ " အင္း ၊ အားလုံး ေျဖ႐ွင္းၿပီးသြားၿပီ "
ဖရဲသီးေလးက စုန္႔႐ွီလင္ရဲ႕နက္ကတိုင္စကို လွမ္းဆြဲလိုက္ၿပီး ေ႐ွ႕ကို ကိုင္းလာကာ တတြတ္တြတ္ ဆိုလိုက္သည္။ " ဦးဦးစုန္႔ ၊ ပါးပါး ဗိုက္ဆာေနလိမ့္မယ္။ သားတို႔ေတြ ပါးပါးအတြက္ ဆန္ျပဳတ္သြား၀ယ္ၾကမလားဟင္ ??? "
ဆန္ျပဳတ္ ???
စုန္႔႐ွီလင္ ေခါင္းၿငိမ့္သေဘာတူလိုက္သည္။ " အစာစားရေအာင္ တစ္ခုခု၀ယ္ဖို႔ ကိုယ္ သူ႕ကို အျပင္ေခၚသြားလိုက္မယ္ "
ေပၚယြီ အသက္႐ွဴေပါက္ရစြာ သက္ျပင္းခ်လိုက္ၿပီး စိတ္အားထက္သန္စြာ ေခါင္းၿငိမ့္ျပလိုက္သည္။ " အင္း , မင္းတို႔ေတြ သြားလို႔ရတယ္ "
တည္ၿငိမ္ေလးနက္တဲ့ အမ်ိဳးသားက ခ်စ္စရာ ေဖာင္းေဖာင္းကစ္ကစ္ ကေလးေလးကို ခ်ီရင္း အျပင္ထြက္လာခဲ့သည္။သူတို႔ႏွစ္ေယာက္ၾကား႐ွိ လုံးလုံး ဆန္႔က်င္ဘက္ျဖစ္ေနေပမယ့္ ထူးျခားစြာ လိုက္ဖက္ညီၿပီး သဟဇာတျဖစ္ေနတဲ့ ခံစားမႈမ်ိဳးေၾကာင့္ စုန္႔႐ွီလင္ဟာ တစ္လမ္းလုံးက လူေတြရဲ႕ အၾကည့္ေပါင္းေျမာက္မ်ားစြာကို ဖမ္းစားထားေလသည္။
အသားဆန္ျပဳတ္နဲ႔ ဆားစိမ္အသီးအ႐ြက္သနပ္ေတြကို ၀ယ္ယူၿပီးေနာက္ စုန္႔႐ွီလင္က လူနာေဆာင္ဆီ တန္းမျပန္ဘဲ ေဆး႐ုံအုပ္႐ုံးခန္းဆီသြားကာ တံခါးေခါက္လိုက္သည္။
ဟန္က်စ္ယြီ သူ႕မ်က္မွန္ကို ဆြဲခြၽတ္လိုက္ၿပီး တံခါး၀မွာ ရပ္ေနတဲ့ စုန္႔႐ွီလင္ကို ၾကည့္ကာ သက္ျပင္းခ်လိုက္သည္။ " မင္း ငါ့ဆီ ေရာက္လာမယ္ဆိုတာကို သိေပမယ့္ ဒီေလာက္အေစာႀကီး ေရာက္လာလိမ့္မယ္လို႔ေတာ့ ငါ မထင္မိဘူး "
စုန္႔႐ွီလင္ ႏႈတ္ခမ္းကို မဲ့ကာ " ငါ့ကို ေဆးမွတ္တမ္းေပး "
ဒါဟာ သူ႕ရဲ႕သူငယ္ခ်င္းေဟာင္းႀကီး စုန္႔႐ွီလင္က ေလးေလးနက္နက္နဲ႔ ေတာင္းဆိုေနတာကို ဟန္က်စ္ယြီ ျငင္းဆန္လိုက္တာ ပထမဆုံးအႀကိမ္ျဖစ္သည္။ " ဆရာ၀န္တစ္ေယာက္အေနနဲ႔ ငါ့ရဲ႕စည္းမ်ဥ္းေတြအရ ငါ မင္းကို သူ႕ရဲ႕ေဆးမွတ္တမ္းေပးလို႔ မရဘူး။ တကယ္လို႔ မင္းက လူနာရဲ႕ခႏၶာကိုယ္အေျခအေနကို သိခ်င္တာဆိုရင္ေတာ့ မင္းကိုယ္တိုင္ပဲ သူ႕ကို ေမးၾကည့္လိုက္ပါ "
စုန္႔႐ွီလင္က ခက္ထန္တင္းမာေနတဲ့ ေလသံနဲ႔အတူ ေနာက္တစ္ႀကိမ္ ထပ္ေျပာလိုက္သည္။ " ေဆးမွတ္တမ္း "
ဟန္က်စ္ယြီ ျပန္ေျပာလိုက္သည္။ " ေလာင္စုန္႔ရား ၊ ဒီတစ္ခါက ငါ မင္းကို မကူညီခ်င္လို႔ မဟုတ္ရပါဘူးကြာ။ ဒါက လူနာရဲ႕ဆႏၵေလ။ အဲဒါေၾကာင့္ ငါ မင္းကို ေျပာမျပႏိုင္တာပါ "
စုန္႔႐ွီလင္ ေအးစက္စြာ ဆိုလိုက္သည္။ " သူ ေနမေကာင္းတာ ျပင္းထန္လား ??? "
အဲဒီေမးခြန္းကို ၾကားတဲ့အခါ ဟန္က်စ္ယြီ ကတိုက္က႐ိုက္ ေျဖလိုက္သည္။ " ေသခ်ာေပါက္ မျပင္းထန္ဘူးေပါ့။ မင္းကို ငါ ငါ့ရဲ႕ကိုယ္က်င့္တရားကို တိုင္တည္ၿပီး ကတိေပးတယ္ !!! ဒါေပမယ့္ ခုခ်ိန္အတြင္းေတာ့ သူ ပင္ပန္းလို႔မရဘူး။ သူ မ်ားမ်ားအနားယူၿပီး အတူတူေနတာမ်ိဳးကို ေလ်ာ့လုပ္သင့္တယ္ "
ဟန္က်စ္ယြီနဲ႔ စုန္႔႐ွီလင္တို႔က ႏွစ္ေပါင္းမ်ားစြာ သူငယ္ခ်င္းအရင္းႀကီးေတြ ျဖစ္ခဲ့ၾကသည္။ *ဒါေၾကာင့္ ဒီဥစၥာက ဒီလိုေအးစက္တင္းမာၿပီး ရက္စက္ခက္ထန္တဲ့ ဒီအမ်ိဳးသား လုပ္ေပးႏိုင္တဲ့ အႀကီးမားဆုံး လိုက္ေလ်ာမႈဆိုတာကို ဟန္က်စ္ယြီ ေကာင္းေကာင္း သိသည္။သူက ေပၚယြီရဲ႕လ်ိဳ႕ဝွက္ခ်က္ကို စုန္႔႐ွီလင္ဆီ ေျပာမျပႏိုင္ဘူးဆိုေပမယ့္ ေပၚယြီနဲ႔ပတ္သတ္လို႔ ဘာေတြဂ႐ုစိုက္ဖို႔ လိုအပ္သလဲဆိုတာေတြကိုေတာ့ အႂကြင္းမဲ့ ေျပာျပေပးႏိုင္သည္။
{ T / N ; * အဲဒီစာေၾကာင္းက ေပၚယြီ႕ေဆးမွတ္တမ္းအေၾကာင္း စုန္႔႐ွီလင္ ထပ္မေမးေတာ့တာကိုဆိုလိုတာပါ }
စုန္႔႐ွီလင္ ေအာက္ကို ငုံ႔ၾကည့္လိုက္ၿပီး သူ႕လက္ေမာင္းေတြထဲက ဖရဲသီးေလးနဲ႔အတူ လွည့္ထြက္သြားလိုက္သည္။
ဟန္က်စ္ယြီ စိတ္သက္သာရာရစြာ သက္ျပင္းေလးေလး ခ်လိုက္မိသည္။
အျပန္လမ္းတြင္ ဖရဲသီးေလးက စုန္႔႐ွီလင္ရဲ႕လည္တိုင္ကို ခပ္တင္းတင္း ဖက္တြယ္ထားရင္း တုံ႔ဆိုင္းစြာ ဆိုလိုက္သည္။ " ဦးဦးစုန္႔ ပါးပါးကေလ အမ်ားႀကီး ၀မ္းနည္းေနတယိထင္တယ္ "
စုန္႔႐ွီလင္က ခ်က္ခ်င္းပင္ ကေလးေလးကို တင္းတင္းၾကပ္ၾကပ္ ျပန္လည္ေပြ႕ဖက္ကာ ဆက္ေျပာလိုက္သည္။ " သူ ၀မ္းနည္းေနတယ္လို႔ မင္း ဘာလို႔ ေတြးရတာလဲ ??? "
" သား မသိဘူး " ဖရဲသီးေလး စိတ္ဓါတ္က်ေနသည္။ " ပါးပါးက သားကို စိတ္ဆိုးေနတာလားဟင္ ??? "
စုန္႔႐ွီလင္ ; " စိတ္မဆိုးပါဘူး "
အဲဒီေနာက္တြင္ သူ႕ဖုန္းတစ္လုံးနဲ႔အတူ လူနာေဆာင္ေ႐ွ႕မွာ မတ္တပ္ရပ္ကာ ေဒါသတႀကီး ေအာ္ဟစ္ဆူပူေနတဲ့ မန္ေနဂ်ာက်န္းကို သူတို႔ ေတြ႕လိုက္ရသည္။ " အရင္တုန္းက မင္းရဲ႕တီဗြီ႐ိႈးအတြက္ ငါတို႔ေပၚယြီက အခ်ိန္ဇယားကိုေတာင္ သီးသန္႔ဖယ္ေပးခဲ့တာကြ !!! ဒါေပမယ့္ မင္းတို႔ဘက္ကေရာ !!! မင္းတို႔ေတြက သ႐ုပ္ေဆာင္ေတြကို ေပါေပါပဲပဲ ေျပာင္းပစ္လိုက္တယ္ေလ !!! မင္း ငါ့တို႔ေပၚယြီကို ဘာမ်ားေအာက္ေမ့ေနလဲ ??? သူက မင္းတို႔ ေခၚရင္ ေရာက္လာရၿပီး မင္းတို႔ မလိုရင္ ခ်န္ထားပစ္ခဲ့လိုက္လို႔ရလား ??? မင္း ဆုသာေတာင္းေနလိုက္ေတာ့ !!! "
" မျဖစ္ႏိုင္တာ !!! မင္းတို႔က ေနာက္ဆက္တြဲ အစီအစဥ္႐ိုက္ကူးဖို႔အတြက္ ထပ္ေတာင္းဆိုပါတယ္ေပါ့။ ငါတို႔ဘက္က လုံး၀ သေဘာမတူႏိုင္ဘူး "
ဖရဲသီးေလးက စုန္႔႐ွီလင္ကို မေရမရာျဖစ္ေနဟန္နဲ႔ ၾကည့္လိုက္သည္။ " ဦးဦးစုန္႔ ??? "
စုန္႔႐ွီလင္ဟာ မ်က္ႏွာထား တင္းမာခက္ထန္ေနၿပီး ကေလးေလးကို ေအာက္ၾကမ္းျပင္ေပၚ ခ်ေပးကာ လူနာခန္းတံခါးဆီ လုံးလုံးလုံးလုံး ေလွ်ာက္သြားေနတဲ့ ဖရဲသီးေလးကို ေသခ်ာ ေစာင့္ၾကည့္ေပးေနသည္။အဲဒီေနာက္ သူက ေနာက္ကို ျပန္လွည့္ကာ မန္ေနဂ်ာက်န္းရဲ႕ဟန္းဖုန္းကို ဆြဲယူလိုက္သည္။
မန္ေနဂ်ာက်န္း အံ့ၾသသြားသည္။ဒါေပမယ့္ သူ႕ဖုန္းကို လုယူလိုက္တာက စုန္႔႐ွီလင္ျဖစ္ေနတာကို ျမင္တဲ့အခ်ိန္မွာ သူ ဆဲေရးေတာ့မယ့္ စကားလုံးေတြအားလုံးကို မ်ိဳခ်ထားလိုက္ရသည္။
စုန္႔႐ွီလင္က ဘာလို႔ ဒီမွာ႐ွိေနတာလဲဟ ???
_____________
ေပၚယြီ သန္႔စင္ခန္းထဲကေန ထြက္လာသည့္အခ်ိန္တြင္ သူ႕ဆီ တစ္ေယာက္တည္း ေျပးလာေနတဲ့ ဖရဲသီးေလးကို ေတြ႕လိုက္ရသည္။သူ႕ႏွလုံးသားထဲမွာ တစ္ခုခု ဆုံး႐ႈံးသြားသလို ခံစားရရင္း သူ ေမးလိုက္သည္။ " မင္း ဘာျဖစ္လို႔ ဒီကို တစ္ေယာက္တည္း ျပန္လာတာလဲ ??? "
ဖရဲသီးေလးက ႐ႊင္ျမဴးစြာနဲ႔ ေပၚယြီ႕ေပါင္တံေတြကို ဖက္တြယ္ကာ သူ႕မ်က္ႏွာေလးနဲ႔ တိုးေဝွ႔ပြတ္သပ္လိုက္ၿပီး ခဏအၾကာမွာ ျပန္ေျဖလာခဲ့သည္။ " ဦးဦးစုန္႔က အျပင္ဘက္မွာ "
" အြန္း ... " သူ႕ႏွလုံးသားအတြင္းထဲမွာ ျဖစ္တည္လာတဲ့ ေပ်ာ္႐ႊင္မႈေတြကို မသိခ်င္ေယာင္ေဆာင္ရင္း ေပၚယြီ ေျပာလိုက္သည္။ဒါေပမယ့္ သူ ဘာမွထပ္မေမးရေသးခင္မွာတင္ စုန္႔႐ွီလင္နဲ႔မန္ေနဂ်ာက်န္းတို႔ ေ႐ွ႕ဆင့္ေနာက္ဆင့္ အထဲ၀င္လာၾကတာကို ေတြ႕လိုက္သည္။
မန္ေနဂ်ာက်န္းရဲ႕မ်က္ႏွာက အရမ္း ၀မ္းသာအားရျဖစ္ေနေပမယ့္ သူက စုန္႔႐ွီလင္ရဲ႕တည္႐ွိမႈကိုေတာ့ အလြန္အမင္း သတိထားေနဟန္ေပၚသည္။သူ ခပ္ေတာင့္ေတာင့္ ထိုင္ခ်လိုက္ၿပီး ေပၚယြီကို ၾကင္နာႏူးညံ့စြာ ၾကည့္လာသည္။
ေပၚယြီ သူ႕စိတ္ထဲမွာ မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါၿပီး သူ႕လာ ဖားေနတဲ့ မန္ေနဂ်ာက်န္းကို လ်စ္လ်ဴ႐ွဴထားလိုက္သည္။စုန္႔႐ွီလင္နဲ႔သူၾကားက ဆက္ဆံေရးကို သိသြားၿပီးတဲ့ေနာက္ မန္ေနဂ်ာက်န္းက ထင္ထားတဲ့အတိုင္းပင္ သူ႕အေပၚကို မဟားတရားေတြ စြတ္ေကာင္းျပေနေတာ့တာျဖစ္သည္။
စုန္႔႐ွီလင္က ဆန္ျပဳတ္ပူပူေလးနဲ႔ ဆားရည္စိမ္အသီးအ႐ြက္သနပ္တခ်ိဳ႕ကို စားပြဲေပၚတင္ကာ ေျပာလိုက္သည္။ " မင္း ေဆး႐ုံကေန ဘယ္အခ်ိန္ဆင္းမွာလဲ ??? "
မန္ေနဂ်ာက်န္းက ၾကားျဖတ္၀င္ေျပာလိုက္သည္။ " မစၥတာစုန္႔က ငါတို႔ကို အႀကီးႀကီး ကူညီေပးခဲ့တာေနာ္။ မင္း သူ႕ကို ေက်းဇူးတင္သင့္တယ္ , ေပၚယြီေရ "
" ဘာအကူအညီလဲ ??? " ေပၚယြီ အံ့အားသင့္သြားသည္။
မန္ေနဂ်ာက်န္းက ေပၚယြီ ေမးတာကို ျပန္မေျဖဘဲ ခပ္ႀကီးႀကီး ျပဳံးကာ ဆိုလိုက္သည္။ " ငါ အျပင္ထြက္ၿပီး ဖုန္းေျဖလိုက္ဦးမယ္။ မင္းတို႔ေတြ စကားေျပာၾကပါ "
စကားဆုံးတာနဲ႔ မန္ေနဂ်ာက်န္းဟာ ျပဳံးျပရင္း အျပင္ကို တစ္ခ်ိဳးတည္း လစ္ထြက္သြားေတာ့သည္။ သူက သူတို႔ႏွစ္ေယာက္အတြက္ အခ်စ္ကမ႓ာႀကီးတစ္ခု ဖန္တီးေပးဖို႔ ဆုံးျဖတ္ထားတယ္ေလ !!!
ဒါေပမယ့္ မန္ေနဂ်ာက်န္း ေမ့ေလ်ာ့ေနတာက အခန္းထဲမွာ႐ွိေနေသးတဲ့ ဖရဲသီးေလးကိုပင္။ဒါေၾကာင့္ ဘာပဲျဖစ္ျဖစ္ ေပၚယြီနဲ႔စုန္႔႐ွီလင္တို႔ ႏွစ္ေယာက္တည္းပဲ အတူတူ ႐ွိေနဖို႔ဆိုတာမျဖစ္ႏိုင္ေခ်။
ေပၚယြီ စကားတစ္လုံးမွ မဆိုဘဲ တျဖည္းျဖည္း ေမွးမွိန္ေပ်ာက္ကြယ္သြားတဲ့ မန္ေနဂ်ာက်န္းရဲ႕ပုံရိပ္ကို ၾကည့္ေနသည္။သူ႕စိတ္ထဲမွာ ခုအေျခအေနႀကီးက ၀႐ုန္းသုန္းကားျဖစ္ေနသလို ခံစားရကာ စုန္႔႐ွီလင္ကို ေမးလိုက္သည္။ " မင္း ဘာလုပ္ခဲ့တာလဲ ??? "
စုန္႔႐ွီလင္ ; " ဘာမွမဟုတ္ပါဘူး။ ေကာင္းေကာင္းအနားယူလိုက္။ ၿပီးေတာ့ ရသစုံ႐ိႈးေတြကိုလည္း တခ်ိဳ႕ဟာေတြပဲ လုပ္ရမယ္ "
လြန္ခဲ့တဲ့တစ္နာရီအၾကာက ....... မန္ေနဂ်ာက်န္းဆီကေန ေပၚယြီ ဖုန္းလက္ခံရ႐ွိခဲ့သည္။ " Eliminating Tornadoes " ရသစုံ႐ိႈးရဲ႕ ဖိတ္ေခၚခ်က္အား ေနာက္တစ္ႀကိမ္ လက္ခံလိုက္ရန္ သူ႕ကို ေျဖာင့္ျဖေျပာဆိုဖို႔ ႀကိဳးစားခဲ့သည္။ဒါေပမယ့္ သူတို႔ေတြက အဲဒီကမ္းလွမ္းဖိတ္ၾကားမႈကို လက္မခံခင္မွာ သူ နည္းနည္းျဖစ္ျဖစ္ အထာကိုင္ဖို႔ လိုအပ္သည္။
သို႔ေသာ္ျငားလည္း ေပၚယြီကေတာ့ ေနာက္ထပ္တစ္ႀကိမ္ အဲဒီရသစုံ႐ိႈးမွာ ပါ၀င္ဖို႔ရာ လုံး၀ ဆႏၵမ႐ွိေပ။
အရင္ဆုံး သူ႕ရဲ႕ေလာေလာလတ္လတ္ ခႏၶာကိုယ္အေျခအေနအရ ေပၚယြီ အျပင္မွာ ေျပးလႊားေဆာ့ကစားေနလို႔ မရႏိုင္ေပ။ပိုအေရးႀကီးတာက " Eliminating Tornadoes " ပ႐ိုဂရမ္အဖြဲ႕ဟာ ဟိုတစ္ခါတုန္းက သူ႕ေနရာမွာ အစားထိုးဖို႔ ခ်ီယန္ကို ေ႐ြးခ်ယ္ခဲ့သည္။ဒါေၾကာင့္ ေပၚယြီ အဲဒီ႐ိႈးမွာ တကယ္ မပါ၀င္ခ်င္ေပ။
ထုတ္မေျပာတာက ျပသာနာလည္းနည္းၿပီး မ်က္ႏွာပ်က္ရတာထက္စာရင္လည္း ပိုေကာင္းပါေသးတယ္ ......
{ T / N ; ကိုယ္လည္း အဲဒီစာေၾကာင္း Meaning ကို မ႐ွင္းဘူးရယ္ }
ၿပီးေတာ့ အမွန္တကယ္က entertainment ေလာကထဲမွာ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ခ်ီယန္႔သတင္းေတြေၾကာင့္သာ " Eliminating Tornadoes " ပ႐ိုဂရမ္အဖြဲ႕က ေပၚယြီကို ျပန္ၿပီလူစားလဲလိုက္တာျဖစ္သည္။ဒါေၾကာင့္ တကယ္လို႔မ်ား သူက ဘာမွမျဖစ္ခဲ့သလို ခဝါခ်ၿပီး " Eliminating Tornadoes " မွာ ပါ၀င္လိုက္ျပန္ရင္လည္း entertainment ေလာကထဲမယ္ ေပၚယြီက ရယ္စရာဟာသႀကီးတစ္ခု ျဖစ္လာလိမ့္မည္။
အဲဒါေၾကာင့္ ဒီတစ္ေခါက္မွာေတာ့ ေပၚယြီ အဲဒီရသစုံ႐ိႈးကို ပါ၀င္မွာမဟုတ္ေခ်။
စုန္႔႐ွီလင္ စကားကို ခဏေလာက္ ရပ္တန္႔လိုက္ၿပီး ဆက္ေျပာလာသည္။ " မင္း ေနျပန္ေကာင္းလာရင္ သူတို႔ေတြက ႐ွန္း႐ွ theme နဲ႔ ႐ိႈးတစ္ခုကို မင္းအတြက္ သီးသန္႔ လုပ္ေပးလိမ့္မယ္ "
ေပၚယြီ ပါ၀င္သ႐ုပ္ေဆာင္ခဲ့တဲ့ 《Three Thousand Disasters》 ဇာတ္လမ္းတြဲက ေဆာင္းရာသီအားလပ္ရက္မွာ ေသခ်ာေပါက္ ထုတ္လႊင့္မွာျဖစ္သည္။သူဟာ အဓိကဇာတ္ေဆာင္ေတြထဲက တစ္ေယာက္ျဖစ္တာေၾကာင့္ အဲဒီဇာတ္လမ္းတြဲကို ေပၚယြီ ပ႐ိုမိုး႐ွင္းဆင္းေၾကာ္ျငာရမွာပဲျဖစ္သည္။
" Eliminating Tornadoes " မွာက ပရိသတ္အင္အား အခိုင္အမာ႐ွိသည္။ၿပီးေတာ့ အဲဒီရသစုံ႐ိႈးဟာ စတင္ထုတ္လႊင့္သည့္အခ်ိန္ကတည္းက ၾကည္႐ွဴသူဦးေရ အျမင့္ဆုံး စံခ်ိန္တင္လာခဲ့သည္။ဒါေၾကာင့္ ေပၚယြီသာ အဲဒီ႐ွန္း႐ွ theme နဲ႔ ရသစုံ႐ိႈးမွာ ပါ၀င္လိုက္မယ္ဆိုရင္ သူ႕ web series ရဲ႕ ေၾကာ္ျငာမွာအားကပါ ေသခ်ာေပါက္ ႀကီးထြားလာၿပီး အေကာင္းဆုံးေသာ ရလဒ္ေတြကို ရ႐ွိႏ္ုင္မွာျဖစ္သည္။
အထူးသျဖင့္ ေပၚယြီ ႐ိုက္ကူးရမယ့္ အစီအစဥ္ theme က ႐ွန္း႐ွေနာက္ခံျဖစ္ေနတာေၾကာင့္ ေပၚယြီဟာ တစ္၀က္အင္အားစိုက္ထုတ္ရင္ အက်ိဳးရလဒ္ႏွစ္ဆေလာက္ ျပန္ရ႐ွိႏိုင္သည္။
ေပၚယြီ႕မ်က္၀န္းေတြက ခက္ခဲ႐ႈပ္ေထြးသြားသည္။စုန္႔႐ွီလင္ ဘာလုပ္ခဲ့သလဲဆိုတာကို သူ မွန္းၾကည့္လို႔ရသြားၿပီး ခဏေလာက္ၾကာတဲ့အခါ ေျပာလိုက္သည္။ " မင္းကို ေက်းဇူးတင္ပါတယ္ "
စုန္႔႐ွီလင္က သူ႕လက္ကို ဆန္႔တန္းကာ ေပၚယြီ႕နဖူးျပင္ေလးကို ထိေတြ႕လာသည္။ " မင္းေလးကေတာ့ ကိုယ့္ကို ေက်းဇူးတင္ဖို႔ မလိုပါဘူး "
ေပၚယြီ မင္တက္သြားရသည္။
စုန္႔႐ွီလင္က ကိုယ္ကို ေ႐ွ႕ကိုင္းခ်လာၿပီး ေပၚယြီ႕နဖူးေပၚကို အနမ္းေလးေႁခြလိုက္သည္။စုန္႔႐ွီလင္ရဲ႕၀င္ေလထြက္ေလေႏြးေႏြးက ေပၚယြီ႕မ်က္ႏွာေပၚမွာ မႈတ္ဖ်န္းေနကာ တိုး႐ွအက္ကြဲေနတဲ့ အသံနဲ႔ ေျပာလိုက္သည္။
" ညက် ကိုယ့္ကို ေစာင့္ေနဦးေနာ္။ ကိုယ္ မင္းကို ေမးစရာ႐ွိတယ္ "
ေျပာၿပီးတာနဲ႔ စုန္႔႐ွီလင္ဟာ ေပၚယြီ ဘာမွျပန္မတုံ႔ျပန္ႏိုင္ေသးခင္မွာတင္ တံခါးကို ဖြင့္ၿပီး အျပင္ထြက္သြားေတာ့သည္။
ဖရဲသီးေလးရဲ႕လက္ထဲက ဇြန္းေလးဟာ ၾကမ္းျပင္ေပၚကို ခြၽမ္ခနဲ ျပဳတ္က်သြားၿပီး ႏႈတ္ခမ္းေလး စူသြားသည္။အဲဒီေနာက္ ဖရဲသီးေလးက ၾကမ္းျပင္ေပၚ ထိုင္ကာ က်ယ္ေလာင္စြာ ေအာ္ငိုေတာ့သည္။
ဖရဲသီးေလးရဲ႕ငိုသံေၾကာင့္ ေပၚယြီ စိတ္နဲ႔ကိုယ္နဲ႔ ျပန္ကပ္လာေပမယ့္ သူ တစ္လက္မေတာင္ မလႈပ္ႏိုင္ေသးေပ။
မန္ေနဂ်ာက်န္းက အျပင္ဘက္ကေန အထဲကို အေျပးအလႊား၀င္လာၿပီး ေျပာလိုက္သည္။ " ဘာျဖစ္တာလဲ ??? မစၥတာစုန္႔က ဘာလို႔ အေစာႀကီး ထြက္သြားရတာလဲ ??? အလိုေလးေနာ္ ... မင္းကပါ ဘာျဖစ္လို႔ ငိုေနရတာလဲကြာ ??? "
ေပၚယြီ ေခါင္းကိုက္စြာနဲ႔ ေ႐ွ႕ကို ေလွ်ာက္လာလိုက္သည္။သူက ၀မ္းပန္းတနည္း ငိုေနတဲ့ ဖရဲသီးေလးကို သူ႕လက္ေမာင္းေတြေအာက္မွာ ေပြ႕ဖက္ခ်ီပိုးရင္း စက္ဝိုင္းသ႑ာန္ ပတ္ပတ္လည္ ေလွ်ာက္ေပးေနသည္။အဲဒီေနာက္မွာေတာ့ ငိုသံေလးက ရပ္တန္႔သြားခဲ့သည္။
မန္ေနဂ်ာက်န္း ; " ......... "
ေပၚယြီ ; " ခင္ဗ်ား ကြၽန္ေတာ္႕ကို ေျပာမယ့္ ကိစၥက ဘာလဲ ??? "
" မင္း ကုမၸဏီက မင္းအတြက္ စီစဥ္ေပးထားတဲ့ လက္ေထာက္ကို သေဘာမက်ဘူးလား ??? ဒီေန႔တင္ သူ ငါ့ဆီ ေရာက္လာၿပီး သူ႕ကို အလုပ္ထြက္ခြင့္ေပးဖို႔ ေတာင္းပန္သြားတယ္။ ဘယ္လိုျဖစ္တာလဲ ??? "
ေ႐ွာင္က်န္း ???
ေပၚယြီ ေလွာင္ေျပာင္ခနဲ႔လိုက္သည္။
တကယ္လို႔ အဲဒီတိရိစၧာန္ေကာင္သာ တျခားလူဆီ ကပ္ခိုၿပီး တိတ္တိတ္ေလး အကူအညီမေပးခဲ့ရင္ သူ႕ဗိုက္ထဲက ကေလးေလးလည္း ခုလိုထြက္သြားရမွာမဟုတ္ဘူး !!!
ၿပီးေတာ့ ခ်ီယန္ေရာ ေမာ့အန္းယြီပါ ..........
တစ္ခြန္းတည္းေျပာရရင္ သူ အဲဒီလူေတြကို ဒီတိုင္း လႊတ္မေပးလိုက္ႏိုင္ဘူး !!!
" သူက ပါပါရာဇီေတြဆီ ကြၽန္ေတာ္႕အတင္းအဖ်င္းေတြကို ေရာင္းစားခ်င္ေနတာ။ တကယ္လို႔ သူ႕ကို ကြၽန္ေတာ္႕နားမွာ ဆက္ထားေနမယ္ရင္ သူက ကြၽန္ေတာ္႕ဘ၀ႀကီးရဲ႕ျပသာနာေကာင္ျဖစ္ေနလိမ့္မယ္။ ခင္ဗ်ား သူ႕ကို ျပသာနာေတြအျပင္ဘက္ ေဝးေဝးထုတ္ေပးခ်င္လား ??? " ေပၚယြီ မန္ေနဂ်ာက်န္းကို ေဝ့ၾကည့္လိုက္တဲ့အခ်ိန္မွာ သူ ေမွ်ာ္လင့္ထားသလိုပဲ တဟုန္းဟုန္းေတာက္ေလာင္ေနတဲ့ ေဒါသေတြကို မန္ေနဂ်ာက်န္းရဲ႕မ်က္လုံးေတြထဲမွာ ေတြ႕လိုက္ရသည္။
entertainment ေလာကထဲတြင္ သူတို႔ရဲ႕ အလုပ္စည္းမ်ဥ္းအရ star ေတြေဘးနားက လူေတြဟာ သူတို႔ရဲ႕စကားလုံးေတြကို ေစာင့္ထိန္းရမည္ဟု တားျမစ္ထားသည္။ဒါေၾကာင့္ ေ႐ွာင္က်န္းအေပၚမွာ ေပၚယြီက သစၥာေဖာက္တံဆိပ္ကပ္ေပးလိုက္တာျဖစ္သျဖင့္ ဒီေလာကထဲမွာ ေ႐ွာင္က်န္း ဆက္လက္အလုပ္လုပ္ကိုင္လို႔ မရႏိုင္ေတာ့ေပ။
ဒါ့ျပင္ ေပၚယြီ ေျပာတာကလည္း အလိမ္အညာတစ္ခု မဟုတ္ေပ။ေ႐ွာင္က်န္းက သစၥာေဖာက္ျဖစ္႐ုံသာမက သူ႕ကိုပါ ေမာ့အန္းယြီဆီ ေရာင္းစားလိုက္ေသးသည္။ အဲဒါေတြေၾကာင့္ သူ ေ႐ွာင္က်န္းကို ဘာအခြင့္အေရးမွေပးမွာမဟုတ္ဘူး !!!
မန္ေနဂ်ာက်န္း အံတင္းတင္း ႀကိတ္လိုက္မိသည္။ ' က်န္း ' မ်ိဳး႐ိုး ငတုံးေကာင္က သူ႕ကို လွည့္စားရဲတယ္ေပါ့ !!! What the fuck !!! သူ အဲ့ေစာင္တုံးေကာင္ကို တျခား star တစ္ေယာက္ဆီမွာ အလုပ္စီစဥ္ေပးေတာ့မလို႔ !!!
" ငါ ကိစၥေတြ႐ွင္းဖို႔ အရင္ ျပန္ႏွင့္လိုက္ဦးမယ္။ မင္းကို ၾကည့္ရတာ ေကာင္းေကာင္း ေနမေကာင္းေသးဘူး။ ေသခ်ာေလး နားလိုက္ဦး။ ငါ မင္းအလုပ္ေတြအကုန္လုံးအတြက္ အခ်ိန္ဇယားေတြကို ျပန္ညႇိထားေပးမယ္။ ၿပီးေတာ့ မင္း ဇာတ္လမ္း႐ိုက္ေနတုန္း မေတာ္တဆ ဒဏ္ရာရသြားတယ္လို႔ မီဒီယာေတြကို ငါ ေၾကညာလိုက္မယ္ " မန္ေနဂ်ာက်န္း လ်င္ျမန္စြာ ေျပာလိုက္သည္။
" ငါ ဆင္ေျခဆင္လက္အေၾကာင္းျပခ်က္အကုန္ေရးၿပီးသား message တစ္ေစာင္ကို မင္းဆီ ပို႔လိုက္မယ္။ မင္းက အဲဒါကို copy လုပ္ၿပီး selfie တစ္ပုံနဲ႔အတူတူ တြဲတင္လိုက္။ အင္တာနက္သုံးစြဲသူေတြက မင္းကို ေမ့မသြားေစနဲ႔ " ေျပာရင္းဆိုရင္းနဲ႔ပင္ မန္ေနဂ်ာက်န္းက ေပၚယြီ႕မ်က္ႏွာကို ေသခ်ာၾကည့္ကာ က်စ္စုတ္လိုက္သည္။
ေပၚယြီက နဂိုကတည္းက အသားအေရ ျဖဴေဖြးၿပီး အခုေတာ့ ေဖ်ာ့ေတာ့လို႔ေနသည္။ဒါေၾကာင့္ပဲ သူ႕ပုံစံေလးက ခ်က္ခ်င္းလက္ငင္းပင္ အလြန္ စိတ္ဓါတ္က်အားငယ္ေနဟန္႐ွိတဲ့ ဆြဲေဆာင္မႈ႐ွိ႐ွိ ေကာင္ေလးတစ္ေယာက္အသြင္နဲ႔ တူသြားေလသည္။
ေပၚယြီ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
" ခင္ဗ်ားမွာ ဘာမွလုပ္စရာမ႐ွိေတာ့ရင္လည္း ဒီကေန ထြက္သြားပါ့လား။ ကြၽန္ေတာ့ကို ဒီလိုမ်ိဳး စိတ္ပ်က္စရာေကာင္းတဲ့ မ်က္လုံးႀကီးေတြနဲ႔ လာၾကည့္မေနဘဲနဲ႔ေလ "
မန္ေနဂ်ာက်န္းက ဟြန္းခနဲ ႏွာမႈတ္ကာ အေဝးကို ထြက္သြားေတာ့သည္။
သူ႕လက္ေမာင္းေတြထဲက ကေလးေလးကို ေပၚယြီ ဆြဲထုတ္ၿပီး အိပ္ရာေပၚ တင္ေပးလိုက္သည္။ " ငါ့ကို ေျပာ။ မင္း ဘာလို႔ ငိုေနတာလဲ ??? "
ဖရဲသီးေလးက မေပ်ာ္မ႐ႊင္ျဖစ္ေနဟန္နဲ႔ ေမးလိုက္သည္။ " ပါးပါးက ဦးဦးစုန္႔ကို သေဘာက်လားဟင္ ??? "
" အမ္း ... ??? " " အဲ့လိုပဲ ဆိုၾကပါစို႔ " ေပၚယြီ ၀တ္ေက်တမ္းေက် ျပန္ေျဖလိုက္သည္။
ဖရဲသီးေလးက ေပၚယြီဆီ ၾကည့္မလာဘဲ သူ႕ေခါင္းေလးကို ငုံ႔ကာ တစ္လုံးခ်င္း ဖိေျပာလာသည္။ " ဟုတ္ကဲ့ပါ , သားလည္း ဦးဦးစုန္႔ကို သေဘာက်ပါတယ္ "
ေပၚယြီ မင္တက္သြားၿပီး ဖရဲသီးေလးကို ေသခ်ာ ထပ္ေမးၾကည့္လိုက္ေပမယ့္ ကေလးေလးက အဲဒီအေၾကာင္းကို ထပ္ေျပာခ်င္စိတ္မ႐ွိသျဖင့္ ေပၚယြီ လက္ေလ်ာ့လိုက္ရသည္။
ဒါေပမယ့္ ေမွ်ာ္လင့္မထားစြာနဲ႔ပဲ ကေလးငယ္ငယ္က အရမ္းစိတ္႐ႈပ္ေထြးေနဟန္ရသည္။ သူ သုံးေနက် နည္းလမ္းကို ေျပာင္းလဲပစ္ဖို႔ လိုအပ္ေနတာမ်ားလား ??? { T / N ; အဲဒီစာေၾကာင္းကို ကိုယ္လည္း ေသခ်ာနားမလည္ဘူးေရာ္ ... }
ေပၚယြီ တိတ္ဆိတ္ေနမိသည္။
ဟန္က်စ္ယြီ တံခါးကို ဖြင့္ကာ အထဲ၀င္လာၿပီး သူ႕လက္ထဲက စက္႐ုပ္ေလးနဲ႔အတူ ဖရဲသီးေလးကို ေပ်ာ္႐ႊင္ေအာင္ ႏွစ္သိမ့္ေပးလိုက္သည္။ " ကေလးေလး , မင္း ဦးေလး ဘယ္သူလဲဆိုတာ မွတ္မိလား ??? "
" လြန္ခဲ့တဲ့တစ္လကမွ ေမြးတဲ့ ကေလးေလးက ဘာမွတ္မိမွာတုန္း " ေပၚယြီ ေအးစက္စြာ ဆိုလိုက္သည္။
ဟန္က်စ္ယြီရဲ႕အျပဳံးႀကီးက ႐ုတ္တရက္ဆိုသလို ေတာင့္တင္းသြားသည္။သူက ေပၚယြီ စိတ္အေျခအေနေကာင္းမေနႏိုင္တာကို ေတြးမိတာေၾကာင့္ ခုကိစၥကို စိတ္ထဲ ထည့္မေနေပ။
ေပၚယြီ ေျပာလိုက္သည္။ " ေ႐ွာင္ပိုင္ေရာ ဘာလို႔ ဒီကိုမလာတာလဲ ??? "
ေ႐ွာင္ပိုင္ဆိုတာက ဟန္က်စ္ယြီရဲ႕လိင္တူခ်စ္သူျဖစ္ၿပီး ပင္ကိုယ္စ႐ိုက္ ႏူးညံ့သိမ္ေမြ႕ကာ မဂၢဇင္းတစ္ခုရဲ႕ ေခါင္းေဆာင္အယ္ဒီတာျဖစ္သည္။
" သူ အခ်ိန္ပိုဆင္းေနရလို႔ ဒီကိုလာဖို႔ အခ်ိန္မ႐ွိဘူးျဖစ္ေနတယ္ " ဟန္က်စ္ယြီက ကေလးခ်စ္တတ္တာေၾကာင့္ သူက စက္႐ုပ္ေလးတစ္႐ုပ္ကို အသုံးျပဳကာ ဖရဲသီးေလးကို ခ်က္ခ်င္း ဆြဲေဆာင္လိုက္ႏိုင္ၿပီး ဖရဲသီးေလးနဲ႔အတူတူ ေလေပါေနၾကသည္။သိပ္မၾကာင္ခင္မွာပဲ သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းႏွီးသြားၾကေတာ့သည္။
" ၿပီးေတာ့ ဒီဟာက သူ မင္းအတြက္ လုပ္ေပးလိုက္တဲ့ စြပ္ျပဳတ္ " ဟန္က်စ္ယြီက အေႏြးဓါတ္ဘူးတစ္လုံးကို မ်က္လွည့္ဆန္ဆန္ ထုတ္ယူျပလိုက္ၿပီး ေပၚယြီဆီ ကမ္းေပးလိုက္သည္။
ေပၚယြီ ဓါတ္ဘူးကို တစ္ခ်က္ၾကည့္ကာ သူ႕ရဲ႕အူတူတူသားေလးကို သူ႕နား ဆြဲေခၚလိုက္သည္။အဲဒီေနာက္ သားအဖႏွစ္ေယာက္လုံးဟာ စြပ္ျပဳတ္ရည္ကို တစ္ေယာက္တစ္လွည့္စီ စတင္ေသာက္ၾကေတာ့သည္။
သူ႕ေ႐ွ႕က သားအဖႏွစ္ဦးရဲ႕ေအးခ်မ္းကာ သဟဇာတျဖစ္တဲ့ ျမင္ကြင္းေလးကို ၾကည့္ၿပီး ဟန္က်စ္ယြီမွာ ႐ုတ္တရက္ ဗိုက္ဆာလာသလို ခံစားလိုက္ရသည္။
.
.
.
.
.
.
Hello , ကိုယ့္အိမ္က wifi ကို ေလာေလာဆယ္ေတာ့ ဆက္သက္တမ္းမတိုးေသးပါဘူး
ခု ကိုယ္က သနားစရာ data သမားေလး ျဖစ္သြားပါၿပီ။ ဇာတ္လမ္းေတြလည္း မၾကည့္ရေတာ့ဘူး ဟင့္ ... 😭 အဲဒါေၾကာင့္ ကိုယ္ bill မ႐ွိလို႔မ်ား update ေလးေတြ ေနာက္က်ေနရင္ စိတ္မ႐ွိၾကပါနဲ႔လို႔ ...
VOTE PLEASE !!!!!!