[Unicode]
ယန်ထန်ဟာ အစောကြီးနိုးလာခဲ့တယ်၊ အပြင်ထွက်ဖို့သင့်တော်လှတဲ့ ရာသီဥတုကို ကြိုတင်ခန့်မှန်းမိနေသည့်အလားပင်။
မနေ့ညက...ဟယ်ရှင်းချွမ်ရဲ့အဖိကို တစ်ညလုံးခံခဲ့ရတာ။
နိုးထလာချိန်မှာ၊ ခေါင်းထူဖို့တောင်ခက်ခဲနေတယ်။
ဖိနပ်ဝတ်နေတုန်းမှာပဲ၊ လက်က ဖိနပ်စင်နဲ့ရိုက်မိသွားလေရဲ့။ ၆နှစ်ကြာနီးပါးဝတ်ဆင်ခဲ့တဲ့ သူ့ရဲ့နာရီကြိုးလေးဟာဖြင့်...ပြတ်ထွက်သွားခဲ့ရပြီ။
"ကော! လောင်ကွမ်က ပြဇာတ်ပွဲအတွက်လက်မှတ်နှစ်စောင်ပေးလိုက်တယ်! ဒီညအားတယ်ဆိုရင်၊ ဒိတ်ကျရအောင်လေ!"
ယန်ထန်က ပြတ်သွားတဲ့နာရီကြိုးလေးကို၊ ဟယ်ရှင်းချွမ်မမြင်အောင် တိတ်တိတ်လေးအိတ်ကပ်ထဲ ထည့်သိမ်းတယ်။
"အခုတလော အလုပ်သိပ်များဘူး"
ဆိုလိုချင်တာကတော့...ရက်စ်ပေါ့!
ဟယ်ရှင်းချွမ်က ပြန်ခေါင်းညိတ်ပြတယ်။
လက်တစ်ဖက်က ဖုန်းဖြေကြားရင်း၊ နောက်တစ်ဖက်ကတော့ နက်ခ်တိုင်ကိုဝတ်ဆင်ရင်း။
အလျင်စလိုဖြစ်နေတဲ့ဖြူလေးကြောင့်၊ နက်ခ်တိုင်စည်းခြင်းအမှုကို ယန်ထန်ကကူညီပေးလိုက်တယ်။
"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ်၊ တရားခွင်ဆီ အရင်သွားနှင့်လိုက်မယ်လေ။ ရောက်မှထပ်ဆက်သွယ်လိုက်ပါ့မယ်"
ဟယ်ရှင်းချွမ်က ယန်ထန့်ကိုလှမ်းပြုံးပြတယ်။
သူ့ရဲ့နက်ခ်တိုင်က သေသပ်သပ်ရပ်စွာချည်နှောင်ပြီးသွားပြီဖြစ်သောကြောင့်။
တစ်ယောက်ကို တစ်ယောက်စိုက်ကြည့်မိတော့...ကပ်ပါလာတာက ချိုမြမြမနက်ခင်းအနမ်းလေး။
"ထန်ကော! ဒါဆို ငါသွားပြီနော်! ညကျရင်လာကြိုမယ်၊ မေ့မနေနဲ့ဦး!"
စကားအဆုံးမှာ၊ လက်ဆွဲအိတ်ကိုဆွဲကိုင်ကာ အိမ်အပြင်သို့ အလျင်စလိုပြေးထွက်သွားပါတယ်။
ကျန်ခဲ့သူယန်ထန်ကတော့ ပြတ်သွားခဲ့တဲ့နာရီကို ထုတ်ကြည့်နေမိပြီး...မျက်ခုံးတွေဟာလည်း တွန့်ချိုးလို့။
ဒီနာရီကုမ္ပဏီက လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်လောက်ကပဲ၊ ဒေဝါလီခံလိုက်ရတာ။
ကိုက်ညီတဲ့နာရီကြိုးကို ဘယ်နားသွားရှာရပါမလိမ့်?
ကုမ္ပဏီရဲ့ဘော့စ်အနေဖြင့်၊ သူ့ရဲ့အလုပ်ချိန်က အတော်လေးကိုပြောင်းလဲလွယ်ပါတယ်။
အလုပ်တက်ချင်ရင် အလုပ်တက်မယ်...မတက်ချင်ရင်တော့ မတက်ဘူးပေါ့။
အဲ့တော့၊ ဘော့စ်ယန်ထန်က အလုပ်မသွားတော့ဘူး။ ဖက်တီးပေးပို့လာတဲ့လိပ်စာကို ကြည့်ရင်း၊ လမ်းကြားငယ်လေးထဲ ဖြတ်သန်းနေခဲ့တယ်။
ဒီနေရာက၊ ဟယ်ရှင်းချွမ်နေခဲ့ဖူးတဲ့ နောက်ဖေးလမ်းကြားလေးနဲ့ ဆင်တူလှတယ်။
ရောယှက်နေသောလမ်းကြားများစွာဖြင့်၊ ရောက်လေ့မရှိတဲ့လူမျိုးသာဆို လမ်းပျောက်သွားမှာအသေအချာပင်။
တံခါးမခေါက်ခင်မှာ၊ အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှူသွင်းမိတယ်။
မှတ်ဉာဏ်ထဲမှ ပျားရည်စုပ်ပန်းရနံ့လေးတွေကိုတောင် ရလိုက်သလိုလို...
"ဘယ်သူလဲ?"
တံခါးဖွင့်ပေးလာသူက အဘွားအိုတစ်ယောက်။
ရိုးရှင်းတဲ့အဖြူရောင်အင်္ကျီ...မီးခိုးရောင်သမ်းသော ဆံပင်များဖြင့်။
ကြိုးဖြင့်ချိတ်ဆွဲထားတဲ့ လည်ပင်းရှိမျက်မှန်ကို တပ်ဆင်လိုက်ပြီးတော့
"အိုး! ဘယ်က လူချောလေးပါလိမ့်!?"
"ကျန်းဟောက်ယုက နာရီပြင်ဖို့အတွက် ဆရာချူးဆီလွှတ်လိုက်လို့ပါ"
"အိုး! ဖက်တီးလွှတ်လိုက်တာကိုး! ဝင်ခဲ့၊ လောင်ချူးက ငှက်တွေကိုအစာကျွေးနေတယ်"
ယန်ထန်က တံခါးကိုဖြတ်သန်းဝင်ရောက်လိုက်တယ်။ ဝယ်ယူလာခဲ့တဲ့ဝိုင်ပုလင်းကို စားပွဲပေါ်တင်လိုက်ပြီး၊ ခြံဝန်းထဲ ငြိမ်သက်စွာထိုင်နေမိတယ်။
အဘွားက ခြံဝန်းကိုဂရုတစိုက်ထားမှန်း သိသာလှပါတယ်။
စပျစ်သီးပင်ကလည်း မျိုးကောင်းတဲ့အမျိုးဖြစ်ရမယ်။ စင်တစ်ခုလုံးဟာ အကိုင်းအနွယ်များဖြင့်ပြည့်နှက်နေခဲ့ပြီး၊ ခရမ်းရင့်ရောင်စပျစ်သီးများကိုလည်း တွေ့မြင်နိုင်တယ်။
မနီးမဝေးမှ ငှက်တွန်သံတစ်ချို့။
အဘိုးအိုတစ်ယောက်ဟာ ခြံဝန်းထဲလျှောက်လာခဲ့တယ်၊ ယန်ထန့်ကိုမြင်တော့ အံ့အားသင့်သွားဟန်ဖြင့်
"ယန်ထန်?"
"ဟုတ်ပါတယ်၊ အဘိုးနေကောင်းရဲ့လား?"
"ဒီလိုဒီလိုပါပဲ"
ဆရာချူးက စားပွဲပေါ်ရှိဝိုင်ပုလင်းကိုမြင်တော့
"ကိုယ့်ဘာသာလုပ်ထားတာလား?"
"ဝူကျင်းလုပ်ထားတာ"
ဆရာချူးက ဝူကျင်းတို့အကြောင်းကြားတော့၊ သဘောတကျရယ်လာပါတယ်။
"အဲ့ကောင်လေးတွေက ခဏခဏလာလည်နေကျ။...ယန်ထန်...သားဆီကပဲ သတင်းမကြားရတာ"
ယန်ထန်ဟာ သူ့လက်ကောက်ဝတ်သူ တင်းကျပ်နေအောင်ဆုပ်ကိုင်မိသွားတယ်။
"...ကျွန်တော့်ကို အိမ်ထဲဝင်ခွင့်မပြုမှာ...စိုးရိမ်နေခဲ့လို့ပါ"
"ဘာလို့ အဲ့လိုမျိုးတွေးရတာလဲ!? ရှောင်ဖန်မရှိတော့တာ ကြာပြီဆိုပေမဲ့၊ မင်းတို့ကောင်လေးတွေ ဒီအဘိုးကြီးကိုဂရုစိုက်ပေးခဲ့တာပါပဲ။ အခုလို ကောင်းကောင်းမွန်မွန်နေနိုင်အောင်လို့လေ"
ချူးဖန်နာမည်ကိုကြားတော့၊ ယန်ထန်က တစ်ဖက်လှည့်ရင်း လက်ဖက်ရည်ငုံ့သောက်တယ်။
ဒီခေါင်းစဉ်အောက်မှာ စကားပြောချင်ဟန်မပေါ်ဘူး။
ဒီမြင်ကွင်းက ဆရာချူးကို သက်ပြင်းချစေတယ်။
လူတိုင်းက အတိတ်ကနေရုန်းထွက်သွားကျပြီ၊ ဒီကောင်လေးတစ်ယောက်ပဲ မလွတ်မြောက်နိုင်သေးတာ။
"နာရီပြပါဦး၊ ကြိုးပြတ်သွားတာလား?"
ယန်ထန်က နာရီကို ဆရာချူးဆီကမ်းပေးလာကာ
"ဓာတ်ခဲလည်း ပြန်လဲရမယ်ထင်တယ်"
ဆရာချူးက မျက်မှန်တပ်ပြီး၊ နာရီကို သေချာစစ်ဆေးကြည့်ရှုနေပါတယ်။
"ဒီတံဆိပ်က စျေးကွက်မှာမရှိတော့ဘူးပဲ။ အကြာကြီးသုံးလာတယ်မဟုတ်လား? ဆေးရောင်တွေတောင် ပြယ်ချင်နေပြီ"
"အစားထိုးဖို့ လက်ပတ်ကြိုးရှာလို့ရနိုင်မလား?"
"အဘိုးရဲ့မိတ်ဆွေတစ်ယောက်ဆီမှာ ဒီတံဆိပ်နဲ့နာရီရှိသေးတယ်။ အစိတ်အပိုင်းလေးတွေပါ အသစ်လဲချင်သေးလား?"
"မလဲတော့ဘူး၊ ဒီအတိုင်းလေးဘဲထားပေးပါ"
ဆရာချူးက ယန်ထန့်ကိုမော့ကြည့်လာတယ်၊ 'သဘောပေါက်ပါတယ်' ဆိုတဲ့အပြုံးကြီးဖြင့်။
"ကောင်မလေးဆီက လက်ဆောင်လား?"
ယန်ထန်က ခေါင်းလေးစောင်းပြတယ်၊ မသေချာမရေရာလေသော အဓိပ္ပာယ်မျိုးသာ။
ဆရာချူးအကြည့်က နာရီဆီပြန်လည်ရောက်ရှိသွားခဲ့ကာ
"မေးကြည့်ပေးထားမယ်၊ လက်ပတ်ကြိုးရသေးလားဆိုတာကို။ ရခဲ့ရင်တော့၊ မနက်ဖြန်ဆိုပြင်လို့ပြီးပြီ"
ဆရာချူးက ယန်ထန့်ကိုညစာဖိတ်ကျွေးတယ်။
အဘွားရဲ့လက်စွမ်းပြထားသော ညစာထမင်းဝိုင်း၊ ထို့နောက် ဝိုင်တွေလည်းသောက်ဖြစ်ခဲ့သေး။
နှုတ်ဆက်စကားနှင့်အတူ ယန်ထန်ထွက်ခွါသွားပြီးသည့်တိုင်၊ အဘိုးဟာ ခြံဝန်းထဲထိုင်နေမိတုန်းပဲ။
သူ့သားလေးချူးဖန်သာ အသက်ရှင်နေခဲ့သေးရင်၊ အခုလောက်ဆို အလုပ်ရှာတဲ့အရွယ်ဖြစ်လောက်ရောပေါ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]
ယန္ထန္ဟာ အေစာႀကီးႏိုးလာခဲ့တယ္၊ အျပင္ထြက္ဖို႔သင့္ေတာ္လွတဲ့ ရာသီဥတုကို ႀကိဳတင္ခန္႔မွန္းမိေနသည့္အလားပင္။
မေန႔ညက...ဟယ္ရွင္းခြၽမ္ရဲ႕အဖိကို တစ္ညလုံးခံခဲ့ရတာ။
ႏိုးထလာခ်ိန္မွာ၊ ေခါင္းထူဖို႔ေတာင္ခက္ခဲေနတယ္။
ဖိနပ္ဝတ္ေနတုန္းမွာပဲ၊ လက္က ဖိနပ္စင္နဲ႔႐ိုက္မိသြားေလရဲ႕။ ၆ႏွစ္ၾကာနီးပါးဝတ္ဆင္ခဲ့တဲ့ သူ႔ရဲ႕နာရီႀကိဳးေလးဟာျဖင့္...ျပတ္ထြက္သြားခဲ့ရၿပီ။
"ေကာ! ေလာင္ကြမ္က ျပဇာတ္ပြဲအတြက္လက္မွတ္ႏွစ္ေစာင္ေပးလိုက္တယ္! ဒီညအားတယ္ဆိုရင္၊ ဒိတ္က်ရေအာင္ေလ!"
ယန္ထန္က ျပတ္သြားတဲ့နာရီႀကိဳးေလးကို၊ ဟယ္ရွင္းခြၽမ္မျမင္ေအာင္ တိတ္တိတ္ေလးအိတ္ကပ္ထဲ ထည့္သိမ္းတယ္။
"အခုတေလာ အလုပ္သိပ္မ်ားဘူး"
ဆိုလိုခ်င္တာကေတာ့...ရက္စ္ေပါ့!
ဟယ္ရွင္းခြၽမ္က ျပန္ေခါင္းညိတ္ျပတယ္။
လက္တစ္ဖက္က ဖုန္းေျဖၾကားရင္း၊ ေနာက္တစ္ဖက္ကေတာ့ နက္ခ္တိုင္ကိုဝတ္ဆင္ရင္း။
အလ်င္စလိုျဖစ္ေနတဲ့ျဖဴေလးေၾကာင့္၊ နက္ခ္တိုင္စည္းျခင္းအမႈကို ယန္ထန္ကကူညီေပးလိုက္တယ္။
"ဟုတ္ကဲ့ ကြၽန္ေတာ္နားလည္ပါတယ္၊ တရားခြင္ဆီ အရင္သြားႏွင့္လိုက္မယ္ေလ။ ေရာက္မွထပ္ဆက္သြယ္လိုက္ပါ့မယ္"
ဟယ္ရွင္းခြၽမ္က ယန္ထန္႔ကိုလွမ္းၿပဳံးျပတယ္။
သူ႔ရဲ႕နက္ခ္တိုင္က ေသသပ္သပ္ရပ္စြာခ်ည္ေႏွာင္ၿပီးသြားၿပီျဖစ္ေသာေၾကာင့္။
တစ္ေယာက္ကို တစ္ေယာက္စိုက္ၾကည့္မိေတာ့...ကပ္ပါလာတာက ခ်ိဳျမျမမနက္ခင္းအနမ္းေလး။
"ထန္ေကာ! ဒါဆို ငါသြားၿပီေနာ္! ညက်ရင္လာႀကိဳမယ္၊ ေမ့မေနနဲ႔ဦး!"
စကားအဆုံးမွာ၊ လက္ဆြဲအိတ္ကိုဆြဲကိုင္ကာ အိမ္အျပင္သို႔ အလ်င္စလိုေျပးထြက္သြားပါတယ္။
က်န္ခဲ့သူယန္ထန္ကေတာ့ ျပတ္သြားခဲ့တဲ့နာရီကို ထုတ္ၾကည့္ေနမိၿပီး...မ်က္ခုံးေတြဟာလည္း တြန္႔ခ်ိဳးလို႔။
ဒီနာရီကုမၸဏီက လြန္ခဲ့တဲ့ ၂ႏွစ္ ၃ႏွစ္ေလာက္ကပဲ၊ ေဒဝါလီခံလိုက္ရတာ။
ကိုက္ညီတဲ့နာရီႀကိဳးကို ဘယ္နားသြားရွာရပါမလိမ့္?
ကုမၸဏီရဲ႕ေဘာ့စ္အေနျဖင့္၊ သူ႔ရဲ႕အလုပ္ခ်ိန္က အေတာ္ေလးကိုေျပာင္းလဲလြယ္ပါတယ္။
အလုပ္တက္ခ်င္ရင္ အလုပ္တက္မယ္...မတက္ခ်င္ရင္ေတာ့ မတက္ဘူးေပါ့။
အဲ့ေတာ့၊ ေဘာ့စ္ယန္ထန္က အလုပ္မသြားေတာ့ဘူး။ ဖက္တီးေပးပို႔လာတဲ့လိပ္စာကို ၾကည့္ရင္း၊ လမ္းၾကားငယ္ေလးထဲ ျဖတ္သန္းေနခဲ့တယ္။
ဒီေနရာက၊ ဟယ္ရွင္းခြၽမ္ေနခဲ့ဖူးတဲ့ ေနာက္ေဖးလမ္းၾကားေလးနဲ႔ ဆင္တူလွတယ္။
ေရာယွက္ေနေသာလမ္းၾကားမ်ားစြာျဖင့္၊ ေရာက္ေလ့မရွိတဲ့လူမ်ိဳးသာဆို လမ္းေပ်ာက္သြားမွာအေသအခ်ာပင္။
တံခါးမေခါက္ခင္မွာ၊ အသက္ကို ခပ္ျပင္းျပင္းတစ္ခ်က္ရွဴသြင္းမိတယ္။
မွတ္ဉာဏ္ထဲမွ ပ်ားရည္စုပ္ပန္းရနံ႔ေလးေတြကိုေတာင္ ရလိုက္သလိုလို...
"ဘယ္သူလဲ?"
တံခါးဖြင့္ေပးလာသူက အဘြားအိုတစ္ေယာက္။
႐ိုးရွင္းတဲ့အျဖဴေရာင္အက်ႌ...မီးခိုးေရာင္သမ္းေသာ ဆံပင္မ်ားျဖင့္။
ႀကိဳးျဖင့္ခ်ိတ္ဆြဲထားတဲ့ လည္ပင္းရွိမ်က္မွန္ကို တပ္ဆင္လိုက္ၿပီးေတာ့
"အိုး! ဘယ္က လူေခ်ာေလးပါလိမ့္!?"
"က်န္းေဟာက္ယုက နာရီျပင္ဖို႔အတြက္ ဆရာခ်ဴးဆီလႊတ္လိုက္လို႔ပါ"
"အိုး! ဖက္တီးလႊတ္လိုက္တာကိုး! ဝင္ခဲ့၊ ေလာင္ခ်ဴးက ငွက္ေတြကိုအစာေကြၽးေနတယ္"
ယန္ထန္က တံခါးကိုျဖတ္သန္းဝင္ေရာက္လိုက္တယ္။ ဝယ္ယူလာခဲ့တဲ့ဝိုင္ပုလင္းကို စားပြဲေပၚတင္လိုက္ၿပီး၊ ၿခံဝန္းထဲ ၿငိမ္သက္စြာထိုင္ေနမိတယ္။
အဘြားက ၿခံဝန္းကိုဂ႐ုတစိုက္ထားမွန္း သိသာလွပါတယ္။
စပ်စ္သီးပင္ကလည္း မ်ိဳးေကာင္းတဲ့အမ်ိဳးျဖစ္ရမယ္။ စင္တစ္ခုလုံးဟာ အကိုင္းအႏြယ္မ်ားျဖင့္ျပည့္ႏွက္ေနခဲ့ၿပီး၊ ခရမ္းရင့္ေရာင္စပ်စ္သီးမ်ားကိုလည္း ေတြ႕ျမင္ႏိုင္တယ္။
မနီးမေဝးမွ ငွက္တြန္သံတစ္ခ်ိဳ႕။
အဘိုးအိုတစ္ေယာက္ဟာ ၿခံဝန္းထဲေလွ်ာက္လာခဲ့တယ္၊ ယန္ထန္႔ကိုျမင္ေတာ့ အံ့အားသင့္သြားဟန္ျဖင့္
"ယန္ထန္?"
"ဟုတ္ပါတယ္၊ အဘိုးေနေကာင္းရဲ႕လား?"
"ဒီလိုဒီလိုပါပဲ"
ဆရာခ်ဴးက စားပြဲေပၚရွိဝိုင္ပုလင္းကိုျမင္ေတာ့
"ကိုယ့္ဘာသာလုပ္ထားတာလား?"
"ဝူက်င္းလုပ္ထားတာ"
ဆရာခ်ဴးက ဝူက်င္းတို႔အေၾကာင္းၾကားေတာ့၊ သေဘာတက်ရယ္လာပါတယ္။
"အဲ့ေကာင္ေလးေတြက ခဏခဏလာလည္ေနက်။...ယန္ထန္...သားဆီကပဲ သတင္းမၾကားရတာ"
ယန္ထန္ဟာ သူ႔လက္ေကာက္ဝတ္သူ တင္းက်ပ္ေနေအာင္ဆုပ္ကိုင္မိသြားတယ္။
"...ကြၽန္ေတာ့္ကို အိမ္ထဲဝင္ခြင့္မျပဳမွာ...စိုးရိမ္ေနခဲ့လို႔ပါ"
"ဘာလို႔ အဲ့လိုမ်ိဳးေတြးရတာလဲ!? ေရွာင္ဖန္မရွိေတာ့တာ ၾကာၿပီဆိုေပမဲ့၊ မင္းတို႔ေကာင္ေလးေတြ ဒီအဘိုးႀကီးကိုဂ႐ုစိုက္ေပးခဲ့တာပါပဲ။ အခုလို ေကာင္းေကာင္းမြန္မြန္ေနႏိုင္ေအာင္လို႔ေလ"
ခ်ဴးဖန္နာမည္ကိုၾကားေတာ့၊ ယန္ထန္က တစ္ဖက္လွည့္ရင္း လက္ဖက္ရည္ငုံ႔ေသာက္တယ္။
ဒီေခါင္းစဥ္ေအာက္မွာ စကားေျပာခ်င္ဟန္မေပၚဘူး။
ဒီျမင္ကြင္းက ဆရာခ်ဴးကို သက္ျပင္းခ်ေစတယ္။
လူတိုင္းက အတိတ္ကေန႐ုန္းထြက္သြားက်ၿပီ၊ ဒီေကာင္ေလးတစ္ေယာက္ပဲ မလြတ္ေျမာက္ႏိုင္ေသးတာ။
"နာရီျပပါဦး၊ ႀကိဳးျပတ္သြားတာလား?"
ယန္ထန္က နာရီကို ဆရာခ်ဴးဆီကမ္းေပးလာကာ
"ဓာတ္ခဲလည္း ျပန္လဲရမယ္ထင္တယ္"
ဆရာခ်ဴးက မ်က္မွန္တပ္ၿပီး၊ နာရီကို ေသခ်ာစစ္ေဆးၾကည့္ရႈေနပါတယ္။
"ဒီတံဆိပ္က ေစ်းကြက္မွာမရွိေတာ့ဘူးပဲ။ အၾကာႀကီးသုံးလာတယ္မဟုတ္လား? ေဆးေရာင္ေတြေတာင္ ျပယ္ခ်င္ေနၿပီ"
"အစားထိုးဖို႔ လက္ပတ္ႀကိဳးရွာလို႔ရႏိုင္မလား?"
"အဘိုးရဲ႕မိတ္ေဆြတစ္ေယာက္ဆီမွာ ဒီတံဆိပ္နဲ႔နာရီရွိေသးတယ္။ အစိတ္အပိုင္းေလးေတြပါ အသစ္လဲခ်င္ေသးလား?"
"မလဲေတာ့ဘူး၊ ဒီအတိုင္းေလးဘဲထားေပးပါ"
ဆရာခ်ဴးက ယန္ထန္႔ကိုေမာ့ၾကည့္လာတယ္၊ 'သေဘာေပါက္ပါတယ္' ဆိုတဲ့အၿပဳံးႀကီးျဖင့္။
"ေကာင္မေလးဆီက လက္ေဆာင္လား?"
ယန္ထန္က ေခါင္းေလးေစာင္းျပတယ္၊ မေသခ်ာမေရရာေလေသာ အဓိပၸာယ္မ်ိဳးသာ။
ဆရာခ်ဴးအၾကည့္က နာရီဆီျပန္လည္ေရာက္ရွိသြားခဲ့ကာ
"ေမးၾကည့္ေပးထားမယ္၊ လက္ပတ္ႀကိဳးရေသးလားဆိုတာကို။ ရခဲ့ရင္ေတာ့၊ မနက္ျဖန္ဆိုျပင္လို႔ၿပီးၿပီ"
ဆရာခ်ဴးက ယန္ထန္႔ကိုညစာဖိတ္ေကြၽးတယ္။
အဘြားရဲ႕လက္စြမ္းျပထားေသာ ညစာထမင္းဝိုင္း၊ ထို႔ေနာက္ ဝိုင္ေတြလည္းေသာက္ျဖစ္ခဲ့ေသး။
ႏႈတ္ဆက္စကားႏွင့္အတူ ယန္ထန္ထြက္ခြါသြားၿပီးသည့္တိုင္၊ အဘိုးဟာ ၿခံဝန္းထဲထိုင္ေနမိတုန္းပဲ။
သူ႔သားေလးခ်ဴးဖန္သာ အသက္ရွင္ေနခဲ့ေသးရင္၊ အခုေလာက္ဆို အလုပ္ရွာတဲ့အ႐ြယ္ျဖစ္ေလာက္ေရာေပါ့။