[Unicode]
ရုံးချုပ်သွားပြီး စာချုပ်ချုပ်ဆိုဖို့စီစဉ်ထားတဲ့ ဟယ်ရှင်းချွမ်ဟာ၊ ဖန်ကျင်းဇီနဲ့တိုင်ပင်ကာ ထိုကိစ္စကိုခေတ္တဆိုင်းငံ့လိုက်ရတယ်။
ဟယ်ရှင်းလျန်က နေ့လည်ခင်းလောက်မှပဲ အိမ်ပြန်ရောက်လာတယ်၊ သူ့နောက်မှာတော့ စိတ်နဲ့လူနဲ့ကပ်ပုံမပေါ်တဲ့ဟန်ချုံး။
"ဟေး၊ ရောက်လာကျပြီလား? ဟန်ချုံး ကိုယ့်ဟာကိုယ်သာ ရေခပ်သောက်လိုက်တော့"
ဟန်ချုံးက ခေါင်းညိတ်ပြရင်း၊ ရေသောက်ဖို့အတွက် မီးဖိုခန်းထဲအပြေးဝင်သွားတယ်။
ဟယ်ရှင်းချွမ်က သူ့ရဲ့ယောက်မလေးအပေါ်ဆို အမြဲမာကျောကျောနဲ့။ သို့သော်လည်း၊ ဟယ်ရှင်းလျန်နဲ့ဆင်တူရေခွက်လေးကိုတော့ ဝယ်ပေးထားပါတယ်။
ရေဖြည့်နေတုန်းမှာပဲ၊ ဟယ်ရှင်းချွမ်ရဲ့စကားပြောသံကို ကြားလိုက်တယ်။
ဟန်ချုံးက ညီအစ်ကိုနှစ်ယောက်ရဲ့စကားဝိုင်းထဲကို မဝင်ချင်သေးဘူး။ အဲ့တော့ နံရံကိုမှီရပ်ရင်း၊ စကားဝိုင်းရဲ့အဆုံးသတ်ကို စောင့်ဆိုင်းနေလိုက်တယ်။
ခဏအကြာမှာ၊ ဟယ်ရှင်းလျန်က မီးဖိုခန်းထဲရောက်လာတယ်။
ရေခွက်ကိုင်ထားတဲ့သူ့ကို မြင်တော့
"ရေတွေဘယ်နှခွက်တောင် သောက်ထားလဲ?"
ဟန်ချုံးက လက်ချိုးရေကြည့်တယ်။
ပြီးတော့၊ လက်သုံးချောင်းထောင်ပြလာပါတယ်။
"ငတုံးလေး"
ဟယ်ရှင်းလျန်ဟာ တစ်စုံတစ်ခုကိုတွေးမိတော့...သက်ပြင်းချဖြစ်သွားတယ်။
ဟန်ချုံးကို ဖက်တွယ်လာကာ
"မနက်ဖြန် သွားတွေ့ရမဲ့လူရှိတယ်။ ငါ့ကို အိမ်မှာစောင့်နေပေးနော်? ငါ့အိမ်မှာ"
ဟန်ချုံးက ဟယ်ရှင်းလျန်ဆံပင်တွေကို ပွတ်သပ်ပေးနေတယ်။
"အင်း၊ မင်းပြန်လာရင် ငါတို့အဝတ်အစားတွေသိမ်းရအောင်လေ။ ရက်ပိုင်းအတွင်းမှာပဲ၊ တက္ကသိုလ်သွားရတော့မှာ။ နေရောင်ခံခရင်မ်ဝယ်ဖို့မမေ့နဲ့! အိပ်ရာခင်းရော! ငါတို့တွေ အဆောင်မှာနေရမလား? အပြင်မှာအိမ်ငှါးနေရမလား? အဆောင်မှာနေရင် အဆင်ပြေပါ့မလား? ငါပိုက်ဆံစုထားတာ ရှိတယ်၊ ငါတို့အိမ်ငှါးနေကျရင်ရော?..."
လွတ်လပ်တဲ့ တက္ကသိုလ်ကျောင်းသားဘဝ။
ဒီလိုအကြောင်းအရာလေးတွေ ကြားရတော့၊ ဟယ်ရှင်းလျန်နှလုံးသားဟာ အလိုလိုပင်နွေးထွေးလို့။
ခါးသေးသေးလေးကို တင်းကြပ်စွာဖက်တွယ်ရင်း...ရင်ခွင်ငယ်လေးထဲ ခေါင်းစိုက်မိရင်း...ခပ်တိုးတိုးလေး သဘောတူသံပြုတယ်။
...
ဆေးရုံ။
ဟယ်ရှင်းချွမ် နောက်ဆုံးတစ်ခေါက်လာဖြစ်ခဲ့တာက၊ ယန်ထန့်အဘွားနေမကောင်းချိန်တုန်းက။
ဒါပေမဲ့၊ ဒီတစ်ခါကတော့ လစ်ဟာမှုခံစားချက်တွေသာ ရင်ထဲပြည့်သိပ်နေခဲ့တယ်။
ဆေးရုံထဲမှာက ဆေးလိပ်သောက်လို့မရဘူး။
ဘောင်းဘီအိတ်ကပ်ထဲက စီးကရက်လိပ်ကို ခပ်တင်းတင်းဆုပ်ကိုင်မိတယ်။
ဟယ်ရှင်းလျန် ဆေးရုံခန်းထဲဝင်သွားတာ...နာရီဝက်ရှိနေပြီ။ ဒီဆေးရုံရဲ့အသံလုံမှုက ကောင်းလွန်းအားကြီးလို့၊ ဘယ်လိုအသံမှမကြားနိုင်ဘူး။
"ရေသောက်ဦးမလား?"
သူ့ဘေးမှအမျိုးသားက ရေဗူးကမ်းပေးတယ်။
ရေဗူးကို လက်ခံလိုက်ပေမဲ့၊ ရေတော့ မသောက်ဖြစ်ပေ။
"ကျေးဇူးတင်ပါတယ်"
ဒီအမျိုးသားက ဟယ်ရှင်းလျန်အဘိုးရဲ့တူ။
ယုံကြည်စိတ်ချရတဲ့တူလို့တော့ ပြောတာပါပဲ။
ပျောက်သွားတဲ့သမီးကို ပြန်ရှာပေးတယ်၊ လူကုန်ကူးခံရတာ ၁၀နှစ်ကျော်နေပြီဖြစ်တဲ့သမီး။
"ကိုကို ဝင်လာခဲ့"
ဟယ်ရှင်းလျန်က အခန်းတံခါးဝမှလှမ်းခေါ်တယ်၊ အသံကတော့ အနည်းငယ်ဩရှရှဖြင့်။
လက်ထဲကစီးကရက်လိပ်ကို အမှိုက်ပုံးထဲပစ်ထည့်ပြီး၊ ဆေးရုံခန်းထဲ ဝင်သွားလိုက်တယ်။
အဘိုးက ဆေးရုံကုတင်ပေါ်လှဲလျောင်းနေခဲ့တယ်။
နှာခေါင်းမှာလည်း အောက်စီဂျင်ပိုက်နဲ့။
ဟယ်ရှင်းချွမ်ဆီ ရောက်လာခဲ့ပြီး၊ ဟယ်ရှင်းလျန်အကြောင်းမေးမြန်းခဲ့တဲ့ အဘိုးမှဟုတ်ပါသေးရဲ့လား?
"သားက...ရှင်းချွမ်မဟုတ်လား?"
"ဟုတ်ကဲ့"
အဘိုးက သူ့ဘက်စောင်းကြည့်လာပြီး
"ရှင်းလျန်ကို စောင့်ရှောက်ပေးခဲ့တာ...ကျေးဇူးတင်ပါတယ်"
ဟယ်ရှင်းချွမ်ဟာ မျက်ခုံးပင့်မိသွားတယ်။
"ကျွန်တော့်ညီကို ကျွန်တော်စောင့်ရှောက်ပေးတာ၊ ကျေးဇူးတင်စရာအကြောင်းမရှိပါဘူး"
ဟယ်ရှင်းလျန်က အံ့အားသင့်သွားပုံပင်။
မျက်လုံးထောင့်တွေဟာ နီရဲလာခဲ့ပြီး၊ ခေါင်းငုံ့ကာ မျက်လုံးတွေကိုပွတ်သပ်နေတယ်။
အဘိုးက လူကုန်ကူးခံလိုက်ရတဲ့ သူ့သမီးအကြောင်းကိုပြောပြလာတယ်၊ ဘယ်လိုရှာခဲ့သလဲကိုရောပဲ။
ဟယ်ရှင်းချွမ်အတွေးကတော့...ယန်ထန်နဲ့အနေကြာသွားလို့ဖြစ်ရမယ်၊ နှလုံးသားမာကြောတတ်အောင် သင်ယူမိထားတယ်။
ဟုတ်တယ်...သူ့ရဲ့သမီး...သူ့ရဲ့မြေး။
အချိန်အကြာကြီးအတူရှိခဲ့တဲ့ ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာတွေက၊ ခင်ဗျားရဲ့သွေးသားဆိုတာကြီးလောက် မနက်ရှိုင်းဘူးလို့ထင်နေတာလား?
ဟယ်ရှင်းချွမ်ဟာ ခုံမှာထိုင်ရင်း၊ အဘိုးရဲ့ပုံပြင်ရှည်တွေကို နားထောင်နေခဲ့တယ်။
ပုံပြင်အဆုံးသတ်ရောက်ချိန်မှာတော့၊ မတ်တပ်ထရပ်လိုက်ကာ
"အဘိုးရဲ့နောက်ဆုံးအချိန်ကို ရှင်းလျန်နဲ့အတူကုန်ဆုံးချင်တာ၊ ကျွန်တော်မတားပါဘူး။ ဒါပေမဲ့ အဘိုးရဲ့အိမ်တွင်းရေးပြဿနာတွေကို တူဖြစ်ဖြစ် သားဖြစ်ဖြစ်နဲ့ပဲ ဖြေရှင်းခိုင်းပါ။ ကျွန်တော့်ညီက တုံးတယ်၊ လူချမ်းသာတွေရဲ့အရှုပ်ထုပ်တွေကို မဖြေရှင်းနိုင်ဘူး"
အဘိုးက ဘာမှမပြောလာပါဘူး။
ဟယ်ရှင်းချွမ်ကတော့ ဟယ်ရှင်းလျန်ဘက်လှည့်ကာ
"ပြန်ကျတော့မလား?"
"ပြန်မယ်"
ကားထဲရောက်ပြီးသည့်တိုင်၊ ဟယ်ရှင်းချွမ်ဟာ စကားတစ်ခွန်းမဆိုပေ။
စတီယာရင်ဘီးကိုသာ တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့တယ်၊ လက်ဆစ်တွေတောင် ဖြူတက်လာတဲ့အထိ။
"ကိုကို..."
ဟယ်ရှင်းလျန်က သူ့ကိုကိုရဲ့ဆံပင်တွေကို ထိကိုင်လာတယ်၊ မျက်လုံးတွေထဲကို အလေးအနက်စိုက်ကြည့်လာခဲ့ပြီး
"ကိုကိုက ကျွန်တော့်ရဲ့တစ်ဦးတည်းသောအစ်ကိုပါ။ ဒါက ဘယ်တော့မှမပြောင်းလဲမဲ့အမှန်တရား"
တစ်ဦးတည်းသော အစ်ကို။
ရင်ဘတ်ထဲအစိုင်အခဲတည်နေခဲ့တဲ့ ကျောက်တုံးကြီး...အခုတော့ အောက်လျောကျသွားပြီ။
ကျောက်တုံးရဲ့အနားသတ်တွေကပါ ချောမွေ့သွားခဲ့သလိုလို။
ကိုယ့်ရဲ့ကလေးဆန်မှုကြောင့်၊ ခပ်ရှက်ရှက်ဖြင့် ချောင်းတစ်ချက်ဟန့်မိတယ်။
ပြတင်းပေါက်အပြင်ဘက်သို့ ခေါင်းလှည့်သွားကာ
"အဲ့လိုမပြောပေးလည်း ရပါတယ်"
ဟယ်ရှင်းလျန်ကတော့ ကျေနပ်ပြုံးကြီးဖြင့်။
"ညကျရင် အပြင်ထွက်စားရအောင်! ကျွန်တော်နဲ့ဟန်ချုံး မကြာခင်ပဲတက္ကသိုလ်သွားရတော့မှာ!"
"ဟုတ်ပြီလေ၊ နေရာရွေးထားလိုက်!"
ကားက သူတို့တိုက်ခန်းအိမ်ရာတွေရှိရာထဲ၊ ဝင်ရောက်လာခဲ့ပြီ။
ဟယ်ရှင်းချွမ်က သူ့အိတ်ကပ်သူစမ်းကြည့်လိုက်ပြီး
"အရင်တက်သွားနှင့်၊ စီးကရက်ကုန်သွားလို့ သွားဝယ်လိုက်ဦးမယ်။"
ဟယ်ရှင်းလျန်ကတော့ အိမ်မှာစောင့်နေမဲ့ဟန်ချုံးကိုသာ မြင်ယောင်နေမိတယ်။ သူ့ကိုကိုစကားကို နည်းနည်းလေးတောင်မှ သံသဃမဝင်ဘူး။
"ဆေးလိပ်တွေလျော့သောက်ဦး! ထန်ကောရဲ့ကောင်းကွက်တွေမသင်ဘဲ၊ ဆိုးတာတွေသင်လာရလား!?"
ထို့နောက်မှာတော့၊ ကားပေါ်မှဆင်းသွားတယ်။
ဒီကောင်လေးတောင် အရပ်၁၈၀နီးပါးဖြစ်နေရောပေါ့။ ဟယ်ရှင်းချွမ်ဟာ တိုင်းကြည့်ဖို့မေ့နေခဲ့တယ်။
ဒိုရေမွန်ဖိနပ်တွေကြောင့် စိတ်ကောက်ခဲ့ဖူးတဲ့ကလေးငယ်လေးဟာ...အခုတော့ အရပ်ရှည်ရှည်လူငယ်လေးဖြစ်သွားပါလား။
နေ့ရက်တွေဟာ မနေ့တစ်နေ့ကအတိုင်းပင်။
အချိန်ဆိုတာကြီးက အတော်လေးဆိုးရွားသား။
အတွေးတွေထဲ နစ်မြုပ်နေခဲ့တဲ့ဟယ်ရှင်းချွမ်ကို၊ ကားမှန်ပြတင်းပေါက်ခေါက်သံက နိုးထသွားစေတယ်။
မှန်တံခါးတွေကို ဖွင့်ချလိုက်တော့...
"လူကြီးမင်း၊ ဒီနေရာမှာ ကားရပ်လို့မရဘူးဆိုတာ သိပါရဲ့သလား?"
ဟယ်ရှင်းချွမ်က ဝမ်းသာအားရထအော်တယ်
"ထန်ကော!!!"
"အိုကေ မင်းကိုချီသွားပေးပါ့မယ်။ ဘာတွေထိုင်စိတ်ညစ်နေတာလဲ ဖြူလေးရဲ့?"
ယန်ထန်က ဟယ်ရှင်းချွမ်ကိုကားထဲမှပွေ့ချီတယ်။
ကားကို လော့ခ်ချလိုက်ပြီး၊ ဖြူလေးကိုပွေ့ချီလျက်နဲ့ပဲ ဓာတ်လှေကားထဲဝင်ရောက်လာတယ်။
"အဲ့အသက်ကြီးကြီးစုန်းထီးကြီး! ငါ့ကိုများ ယွမ်၂သန်းပေးမယ်လေး ဘာလေးနဲ့! ရှင်းလျန်ကို စောင့်ရှောက်ပေးခတဲ့! ချင်ခေတ်ကများလာတာလား!? အဘိုးကြီးအတွေးတွေနဲ့!!!"
ယန်ထန်က ခပ်ဖွဖွရယ်ရင်း...သူ့ခါးကိုချိတ်ထားတဲ့ခြေတံရှည်တွေကို ထိန်းကိုင်ကာ၊ တင်ပါးလုံးလုံးလေးကိုလည်း အပေါ်မြှင့်တင်ပေးရတယ်။
ဓာတ်လှေကားထဲမှာ၊ ဟင်းသီးဟင်းရွက်ထုပ်တွေကိုင်ထားတဲ့ အန်တီကြီးတစ်ယောက်လည်းရှိနေတယ်။
သူတို့နှစ်ယောက်ရဲ့အထူးအဆန်းအနေအထားကို မြင်တော့၊ 'အချီခံထားရသူက နေမကောင်းဖြစ်နေတာဖြစ်ရမယ်'လို့ တွေးနေခဲ့တာ။
'အဆင်ပြေရဲ့လား'မေးဖို့ဟန်ပြင်ချိန်မှာပဲ၊ အချီခံထားရသူရဲ့အဆဲစကားတွေကို ကြားလိုက်ရလေရဲ့။
"ချီးပဲ! အရမ်းဒေါသထွက်တယ်! ဟိတ်ကြီးဟန်ကြီးနဲ့ ပြန်ကျေးဇူးဆပ်တာပါလို့ ပြောနေသေးတယ်! သေခါနီးနေပြီကို! ရှင်းလျန်ကို အဲ့အရှုပ်ထုပ်တွေထဲဆွဲသွင်းချင်နေသေးတယ်! အမွေဆက်ခံပါတဲ့! သေလိုက်လေ!!! အဲ့လောက်ချမ်းသာနေရင်လည်း၊ ဘာလို့စောစောစီးစီးလာမရှာရတာလဲ!? အမွေပေးစရာလူမရှိတော့မှ၊ ငါ့သမီးလေးလာလုပ်ပြနေတယ်! ငါ့ကိုရော ပိုက်ဆံပေးရအောင် ဘာထင်နေလို့လဲ!?"
အန်တီကြီးကတော့ မျက်လုံးအပြူးသား...ပါးစပ်အဟောင်းသားဖြစ်သွားရပါပြီ။
သူမရဲ့အထပ်ကိုရောက်ချိန်မှာ၊ ဓာတ်လှေကားထဲမှ ခပ်သုတ်သုတ်ပြေးထွက်သွားလေရဲ့။
အိမ်တံခါးထဲမဝင်ရသေးခင်၊ ဟယ်ရှင်းချွမ်ဟာ စိတ်တည်ငြိမ်သွားဖို့ မနည်းပြန်ကြိုးစားနေရတယ်။
မျက်နှာပေးလေးကို ပြန်ပြင်နေရင်း
"ငါ့ကိုကြည့်ရတာ ဘယ်လိုနေလဲ?"
ယန်ထန်ကတော့ အပြုံးနဲ့မတူတဲ့လုပ်ပြုံးကြီးကြောင့်၊ ဘယ်လိုပြန်ဖြေရမလဲတောင် မသိတော့ပေ။
"အရမ်းကို...ထူးခြားနေတာမျိုးလား?"
ယန်ထန့်ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး၊ အိမ်တံခါးဆွဲဖွင့်ကာ အိမ်ထဲဝင်တယ်။
ဧည့်ခန်းထဲမှာတော့ ဘယ်သူမှရှိမနေခဲ့ဘူး။
စိတ်ပူမိချိန်မှာပဲ၊ မီးဖိုခန်းဆီမှ အသံထွက်လာပါတယ်။
"အစ်ကိုရှင်းချွမ်! ပြန်ရောက်လာပြီလား? ကျွန်တော့်အမေက လက်ဖက်ခြောက်တွေထည့်ပေးလိုက်တယ်။ ဖျော်ပေးရမလား?"
"ကောင်းတယ်လေ၊ ဒါနဲ့ ရှင်းလျန်ရော?"
ယန်ထန်က ဝင်ပြောလိုက်တယ်၊ ဟယ်ရှင်းချွမ်ချွတ်ထားခဲ့တဲ့ ဖရိုဖရဲဖိနပ်တွေကို ပြန်စီပေးရင်းပေါ့။
"တက္ကသိုလ်အတွက် အဝတ်အစားအိတ်ပြင်နေတယ်၊ အခန်းထဲမှာ!"
ဟယ်ရှင်းချွမ်ဟာ ဘယ်သောအခါမှ၊ သူ့ရဲ့ဒေါသတွေကို တစ်ခြားလူတွေရှေ့ထုတ်ဖော်မပြတတ်ဘူး။
ယန်ထန်ရှေ့ကလွဲရင်ပေါ့။
ဟယ်ရှင်းလျန်အခန်းထဲ ဝင်ရောက်သွားခဲ့ပြီး၊ ကလေးနှစ်ယောက်ရဲ့အဝတ်အစားသိမ်းဆည်းခြင်းကို ကူညီပေးနေခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]
႐ုံးခ်ဳပ္သြားၿပီး စာခ်ဳပ္ခ်ဳပ္ဆိုဖို႔စီစဥ္ထားတဲ့ ဟယ္ရွင္းခြၽမ္ဟာ၊ ဖန္က်င္းဇီနဲ႔တိုင္ပင္ကာ ထိုကိစၥကိုေခတၱဆိုင္းငံ့လိုက္ရတယ္။
ဟယ္ရွင္းလ်န္က ေန႔လည္ခင္းေလာက္မွပဲ အိမ္ျပန္ေရာက္လာတယ္၊ သူ႔ေနာက္မွာေတာ့ စိတ္နဲ႔လူနဲ႔ကပ္ပုံမေပၚတဲ့ဟန္ခ်ဳံး။
"ေဟး၊ ေရာက္လာက်ၿပီလား? ဟန္ခ်ဳံး ကိုယ့္ဟာကိုယ္သာ ေရခပ္ေသာက္လိုက္ေတာ့"
ဟန္ခ်ဳံးက ေခါင္းညိတ္ျပရင္း၊ ေရေသာက္ဖို႔အတြက္ မီးဖိုခန္းထဲအေျပးဝင္သြားတယ္။
ဟယ္ရွင္းခြၽမ္က သူ႔ရဲ႕ေယာက္မေလးအေပၚဆို အၿမဲမာေက်ာေက်ာနဲ႔။ သို႔ေသာ္လည္း၊ ဟယ္ရွင္းလ်န္နဲ႔ဆင္တူေရခြက္ေလးကိုေတာ့ ဝယ္ေပးထားပါတယ္။
ေရျဖည့္ေနတုန္းမွာပဲ၊ ဟယ္ရွင္းခြၽမ္ရဲ႕စကားေျပာသံကို ၾကားလိုက္တယ္။
ဟန္ခ်ဳံးက ညီအစ္ကိုႏွစ္ေယာက္ရဲ႕စကားဝိုင္းထဲကို မဝင္ခ်င္ေသးဘူး။ အဲ့ေတာ့ နံရံကိုမွီရပ္ရင္း၊ စကားဝိုင္းရဲ႕အဆုံးသတ္ကို ေစာင့္ဆိုင္းေနလိုက္တယ္။
ခဏအၾကာမွာ၊ ဟယ္ရွင္းလ်န္က မီးဖိုခန္းထဲေရာက္လာတယ္။
ေရခြက္ကိုင္ထားတဲ့သူ႔ကို ျမင္ေတာ့
"ေရေတြဘယ္ႏွခြက္ေတာင္ ေသာက္ထားလဲ?"
ဟန္ခ်ဳံးက လက္ခ်ိဳးေရၾကည့္တယ္။
ၿပီးေတာ့၊ လက္သုံးေခ်ာင္းေထာင္ျပလာပါတယ္။
"ငတုံးေလး"
ဟယ္ရွင္းလ်န္ဟာ တစ္စုံတစ္ခုကိုေတြးမိေတာ့...သက္ျပင္းခ်ျဖစ္သြားတယ္။
ဟန္ခ်ဳံးကို ဖက္တြယ္လာကာ
"မနက္ျဖန္ သြားေတြ႕ရမဲ့လူရွိတယ္။ ငါ့ကို အိမ္မွာေစာင့္ေနေပးေနာ္? ငါ့အိမ္မွာ"
ဟန္ခ်ဳံးက ဟယ္ရွင္းလ်န္ဆံပင္ေတြကို ပြတ္သပ္ေပးေနတယ္။
"အင္း၊ မင္းျပန္လာရင္ ငါတို႔အဝတ္အစားေတြသိမ္းရေအာင္ေလ။ ရက္ပိုင္းအတြင္းမွာပဲ၊ တကၠသိုလ္သြားရေတာ့မွာ။ ေနေရာင္ခံခရင္မ္ဝယ္ဖို႔မေမ့နဲ႔! အိပ္ရာခင္းေရာ! ငါတို႔ေတြ အေဆာင္မွာေနရမလား? အျပင္မွာအိမ္ငွါးေနရမလား? အေဆာင္မွာေနရင္ အဆင္ေျပပါ့မလား? ငါပိုက္ဆံစုထားတာ ရွိတယ္၊ ငါတို႔အိမ္ငွါးေနက်ရင္ေရာ?..."
လြတ္လပ္တဲ့ တကၠသိုလ္ေက်ာင္းသားဘဝ။
ဒီလိုအေၾကာင္းအရာေလးေတြ ၾကားရေတာ့၊ ဟယ္ရွင္းလ်န္ႏွလုံးသားဟာ အလိုလိုပင္ေႏြးေထြးလို႔။
ခါးေသးေသးေလးကို တင္းၾကပ္စြာဖက္တြယ္ရင္း...ရင္ခြင္ငယ္ေလးထဲ ေခါင္းစိုက္မိရင္း...ခပ္တိုးတိုးေလး သေဘာတူသံျပဳတယ္။
...
ေဆး႐ုံ။
ဟယ္ရွင္းခြၽမ္ ေနာက္ဆုံးတစ္ေခါက္လာျဖစ္ခဲ့တာက၊ ယန္ထန္႔အဘြားေနမေကာင္းခ်ိန္တုန္းက။
ဒါေပမဲ့၊ ဒီတစ္ခါကေတာ့ လစ္ဟာမႈခံစားခ်က္ေတြသာ ရင္ထဲျပည့္သိပ္ေနခဲ့တယ္။
ေဆး႐ုံထဲမွာက ေဆးလိပ္ေသာက္လို႔မရဘူး။
ေဘာင္းဘီအိတ္ကပ္ထဲက စီးကရက္လိပ္ကို ခပ္တင္းတင္းဆုပ္ကိုင္မိတယ္။
ဟယ္ရွင္းလ်န္ ေဆး႐ုံခန္းထဲဝင္သြားတာ...နာရီဝက္ရွိေနၿပီ။ ဒီေဆး႐ုံရဲ႕အသံလုံမႈက ေကာင္းလြန္းအားႀကီးလို႔၊ ဘယ္လိုအသံမွမၾကားႏိုင္ဘူး။
"ေရေသာက္ဦးမလား?"
သူ႔ေဘးမွအမ်ိဳးသားက ေရဗူးကမ္းေပးတယ္။
ေရဗူးကို လက္ခံလိုက္ေပမဲ့၊ ေရေတာ့ မေသာက္ျဖစ္ေပ။
"ေက်းဇူးတင္ပါတယ္"
ဒီအမ်ိဳးသားက ဟယ္ရွင္းလ်န္အဘိုးရဲ႕တူ။
ယုံၾကည္စိတ္ခ်ရတဲ့တူလို႔ေတာ့ ေျပာတာပါပဲ။
ေပ်ာက္သြားတဲ့သမီးကို ျပန္ရွာေပးတယ္၊ လူကုန္ကူးခံရတာ ၁၀ႏွစ္ေက်ာ္ေနၿပီျဖစ္တဲ့သမီး။
"ကိုကို ဝင္လာခဲ့"
ဟယ္ရွင္းလ်န္က အခန္းတံခါးဝမွလွမ္းေခၚတယ္၊ အသံကေတာ့ အနည္းငယ္ဩရွရွျဖင့္။
လက္ထဲကစီးကရက္လိပ္ကို အမႈိက္ပုံးထဲပစ္ထည့္ၿပီး၊ ေဆး႐ုံခန္းထဲ ဝင္သြားလိုက္တယ္။
အဘိုးက ေဆး႐ုံကုတင္ေပၚလွဲေလ်ာင္းေနခဲ့တယ္။
ႏွာေခါင္းမွာလည္း ေအာက္စီဂ်င္ပိုက္နဲ႔။
ဟယ္ရွင္းခြၽမ္ဆီ ေရာက္လာခဲ့ၿပီး၊ ဟယ္ရွင္းလ်န္အေၾကာင္းေမးျမန္းခဲ့တဲ့ အဘိုးမွဟုတ္ပါေသးရဲ႕လား?
"သားက...ရွင္းခြၽမ္မဟုတ္လား?"
"ဟုတ္ကဲ့"
အဘိုးက သူ႔ဘက္ေစာင္းၾကည့္လာၿပီး
"ရွင္းလ်န္ကို ေစာင့္ေရွာက္ေပးခဲ့တာ...ေက်းဇူးတင္ပါတယ္"
ဟယ္ရွင္းခြၽမ္ဟာ မ်က္ခုံးပင့္မိသြားတယ္။
"ကြၽန္ေတာ့္ညီကို ကြၽန္ေတာ္ေစာင့္ေရွာက္ေပးတာ၊ ေက်းဇူးတင္စရာအေၾကာင္းမရွိပါဘူး"
ဟယ္ရွင္းလ်န္က အံ့အားသင့္သြားပုံပင္။
မ်က္လုံးေထာင့္ေတြဟာ နီရဲလာခဲ့ၿပီး၊ ေခါင္းငုံ႔ကာ မ်က္လုံးေတြကိုပြတ္သပ္ေနတယ္။
အဘိုးက လူကုန္ကူးခံလိုက္ရတဲ့ သူ႔သမီးအေၾကာင္းကိုေျပာျပလာတယ္၊ ဘယ္လိုရွာခဲ့သလဲကိုေရာပဲ။
ဟယ္ရွင္းခြၽမ္အေတြးကေတာ့...ယန္ထန္နဲ႔အေနၾကာသြားလို႔ျဖစ္ရမယ္၊ ႏွလုံးသားမာေၾကာတတ္ေအာင္ သင္ယူမိထားတယ္။
ဟုတ္တယ္...သူ႔ရဲ႕သမီး...သူ႔ရဲ႕ေျမး။
အခ်ိန္အၾကာႀကီးအတူရွိခဲ့တဲ့ ကြၽန္ေတာ့္ရဲ႕ခ်စ္ျခင္းေမတၱာေတြက၊ ခင္ဗ်ားရဲ႕ေသြးသားဆိုတာႀကီးေလာက္ မနက္ရႈိင္းဘူးလို႔ထင္ေနတာလား?
ဟယ္ရွင္းခြၽမ္ဟာ ခုံမွာထိုင္ရင္း၊ အဘိုးရဲ႕ပုံျပင္ရွည္ေတြကို နားေထာင္ေနခဲ့တယ္။
ပုံျပင္အဆုံးသတ္ေရာက္ခ်ိန္မွာေတာ့၊ မတ္တပ္ထရပ္လိုက္ကာ
"အဘိုးရဲ႕ေနာက္ဆုံးအခ်ိန္ကို ရွင္းလ်န္နဲ႔အတူကုန္ဆုံးခ်င္တာ၊ ကြၽန္ေတာ္မတားပါဘူး။ ဒါေပမဲ့ အဘိုးရဲ႕အိမ္တြင္းေရးျပႆနာေတြကို တူျဖစ္ျဖစ္ သားျဖစ္ျဖစ္နဲ႔ပဲ ေျဖရွင္းခိုင္းပါ။ ကြၽန္ေတာ့္ညီက တုံးတယ္၊ လူခ်မ္းသာေတြရဲ႕အရႈပ္ထုပ္ေတြကို မေျဖရွင္းႏိုင္ဘူး"
အဘိုးက ဘာမွမေျပာလာပါဘူး။
ဟယ္ရွင္းခြၽမ္ကေတာ့ ဟယ္ရွင္းလ်န္ဘက္လွည့္ကာ
"ျပန္က်ေတာ့မလား?"
"ျပန္မယ္"
ကားထဲေရာက္ၿပီးသည့္တိုင္၊ ဟယ္ရွင္းခြၽမ္ဟာ စကားတစ္ခြန္းမဆိုေပ။
စတီယာရင္ဘီးကိုသာ တင္းၾကပ္စြာဆုပ္ကိုင္ထားခဲ့တယ္၊ လက္ဆစ္ေတြေတာင္ ျဖဴတက္လာတဲ့အထိ။
"ကိုကို..."
ဟယ္ရွင္းလ်န္က သူ႔ကိုကိုရဲ႕ဆံပင္ေတြကို ထိကိုင္လာတယ္၊ မ်က္လုံးေတြထဲကို အေလးအနက္စိုက္ၾကည့္လာခဲ့ၿပီး
"ကိုကိုက ကြၽန္ေတာ့္ရဲ႕တစ္ဦးတည္းေသာအစ္ကိုပါ။ ဒါက ဘယ္ေတာ့မွမေျပာင္းလဲမဲ့အမွန္တရား"
တစ္ဦးတည္းေသာ အစ္ကို။
ရင္ဘတ္ထဲအစိုင္အခဲတည္ေနခဲ့တဲ့ ေက်ာက္တုံးႀကီး...အခုေတာ့ ေအာက္ေလ်ာက်သြားၿပီ။
ေက်ာက္တုံးရဲ႕အနားသတ္ေတြကပါ ေခ်ာေမြ႕သြားခဲ့သလိုလို။
ကိုယ့္ရဲ႕ကေလးဆန္မႈေၾကာင့္၊ ခပ္ရွက္ရွက္ျဖင့္ ေခ်ာင္းတစ္ခ်က္ဟန္႔မိတယ္။
ျပတင္းေပါက္အျပင္ဘက္သို႔ ေခါင္းလွည့္သြားကာ
"အဲ့လိုမေျပာေပးလည္း ရပါတယ္"
ဟယ္ရွင္းလ်န္ကေတာ့ ေက်နပ္ၿပဳံးႀကီးျဖင့္။
"ညက်ရင္ အျပင္ထြက္စားရေအာင္! ကြၽန္ေတာ္နဲ႔ဟန္ခ်ဳံး မၾကာခင္ပဲတကၠသိုလ္သြားရေတာ့မွာ!"
"ဟုတ္ၿပီေလ၊ ေနရာေ႐ြးထားလိုက္!"
ကားက သူတို႔တိုက္ခန္းအိမ္ရာေတြရွိရာထဲ၊ ဝင္ေရာက္လာခဲ့ၿပီ။
ဟယ္ရွင္းခြၽမ္က သူ႔အိတ္ကပ္သူစမ္းၾကည့္လိုက္ၿပီး
"အရင္တက္သြားႏွင့္၊ စီးကရက္ကုန္သြားလို႔ သြားဝယ္လိုက္ဦးမယ္။"
ဟယ္ရွင္းလ်န္ကေတာ့ အိမ္မွာေစာင့္ေနမဲ့ဟန္ခ်ဳံးကိုသာ ျမင္ေယာင္ေနမိတယ္။ သူ႔ကိုကိုစကားကို နည္းနည္းေလးေတာင္မွ သံသဃမဝင္ဘူး။
"ေဆးလိပ္ေတြေလ်ာ့ေသာက္ဦး! ထန္ေကာရဲ႕ေကာင္းကြက္ေတြမသင္ဘဲ၊ ဆိုးတာေတြသင္လာရလား!?"
ထို႔ေနာက္မွာေတာ့၊ ကားေပၚမွဆင္းသြားတယ္။
ဒီေကာင္ေလးေတာင္ အရပ္၁၈၀နီးပါးျဖစ္ေနေရာေပါ့။ ဟယ္ရွင္းခြၽမ္ဟာ တိုင္းၾကည့္ဖို႔ေမ့ေနခဲ့တယ္။
ဒိုေရမြန္ဖိနပ္ေတြေၾကာင့္ စိတ္ေကာက္ခဲ့ဖူးတဲ့ကေလးငယ္ေလးဟာ...အခုေတာ့ အရပ္ရွည္ရွည္လူငယ္ေလးျဖစ္သြားပါလား။
ေန႔ရက္ေတြဟာ မေန႔တစ္ေန႔ကအတိုင္းပင္။
အခ်ိန္ဆိုတာႀကီးက အေတာ္ေလးဆိုး႐ြားသား။
အေတြးေတြထဲ နစ္ျမဳပ္ေနခဲ့တဲ့ဟယ္ရွင္းခြၽမ္ကို၊ ကားမွန္ျပတင္းေပါက္ေခါက္သံက ႏိုးထသြားေစတယ္။
မွန္တံခါးေတြကို ဖြင့္ခ်လိုက္ေတာ့...
"လူႀကီးမင္း၊ ဒီေနရာမွာ ကားရပ္လို႔မရဘူးဆိုတာ သိပါရဲ႕သလား?"
ဟယ္ရွင္းခြၽမ္က ဝမ္းသာအားရထေအာ္တယ္
"ထန္ေကာ!!!"
"အိုေက မင္းကိုခ်ီသြားေပးပါ့မယ္။ ဘာေတြထိုင္စိတ္ညစ္ေနတာလဲ ျဖဴေလးရဲ႕?"
ယန္ထန္က ဟယ္ရွင္းခြၽမ္ကိုကားထဲမွေပြ႕ခ်ီတယ္။
ကားကို ေလာ့ခ္ခ်လိုက္ၿပီး၊ ျဖဴေလးကိုေပြ႕ခ်ီလ်က္နဲ႔ပဲ ဓာတ္ေလွကားထဲဝင္ေရာက္လာတယ္။
"အဲ့အသက္ႀကီးႀကီးစုန္းထီးႀကီး! ငါ့ကိုမ်ား ယြမ္၂သန္းေပးမယ္ေလး ဘာေလးနဲ႔! ရွင္းလ်န္ကို ေစာင့္ေရွာက္ေပးခတဲ့! ခ်င္ေခတ္ကမ်ားလာတာလား!? အဘိုးႀကီးအေတြးေတြနဲ႔!!!"
ယန္ထန္က ခပ္ဖြဖြရယ္ရင္း...သူ႔ခါးကိုခ်ိတ္ထားတဲ့ေျခတံရွည္ေတြကို ထိန္းကိုင္ကာ၊ တင္ပါးလုံးလုံးေလးကိုလည္း အေပၚျမႇင့္တင္ေပးရတယ္။
ဓာတ္ေလွကားထဲမွာ၊ ဟင္းသီးဟင္း႐ြက္ထုပ္ေတြကိုင္ထားတဲ့ အန္တီႀကီးတစ္ေယာက္လည္းရွိေနတယ္။
သူတို႔ႏွစ္ေယာက္ရဲ႕အထူးအဆန္းအေနအထားကို ျမင္ေတာ့၊ 'အခ်ီခံထားရသူက ေနမေကာင္းျဖစ္ေနတာျဖစ္ရမယ္'လို႔ ေတြးေနခဲ့တာ။
'အဆင္ေျပရဲ႕လား'ေမးဖို႔ဟန္ျပင္ခ်ိန္မွာပဲ၊ အခ်ီခံထားရသူရဲ႕အဆဲစကားေတြကို ၾကားလိုက္ရေလရဲ႕။
"ခ်ီးပဲ! အရမ္းေဒါသထြက္တယ္! ဟိတ္ႀကီးဟန္ႀကီးနဲ႔ ျပန္ေက်းဇူးဆပ္တာပါလို႔ ေျပာေနေသးတယ္! ေသခါနီးေနၿပီကို! ရွင္းလ်န္ကို အဲ့အရႈပ္ထုပ္ေတြထဲဆြဲသြင္းခ်င္ေနေသးတယ္! အေမြဆက္ခံပါတဲ့! ေသလိုက္ေလ!!! အဲ့ေလာက္ခ်မ္းသာေနရင္လည္း၊ ဘာလို႔ေစာေစာစီးစီးလာမရွာရတာလဲ!? အေမြေပးစရာလူမရွိေတာ့မွ၊ ငါ့သမီးေလးလာလုပ္ျပေနတယ္! ငါ့ကိုေရာ ပိုက္ဆံေပးရေအာင္ ဘာထင္ေနလို႔လဲ!?"
အန္တီႀကီးကေတာ့ မ်က္လုံးအျပဴးသား...ပါးစပ္အေဟာင္းသားျဖစ္သြားရပါၿပီ။
သူမရဲ႕အထပ္ကိုေရာက္ခ်ိန္မွာ၊ ဓာတ္ေလွကားထဲမွ ခပ္သုတ္သုတ္ေျပးထြက္သြားေလရဲ႕။
အိမ္တံခါးထဲမဝင္ရေသးခင္၊ ဟယ္ရွင္းခြၽမ္ဟာ စိတ္တည္ၿငိမ္သြားဖို႔ မနည္းျပန္ႀကိဳးစားေနရတယ္။
မ်က္ႏွာေပးေလးကို ျပန္ျပင္ေနရင္း
"ငါ့ကိုၾကည့္ရတာ ဘယ္လိုေနလဲ?"
ယန္ထန္ကေတာ့ အၿပဳံးနဲ႔မတူတဲ့လုပ္ၿပဳံးႀကီးေၾကာင့္၊ ဘယ္လိုျပန္ေျဖရမလဲေတာင္ မသိေတာ့ေပ။
"အရမ္းကို...ထူးျခားေနတာမ်ိဳးလား?"
ယန္ထန္႔ကို မ်က္ေစာင္းတစ္ခ်က္ထိုးလိုက္ၿပီး၊ အိမ္တံခါးဆြဲဖြင့္ကာ အိမ္ထဲဝင္တယ္။
ဧည့္ခန္းထဲမွာေတာ့ ဘယ္သူမွရွိမေနခဲ့ဘူး။
စိတ္ပူမိခ်ိန္မွာပဲ၊ မီးဖိုခန္းဆီမွ အသံထြက္လာပါတယ္။
"အစ္ကိုရွင္းခြၽမ္! ျပန္ေရာက္လာၿပီလား? ကြၽန္ေတာ့္အေမက လက္ဖက္ေျခာက္ေတြထည့္ေပးလိုက္တယ္။ ေဖ်ာ္ေပးရမလား?"
"ေကာင္းတယ္ေလ၊ ဒါနဲ႔ ရွင္းလ်န္ေရာ?"
ယန္ထန္က ဝင္ေျပာလိုက္တယ္၊ ဟယ္ရွင္းခြၽမ္ခြၽတ္ထားခဲ့တဲ့ ဖ႐ိုဖရဲဖိနပ္ေတြကို ျပန္စီေပးရင္းေပါ့။
"တကၠသိုလ္အတြက္ အဝတ္အစားအိတ္ျပင္ေနတယ္၊ အခန္းထဲမွာ!"
ဟယ္ရွင္းခြၽမ္ဟာ ဘယ္ေသာအခါမွ၊ သူ႔ရဲ႕ေဒါသေတြကို တစ္ျခားလူေတြေရွ႕ထုတ္ေဖာ္မျပတတ္ဘူး။
ယန္ထန္ေရွ႕ကလြဲရင္ေပါ့။
ဟယ္ရွင္းလ်န္အခန္းထဲ ဝင္ေရာက္သြားခဲ့ၿပီး၊ ကေလးႏွစ္ေယာက္ရဲ႕အဝတ္အစားသိမ္းဆည္းျခင္းကို ကူညီေပးေနခဲ့ပါတယ္။