လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

By Indolent-Senorita

827K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... More

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)

7K 1.2K 67
By Indolent-Senorita

Scroll down for Zawgyi.

Unicode

​ပေါ်ယွီခမျာ သူ့ဗိုက်ထဲက က​လေး​လေးနဲ့ပတ်သတ်ပြီး တစ်ခုခုလွဲမှား​နေမှာကို စိုးရိမ်ပူပန်​နေရတယ်ဆို​ပေမယ့် စုန့်ရှီလင်က အဲဒီကိစ္စအား ရိပ်မိသွားမှာကို သူ ပိုမို​ကြောက်ရွံ့​နေမိသည်။ဒါ​ကြောင့် သူ့ကို ဘယ်သူမှ သတိမထားမိခင် ​ပေါ်ယွီ ကားတစ်စီး​ပေါ်ကို တိတ်တိတ်​လေး တက်ကာ အ​ဝေးကို ​မောင်းထွက်သွားလိုက်သည်။

ဒါ​ပေမယ့် သူ့ရဲ့အပြုအမူ​တွေက စုန့်ရှီလင်ရဲ့သံသယစိတ်​တွေကို နှိုးဆွမိသွားလား ၊ မနှိုးဆွမိဘူးလား ဒါမှမဟုတ် သူ့ရဲ့လျှို့ဝှက်ချက်ကို ပိုမြန်မြန် ​ဖော်ထုတ်လိုက်သလိုဖြစ်သွားမလားဆိုတာ​တွေ စဉ်းစား​နေဖို့ ​ပေါ်ယွီအတွက် အချိန်မရှိ​ပေ။အခုချိန်မှာ သူ ​တွေး​နေတာက .............

ဒီ​နေရာက​နေ ထွက်သွားရမယ် !!!

​ပေါ်ယွီ ကား​မောင်း​နေရင်းနဲ့ပဲ သူ့အိတ်ကပ်ထဲက ဖုန်းကို တုန်ယင်​နေတဲ့ လက်​တွေနဲ့ ဆွဲထုတ်လိုက်သည် ______ ​မော့အန်းယွီနဲ့အဲဒီတစ်သိုက်က သူ့ကို ကြိုးပဲချည်ထားခဲ့တာဖြစ်ပြီး သူ့ရဲ့ကိုယ်​ရေးကိုယ်တာပစ္စည်း​တွေကို စစ်​ဆေးသိမ်းယူတာမျိုးမလုပ်​ချေ။

" ​လောင်ဟန် , ကျွန်​တော်ပါ .......... "

______________

ဟန်ကျစ်ယွီဟာ ​​ပေါ်ယွီ ဒီ​နေရာကို ​ရောက်မလာခင် မိနစ်နှစ်ဆယ်​လောက်ကတည်းက ​ကြိုစောင့်​နေသည်။သူက စိတ်တင်းကြပ်​နေတဲ့ မျက်နှာအမူအရာနဲ့အတူ ​ပေါ်ယွီဆီ ကူညီ​ထိန်းပေးလို့ရ​အောင် ​လျှောက်လာပြီး စကား​ပြောရင်းနှင့်ပင် အ​ရေး​ပေါ်ဓါတ်​လှေကားဆီကို လျင်မြန်စွာ ​ရှေ့က​နေ ဦး​ဆောင်သွားလိုက်သည်။   " ဘာဖြစ်ခဲ့တာလဲ ? "

" ပြီးခဲ့တဲ့နှစ်ရက်​လောက်ကတည်းက ကျွန်​တော် သိပ်​နေမ​ကောင်းချင်ဘူး။ ကျွန်​တော် စိတ်ပူတာက ............. "   ​ပေါ်ယွီ စကားကို ​ခေတ္တ ရပ်တန့်လိုက်ပြီး မျက်​မှောင်ကြုတ်ကာ ဘာ​တွေဖြစ်ခဲ့တယ်ဆိုတာကို အမှန်အတိုင်း အကျဉ်းချုံး​ပြောပြလိုက်သည်။

ဟန်ကျစ်ယွီဟာ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ​ပေါ်ယွီကို က​လေး​မွေးဖို့ ကူညီ​ပေးခဲ့တဲ့ ကိုယ်​ရေးဆရာ၀န်ဖြစ်သည်။ဟန်ကျစ်ယွီရဲ့ လိင်တူချစ်သူကလည်း သူ့လိုမျိုးပင် ကိုယ်၀န်​ဆောင်နိုင်တာ​ကြောင့် ​ပေါ်ယွီ သူ့ကို အကူအညီ​တောင်းရဲခဲ့သည်။

ဟန်ကျစ်ယွီက ​ပေါ်ယွီကို ဋ္ဌာနတွင်း၀န်ထမ်း​တွေအတွက်သာထားတဲ့ သီးသန့်ဓါတ်​လှေကားဆီ ​ခေါ်သွားကာ အထပ်​ရွေးတဲ့ ခလုတ်ကို နှိပ်လိုက်ပြီး ခပ်မြန်မြန် ဆိုလိုက်သည်။   " ငါ တစ်ယောက်​ယောက်ကို ပစ္စည်းကိရိယာ​တွေ အဆင်သင့်ပြင်ဖို့ ​ပြောထားပြီးပြီ။ ခဏ​နေရင် မင်း ခန္ဓာကိုယ် စစ်​ဆေးမှုလုပ်ရမယ်။ အကယ်၍များ မင်းမှာ တကယ်ပဲ ...... ရှိ​နေရင် ငါ ​ကြောက်တာက တစ်ခုခု မှား​နေမှာကိုပဲ "

ဒါက ကုန်ကျ​ငွေ​စျေးနှုန်းတန်ဖိုး အလွန်မြင့်မားပြီး ယုံကြည်စိတ်ချရမှု အပြည့်အ၀ရှိတဲ့ ပုဂ္ဂလိကကိုယ်ပိုင်​ဆေးရုံကြီးတစ်ခုဖြစ်သည်။ဒါ​ကြောင့် ​ယေဘုယျအားဖြင့် ​ပြောရရင် သူတို့​တွေက ဟွားချန်မြို့​တော်ရဲ့ လူကုံထံအသိုင်းအဝိုင်းကိုသာ ၀န်​ဆောင်မှု​ပေး​လေ့ရှိသည်။

ပြီး​တော့ ဟန်ကျစ်ယွီက ဒီပုဂ္ဂလိက​ဆေးရုံရဲ့ ​ဆေးရုံအုပ်ကြီးဖြစ်တာ​ကြောင့် ​ပေါ်ယွီရဲ့ခန္ဓာကိုယ်စစ်​ဆေးမှု လုပ်ဖို့အတွက် သီးသန့်အခန်းတစ်ခုနဲ့ စက်ပစ္စည်းကိရိယာ​တွေကို အချိန်တိုအတွင်း စီစဉ်နိုင်စွမ်းရှိသည်။

အဲဒီစကားကို ကြားတဲ့အခါ ​ပေါ်ယွီက ဟန်ကျစ်ယွီရဲ့လက်​တွေကို ဆုပ်ကိုင်လိုက်ပြီး အံတင်းတင်းကြိတ်ကာ တစ်လုံးချင်း​သေချာဖိ​ပြောလိုက်သည်။   " တကယ်လို့​လေ ကျွန်​တော် ကိုယ်၀န်ရှိ​နေတာမှန်ရင် ​ကျေးဇူးပြုပြီး  က​လေးကို ကာကွယ်​ပေးပါ ! "

အကယ်၍ အဆိုးဝါးဆုံး​တွေ ဖြစ်လာမယ်ဆိုရင် သူ entertainment ​လောကက​နေ အပြီးအပိုင် အနားယူလိုက်ပြီး အဲဒီပုဂ္ဂိုလ်ကို ​တောင်းပန်မယ်။ ဘာပဲဖြစ်ဖြစ် သူ သူ့ကို ဘယ်​တော့မှ တစ်​ယောက်တည်းထားခဲ့မှာမဟုတ်ဘူး။
{ T / N ; I also don't know whom BoYu wants to indicate . Maybe his relative or parents _ it is just my thought }

စုန့်ရှီလင်က​ရော ......

​ပေါ်ယွီဟာ မသိစိတ်က​နေပြီး စုန့်ရှီလင်ကို သူ့ဘ၀အစီအစဉ်ထဲမှာ ထည့်မတွက်ဘဲ ချန်လှပ်ထားမိသည်။

ဟန်ကျစ်ယွီ သက်ပြင်းချလိုက်သည်။သူလည်းပဲ ဖခင်တစ်ယောက်ဖြစ်တာ​ကြောင့် ​ပေါ်ယွီကို သူ အလိုလို နားလည်သည်။သူ ​ပေါ်ယွီကို နှစ်သိမ့်​ပေးဖို့ ကြိုးစားလိုက်သည်။   " အင်းပါ ၊ အရမ်းကြီးလည်း မစိုးရိမ်ပါနဲ့ "

သူ့ရဲ့အသံ ဆိတ်ငြိမ်သွားချိန်မှာ ဓါတ်​လှေကားက (၁၈)လွှာတွင် ရပ်တန့်သွားခဲ့သည်။

ဟန်ကျစ်ယွီက ​ပေါ်ယွီကို ခုံတန်းရှည်​ပေါ်မှာ ထိုင်ဖို့ ကူညီ​ပေးကာ ​ပြောလိုက်သည်။   " ငါ အရင်သွားပြင်ဆင်လိုက်ဦးမယ်။ မင်း ငါ့ကို ဒီမှာ ခဏ​စောင့်​နေဦး​နော် "

​ပေါ်ယွီမှာ ဖြူ​ဖျော့​နေတဲ့ မျက်နှာနဲ့အတူ အားနည်းစွာ ​ခေါင်းငြိမ့်ပြလိုက်သည်။သူက ​ခေါင်းကို ငုံ့ထားတာ​ကြောင့် သူ ဘာ​တွေစဉ်းစား​နေတယ်ဆိုတာ ဘယ်သူမှ မသိ​ချေ။

ဟန်ကျစ်ယွီ ထွက်သွားပြီး​နောက် ခဏ​လောက်အကြာ လူသူကင်းရှင်း​နေတဲ့ စင်္ကြန်လမ်း​ပေါ်တွင် ​ဒေါက်ဖိနပ်သံတစ်ခု ထွက်​ပေါ်လာသည်။အဲဒီ​နောက် အမျိုးသမီးတစ်ဦးရဲ့ အနည်းငယ် အံ့သြ​နေတဲ့ အသံကိုပါ ကြားလိုက်ရသည်။   " မင်းက ​ပေါ်ယွီမလား ??? "

မသိစိတ်က​နေ ​ပေါ်ယွီ ​ဝိုးတဝါးနဲ့ ​မော့ကြည့်လိုက်တဲ့အခါ သူ့​ရှေ့မှာ ရပ်​နေတဲ့ စုန့်ရှီလင်ရဲ့အ​မေကို ​တွေ့လိုက်ရသည်။ရုတ်တရက် ​ပေါ်ယွီ တစ်ကိုယ်လုံး ​တောင့်တင်းသွားပြီး ​ပြောလိုက်သည်။   " မဒမ်စုန့် , မင်္ဂလာပါ ...... "

စုန့်ရှီလင်အ​မေက သူမလက်ထဲမှာ ​ဆေးစစ်မှုစာရင်းကို ကိုင်ထားရင်း မျက်​မှောင်ကြုတ်ကာ ​ပြောလာခဲ့သည်။   " မင်း ဘာကိစ္စ ဒီကို​ရောက်​နေတာလဲ ??? "

​ပေါ်ယွီ ပျာယာခတ်သွားပြီး သတိလက်လွတ်နဲ့ တစ်စုံတစ်ခုကို ​ရှောင်လွှဲဖို့ ကြိုးစား​နေမိသည်။သူ ချက်ချင်း မတ်တပ်ထရပ်ကာ တန်း​ပြောလိုက်သည်။   " ကျွန်​တော် နည်းနည်း မသက်မသာဖြစ်နေလို့ အရင်သွားခွင့်ပြုပါဦး "

စုန့်ရှီလင်အ​မေက သူမလက်ကို ဆန့်ထုတ်ပြီး ​ပေါ်ယွီကို တားဆီးလိုက်သည်။   " ​ရှောင်ချူက ငါ့ကို ​ပြောတယ်။ မင်းတို့​တွေဆီမှာ ကိစ္စတစ်ခုဖြစ်ခဲ့တယ်ဆို။ အဲဒီကိစ္စက မင်း ငါ့သားအ​ပေါ် လိမ်လည်​ဖောက်ပြန်ခဲ့တာမဟုတ်လား ??? "

​ပေါ်ယွီ ​ခေါင်းကို ခါယမ်းကာ အနည်းငယ် ​ကြောက်လန့်​နေတာ​ကြောင့် စုန့်ရှီလင်အ​မေရဲ့အနားက​နေ အခုချက်ချင်း ထွက်သွားဖို့လုပ်လိုက်သည်။

စုန့်ရှီလင်ရဲ့အ​မေက မ​ကျေမနပ်ဖြစ်​နေတဲ့ မျက်နှာအမူအရာနဲ့အတူ မျက်​မှောင်ကြုတ်ပစ်လိုက်သည်။

ဒါ​ပေမယ့်လည်း ​ပေါ်ယွီ ​ခြေလှမ်းနှစ်လှမ်း​လောက်သာ ​လျှောက်ရ​သေးတဲ့အချိန်မှာ ရုတ်တရက် သူ့​ခြေ​ထောက်​တွေက အားနည်းလာပြီး ကြမ်းပြင်​ပေါ်ကို ပုံလဲကျသွား​တော့သည်။သူက ​ဘောလုံး​လေးတစ်လုံးလိုမျိုး ​ခွေ​ခွေ​လေးလှဲ​နေရင်း အချိန်အ​တော်ကြာတဲ့အထိ စကားတစ်လုံးမှ မဆိုနိုင်​ချေ။

စုန့်ရှီလင်ရဲ့အ​မေဟာ သူမလက်ထဲက ပိုက်ဆံအိတ်ကို ချက်ချင်း ခုံတန်း​ပေါ် ပစ်တင်လိုက်ပြီး ​ရှေ့ကိုတိုးလာကာ ​ပေါ်ယွီကို ကိုယ်တစ်၀က်​လောက်ပင့်မ​ပေးရင်း အံ့သြတကြီး ဆိုလိုက်သည်။   " ဘာဖြစ်တာလဲ ??? ဒီကိုလာကြပါဦး !!! သူနာပြု​တွေ ဘယ်မှာလဲ ???!!! "

အခန်းတစ်ခုထဲက ဟန်ကျစ်ယွီဟာ အပြင်ဘက်က​နေ အဲဒီဆူဆူညံညံအသံ​တွေကို ကြားလိုက်ရတဲ့အချိန်မှာ သူ့မျက်လုံး​ထောင့်စွန်း​တွေ တဆတ်ဆတ်လှုပ်လာပြီး နိမိတ်မ​ကောင်းတဲ့ စိတ်ထင့်မှုမျိုးကို ခံစားလိုက်မိတာ​ကြောင့် သူ ​တွေးလိုက်တာက ___ မ​ကောင်း​တော့ဘူး !!!   သူ ချက်ချင်းလက်ငင်း အ​ပြင်ကို ​ပြေးထွက်လာလိုက်​ပေမယ့် ကြမ်းပြင်​ပေါ် ​ခွေလဲကျ​နေတဲ့ ​ပေါ်ယွီကို မြင်လိုက်ရတဲ့အခါ ရုတ်တရက် သူ ပြင်းပြင်းထန်ထန် ထိတ်လန့်သွားသည်။

ဟန်ကျစ်ယွီ ​ရှေ့ကို​အပြေးအလွှားသွားကာ ​ပေါ်ယွီကို ​ပွေ့ချီဖို့ ကိုယ်ကိုကိုင်းလိုက်ပြီး အထိတ်ထိတ်အလန့်လန့် ဖြစ်​နေတဲ့ စုန့်ရှီလင်အ​မေကို တစ်ချက်ကြည့်လိုက်သည်။   " မဒမ်စုန့် , အရင်ပြန်နှင့်လိုက်ပါ။ ကျွန်​တော်တို့ ဒီမှာ ​ပေါ်ယွီကို ဂရုစိုက်လိုက်ပါ့မယ် "

စုန့်ရှီလင်ရဲ့အ​မေက သူမနှုတ်ခမ်း​တွေကို ခပ်ဖွဖွ ​စေ့ပိတ်လိုက်ပြီး သူမလက်​ချောင်း​တွေကလည်း မူမမှန်စွာ တဆတ်ဆတ် တုန်ရီ​နေသည်။​ပေါ်ယွီ လှဲ​သွားတဲ့ ​နေရာက ကြမ်းပြင်​ပေါ်မှာ ​သွေး​တွေရဲ​နေတာကို သူမ ​တွေ့လိုက်တဲ့အချိန်မှာ သူမမျက်လုံး​တွေ ပြူးကျယ်သွားရသည်။သူမ စူးဝါးကျယ်​လောင်စွာ ​အော်ဟစ်လိုက်မိသည်။   " ဘာလို့ ဒီ​လောက်​သွေး​တွေအများကြီး ရှိ​နေရတာလဲ !!!??? သူ့ကို ဖြစ်နိုင်သမျှ အမြန်ဆုံး ခွဲစိတ်ခန်းထဲ ပို့လိုက်စမ်း !!! ဒီ့ထက်အချိန်ဆွဲ​နေရင် သူ ​သေသွားလိမ့်မယ် !!! "

ဟန်ကျစ်ယွီ သူ့နှလုံးသားထဲက​နေ စိုးထိတ်မှုကို ခံစားလိုက်ရပြီး သူ့လက်​မောင်းထဲမှာ စိတ်မချမ်း​မြေ့​လောက်​အောင် နာကျင်​နေဟန်ရှိတဲ့ ​ပေါ်ယွီကို တစ်ချက်ကြည့်ကာ ခွဲစိတ်ခန်းဆီ လျင်မြန်စွာ ​ပြေးသွားလိုက်သည် ______ ​ပေါ်ယွီ့ဘ၀ကြီးကလည်း စိတ်မ​ကောင်းစရာကိစ္စ​တွေနဲ့ အတိပြီး​နေတာပဲ​နော် ......

စုန့်ရှီလင်ရဲ့အ​မေက ​နေရာ၌ပင် ရပ်​နေဆဲဖြစ်ပြီး ​ဘေးပတ်ပတ်လည်တွင် ​ခေါက်တုန့်လူးလာ​ပြေးလွှား​နေကြတဲ့ ​ဆေး၀န်ထမ်း​တွေကို ကြည့်ရင်း ခုံတန်းဆီကို မင်တက်စွာ ​လျှောက်သွားလိုက်သည်။

သူမ အိတ်ကို ​ကောက်ယူကာ လက်​မောင်းမှာ ချိတ်ပြီး တီးတိုး​ရေရွတ်လိုက်သည်။   " သူ့မှာ ဘာဒဏ်ရာမှလည်းမရှိပါဘူး။ အဲဒါကို အဲ့​လောက်​သွေး​တွေအများကြီး ထွက်မ​နေသင့်ဘူး​လေ !!! "

" ဘာလို့များ ​သွေး​တွေအများကြီး ထွက်​နေတာပါလိမ့် ??? "

စုန့်ရှီလင်အ​မေက ပ​ဟေဠိဖြစ်စွာ ခံစားရရင်း သံသယ​တွေနဲ့အတူ ​ဆေးရုံက​နေ ထွက်လာခဲ့သည်။သူမက အမှန်တရားကို စုံစမ်းစစ်​ဆေးဖို့အတွက် ​ဆေးရုံမှာ တကယ့်ကို ဆက်​နေချင်​သေး​ပေမယ့် သူမက ​ပေါ်ယွီအ​ပေါ် အမြင်မကြည်​ချေ။သူမ ခဏ​လောက် စဉ်းစား​နေကာ ​နောက်ဆုံးတွင် ထွက်ခွာလာခဲ့​တော့သည်။

_____________

စုန့်ရှီလင်ရဲ့အ​မေဟာ အိမ်​တော်ကို ပြန်​ရောက်လာခဲ့သည်။သူမ ဧည့်ခန်းထဲကို ၀င်သွားလိုက်တာနဲ့ သူတို့လက်​တွေကို ​နောက်​ကျောဘက်မှာ ကြိုးချည်ခံထားရပြီး ​bodyguard ​တွေ တရွတ်တိုက်ဆွဲ​ခေါ်လာတာခံ​နေရတဲ့ ချီညီအစ်ကိုနှစ်​ယောက်ကို ​တွေ့ရသည်။သူမ အံ့အားသင့်သွား​​ပေမယ့် bodyguard ​တွေကို​တော့ မဟန့်တား​ချေ။

သူမ ဧည့်ခန်းထဲကို ၀င်လာရင်း ဆိုဖာ​ပေါ် ထိုင်ပြီး တစ်ခုခုကို ​ဆွေး​နွေး​နေကြတဲ့ သူမရဲ့ခင်ပွန်းနဲ့သားဖြစ်သူကို မြင်တဲ့အချိန်မှာ ​ရှေ့တိုးသွားကာ ​မေးမြန်းလိုက်သည်။   " ချီယန်နဲ့သူ့ညီက ဘာကိစ္စဖြစ်လို့လဲ ??? "

လွန်ခဲ့တဲ့နှစ်​တွေအလွန်က သူမဟာ သူမအား ပြန်​ပေးဆွဲခဲ့တဲ့ ချီယန့်အ​ဖေကို အထပ်မြင့်အ​ဆောက်အဦး​ပေါ်က​နေ မ​တော်တဆ တွန်းချခဲ့မိတာ​ကြောင့် အပြစ်ရှိသလို ခံစားရပြီး လိပ်ပြာမလုံဖြစ်ကာ အမိ​မြေပြန်လာတဲ့ ချီယန်အ​ပေါ် အလွန်တရာ ကြင်နာ​ပေးသည်။သူ entertainment ​လောကထဲကို star တစ်​ယောက်အဖြစ် ၀င်​ရောက်ချင်ပါတယ်လို့ ချီယန် ​ပြောခဲ့တုန်းကလည်း သူမက သူမ စိတ်သက်သာရာရ​​​အောင် စုန့်ရှီလင်ဆီမှာ ချီယန်ကို ကူညီ​ပေးဖို့ ထပ်ကာထပ်ကာ ​ပြောဆိုခဲ့သည်။

ဒါ​​ပေမယ့် သူမ ချီယန်အ​​ပေါ်မှာ ဘယ်​လောက်ပဲ ​ကောင်း​ပေး​ပေး အ​ရေးမကြီး​ချေ။သူမက စုန့်ရှီလင်အ​ဖေရဲ့ဆန္ဒကို ဆန့်ကျင်တဲ့အရာမှန်သမျှ ဘာမှလုပ်မှာမဟုတ်​ချေ။ချီညီအစ်ကိုနှစ်​ယောက်က ဒီလိုအ​ခြေအ​နေမျိုးနဲ့ စုန့်မိသားစုအိမ်​တော်ကို ​​ရောက်လာရတာဟာ စုန့်ရှီလင်အ​ဖေရဲ့ ညွှန်ကြားချက်သာဖြစ်ရမည်။ဒါ​ကြောင့် စုန့်ရှီလင်အ​မေက ဒီဟာကို ကြား၀င်စွက်ဖက်ခြင်းမရှိ​ပေ။

စုန့်ရှီလင်က သူ့အ​ဖေကို ကြည့်ကာ ​ပြောလိုက်သည်။   " ကုမ္ပဏီမှာ ကျွန်​တော် ​ဖြေရှင်းရမယ့် ကိစ္စ​တွေရှိ​သေးတယ်။ ပါးပဲ မားကို ရှင်းပြလိုက်ပါ "

စုန့်ရှီလင်အ​မေက စုန့်ရှီလင်ကို တခြား​မေးကြည့်စရာ ရှိ​နေတာ​ကြောင့် ​ခေါင်းငြိမ့်ပြလိုက်ပြီး ခုကိစ္စကို ညကျမှပဲ စုန့်ရှီလင်အ​ဖေဆီ ​​မေး​တော့မယ်လို့ ရည်ရွယ်ထားလိုက်သည်။

" ဒါနဲ့ ​​ပေါ်ယွီက ​နေမ​ကောင်းဘူးလား ??? "   စုန့်ရှီလင်အ​မေက စုန့်ရှီလင်ကို ဆွဲတားကာ ​မေးလာသည်။

စုန့်ရှီလင် မျက်​မှောင်ကြုတ်သွားပြီး မကြာ​သေးမီ မြို့​တော်အ​နောက်ဘက်မှာတုန်းက ​ပေါ်ယွီရဲ့ မူမမှန်ဖြစ်​နေတဲ့ မျက်နှာအမူအရာကို ပြန်သတိရမိလိုက်သည်။သူ့မျက်၀န်း​တွေက ​မှောင်မိုက်လာကာ ​မေးလိုက်သည်။
  " မား သူ့ကို အခု​တွေ့ခဲ့တာလား ??? "

စုန့်ရှီလင်အ​မေက ခပ်တိုးတိုး ညည်းတွားသလို ​ပြောလိုက်သည်။   " အင်း။ သူ ​ဆေးရုံမှာ။ ကြမ်းပြင်တစ်ခုလုံး ​သွေး​တွေရဲ​နေတာပဲ။ သူ ဒဏ်ရာ​​တွေဘာ​တွေ​တော့ရမထားပါဘူး။ အဲဒါကို ဘာဖြစ်လို့ ​သွေး​တွေအများကြီးထွက်​နေတာပါလိမ့်​နော် ? "

စုန့်ရှီလင် လက်သီးကို ကျစ်ကျစ်ပါ​အောင် ဆုပ်လိုက်မိပြီး​နောက် လက်ကို ဖြည်းညင်းစွာ ​ဖြေ​လျော့လိုက်သည်။သူ တည်ငြိမ်စွာနဲ့ ​ဆေးရုံအမည်ကို သူ့အ​မေဆီ ​မေးမြန်းကာ အ​လောတကြီး ကတိုက်ကရိုက် ထွက်သွားခဲ့သည်။

စုန့်ရှီလင်အ​ဖေက မျက်မှန်ကို ဆွဲချွတ်ကာ မျက်လုံး​တွေကို ပွတ်သပ်လိုက်သည်။ဒါက စည်းကမ်းကြီးပြီး ​ဖြောင့်မတ်တဲ့ လူအိုကြီးအတွက် သူ့သားဖြစ်သူရဲ့ စိတ်လိုက်မာန်ပါ အပြုအမူ​တွေနဲ့ပတ်သတ်လို့ စိတ်မ​ကျေနပ်သလို ခံစားရတာ ပထမဆုံးအကြိမ်ဖြစ်သည်။သူ ​ပြောလိုက်​လေသည်။   " ငါနဲ့ လိုက်လာခဲ့။ ငါ မင်းကို ဒီကိစ္စ​ပြောပြမယ် "

စုန့်ရှီလင်ရဲ့အ​မေက ​ခေါင်းငြိမ့်ပြလိုက်ပြီး ​ပေါ်ယွီ့အ​ကြောင်းကို ​ဘေးခဏဖယ်ကာ စုန့်ရှီလင်အ​ဖေ​နောက်က​နေ အခန်းထဲကို အတူလိုက်၀င်သွား​တော့သည်။

_____________

စုန့်ရှီလင် ​ဆေးရုံဆီ ကား​မောင်းကာ လမ်းတစ်၀က်​လောက် ​ရောက်​နေတဲ့အချိန်တွင် ကုမ္ပဏီက​နေ ဖုန်း၀င်လာခဲ့သည်။သူက နိုင်ငံတကာကုမ္ပဏီနဲ့ပတ်သတ်တဲ့ စာရွက်စာတန်း​တွေ ​ဖြေရှင်းဖို့အတွက် ကုမ္ပဏီကို မဖြစ်မ​နေ အမြန်ပြန်သွားရမှာဖြစ်သည်။

အ​တွေး​တွေ လွန်ဆွဲရင်းနဲ့ပဲ စုန့်ရှီလင်ဟာ မျက်နှာထားတင်းမာစွာနဲ့ ကားကို ​နောက်ပြန်​ကွေ့လိုက်​လေသည်။

_____________

ခုနစ်နာရီ ကြာပြီး​နောက်။ဟန်ကျစ်ယွီ ​ဘေးနားမှာ ထိုင်​စောင့်​ပေးရင်း laptop တစ်လုံးနဲ့အတူ အလုပ်လုပ်​နေစဉ် ​ပေါ်ယွီ သတိလစ်မေ့​မြော​နေရာက​နေ နိုးထလာခဲ့သည်။

သူတို့နှစ်ဦးဟာ ဘာစကားမှမဆိုဘဲ တစ်​ယောက်ကို တစ်​ယောက် ကြည့်​​နေကြသည်။

ဟန်ကျစ်ယွီရဲ့အသံက ဆို့နင့်အက်ကွဲစွာ ထွက်​ပေါ်လာပြီး သူ့မျက်လုံး​တွေကပါ နီရဲလို့​နေသည်။   " ငါ ... ငါ ... ​တောင်းပန်ပါတယ် ...... "

ခြုံ​စောင်​အောက်က ​ပေါ်ယွီရဲ့လက်​တွေဟာ တင်းတင်း ဆုပ်လိုက်မိသည်။သူ လုံးလုံး ​မေ့​မြောမသွား​သေးခင်အချိန်တုန်းက အနည်းငယ် သတိရှိ​နေပြီး သူ့ခန္ဓာကိုယ်​အောက်ပိုင်းက​နေ ​သွေး​တွေအများကြီး ဆင်း​နေတာကို ခံစားမိခဲ့သည်။အဲဒီအချိန်မှာ သူ သ​ဘော​ပေါက်လိုက်သည်။ ဖြစ်နိုင်တာက သူ့မှာ .............

ဒါ​ပေမယ့် အဲဒီလိုဆိုရင်​တောင် ဟန်ကျစ်ယွီရဲ့ ​တောင်းပန်စကားကို ကြားအပြီးမှာ ​ပေါ်ယွီ အမှန်တရားကို မယုံကြည်လက်မခံချင်​ပေ။
{ T / N ; ​ပေါ်​ပေါ်က က​လေး​လေး ပျက်ကျသွားတာကို ၀မ်းနည်း​နေတာ အူးးးဝါးးး ... }

​ပေါ်ယွီမှာ အသက်ကို ခက်ခဲစွာ ရှူရှိုက်ရင်း မျက်ရည်မကျမိ​အောင် အကြိမ်​ရေအနည်းငယ်​လောက် မျက်​တောင်တဖြတ်ဖြတ်ခတ်ကာ အပြုံးတစ်ပွင့်နဲ့ ​ပြောလိုက်သည်။   " ကျွန်​တော် ခဏ​လောက် တစ်​ယောက်တည်း ​နေချင်တယ် "

ဟန်ကျစ်ယွီ ​ခေါင်းငြိမ့်ပြလိုက်ပြီး ထွက်မသွားခင် ​ပေါ်ယွီကို နားချလိုက်သည်။   " ငါ မှတ်မိသ​လောက်​တော့ ဖရဲသီး​လေးက နှစ်နှစ်နီးပါးရှိပြီနဲ့တူတယ်။ အားတဲ့အချိန်ကျရင် ငါ သူ့ဆီ သွားလည်ရဦးမယ်။ ​ကောင်း​ကောင်းအနားယူလိုက်။ တခြားအ​တွေး​တွေ ​​တွေးမ​​နေနဲ့​တော့ "

​ပေါ်ယွီ ဘာမှပြန်မ​ဖြေ​ပေ။ဟန်ကျစ်ယွီလည်း သက်ပြင်းအသာအယာချကာ ထပ်မံ​ပြောမ​နေ​တော့ဘဲ ထွက်သွားလိုက်သည်။

အခန်းထဲမှာ ​ပေါ်ယွီတစ်​ယောက်တည်း ကျန်ခဲ့တဲ့အချိန်တွင် သူ မျက်​တောင်ကို လျင်မြန်စွာ ဖွင့်ချည်ပိတ်ချည်ပြုလုပ်ကာ မျက်ရည်​တွေကို ထိန်းရင်း ၀မ်းနည်းမှု​တွေကို ချုပ်တည်း​နေသည်။ဒါ​ပေမယ့်လည်း သူ့မျက်၀န်းထဲက စူးရှနာကျင်မှု​တွေဟာ အရမ်းကိုမှ ထင်ရှား​​နေသည်။

သို့​သော် ​ပေါ်ယွီဟာ အစက​နေ အဆုံးထိ လုံး၀ မျက်ရည်ကျမလာခဲ့​ပေ။

​လေပြည်ညှင်း​တွေက ပြတင်း​ပေါက်ထဲကို ၀င်​ရောက်တိုက်ခတ်လာပြီး ခန်းဆီးကန့်လန့်ကာ​တွေကို လူးလွန့်သွား​စေသည်။

​ဆေးရုံပြတင်း​ပေါက် အပြင်ဘက်တွင် သဲကွဲစွာ မကြားရတဲ့ မိုးခြိမ်းသံ တဂျိန်းဂျိန်းဟာ ပဲ့တင်ထပ်မြည်ဟီး​နေ​ပေမယ့် မိုး​ကတော့ ရွာသွန်းမလာခဲ့​ချေ။

​ပေါ်ယွီ သူ့လက်ကို လှုပ်ကာ အိပ်ရာ​ဘေးက ဗီရိုအံဆွဲဆီကို စမ်းကြည့်လိုက်သည်။ဟိုဟိုဒီဒီ အချိန်အကြာကြီး စမ်းကြည့်ပြီး​ပေမယ့် စီးကရက်ဘူးကို ရှာမ​တွေ့တာ​ကြောင့် ​နောက်ဆုံးမှာ လက်​လျော့လိုက်ရသည်။

​ပေါ်ယွီ ​စောင်ခြုံထဲမှာ သူ့​ခေါင်းကို ဖုံးအုပ်လိုက်ပြီး ၀မ်းနည်း​​ကြေကွဲစွာနဲ့ အသံတိတ်ငို​ကြွေး​နေမိသည်။

" ​ဒေါက် ! ​ဒေါက် ! "

အခန်းထဲက​နေ အသံ​တွေ ကြား​နေရတာ​ကြောင့် ဟန်ကျစ်ယွီ တံခါးကို တွန်းဖွင့်ပြီး ၀င်လာခဲ့သည်။

သူက ညလုံး​ပေါက် ခွဲစိတ်မှုလုပ်ခဲ့ရတာဖြစ်သည်။ထို့​ကြောင့် သူ့မျက်နှာဟာ အရမ်းကို ပင်ပန်းနွမ်းနယ်​နေဟန်​ပေါ်ကာ သူ ​ပြောလိုက်သည်။   " အပြင်မှာ မင်းကို ​တွေ့ချင်လို့တဲ့။ လူတစ်​ယောက်​ရောက်​နေတယ် "

​ပေါ်ယွီ ​ခေါင်းကို ​ဘေး​တစောင်းလှည့်ရင်း ပြတင်း​ပေါက် အပြင်ဘက်က မြင်ကွင်း​ကို ​ငေးကြည့်​နေရာက​နေ အဲဒီစကားကို ကြားတဲ့အခါ ​နောက်ကိုလှည့်လာပြီး ​ခေါင်းငြိမ့်ကာ ​မေးလိုက်သည်။   " ဘယ်သူတဲ့လဲ ??? "

" ငါလည်း မသိဘူး။ သူ့ကိုယ်သူ မစ္စတာချူလို့​တော့ ​ပြောတယ်။ ပြီး​တော့ သူ့လက်ထဲမှာ နှစ်နှစ်အရွယ် က​လေး​လေးတစ်​ယောက်ကိုလည်း ချီထား​သေးတယ် "   ဟန်ကျစ်ယွီက ​ဆေးပြားတချို့ကို ပြင်ဆင်ပြီး ​ပေါ်ယွီဆီ ကမ်း​ပေးလိုက်သည်။

​ပေါ်ယွီ သူ့ဆီက​နေ ​ဆေး​တွေကို လှမ်းယူကာ ​​ရေတစ်ခွက်နဲ့ ​မော့ပြီး ​မျိုချလိုက်သည်။သူ ​ပြောလိုက်သည်။   " သူတို့ကို ၀င်ခိုင်းလိုက်ပါ ... "

ဟန်ကျစ်ယွီက အခုမှ သတိရသွားဟန်နဲ့ ​မေးလိုက်သည်။   " အဲဒါ မင်းက​လေး​လေးလား ??? "

​ပေါ်ယွီ ​​ခေါင်းငြိမ့်ပြလိုက်သည်။

ဟန်ကျစ်ယွီက သူတို့ကို ​ခေါ်လာဖို့ အပြင် ပြန်ထွက်သွားခဲ့သည်။သူဟာ အဲဒီ​နေ့ရက်​တွေတုန်းက ဖရဲသီး​လေးကို ​ပေါ်ယွီဆီမှာ ဗိုက်ခွဲ​မွေးဖွား​ပေးခဲ့တဲ့ ခွဲစိတ်ဆရာ၀န်ဖြစ်သည်။ဒါ​ပေမယ့် သိပ်မကြာခင်မှာပဲ သူက ဟွားချန်မြို့​တော်မှာရှိတဲ့ ​ဆေးရုံဆီကို မဖြစ်မ​နေ ပြန်သွားရမှာဖြစ်တာ​ကြောင့် ဟန်ကျစ်ယွီဟာ ​ပေါ်ယွီ ခဏတဖြုတ် လာပုန်း​ရှောင်ခဲ့တဲ့ အဲဒီမြို့​လေးက​နေ ထွက်သွားခဲ့သည်။

လွန်ခဲ့တဲ့နှစ်နှစ်ကထိ ​ပေါ်ယွီနဲ့သူဟာ မကြာမကြာ အချင်းချင်း အဆက်အသွယ်ရှိကြ​ပေမယ့် နှစ်​ယောက်လုံးက အချိန်တိုင်းအလိုလို အရမ်းအလုပ်များ​နေတတ်တာ​ကြောင့် ဆက်သွယ်တဲ့ အ​ခေါက်တိုင်းမှာ ဘာမှသိပ်ပြီး များများစားစား စကားမ​ပြောနိုင်ကြဘဲ ဖုန်းချလိုက်ကြရသည်။ဒါ​ကြောင့် ဟန်ကျစ်ယွီဟာ  ဖရဲသီး​လေးရဲ့တစ်နှစ်အရွယ်​လောက်က ဓါတ်ပုံ​လေး​တွေကိုပဲ မြင်ဖူးခဲ့သည်။

အချိန်​တွေကလည်း အရမ်းကြာသွားပြီဖြစ်ပြီး ဖရဲသီး​လေးရဲ့ရုပ်ရည်ပုံပန်းသဏ္ဍာန်​လေးကလည်း နှစ်​တွေကုန်လွန်လာတာနဲ့အမျှ ​ပြောင်းလဲသွားခဲ့သည်။ဒါ​ကြောင့် ဟန်ကျစ်ယွီက အပြင်မှာ မြင်ရတဲ့ က​လေး​လေးကို တန်းမမှတ်မိ​တော့​ချေ။ဖရဲသီး​လေးက သူ့ချစ်သူအပြင် တခြားလူတစ်​ယောက်ကို သူ ပထမဆုံး ​မွေး​ပေးခဲ့ဖူးတဲ့ က​​လေး​လေးဖြစ်သည်။

အတွင်း​ရေးမှူးချူက နည်းနည်း ခပ်တည်တည်ပင်ဖြစ်သည်။   " ဥက္ကဋ္ဌစုန့်က ကုမ္ပဏီမှာ အစည်းအ​ဝေးတစ်ခုရှိ​နေလို့ပါ။ သူ တကယ် ဒီကို ထွက်မလာနိုင်တာမို့လို့ ကျွန်​တော့်ကို သွားပြီး သတင်း​မေးခိုင်းလိုက်တာပါ "

​ပေါ်ယွီ ​ခေါင်းငြိမ့်ပြကာ အထဲ၀င်လာကတည်းက သူ့ကို ​​နောက်ကျော​​လေးပေးထားတဲ့ ဖရဲသီး​လေးကို ကြည့်ပြီး နှုတ်ခမ်းစူလိုက်သည်။သူ အတွင်း​ရေးမှူးချူကို ​ကျေးဇူးတင်စကားဆိုလိုက်သည်။  
" ​ကျေးဇူးတင်ပါတယ် "

အတွင်း​ရေးမှူးချူက ပြုံးပြလာပြီး လက်​ဆောင်​တွေကို စား​ပွဲပေါ်တင်ကာ ​ပြောလိုက်သည်။   " ​ကောင်း​ကောင်းအနားယူပါ။ ကျွန်​တော် ကုမ္ပဏီကို အရင် ပြန်သွားရဦးမယ်။ တကယ်လို့ ခင်ဗျား က​လေးကို ဂရုမစိုက်နိုင်ရင် သူ့ဆီ ဖုန်း​ခေါ်လိုက်လို့ရတယ်လို့ ဥက္ကဋ္ဌစုန့်က ကျွန်​တော့်ကို ​ပြောခိုင်းလိုက်ပါတယ် "

​ပေါ်ယွီ ၀တ်​ကျေတမ်း​ကျေပဲ ​ခေါင်းပြန်ငြိမ့်လိုက်ပြီး ဖရဲသီး​လေးကို ထိုင်ခုံ​​ပေါ် ​နေရာချ​ပေးကာ ထွက်ခွာသွားတဲ့ အတွင်း​ရေးမှူးချူပုံရိပ်ကို ကြည့်​နေလိုက်သည်။အဲဒီ​နောက် သူ ဟန်ကျစ်ယွီဘက်ကို လှည့်ရင်း ဆိုလိုက်သည်။   " မင်းလည်း အရင်သွားနှင့်​လေ။ ငါ သူနဲ့ စကား​ပြောလိုက်ဦးမယ် "

ဟန်ကျစ်ယွီက ​နောက်တစ်ကြိမ် အကြံဉာဏ်​ပေးလိုက်သည်။   " က​လေးက ငယ်ပါ​သေးတယ်ကွာ။ အရမ်းကြီးလည်း မာမာထန်ထန် မဆက်ဆံပါနဲ့ "   ​ပြောပြီးတာနဲ့ ဟန်ကျစ်ယွီလည်း ထွက်သွားခဲ့သည်။

ဒါ​ပေမယ့် လူနာ​ဆောင်အပြင်ဘက်ကို ဟန်ကျစ်ယွီ ​လျှောက်လာတဲ့အချိန်မှာ သူ့ကို ပြုံးပြပြီး ကြည့်​နေတဲ့ အတွင်း​ရေးမှူးချူကို မြင်လိုက်ရတာ​ကြောင့် မျက်ခုံးပင့်သွားမိသည်။အတွင်း​ရေးမှူးချူ ​ရောက်လာရတဲ့ ရည်ရွယ်ချက်ကို သူ ​သေချာ သိ​ပေမယ့် တမင်တကာ အဲဒီအချက်ကို မ​ဖော်ထုတ်​ပေ။   " ကိစ္စတစ်ခုခု ရှိလို့လား ??? "

အတွင်း​ရေးမှူးချူက အပြုံးတစ်ပွင့်နဲ့အတူ လက်ခံ​ခေါင်းငြိမ့်လိုက်သည်။

______________

အခန်းထဲတွင်။

​ပေါ်ယွီရယ် ဖရဲသီး​လေးရယ်က အိပ်ရာကို ဖြတ်သန်းကာ တစ်​ယောက်နဲ့ တစ်​ယောက်  အကြည့်ချင်းဆုံရင်း စစ်ပြိုင်​နေကြ​နေကြသည်။ခဏ​လောက်ကြာတဲ့အခါ ဖရဲသီး​လေးက သူ့မျက်ရည်​လေး​တွေကို သုတ်ပစ်လိုက်ပြီး တအင့်အင့်ရှိုက်ငိုကာ ခုံ​ပေါ်က​နေ တွယ်ဆင်းလာသည်။သူ အိပ်ရာဆီကို ​ပြေးသွားရင်း ​​အော်ဟစ်လိုက်သည်။   " အကျင့်မ​ကောင်းတဲ့ ပါးပါး ၊ ပါးပါး မ​ကောင်းဘူး "

ဖရဲသီး​လေးက အိပ်ရာထဲကို ခက်ခက်ခဲခဲ တွယ်ကုပ်တက်လာပြီး သူ့ဆီ ခုန်အုပ်ဖို့ ပြင်​နေတာကို မြင်တဲ့အခါ ​ပေါ်ယွီ ​ပြောလိုက်သည်။   " မင်း ငါ့ကို ဘာလို့ မသိချင်​ယောင်​ဆောင်​နေ​သေးလဲ ??? "

ဖရဲသီး​လေးက မ​ကျေနပ်ချက်​လေး​တွေနဲ့အတူ ​ကြောက်ရွံ့​နေကာ အိပ်ရာ​ပေါ်တွင် ဒူး​ထောက်လျက်သား​လေး ထိုင်လိုက်သည်။ 
" ပါးပါး ...... ပါးပါးက က​လေး​လေးကို ဖက်မ​ပေးခဲ့ဘူး​လေ "

" အိုး ! "   ​ပေါ်ယွီ အကူအညီမဲ့စွာနဲ့ သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး သူ့မျက်လုံး​တွေကို မှိတ်ကာ အိပ်​ပျော်ချင်​ယောင်​ဆောင်လိုက်သည်။

ဖရဲသီး​လေးက နှာ​ခေါင်း​လေးကို တရှုံ့ရှုံ့လုပ်ရင်း ရုတ်တရက် တွားသွားတက်လာကာ ​စောင်ပုံထဲကို ၀င်ပြီး မျက်ရည်စ​လေး​တွေနဲ့အတူ ​ပေါ်ယွီ့ဗိုက်​ပေါ်မှာ လှဲ​လျောင်းလိုက်သည်။   " ပါးပါး ...... "

​ပေါ်ယွီ သူ့လက်​တွေကို ဆန့်ထုတ်လိုက်ပြီး အပူ​ပေးစက်လို သူ့လက်​မောင်း​တွေထဲမှာ ဖရဲသီး​လေးကို ​ပွေ့ဖက်ထားရင်း မျက်နှာ​လေးကို အနမ်း​ပေးလိုက်သည်။   " မငိုနဲ့​တော့။ ပါးပါး ​နေမ​ကောင်းဖြစ်​နေလို့ ပါးပါးနဲ့အတူတူ ခဏ​လောက် အိပ်​ပေးမလား , ဟင် ??? "

ဖရဲသီး​လေးက မျက်​တောင်​လေး​တွေကို တဖြတ်ဖြတ်ခတ်ရင်း ​ပေါ်ယွီ့လက်​မောင်း​တွေထဲမှာ နာခံစွာနဲ့ လှဲ​လျောင်းလိုက်သည်။အနည်းငယ် ပြည့်​ဖောင်း​ဖောင်း​လေးဖြစ်​​နေတဲ့ သူ့လက်​လေး​တွေက ​ပေါ်ယွီ့ရဲ့လက်​တွေကို စိတ်သက်သာရာရ​အောင် နှစ်သိမ့်​ပေး​နေသလိုမျိုး ခပ်ဖွဖွ ပုတ်​ပေး​​​နေသည်။

သားအဖနှစ်​ယောက်လုံးရဲ့ နှလုံးသား​တွေဟာ  အချင်းချင်း ဆက်နွယ်​နေကြပြီး က​လေး​လေးကလည်း ​ပေါ်ယွီရဲ့ ၀မ်းနည်းမှု​တွေကို ခပ်​ရေး​ရေးမျှ ခံစားသိရှိနိုင်​လေသည်။

​ပေါ်ယွီရဲ့ခန္ဓာကိုယ်က တုန်ယင်လာကာ ရုတ်တရက် ​ခေါင်းကို ​မော့ပြီး မျက်ရည်စ​တွေကို အတင်းအကြပ် သိမ်းဆည်းလိုက်သည်။

စိတ်တည်ငြိမ်သွားပြီး​​နောက် မကြာခင်အချိန်အတွင်းမှာ ​ပေါ်ယွီ အိပ်​ပျော်သွား​တော့​လေသည်။

ဖရဲသီး​လေးဟာ မ​နေ့ညတုန်းက ​ကောင်း​ကောင်း မအိပ်ခဲ့ရတာ​ကြောင့် လုံးလုံး နိုးမလာ​ခဲ့ပေ။သူ့နှုတ်ခမ်း​​လေးက အနည်းငယ် ​ဟောက်ပက်​လေး ပွင့်ဟ​နေပြီး ​ပေါ်ယွီ့ဗိုက်​ပေါ်မှာ အိပ်​မောကျ​နေသည်။

ဟန်ကျစ်ယွီက အာဟာရဖြစ်​စေမယ့် အစားအ​သောက်​တွေကို ယူ​ဆောင်လာတဲ့အချိန်တွင် ကုတင်​ပေါ်မှာ လှဲအိပ်​နေကြတဲ့ သူတို့ကို ​တွေ့ပြီး သက်ပြင်း​ဖျော့​ဖျော့ချကာ တံခါးကို ညင်ညင်သာသာ​လေး ပြန်ပိတ်​ပေးတဲ့​နောက် ထွက်သွား​လေသည်။

အတွင်း​ရေးမှူးချူဟာ မျက်​မှောင်ကြုတ်ရင်း ​ဆေးရုံ​ရှေ့မှာ မတ်တပ်ရပ်​နေသည်။

သူ ​ဆေးရုံမှာ အကြာကြီး အချိန်ဖြုန်းခဲ့​ပေမယ့်လည်း ဟန်ကျစ်ယွီဆီက​နေ အသုံး၀င်တဲ့ သတင်းအချက်အလက်​​မျိုးကို ပိစိ​လေး​တောင်မှာ မရခဲ့​ချေ။ ဒါက သူ ခဏ​နေ ကုမ္ပဏီ ပြန်​​ရောက်တဲ့အခါ ဥက္ကဋ္ဌစုန့်ကို ​ဖြေရှင်းပြစရာ စကားမရှိ​အောင် လုပ်​နေတာပဲ !!!

.
.
.
.
.
.

​မျှော်နေကြမှန်းသိလို့ ​ကိုယ်​တွေလက်​တွေ နာ​နေတဲ့ကြားက မြန်မြန်တင်​ပေးလိုက်တယ်​နော် .......

Remember to vote to encourage me !!!

Zawgyi

ေပၚယြီခမ်ာ သူ႕ဗိုက္ထဲက က​ေလး​ေလးနဲ႔ပတ္သတ္ၿပီး တစ္ခုခုလြဲမွား​ေနမွာကို စိုးရိမ္ပူပန္​ေနရတယ္ဆို​ေပမယ့္ စုန္႔႐ွီလင္က အဲဒီကိစၥအား ရိပ္မိသြားမွာကို သူ ပိုမို​ေၾကာက္႐ြံ႕​ေနမိသည္။ဒါ​ေၾကာင့္ သူ႕ကို ဘယ္သူမွ သတိမထားမိခင္ ​ေပၚယြီ ကားတစ္စီး​ေပၚကို တိတ္တိတ္​ေလး တက္ကာ အ​ေဝးကို ​ေမာင္းထြက္သြားလိုက္သည္။

ဒါ​ေပမယ့္ သူ႕ရဲ႕အျပဳအမူ​ေတြက စုန္႔႐ွီလင္ရဲ႕သံသယစိတ္​ေတြကို ႏိႈးဆြမိသြားလား ၊ မႏိႈးဆြမိဘူးလား ဒါမွမဟုတ္ သူ႕ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို ပိုျမန္ျမန္ ​ေဖာ္ထုတ္လိုက္သလိုျဖစ္သြားမလားဆိုတာ​ေတြ စဥ္းစား​ေနဖို႔ ​ေပၚယြီအတြက္ အခ်ိန္မ႐ွိ​ေပ။အခုခ်ိန္မွာ သူ ​ေတြး​ေနတာက .............

ဒီ​ေနရာက​ေန ထြက္သြားရမယ္ !!!

​ေပၚယြီ ကား​ေမာင္း​ေနရင္းနဲ႔ပဲ သူ႕အိတ္ကပ္ထဲက ဖုန္းကို တုန္ယင္​ေနတဲ့ လက္​ေတြနဲ႔ ဆြဲထုတ္လိုက္သည္ ______ ​ေမာ့အန္းယြီနဲ႔အဲဒီတစ္သိုက္က သူ႕ကို ႀကိဳးပဲခ်ည္ထားခဲ့တာျဖစ္ၿပီး သူ႕ရဲ႕ကိုယ္​ေရးကိုယ္တာပစၥည္း​ေတြကို စစ္​ေဆးသိမ္းယူတာမ်ိဳးမလုပ္​ေခ်။

" ​ေလာင္ဟန္ , ငါပါ .......... "

______________

ဟန္က်စ္ယြီဟာ ​​ေပၚယြီ ဒီ​ေနရာကို ​ေရာက္မလာခင္ မိနစ္ႏွစ္ဆယ္​ေလာက္ကတည္းက ​ႀကိဳေစာင့္​ေနသည္။သူက စိတ္တင္းၾကပ္​ေနတဲ့ မ်က္ႏွာအမူအရာနဲ႔အတူ ​ေပၚယြီဆီ ကူညီ​ထိန္းေပးလို႔ရ​ေအာင္ ​ေလွ်ာက္လာၿပီး စကား​ေျပာရင္းႏွင့္ပင္ အ​ေရး​ေပၚဓါတ္​ေလွကားဆီကို လ်င္ျမန္စြာ ​ေ႐ွ႕က​ေန ဦး​ေဆာင္သြားလိုက္သည္။   " ဘာျဖစ္ခဲ့တာလဲ ? "

" ၿပီးခဲ့တဲ့ႏွစ္ရက္​ေလာက္ကတည္းက ကြၽန္​ေတာ္ သိပ္​ေနမ​ေကာင္းခ်င္ဘူး။ ကြၽန္​ေတာ္ စိတ္ပူတာက ............. "   ​ေပၚယြီ စကားကို ​ေခတၱ ရပ္တန္႔လိုက္ၿပီး မ်က္​ေမွာင္ၾကဳတ္ကာ ဘာ​ေတြျဖစ္ခဲ့တယ္ဆိုတာကို အမွန္အတိုင္း အက်ဥ္းခ်ံဳး​ေျပာျပလိုက္သည္။

ဟန္က်စ္ယြီဟာ လြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းက ​ေပၚယြီကို က​ေလး​ေမြးဖို႔ ကူညီ​ေပးခဲ့တဲ့ ကိုယ္​ေရးဆရာ၀န္ျဖစ္သည္။ဟန္က်စ္ယြီရဲ႕ လိင္တူခ်စ္သူကလည္း သူ႕လိုမ်ိဳးပင္ ကိုယ္၀န္​ေဆာင္ႏိုင္တာ​ေၾကာင့္ ​ေပၚယြီ သူ႕ကို အကူအညီ​ေတာင္းရဲခဲ့သည္။

ဟန္က်စ္ယြီက ​ေပၚယြီကို ႒ာနတြင္း၀န္ထမ္း​ေတြအတြက္သာထားတဲ့ သီးသန္႔ဓါတ္​ေလွကားဆီ ​ေခၚသြားကာ အထပ္​ေ႐ြးတဲ့ ခလုတ္ကို ႏွိပ္လိုက္ၿပီး ခပ္ျမန္ျမန္ ဆိုလိုက္သည္။   " ငါ တစ္ေယာက္​ေယာက္ကို ပစၥည္းကိရိယာ​ေတြ အဆင္သင့္ျပင္ဖို႔ ​ေျပာထားၿပီးၿပီ။ ခဏ​ေနရင္ မင္း ခႏၶာကိုယ္ စစ္​ေဆးမႈလုပ္ရမယ္။ အကယ္၍မ်ား မင္းမွာ တကယ္ပဲ ...... ႐ွိ​ေနရင္ ငါ ​ေၾကာက္တာက တစ္ခုခု မွား​ေနမွာကိုပဲ "

ဒါက ကုန္က်​ေငြ​ေစ်းႏႈန္းတန္ဖိုး အလြန္ျမင့္မားၿပီး ယုံၾကည္စိတ္ခ်ရမႈ အျပည့္အ၀႐ွိတဲ့ ပုဂၢလိကကိုယ္ပိုင္​ေဆး႐ုံႀကီးတစ္ခုျဖစ္သည္။ဒါ​ေၾကာင့္ ​ေယဘုယ်အားျဖင့္ ​ေျပာရရင္ သူတို႔​ေတြက ဟြားခ်န္ၿမိဳ႕​ေတာ္ရဲ႕ လူကုံထံအသိုင္းအဝိုင္းကိုသာ ၀န္​ေဆာင္မႈ​ေပး​ေလ့႐ွိသည္။

ၿပီး​ေတာ့ ဟန္က်စ္ယြီက ဒီပုဂၢလိက​ေဆး႐ုံရဲ႕ ​ေဆး႐ုံအုပ္ႀကီးျဖစ္တာ​ေၾကာင့္ ​ေပၚယြီရဲ႕ခႏၶာကိုယ္စစ္​ေဆးမႈ လုပ္ဖို႔အတြက္ သီးသန္႔အခန္းတစ္ခုနဲ႔ စက္ပစၥည္းကိရိယာ​ေတြကို အခ်ိန္တိုအတြင္း စီစဥ္ႏိုင္စြမ္း႐ွိသည္။

အဲဒီစကားကို ၾကားတဲ့အခါ ​ေပၚယြီက ဟန္က်စ္ယြီရဲ႕လက္​ေတြကို ဆုပ္ကိုင္လိုက္ၿပီး အံတင္းတင္းႀကိတ္ကာ တစ္လုံးခ်င္း​ေသခ်ာဖိ​ေျပာလိုက္သည္။   " တကယ္လို႔​ေလ ငါ ကိုယ္၀န္႐ွိ​ေနတာမွန္ရင္ ​ေက်းဇူးျပဳၿပီး  က​ေလးကို ကာကြယ္​ေပးပါ ! "

အကယ္၍ အဆိုးဝါးဆုံး​ေတြ ျဖစ္လာမယ္ဆိုရင္ သူ entertainment ​ေလာကက​ေန အၿပီးအပိုင္ အနားယူလိုက္ၿပီး အဲဒီပုဂၢိဳလ္ကို ​ေတာင္းပန္မယ္။ ဘာပဲျဖစ္ျဖစ္ သူ သူ႕ကို ဘယ္​ေတာ့မွ တစ္​ေယာက္တည္းထားခဲ့မွာမဟုတ္ဘူး။
{ T / N ; I also don't know whom BoYu wants to indicate . Maybe his relative or parents _ it is just my thought }

စုန္႔႐ွီလင္က​ေရာ ......

​ေပၚယြီဟာ မသိစိတ္က​ေနၿပီး စုန္႔႐ွီလင္ကို သူ႕ဘ၀အစီအစဥ္ထဲမွာ ထည့္မတြက္ဘဲ ခ်န္လွပ္ထားမိသည္။

ဟန္က်စ္ယြီ သက္ျပင္းခ်လိုက္သည္။သူလည္းပဲ ဖခင္တစ္ေယာက္ျဖစ္တာ​ေၾကာင့္ ​ေပၚယြီကို သူ အလိုလို နားလည္သည္။သူ ​ေပၚယြီကို ႏွစ္သိမ့္​ေပးဖို႔ ႀကိဳးစားလိုက္သည္။   " အင္းပါ ၊ အရမ္းႀကီးလည္း မစိုးရိမ္ပါနဲ႔ "

သူ႕ရဲ႕အသံ ဆိတ္ၿငိမ္သြားခ်ိန္မွာ ဓါတ္​ေလွကားက (၁၈)လႊာတြင္ ရပ္တန္႔သြားခဲ့သည္။

ဟန္က်စ္ယြီက ​ေပၚယြီကို ခုံတန္း႐ွည္​ေပၚမွာ ထိုင္ဖို႔ ကူညီ​ေပးကာ ​ေျပာလိုက္သည္။   " ငါ အရင္သြားျပင္ဆင္လိုက္ဦးမယ္။ မင္း ငါ့ကို ဒီမွာ ခဏ​ေစာင့္​ေနဦး​ေနာ္ "

​ေပၚယြီမွာ ျဖဴ​ေဖ်ာ့​ေနတဲ့ မ်က္ႏွာနဲ႔အတူ အားနည္းစြာ ​ေခါင္းၿငိမ့္ျပလိုက္သည္။သူက ​ေခါင္းကို ငုံ႔ထားတာ​ေၾကာင့္ သူ ဘာ​ေတြစဥ္းစား​ေနတယ္ဆိုတာ ဘယ္သူမွ မသိ​ေခ်။

ဟန္က်စ္ယြီ ထြက္သြားၿပီး​ေနာက္ ခဏ​ေလာက္အၾကာ လူသူကင္း႐ွင္း​ေနတဲ့ စႀကၤန္လမ္း​ေပၚတြင္ ​ေဒါက္ဖိနပ္သံတစ္ခု ထြက္​ေပၚလာသည္။အဲဒီ​ေနာက္ အမ်ိဳးသမီးတစ္ဦးရဲ႕ အနည္းငယ္ အံ့ၾသ​ေနတဲ့ အသံကိုပါ ၾကားလိုက္ရသည္။   " မင္းက ​ေပၚယြီမလား ??? "

မသိစိတ္က​ေန ​ေပၚယြီ ​ဝိုးတဝါးနဲ႔ ​ေမာ့ၾကည့္လိုက္တဲ့အခါ သူ႕​ေ႐ွ႕မွာ ရပ္​ေနတဲ့ စုန္႔႐ွီလင္ရဲ႕အ​ေမကို ​ေတြ႕လိုက္ရသည္။႐ုတ္တရက္ ​ေပၚယြီ တစ္ကိုယ္လုံး ​ေတာင့္တင္းသြားၿပီး ​ေျပာလိုက္သည္။   " မဒမ္စုန္႔ , မဂၤလာပါ ...... "

စုန္႔႐ွီလင္အ​ေမက သူမလက္ထဲမွာ ​ေဆးစစ္မႈစာရင္းကို ကိုင္ထားရင္း မ်က္​ေမွာင္ၾကဳတ္ကာ ​ေျပာလာခဲ့သည္။   " မင္း ဘာကိစၥ ဒီကို​ေရာက္​ေနတာလဲ ??? "

​ေပၚယြီ ပ်ာယာခတ္သြားၿပီး သတိလက္လြတ္နဲ႔ တစ္စုံတစ္ခုကို ​ေ႐ွာင္လႊဲဖို႔ ႀကိဳးစား​ေနမိသည္။သူ ခ်က္ခ်င္း မတ္တပ္ထရပ္ကာ တန္း​ေျပာလိုက္သည္။   " ကြၽန္​ေတာ္ နည္းနည္း မသက္မသာျဖစ္ေနလို႔ အရင္သြားခြင့္ျပဳပါဦး "

စုန္႔႐ွီလင္အ​ေမက သူမလက္ကို ဆန္႔ထုတ္ၿပီး ​ေပၚယြီကို တားဆီးလိုက္သည္။   " ​ေ႐ွာင္ခ်ဴက ငါ့ကို ​ေျပာတယ္။ မင္းတို႔​ေတြဆီမွာ ကိစၥတစ္ခုျဖစ္ခဲ့တယ္ဆို။ အဲဒီကိစၥက မင္း ငါ့သားအ​ေပၚ လိမ္လည္​ေဖာက္ျပန္ခဲ့တာမဟုတ္လား ??? "

​ေပၚယြီ ​ေခါင္းကို ခါယမ္းကာ အနည္းငယ္ ​ေၾကာက္လန္႔​ေနတာ​ေၾကာင့္ စုန္႔႐ွီလင္အ​ေမရဲ႕အနားက​ေန အခုခ်က္ခ်င္း ထြက္သြားဖို႔လုပ္လိုက္သည္။

စုန္႔႐ွီလင္ရဲ႕အ​ေမက မ​ေက်မနပ္ျဖစ္​ေနတဲ့ မ်က္ႏွာအမူအရာနဲ႔အတူ မ်က္​ေမွာင္ၾကဳတ္ပစ္လိုက္သည္။

ဒါ​ေပမယ့္လည္း ​ေပၚယြီ ​ေျခလွမ္းႏွစ္လွမ္း​ေလာက္သာ ​ေလွ်ာက္ရ​ေသးတဲ့အခ်ိန္မွာ ႐ုတ္တရက္ သူ႕​ေျခ​ေထာက္​ေတြက အားနည္းလာၿပီး ၾကမ္းျပင္​ေပၚကို ပုံလဲက်သြား​ေတာ့သည္။သူက ​ေဘာလုံး​ေလးတစ္လုံးလိုမ်ိဳး ​ေခြ​ေခြ​ေလးလွဲ​ေနရင္း အခ်ိန္အ​ေတာ္ၾကာတဲ့အထိ စကားတစ္လုံးမွ မဆိုႏိုင္​ေခ်။

စုန္႔႐ွီလင္ရဲ႕အ​ေမဟာ သူမလက္ထဲက ပိုက္ဆံအိတ္ကို ခ်က္ခ်င္း ခုံတန္း​ေပၚ ပစ္တင္လိုက္ၿပီး ​ေ႐ွ႕ကိုတိုးလာကာ ​ေပၚယြီကို ကိုယ္တစ္၀က္​ေလာက္ပင့္မ​ေပးရင္း အံ့ၾသတႀကီး ဆိုလိုက္သည္။   " ဘာျဖစ္တာလဲ ??? ဒီကိုလာၾကပါဦး !!! သူနာျပဳ​ေတြ ဘယ္မွာလဲ ???!!! "

အခန္းတစ္ခုထဲက ဟန္က်စ္ယြီဟာ အျပင္ဘက္က​ေန အဲဒီဆူဆူညံညံအသံ​ေတြကို ၾကားလိုက္ရတဲ့အခ်ိန္မွာ သူ႕မ်က္လုံး​ေထာင့္စြန္း​ေတြ တဆတ္ဆတ္လႈပ္လာၿပီး နိမိတ္မ​ေကာင္းတဲ့ စိတ္ထင့္မႈမ်ိဳးကို ခံစားလိုက္မိတာ​ေၾကာင့္ သူ ​ေတြးလိုက္တာက ___ မ​ေကာင္း​ေတာ့ဘူး !!!   သူ ခ်က္ခ်င္းလက္ငင္း အ​ျပင္ကို ​ေျပးထြက္လာလိုက္​ေပမယ့္ ၾကမ္းျပင္​ေပၚ ​ေခြလဲက်​ေနတဲ့ ​ေပၚယြီကို ျမင္လိုက္ရတဲ့အခါ ႐ုတ္တရက္ သူ ျပင္းျပင္းထန္ထန္ ထိတ္လန္႔သြားသည္။

ဟန္က်စ္ယြီ ​ေ႐ွ႕ကို​အေျပးအလႊားသြားကာ ​ေပၚယြီကို ​ေပြ႕ခ်ီဖို႔ ကိုယ္ကိုကိုင္းလိုက္ၿပီး အထိတ္ထိတ္အလန္႔လန္႔ ျဖစ္​ေနတဲ့ စုန္႔႐ွီလင္အ​ေမကို တစ္ခ်က္ၾကည့္လိုက္သည္။   " မဒမ္စုန္႔ , အရင္ျပန္ႏွင့္လိုက္ပါ။ ကြၽန္​ေတာ္တို႔ ဒီမွာ ​ေပၚယြီကို ဂ႐ုစိုက္လိုက္ပါ့မယ္ "

စုန္႔႐ွီလင္ရဲ႕အ​ေမက သူမႏႈတ္ခမ္း​ေတြကို ခပ္ဖြဖြ ​ေစ့ပိတ္လိုက္ၿပီး သူမလက္​ေခ်ာင္း​ေတြကလည္း မူမမွန္စြာ တဆတ္ဆတ္ တုန္ရီ​ေနသည္။​ေပၚယြီ လွဲ​သြားတဲ့ ​ေနရာက ၾကမ္းျပင္​ေပၚမွာ ​ေသြး​ေတြရဲ​ေနတာကို သူမ ​ေတြ႕လိုက္တဲ့အခ်ိန္မွာ သူမမ်က္လုံး​ေတြ ျပဴးက်ယ္သြားရသည္။သူမ စူးဝါးက်ယ္​ေလာင္စြာ ​ေအာ္ဟစ္လိုက္မိသည္။   " ဘာလို႔ ဒီ​ေလာက္​ေသြး​ေတြအမ်ားႀကီး ႐ွိ​ေနရတာလဲ !!!??? သူ႕ကို ျဖစ္ႏိုင္သမွ် အျမန္ဆုံး ခြဲစိတ္ခန္းထဲ ပို႔လိုက္စမ္း !!! ဒီ့ထက္အခ်ိန္ဆြဲ​ေနရင္ သူ ​ေသသြားလိမ့္မယ္ !!! "

ဟန္က်စ္ယြီ သူ႕ႏွလုံးသားထဲက​ေန စိုးထိတ္မႈကို ခံစားလိုက္ရၿပီး သူ႕လက္​ေမာင္းထဲမွာ စိတ္မခ်မ္း​ေျမ့​ေလာက္​ေအာင္ နာက်င္​ေနဟန္႐ွိတဲ့ ​ေပၚယြီကို တစ္ခ်က္ၾကည့္ကာ ခြဲစိတ္ခန္းဆီ လ်င္ျမန္စြာ ​ေျပးသြားလိုက္သည္ ______ ​ေပၚယြီ႕ဘ၀ႀကီးကလည္း စိတ္မ​ေကာင္းစရာကိစၥ​ေတြနဲ႔ အတိၿပီး​ေနတာပဲ​ေနာ္ ......

စုန္႔႐ွီလင္ရဲ႕အ​ေမက ​ေနရာ၌ပင္ ရပ္​ေနဆဲျဖစ္ၿပီး ​ေဘးပတ္ပတ္လည္တြင္ ​ေခါက္တုန္႔လူးလာ​ေျပးလႊား​ေနၾကတဲ့ ​ေဆး၀န္ထမ္း​ေတြကို ၾကည့္ရင္း ခုံတန္းဆီကို မင္တက္စြာ ​ေလွ်ာက္သြားလိုက္သည္။

သူမ အိတ္ကို ​ေကာက္ယူကာ လက္​ေမာင္းမွာ ခ်ိတ္ၿပီး တီးတိုး​ေရ႐ြတ္လိုက္သည္။   " သူ႕မွာ ဘာဒဏ္ရာမွလည္းမ႐ွိပါဘူး။ အဲဒါကို အဲ့​ေလာက္​ေသြး​ေတြအမ်ားႀကီး ထြက္မ​ေနသင့္ဘူး​ေလ !!! "

" ဘာလို႔မ်ား ​ေသြး​ေတြအမ်ားႀကီး ထြက္​ေနတာပါလိမ့္ ??? "

စုန္႔႐ွီလင္အ​ေမက ပ​ေဟဠိျဖစ္စြာ ခံစားရရင္း သံသယ​ေတြနဲ႔အတူ ​ေဆး႐ုံက​ေန ထြက္လာခဲ့သည္။သူမက အမွန္တရားကို စုံစမ္းစစ္​ေဆးဖို႔အတြက္ ​ေဆး႐ုံမွာ တကယ့္ကို ဆက္​ေနခ်င္​ေသး​ေပမယ့္ သူမက ​ေပၚယြီအ​ေပၚ အျမင္မၾကည္​ေခ်။သူမ ခဏ​ေလာက္ စဥ္းစား​ေနကာ ​ေနာက္ဆုံးတြင္ ထြက္ခြာလာခဲ့​ေတာ့သည္။

_____________

စုန္႔႐ွီလင္ရဲ႕အ​ေမဟာ အိမ္​ေတာ္ကို ျပန္​ေရာက္လာခဲ့သည္။သူမ ဧည့္ခန္းထဲကို ၀င္သြားလိုက္တာနဲ႔ သူတို႔လက္​ေတြကို ​ေနာက္​ေက်ာဘက္မွာ ႀကိဳးခ်ည္ခံထားရၿပီး ​bodyguard ​ေတြ တ႐ြတ္တိုက္ဆြဲ​ေခၚလာတာခံ​ေနရတဲ့ ခ်ီညီအစ္ကိုႏွစ္​ေယာက္ကို ​ေတြ႕ရသည္။သူမ အံ့အားသင့္သြား​​ေပမယ့္ bodyguard ​ေတြကို​ေတာ့ မဟန္႔တား​ေခ်။

သူမ ဧည့္ခန္းထဲကို ၀င္လာရင္း ဆိုဖာ​ေပၚ ထိုင္ၿပီး တစ္ခုခုကို ​ေဆြး​ေႏြး​ေနၾကတဲ့ သူမရဲ႕ခင္ပြန္းနဲ႔သားျဖစ္သူကို ျမင္တဲ့အခ်ိန္မွာ ​ေ႐ွ႕တိုးသြားကာ ​ေမးျမန္းလိုက္သည္။   " ခ်ီယန္နဲ႔သူ႕ညီက ဘာကိစၥျဖစ္လို႔လဲ ??? "

လြန္ခဲ့တဲ့ႏွစ္​ေတြအလြန္က သူမဟာ သူမအား ျပန္​ေပးဆြဲခဲ့တဲ့ ခ်ီယန္႔အ​ေဖကို အထပ္ျမင့္အ​ေဆာက္အဦး​ေပၚက​ေန မ​ေတာ္တဆ တြန္းခ်ခဲ့မိတာ​ေၾကာင့္ အျပစ္႐ွိသလို ခံစားရၿပီး လိပ္ျပာမလုံျဖစ္ကာ အမိ​ေျမျပန္လာတဲ့ ခ်ီယန္အ​ေပၚ အလြန္တရာ ၾကင္နာ​ေပးသည္။သူ entertainment ​ေလာကထဲကို star တစ္​ေယာက္အျဖစ္ ၀င္​ေရာက္ခ်င္ပါတယ္လို႔ ခ်ီယန္ ​ေျပာခဲ့တုန္းကလည္း သူမက သူမ စိတ္သက္သာရာရ​​​ေအာင္ စုန္႔႐ွီလင္ဆီမွာ ခ်ီယန္ကို ကူညီ​ေပးဖို႔ ထပ္ကာထပ္ကာ ​ေျပာဆိုခဲ့သည္။

ဒါ​​ေပမယ့္ သူမ ခ်ီယန္အ​​ေပၚမွာ ဘယ္​ေလာက္ပဲ ​ေကာင္း​ေပး​ေပး အ​ေရးမႀကီး​ေခ်။သူမက စုန္႔႐ွီလင္အ​ေဖရဲ႕ဆႏၵကို ဆန္႔က်င္တဲ့အရာမွန္သမွ် ဘာမွလုပ္မွာမဟုတ္​ေခ်။ခ်ီညီအစ္ကိုႏွစ္​ေယာက္က ဒီလိုအ​ေျခအ​ေနမ်ိဳးနဲ႔ စုန္႔မိသားစုအိမ္​ေတာ္ကို ​​ေရာက္လာရတာဟာ စုန္႔႐ွီလင္အ​ေဖရဲ႕ ၫႊန္ၾကားခ်က္သာျဖစ္ရမည္။ဒါ​ေၾကာင့္ စုန္႔႐ွီလင္အ​ေမက ဒီဟာကို ၾကား၀င္စြက္ဖက္ျခင္းမ႐ွိ​ေပ။

စုန္႔႐ွီလင္က သူ႕အ​ေဖကို ၾကည့္ကာ ​ေျပာလိုက္သည္။   " ကုမၸဏီမွာ ကြၽန္​ေတာ္ ​ေျဖ႐ွင္းရမယ့္ ကိစၥ​ေတြ႐ွိ​ေသးတယ္။ ပါးပဲ မားကို ႐ွင္းျပလိုက္ပါ "

စုန္႔႐ွီလင္အ​ေမက စုန္႔႐ွီလင္ကို တျခား​ေမးၾကည့္စရာ ႐ွိ​ေနတာ​ေၾကာင့္ ​ေခါင္းၿငိမ့္ျပလိုက္ၿပီး ခုကိစၥကို ညက်မွပဲ စုန္႔႐ွီလင္အ​ေဖဆီ ​​ေမး​ေတာ့မယ္လို႔ ရည္႐ြယ္ထားလိုက္သည္။

" ဒါနဲ႔ ​​ေပၚယြီက ​ေနမ​ေကာင္းဘူးလား ??? "   စုန္႔႐ွီလင္အ​ေမက စုန္႔႐ွီလင္ကို ဆြဲတားကာ ​ေမးလာသည္။

စုန္႔႐ွီလင္ မ်က္​ေမွာင္ၾကဳတ္သြားၿပီး မၾကာ​ေသးမီ ၿမိဳ႕​ေတာ္အ​ေနာက္ဘက္မွာတုန္းက ​ေပၚယြီရဲ႕ မူမမွန္ျဖစ္​ေနတဲ့ မ်က္ႏွာအမူအရာကို ျပန္သတိရမိလိုက္သည္။သူ႕မ်က္၀န္း​ေတြက ​ေမွာင္မိုက္လာကာ ​ေမးလိုက္သည္။
  " မား သူ႕ကို အခု​ေတြ႕ခဲ့တာလား ??? "

စုန္႔႐ွီလင္အ​ေမက ခပ္တိုးတိုး ညည္းတြားသလို ​ေျပာလိုက္သည္။   " အင္း။ သူ ​ေဆး႐ုံမွာ။ ၾကမ္းျပင္တစ္ခုလုံး ​ေသြး​ေတြရဲ​ေနတာပဲ။ သူ ဒဏ္ရာ​​ေတြဘာ​ေတြ​ေတာ့ရမထားပါဘူး။ အဲဒါကို ဘာျဖစ္လို႔ ​ေသြး​ေတြအမ်ားႀကီးထြက္​ေနတာပါလိမ့္​ေနာ္ ? "

စုန္႔႐ွီလင္ လက္သီးကို က်စ္က်စ္ပါ​ေအာင္ ဆုပ္လိုက္မိၿပီး​ေနာက္ လက္ကို ျဖည္းညင္းစြာ ​ေျဖ​ေလ်ာ့လိုက္သည္။သူ တည္ၿငိမ္စြာနဲ႔ ​ေဆး႐ုံအမည္ကို သူ႕အ​ေမဆီ ​ေမးျမန္းကာ အ​ေလာတႀကီး ကတိုက္က႐ိုက္ ထြက္သြားခဲ့သည္။

စုန္႔႐ွီလင္အ​ေဖက မ်က္မွန္ကို ဆြဲခြၽတ္ကာ မ်က္လုံး​ေတြကို ပြတ္သပ္လိုက္သည္။ဒါက စည္းကမ္းႀကီးၿပီး ​ေျဖာင့္မတ္တဲ့ လူအိုႀကီးအတြက္ သူ႕သားျဖစ္သူရဲ႕ စိတ္လိုက္မာန္ပါ အျပဳအမူ​ေတြနဲ႔ပတ္သတ္လို႔ စိတ္မ​ေက်နပ္သလို ခံစားရတာ ပထမဆုံးအႀကိမ္ျဖစ္သည္။သူ ​ေျပာလိုက္​ေလသည္။   " ငါနဲ႔ လိုက္လာခဲ့။ ငါ မင္းကို ဒီကိစၥ​ေျပာျပမယ္ "

စုန္႔႐ွီလင္ရဲ႕အ​ေမက ​ေခါင္းၿငိမ့္ျပလိုက္ၿပီး ​ေပၚယြီ႕အ​ေၾကာင္းကို ​ေဘးခဏဖယ္ကာ စုန္႔႐ွီလင္အ​ေဖ​ေနာက္က​ေန အခန္းထဲကို အတူလိုက္၀င္သြား​ေတာ့သည္။

_____________

စုန္႔႐ွီလင္ ​ေဆး႐ုံဆီ ကား​ေမာင္းကာ လမ္းတစ္၀က္​ေလာက္ ​ေရာက္​ေနတဲ့အခ်ိန္တြင္ ကုမၸဏီက​ေန ဖုန္း၀င္လာခဲ့သည္။သူက ႏိုင္ငံတကာကုမၸဏီနဲ႔ပတ္သတ္တဲ့ စာ႐ြက္စာတန္း​ေတြ ​ေျဖ႐ွင္းဖို႔အတြက္ ကုမၸဏီကို မျဖစ္မ​ေန အျမန္ျပန္သြားရမွာျဖစ္သည္။

အ​ေတြး​ေတြ လြန္ဆြဲရင္းနဲ႔ပဲ စုန္႔႐ွီလင္ဟာ မ်က္ႏွာထားတင္းမာစြာနဲ႔ ကားကို ​ေနာက္ျပန္​ေကြ႕လိုက္​ေလသည္။

_____________

ခုနစ္နာရီ ၾကာၿပီး​ေနာက္။ဟန္က်စ္ယြီ ​ေဘးနားမွာ ထိုင္​ေစာင့္​ေပးရင္း laptop တစ္လုံးနဲ႔အတူ အလုပ္လုပ္​ေနစဥ္ ​ေပၚယြီ သတိလစ္ေမ့​ေျမာ​ေနရာက​ေန ႏိုးထလာခဲ့သည္။

သူတို႔ႏွစ္ဦးဟာ ဘာစကားမွမဆိုဘဲ တစ္​ေယာက္ကို တစ္​ေယာက္ ၾကည့္​​ေနၾကသည္။

ဟန္က်စ္ယြီရဲ႕အသံက ဆို႔နင့္အက္ကြဲစြာ ထြက္​ေပၚလာၿပီး သူ႕မ်က္လုံး​ေတြကပါ နီရဲလို႔​ေနသည္။   " ငါ ... ငါ ... ​ေတာင္းပန္ပါတယ္ ...... "

ျခဳံ​ေစာင္​ေအာက္က ​ေပၚယြီရဲ႕လက္​ေတြဟာ တင္းတင္း ဆုပ္လိုက္မိသည္။သူ လုံးလုံး ​ေမ့​ေျမာမသြား​ေသးခင္အခ်ိန္တုန္းက အနည္းငယ္ သတိ႐ွိ​ေနၿပီး သူ႕ခႏၶာကိုယ္​ေအာက္ပိုင္းက​ေန ​ေသြး​ေတြအမ်ားႀကီး ဆင္း​ေနတာကို ခံစားမိခဲ့သည္။အဲဒီအခ်ိန္မွာ သူ သ​ေဘာ​ေပါက္လိုက္သည္။ ျဖစ္ႏိုင္တာက သူ႕မွာ .............

ဒါ​ေပမယ့္ အဲဒီလိုဆိုရင္​ေတာင္ ဟန္က်စ္ယြီရဲ႕ ​ေတာင္းပန္စကားကို ၾကားအၿပီးမွာ ​ေပၚယြီ အမွန္တရားကို မယုံၾကည္လက္မခံခ်င္​ေပ။
{ T / N ; ​ေပၚ​ေပၚက က​ေလး​ေလး ပ်က္က်သြားတာကို ၀မ္းနည္း​ေနတာ အူးးးဝါးးး ... }

​ေပၚယြီမွာ အသက္ကို ခက္ခဲစြာ ႐ွဴ႐ိႈက္ရင္း မ်က္ရည္မက်မိ​ေအာင္ အႀကိမ္​ေရအနည္းငယ္​ေလာက္ မ်က္​ေတာင္တျဖတ္ျဖတ္ခတ္ကာ အျပဳံးတစ္ပြင့္နဲ႔ ​ေျပာလိုက္သည္။   " ကြၽန္​ေတာ္ ခဏ​ေလာက္ တစ္​ေယာက္တည္း ​ေနခ်င္တယ္ "

ဟန္က်စ္ယြီ ​ေခါင္းၿငိမ့္ျပလိုက္ၿပီး ထြက္မသြားခင္ ​ေပၚယြီကို နားခ်လိုက္သည္။   " ငါ မွတ္မိသ​ေလာက္​ေတာ့ ဖရဲသီး​ေလးက ႏွစ္ႏွစ္နီးပါး႐ွိၿပီနဲ႔တူတယ္။ အားတဲ့အခ်ိန္က်ရင္ ငါ သူ႕ဆီ သြားလည္ရဦးမယ္။ ​ေကာင္း​ေကာင္းအနားယူလိုက္။ တျခားအ​ေတြး​ေတြ ​​ေတြးမ​​ေနနဲ႔​ေတာ့ "

​ေပၚယြီ ဘာမွျပန္မ​ေျဖ​ေပ။ဟန္က်စ္ယြီလည္း သက္ျပင္းအသာအယာခ်ကာ ထပ္မံ​ေျပာမ​ေန​ေတာ့ဘဲ ထြက္သြားလိုက္သည္။

အခန္းထဲမွာ ​ေပၚယြီတစ္​ေယာက္တည္း က်န္ခဲ့တဲ့အခ်ိန္တြင္ သူ မ်က္​ေတာင္ကို လ်င္ျမန္စြာ ဖြင့္ခ်ည္ပိတ္ခ်ည္ျပဳလုပ္ကာ မ်က္ရည္​ေတြကို ထိန္းရင္း ၀မ္းနည္းမႈ​ေတြကို ခ်ဳပ္တည္း​ေနသည္။ဒါ​ေပမယ့္လည္း သူ႕မ်က္၀န္းထဲက စူး႐ွနာက်င္မႈ​ေတြဟာ အရမ္းကိုမွ ထင္႐ွား​​ေနသည္။

သို႔​ေသာ္ ​ေပၚယြီဟာ အစက​ေန အဆုံးထိ လုံး၀ မ်က္ရည္က်မလာခဲ့​ေပ။

​ေလျပည္ညႇင္း​ေတြက ျပတင္း​ေပါက္ထဲကို ၀င္​ေရာက္တိုက္ခတ္လာၿပီး ခန္းဆီးကန္႔လန္႔ကာ​ေတြကို လူးလြန္႔သြား​ေစသည္။

​ေဆး႐ုံျပတင္း​ေပါက္ အျပင္ဘက္တြင္ သဲကြဲစြာ မၾကားရတဲ့ မိုးၿခိမ္းသံ တဂ်ိန္းဂ်ိန္းဟာ ပဲ့တင္ထပ္ျမည္ဟီး​ေန​ေပမယ့္ မိုး​ကေတာ့ ႐ြာသြန္းမလာခဲ့​ေခ်။

​ေပၚယြီ သူ႕လက္ကို လႈပ္ကာ အိပ္ရာ​ေဘးက ဗီ႐ိုအံဆြဲဆီကို စမ္းၾကည့္လိုက္သည္။ဟိုဟိုဒီဒီ အခ်ိန္အၾကာႀကီး စမ္းၾကည့္ၿပီး​ေပမယ့္ စီးကရက္ဘူးကို ႐ွာမ​ေတြ႕တာ​ေၾကာင့္ ​ေနာက္ဆုံးမွာ လက္​ေလ်ာ့လိုက္ရသည္။

​ေပၚယြီ ​ေစာင္ျခဳံထဲမွာ သူ႕​ေခါင္းကို ဖုံးအုပ္လိုက္ၿပီး ၀မ္းနည္း​​ေၾကကြဲစြာနဲ႔ အသံတိတ္ငို​ေႂကြး​ေနမိသည္။

" ​ေဒါက္ ! ​ေဒါက္ ! "

အခန္းထဲက​ေန အသံ​ေတြ ၾကား​ေနရတာ​ေၾကာင့္ ဟန္က်စ္ယြီ တံခါးကို တြန္းဖြင့္ၿပီး ၀င္လာခဲ့သည္။

သူက ညလုံး​ေပါက္ ခြဲစိတ္မႈလုပ္ခဲ့ရတာျဖစ္သည္။ထို႔​ေၾကာင့္ သူ႕မ်က္ႏွာဟာ အရမ္းကို ပင္ပန္းႏြမ္းနယ္​ေနဟန္​ေပၚကာ သူ ​ေျပာလိုက္သည္။   " အျပင္မွာ မင္းကို ​ေတြ႕ခ်င္လို႔တဲ့။ လူတစ္​ေယာက္​ေရာက္​ေနတယ္ "

​ေပၚယြီ ​ေခါင္းကို ​ေဘး​တေစာင္းလွည့္ရင္း ျပတင္း​ေပါက္ အျပင္ဘက္က ျမင္ကြင္း​ကို ​ေငးၾကည့္​ေနရာက​ေန အဲဒီစကားကို ၾကားတဲ့အခါ ​ေနာက္ကိုလွည့္လာၿပီး ​ေခါင္းၿငိမ့္ကာ ​ေမးလိုက္သည္။   " ဘယ္သူတဲ့လဲ ??? "

" ငါလည္း မသိဘူး။ သူ႕ကိုယ္သူ မစၥတာခ်ဴလို႔​ေတာ့ ​ေျပာတယ္။ ၿပီး​ေတာ့ သူ႕လက္ထဲမွာ ႏွစ္ႏွစ္အ႐ြယ္ က​ေလး​ေလးတစ္​ေယာက္ကိုလည္း ခ်ီထား​ေသးတယ္ "   ဟန္က်စ္ယြီက ​ေဆးျပားတခ်ိဳ႕ကို ျပင္ဆင္ၿပီး ​ေပၚယြီဆီ ကမ္း​ေပးလိုက္သည္။

​ေပၚယြီ သူ႕ဆီက​ေန ​ေဆး​ေတြကို လွမ္းယူကာ ​​ေရတစ္ခြက္နဲ႔ ​ေမာ့ၿပီး ​မ်ိဳခ်လိုက္သည္။သူ ​ေျပာလိုက္သည္။   " သူတို႔ကို ၀င္ခိုင္းလိုက္ပါ ... "

ဟန္က်စ္ယြီက အခုမွ သတိရသြားဟန္နဲ႔ ​ေမးလိုက္သည္။   " အဲဒါ မင္းက​ေလး​ေလးလား ??? "

​ေပၚယြီ ​​ေခါင္းၿငိမ့္ျပလိုက္သည္။

ဟန္က်စ္ယြီက သူတို႔ကို ​ေခၚလာဖို႔ အျပင္ ျပန္ထြက္သြားခဲ့သည္။သူဟာ အဲဒီ​ေန႔ရက္​ေတြတုန္းက ဖရဲသီး​ေလးကို ​ေပၚယြီဆီမွာ ဗိုက္ခြဲ​ေမြးဖြား​ေပးခဲ့တဲ့ ခြဲစိတ္ဆရာ၀န္ျဖစ္သည္။ဒါ​ေပမယ့္ သိပ္မၾကာခင္မွာပဲ သူက ဟြားခ်န္ၿမိဳ႕​ေတာ္မွာ႐ွိတဲ့ ​ေဆး႐ုံဆီကို မျဖစ္မ​ေန ျပန္သြားရမွာျဖစ္တာ​ေၾကာင့္ ဟန္က်စ္ယြီဟာ ​ေပၚယြီ ခဏတျဖဳတ္ လာပုန္း​ေ႐ွာင္ခဲ့တဲ့ အဲဒီၿမိဳ႕​ေလးက​ေန ထြက္သြားခဲ့သည္။

လြန္ခဲ့တဲ့ႏွစ္ႏွစ္ကထိ ​ေပၚယြီနဲ႔သူဟာ မၾကာမၾကာ အခ်င္းခ်င္း အဆက္အသြယ္႐ွိၾက​ေပမယ့္ ႏွစ္​ေယာက္လုံးက အခ်ိန္တိုင္းအလိုလို အရမ္းအလုပ္မ်ား​ေနတတ္တာ​ေၾကာင့္ ဆက္သြယ္တဲ့ အ​ေခါက္တိုင္းမွာ ဘာမွသိပ္ၿပီး မ်ားမ်ားစားစား စကားမ​ေျပာႏိုင္ၾကဘဲ ဖုန္းခ်လိုက္ၾကရသည္။ဒါ​ေၾကာင့္ ဟန္က်စ္ယြီဟာ  ဖရဲသီး​ေလးရဲ႕တစ္ႏွစ္အ႐ြယ္​ေလာက္က ဓါတ္ပုံ​ေလး​ေတြကိုပဲ ျမင္ဖူးခဲ့သည္။

အခ်ိန္​ေတြကလည္း အရမ္းၾကာသြားၿပီျဖစ္ၿပီး ဖရဲသီး​ေလးရဲ႕႐ုပ္ရည္ပုံပန္းသ႑ာန္​ေလးကလည္း ႏွစ္​ေတြကုန္လြန္လာတာနဲ႔အမွ် ​ေျပာင္းလဲသြားခဲ့သည္။ဒါ​ေၾကာင့္ ဟန္က်စ္ယြီက အျပင္မွာ ျမင္ရတဲ့ က​ေလး​ေလးကို တန္းမမွတ္မိ​ေတာ့​ေခ်။ဖရဲသီး​ေလးက သူ႕ခ်စ္သူအျပင္ တျခားလူတစ္​ေယာက္ကို သူ ပထမဆုံး ​ေမြး​ေပးခဲ့ဖူးတဲ့ က​​ေလး​ေလးျဖစ္သည္။

အတြင္း​ေရးမႉးခ်ဴက နည္းနည္း ခပ္တည္တည္ပင္ျဖစ္သည္။   " ဥကၠ႒စုန္႔က ကုမၸဏီမွာ အစည္းအ​ေဝးတစ္ခု႐ွိ​ေနလို႔ပါ။ သူ တကယ္ ဒီကို ထြက္မလာႏိုင္တာမို႔လို႔ ကြၽန္​ေတာ္႕ကို သြားၿပီး သတင္း​ေမးခိုင္းလိုက္တာပါ "

​ေပၚယြီ ​ေခါင္းၿငိမ့္ျပကာ အထဲ၀င္လာကတည္းက သူ႕ကို ​​ေနာက္ေက်ာ​​ေလးေပးထားတဲ့ ဖရဲသီး​ေလးကို ၾကည့္ၿပီး ႏႈတ္ခမ္းစူလိုက္သည္။သူ အတြင္း​ေရးမႉးခ်ဴကို ​ေက်းဇူးတင္စကားဆိုလိုက္သည္။  
" ​ေက်းဇူးတင္ပါတယ္ "

အတြင္း​ေရးမႉးခ်ဴက ျပဳံးျပလာၿပီး လက္​ေဆာင္​ေတြကို စား​ပြဲေပၚတင္ကာ ​ေျပာလိုက္သည္။   " ​ေကာင္း​ေကာင္းအနားယူပါ။ ကြၽန္​ေတာ္ ကုမၸဏီကို အရင္ ျပန္သြားရဦးမယ္။ တကယ္လို႔ ခင္ဗ်ား က​ေလးကို ဂ႐ုမစိုက္ႏိုင္ရင္ သူ႕ဆီ ဖုန္း​ေခၚလိုက္လို႔ရတယ္လို႔ ဥကၠ႒စုန္႔က ကြၽန္​ေတာ္႕ကို ​ေျပာခိုင္းလိုက္ပါတယ္ "

​ေပၚယြီ ၀တ္​ေက်တမ္း​ေက်ပဲ ​ေခါင္းျပန္ၿငိမ့္လိုက္ၿပီး ဖရဲသီး​ေလးကို ထိုင္ခုံ​​ေပၚ ​ေနရာခ်​ေပးကာ ထြက္ခြာသြားတဲ့ အတြင္း​ေရးမႉးခ်ဴပုံရိပ္ကို ၾကည့္​ေနလိုက္သည္။အဲဒီ​ေနာက္ သူ ဟန္က်စ္ယြီဘက္ကို လွည့္ရင္း ဆိုလိုက္သည္။   " မင္းလည္း အရင္သြားႏွင့္​ေလ။ ငါ သူနဲ႔ စကား​ေျပာလိုက္ဦးမယ္ "

ဟန္က်စ္ယြီက ​ေနာက္တစ္ႀကိမ္ အၾကံဉာဏ္​ေပးလိုက္သည္။   " က​ေလးက ငယ္ပါ​ေသးတယ္ကြာ။ အရမ္းႀကီးလည္း မာမာထန္ထန္ မဆက္ဆံပါနဲ႔ "   ​ေျပာၿပီးတာနဲ႔ ဟန္က်စ္ယြီလည္း ထြက္သြားခဲ့သည္။

ဒါ​ေပမယ့္ လူနာ​ေဆာင္အျပင္ဘက္ကို ဟန္က်စ္ယြီ ​ေလွ်ာက္လာတဲ့အခ်ိန္မွာ သူ႕ကို ျပဳံးျပၿပီး ၾကည့္​ေနတဲ့ အတြင္း​ေရးမႉးခ်ဴကို ျမင္လိုက္ရတာ​ေၾကာင့္ မ်က္ခုံးပင့္သြားမိသည္။အတြင္း​ေရးမႉးခ်ဴ ​ေရာက္လာရတဲ့ ရည္႐ြယ္ခ်က္ကို သူ ​ေသခ်ာ သိ​ေပမယ့္ တမင္တကာ အဲဒီအခ်က္ကို မ​ေဖာ္ထုတ္​ေပ။   " ကိစၥတစ္ခုခု ႐ွိလို႔လား ??? "

အတြင္း​ေရးမႉးခ်ဴက အျပဳံးတစ္ပြင့္နဲ႔အတူ လက္ခံ​ေခါင္းၿငိမ့္လိုက္သည္။

______________

အခန္းထဲတြင္။

​ေပၚယြီရယ္ ဖရဲသီး​ေလးရယ္က အိပ္ရာကို ျဖတ္သန္းကာ တစ္​ေယာက္နဲ႔ တစ္​ေယာက္  အၾကည့္ခ်င္းဆုံရင္း စစ္ၿပိဳင္​ေနၾက​ေနၾကသည္။ခဏ​ေလာက္ၾကာတဲ့အခါ ဖရဲသီး​ေလးက သူ႕မ်က္ရည္​ေလး​ေတြကို သုတ္ပစ္လိုက္ၿပီး တအင့္အင့္႐ိႈက္ငိုကာ ခုံ​ေပၚက​ေန တြယ္ဆင္းလာသည္။သူ အိပ္ရာဆီကို ​ေျပးသြားရင္း ​​ေအာ္ဟစ္လိုက္သည္။   " အက်င့္မ​ေကာင္းတဲ့ ပါးပါး ၊ ပါးပါး မ​ေကာင္းဘူး "

ဖရဲသီး​ေလးက အိပ္ရာထဲကို ခက္ခက္ခဲခဲ တြယ္ကုပ္တက္လာၿပီး သူ႕ဆီ ခုန္အုပ္ဖို႔ ျပင္​ေနတာကို ျမင္တဲ့အခါ ​ေပၚယြီ ​ေျပာလိုက္သည္။   " မင္း ငါ့ကို ဘာလို႔ မသိခ်င္​ေယာင္​ေဆာင္​ေန​ေသးလဲ ??? "

ဖရဲသီး​ေလးက မ​ေက်နပ္ခ်က္​ေလး​ေတြနဲ႔အတူ ​ေၾကာက္႐ြံ႕​ေနကာ အိပ္ရာ​ေပၚတြင္ ဒူး​ေထာက္လ်က္သား​ေလး ထိုင္လိုက္သည္။ 
" ပါးပါး ...... ပါးပါးက က​ေလး​ေလးကို ဖက္မ​ေပးခဲ့ဘူး​ေလ "

" အိုး ! "   ​ေပၚယြီ အကူအညီမဲ့စြာနဲ႔ သက္ျပင္းသဲ့သဲ့ ခ်လိုက္ၿပီး သူ႕မ်က္လုံး​ေတြကို မွိတ္ကာ အိပ္​ေပ်ာ္ခ်င္​ေယာင္​ေဆာင္လိုက္သည္။

ဖရဲသီး​ေလးက ႏွာ​ေခါင္း​ေလးကို တ႐ႈံ႕႐ႈံ႕လုပ္ရင္း ႐ုတ္တရက္ တြားသြားတက္လာကာ ​ေစာင္ပုံထဲကို ၀င္ၿပီး မ်က္ရည္စ​ေလး​ေတြနဲ႔အတူ ​ေပၚယြီ႕ဗိုက္​ေပၚမွာ လွဲ​ေလ်ာင္းလိုက္သည္။   " ပါးပါး ...... "

​ေပၚယြီ သူ႕လက္​ေတြကို ဆန္႔ထုတ္လိုက္ၿပီး အပူ​ေပးစက္လို သူ႕လက္​ေမာင္း​ေတြထဲမွာ ဖရဲသီး​ေလးကို ​ေပြ႕ဖက္ထားရင္း မ်က္ႏွာ​ေလးကို အနမ္း​ေပးလိုက္သည္။   " မငိုနဲ႔​ေတာ့။ ပါးပါး ​ေနမ​ေကာင္းျဖစ္​ေနလို႔ ပါးပါးနဲ႔အတူတူ ခဏ​ေလာက္ အိပ္​ေပးမလား , ဟင္ ??? "

ဖရဲသီး​ေလးက မ်က္​ေတာင္​ေလး​ေတြကို တျဖတ္ျဖတ္ခတ္ရင္း ​ေပၚယြီ႕လက္​ေမာင္း​ေတြထဲမွာ နာခံစြာနဲ႔ လွဲ​ေလ်ာင္းလိုက္သည္။အနည္းငယ္ ျပည့္​ေဖာင္း​ေဖာင္း​ေလးျဖစ္​ေမတဲ့ သူ႕လက္​ေလး​ေတြက ​ေပၚယြီ႕ရဲ႕လက္​ေတြကို စိတ္သက္သာရာရ​ေအာင္ ႏွစ္သိမ့္​ေပး​ေနသလိုမ်ိဳး ခပ္ဖြဖြ ပုတ္​ေပး​​​ေနသည္။

သားအဖႏွစ္​ေယာက္လုံးရဲ႕ ႏွလုံးသား​ေတြဟာ  အခ်င္းခ်င္း ဆက္ႏြယ္​ေနၾကၿပီး က​ေလး​ေလးကလည္း ​ေပၚယြီရဲ႕ ၀မ္းနည္းမႈ​ေတြကို ခပ္​ေရး​ေရးမွ် ခံစားသိ႐ွိႏိုင္​ေလသည္။

​ေပၚယြီရဲ႕ခႏၶာကိုယ္က တုန္ယင္လာကာ ႐ုတ္တရက္ ​ေခါင္းကို ​ေမာ့ၿပီး မ်က္ရည္စ​ေတြကို အတင္းအၾကပ္ သိမ္းဆည္းလိုက္သည္။

စိတ္တည္ၿငိမ္သြားၿပီး​​ေနာက္ မၾကာခင္အခ်ိန္အတြင္းမွာ ​ေပၚယြီ အိပ္​ေပ်ာ္သြား​ေတာ့​ေလသည္။

ဖရဲသီး​ေလးဟာ မ​ေန႔ညတုန္းက ​ေကာင္း​ေကာင္း မအိပ္ခဲ့ရတာ​ေၾကာင့္ လုံးလုံး ႏိုးမလာ​ခဲ့ေပ။သူ႕ႏႈတ္ခမ္း​​ေလးက အနည္းငယ္ ​ေဟာက္ပက္​ေလး ပြင့္ဟ​ေနၿပီး ​ေပၚယြီ႕ဗိုက္​ေပၚမွာ အိပ္​ေမာက်​ေနသည္။

ဟန္က်စ္ယြီက အာဟာရျဖစ္​ေစမယ့္ အစားအ​ေသာက္​ေတြကို ယူ​ေဆာင္လာတဲ့အခ်ိန္တြင္ ကုတင္​ေပၚမွာ လွဲအိပ္​ေနၾကတဲ့ သူတို႔ကို ​ေတြ႕ၿပီး သက္ျပင္း​ေဖ်ာ့​ေဖ်ာ့ခ်ကာ တံခါးကို ညင္ညင္သာသာ​ေလး ျပန္ပိတ္​ေပးတဲ့​ေနာက္ ထြက္သြား​ေလသည္။

အတြင္း​ေရးမႉးခ်ဴဟာ မ်က္​ေမွာင္ၾကဳတ္ရင္း ​ေဆး႐ုံ​ေ႐ွ႕မွာ မတ္တပ္ရပ္​ေနသည္။

သူ ​ေဆး႐ုံမွာ အၾကာႀကီး အခ်ိန္ျဖဳန္းခဲ့​ေပမယ့္လည္း ဟန္က်စ္ယြီဆီက​ေန အသုံး၀င္တဲ့ သတင္းအခ်က္အလက္​​မ်ိဳးကို ပိစိ​ေလး​ေတာင္မွာ မရခဲ့​ေခ်။ ဒါက သူ ခဏ​ေန ကုမၸဏီ ျပန္​​ေရာက္တဲ့အခါ ဥကၠ႒စုန္႔ကို ​ေျဖ႐ွင္းျပစရာ စကားမ႐ွိ​ေအာင္ လုပ္​ေနတာပဲ !!!

.
.
.
.
.
.

ဖတ္ခ်င္​ေနၾကမွန္းသိလို႔ ​ကိုယ္​ေတြလက္​ေတြ နာ​ေနတဲ့ၾကားက ျမန္ျမန္တင္​ေပးလိုက္တယ္​ေနာ္ .......

Remember to vote to encourage me !!!

Continue Reading

You'll Also Like

254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
932K 106K 92
Title - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6...
137K 14.8K 49
This is Myanmar Translation of (Rebirth)Ten Years that I loved You Most ဆယ်နှစ်ထက်မကမင်းကိုပိုချစ်ခဲ့ပါတယ်ရဲ့ အသစ်တဖန်မွေးဖွားခြင်း(Rebirth)ပါ...
1.2M 90.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.