🐉 Catch A Dragon Become My W...

By Y_Kalay

200K 22.5K 3.2K

Name : 缚龙为后 " Catch A Dragon Become My Wife" Author :舒仔 ( Shuzai ) Genere : Historical, Fantasy, Ancient, Ro... More

စကားစမြည်
အညွှန်းအစ
{အခန်း - 1} နဂါးရဲ့ အသဲနှလုံးကို ရောဂါကုသဖို့ အသုံးပြုမည်
{အခန်း - 2} သဘောထားကွဲလွဲမှုများ
{အခန်း - 3} မင်း ကိုယ်နဲ့ ဇနီးမောင်နှံ ဖြစ်ချင်လား
{အခန်း - 4} ကုသခြင်းအတွက် သန့်စင်သောဆေး
{အခန်း - 5} ထာဝရ တည်ရှိနေသော
Please read
{အခန်း - 6} လူတွေကို ကယ်တင်ဖို့အတွက် အချိန်ဆွဲခြင်း
{အခန်း - 8}
{အခန်း - 9}
{အခန်း - 10} အချစ်ရဲ့ သင်္ကေတ
{အခန်း - 11} တကယ့် အားသာချက်များ
{အခန်း - 12} မင်းက ငါ့အတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံးလူဆိုတာ ငါသိပါတယ်
{အခန်း - 13} လူသားနဲ့ မိစ္ဆာတွေရဲ့ မတူညီသောနည်းလမ်းများ
{အခန်း - 14} စိတ်ပျက်အားငယ်စေတဲ့ အိပ်မက်
{အခန်း - 15} ငါ မင်းကို ကာကွယ်ပေးမယ်
{အခန်း - 16} ငါက သူ့ကို နှောင့်ယှက်တယ်
{အခန်း - 17} သူ ပျော်ရွှင်အောင် ဘယ်လိုလုပ်ပေးရမလဲ
{အခန်း - 18} ရုတ်တရက် ပူလိုက် အေးလိုက်
{အခန်း - 19} ငါ အလေးအနက် ထားမိလိမ့်မယ်
{အခန်း - 20} မိဖုရား နိုးထလာခြင်း
{အခန်း - 21} နှုတ်ထွက်ခြင်း
သ{အခန်း - 22}သင့်ရဲ့ ကံကြမ္မာကိုရေတွက်ခြင်း (Part 1)
{အခန်း - 22} သင့်ရဲ့ ကံကြမ္မာကိုရေတွက်ခြင်း (Part 2)
Hello!
{အခန်း - 23} မင်း ကိုယ့်ကို ဘယ်လိုထင်နေတာလဲ
{အခန်း - 24}
{အခန်း - 25} ငါ မင်းကို မနက်ဖြန် ပေးမယ်
{အခန်း - 26} အရေးကြီးသောနဲ့ အရေးမကြီးသော
{အခန်း - 27} နဂါး၏ အတွင်းအဂ္ဂိရတ်
{အခန်း - 28} ထူးထူးခြားခြား အဖိုးတန်လှသည်
{အခန်း - 29} အရမ်းပျော်တယ်
{အခန်း - 30} မင်း ငါ့ဆီကနေ ထွက်သွား
{အခန်း - 31} အပြန်အလှန် ဖလှယ်ခြင်း / အပေးအယူ
{အခန်း - 32} နတ်ဆိုးများနဲ့ မကောင်းဆိုးဝါးများ
{အခန်း - 33} နဂါးမျိုးနွယ်နဲ့ လူသားတို့ရဲ့ အမွေဆက်ခံသူ
{အခန်း - 34} မြေခွေးမိစ္ဆာ အပိုင်း (၁)
Novel အသစ်လေးကို ကူရွေးပေးကြပါဦး ❤
{အခန်း - 35} မြေခွေးမိစ္ဆာ အပိုင်း (၂)
{အခန်း - 36} အလောင်းအစားနဲ့ ထိုက်တန်ပါသေးတယ်
{အခန်း - 37} ဘာမှမဟုတ်တော့ပြီ
Hello !
{အခန်း - 38} မင်းက ဘယ်လိုလူမျိူးလဲ
{အခန်း - 39} မျက်လုံးထဲမှာ မျက်ရည်တွေ
{အခန်း -40} ဘယ်တော့မှ ထပ်မတွေ့တော့ဘူး
For Read
{အခန်း - 41} ထွက်ခွာခြင်း
{အခန်း - 42} ကောင်းကင်ဘုံမှ ဖန်ဆင်းခြင်း
{အခန်း - 43} မင်းသာ သဘောကျမယ်ဆိုရင်
{အခန်း - 44} ကွဲအက်သွားတဲ့ကျောက်စိမ်း အပိုင်းအစ
{အခန်း - 45} သူ့မှာ ရွေးချယ်စရာမရှိဘူး
{အခန်း - 46} ကိုယ် မင်းကို လွမ်းတယ်
{အခန်း - 47} ဦးနှောက်ထဲမှာ တွင်းပေါက်တစ်ခုရှိနေတဲ့အခါ
{အခန်း - 48} အရှက်ကွဲခြင်း
{အခန်း - 49} အသည်းကွဲခြင်း
{အခန်း - 50} လုပ်ကြံသတ်ဖြတ်ခံရခြင်း
Apologize letter 💛
{အခန်း - 51} မင်းမသေပါနဲ့

{အခန်း - 7} ယန်ယွမ် တစ်ယောက်သာ

2.1K 313 53
By Y_Kalay

အခန်း : (7) "ယန်ယွမ် တစ်ယောက်သာ"
..................................................

ယန်ယွမ် နန်းတော်မှာ မရှိတဲ့ကာလတွေမှာ ဝန်ကြီးချုပ်က အစိုးရရေးရာအလုပ်တွေကို တာဝန်ယူထားပြီး သူနန်းတော်ကို ပြန်ရောက်တာနဲ့ အစောပိုင်းတရားရုံးကိစ္စတွေကို ပြန်လည်စတင်တော့မှာဖြစ်တယ်။

အချိန် ငါးဆိုင်းစာလောက်ကြာပြီးတဲ့နောက် ကောင်းကင်က အလင်းရောင်ဖျော့ဖျော့သန်းလာချိန် နန်းတော်အပြင်ဘက်ကနေ မိန်းမစိုးက ယန်ယွမ့်ကို  မနက်အိပ်ရာထချိန်ရောက်ပြီဆိုတဲ့အကြောင်း တိုးတိုးလေး ပြောလာတယ်။ ယန်ယွမ်က နိုးစပြုနေပြီဖြစ်တယ်။ အဲဒီအချိန်မှာ သူက ရွှမ်လုံနဲ့အတူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ပြီး မျက်မှောင်ကြုတ်ကာ နိုးထဖို့ ငြင်းဆန်နေခဲ့တယ်။ အပြင်ဘက်မှာကလည်း မိန်းမစိုးအကြီးအကဲက ရှိနေတယ်။

သူက အသက် 19 နှစ်သာရှိသေးတယ်။ သူက လက်ရှိလူ့လောကရဲ့ အရှင်သခင်ဖြစ်နေပေမယ့်လည်း ကလေးဆန်တဲ့ စိတ်နေစိတ်ထားကိုတော့ မလျှော့သေးပါဘူး။

နန်းတွင်းက လူတွေအများကြီးရှေ့မှာပဲ သူရဲ့စိတ်ခံစားချက်အစစ်အမှန်တွေကို ဟန်ဆောင်ဖုံးကွယ်ထားနိုင်ပေမယ့် ရင်းနှီးကျွမ်းဝင်တဲ့သူတွေရဲ့ ရှေ့မှာတော့ သူက ဖုံးကွယ်ဖို့ အမြဲပျင်းနေခဲ့တယ်။

အပြင်ဘက်ကလူတွေ အလျင်လိုနေကြတာကိုမြင်တော့ ရွှမ်လုံက သူ့ခါးတစ်ဝိုက်ကို ဖတ်တွယ်ထားတဲ့ ယန်ယွမ်ရဲ့ လက်ကို ညင်သာစွာထိလိုက်တယ်။

အသံက နူးညံ့ပြီး ချိုသာလွန်းလှတယ်။  ရွှမ်လုံရဲ့ အေးစက်နေတက်တဲ့ အသွင်အပြင်နဲ့ လုံးဝကွဲပြားတယ်။ ယန်ယွမ်က ဒေါသတဝက်လောက်နဲ့ နိုးနေပေမယ့်လည်း သူက မထချင်သေးဘူး။ သူက ပြင်းပြပြီး စိုစွတ်တဲ့ အနမ်းတခုကို ဖန်တီးလိုက်တယ်။

ရွှမ်လုံက သူ့စကားတွေကို တိတ်တိတ်လေး နားထောင်ရင်း နားရွက်တွေက နီရဲလာခဲ့တယ်။ သူက ဒီကိစ္စနှင့်ပတ်သက်ရင်  အနည်းငယ် ထုံထိုင်းသွားတက်ပြီး သူဘယ်လို တုံ့ပြန်ရမယ်ဆိုတာကို မသိခဲ့ဘူး။ သူများ ပြက်ရယ်ပြုပြီး လှောင်ရယ်မှာကို ကြောက်တဲ့စိတ်ကြောင့် သူကအမြဲတမ်း တုံ့ပြန်ဖို့ကို ရိုးရိုးရှင်းရှင်းပဲ ငြင်းဆန်ခဲ့တယ်။ ယန်ယွမ်ကတော့ သူလုပ်ချင်တာမှန်သမျှ သူလုပ်တက်တယ်။ သူက​တော့ အားလုံးကို သဘောတူပူးပေါင်း​ပေးရုံပါပဲ။

သူ့ကိုနမ်းလိုက်တော့ နည်းနည်းပြောင်းလဲသွားတယ်။ အိပ်ခန်းထဲက အပူချိန်ကလည်း တဖြေးဖြေးတိုးလာတယ်။ ယန်ယွမ်ရဲ့လက်က သူ့ရဲ့ ဗလာကျင်းနေတဲ့ ကိုယ်လုံးပေါ်ကို တဖြေးဖြေးခြင်း လျှောကျသွားပြီး အဲဒီလူရဲ့ ခြေထောက်တွေကြားမှာ ရပ်တန့်သွားတယ်။
" အားပေါ... ကိုယ်လေ.... "

ရွှမ်လုံရဲ့ မသိစိတ်က သူ့ခြေထောက်တွေကို ခွဲပေးထားလိုက်မိတယ်။ သူ့မှာ ဒဏ်ရာရှိနေဆဲဖြစ်ပေမယ့်လည်း ခံနိုင်ရည်ရှိပါသေးတယ်။

သူ့ခန္ဓာကိုယ်ပေါ်မှာ မွေးပျံ့ အေးမြပြီးလတ်ဆတ်တဲ့ ရနံ့တချို့သင်းနေတာက သဘာဝအတိုင်း ရှိနေပုံရပြီး အဲဒီအနံ့က စိတ်ကို နှစ်လိုသာယာဖွယ် ဖြစ်စေတယ်။ ယန်ယွမ်က ရွှမ်လုံရဲ့ ခန္ဓာကိုယ်ကို စွဲလန်းနေပြီး စိတ်ခံစားမှုပျင်းပြလာတဲ့အခါမှာ အဲဒီအနံ့အသက်က ပိုလို့တောင် ထိန်းမနိုင်သိမ်းမနိုင်ဖြစ်စေတယ်။

ယန်ယွမ်၏ မျက်လုံးအကြည့်တွေ ပြောင်းလဲသွားကာ သူရဲ့ လက်ချောင်းတွေကို ဖယ်လိုက်တယ်...။

**(uncencored ဗားရှင်းအပြည့်အစုံကို Weibo ပေါ် မှာဖတ်လို့ ရပါတယ်၊ မနေ့က အဲဒါလေးအတွက် ခေါ်တော့ ယူတို့က ဘယ်သူမှ မလာလို့ ထပ်ဖြည့်ပြီး မရေးပေးလိုက်ရပါဘူး
ဝိုင်ကလေးဖတ်တာ ဒီအပိုင်းတွေ အများကြီးကျော်သွားပြီမို့ ဆင်ဆာဖြတ်လည်း အဆင်ပြေသွားပါပြီ)**

ပြီးဆုံးသွားသောအခါမှာလည်း ယန်ယွမ်က အဲဒီလူကို သူ့ရင်ခွင်ထဲမှာပဲ ကျေနပ်စွာ ဆုပ်ကိုင်ထားရင်း ထဖို့ တွန့်ဆုတ်နေဆဲ ဖြစ်တယ်။ နွေဦးညဟာ တိုတောင်းပြီး နေတာက ရှည်လိမ့်မယ် ဘုရင်မင်းမြတ်ရဲ့ တပ်မက်မှုတွေကလည်း အုပ်ချုပ်မှုရေးရာတွေကို ဘယ်မှာ နှောင့်နှေးစေပါ့မလဲ။ သူ့အလိုကို ခေတ္တယာယီ စောင့်ဆိုင်းပေရုံပဲ ဖြစ်တယ်။

တကယ်တော့ သူက ရွှမ်လုံရဲ့ အလှရယ်၊ အသွေးအသားနဲ့ အရသာကို သိပေမယ့် သူကြိုက်တဲ့ အမျိုးအစားတော့ မဟုတ်ခဲ့ဘူး၊ သူက နင့်ချွီယွီကို လေးလေးနက်နက် ချစ်တယ်၊ နူးညံ့သိမ်မွေ့တဲ့ အချစ်မျိုးနဲ့ ချစ်တယ်။ သူက ရွှမ်လုံလောက် သန်မာမှု မရှိဘူး ဆိုပေမယ့် အကာအကွယ်လည်း လုံးဝ မလိုအပ်ပါဘူး။

နင့်ချွီယွီ ကတော့ မတူပါဘူး။ ဝန်ကြီးချုပ်ရဲ့ ကိုယ်လုပ်တော် အနေနဲ့ကတော့ သူ့ရဲ့ ခိုကိုးရာကြောင့်ရော သူ့ဘဝတစ်လျှောက်လုံး ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ခဲ့တာ အတိအကျပါပဲ။ အမျိုးသားတွေမှာ အားနည်းတဲ့သူတွေကို အကာအကွယ်ပေးလိုတဲ့ စိတ်ဆန္ဒတွေ အမြဲတမ်း ရှိတတ်ကြတယ်။ အဲဒါတွေအပြင် နင့်ချွီယွီက သူရဲ့ မူလ ချစ်သူ၊ သူ့ရဲ့ အရင်ဘဝတခုလုံးပဲ။

ယန်ယွမ်က နင့်ချွီယွီ နဲ့အတူတူ တစ်သက်တာ လက်တွဲဖို့အတွက် ကတိပြုခဲ့တယ်။ အခု သူက လက်ထပ်ကတိကို ဖောက်ဖျက်လိုက်သလို ဖြစ်​တာကြောင့်မို့ အပြစ်ရှိသလို မကြာခဏ ခံစားရပေမယ့်လည်း ရွှမ်လုံနဲ့ ပျော်နေမိတာကိုလည်း သူ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘူး။ အဲဒါကြောင့် သူ့ကိုယ်သူ နှစ်သိမ့်ပေးတဲ့အနေနဲ့ သူလုပ်နေသမျှ အရာအားလုံးက ပန်းတိုင်တခုတည်း အတွက်ပဲ ဖြစ်တယ်။

ဒီလိုတွေးလိုက်တော့ စိတ်သက်သာလာသလို အပြစ်တွေလည်း အများကြီး ပေါ့သွားသလို ခံစားရတယ်။ သူကရွှမ်လုံရဲ့ ခါးကို သူ့ဘက်ကို လှည့်လိုက်ပြီး ချောမောတဲ့ မျက်နှာလေးကို ကြည့်ကာ..

"အားပေါ ဘာလို့ မင်းက မျက်နှာဖုံး အမြဲတပ်ထားတာလဲ"

"ဒါက အရမ်း ဒုက္ခရောက်မှာပဲ ချွတ်လိုက်စမ်းပါ"

ရွှမ်လုံက ခဏ ရပ်လိုက်ပြီး အခုအခြေအနေကြောင့် သူ့အသံလေး အနည်းငယ် နိမ့်ကျသွားတယ်
"ငါ့မျက်နှာက ရုပ်ဆိုးတယ်၊ မင်းကို ကြောက်လန့်စေလိမ့်မယ်"

"မဖြစ်ပါဘူး"
ယန်ယွမ်က သူ့မျက်နှာပေါ်က ရွှေရောင်ကြေးဝါ မျက်နှာဖုံးကို ချွတ်ဖို့ လက်ကိုဆန့်တန်းရင်း ပြောလိုက်တယ်။

သူထိတွေ့လိုက်တာနဲ့ ရွှမ်လုံက သူ့လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ခေါင်းကိုလှည့်ကာ သူ့ကို တိတ်တဆိတ် ကြည့်လာတယ်။

"တကယ် ဘာမှမဖြစ်ပါဘူး" ယန်ယွမ်က
ကတိပေးလိုက်တယ်။
ရွှမ်လုံက သူ့ကို ခဏလောက် စိုက်ကြည့်ရင်း သူ့မျက်နှာပေါ်က ​ရွှေရောင်ကြေးဝါကို ကြည့်ဖို့ ခေါင်းကို လှည့်ပြီး အေးအေးဆေးဆေး အချိန်အတော်ကြာ သက်ပြင်းချပြီးမှ ပြောတယ် "​ငါ့​အမေ ကိုယ်တိုင်က ငါရုပ်ဆိုးတာကို မုန်းလို့ မကြိုက်ဘူး”

"ကမ္ဘာပေါ်က သတ္တဝါတွေအားလုံးက ငါ့ကိုမြင်ရင် မုန်းကြတယ်၊ ဒါပေမယ့် မင်းကတော့ ငါ့ကို မမုန်းဘူး"

"ငါ့မျက်နှာအစစ်ကို မင်းမြင်ရင် မင်းငါ့ကို သဘောမကျတော့မှာကို ငါကြောက်တယ်"

ယန်ယွမ်က မထင်ထားခဲ့ဘူး၊ ရွှမ်လုံရဲ့ နှလုံးသားက သူ့ရဲ့အပြင်ပန်းပုံစံလို အေးစက်နေမယ်လို့ မျှော်လင့်ထားပေမယ့် တကယ်တော့ နူးညံ့ သိမ်မွေ့လွန်းလှတယ်။
သူ ခဏတော့ အံ့အားသင့်သွားပြီး တွေးတောမနေတော့ဘဲ
"ကိုယ် ကတိပေးတယ်၊ အားပေါက ကိုယ့်ရဲ့ အားပေါပဲ၊ ကိုယ် မင်းကိုချစ်တာ ဘယ်တော့မှပြောင်းလဲမှာ မဟုတ်ဘူး.."

ရွှမ်လုံက သူ့ရဲ့ မက်မွန်ပွင့်လေးတွေလို နွေးထွေးပြီး ရိုးသားတဲ့အကြည့်လေးနဲ့ ယန်ယွမ်ကို့ ကြည့်နေတယ်။

ယန်ယွမ်က သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပေမယ့်လည်း မျက်နှာလွှဲမသွားတော့ပါဘူး။

နောက်ဆုံးတော့ ရှေးသက္ကတဘာသာနဲ့ ရေးထွင်းထားတဲ့ ရွှေနက်ရောင် မျက်နှာဖုံးကို ဖယ်ရှားလိုက်ပြီ ဖြစ်တယ်။

ယန်ယွမ်က သူ့စိတ်ကိုသူ ပြင်ဆင်ထားပေမယ့်လည်း ရွှမ်လုံရဲ့ မျက်နှာအပြည့်အစုံကို သူမြင်လိုက်ရတဲ့အခါမှာတော့ မထိန်းနိုင်တော့ပဲ ပင့်သက်ရှိုက်မိသွားတယ်။

သူ့ရဲ့ ဘယ်ဘက်မျက်နှာကို ကြည့်လိုက်ရုံနဲ့ အေးစက်ပြီး သူရဲကောင်းဆန်တဲ့ မျက်နှာ မွေးရာပါ ဖြောင့်စင်းတဲ့ နှာတံနဲ့ ချစ်စရာကောင်းတဲ့ အသွင်အပြင်ရယ်က တကယ်ကို ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ပုံစံမျိုးပဲ။
ကကယ်လို့ သူသာ လူသားမျိုးနွယ် ယောက်ျားလေးတစ်ယောက်ဆိုရင် သူ့ကို လက်ထပ်ဖို့ တန်းစီစောင့်ဆိုင်းနေကြမယ့် မိန်းကလေးတွေက အဆောင်ကြီးတခုစာမက အများကြီးရှိလိမ့်မယ်။

ဒါပေမယ့် ညာဘက်မျက်နှာပေါ်မှာရှိနေတဲ့ အရေပြားပေါ်က လက်ဖဝါးအရွယ် အမာရွတ်ကတော့ တကယ်ကို ကြောက်စရာကောင်းလှတယ်၊ အဲဒါက နီမြန်းနေတဲ့ အနီရောင်အသွင်ဖြစ်ပြီး ကင်းခြေများလို အဖုအထစ်တွေ ရှိနေကာ အလှတရားတွေ
အားလုံးကို ပျက်စီးလုနီးပါး ဖြစ်နေတယ်။

ယန်ယွမ်က ရုပ်ဆိုးတယ်လို့ မခံစားရဘဲ သူ့နှလုံးသားက စုတ်ဖြဲခံလိုက်သလို အကြောင်းပြချက်မရှိဘဲ နှလုံးသားထဲမှာ နာကျင်ခံစားလာရပြီး ငိုချင်စိတ်မျိုးပါ ဖြစ်ပေါ်လာတယ်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ?"

"ငါ့ အရင်ဘဝတုန်းက အမှားတစ်ခုခုလုပ်ခဲ့မိတာမို့လို့ မျက်နှာပေါ်မှာ ဒဏ်ရာတွေကျန်နေခဲ့တယ်"
ယန်ယွမ်နဲ့ နှိုင်းယှဉ်လိုက်ရင် ရွှမ်လုံက ဘာမှမထူးခြားပါဘူး။

"အားပေါ ကိုယ် မင်းကို ချစ်တယ်"  ယန်ယွမ်က ဒီယောကျာ်းကို ပွေ့ဖက်ထားဖို့အတွက် သူ့လက်ကို ဆန့်လိုက်တယ်။

ရွှမ်လုံက နှုတ်ခမ်းလေးကို ယဲ့ယဲ့လေးကွေးလိုက်ရင်း တိုးတိုးလေးပြောတယ်
“မင်းမကြိုက်တာ မဟုတ်ရင် ငါ မကြောက်ပါဘူး”

သူ ကျန်တာတွေကို ဂရုမစိုက်ပါဘူး။

ယန်ယွမ် တစ်ယောက်တည်းပါပဲ။

အဲဒါကိုမြင်ပြီးနောက်မှာတော့ ရွှမ်လုံက မျက်နှာဖုံးကို ပြန်တပ်လိုက်တယ်။ ယန်ယွမ်က မကြိုက်တာမဟုတ်ဘူး ဆိုရင်တောင် အကြာကြီးကြည့်နေရင် တစ်ဖက်က ငြီးငွေ့သွားမှာကို ကြောက်တယ်။

အပြင်ဘက် နေကပိုပြီး မြင့်သထက်မြင့်လာတာကို တွေ့ရတော့ ဘယ်လောက်ပဲ ဆိုးနေပါစေ ယန်ယွမ်က နဂါးဝတ်ရုံဝတ်ဖို့အတွက် အပြင်မှာ စောင့်ဆိုင်းနေတဲ့ မိန်းမစိုးတွေ ကို ခေါ်လိုက်ပြီး Huangluo တဲထဲမှာ နဂါးလေးကို မျက်နှာမူရင်း ပြောလိုက်တယ်။

"အားပေါ ကိုယ် တရားရုံးကို သွားရမှာ၊ ပြီးရင် မင်းနဲ့အတူ ထမင်းစားဖို့ နေ့လယ်ကျ ပြန်လာခဲ့မယ်"

"အင်း"
တဲထဲက ယောက်ျားလေးအသံ တိုးတိုးလေး ထွက်ပေါ်လာခဲ့တယ်။ မိန်းမစိုးက ပိုပြီးသိချင်လာခဲ့တယ်။ ဘယ်လိုလူမျိူးကများ ယန်ယွမ်ကို မနက် အစောကြီးကတည်းက အလွဲလွဲအချော်ချော်နဲ့ သူတို့ရှေ့မှာတောင် သူ့ကိုယ်သူ 'ကိုယ်' လို့ မှားပြောမိသွားစေခဲ့တာလဲ ဆိုတာကို..။

နဂါးဝတ်ရုံနှင့် သရဖူကို ဝတ်ဆင်ထားတဲ့ ယန်ယွမ်က အလျင်စလို ထွက်ခွာသွားကာ ခြေလှမ်းအနည်းငယ်လှမ်းသွားပြီးမှ ရပ်လိုက်ပြီး နောက်ပြန်လှည့်ကာ ..

"အားပေါ၊ နဂါးကြေးခွံ..."

နင့်ချွီယွီရဲ့ ခန္ဓာကိုယ်က တစ်ရက်ကို မစောင့်နိုင်တော့ပေ။

"နေ့လည်ကျရင် မင်းကို ငါပေးလိုက်မယ်”
ရွှမ်လုံက အခုလေးတင် ခံစားရရှိထားတဲ့နူးညံ့သိမ်မွေ့မှုကို တွေးပြီး အကြေးခွံကို ဆွဲနှုတ်တဲ့ဝေဒနာက ဘာမှမဟုတ်သလို ခံစားလိုက်ရတယ်။

#Y_ဝိုင်ကလေး

👉 cmt ရေးလို့ရလား ​တချက်ပြန်ပြောပေးပါဦးနော်

.......................................

အခန္း : (7) "ယန္ယြမ္ တစ္ေယာက္သာ"
..................................................

ယန္ယြမ္ နန္းေတာ္မွာ မရွိတဲ့ကာလေတြမွာ ဝန္ႀကီးခ်ဳပ္က အစိုးရေရးရာအလုပ္ေတြကို တာဝန္ယူထားၿပီး သူနန္းေတာ္ကို ျပန္ေရာက္တာနဲ႔ အေစာပိုင္းတရား႐ုံးကိစၥေတြကို ျပန္လည္စတင္ေတာ့မွာျဖစ္တယ္။

အခ်ိန္ ငါးဆိုင္းစာေလာက္ၾကာၿပီးတဲ့ေနာက္ ေကာင္းကင္က အလင္းေရာင္ေဖ်ာ့ေဖ်ာ့သန္းလာခ်ိန္ နန္းေတာ္အျပင္ဘက္ကေန မိန္းမစိုးက ယန္ယြမ့္ကို  မနက္အိပ္ရာထခ်ိန္ေရာက္ၿပီဆိုတဲ့အေၾကာင္း တိုးတိုးေလး ေျပာလာတယ္။ ယန္ယြမ္က ႏိုးစျပဳေနၿပီျဖစ္တယ္။ အဲဒီအခ်ိန္မွာ သူက ႐ႊမ္လုံနဲ႔အတူ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနခဲ့ၿပီး မ်က္ေမွာင္ၾကဳတ္ကာ ႏိုးထဖို႔ ျငင္းဆန္ေနခဲ့တယ္။ အျပင္ဘက္မွာကလည္း မိန္းမစိုးအႀကီးအကဲက ရွိေနတယ္။

သူက အသက္ 19 ႏွစ္သာရွိေသးတယ္။ သူက လက္ရွိလူ႔ေလာကရဲ႕ အရွင္သခင္ျဖစ္ေနေပမယ့္လည္း ကေလးဆန္တဲ့ စိတ္ေနစိတ္ထားကိုေတာ့ မေလွ်ာ့ေသးပါဘူး။

နန္းတြင္းက လူေတြအမ်ားႀကီးေရွ႕မွာပဲ သူရဲ႕စိတ္ခံစားခ်က္အစစ္အမွန္ေတြကို ဟန္ေဆာင္ဖုံးကြယ္ထားႏိုင္ေပမယ့္ ရင္းႏွီးကြၽမ္းဝင္တဲ့သူေတြရဲ႕ ေရွ႕မွာေတာ့ သူက ဖုံးကြယ္ဖို႔ အၿမဲပ်င္းေနခဲ့တယ္။

အျပင္ဘက္ကလူေတြ အလ်င္လိုေနၾကတာကိုျမင္ေတာ့ ႐ႊမ္လုံက သူ႔ခါးတစ္ဝိုက္ကို ဖတ္တြယ္ထားတဲ့ ယန္ယြမ္ရဲ႕ လက္ကို ညင္သာစြာထိလိုက္တယ္။

အသံက ႏူးညံ့ၿပီး ခ်ိဳသာလြန္းလွတယ္။  ႐ႊမ္လုံရဲ႕ ေအးစက္ေနတက္တဲ့ အသြင္အျပင္နဲ႔ လုံးဝကြဲျပားတယ္။ ယန္ယြမ္က ေဒါသတဝက္ေလာက္နဲ႔ ႏိုးေနေပမယ့္လည္း သူက မထခ်င္ေသးဘူး။ သူက ျပင္းျပၿပီး စိုစြတ္တဲ့ အနမ္းတခုကို ဖန္တီးလိုက္တယ္။

႐ႊမ္လုံက သူ႔စကားေတြကို တိတ္တိတ္ေလး နားေထာင္ရင္း နား႐ြက္ေတြက နီရဲလာခဲ့တယ္။ သူက ဒီကိစၥႏွင့္ပတ္သက္ရင္  အနည္းငယ္ ထုံထိုင္းသြားတက္ၿပီး သူဘယ္လို တုံ႔ျပန္ရမယ္ဆိုတာကို မသိခဲ့ဘူး။ သူမ်ား ျပက္ရယ္ျပဳၿပီး ေလွာင္ရယ္မွာကို ေၾကာက္တဲ့စိတ္ေၾကာင့္ သူကအၿမဲတမ္း တုံ႔ျပန္ဖို႔ကို ႐ိုး႐ိုးရွင္းရွင္းပဲ ျငင္းဆန္ခဲ့တယ္။ ယန္ယြမ္ကေတာ့ သူလုပ္ခ်င္တာမွန္သမွ် သူလုပ္တက္တယ္။ သူက​ေတာ့ အားလုံးကို သေဘာတူပူးေပါင္း​ေပး႐ုံပါပဲ။

သူ႔ကိုနမ္းလိုက္ေတာ့ နည္းနည္းေျပာင္းလဲသြားတယ္။ အိပ္ခန္းထဲက အပူခ်ိန္ကလည္း တေျဖးေျဖးတိုးလာတယ္။ ယန္ယြမ္ရဲ႕လက္က သူ႔ရဲ႕ ဗလာက်င္းေနတဲ့ ကိုယ္လုံးေပၚကို တေျဖးေျဖးျခင္း ေလွ်ာက်သြားၿပီး အဲဒီလူရဲ႕ ေျခေထာက္ေတြၾကားမွာ ရပ္တန္႔သြားတယ္။
" အားေပါ... ကိုယ္ေလ.... "

႐ႊမ္လုံရဲ႕ မသိစိတ္က သူ႔ေျခေထာက္ေတြကို ခြဲေပးထားလိုက္မိတယ္။ သူ႔မွာ ဒဏ္ရာရွိေနဆဲျဖစ္ေပမယ့္လည္း ခံႏိုင္ရည္ရွိပါေသးတယ္။

သူ႔ခႏၶာကိုယ္ေပၚမွာ ေမြးပ်ံ႕ ေအးျမၿပီးလတ္ဆတ္တဲ့ ရနံ႔တခ်ိဳ႕သင္းေနတာက သဘာဝအတိုင္း ရွိေနပုံရၿပီး အဲဒီအနံ႔က စိတ္ကို ႏွစ္လိုသာယာဖြယ္ ျဖစ္ေစတယ္။ ယန္ယြမ္က ႐ႊမ္လုံရဲ႕ ခႏၶာကိုယ္ကို စြဲလန္းေနၿပီး စိတ္ခံစားမႈပ်င္းျပလာတဲ့အခါမွာ အဲဒီအနံ႔အသက္က ပိုလို႔ေတာင္ ထိန္းမႏိုင္သိမ္းမႏိုင္ျဖစ္ေစတယ္။

ယန္ယြမ္၏ မ်က္လုံးအၾကည့္ေတြ ေျပာင္းလဲသြားကာ သူရဲ႕ လက္ေခ်ာင္းေတြကို ဖယ္လိုက္တယ္...။

**(uncencored ဗားရွင္းအျပည့္အစုံကို Weibo ေပၚ မွာဖတ္လို႔ ရပါတယ္၊ မေန႔က အဲဒါေလးအတြက္ ေခၚေတာ့ ယူတို႔က ဘယ္သူမွ မလာလို႔ ထပ္ျဖည့္ၿပီး မေရးေပးလိုက္ရပါဘူး
ဝိုင္ကေလးဖတ္တာ ဒီအပိုင္းေတြ အမ်ားႀကီးေက်ာ္သြားၿပီမို႔ ဆင္ဆာျဖတ္လည္း အဆင္ေျပသြားပါၿပီ)**

ၿပီးဆုံးသြားေသာအခါမွာလည္း ယန္ယြမ္က အဲဒီလူကို သူ႔ရင္ခြင္ထဲမွာပဲ ေက်နပ္စြာ ဆုပ္ကိုင္ထားရင္း ထဖို႔ တြန႔္ဆုတ္ေနဆဲ ျဖစ္တယ္။ ေႏြဦးညဟာ တိုေတာင္းၿပီး ေနတာက ရွည္လိမ့္မယ္ ဘုရင္မင္းျမတ္ရဲ႕ တပ္မက္မႈေတြကလည္း အုပ္ခ်ဳပ္မႈေရးရာေတြကို ဘယ္မွာ ေႏွာင့္ေႏွးေစပါ့မလဲ။ သူ႔အလိုကို ေခတၱယာယီ ေစာင့္ဆိုင္းေပ႐ုံပဲ ျဖစ္တယ္။

တကယ္ေတာ့ သူက ႐ႊမ္လုံရဲ႕ အလွရယ္၊ အေသြးအသားနဲ႔ အရသာကို သိေပမယ့္ သူႀကိဳက္တဲ့ အမ်ိဳးအစားေတာ့ မဟုတ္ခဲ့ဘူး၊ သူက နင့္ခြၽီယြီကို ေလးေလးနက္နက္ ခ်စ္တယ္၊ ႏူးညံ့သိမ္ေမြ႕တဲ့ အခ်စ္မ်ိဳးနဲ႔ ခ်စ္တယ္။ သူက ႐ႊမ္လုံေလာက္ သန္မာမႈ မရွိဘူး ဆိုေပမယ့္ အကာအကြယ္လည္း လုံးဝ မလိုအပ္ပါဘူး။

နင့္ခြၽီယြီ ကေတာ့ မတူပါဘူး။ ဝန္ႀကီးခ်ဳပ္ရဲ႕ ကိုယ္လုပ္ေတာ္ အေနနဲ႔ကေတာ့ သူ႔ရဲ႕ ခိုကိုးရာေၾကာင့္ေရာ သူ႔ဘဝတစ္ေလွ်ာက္လုံး ၿငိမ္းခ်မ္းစြာ ျဖတ္သန္းႏိုင္ခဲ့တာ အတိအက်ပါပဲ။ အမ်ိဳးသားေတြမွာ အားနည္းတဲ့သူေတြကို အကာအကြယ္ေပးလိုတဲ့ စိတ္ဆႏၵေတြ အၿမဲတမ္း ရွိတတ္ၾကတယ္။ အဲဒါေတြအျပင္ နင့္ခြၽီယြီက သူရဲ႕ မူလ ခ်စ္သူ၊ သူ႔ရဲ႕ အရင္ဘဝတခုလုံးပဲ။

ယန္ယြမ္က နင့္ခြၽီယြီ နဲ႔အတူတူ တစ္သက္တာ လက္တြဲဖို႔အတြက္ ကတိျပဳခဲ့တယ္။ အခု သူက လက္ထပ္ကတိကို ေဖာက္ဖ်က္လိုက္သလို ျဖစ္​တာေၾကာင့္မို႔ အျပစ္ရွိသလို မၾကာခဏ ခံစားရေပမယ့္လည္း ႐ႊမ္လုံနဲ႔ ေပ်ာ္ေနမိတာကိုလည္း သူ ကိုယ့္ကိုယ္ကိုယ္ မထိန္းႏိုင္ဘူး။ အဲဒါေၾကာင့္ သူ႔ကိုယ္သူ ႏွစ္သိမ့္ေပးတဲ့အေနနဲ႔ သူလုပ္ေနသမွ် အရာအားလုံးက ပန္းတိုင္တခုတည္း အတြက္ပဲ ျဖစ္တယ္။

ဒီလိုေတြးလိုက္ေတာ့ စိတ္သက္သာလာသလို အျပစ္ေတြလည္း အမ်ားႀကီး ေပါ့သြားသလို ခံစားရတယ္။ သူက႐ႊမ္လုံရဲ႕ ခါးကို သူ႔ဘက္ကို လွည့္လိုက္ၿပီး ေခ်ာေမာတဲ့ မ်က္ႏွာေလးကို ၾကည့္ကာ..

"အားေပါ ဘာလို႔ မင္းက မ်က္ႏွာဖုံး အၿမဲတပ္ထားတာလဲ"

"ဒါက အရမ္း ဒုကၡေရာက္မွာပဲ ခြၽတ္လိုက္စမ္းပါ"

႐ႊမ္လုံက ခဏ ရပ္လိုက္ၿပီး အခုအေျခအေနေၾကာင့္ သူ႔အသံေလး အနည္းငယ္ နိမ့္က်သြားတယ္
"ငါ့မ်က္ႏွာက ႐ုပ္ဆိုးတယ္၊ မင္းကို ေၾကာက္လန္႔ေစလိမ့္မယ္"

"မျဖစ္ပါဘူး"
ယန္ယြမ္က သူ႔မ်က္ႏွာေပၚက ေ႐ႊေရာင္ေၾကးဝါ မ်က္ႏွာဖုံးကို ခြၽတ္ဖို႔ လက္ကိုဆန႔္တန္းရင္း ေျပာလိုက္တယ္။

သူထိေတြ႕လိုက္တာနဲ႔ ႐ႊမ္လုံက သူ႔လက္ေကာက္ဝတ္ကို တင္းတင္းဆုပ္ကိုင္ထားၿပီး ေခါင္းကိုလွည့္ကာ သူ႔ကို တိတ္တဆိတ္ ၾကည့္လာတယ္။

"တကယ္ ဘာမွမျဖစ္ပါဘူး" ယန္ယြမ္က
ကတိေပးလိုက္တယ္။
႐ႊမ္လုံက သူ႔ကို ခဏေလာက္ စိုက္ၾကည့္ရင္း သူ႔မ်က္ႏွာေပၚက ​ေ႐ႊေရာင္ေၾကးဝါကို ၾကည့္ဖို႔ ေခါင္းကို လွည့္ၿပီး ေအးေအးေဆးေဆး အခ်ိန္အေတာ္ၾကာ သက္ျပင္းခ်ၿပီးမွ ေျပာတယ္ "​ငါ့​အေမ ကိုယ္တိုင္က ငါ႐ုပ္ဆိုးတာကို မုန္းလို႔ မႀကိဳက္ဘူး”

"ကမာၻေပၚက သတၱဝါေတြအားလုံးက ငါ့ကိုျမင္ရင္ မုန္းၾကတယ္၊ ဒါေပမယ့္ မင္းကေတာ့ ငါ့ကို မမုန္းဘူး"

"ငါ့မ်က္ႏွာအစစ္ကို မင္းျမင္ရင္ မင္းငါ့ကို သေဘာမက်ေတာ့မွာကို ငါေၾကာက္တယ္"

ယန္ယြမ္က မထင္ထားခဲ့ဘူး၊ ႐ႊမ္လုံရဲ႕ ႏွလုံးသားက သူ႔ရဲ႕အျပင္ပန္းပုံစံလို ေအးစက္ေနမယ္လို႔ ေမွ်ာ္လင့္ထားေပမယ့္ တကယ္ေတာ့ ႏူးညံ့ သိမ္ေမြ႕လြန္းလွတယ္။
သူ ခဏေတာ့ အံ့အားသင့္သြားၿပီး ေတြးေတာမေနေတာ့ဘဲ
"ကိုယ္ ကတိေပးတယ္၊ အားေပါက ကိုယ့္ရဲ႕ အားေပါပဲ၊ ကိုယ္ မင္းကိုခ်စ္တာ ဘယ္ေတာ့မွေျပာင္းလဲမွာ မဟုတ္ဘူး.."

႐ႊမ္လုံက သူ႔ရဲ႕ မက္မြန္ပြင့္ေလးေတြလို ေႏြးေထြးၿပီး ႐ိုးသားတဲ့အၾကည့္ေလးနဲ႔ ယန္ယြမ္ကို႔ ၾကည့္ေနတယ္။

ယန္ယြမ္က သူ႔လက္ကို ျဖည္းညႇင္းစြာ ဆန႔္ထုတ္လိုက္ေပမယ့္လည္း မ်က္ႏွာလႊဲမသြားေတာ့ပါဘူး။

ေနာက္ဆုံးေတာ့ ေရွးသကၠတဘာသာနဲ႔ ေရးထြင္းထားတဲ့ ေ႐ႊနက္ေရာင္ မ်က္ႏွာဖုံးကို ဖယ္ရွားလိုက္ၿပီ ျဖစ္တယ္။

ယန္ယြမ္က သူ႔စိတ္ကိုသူ ျပင္ဆင္ထားေပမယ့္လည္း ႐ႊမ္လုံရဲ႕ မ်က္ႏွာအျပည့္အစုံကို သူျမင္လိုက္ရတဲ့အခါမွာေတာ့ မထိန္းႏိုင္ေတာ့ပဲ ပင့္သက္ရႈိက္မိသြားတယ္။

သူ႔ရဲ႕ ဘယ္ဘက္မ်က္ႏွာကို ၾကည့္လိုက္႐ုံနဲ႔ ေအးစက္ၿပီး သူရဲေကာင္းဆန္တဲ့ မ်က္ႏွာ ေမြးရာပါ ေျဖာင့္စင္းတဲ့ ႏွာတံနဲ႔ ခ်စ္စရာေကာင္းတဲ့ အသြင္အျပင္ရယ္က တကယ္ကို ရင္သပ္ရႈေမာဖြယ္ေကာင္းတဲ့ ပုံစံမ်ိဳးပဲ။
ကကယ္လို႔ သူသာ လူသားမ်ိဳးႏြယ္ ေယာက္်ားေလးတစ္ေယာက္ဆိုရင္ သူ႔ကို လက္ထပ္ဖို႔ တန္းစီေစာင့္ဆိုင္းေနၾကမယ့္ မိန္းကေလးေတြက အေဆာင္ႀကီးတခုစာမက အမ်ားႀကီးရွိလိမ့္မယ္။

ဒါေပမယ့္ ညာဘက္မ်က္ႏွာေပၚမွာရွိေနတဲ့ အေရျပားေပၚက လက္ဖဝါးအ႐ြယ္ အမာ႐ြတ္ကေတာ့ တကယ္ကို ေၾကာက္စရာေကာင္းလွတယ္၊ အဲဒါက နီျမန္းေနတဲ့ အနီေရာင္အသြင္ျဖစ္ၿပီး ကင္းေျခမ်ားလို အဖုအထစ္ေတြ ရွိေနကာ အလွတရားေတြ
အားလုံးကို ပ်က္စီးလုနီးပါး ျဖစ္ေနတယ္။

ယန္ယြမ္က ႐ုပ္ဆိုးတယ္လို႔ မခံစားရဘဲ သူ႔ႏွလုံးသားက စုတ္ၿဖဲခံလိုက္သလို အေၾကာင္းျပခ်က္မရွိဘဲ ႏွလုံးသားထဲမွာ နာက်င္ခံစားလာရၿပီး ငိုခ်င္စိတ္မ်ိဳးပါ ျဖစ္ေပၚလာတယ္။

"ဒါက ဘယ္လိုျဖစ္ရတာလဲ?"

"ငါ့ အရင္ဘဝတုန္းက အမွားတစ္ခုခုလုပ္ခဲ့မိတာမို႔လို႔ မ်က္ႏွာေပၚမွာ ဒဏ္ရာေတြက်န္ေနခဲ့တယ္"
ယန္ယြမ္နဲ႔ ႏႈိင္းယွဥ္လိုက္ရင္ ႐ႊမ္လုံက ဘာမွမထူးျခားပါဘူး။

"အားေပါ ကိုယ္ မင္းကို ခ်စ္တယ္"  ယန္ယြမ္က ဒီေယာက်ာ္းကို ေပြ႕ဖက္ထားဖို႔အတြက္ သူ႔လက္ကို ဆန႔္လိုက္တယ္။

႐ႊမ္လုံက ႏႈတ္ခမ္းေလးကို ယဲ့ယဲ့ေလးေကြးလိုက္ရင္း တိုးတိုးေလးေျပာတယ္
“မင္းမႀကိဳက္တာ မဟုတ္ရင္ ငါ မေၾကာက္ပါဘူး”

သူ က်န္တာေတြကို ဂ႐ုမစိုက္ပါဘူး။

ယန္ယြမ္ တစ္ေယာက္တည္းပါပဲ။

အဲဒါကိုျမင္ၿပီးေနာက္မွာေတာ့ ႐ႊမ္လုံက မ်က္ႏွာဖုံးကို ျပန္တပ္လိုက္တယ္။ ယန္ယြမ္က မႀကိဳက္တာမဟုတ္ဘူး ဆိုရင္ေတာင္ အၾကာႀကီးၾကည့္ေနရင္ တစ္ဖက္က ၿငီးေငြ႕သြားမွာကို ေၾကာက္တယ္။

အျပင္ဘက္ ေနကပိုၿပီး ျမင့္သထက္ျမင့္လာတာကို ေတြ႕ရေတာ့ ဘယ္ေလာက္ပဲ ဆိုးေနပါေစ ယန္ယြမ္က နဂါးဝတ္႐ုံဝတ္ဖို႔အတြက္ အျပင္မွာ ေစာင့္ဆိုင္းေနတဲ့ မိန္းမစိုးေတြ ကို ေခၚလိုက္ၿပီး Huangluo တဲထဲမွာ နဂါးေလးကို မ်က္ႏွာမူရင္း ေျပာလိုက္တယ္။

"အားေပါ ကိုယ္ တရား႐ုံးကို သြားရမွာ၊ ၿပီးရင္ မင္းနဲ႔အတူ ထမင္းစားဖို႔ ေန႔လယ္က် ျပန္လာခဲ့မယ္"

"အင္း"
တဲထဲက ေယာက္်ားေလးအသံ တိုးတိုးေလး ထြက္ေပၚလာခဲ့တယ္။ မိန္းမစိုးက ပိုၿပီးသိခ်င္လာခဲ့တယ္။ ဘယ္လိုလူမ်ိဴးကမ်ား ယန္ယြမ္ကို မနက္ အေစာႀကီးကတည္းက အလြဲလြဲအေခ်ာ္ေခ်ာ္နဲ႔ သူတို႔ေရွ႕မွာေတာင္ သူ႔ကိုယ္သူ 'ကိုယ္' လို႔ မွားေျပာမိသြားေစခဲ့တာလဲ ဆိုတာကို..။

နဂါးဝတ္႐ုံႏွင့္ သရဖူကို ဝတ္ဆင္ထားတဲ့ ယန္ယြမ္က အလ်င္စလို ထြက္ခြာသြားကာ ေျခလွမ္းအနည္းငယ္လွမ္းသြားၿပီးမွ ရပ္လိုက္ၿပီး ေနာက္ျပန္လွည့္ကာ ..

"အားေပါ၊ နဂါးေၾကးခြံ..."

နင့္ခြၽီယြီရဲ႕ ခႏၶာကိုယ္က တစ္ရက္ကို မေစာင့္ႏိုင္ေတာ့ေပ။

"ေန႔လည္က်ရင္ မင္းကို ငါေပးလိုက္မယ္”
႐ႊမ္လုံက အခုေလးတင္ ခံစားရရွိထားတဲ့ႏူးညံ့သိမ္ေမြ႕မႈကို ေတြးၿပီး အေၾကးခြံကို ဆြဲႏႈတ္တဲ့ေဝဒနာက ဘာမွမဟုတ္သလို ခံစားလိုက္ရတယ္။

#Y_ဝိုင္ကေလး

👉 cmt ေရးလို႔ရလား ​တခ်က္ျပန္ေျပာေပးပါဦးေနာ္

Continue Reading

You'll Also Like

53.6K 2.9K 65
නුඹ නිසා මට මේ දැනෙම හැගීම කුමක්ද යන්න මම නොදනිම්, නමුත් එය දුකක් නොවන බව පමණක් මම දනිමි, එය සීත කාලයට මිදෙමින් යන අයිස් කුට්ටියක් මෙන් මට දැනෙයි, ඒ...
1.8M 82.5K 46
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
244K 25.4K 117
Pastoral Daily Life [ Rebirth] မြူရိပ် [ Vapor ] မှ မြန်မာမှုပြုသည်။
1.3M 181K 186
bl ဘာသာပြန် ဝတ္ထုဖြစ်တယ်။
Wattpad App - Unlock exclusive features