Hello !

2.3K 227 83
                                    

Hello ယူတို့ရဲ့ ပျောက်နေတဲ့ ဝိုင်ကလေးပါ ❤

ပထမဆုံး မပြောမဆို ပျောက်သွားမိတဲ့အတွက် အရင်ဆုံး အရမ်းကို အားနာပါတယ်
ဘာလို့လဲဆိုတော့ ရိုရိုးနေမကောင်း သွေးပေါင်ကျရာကနေ ဥမ္မာခင်နဲ့ တွေ့လိုက်ရလို့ပါ အဲဒါအပြင် အရင်ကရှိတဲ့ အားနည်းနေတဲ့နေရာတွေကပါ ပေါင်းပြီးကွိုင်လို့ အထူးကုမှာ 8 ရက် နေလိုက်ရပါတယ်

အဲဒီတော့ အိမ်က ဖုန်းသိမ်း၊ laptop / ipad အကုန်သိမ်းပါတယ် ဘာမှသုံးမရပါဘူး၊ ဆေးပိုက်တန်းလန်းမှာ Tv နဲ့ sky net နဲ့ နှစ်ပါးသွားရတဲ့ ရက်တွေပါပဲ
ရုတ်တရတ် ဖြစ်သွားတာမို့ ဘာမှ ပြောပြချိန်မရလိုက်လို့ပါ။

အိမ်က ပြန်ယူလာပေးလို့ ဖုန်းပြန်သုံးရတော့လည်း လမ်းမှာ အရေးအကြောင်းစိတ်ချရအောင်ဆိုပြီး ကိုယ့်အမက အားရပါးရ ဖြတ်ချလိုက်တာ ဖတ်နေတဲ့ manhwa app တွေရော တခြား C app တွေရောပါ အကုန်ပါသွားလို့ အခု တချို့ဟာတွေ ပြန်ဝင်မရလို့ ရင်နာနေရတာက တစ်မျိူး
wp log out လုပ်ထားမိလို့ ပြန်ဝင်ဖို့ gmail pw မေ့နေတာက တမျိုးနဲ့ ဟုတ်တော့နေပါပြီ (ခုတော့ပြန်ဝင်လို့ သုံးလို့ရပါပြီ)
fb မှာ အရင် တင်ပေးထားတာ wp က readers တွေ မတွေ့သေးမှာစိုးလို့ ထပ်လာပြောတာပါ

အကြောင်းကြောင်းတွေကို နားလည်အောင် လာပြောပြရင်း အခုတော့ Recovery time မို့ သက်သာအောင်ကြိုးစားပြီး ပြန်လာတော့မယ့်အကြောင်း သတိရနေတဲ့သူတွေကို လာပြောတာပါ

အားတတ်စရာ ထပ်ပြောရရင် snow leopard 3 ပိုင်းနဲ့ နဂါး 8 ပိုင်းပြန်ထားတဲ့ note for me app ကိုပါ စစ်စတားက ဖြတ်လိုက်တဲ့အထဲပါသွားပြီး wp က draft ထဲ ကို copy လုပ်မထားမိလို့ မလိမ်မာ နှစ်ခါမော အကုန်ပြန်ရေးလိုက်ပါဦးမယ်
(အားပေးသွားကြပါဦး)

အခုထိ အတူတူ စိတ်ရှည်လက်ရှည် လာဖတ်ပေးကြတဲ့ တ​ယောက်ခြင်းစီတိုင်းကို သတိတရ ကျေးဇူးတင်ရင်း ကျန်းမာရေး ကိုလည်း လုံးဝ မပေါ့ဆဘဲ ဂရုစိုက်ဖို့ ပြောပါရစေ 😍

သတိတွေရနေမလားဆိုပြီး fb ဝင်ရရခြင်း ရှာကြည့်သေးတယ် အပိုင်းသစ်လာတောင်းတဲ့ ပိုစ့်တွေ မတွေ့ပုံထောက်တော့ မေ့နေကြပြီ ထင်ပါတယ်

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationOpowieści tętniące życiem. Odkryj je teraz