{အခန်း - 19} ငါ အလေးအနက် ထားမိလိမ့်မယ်

1.9K 355 22
                                    

အခန်း : (19) "ငါ အလေးအနက်ထားမိလိမ့်မယ်"
.....................................................

ယန်ယွမ်က သူရဲ့ ပုံမှန်ပုံစံအတိုင်း ပြန်ရောက်လာခဲ့တယ်၊ သူ့ရဲ့ မက်မွန်ပွင့်လို့ ဆန်းကြယ်တဲ့ မျက်လုံးလေးတွေက တောက်ပစွာ နဲနဲလည်း ပရောပရည်နိုင်တဲ့ အရိပ်အယောင်တွေ ရှိနေပြီး
လူသားနှင့် တိရိစ္ဆာန်တွေအတွက်တော့ အမြဲ အန္တရာယ်ကင်းပါတယ်။

သူ့ပုံတူကို လူတွေကြားထဲမှာ ဖြန့်လိုက်ရင် မဏ္ဍပ်စင်ပေါ်က မထွက်ရသေးတဲ့ မိန်းကလေးကတောင် မြို့တော်ရဲ့ အလှဆုံး ယောက်ျားလေး သရဖူကို ဆောင်းပေးနိုင်လိမ့်မယ်။

Pian Pian ရဲ့ သားက အဖိုးတန်ပြီး ပြိုင်ဘက် ကင်းမဲ့တယ်။

ရွှမ်လုံက ယန်ယွမ်ကို ခဏလောက်ကြည့်ပြီးတဲ့နောက် သူ့
အကြည့်တွေကို ပြန်ရုတ်လိုက်ပြီး

"ငါ အရင်တုန်းက ဘယ်သူနဲ့မှ မတွေ့ဖူးဘူး၊ တကယ်လို့ တခုခု မကောင်းတာမျိုးရှိရင် ပြတ်ပြတ်သားသားပြောလို့ရတယ်၊
ပြောင်းလဲနိုင်တဲ့ အရာမျိုးဆိုရင် ငါ သေချာပေါက် ပြောင်းလဲကြည့်ပါ့မယ် "

ပူတယ်၊ အေးတယ် ဆိုပြီး အရမ်းသည်းခံမနေပါနဲ့။

သူက အပေါ်ယံ မျက်နှာမှာ ငြိမ်သက်နေပုံရပေမယ့် တကယ်တမ်းတော့ သူက အခုကာလမှာ အများကြီး ခံစားခဲ့ရပါတယ်။

ယန်ယွမ်က သူ့ကိုမုန်းတယ် လို့ ပွင့်ပွင့်လင်းလင်းပြောလိုက်ရင် သူ စကားတခွန်းမှမပြောတော့ဘဲ ထွက်သွားပေးလိုက်မှာ ဖြစ်တယ်။

"မင်းက မဆိုးပါဘူး၊ ကိုယ်က မကောင်းတာပါ..."

ယန်ယွမ်က ရွှမ်လုံရဲ့ လက်တွေကို ဆုပ်ကိုင်လိုက်ပြီး သူ့နဲ့ မျက်နှာချင်းဆိုင်ဖို့ ကိုယ်ကို လှည့်လိုက်တယ်။

"ကိုယ် ကတိပေးပါတယ်၊ နောင်အနာဂတ်မှာ မင်းကို ဒီလိုမျိုး ဆက်ဆံမှာ မဟုတ်ပါဘူး၊ အားပေါ မင်း ကိုယ့်ကို မမုန်းလိုက်ပါနဲ့နော် ဟုတ်ပြီလား "

ရွှမ်လုံက သူ့ကို တိတ်တဆိတ်ကြည့်ရင်း

"ငါ မင်းကို ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး"

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationWhere stories live. Discover now