{အခန်း - 33} နဂါးမျိုးနွယ်နဲ့ လူသားတို့ရဲ့ အမွေဆက်ခံသူ

2.1K 377 47
                                    

အခန်း : (33) "နဂါးမျိုးနွယ်နဲ့ လူသားတို့ရဲ့ အမွေဆက်ခံသူ"
.............................................................

ညသန်းခေါင်ချိန်မှာ နန်းဆောင်ခန်းမတံခါးကို တွန်းဖွင့်လိုက်ပြီး ယန်ယွမ်က Qiankun နန်းဆောင်ရဲ့ ဘေးဘက် ခန်းမထဲကို  ဝင်ရောက်သွားခဲ့တယ်။ အခန်းထဲမှာ ဖယောင်းတိုင်လေးတစ်တိုင် တောက်လောင်နေပြီး မှိန်ဖျော့ဖျော့ အလင်းရောင်က အခန်းထောင့်တိုင်းကို လက်လှမ်းမှီအောင် မလင်းစေနိုင်ပါဘူး။

ကုတင်ပေါ်က ကန့်လန့်ကာကို ဆွဲဖယ်ကြည့်လိုက်တဲ့အခါ ရွှမ်လုံက အိပ်ရာပေါ်မှာ တင်ပျဉ်ခွေထိုင်ပြီး မျက်လုံးများကိုမှိတ်ထားကာ နှုတ်ခမ်းများကိုလည်း တင်းတင်းကျပ်ကျပ် စေ့ထားတယ်၊ သူ့နောက်ကျောက ဖြောင့်တန်းနေပြီး တင်းမာနေတဲ့ မျက်နှာက ဖယောင်းတိုင်မီးရောင်အောက်မှာ အနည်းငယ်
ဖျော့တော့နေတယ်။ နဖူးပေါ်မှာနဲ့ မထင်ရှားတဲ့ မျက်ခုံးပေါ်မှာလည်း ချွေးအေးတွေနဲ့။

ရွှမ်လုံ အိပ်ပျော်နေလောက်ပြီလို့ ယန်ယွမ် တွေးထားပေမယ့် သူအခုလို ညသန်းခေါင်အချိန်ထိ ပြင်းပြင်းထန်ထန် ကျင့်ကြံနေသေးမယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ ဒီလို အလျင်အမြန်ကျင့်ကြံနိုင်ဖို့အတွက် သူက ညအချိန်ကိုတောင် အလွတ်မထားတော့ဘူးပဲ။ စောစောစီးစီး ထာဝရ ရှင်သန်သူဖြစ်အောင် မြန်မြန်ကြိုးစားပြီး သူကို ထားသွားဖို့ ရည်ရွယ်နေတာလား။ အဲဒါဆိုရင် အမြုတေကို ပေးသွားနိုင်မှာလား။

အဲဒီလိုတွေးလိုက်တော့ ဒီကိုရောက်လာတဲ့ ခဏအတွင်းမှာ သူ့စိတ်ထဲကအပြစ်တွေက ပျောက်ကွယ်သွားပြီး ယန်ယွမ်ရဲ့မျက်နှာက အေးစက်သွားကာ ကုတင်ပေါ်ကလူဆီ လှမ်းသွားလိုက်တယ်။

အဲဒါက သူ့ရဲ့ စိတ်ခံစားချက်ကို ထိခိုက်စေခဲ့တယ်။
မကြာသေးခင်က ရွှမ်လုံရဲ့ ဝမ်းဗိုက်အတွင်းမှာရှိနေတဲ့ သန္ဓေသားက အလွန်မငြိမ်မသက်ဖြစ်လာပြီး သူ့ရဲ့ဝိညာဉ်ရေးစွမ်းအားတွေကလည်း အရမ်းပြောင်းလဲသွားခဲ့တယ်။ သူက ညဘက်တွေမှာဆိုရင် အကြိမ်ပေါင်းများစွာ လူးလွန့်ပြီး နိုးနေခဲ့တယ်။

အခုအချိန်မှာ သန္ဓေသားလေးက နှစ်လအောက်သာရှိ
သေးပေမယ့်လည်း သူ့ရဲ့ ဝိညာဉ်အသိစိတ်ကတော့ မွေးဖွားလာနေပြီ ဖြစ်တယ်။ သူပျော်နေတဲ့အခါမျိုးမှာဆိုရင် သူက ရွှမ်လုံရဲ့ အတွင်းဝိညာဉ်ထဲမှာ လူးလိမ့်နေတတ်တယ်။

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationWhere stories live. Discover now