{အခန်း - 47} ဦးနှောက်ထဲမှာ တွင်းပေါက်တစ်ခုရှိနေတဲ့အခါ

5.3K 565 116
                                    

အခန်း : (47) ဦးနှောက်ထဲမှာ တွင်းပေါက်တစ်ခုရှိနေတဲ့အခါ
.............................................................

"ကိုယ်ကိုပဲ တွေးပါ"

"ကိုယ် မင်းကို လွမ်းတယ်၊ ကိုယ် မင်းကို အရမ်းလွမ်းတယ်"

ယန်ယွမ် လိမ်ပြောတာမဟုတ်ပါဘူး ဒီခရီးစဉ်ရဲ့ရည်ရွယ်ချက်က ထင်သလောက် မရိုးရှင်းပေမယ့်လည်း သူရွှမ်လုံကို လွမ်းနေတာကတော့ အမှန်ပါပဲ။

"အားပေါ မင်းကို နန်းတော်ဆီပြန်ခေါ်သွားဖို့ ကိုယ် ဒီမှာရောက်နေပြီလေ၊ မင်း ကိုယ်နဲ့ ပြန်လိုက်ခဲ့မှာမလား ?"

ရွှမ်လုံက ယန်ယွမ်ကို သူနဲ့အဝေးကို တွန်းထုတ်လိုက်ပြီး တိတ်စိတ်စွာ ငြင်းဆန်ခဲ့တယ်။

ယန်ယွမ်လည်း စိတ်မသက်မသာ ခံစားလာရပြီး ရွှမ်လုံရဲ့ လက်ကို ဖမ်းဆုပ်ရန် လက်ကို မြှောက်လိုက်တဲ့အခါ ရွှမ်လုံက ရှောင်လိုက်သည်။

"အားပေါ..."

"မင်း နဂါးအကြေးခွံအတွက် ဒီကိုလာခဲ့တာ မဟုတ်လား ?"

ရွှမ်လုံရဲ့ လေးနက်တဲ့ အသံက အခန်းထဲမှာ ထွက်ပေါ်လာတယ်။

ယန်ယွမ် လန့်သွားပြီး သူ့ကို ဆုံးရှုံးလိုက်ရသလို ကြည့်ရင်း စကားမပြောနိုင်ခဲ့ဘူး။

ရွှမ်လုံက သူ့ရဲ့မျက်လုံးတွေကို အမုန်းဆုံးဖြစ်လို့ ယန်ယွမ်ကို မျက်နှာလွှဲပြီး အေးစက်စွာ ဘေးကိုကြည့်ရင်း "မင်းကို ငါမပေးနိုင်တော့ဘူး" လို့ အသံတိုးတိုးနဲ့ ပြောလိုက်တယ်။

"မင်း မိဖုရားရဲ့ ရောဂါက ငါနဲ့ မဆိုင်ဘူး"

"ကိုယ်တို့ ဒီကိစ္စကို မပြောကြစို့နဲ့"

ယန်ယွမ်က ရင်ဘတ်ထဲကနေ အနက်ရောင်နဲ့ထုံးဖွဲ့ထားတဲ့ ကျောက်စိမ်းဆွဲသီးကို ထုတ်လိုက်ပြီး ရွှမ်လုံလက်ကို ကိုင်ကာ သူ့ရဲ့လက်ဖဝါးထဲကို ထည့်ပေးလိုက်တယ်။

"ဒီကျောက်စိမ်းဆွဲသီးကို ကြည့်ပါဦး၊ မင်းထွက်သွားတုန်းက ဒါကို ယူသွားဖို့ မေ့သွားတယ်၊ ဒီတစ်ခါတော့ ကိုယ်တမင်တကာ မင်းဆီ ပြန်ယူလာပေးတာ"

ရွှမ်လုံ အောက်ကိုငုံ့ကြည့်လိုက်တဲ့အခါ မူလက အစိမ်းရင့်ရောင် ကျောက်စိမ်းဆွဲသီးရဲ့အစွန်းမှာ မညီမညာ ရွှေနဲ့ပုံဖော်ထားတာကို တွေ့လိုက်ရတယ်။ ရွှေကို အသုံးပြုပြီး ကျောက်စိမ်းပေါ်မှာ စီခြယ်ထားတယ်။ အစိမ်းရောင်နဲ့ ရွှေရောင်ရဲ့ ရောယှက်ထားမှုက အနုစိတ် သိမ်မွေ့ပြီး ရှေးကျပြီး မြင်နေကျပုံစံမျိူး မဟုတ်ပါဘူး။

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationWhere stories live. Discover now