{အခန်း - 45} သူ့မှာ ရွေးချယ်စရာမရှိဘူး

3.5K 523 59
                                    

အခန်း : (45) သူ့မှာ ရွေးချယ်စရာမရှိဘူး
............................................

တစ်လခွဲခန့် ကြာသောအခါ...

ရွှမ်လုံက နေ့တိုင်း ဝူးလဲ့ရဲ့ တစိုက်မတ်မတ် စောင့်ကြည့်ခြင်းကိုခံရတယ်။ သူက ဆေးကို အချိန်မှန်ပြောင်းပြီး အချိန်မှန်သောက်လာတယ်။ သူ့အသားအရည်ကလည်း ပိုပြီးကောင်းလာတယ်။ လက်မောင်းနှင့် ရင်ဘတ်က ဒဏ်ရာတွေက ပေါက်ပြဲပြီး ရံဖန်ရံခါသွေးထွက်တာမျိုးလည်း မရှိတော့ဘူး။ အားလုံးအဆင်ပြေလာပြီဆိုရမှာပဲ။

ဒါကို ဝူးလဲ့က အရမ်းပဲ ကျေနပ်နေခဲ့ပါတယ်။ ရွှမ်လုံရဲ့ မျက်နှာကပိန်လှီနေရာကနေ သူ့ဘာသာသူ သွေးရောင်လွှမ်းလာတာကို မြင်လိုက်ရတော့ သူအရမ်းပဲပျော်သွားခဲ့တယ်။ အရင်တုန်းကတော့ သူ့အစ်ကိုရဲ့ ဂရုစိုက်မှုကို ကောင်းကောင်းခံစားခဲ့ရပေမယ့် သူတပါးကို ပြုစုစောင့်ရှောက်ရတာက အရမ်းကိုပျော်ဖို့ကောင်းတယ်လို့ မမျှော်လင့်ထားခဲ့မိပါဘူး။

ရွှမ်လုံက တော်ရုံ ပြောခဲပေမယ့် သူကျေနပ်နေပြီး နောင်လာမယ့်နေ့ရက်တွေက ရှည်လျားပြီး ရွှမ်လုံ ပျော်ရွှင်အောင်လုပ်ပေးအတွက်လည်း သူမှာ နည်းလမ်းအမြဲရှိပါတယ်။

ဒီနေ့မှာတော့ နေ့လည်စာစားပြီးတဲ့နောက် ဝူးလဲ့က ရွှမ်လုံအဝတ်အစား ပုံမှန်အတိုင်းပြောင်းလဲဝတ်ဆင်ဖို့အတွက် ကူညီခဲ့တယ်။ နဂါးတစ်ကောင်နှင့် မြေခွေးတစ်ကောင်က ကုတင်အစွန်းတွင်ထိုင်ရင်း ဝူးလဲ့က ရွှမ်လုံရဲ့ လက်မောင်းပေါ်မှာ ရှိတဲ့ပတ်တီးကို သေသေချာချာဖြည်ပေးလိုက်တယ်။

လက်မောင်းက အရင်ကလောက် ကြောက်စရာမကောင်းတော့ပေမယ့်လည်း ကြောက်စရာတော့ ကောင်းနေသေးတယ်။ အနာဖားနဲ့ အမာရွတ်တွေက အနီရင့်ရောင် ပြောင်းကာ မာပြင်ပြင်နဲ့ လက်တဘက်လုံးရဲ့ ပျော့ပျောင်းတဲ့ အသားတွေကို ဖုံးအုပ်ထားတဲ့ပုံစံကို ဝူးလဲ့ မြင်လိုက်ရတဲ့အခါမှာတော့ သူ့ရဲ့​အသက်ရှူသံတွေ ရပ်တန့်သွားသလို ခံစားလိုက်ရတယ်။

"နာနေသေးလား ?"

ရွှမ်လုံ ခေါင်းယမ်းပြလိုက်တယ်။

ဝူးလဲ့က သူ့လက်ဖဝါးပေါ်မှာ အဖြူရောင် ကြွေထည်ပုလင်းလေးကို ဖန်ဆင်းထုတ်ယူလိုက်ရင်း အဖုံးဖွင့်ကာ လက်ချောင်းထိပ်လေးနဲ့ အစိမ်းရောင်ဆီကို ထုတ်ယူပြီး ရွှမ်လုံရဲ့ ဒဏ်ရာကို အနည်းငယ် ပွတ်လိမ်း​ပေးရင်း သူ့မျက်လုံးတွေက အေးစက်လာပြီး
“သေသင့်တဲ့လူသား၊ ငါ အဲဒီခွေးဧကရာဇ်ကို တွေ့လို့ကတော့ ငါ သူ့ရဲ့သွားတွေကို ကြမ်းပြင်ပေါ်မှာ ရှာရတဲ့အထိ ရိုက်ပြီး သူ့မိဘတွေကပါ မမှတ်မိတော့အောင်ကို လုပ်ပြစ်မှာ"

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationWhere stories live. Discover now