{အခန်း - 48} အရှက်ကွဲခြင်း

848 79 4
                                    

အခန်း : (48) အရှက်ကွဲခြင်း / ရှက်ကိုးရှက်ကန်း
..........................................................

"မင်းပြန်လာပြီပဲ" ရွှမ်လုံက သူ့ရဲ့ဒဏ်ရာတွေကို ကုသခံရင်း ကယောင်ကတမ်း ပြောလာတယ်။

ဝူးလဲ့ က ဒေါသတကြီးနဲ့ "ငါ တစ်ညပဲ သွားရသေးတယ်၊ မင်းက ဒီလို ဖြစ်နေပြီ တကယ်လို့ ငါသာ ပြန်မလာခဲ့ဘူးဆိုရင် မင်းဘာတွေထပ်ဖြစ်နေဦးမယ် မသိဘူး"

"..."

ရွှမ်လုံ စကားပြန်မပြောတာကိုမြင်ရတဲ့အခါ ဝူးလဲ့က ဒီနဂါးက ဘာပြောရမှန်းမသိဖြစ်လို့နေတယ်ဆိုတာကို သိလိုက်တယ်၊ သူ့နှလုံးသားထဲမှာ မုန်းမိသလိုပေမယ့် သူ့ရဲ့လှုပ်ရှားမှုတွေက ပေါ့ပေါ့ပါးပါးပုံစံကနေ အဆင်မပြေဖြစ်လာတယ်။

"ငါထွက်သွားတုန်းက မင်း ငါ့ဆီကို မထွက်လာခဲ့ဘူး၊ ရေကန်ထဲမှာထိုင်ပြီး မင်းကို တစ်ညလုံးစောင့်နေခဲ့တာ၊ မင်းက ကမ်းစပ်ကိုတောင် ရောက်မလာခဲ့ဘူး၊ မင်းအတွက် ငါက သိပ်ပြီး အရေးမပါခဲ့ဘူး မဟုတ်လား"

ရွှမ်လုံက  "မဟုတ်ပါဘူး"

တကယ်ထွက်သွားချင်တဲ့သူတွေက ထိန်းချုပ်ထားလို့မရဘူးဆိုတာကို သူအမြဲတမ်းယုံကြည်ခဲ့တယ်။

ဝူးလဲ့ရဲ့ တာအိုကျင့်ကြံမှုက တိမ်မြုပ်နေသော်လည်း သူ့ရဲ့ ဝိညာဉ်ရေးစွမ်းအားက မဆိုးရွားလှပါဘူး၊ သူက ကမ္ဘာလောကထဲမှာ ကျင်လည်နိုင်စွမ်းရှိပါတယ်။ အခုလို သူ့ရဲ့ ဘေးနားမှာနေရင်း အဝေးကြီးက ရှေးဟောင်းရေကန်မှာ အချိန်ကုန်ခံပြီး နေနေမယ့်အစား ထွက်သွားလိုက်တာက သူ့ဘဝအတွက် ပိုပြီးကောင်းပါလိမ့်မယ်။

သူ့ကို ထိန်းချုပ်ထားစရာ ဘာအကြောင်းပြချက်မှ မရှိပါဘူး။

"ဒါဆိုရင် မင်း ဘာဖြစ်လို့ ငါ့ဆီ ရောက်မလာတာလဲ" ဝူးလဲ့ က မကျေမနပ်နဲ့ ပြောလာတယ်။

"..."

ရွှမ်လုံ က သူ့နှုတ်ခမ်းကို ဖိကိုက်ထားတယ်။

"နောက်ခါ ငါ မင်းကို စိတ်ဆိုးသွားရင် မင်း ငါ့ဆီကို လာခဲ့ရမယ်"

ဝူးလဲ့က ဒီမိုက်မဲတဲ့နဂါးကို အရှက်ရသွားဖို့ရန် လုံးဝဆန္ဒမရှိခဲ့ပါဘူး။

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationWhere stories live. Discover now