သ{အခန်း - 22}သင့်ရဲ့ ကံကြမ္မာကိုရေတွက်ခြင်း (Part 1)

2.3K 391 34
                                    

အခန်း : (22) "သင့်ရဲ့ ကံကြမ္မာကိုရေတွက်ခြင်း" [Part 1]
..........................................................

ရွှမ်လုံ ခေါင်းငြိမ့်ပြလိုက်ပြီး အဖိုးအိုရဲ့ လက်ကိုကိုင်ကာ ခေါင်းကိုအနည်းငယ် မော့လိုက်ပြီး ပုလင်းထဲက နတ်နှင်းရည်ကို သောက်လိုက်တယ်။ သူရဲ့ နှုတ်ခမ်းနှင့်သွားကြားမှာ ခါးသက်သွားပြီး ဝမ်းဗိုက်အတွင်းမှာတော့ အေးသွားပြီး ထူးဆန်းတဲ့ နွေးထွေးမှုတစ်ခု မြင့်တက်လာပြီး စိတ်သက်သာရာရ သွားတယ်။ နာကျင်နေလိုက်တာ...

အရည်တွေက သူ့လည်ချောင်းထဲကို စိမ့်ဝင်လာပြီး မျိုချဖို့ အချိန် နှောင်းသွားတဲ့အတွက် ရွှမ်လုံ နင်ပြီး ချောင်းဆိုးလာကာ နှုတ်ခမ်းကနေလည်း သွေးတွေ အများကြီး ထွက်လာခဲ့တယ်။

"ဖြုန်းတီးလိုက်တာ၊ တကယ်ကို ဖြုန်းတီးနေတာပဲ"

"ဒီလို နဂါးကြီးဖြစ်နေပြီး ဆေးတောင် ကောင်းကောင်းဝင်အောင် မသောက်နိုင်ဘူး၊ တော်တော်ကို အသုံးမကျတာပဲ”

သိသိသာသာပဲ သူက အလွန်အမင်းကို လျင်မြန်လွန်းတယ်။

ရွှမ်လုံက သူနဲ ဆက်အငြင်းပွား မနေတော့ဘဲ၊ ပြင်းထန်စွာထွက်နေတဲ့ သူ့ရဲ့ရင်ဘတ်ထဲမှာတော့ တဖြည်းဖြည်းငြိမ်သက်သွားကာ ခေါင်းအနောက်ဘက်ကို တံခါးဘောင်မှာမှီလိုက်ပြီး ထိန်းမထားနိုင်တော့ဘဲ မျက်လုံးတွေကို မှိတ်ထားလိုက်တော့တယ်။

"မအိပ်သွားနဲ့ဦး၊ နောက်ထပ်နဲနဲကျန်သေးတယ် မြန်မြန်သောက်လိုက်"

အဘိုးအိုက ရွှမ်လုံရဲ့ ပါးကို မသိမသာ ညှစ်လိုက်ပြီး ကျန်ရှိနေတဲ့ နှင်းရည်တွေ အထဲကို လောင်းထည့်လိုက်တယ်။

"မင်း နောက်ထပ်လည်း ဝေဒနာ ခံစားရဦးမယ်"

ရွှမ်လုံက အဲဒါကို မသိစိတ်ထဲ မျိုချလိုက်ပြီး သူ့ရဲ့ စိမ်းလဲ့စူးရှတဲ့ မျက်လုံးလေးတွေနဲ့  အဘိုးအိုကို ကြည့်လိုက်တယ်၊ သူ့ရဲ့ မျက်လုံးတွေက အာရုံစူးစိုက်မှု ကင်းမဲ့နေပြီဖြစ်ပြီး အကြာကြီး မထိန်းထားနိုင်တော့ပါဘူး။

"ဒီကိစ္စမှာ မင်းဝမ်းဗိုက်ထဲက တုန်လှုပ်ပြီး မသန်စွမ်းသေးတဲ့ သန္ဓေသားရဲ့ ဝိညာဉ် ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်ဖို့အတွက် တိမ်စီးလှည့်ပြောင်းနည်းကို အသုံးပြုရမှာ၊ အတော့်တော့ နာကျင်ခံစားရမှာ၊ ဒါကြောင့်မို့ သည်းခံပါ၊ အရမ်း အကျယ်ကြီး မအော်ပါနဲ့၊ ဒီအဘိုးကြီးက အသက်ကြီးလာလို့ ငါ့ရှေ့မှာ နဂါးကြီးကို အော်နေတာကိုတော့ ငါ မုန်းတယ်။ အော်ဟစ်ပြီးရင် ခေါင်းလည်းကိုက်တယ်"

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationTahanan ng mga kuwento. Tumuklas ngayon