{အခန်း - 9}

1.6K 369 60
                                    

အခန်း : (9)
.................

"သခင်​လေး ညစာစားချိန်ရောက်ပါပြီ၊ ညစာ သုံးဆောင်ပါတော့မလား"

ညမှောင်လာတာနဲ့အမျှ အိပ်ခန်းဆောင်တံခါးကို သုံးကြိမ်တိုင်တိုင် ခေါက်သံတိုးတိုးနဲ့အတူ မိန်းမစိုးငယ်လေးရဲ့ တမင်နှိမ့်ချထားသော အသံက အပြင်ဘက်ကနေ ထွက်ပေါ်လာတယ်။

ရွှမ်လုံက ကုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်ပြီး အသက်ရှုနှုန်းကိုချိန်ညှိရင်း သူ့ရဲ့ စိမ်းလဲ့အေးစက်နေတဲ့ မျက်လုံးတွေကိုဖွင့်ပြီး တံခါးအပြင်ကို လှမ်းကြည့်ကာ
"အားယွမ်က ဘယ်တော့ရောက်လာမှာလဲ" လို့ဆိုတယ်။

ဒီကမ္ဘာပေါ်မှာ ယန်ယွမ်ရဲ့နာမည်ကို တစ်ဦးတည်းသော ခေါ်ဆိုဝံ့တဲ့သူက ဧကရီမိဖုရားပဲ ဖြစ်တယ်။ ကနဦး စကြားခါစက အထိတ်အလန့် ဖြစ်ရာက အခုလို ငြိမ်သက်အေးဆေးတဲ့ အခြေအနေကိုရောက်ဖို့အထိ ရက်နဲနဲလောက် အချိန်ယူခဲ့ရပေမယ့်လည်း အခုထိ ကြားတိုင်း အသားမကျသေးဘဲ တုန်လှုပ်နေဆဲပင်။ အပြစ်ရှိသလိုလည်း ခံစားနေရသလိုပါပဲ။

"အရှင်မင်းကြီးက မကြာသေးခင်က နိုင်ငံရေးအခြေအနေတွေကြောင့် အရမ်းပင်ပန်းနေတဲ့အပြင် ညပေါင်းများစွာ အခုထိ အနားယူခြင်းမရှိသေးပါဘူး"

"သခင်လေး၊ အရှင်မင်းကြီးကို အပြစ်မမြင်ပါနဲ့၊ သူတကယ် ရုန်းမထွက်နိုင်လောက်အောင် မအားလပ်လို့ပါ"

Qiankun နန်းဆောင်မှာ အမှုထမ်းကြတဲ့သူတွေအားလုံးက ယန်ယွမ် မိဖုရားကို နေ့ရောညပါ စောင့်ရှောက်ပြီး Lungfeng လျူဖန်းနန်းဆောင်မှာတော့ နိုင်ငံ့အရေးတွေကို စီမံနေတဲ့အကြောင်းကို သိကြတယ်။ ရွှမ်လုံ တယောက်တည်းသာ အမှောင်ထဲမှာ ပိတ်မိနေခဲ့တာ ဖြစ်တယ်။

အနှစ်တစ်ထောင်လောက် ရေကန်ထဲမှာ နေခဲ့တုန်းကလိုပဲ သူက ရုပ်ဆိုးတဲ့အတွက် အပြင်ထွက်ရတာကို မကြိုက်ဘူး။ သူများတွေကို ခြောက်လန့်မိသလို ဖြစ်မှာစိုးလို့ အပြင်မထွက်ချင်သလို သူတပါးကို တိုက်ခိုက်တာမျိုးလည်း မလုပ်ချင်ဘူး။

ယန်ယွမ်က နဂါးအကြေးခွံကိုယူပြီး ထွက်သွားတဲ့ အဲဒီနေ့ကစပြီး ညပိုင်းကျရင် သူ့ဆီ ပြန်လာမယ်လို့ ပြောခဲ့ပေမယ့်လည်း ကတိမတည်ခဲ့ပါဘူး။

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationWhere stories live. Discover now