{အခန်း - 6} လူတွေကို ကယ်တင်ဖို့အတွက် အချိန်ဆွဲခြင်း

1.7K 297 28
                                    

အခန်း : (6) "လူတွေကိုကယ်တင်ဖို့အတွက် အချိန်ဆွဲခြင်း"
..................................................................

အင်ပါယာမြို့ရဲ့အထက်မှာ အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ဧကရာဇ်မင်းမြတ်၏အိပ်ခန်းဖြစ်တဲ့ Qiankun နန်းတော်မှာ လူနှစ်​​ယောက် ပေါ်ထွက်လာခဲ့တယ်။

ယန်ယွမ်က သူသတိရနေတဲ့ မိဖုရားကို အပြေးအလွှားသွား ကြည့်ဖို့ ရွှမ်လုံကို အိပ်ဆောင်ရဲ့ဘေးက အခန်းမှာ နေရာချပေးပြီး အမြန်ထွက်လာခဲ့တယ်။

သူနန်းတော်ကို လုံခြုံစွာပြန်ရောက်တဲ့သတင်းက အလျင်အမြန်ပဲပြန့်နှံ့သွားပြီး ယန်ယွမ် Luanfeng ခန်းမဆောင်ကို ရောက်ရှိလာတဲ့အချိန်မှာတော့ တော်ဝင်သမားတော်ဆောင်က လူတွေက စောင့်နှင့်နေပြီဖြစ်တယ်။

အနီရောင် အစကို မဖယ်ရှားရသေးပေမယ့်လည်း လေထုက ထိုင်းမှိုင်းပြီး အုံ့ဆိုင်းနေပါတယ်။ ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ အမျိုးသားဟာ လွန်ခဲ့တဲ့ ရက်ပေါင်းများစွာကထက် ပိုပြီးဖြူဖျော့နေတဲ့အပြင် သူ့ရဲ့ ကြည်လင်သန့်စင်တဲ့ မျက်နှာလေးက အများကြီး ပျောက်ကွယ်သွားပါပြီ။

နင့်ချွီယွီ ရဲ့အသွင်အပြင်ကိုမြင်လိုက်တဲ့အခါမှာ ယန်ယွမ်ရဲ့ မျက်လုံးတွေနီရဲလာပြီး အေးစက်နေသောလက်ကိုကိုင်ကာ ကုတင်စွန်းတွင် ဖြည်းညှင်းစွာထိုင်ချလိုက်ပြီး
"အားယွီ မင်း ဝေဒနါတွေ ခံစားနေရတုန်းပဲလား၊ သက်သာရဲ့လား " လို့ ခပ်တိုးတိုးလေး ပြောလိုက်တယ်။

"ကိုယ်မင်းကို အရမ်းလွမ်းတယ်...."

ကုတင်ပေါ်ကလူက သူ့ကို လျစ်လျူရှုနေတာကို ယန်ယွမ် စိတ်မဆိုးမိဘဲ ကုတင်ဘေးမှာ အချိန်အတော်ကြာတဲ့အထိ ငြိမ်သက်စွာ ထိုင်နေခဲ့တယ်။

တစ်ချိန်က သူ ဒီဘဝမှာ နင့်ချွီယွီကို ကာကွယ်ဖို့​ပေးဖို့အတွက် ကတိပြုခဲ့ပြီး ယခင်ဘဝက အမှားတွေမျိုး နောက်ထပ် ဘယ်တော့မှ အဖြစ်ခံမှာမဟုတ်ဘူး။ အခု သူ့ချစ်သူက သူလက်ထဲမှာပဲ ဒီလို မမာမကျန်းဖြစ်နေတဲ့အတွက် သူ့မှာ ဘယ်လိုလုပ် မစိုးရိမ် မကြောင့်ကြဘဲ ရှိပါ့မလဲ။

ရှောင်ယွမ်က တဖက်ကိုကြည့်ပြီးတဲ့နောက် ယဲ့ယဲ့လေး ပြောလိုက်တယ်။

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationWhere stories live. Discover now