{အခန်း - 31} အပြန်အလှန် ဖလှယ်ခြင်း / အပေးအယူ

2.4K 385 61
                                    

အခန်း : (31) အပြန်အလှန် ဖလှယ်ခြင်း / အပေးအယူ
.........................................................

ယန်ယွမ်ရဲ့ ဒေါသက အတော်လေး ပေါ့ပါးသွားပေမယ့် ထိုလူ ထွက်သွားတဲ့နောက်မှာတော့ သူက နောင်တရသွားတယ်။

ရွှမ်လုံ တကယ်သာ ထွက်သွားခဲ့ရင် အားယွီ နေမကောင်းတာကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးသာ မရှိရင် ဒီမိုက်မဲတဲ့နဂါးကို သူဘာလို့ ဂရုစိုက်နေမှာလဲ။

အဲဒါကိုတွေးလိုက်တဲ့အခါ ရုတ်တရက် တုန်လှုပ်သွားပြီး လက်ဖက်ရည်အိုးထဲက လောင်းထည့်ထားတဲ့ လက်ဖက်ရည်ကို ကုန်စင်အောင် သောက်လိုက်ပြီး အမြန်ထကာ နန်းဆောင်တံခါးကိုဖွင့်လို့ ထွက်လာပြီး ဟစ်အော်လိုက်တယ်။

"ဟန်ပေါ ! မင်း ကိုယ့်ဆီကို ပြန်လာပါ"

"ကိုယ် မင်းကို သွားခွင့်မပြုနိုင်ဘူး၊ မင်း ကိုယ်ပြောတာကို ကြားလား ?"

"မင်း ကိုယ့်ဆီကို ပြန်လာခဲ့ပါ"

နန်းဆောင်အပြင်ဘက်မှာ တာဝန်ကျတဲ့ မိန်းမစိုးက လန့်ဖျပ်
သွားတယ်။ ယန်ယွမ်ရဲ့ အသွင်အပြင်ကို မြင်တော့ သူစိတ်လွတ်သွားပြီလို့တောင် ထင်လိုက်မိတယ်။ သခင်လေးဟန်က နန်းဆောင်ထဲမှာ ရှိနေတာ မဟုတ်ဘူးလား သူဘယ်အချိန်က ထွက်သွားလိုက်တာလဲ။

ယန်ယွမ်က ဒေါသတကြီးဟစ်အော်နေတာ အချိန် အတော်ကြာသွားပေမယ့် နဂါးကတော့ သူ့ရှေ့မှာ ပေါ်မလာဘူးမို့ ရွှမ်လုံ တကယ်သွားပြီလို့ ထင်သွားတယ်၊ သူလှည့်ပြီး အလိုမကျတဲ့ မျက်နှာနဲ့ နန်းဆောင်ထဲကို ပြန်ဝင်သွားပြီး ထွက်သွားဆိုတာနဲ့ ထွက်သွားဝံ့​တဲ့ ငတုံးနဂါးရဲ့ ပစ္စည်းတွေကို လွှတ်ပြစ်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်။

လေးလံတဲ့ နန်းဆောင်တံခါးကို ကျယ်လောင်တဲ့အသံနဲ့ ဆောင့်ပိတ်လိုက်ပြီး ခန်းမအတွင်းထဲကို ဝင်လိုက်တာနဲ့ ရွှမ်လုံက လေဟာနယ်ထဲကနေ ထွက်လာတာကို ယန်ယွမ် အံ့အားသင့်စွာ မြင်လိုက်ရတယ်။

"မင်း ထွက်သွားတာ မဟုတ်ဘူးလား ?"

ရွှမ်လုံ မျက်လွှာချထားပြီး သူ့တစ်ကိုယ်လုံးက သိသာထင်ရှားတဲ့ အထီးကျန်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationWhere stories live. Discover now