{အခန်း - 1} နဂါးရဲ့ အသဲနှလုံးကို ရောဂါကုသဖို့ အသုံးပြုမည်

4.9K 398 5
                                    

အခန်း (1) : "နဂါးရဲ့ အသဲနှလုံးကို ရောဂါကုသရန်အတွက် အသုံးပြုမည်"
...............................................................

အနှစ်တစ်သောင်းခန့်ကြာမြင့်သော်... လူသားတို့ ကမ္ဘာဝယ် ...

"မင်းတို့ အားလုံး အမှိုက်တွေချည်းပဲ ငါကိုယ်တော်ရဲ့ မိဖုရားတယောက်ကိုတောင် ရောဂါပျောက်အောင် မကုပေးနိုင်ဘူး ဆိုမှတော့ ငါကိုယ်တော် မင်းတို့ကို ဘာလုပ်ပြစ်ရမလဲ "

Luanfeng ခန်း​မဆောင် အတွင်းမှာ အနီရောင်နှင့် ရွှေရောင်ရောစပ်ထားတဲ့ ပိုးထည်ကို ဝတ်ဆင်ထားတဲ့ ဧကရာဇ်ငယ်တစ်ပါးက ဒေါသတကြီးကုတင်စွန်းတွင် ထိုင်နေခဲ့တယ်။
မြေပြင်ပေါ်မှာလည်း လက်ညှ်ိုးထိုး ကျိန်ဆဲခံထားရတဲ့ သမားတော်တွေက ပါးလည်းအရိုက်ခံထားရသလို ဒူးလည်းထောက်နေကြရတယ်။

"အရှင်မင်းကြီးဘုရား" ဝန်ကြီးတွေ မိန်းမစိုးတွေ၊ သမားတော်တွေ အားလုံးက ကြောက်လွန်းလို့ တုန်နေကြတယ်... နဖူးတွေအားလုံးကို မြေကြီးပေါ်မှာ ဖိကပ်လို့ ခေါင်းပြန်မမော့ရဲလောက်အောင် တုန်တုန်ယင်ယင် ငိုကြွေးနေခဲ့ကြတယ်။

"ကြောက်နေကြတယ် ဟုတ်လား၊ မင်းတို့ အခုမှ ထိတ်လန့်တုန်လှုပ်နေကြတယ် ငါကိုယ်တော်ရဲ့ နင့်ချွီယွီလေး ဖျားနာပြီး ထိတ်လန့်ကြောက်ရွံ့နေမှာကိုတော့ ကယ်တင်ဖို့ မစဥ်းစားနိုင်ဘဲ ခေါင်းရှောင်နေချင်ကြတယ် မဟုတ်လား"

ဧကရာဇ်မင်း၏ မျက်လုံးတွေက ဒေါသကြောင့် နီရဲနေပြီး ကုတင်စွန်းကနေ သတိလစ်နေတဲ့ ကုတင်ပေါ်က မက်မွန်ပွင့်သဏ္ဍာန် မျက်လုံးများနဲ့ ယောကျာ်းပျိုကို လက်ချောင်းသွယ်သွယ်တွေနဲ့ထိတွေ့ပြီးတဲ့နောက်မှာတော့ နာကျင်စွာနဲ့ မှိန်ဖျော့ဖျော့ အသွင်ပြောင်းသွားတယ်။

ရွှေပိုးအိမ်နဲ့ ရက်လုပ်ပြီး ဖီးနစ်နှင့် အနီရောင် ပေါင်းစပ်ထားတဲ့ မင်္ဂလာဝတ်စုံကို ဆင်မြန်းထားတဲ့ ထိုအမျိုးသားက မျက်နှာအရောင်ဖျော့တော့စွာ အားနည်းနေတယ်။

နင့်ချွီယွီက ဝန်ကြီးချုပ်ရဲ့ ​သားတော် တစ်ပါးဖြစ်တယ်။

နာမည်လေးအရတော့ သူလေးက တိတ်ဆိတ်ပြီး အေးချမ်းတဲ့ လေနုအေးလေးလို ဂုဏ်သိက္ခာရှိပြီး တောက်ပတဲ့ လမင်းလေးလိုပါပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဝန်ကြီးချုပ်ရဲ့အိမ်တော်မှာ စတင်တွေ့ဆုံမိကတည်းက ယန်ယွမ်ဟာ သူ့ကို နက်နက်နဲနဲ ချစ်မိသွားခဲ့တယ်။
သူ့လက်ဖဝါးထဲမှာ ဆုပ်ကိုင်ထားတဲ့ ကျတ်သရေရှိလှတဲ့ ရတနာတစ်ပါးလို၊ အဖိုးတန်လှတဲ့ သစ်ပင်က အခေါက်လေး ပဲ့ကြွေသွားမှာ စိုးရိမ်ရသလို၊ လက်ထဲမှာ ကိုင်ထားရင်း ပါးစပ်ထဲထည့်ပြီး မစားရက်လောက်အောင် မြတ်နိုးရတဲ့ ရင်တွင်းဖြစ်တည်မှုလေး တခုပေါ့။

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationWaar verhalen tot leven komen. Ontdek het nu