{အခန်း - 15} ငါ မင်းကို ကာကွယ်ပေးမယ်

2K 365 76
                                    

အခန်း : (15) "ငါ မင်းကို ကာကွယ်ပေးမယ်"
......................................................

"အားယွီ"
ယန်ယွမ် ကုတင်ပေါ်ကနေ ရုတ်တရက်ထထိုင်လိုက်ပြီး ခြုံစောင်က သူ့ခန္ဓာကိုယ်ပေါ်ကနေ ခါးဆီကို လျှောကျလာပြီး မျက်လုံးတွေပြူးကျယ်လာရင်း ရှေ့တည့်တည့်ကို စိုက်ကြည့်ကာ သူရဲ့ အသက်ရှူသံတွေကလည်း ပြင်းထန်စွာ ပြောင်းလဲသွားတယ်။

ရွှမ်လုံက ထိတ်လန့်သွားပြီး သူ့ကိုယ်ပေါ်မှာရှိတဲ့ နာကျင်မှုကိုလည်း ခံနိုင်ရည်ရှိသွားခဲ့တယ်။ သူ ဖြည်းညှင်းစွာထထိုင်လိုက်ရင်း ယန်ယွမ်ရဲ့ ရေခဲလို စိမ်းသက်​အေးစက်နေတဲ့ မျက်လုံးတွေကို စိုးရိမ်တကြီး စိုက်ကြည့်ကာ
"မင်း အိပ်မက်ဆိုး မက်နေတာလား"

ယန်ယွမ်က အခုအချိန်ကြမှ သူ့ အိမ်မက်က အမှန်တကယ် နိုး ထလာပုံရပြီး ရွှမ်လုံကို စိုက်ကြည့်ဖို့ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လာခဲ့တယ်။ သူ့ရဲ့ ချစ်စရာကောင်းတဲ့ မက်မွန်မျက်လုံးလေးတွေက အခုချိန်မှာတော့ သွေးလန့်နေပြီး အနည်းငယ် ကြောက်စရာကောင်းနေပုံရတယ်။

ရွှမ်လုံက ယန်ယွမ့်ကို အရင်က ဒီလိုမျိူး တစ်ခါမှ မမြင်ဖူးတဲ့အတွက် အချိန်အတော်ကြာအောင် ဘာလုပ်ရမှန်း မသိဖြစ်နေပေမယ့်လည်း သူ့မျက်နှာမှာတော့ အမူအရာများများစားစား သိပ်မပြတော့ဘဲ
"မင်း..." လို့သာ စကားတလုံးပဲ ပြောလိုက်နိုင်တယ်။

သူစကားပြန် မပြောနိုင်ခင်မှာပဲ၊ ယန်ယွမ်က သူ့မျက်လုံးတွေကို စိုက်ကြည့်ကာ ခေါင်းကိုလှည့်ပြီး စောင်ကိုဖယ်လိုက်ရင်း ကုတင်ပေါ်မှထကာ အဝတ်ဝတ်လိုက်ပြီး မိုင်ထောင်ပေါင်းများစွာအဝေးကို လှည့်ထွက်သွားတဲ့ လျစ်လျူရှုမှုမျိုးနဲ့ ပြောင်းလဲသွားတော့တယ်။

ယန်ယွမ်က ကြေးမုံပြင်ရှေ့က​ သန့်ရှင်းတဲ့အဝတ်အစားတွေကို ယူလိုက်တယ်။ နောက်ပြီး သူက စိမ်းပြာရောင်နဂါးအသွင်သဏ္ဍာန် ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို ဝတ်ဆင်လိုက်ပြီးနောက် ကုတင်ပေါ်က ရွှမ်လုံကို ပြန်လှည့်ကြည့်ကာ စကားပြောဖို့ မရည်ရွယ်ဘဲ ဆက်လက် ဝတ်ဆင်နေခဲ့တယ်။

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationKde žijí příběhy. Začni objevovat