{အခန်း - 21} နှုတ်ထွက်ခြင်း

2.6K 430 45
                                    

အခန်း : (21) "နှုတ်ထွက်ခြင်း"
......................................

ရွှမ်လုံက နာကျင်မှုဖြင့် နိုးထလာပြီး မနေ့ညကထက် ဝမ်းဗိုက်
နာကျင်မှုက ပိုဆိုးလာတယ်။ နှုတ်ခမ်းတွေလည်း ဖြူဖျော့လာကာ ဗိုက်ကို ဆုပ်ကိုင်လိုက်ပြီး ဖြေးညှင်းစွာ ထထိုင်လိုက်တော့ အခန်းထဲမှာ သူ့တယောက်တည်းသာ ကျန်နေခဲ့တာကို
တွေ့လိုက်ရတယ်။ ပြီးတော့ ကုတင်ဘေးကလည်း အေးစက်နေခဲ့တယ်။

"အားယွမ်"

ယန်ယွမ် ခြံဝင်းထဲမှာ ရှိနေနိုင်တယ်လို့ တွေးပြီး ကွဲအက်နေတဲ့အသံနဲ့ အော်ခေါ်လိုက်ပေမယ့် ဘယ်သူမှ တုံ့ပြန်ခြင်းမရှိတဲ့အပြင် တံခါးကို စောင့်တဲ့ နန်းတော်အမှုထမ်းတွေလည်း မရှိတော့ဘူး။

သူ အိပ်နေတာ ကြာနေပြီလို့ ထင်ကောင်းထင်နိုင်ပြီး အရင်ဆုံး ထွက်သွားခဲ့တာ ဖြစ်မယ်။

အားယွမ်က နေ့တိုင်း မနက်တရားရုံးတော်ကို တတ်ရတာကြောင့် နှောင့်နှေးနေလို့ မရပါဘူး။

ရွှမ်လုံ ကန်လန့်ကာကို ဖွင့်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ကုတင်ပေါ်ကနေ ဆင်းကာ ဘာမှမဖြစ်သလို ထွက်သွားလိုက်တဲအခါ သူခြေလှမ်းလိုက်တိုင်း သွေးနီရောင်ခြေရာတွေကို မြေပြင်ပေါ်မှာ ချန်ထားပြီးသား ဖြစ်နေခဲ့တယ်။

အနက်ရောင် ကြမ်းပြင်ပေါ်မှာ အနီရောင်တွေ ရွှဲနစ်နေတယ်။

တံခါးကိုဖွင့်ပြီးကြည့်လိုက်တော့ ယန်ယွမ်က တကယ်သွားနှင့်ခဲ့ပြီ၊ ခြံဝင်းက တိတ်ဆိတ်နေပြီး မိုးမရွာတော့ဘူး။

ရွှမ်လုံက သူ့ခြေဖဝါးအောက်မှာရှိတဲ့ စွန်းထင်းနေတဲ့ သွေးတွေကို ငုံ့ကြည့်လိုက်တယ်။ မကြာသေးခင် ရက်တွေတုန်းက ထပ်ခါတလဲလဲ ဝမ်းဗိုက်နာခြင်းက ဘေးဆိုးကြီး နီးကပ်လာပြီး အားနည်းနေတာကြောင့်လို့ သူထင်ခဲ့တယ်။ ဒါကြောင့်မို့ အလေးအနက် မထားဖြစ်ခဲ့ဘူး၊ အခုတော့ အဲလို ဖြစ်ပုံမရတော့ဘူး။

ဘာလို့ ဒီလောက်တောင် သွေးတွေများနေရတာလဲ...

မနေ့ညက သူနဲ့ အားယွမ်က ရှင်းရှင်းလင်းလင်း အဆုံးထိ မသွားဖြစ်ခဲ့ဘူး။

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationWaar verhalen tot leven komen. Ontdek het nu