လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

Av Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... Mer

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)

6.3K 1.1K 85
Av Indolent-Senorita

Scroll down for Zawgyi.

Unicode

" မြို့​တော်ရဲ့ အ​နောက်ဘက်မှာပါ "   စုန့်ရှီလင် ဖုန်းဖြတ်ချလိုက်ပြီး​နောက် အတွင်း​ရေးမှူးချူက ဖြည်းညင်းစွာ ဆိုလာခဲ့သည်။

စုန့်ရှီလင် ​ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး ကုတ်အင်္ကျီကို ဆွဲယူကာ အပြင်ကို အ​ပြေးအလွှား ထွက်သွား​တော့သည်။

အတွင်း​ရေးမှူးချူက​တော့ ​နောက်ဆက်တွဲကိစ္စ​တွေကို ​ဖြေရှင်းဖို့အတွက် ​နေခဲ့လိုက်သည်။ကိစ္စ​တွေကို သင့်​တော်​ကောင်းမွန်​အောင် စီစဉ်​ဖြေရှင်းပြီးတဲ့​နောက် သူ အစည်းအ​ဝေးခန်းမထဲက​နေ ထွက်လာလာချင်းမှာတင် စုန့်ရှီလင်ရဲ့မိခင်ဖြစ်သူကို တန်း​တွေ့လိုက်ရသည်။သူ့ခမျာ ချက်ချင်းလက်ငင်းပင် သက်ပြင်းချလိုက်မိ​တော့သည်။

စုန့်ရှီလင်ရဲ့အ​မေက သူမမျက်လုံး​တွေကို ​မှေးစင်းကာ   " ​ရှောင်ချူ , ငါ မင်းကို ​မေးစရာရှိတယ် "

အတွင်း​ရေးမှူးချူမှာ ပင့်သက်ရှိုက်လိုက်ပြီး အကူအညီမဲ့စွာနဲ့ ​ပြောလိုက်သည်။  
" ဟုတ်ကဲ့ပါ ၊ သခင်မကြီး "

_____________

​မော့အန်းယွီက ပြတင်း​ပေါက်အပြင်ဘက်မှာ မတ်တပ်ရပ်ရင်း သူ့မျက်လုံး​တွေကို ​မှေးကျဉ်းကာ ရုတ်တရက် ထပြောလိုက်သည်။   " မင်း ပစ္စည်း​တွေ ထုပ်ပိုးပြီး ဒီ​နေရာက​နေ ထွက်သွားဖို့ အသင့်ပြင်​တော့ !!! "

" ဘာလို့လဲ ??? "   ချီလင်း အံအားသင့်သွားရသည်။ရုတ်တရက်ကြီး ​မော့အန်းယွီက ဘာအ​ကြောင်း​ကြောင့် ထွက်သွားချင်​နေမှန်း သူ မသိ​ချေ။

ချီယန်က ​ဘေးတစ်ဖက်မှာ ရပ်​နေပြီး ​ပေါ်ယွီကို မ​ကျေမချမ်းဖြစ်​နေဟန်နဲ့ ခဏခဏ ကြည့်ကာ မှုန်မှိုင်း​နေ​လေသည်။

" တစ်ခုခု ထူးဆန်း​နေတယ် "   ​မော့အန်းယွီက ခပ်ရှင်းရှင်းပဲ ​ပြောပြလိုက်သည်။   " ငါတို့ ဒီမှာရှိ​နေတာကို စုန့်ရှီလင် သိပြီးသားဖြစ်​နေမှာပဲ ငါ စိတ်ပူတာ။ ကားကို ဒီ​မောင်းလာခဲ့။ အခုချက်ချင်း ထွက်ရ​အောင် "

" စုန့်ရှီလင် ဘယ်​လောက်ပဲ အစွမ်းရှိရှိ ငါတို့ကို​တော့ တစ်ရက်တည်းနဲ့ ရှာမ​တွေ့နိုင်ပါဘူး။ မင်း မတရား စိုးရိမ်တတ်လွန်း​နေပြီ "   ချီလင်းက သ​ဘောမတူ​ပေ။ဒါ​ပေမယ့် သူ့မှာ ​မော့အန်းယွီရဲ့ဆန္ဒကိုလည်း မဆန့်ကျင်ရဲ​ချေ။

ပစ္စည်းပစ္စယာ​တွေကို အလွယ်တကူ သိမ်းဆည်းပြီး​နောက် သူတို့​တွေ ထွက်သွားဖို့ ပြင်လိုက်ကြသည်။

​မော့အန်းယွီက ​ရှေ့ကို ​လျှောက်လာပြီး ​ပေါ်ယွီကို ကားထဲ ​ပွေ့ချီထည့်​ပေးဖို့အတွက် ကိုယ်ကို ကိုင်းညွှတ်လိုက်သည်။ဒါ​ပေမယ့် ခုခံလို​နေတဲ့ ​ပေါ်ယွီရဲ့ မျက်နှာအမူအရာကို မြင်လိုက်ရတဲ့အခါ သူ ခဏ​လောက် တုံ့ဆိုင်း​နေပြီး ​နောက်ဆုံးတွင် မည်း​မှောင်​နေတဲ့ မျက်နှာအမူအရာကြီးနဲ့အတူ အ​ဝေးကို ထွက်သွား​လေသည်။

​ပေါ်ယွီက ကြမ်းပြင်​ပေါ်မှာ ထိုင်​နေကာ သူ့၀မ်းဗိုက် ​အောက်​လျော​လျောက တင်းကြပ်စူးရှတဲ့ နာကျင်မှုဟာ ပိုပိုပိုပိုပြီး သိသိသာသာ ပြင်းထန်လာသည်။

ချီယန်က မျက်နှာထားတင်းမာခက်ထန်စွာနဲ့ ​ပေါ်ယွီဆီ ​လျှောက်လာပြီး ကြမ်းပြင်က​နေ သူ့ကို ဇွတ်ဆွဲမကာ ​ဆောင့်တွန်းပစ်ရင်း ​ပြောဆိုလိုက်သည်။   " မြန်မြန်လုပ်စမ်း !!! မူရာမာယာများမ​နေနဲ့ !!! တကယ်လို့ ငါ အခွင့်အ​ရေးရတာနဲ့ မင်းကို သတ်ပစ်မယ် "

​ပေါ်ယွီမှာ ဖြူ​လျော်စွာနဲ့ ဒယီးဒယိုင်လမ်း​လျှောက်ရင်း လဲကျလုနီးပါးဖြစ်​နေသည်။

​ပေါ်ယွီ အခန်းအပြင်ဘက်ကို ထွက်လာတဲ့အချိန်တွင် သူ ဒီ​မြေ​အောက်ကုန်သို​လှောင်ရုံခန်းတစ်ခုထဲမှာ ​နေ့​ရောညပါ ​နေခဲ့ရတာဖြစ်​ကြောင်း သ​ဘော​ပေါက်လိုက်ပြီး ​ဘေးက ​ဟောင်းနွမ်းစုတ်ပြတ်​နေတဲ့ ကားပါကင်တစ်ခုဆီ ​ရောက်သွား​တော့သည်။

ယခုက မွန်းလွဲပိုင်းအချိန်ဖြစ်​နေပြီး ဒီ​နေရာကလည်း မြို့စွန်မြို့ဖျားမှာရှိတဲ့ ဆင်​ခြေဖုန်းရပ်ကွက်တစ်ခု အနီးအနားမှာဖြစ်တာ​ကြောင့် ​ဘေးပတ်၀န်းကျင်တွင် ​ခွေးတစ်​ကောင်​ကြောင်တစ်မြှီးမှ မရှိ​ချေ။

သူ့​ရှေ့မှာ ကားသုံးစီးရှိ​နေပြီး bodyguard ​တွေက ပထမကား​ပေါ် တက်လိုက်ကြသည်။​မော့အန်းယွီက ​​ပေါ်ယွီကို တစ်ချက်​ဝေ့ကြည့်ကာ ချီလင်းနဲ့အတူ ဒုတိယ​မြောက်ကားဆီ တိတ်ဆိတ်စွာ ​လျှောက်သွားလိုက်သည်။

ချီယန်နဲ့​ပေါ်ယွီက တတိယကား​​ပေါ် တက်ကြရမှာဖြစ်ပြီး ​ရှောင်ကျန်းက​တော့ အ​ကြောက်​ကြောက်အရွံ့ရွံ့နဲ့ passenger seat မှာ ထိုင်လိုက်သည်။

​ပေါ်ယွီက ကား​ပေါ်ကို ပထမတစ်လှမ်း တက်လိုက်ရုံရှိသေးတဲ့အချိန်မှာ ​အနောက်က​နေ ပြင်းပြင်းထန်ထန် တွန်းပစ်တာခံလိုက်ရသည်။သူဟာ ရုတ်တရက် ​နောက်ခုံ​ပေါ်ကို ပစ်လဲကျသွားကာ သူ့၀မ်းဗိုက်ဟာလည်း ထိခိုက်မိသွား​လေသည်။တင်းကြပ်စူးရှတဲ့ နာကျင်မှုက ​လော​လောလတ်လတ်ပင် ​​အောင့်တက်လာပြီး ပိုမိုကာ သည်းမခံနိုင်​လောက်​အောင်ပင် ဖြစ်လာ​တော့သည်။

ဒီနာကျင်မှုက မခံမရပ်နိုင်​အောင်ပဲဖြစ်ပြီး သူနဲ့ ရင်းရင်းနှီးနှီး သိ​နေသလို ခံစားရသည်။

​ပေါ်ယွီရဲ့မျက်၀န်း​တွေက ​မှောင်မိုက်သွားပြီး  နိမိတ်မ​ကောင်းတဲ့ စိတ်​ထင့်ခြင်းတစ်မျိုးက သူ့နှလုံသားထဲမှာ ဖြစ်​ပေါ်လာသည်။

ဒါက သူ ​တွေး​နေတဲ့ဟာများလား ???

ချီယန်က ​ပေါ်ယွီကို ​နောက်တစ်ကြိမ် ထပ်မံကန်​ကျောက်ကာ ​ဒေါသတကြီး ​ပြောဆို​နေသည်။   " သိုးသိုးသွက်သွက် လုပ်စမ်းပါ။ ​သေချင်​ယောင်​ဆောင်မ​နေနဲ့။ မ​​နေ့တုန်းက​တော့ မင်းပဲ ငါ့ကို ​ကောင်း​ကောင်းကြီး ရိုက်နှက်​နေ​သေးတယ်မလား။ ဒါ​ပေမယ့် ဒီ​နေ့ကျမှ ဘာကိစ္စ ​သောက်ရမ်းအားမရှိဖြစ်ပြ​နေတာလဲ ?!! "

​ပေါ်ယွီ ကုန်းထလိုက်ပြီး နာကျင်စွာနဲ့ အံတင်းတင်းကြိတ်ကြိတ်ရင်း ခုံမှာ ပင်ပင်ပန်းပန်း အားယူထိုင်လိုက်ရသည်။ခဏ​လောက်ကြာတဲ့အခါ ချီယန်လည်း သူ့​ဘေးမှာ ၀င်ထိုင်လိုက်သည်။

ရုတ်တရက် ကားတံခါးက ​ဆောင့်ပိတ်ကျသွား​လေသည်။

ဒါ​ပေမယ့် သူတို့ အ​ဝေးကို ​မောင်းထွက်သွားရုံ​လေးမှာတင် အ​ဝေးတစ်​နေရာက​နေလာတဲ့ အနက်​ရောင် လင်ခရူဇာကားငါးစီးဟာ သူတို့ကို လျင်မြန်စွာ ​ကျော်တက်သွားကြပြီး မည်သူတစ်ဦးတစ်ယောက်မှ ထွက်မသွားနိုင်​အောင် ကာဆီးထားတဲ့ နံရံကြီးတစ်ခုကဲ့သို့ ​ရှေ့က​နေ ပိတ်ရပ်လိုက်ကြသည်။

အနက်​ရောင်၀တ်ထားတဲ့ သန်သန်မာမာ ထွားထွားကြိုင်းကြိုင်း bodyguard ဆယ့်သုံး​ယောက်ဟာ ကား​ပေါ်က​နေ ဆင်းလာပြီး မျက်နှာချင်းဆိုင်ဘက်ခြမ်းမှာ မတ်တပ်ရပ် ​နေရာယူလိုက်ကြသည်။

အဲဒီ​နောက် ​ချော​မောခန့်ညားကာ သြဇာတိက္ကမကြီးမားတဲ့ အမျိုးသားတစ်ဦးက pressed suit ကို ၀တ်ဆင်ထားပြီး ​ဧကရာဇ်တစ်ပါး ကြွမြန်းလာသလိုမျိုးပင် ကား​ပေါ်က​နေ ဆင်းလာခဲ့သည်။

​မော့အန်းယွီက သူ့​နေကာမျက်မှန်ကို ဆွဲချွတ်ကာ အပြုံးတစ်ပွင့်နဲ့ ​လှောင်​ပြောင်ခနဲ့လိုက်သည်။   " ငါ မှန်းတာ မှန်​နေတာပဲ။ သူ့ကို နှုတ်ဆက်ဖို့ သွားရ​အောင် "

ချီလင်းက လက်သီးကို တင်းတင်းလိုက်လိုက်ပြီးမှ ပြန်ဖြည်လိုက်သည်။သူ လက်သီးကို ဆုပ်ချည်ဖြန့်ချည် သုံးခါ​လောက်လုပ်အပြီးမှာ​တော့ ကား​ပေါ်က​​နေ တည်ငြိမ်စွာ ဆင်းသွားလိုက်သည်။

စုန့်ရှီလင် ​ရောက်ချလာတာကို မြင်တဲ့အခါ ​နောက်ကားထဲက ချီယန်က ​ပေါ်ယွီ့​ခြေ​ထောက်ကို ချက်ချင်း ပိတ်ကန်လိုက်ပြန်သည်။   " ရွံစရာ​ကောင် !!! "

​ပေါ်ယွီခမျာ သူ့ဗိုက်ထဲက​နေ စူး​အောင့်နာကျင်မှုကို ခံစား​နေရသည်။ဒီအချိန်မှာ ဒီနာကျင်မှုကို ပိုသထက်ပိုပြီး ရင်းနှီးသိရှိ​နေသ​ယောင်ဖြစ်​နေတဲ့အချက်​ကြောင့် ​ပေါ်ယွီ ပြန်စဉ်းစားကြည့်လိုက်တဲ့အချိန်မှာ သူ့လက်​တွေ တဆတ်ဆတ် တုန်ယင်လာရသည်။ဒါ့ပြင် ချီယန်က သူ့ကို ဘုမသိဘမသိနဲ့ ရန်စ​နေဆဲဖြစ်တာ​ကြောင့် ​ပေါယွီ အဆက်မပြတ် ​ဒေါသထွက်လာ​တော့သည်။

" ငါ မင်းကို ဘာမှမလုပ်နိုင်ဘူးလို့များ မင်း မထင်နဲ့ !!! "   ​ပေါ်ယွီက အသံခပ်တိုးတိုးနဲ့ ကြိတ်​ပြောလိုက်ပြီး ချီယန်ကို ​အေးစက်စွာ တစ်ချက်စိုက်ကြည့်​ပေးလိုက်သည်။

ချီယန်မှာ ​ပေါ်ယွီရဲ့ခပ်စူးစူးအကြည့်​တွေ​ကြောင့် ​ခြေဖျားလက်ဖျား​တွေပါ ​အေးစိမ့်သွားရသည်။သူ့ကိုယ်သူ​တောင်မသိလိုက်ဘဲ အလိုအ​လျောက် အသက်ရှူရပ်လိုက်မိသည်။

​မော့အန်းယွီက သက်သက်သာသာဟန်ပန်နဲ့ ​ပြောဆိုလိုက်သည်။   " ဥက္ကဋ္ဌစုန့်​ရေ , ခင်ဗျားက အကြင်နာတရားမရှိလှချည်လားလို့ ကျွန်​တော် ​တွေး​နေခဲ့တာ "

စုန့်ရှီလင်က ​လေးနက်ပြီး ​မှောင်မိုက်​နေတဲ့ မျက်၀န်း​တွေနဲ့အတူ ​မော့အန်းယွီကို ကြည့်လိုက်သည်။   " သူ ဘယ်မှာလဲ ? "

စုန့်ရှီလင်ရဲ့အသံက ​မှေးမှိန်​ပျောက်ကွယ်သွားတာနဲ့ ချီယန်ဟာ ​ပေါ်ယွီကို ကားထဲက​​နေ အပြင်ဘက်ဆီ တွန်းထုတ်လိုက်သည်။သူက စုန့်ရှီလင်ကိုသာ ​ဒေါသတကြီး စိုက်ကြည့်​နေပြီး ဘာစကားတစ်လုံးမှ မ​ပြောရဲ​ချေ ______ မော့အန်းယွီ သင်ခန်းစာ​ပေးမှာကို သူ ​ကြောက်ရ​သေးတယ်​လေ။

​ပေါ်ယွီရဲ့လက်​တွေက ​ကျောဘက်မှာ ​နောက်ပြန်ပူးချည်ခံထားရသည်။လူ​တွေကို ဖြတ်သန်းပြီး အ​ဝေးက စုန့်ရှီလင်ကို မြင်တဲ့အခါ သူ အသံကွဲအက်စွာနဲ့ ​​မေးလိုက်သည်။   " မင်းက ဘာလို့ ဒီ​ရောက်​နေတာလဲ ? "

အဲဒီစကားကို ကြားတဲ့အချိန်မှာ စုန့်ရှီလင်ရဲ့မျက်၀န်း​တွေက ​ပေါ်ယွီဆီမှာပဲ စူးစိုက်ကြည့်လာပြီး အကြည့်မလွှဲဘဲ ​ပြောလိုက်သည်။  
" တကယ်လို့ မင်းလိုချင်တာ ငါ ​ပေးရင် သူ့ကို ငါ့ဆီ ပြန်​ပေးရမယ် "

​မော့အန်းယွီမှာ တစ်​ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံ​နေကြတဲ့ သူတို့ကို ​သေချာ ​စောင့်ကြည့်​ရင်း သူ့နှလုံးသားထဲက ​ဒေါသတရား​တွေကို ခက်ခက်ခဲခဲ ချုပ်တည်း​နေရသည်။

သူ့​ရှေ့​ရောက်​နေတာ​တောင်မှ ဒီနှစ်​ယောက်က ကလူ​နေရဲကြ​သေးတယ်​ပေါ့ !!!

" ဟုတ်ပြီ​လေ။ ငါ့ကို မင်းရဲ့လုပ်ငန်းပူး​ပေါင်းမှုပ​ရောဂျက်နဲ့  Seanရဲ့ စီးပွား​ရေးစီမံကိန်းရယ် ပြီး​တော့ မင်း ယူသွားတဲ့ ​မော့မိသားစုရှယ်ယာ​တွေရယ် ​ပေးရမယ်။ ငါ သူ့ကိုလွှတ်မ​ပေးခင် အဲဒါ​တွေအားလုံးကို အရင်ပြန်လိုချင်တယ် "

အခု​လေးတင်ပဲ စုန့်ရှီလင်ဟာ ​မော့မိသားစု အရင်တုန်းကတည်းက ပစ်မှတ်ထားခဲ့တဲ့ Sean နဲ့ လုပ်ငန်းပူး​ပေါင်း​ရေးပ​ရောဂျက်ကို ​ရေးထိုးခဲ့သည်။ဒါ​ပေမယ့် အဲဒီအချက်ကပဲ သူတို့​တွေကို ပွဲသိမ်းအနိုင်ယူဖို့ စုန့်ရှီလင်ရဲ့ ​နောက်ဆုံး​ခြေလှမ်းဖြစ်သည်။

​မော့မိသားစုက Sean နဲ့ ပူး​ပေါင်းလုပ်​ဆောင်နိုင်မယ်ဆိုရင် ဟွားချန်မြို့​တော်မှာ ခိုင်မာ​သေချာတဲ့ ​ခြေကုပ်တစ်ခုကို သူတို့တွေ ပြန်ရနိုင်လိမ့်မယ် !!! ပြီး​တော့ သူအစ်ကိုကြီးလည်း အ​​နောက်​တောင်ရုံးခွဲအသစ်ဆီက​နေ ဒီကို ပြန်​ပြောင်း​ရွေ့လာနိုင်ပြီ !!! အဲဒါ​ကြောင့် ​မော့အန်းယွီက ဒီဟာကို အရယူဖို့ သန္နိဋ္ဌာန်ချထား​လေသည်။

စုန့်ရှီလင်ဟာ Sean နဲ့ လုပ်ငန်းပူး​ပေါင်း​မှုပ​ရောဂျက်က သူ့မျက်လုံးထဲမှာ ဘာမှအ​ရေးမပါသလိုမျိုး ​ခေါင်းငြိမ့်လက်ခံလိုက်သည်။

အဲဒီအချိန်တွင် ​မော့အန်းယွီမှာ ရုတ်တရက် ခါးသီးမှုကို ခံစားလိုက်ရသည်။စုန့်ရှီလင်က သူ​တောင်းတာ​တွေကို ​​တွေ​ဝေတုံ့ဆိုင်းမ​နေဘဲ တစ်ခါတည်းတန်းပြီး ငြင်းပစ်လိမ့်မယ်လို့ သူ ထင်ထားခဲ့တာဖြစ်သည်။ဒါမှသာ ​ပေါ်ယွီက ဒီလူ့အ​ကြောင်းကို ပိုရှင်းရှင်းလင်းလင်း မြင်သွား​အောင် ​မော့အန်းယွီ ပြချင်ခဲ့သည်။

ဒါ​ပေမယ့် အခု​တော့ .............

​မော့အန်းယွီက ဘာအရိပ်အ​ယောင်မှမရှိဘဲ ​ပေါ်ယွီဘက်ကို လှည့်ကြည့်လိုက်သည်။တစ်ဖက်လူရဲ့မျက်၀န်း​တွေထဲမှာ စုန့်ရှီလင်တစ်​ယောက်ကပဲ အပြည့်​နေရာယူထားတာကို မြင်တဲ့အခါ ​မော့အန်းယွီ ငြိမ်သက်သွားရသည်။သူက လက်တစ်ဖက်ကို ​နောက်ပို့လိုက်ပြီး သူ့​ကျောဘက်မှာ ဖွက်ထားတဲ့ ​သေနတ်ကို ခိုး​ကြောင်ခိုးဝှက် စမ်းကြည့်လိုက်သည်။

​ပေါ်ယွီကို သူမှမရရင် ဘယ်သူမှ မရရဘူး !!!

စုန့်ရှီလင်က စီးပွား​ရေးစီမံကိန်းနဲ့ လုပ်ငန်းပူး​ပေါင်းမှုသ​ဘောတူစာချုပ်ကို ကားထဲက​နေ ထုတ်လိုက်ပြီး ​မော့အန်းယွီကို ကြည့်ကာ ​လေး​လေးနက်နက် ​ဆိုလိုက်သည်။   " ဒါက မင်းကတိတည်ရမယ့် အချိန်ပဲ "

​မော့အန်းယွီ အသက်ပြင်းပြင်းရှူထုတ်ကာ bodyguard ​တွေဆီက​နေ ဓါးကို ယူလိုက်သည်။သူက ​ပေါ်ယွီ့​နောက်ကို ​လျှောက်သွားလိုက်ပြီး ကြိုးဖြတ်​ပေးရင်း တိုးတိုး​လေး​ပြောလိုက်သည်။   " ​ကော ဒါကို​ နောင်တရလိမ့်မယ် ? "

" ငါ အမှားလုပ်ထားတာ တစ်ခုမှမရှိဘူး။ ဘာလို့ ငါက ​နောင်တရရမှာလဲ ??? "   ကိစ္စ​တွေက အခုလို ဖြစ်လာတဲ့အခါမှာ ​ပေါ်ယွီ  ​မော့အန်းယွီကို ထပ်မံ မျက်နှာသာ​ပေးချင်စိတ်မရှိ​တော့​ပေ။

တကယ်လို့ အဲဒီလူက အ​လျော့မ​ပေးဘဲ ​ခေါင်းမာမာနဲ့ ငြင်းဆန်ပစ်လိုက်ရင်​တောင် ဒီ​နေ့ ဘာမှ​ထွေ​ထွေထူးထူး ကိစ္စ​တွေ ဖြစ်လာမှာမဟုတ်ဘူး။

​မော့အန်းယွီက ပြုံးကာ ညည်းညူသလိုပင် ခပ်တိုးတိုး ဆိုလိုက်သည်။   " ကျွန်​တော်လည်း အဲ့လိုဖြစ်ဖို့ပဲ ​မျှော်လင့်ပါတယ် "

သူ့လက်​ကောက်၀တ်​တွေကို ​ပေါ်ယွီ ပွတ်သပ်လိုက်သည်။​နောက်ဆုံး​တော့ သူ့လက်​တွေက အချုပ်အ​နှောင်က​နေ လွတ်​​မြောက်သွားပြီဖြစ်သည်။

တစ်ဖက်တွင်။အမျိုးသားဟာ သူ့နှုတ်ခမ်း​တွေကို တင်းတင်း​စေ့ပိတ်ထားရင်း bodyguard ​တွေရဲ့အကာအကွယ်ထဲက​နေ ဖြတ်​လျှောက်လာပြီး ​ရှေ့ကို ​ခြေလှမ်းသုံးလှမ်းတိုးလိုက်သည်။

အဲဒီအမျိုးသားက ​ပေါ်ယွီကို စိုက်ကြည့်ကာ ရင့်ကျက်ပြီးသား ​ယောကျ်ားတစ်​ယောက် ပိုင်ဆိုင်ထားတဲ့ သံလိုက်လို ညှို့ဓါတ်ပြင်းတဲ့ အသံနဲ့ ​ပြောလိုက်သည်။   " ဒီကိုလာ "

​ပေါ်ယွီရဲ့နှုတ်ခမ်း​တွေက ဘယ်သူမှမမြင်​အောင် အ​ပေါ်ဘက်ကို ခပ်​ဖျော့​ဖျော့ ​ကွေးတက်ကာ ပြုံးလိုက်ပြီး ​ရှေ့ကို ​လျှောက်သွားလိုက်သည်။

​မော့အန်းယွီက bodyguard ​တွေဆီက​နေ စာချုပ်စာတန်း​တွေကို ဆွဲယူကာ ​ဒေါသတကြီးနဲ့ ကြမ်းတမ်းစွာ ကြည့်ရှူလိုက်သည်။အဲဒီ​နောက် သူက သူ့မျက်လုံး​တွေ အပြင်ကို ပြူးထွက်လာ​တော့မတတ် ​ပေါ်ယွီကို စိုက်ကြည့်လိုက်သည်။

စုန့်ရှီလင်ရဲ့​ရှေ့မှာရပ်​နေရင်း ​ပေါ်ယွီ သူ့စိတ်ထဲမှာ စဉ်းစားမိတာက ခုကိစ္စဟာ ဒီ​လောက်မြန်မြန်ဆန်ဆန်ကြီး ပြီးဆုံးသွားမှာ မဟုတ်ဘူးဆိုတာပဲဖြစ်သည်။

​နောက်စက္ကန့်မှာပင် စုန့်ရှီလင်ရဲ့မျက်၀န်း​တွေက ​အေးစက်လာပြီး ​ပေါ်ယွီကို သန်မာ​နွေး​ထွေးတဲ့ သူ့လက်​မောင်း​တွေကြားမှာ ​ပွေ့ဖက်လိုက်​လေသည်။အဲဒီ​နောက် စုန့်ရှီလင်က သူတို့နှစ်​ယောက်ကို လျင်မြန်စွာ ​နေရာချင်းလဲလိုက်သည်။

ချီလင်းက ​ကျော့ကွင်းမှာ ပိတ်မိလို့ ရုန်းထွက်မရဖြစ်​နေတဲ့ တိရိစ္ဆာန်တစ်​ကောင်လိုမျိုး မျက်လုံးနီနီ​တွေနဲ့အတူ တဟားဟားရယ်​မောရင်း ဓါးတစ်​ချောင်းကို ကိုင်ကာ ​ပြေးလာ​နေသည်။   " စုန့်ရှီလင် , မင်းအ​ဖေရဲ့အ​ကြွေး​တွေကို မင်း ဆပ်ရမယ် !!! "

ကံမ​ကောင်းစွာနဲ့ပဲ စုန့်ရှီလင်ရဲ့ bodyguard ​တွေဟာ ယီးတီးယားတားသွားလုပ်လို့ရတဲ့ လူ​တွေ မဟုတ်​ပေ။bodyguard နှစ်​ယောက်က ​သွေးရူး​သွေးတန်းနဲ့ ဆူဆူညံညံ ​အော်ဟစ်​နေတဲ့ ချီလင်းကို ဆီးချုက်ထားလိုက်ကြပြီး ပြင်းပြင်းထန်ထန် သတိလစ်သွား​အောင်လုပ်ကာ ​သေတ္တာကြီးတစ်လုံးထဲကို ကြိုးချည်ပစ်ထည့်လိုက်သည်။

ဒီအချိန်မှာ သူတို့​တွေက တခြားလူ​တွေကို ကယ်ဆယ်ရုံသာမက ချီညီအစ်ကိုတစ်​တွေကို အ​ဝေးကန်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ ဒီ​ရောက်လာကြရတာဖြစ်သည်။

အ​ဝေးတစ်​နေရာမှာ အချင်းချင်း ​ပွေ့ဖက်ထားကြတဲ့ စုန့်ရှီလင်နဲ့​ပေါ်ယွီကို မြင်တဲ့အခါ ချီယန် နှလုံး​ဖောက်လုနီးပါး ခံစား​လိုက်ရသည်။သူ ​တွေး​နေမိတာက သူ့အနာဂတ်က​တော့ ပျက်စီးခြင်းငါးပါးဆိုက်သွားပြီး ဒီနှစ်​ယောက်က အဲဒီပြစ်မှုကိုလုပ်တဲ့ တရားခံ​ခေါင်း​ဆောင်​တွေဖြစ်သည်။ဒါ​ကြောင့် ချီယန် အမျက်​​ခြောင်း​ခြောင်း​ဒေါသထွက်​နေသည်။

ချီယန်က သူ့​သေနတ်ကို ​မြှောက်လိုက်ပြီး တုန်ယင်​နေတဲ့ လက်​တွေနဲ့အတူ ​ပေါ်ယွီဆီ ချိန်ရွယ်လိုက်သည်။သူက သူ့ရဲ့​ကြောက်ရွံ့မှု​တွေကို ​ဒေါသ​တွေနဲ့ ဖုံးအုပ်ရင်း ...... " စုန့်ရှီလင် , ငါ့လမ်းက​နေ ဖယ်စမ်း !!! ငါ ဒီ​နေ့ သူ့ကို ​သေချာ​ပေါက် သတ်မယ် !!! "

​မော့အန်းယွီရဲ့တစ်​လှေတည်းစီး လက်တွဲပူး​ပေါင်းဖို့ ချီယန် ဆုံးဖြတ်လိုက်တဲ့အချိန်ကတည်းက သူဟာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် လူတစ်​ယောက်အား ​မှောင်ခို​စျေးကွက်က​နေ ပစ္စတို​သေနတ်တစ်လက်နဲ့ ကျည်ဆံအ​မြောက်အများကို လျို့ဝှက်စွာ ၀ယ်ယူခိုင်းခဲ့သည်။

အရင်တုန်းက ချီယန်ဟာ အဲဒီပစ္စည်း​တွေကို သူနဲ့အတူ တစ်ပါတည်း သယ်​ဆောင်သွားလာတတ်​ပေမယ့် တစ်ခါမှ အသုံးမပြုခဲ့ဘူး​ချေ။သူက ​သေနတ်ဘယ်လိုသုံးရမယ်ဆိုတာကို တကယ် မသိတာဖြစ်သည်။

ယခုချိန်ထိတိုင်​အောင်​ပေါ့ .............

​မော့အန်းယွီကပါ သူ့​ဘောင်းဘီအိတ်ကပ်ထဲက ​သေနတ်ကို ဆွဲထုတ်လိုက်ပြီး ​ဒေါသထွက်စွာ ​ပြောလိုက်သည်။   " ချီယန် , မင်းကများ မီးနဲ့ကစားရဲတယ်​ပေါ့ !!! ယုံချင်ယုံ မယုံချင်​နေ , ငါ အခုချက်ချင်း မင်းကို သတ်ပစ်လိုက်လို့ရတယ် "

ဒါ​ပေမယ့် ချီယန်က​တော့ ​မော့အန်းယွီရဲ့​ဒေါသ​တွေကို တမက်သက်သက် လျစ်လျူရှူကာ သူ့ကိုယ်သူ တည်တည်ငြိမ်ငြိမ်ပုံစံဖြစ်​အောင် အတင်းဖိအား​ပေး​နေရသည်။   " ​ပေါ်ယွီ , ဒီထဲကို အပြစ်မရှိတဲ့လူ​တွေ ဆွဲမထည့်ရ​အောင်။ ငါက မင်းအသက်ကိုပဲ လိုချင်တာ "

စုန့်ရှီလင်ရဲ့ရက်ခွင်ထဲမှာ ​ခေါင်းမြုပ်​အောင် ​​ထွေး​ပွေ့ခံထား​နေရဆဲဖြစ်တဲ့ ​ပေါ်ယွီက အဲဒီစကားကို ကြားတဲ့အခါ လက်​မောင်း​တွေထဲက​နေ ထွက်သွားဖို့ လုပ်လိုက်သည်။

စုန့်ရှီလင်က ​ပေါ်ယွီ့ကို သူ့လက်​မောင်း​တွေထဲမှာ လွှတ်မ​ပေးဘဲ ​ပွေ့ချုပ်ထားရင်း ခပ်တိုးတိုး​လေး ​ချော့မြှူလာသည်။   " မလှုပ်နဲ့။ လိမ္မာတယ် "

​ပေါ်ယွီ တစ်အောင့်စာ​လောက် ​တောင့်တင်းသွား​ပေမယ့် ​ပြောစကားကို နာခံကာ စုန့်ရှီလင်ရဲ့​ထွေး​ပွေ့မှုထဲမှာပင် ငြိမ်ငြိမ်​လေး ဆက်​နေ​နေသည်။

စုန့်ရှီလင်က တစ်ခုခု ထူးဆန်း​နေတာကို သတိမထားမိ​ချေ။သို့​သော် အကယ်၍များ သူသာ ​ပေါ်ယွီကို သူ့လက်​မောင်း​တွေထဲက​နေ တစ်ချက်​လောက် ဆွဲထုတ်ကြည့်လိုက်မယ်ဆိုရင် နဖူး​ပေါ်မှာ ​ချွေး​စေး​​တွေ ထွက်​နေပြီး ဖြူဆုတ်ကာ နှုတ်ခမ်းသား​တွေ တဆတ်ဆတ် တုန်ရီ​နေတဲ့ ​ပေါ်ယွီကို ဆတ်ဆတ် မြင်ရမှာဖြစ်သည်။

ကုတ်အင်္ကျီရဲ့ ကာကွယ်မှု​အောက်မှာ ​ပေါ်ယွီက သူ့၀မ်းဗိုက်ကို တုန်ယင်​နေတဲ့ လက်​တွေနဲ့ ဖိအုပ်ထားသည်။ ဒါက နာတာပဲ။ အရမ်းနာတယ် .............

ချီယန်က အထိတ်ထိတ်အလန့်လန့်နဲ့ ​နောက်ထပ် ကျည်ဆံတစ်ခုကို ပစ်လိုက်သည်။သူက ​ပေါ်ယွီကို ထိမှန်​အောင် တမင်မပစ်ရဲဘဲ တခြား​ဘေးတစ်ဖက်ဆီသာ ပစ်လွှတ်လိုက်သည်။   " ​ပေါ်ယွီ , မင်း ဘာကို​ကြောက်​နေတာလဲ !!!??? မင်း ​စောင်ကြောက် !!! "

အဲဒီအချိန်မှာ ရုတ်တရက် ​မော့အန်းယွီက အမြှီးကို တက်နင်းခံလိုက်ရတဲ့ ​မြွေကြီးတစ်​ကောင်လိုဖြစ်သွားသည်။သူ လွှားခနဲခုန်လိုက်ပြီး ​သေနတ်​မောင်းခလုတ်ကို အညှာအတာမရှိ ဆွဲတင်ကာ ချီယန်ရဲ့​ပေါင်နဲ့​ခြေသလုံး​တွေကို ပစ်ခတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ချီယန်ရဲ့လက်​​တွေက တုန်ရီလာပြီး ကျည်ဆံ​တွေကို ပျံဝဲ​စေကာ စုန့်ရှီလင်ရဲ့အ​နောက်ဘက်ခြမ်းကို သဲကြီးမဲကြီး ပစ်ခတ်လိုက်သည်။ဒါ​ပေမယ့် စုန့်ရှီလင်ရဲ့ bodyguard ​တွေက စုန့်ရှီလင်​ရှေ့မှာ ပိတ်ဆို့လိုက်ကြတာ​ကြောင့် သူ ထိခိုက်ဒဏ်ရာရမသွား​ချေ။

ချီယန်မှာ ​မြေကြီး​ပေါ် ပစ်လဲကျသွားပြီး သူ့​ခြေ​ထောက်က ​သေနတ်ဒဏ်ရာနှစ်ခု​ကြောင့် နာကျင်စွာနဲ့ ထွန့်ထွန့်လူး​နေရသည်။

​မော့အန်းယွီ ​ရှေ့ကိုတိုးလာပြီး တစ်ဖက်လူ အနာတရဖြစ်​နေတာကို ဂရုမစိုက်ဘဲ မရပ်မနား ​သွေး​တွေဆက်တိုက်ထွက်နေတဲ့ ​သေနတ်ဒဏ်ရာ​ပေါ်ကို ​ခြေ​ထောက်တစ်ဖက် ပစ်တင်ကာ ဖိ​ချေပစ်လိုက်သည်။   " မင်းက ငါ့အမိန့်​တွေကို အပြင်ပန်း​တော့ နား​ထောင်သလိုနဲ့ စိတ်ထဲမှာ ဆန့်ကျင်​နေရဲတဲ့ ပထမဆုံးတစ်​ယောက်ပဲ !!! "

စုန့်ရှီလင်က ​ပေါ်ယွီ့ကို ဖက်ထားရာက​နေ လွှတ်​ပေးလိုက်သည်။အဲဒီ​နောက် သူက ​အေးစက်စက်မျက်နှာအမူအရာနဲ့အတူ ​ရှေ့ကို ​လျှောက်လှမ်းလာပြီး ​အ​ပေါ်စီးက​နေ ချီယန်အား လေလွင့်​ခွေးတစ်​ကောင်ကို ကြည့်သလို ​ငုံ့ကြည့်ကာ ​လှောင်​ပြောင်ခနဲ့လိုက်သည်။   " ငါ မင်းကို သတိ​ပေးထားခဲ့ပြီးသား။ ဒါပေမယ့် ကံမ​ကောင်းတာတစ်ခုက ငါ့ရဲ့အကြံ​ပေးချက်ကို မင်း ဂရုမစိုက်တာပဲ "

ချီယန်မှာ နာကျင်မှု​ကြောင့် လူးလွန့်​နေရင်း အဲဒီ​နေ့ သူ စုန့်ရှီလင်ရဲ့အ​မေ​ရှေ့မှာ ​ပေါ်ယွီ့မ​ကောင်း​ကြောင်း ​ပြောခဲ့ပြီး​နောက် သူမကို စုန့်ရှီလင်ဆီ ဖုန်းဆက်ဖို့အတွက်လည်း ​မြှောက်ထိုးပင့်​ကော်လုပ်ခဲ့တာကို ပြန်မှတ်မိသွားသည်။အဲဒီတုန်းက စုန့်ရှီလင်ဟာ သူ့ကို ဟန့်တားကာ ကားပါကင်ထဲမှာ ​ခေါ်ယူသတိ​ပေးခဲ့ဖူးသည်။
{ T / N ; ဒီအပုဒ်က ​ရှေ့အခန်း​တွေမှာတုန်းက အရိပ်အမြွက်ပါခဲ့ပါတယ်​နော် ; မမှတ်မိရင် ပြန်ဖတ်ကြပါကုန် ...... }

တစ်ချိန်က စုန့်ရှီလင်ဟာ ဒီစကား​တွေကို ​ပြောရုံသက်သက်သာ​ ပြော​နေတာဖြစ်ပြီး ဒီ​လောက်ကြီး သူ့အ​ပေါ် ရက်စက်မှာမဟုတ်​လောက်ပါဘူးလို့ ချီယန် ထင်ခဲ့သည်။

တကယ်လို့ ... တကယ်လို့ ... တကယ်လို့များ သူသာ ​နောက်တစ်ကြိမ် ပြန်​ရွေးချယ်ဖို့ အခွင့်အ​ရေးရှိမယ်ဆိုရင် အ​ဝေးကြီးကို ထွက်သွားပြီး ဘယ်​တော့မှ ပြန်မလာ​တော့ဘူး !!!

မဟုတ်ဘူး !!! ​နောက်တစ်ခါ အခွင့်အ​ရေးရင် စုန့်မိသားစုကို ​သေချာ​ပေါက် ဆက်ဆက် ​သွေး​ကြွေးဆပ်ခိုင်းမှာ။ ပြီး​တော့ ထပ်လည်း စိတ်မ​ပျော့​တော့ဘူး !!!

ကံဆိုးတာက အခုချိန်မှာ ဒါ​တွေ​ပြောဖို့ အရမ်း​နောက်ကျလွန်း​နေပြီဖြစ်သည်။

ချီယန် ​မေ့​မြောမသွားခင် ​ပေါ်ယွီ့ကို ဝိုးတဝါး မြင်လိုက်​သေး​ပေမယ့် အမုန်းတရား​တွေနဲ့ သူ့မျက်လုံး​တွေကို မှိတ်ထားရုံသာ တတ်နိုင်​လေသည်။

​မော့အန်းယွီ မျက်ခုံးပင့်ကာ မ​ကောင်းတဲ့ ရည်ရွယ်ချက်နဲ့အတူ စုန့်ရှီလင်ကို ကြည့်လိုက်သည်။   " ကြည့်ရတာ ဥက္ကဋ္ဌစုန့်က မက်မွန်ပန်းလေး​တွေနဲ့ပတ်သတ်ရင် တကယ် ကံ​ကောင်းတာပဲ​နော်။ ဒါ​ပေမယ့် ခက်တာက သူတို့​တွေအားလုံးက ဥက္ကဋ္ဌစုန့်လိုချင်တဲ့ မက်မွန်ပန်း​လေး မဟုတ်ဘူးဖြစ်​နေတယ် "

စုန့်ရှီလင်က စိတ်မ၀င်စားဟန်ဖြင့် သူ့အကြည့်​တွေကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ​နောက်ကို လှည့်ကာ bodyguard ကြားက ရင်းနှီး​နေတဲ့ ပုံရိပ်​လေးကို ရှာ​ဖွေရင်း ​ပြောလိုက်သည်။   " အဲဒါ မင်းကိစ္စမဟုတ်ဘူး "

​ပေါ်ယွီခမျာ driver seat မှာ ထိုင်နိုင်ဖို့အတွက်​လေးကို အ​တော်​လေး ရုန်းကန်လှုပ်ရှား​နေရသည်။အဲဒီ​နောက် သူက ကားတံခါးကို ပိတ်ကာ ​သော့ဖွင့်လိုက်သည်။ဖြူ​​ဖျော့​နေတဲ့ မျက်နှာ​လေးနဲ့ ​​ပေါ်ယွီက ကားလီဗာကို ဖိနင်းလိုက်ပြီး လူအုပ်ကြားက​နေ အ​ဝေးကို လျင်မြန်စွာ ​မောင်းထွက်သွား​လေသည်။

အမျိုးသားနှစ်​ယောက်လုံးရဲ့ မျက်နှာအမူအရာ​တွေက တစ်ချိန်တည်းမှာပင် ​ပြောင်းလဲသွားကြသည်။

" ဥက္ကဋ္ဌစုန့်ရဲ့ ဆွဲ​ဆောင်နိုင်တဲ့အရည်အချင်းကြီးကလည်း ခင်ဗျားလက်ထဲမှာရှိ​နေတဲ့ အဲဒီအလှ​လေးကို ​ပျော်ရွှင်သာယာကြည်နူးဖို့အတွက် ဆွဲထားနိုင်ပုံမရဘူး​ "   ​မော့အန်းယွီဟာ အစက မင်တက်​နေမိ​ပေမယ့် အခုချိန်မှာ​တော့ စုန့်ရှီလင်ကို ထိုင်ဟား​နေသည်။

ဘယ်​လောက်​တောင် ရယ်စရာ​ကောင်းလိုက်သလဲ​နော်။ ဒီလူက သူတို့​တွေအကုန်လုံးကို တကယ်ကြီး ထားပစ်ခဲ့တာ ......

စုန့်ရှီလင်က သူ့လက်ကို ​မြှောက်လိုက်တဲ့အခါ bodyguard နှစ်​ယောက် ​ရောင်လာကြပြီး ချီယန်ကို ကြိုးတုပ်ကာ ​သေတ္တာကြီးထဲကို ကြမ်းကြမ်းတမ်းတမ်း ပစ်ထည့်လိုက်ကြသည်။

အခုချိန်မှာ ချီမိသားစုရဲ့ညီအစ်ကိုနှစ်​ယောက်ကို သတ်လို့မရနိုင်​သေးဘူးဆို​ပေမယ့် ဒီလိုကလည်း ဒီနှစ်​ယောက်ကို ညှင်းပန်းနှိပ်စက်ဖို့ အဆင်​ပြေပါတယ်​လေ။

စုန့်ရှီလင်ရဲ့ဖခင်ဟာ အရင်တုန်းက စုန့်မိသားစုဆီက​နေ ချီမိသားစု ခိုးယူသွားခဲ့တဲ့ တန်ဖိုးကြီးပစ္စည်း​တွေ ရှိတဲ့​နေရာကို သိချင်နေသည်။ဒါ​ကြောင့် အခု​လော​လောဆယ်မှာ ဒီညီအစ်ကိုနှစ်​ယောက်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်​ပေးနိုင်သည့်လူက စုန့်သခင်ကြီးတစ်​ယောက်တည်းသာရှိ​လေသည်။

.
.
.
.
.
.

If you press the star button , I have more energy and my update will be faster .

Unless you press the star button , it make me feel blue and my update will be later .

So , in short , the more you vote , the faster my update is .

🚨🚨🚨 ​Spoiler Alert ; ​နောက်တစ်ပိုင်းမှာ ​က​လေး​​လေး ​သေသွားတယ် ......

Zawgyi

" ၿမိဳ႕​ေတာ္ရဲ႕ အ​ေနာက္ဘက္မွာပါ "   စုန္႔႐ွီလင္ ဖုန္းျဖတ္ခ်လိုက္ၿပီး​ေနာက္ အတြင္း​ေရးမႉးခ်ဴက ျဖည္းညင္းစြာ ဆိုလာခဲ့သည္။

စုန္႔႐ွီလင္ ​ေခါင္းတစ္ခ်က္ၿငိမ့္လိုက္ၿပီး ကုတ္အက်ႌကို ဆြဲယူကာ အျပင္ကို အ​ေျပးအလႊား ထြက္သြား​ေတာ့သည္။

အတြင္း​ေရးမႉးခ်ဴက​ေတာ့ ​ေနာက္ဆက္တြဲကိစၥ​ေတြကို ​ေျဖ႐ွင္းဖို႔အတြက္ ​ေနခဲ့လိုက္သည္။ကိစၥ​ေတြကို သင့္​ေတာ္​ေကာင္းမြန္​ေအာင္ စီစဥ္​ေျဖ႐ွင္းၿပီးတဲ့​ေနာက္ သူ အစည္းအ​ေဝးခန္းမထဲက​ေန ထြက္လာလာခ်င္းမွာတင္ စုန္႔႐ွီလင္ရဲ႕မိခင္ျဖစ္သူကို တန္း​ေတြ႕လိုက္ရသည္။သူ႕ခမ်ာ ခ်က္ခ်င္းလက္ငင္းပင္ သက္ျပင္းခ်လိုက္မိ​ေတာ့သည္။

စုန္႔႐ွီလင္ရဲ႕အ​ေမက သူမမ်က္လုံး​ေတြကို ​ေမွးစင္းကာ   " ​ေ႐ွာင္ခ်ဴ , ငါ မင္းကို ​ေမးစရာ႐ွိတယ္ "

အတြင္း​ေရးမႉးခ်ဴမွာ ပင့္သက္႐ိႈက္လိုက္ၿပီး အကူအညီမဲ့စြာနဲ႔ ​ေျပာလိုက္သည္။  
" ဟုတ္ကဲ့ပါ ၊ သခင္မႀကီး "

_____________

​ေမာ့အန္းယြီက ျပတင္း​ေပါက္အျပင္ဘက္မွာ မတ္တပ္ရပ္ရင္း သူ႕မ်က္လုံး​ေတြကို ​ေမွးက်ဥ္းကာ ႐ုတ္တရက္ ထေျပာလိုက္သည္။   " မင္း ပစၥည္း​ေတြ ထုပ္ပိုးၿပီး ဒီ​ေနရာက​ေန ထြက္သြားဖို႔ အသင့္ျပင္​ေတာ့ !!! "

" ဘာလို႔လဲ ??? "   ခ်ီလင္း အံအားသင့္သြားရသည္။႐ုတ္တရက္ႀကီး ​ေမာ့အန္းယြီက ဘာအ​ေၾကာင္း​ေၾကာင့္ ထြက္သြားခ်င္​ေနမွန္း သူ မသိ​ေခ်။

ခ်ီယန္က ​ေဘးတစ္ဖက္မွာ ရပ္​ေနၿပီး ​ေပၚယြီကို မ​ေက်မခ်မ္းျဖစ္​ေနဟန္နဲ႔ ခဏခဏ ၾကည့္ကာ မႈန္မိႈင္း​ေန​ေလသည္။

" တစ္ခုခု ထူးဆန္း​ေနတယ္ "   ​ေမာ့အန္းယြီက ခပ္႐ွင္း႐ွင္းပဲ ​ေျပာျပလိုက္သည္။   " ငါတို႔ ဒီမွာ႐ွိ​ေနတာကို စုန္႔႐ွီလင္ သိၿပီးသားျဖစ္​ေနမွာပဲ ငါ စိတ္ပူတာ။ ကားကို ဒီ​ေမာင္းလာခဲ့။ အခုခ်က္ခ်င္း ထြက္ရ​ေအာင္ "

" စုန္႔႐ွီလင္ ဘယ္​ေလာက္ပဲ အစြမ္း႐ွိ႐ွိ ငါတို႔ကို​ေတာ့ တစ္ရက္တည္းနဲ႔ ႐ွာမ​ေတြ႕ႏိုင္ပါဘူး။ မင္း မတရား စိုးရိမ္တတ္လြန္း​ေနၿပီ "   ခ်ီလင္းက သ​ေဘာမတူ​ေပ။ဒါ​ေပမယ့္ သူ႕မွာ ​ေမာ့အန္းယြီရဲ႕ဆႏၵကိုလည္း မဆန္႔က်င္ရဲ​ေခ်။

ပစၥည္းပစၥယာ​ေတြကို အလြယ္တကူ သိမ္းဆည္းၿပီး​ေနာက္ သူတို႔​ေတြ ထြက္သြားဖို႔ ျပင္လိုက္ၾကသည္။

​ေမာ့အန္းယြီက ​ေ႐ွ႕ကို ​ေလွ်ာက္လာၿပီး ​ေပၚယြီကို ကားထဲ ​ေပြ႕ခ်ီထည့္​ေပးဖို႔အတြက္ ကိုယ္ကို ကိုင္းၫႊတ္လိုက္သည္။ဒါ​ေပမယ့္ ခုခံလို​ေနတဲ့ ​ေပၚယြီရဲ႕ မ်က္ႏွာအမူအရာကို ျမင္လိုက္ရတဲ့အခါ သူ ခဏ​ေလာက္ တုံ႔ဆိုင္း​ေနၿပီး ​ေနာက္ဆုံးတြင္ မည္း​ေမွာင္​ေနတဲ့ မ်က္ႏွာအမူအရာႀကီးနဲ႔အတူ အ​ေဝးကို ထြက္သြား​ေလသည္။

​ေပၚယြီက ၾကမ္းျပင္​ေပၚမွာ ထိုင္​ေနကာ သူ႕၀မ္းဗိုက္ ​ေအာက္​ေလ်ာ​ေလ်ာက တင္းၾကပ္စူး႐ွတဲ့ နာက်င္မႈဟာ ပိုပိုပိုပိုၿပီး သိသိသာသာ ျပင္းထန္လာသည္။

ခ်ီယန္က မ်က္ႏွာထားတင္းမာခက္ထန္စြာနဲ႔ ​ေပၚယြီဆီ ​ေလွ်ာက္လာၿပီး ၾကမ္းျပင္က​ေန သူ႕ကို ဇြတ္ဆြဲမကာ ​ေဆာင့္တြန္းပစ္ရင္း ​ေျပာဆိုလိုက္သည္။   " ျမန္ျမန္လုပ္စမ္း !!! မူရာမာယာမ်ားမ​ေနနဲ႔ !!! တကယ္လို႔ ငါ အခြင့္အ​ေရးရတာနဲ႔ မင္းကို သတ္ပစ္မယ္ "

​ေပၚယြီမွာ ျဖဴ​ေလ်ာ္စြာနဲ႔ ဒယီးဒယိုင္လမ္း​ေလွ်ာက္ရင္း လဲက်လုနီးပါးျဖစ္​ေနသည္။

​ေပၚယြီ အခန္းအျပင္ဘက္ကို ထြက္လာတဲ့အခ်ိန္တြင္ သူ ဒီ​ေျမ​ေအာက္ကုန္သို​ေလွာင္႐ုံခန္းတစ္ခုထဲမွာ ​ေန႔​ေရာညပါ ​ေနခဲ့ရတာျဖစ္​ေၾကာင္း သ​ေဘာ​ေပါက္လိုက္ၿပီး ​ေဘးက ​ေဟာင္းႏြမ္းစုတ္ျပတ္​ေနတဲ့ ကားပါကင္တစ္ခုဆီ ​ေရာက္သြား​ေတာ့သည္။

ယခုက မြန္းလြဲပိုင္းအခ်ိန္ျဖစ္​ေနၿပီး ဒီ​ေနရာကလည္း ၿမိဳ႕စြန္ၿမိဳ႕ဖ်ားမွာ႐ွိတဲ့ ဆင္​ေျခဖုန္းရပ္ကြက္တစ္ခု အနီးအနားမွာျဖစ္တာ​ေၾကာင့္ ​ေဘးပတ္၀န္းက်င္တြင္ ​ေခြးတစ္​ေကာင္​ေၾကာင္တစ္ၿမႇီးမွ မ႐ွိ​ေခ်။

သူ႕​ေ႐ွ႕မွာ ကားသုံးစီး႐ွိ​ေနၿပီး bodyguard ​ေတြက ပထမကား​ေပၚ တက္လိုက္ၾကသည္။​ေမာ့အန္းယြီက ​​ေပၚယြီကို တစ္ခ်က္​ေဝ့ၾကည့္ကာ ခ်ီလင္းနဲ႔အတူ ဒုတိယ​ေျမာက္ကားဆီ တိတ္ဆိတ္စြာ ​ေလွ်ာက္သြားလိုက္သည္။

ခ်ီယန္နဲ႔​ေပၚယြီက တတိယကား​​ေပၚ တက္ၾကရမွာျဖစ္ၿပီး ​ေ႐ွာင္က်န္းက​ေတာ့ အ​ေၾကာက္​ေၾကာက္အ႐ြံ႕႐ြံ႕နဲ႔ passenger seat မွာ ထိုင္လိုက္သည္။

​ေပၚယြီက ကား​ေပၚကို ပထမတစ္လွမ္း တက္လိုက္႐ုံ႐ွိေသးတဲ့အခ်ိန္မွာ ​အေနာက္က​ေန ျပင္းျပင္းထန္ထန္ တြန္းပစ္တာခံလိုက္ရသည္။သူဟာ ႐ုတ္တရက္ ​ေနာက္ခုံ​ေပၚကို ပစ္လဲက်သြားကာ သူ႕၀မ္းဗိုက္ဟာလည္း ထိခိုက္မိသြား​ေလသည္။တင္းၾကပ္စူး႐ွတဲ့ နာက်င္မႈက ​ေလာ​ေလာလတ္လတ္ပင္ ​​ေအာင့္တက္လာၿပီး ပိုမိုကာ သည္းမခံႏိုင္​ေလာက္​ေအာင္ပင္ ျဖစ္လာ​ေတာ့သည္။

ဒီနာက်င္မႈက မခံမရပ္ႏိုင္​ေအာင္ပဲျဖစ္ၿပီး သူနဲ႔ ရင္းရင္းႏွီးႏွီး သိ​ေနသလို ခံစားရသည္။

​ေပၚယြီရဲ႕မ်က္၀န္း​ေတြက ​ေမွာင္မိုက္သြားၿပီး  နိမိတ္မ​ေကာင္းတဲ့ စိတ္​ထင့္ျခင္းတစ္မ်ိဳးက သူ႕ႏွလုံသားထဲမွာ ျဖစ္​ေပၚလာသည္။

ဒါက သူ ​ေတြး​ေနတဲ့ဟာမ်ားလား ???

ခ်ီယန္က ​ေပၚယြီကို ​ေနာက္တစ္ႀကိမ္ ထပ္မံကန္​ေက်ာက္ကာ ​ေဒါသတႀကီး ​ေျပာဆို​ေနသည္။   " သိုးသိုးသြက္သြက္ လုပ္စမ္းပါ။ ​ေသခ်င္​ေယာင္​ေဆာင္မ​ေနနဲ႔။ မ​​ေန႔တုန္းက​ေတာ့ မင္းပဲ ငါ့ကို ​ေကာင္း​ေကာင္းႀကီး ႐ိုက္ႏွက္​ေန​ေသးတယ္မလား။ ဒါ​ေပမယ့္ ဒီ​ေန႔က်မွ ဘာကိစၥ ​ေသာက္ရမ္းအားမ႐ွိျဖစ္ျပ​ေနတာလဲ ?!! "

​ေပၚယြီ ကုန္းထလိုက္ၿပီး နာက်င္စြာနဲ႔ အံတင္းတင္းႀကိတ္ႀကိတ္ရင္း ခုံမွာ ပင္ပင္ပန္းပန္း အားယူထိုင္လိုက္ရသည္။ခဏ​ေလာက္ၾကာတဲ့အခါ ခ်ီယန္လည္း သူ႕​ေဘးမွာ ၀င္ထိုင္လိုက္သည္။

႐ုတ္တရက္ ကားတံခါးက ​ေဆာင့္ပိတ္က်သြား​ေလသည္။

ဒါ​ေပမယ့္ သူတို႔ အ​ေဝးကို ​ေမာင္းထြက္သြား႐ုံ​ေလးမွာတင္ အ​ေဝးတစ္​ေနရာက​ေနလာတဲ့ အနက္​ေရာင္ လင္ခ႐ူဇာကားငါးစီးဟာ သူတို႔ကို လ်င္ျမန္စြာ ​ေက်ာ္တက္သြားၾကၿပီး မည္သူတစ္ဦးတစ္ေယာက္မွ ထြက္မသြားႏိုင္​ေအာင္ ကာဆီးထားတဲ့ နံရံႀကီးတစ္ခုကဲ့သို႔ ​ေ႐ွ႕က​ေန ပိတ္ရပ္လိုက္ၾကသည္။

အနက္​ေရာင္၀တ္ထားတဲ့ သန္သန္မာမာ ထြားထြားႀကိဳင္းႀကိဳင္း bodyguard ဆယ့္သုံး​ေယာက္ဟာ ကား​ေပၚက​ေန ဆင္းလာၿပီး မ်က္ႏွာခ်င္းဆိုင္ဘက္ျခမ္းမွာ မတ္တပ္ရပ္ ​ေနရာယူလိုက္ၾကသည္။

အဲဒီ​ေနာက္ ​ေခ်ာ​ေမာခန္႔ညားကာ ၾသဇာတိကၠမႀကီးမားတဲ့ အမ်ိဳးသားတစ္ဦးက pressed suit ကို ၀တ္ဆင္ထားၿပီး ​ဧကရာဇ္တစ္ပါး ႂကြျမန္းလာသလိုမ်ိဳးပင္ ကား​ေပၚက​ေန ဆင္းလာခဲ့သည္။

​ေမာ့အန္းယြီက သူ႕​ေနကာမ်က္မွန္ကို ဆြဲခြၽတ္ကာ အျပဳံးတစ္ပြင့္နဲ႔ ​ေလွာင္​ေျပာင္ခနဲ႔လိုက္သည္။   " ငါ မွန္းတာ မွန္​ေနတာပဲ။ သူ႕ကို ႏႈတ္ဆက္ဖို႔ သြားရ​ေအာင္ "

ခ်ီလင္းက လက္သီးကို တင္းတင္းလိုက္လိုက္ၿပီးမွ ျပန္ျဖည္လိုက္သည္။သူ လက္သီးကို ဆုပ္ခ်ည္ျဖန္႔ခ်ည္ သုံးခါ​ေလာက္လုပ္အၿပီးမွာ​ေတာ့ ကား​ေပၚက​​ေန တည္ၿငိမ္စြာ ဆင္းသြားလိုက္သည္။

စုန္႔႐ွီလင္ ​ေရာက္ခ်လာတာကို ျမင္တဲ့အခါ ​ေနာက္ကားထဲက ခ်ီယန္က ​ေပၚယြီ႕​ေျခ​ေထာက္ကို ခ်က္ခ်င္း ပိတ္ကန္လိုက္ျပန္သည္။   " ႐ြံစရာ​ေကာင္ !!! "

​ေပၚယြီခမ်ာ သူ႕ဗိုက္ထဲက​ေန စူး​ေအာင့္နာက်င္မႈကို ခံစား​ေနရသည္။ဒီအခ်ိန္မွာ ဒီနာက်င္မႈကို ပိုသထက္ပိုၿပီး ရင္းႏွီးသိ႐ွိ​ေနသ​ေယာင္ျဖစ္​ေနတဲ့အခ်က္​ေၾကာင့္ ​ေပၚယြီ ျပန္စဥ္းစားၾကည့္လိုက္တဲ့အခ်ိန္မွာ သူ႕လက္​ေတြ တဆတ္ဆတ္ တုန္ယင္လာရသည္။ဒါ့ျပင္ ခ်ီယန္က သူ႕ကို ဘုမသိဘမသိနဲ႔ ရန္စ​ေနဆဲျဖစ္တာ​ေၾကာင့္ ​ေပါယြီ အဆက္မျပတ္ ​ေဒါသထြက္လာ​ေတာ့သည္။

" ငါ မင္းကို ဘာမွမလုပ္ႏိုင္ဘူးလို႔မ်ား မင္း မထင္နဲ႔ !!! "   ​ေပၚယြီက အသံခပ္တိုးတိုးနဲ႔ ႀကိတ္​ေျပာလိုက္ၿပီး ခ်ီယန္ကို ​ေအးစက္စြာ တစ္ခ်က္စိုက္ၾကည့္​ေပးလိုက္သည္။

ခ်ီယန္မွာ ​ေပၚယြီရဲ႕ခပ္စူးစူးအၾကည့္​ေတြ​ေၾကာင့္ ​ေျခဖ်ားလက္ဖ်ား​ေတြပါ ​ေအးစိမ့္သြားရသည္။သူ႕ကိုယ္သူ​ေတာင္မသိလိုက္ဘဲ အလိုအ​ေလ်ာက္ အသက္႐ွဴရပ္လိုက္မိသည္။

​ေမာ့အန္းယြီက သက္သက္သာသာဟန္ပန္နဲ႔ ​ေျပာဆိုလိုက္သည္။   " ဥကၠ႒စုန္႔​ေရ , ခင္ဗ်ားက အၾကင္နာတရားမ႐ွိလွခ်ည္လားလို႔ ကြၽန္​ေတာ္ ​ေတြး​ေနခဲ့တာ "

စုန္႔႐ွီလင္က ​ေလးနက္ၿပီး ​ေမွာင္မိုက္​ေနတဲ့ မ်က္၀န္း​ေတြနဲ႔အတူ ​ေမာ့အန္းယြီကို ၾကည့္လိုက္သည္။   " သူ ဘယ္မွာလဲ ? "

စုန္႔႐ွီလင္ရဲ႕အသံက ​ေမွးမွိန္​ေပ်ာက္ကြယ္သြားတာနဲ႔ ခ်ီယန္ဟာ ​ေပၚယြီကို ကားထဲက​​ေန အျပင္ဘက္ဆီ တြန္းထုတ္လိုက္သည္။သူက စုန္႔႐ွီလင္ကိုသာ ​ေဒါသတႀကီး စိုက္ၾကည့္​ေနၿပီး ဘာစကားတစ္လုံးမွ မ​ေျပာရဲ​ေခ် ______ ေမာ့အန္းယြီ သင္ခန္းစာ​ေပးမွာကို သူ ​ေၾကာက္ရ​ေသးတယ္​ေလ။

​ေပၚယြီရဲ႕လက္​ေတြက ​ေက်ာဘက္မွာ ​ေနာက္ျပန္ပူးခ်ည္ခံထားရသည္။လူ​ေတြကို ျဖတ္သန္းၿပီး အ​ေဝးက စုန္႔႐ွီလင္ကို ျမင္တဲ့အခါ သူ အသံကြဲအက္စြာနဲ႔ ​​ေမးလိုက္သည္။   " မင္းက ဘာလို႔ ဒီ​ေရာက္​ေနတာလဲ ? "

အဲဒီစကားကို ၾကားတဲ့အခ်ိန္မွာ စုန္႔႐ွီလင္ရဲ႕မ်က္၀န္း​ေတြက ​ေပၚယြီဆီမွာပဲ စူးစိုက္ၾကည့္လာၿပီး အၾကည့္မလႊဲဘဲ ​ေျပာလိုက္သည္။  
" တကယ္လို႔ မင္းလိုခ်င္တာ ငါ ​ေပးရင္ သူ႕ကို ငါ့ဆီ ျပန္​ေပးရမယ္ "

​ေမာ့အန္းယြီမွာ တစ္​ေယာက္နဲ႔တစ္ေယာက္ အၾကည့္ခ်င္းဆုံ​ေနၾကတဲ့ သူတို႔ကို ​ေသခ်ာ ​ေစာင့္ၾကည့္​ရင္း သူ႕ႏွလုံးသားထဲက ​ေဒါသတရား​ေတြကို ခက္ခက္ခဲခဲ ခ်ဳပ္တည္း​ေနရသည္။

သူ႕​ေ႐ွ႕​ေရာက္​ေနတာ​ေတာင္မွ ဒီႏွစ္​ေယာက္က ကလူ​ေနရဲၾက​ေသးတယ္​ေပါ့ !!!

" ဟုတ္ၿပီ​ေလ။ ငါ့ကို မင္းရဲ႕လုပ္ငန္းပူး​ေပါင္းမႈပ​ေရာဂ်က္နဲ႔  Seanရဲ႕ စီးပြား​ေရးစီမံကိန္းရယ္ ၿပီး​ေတာ့ မင္း ယူသြားတဲ့ ​ေမာ့မိသားစု႐ွယ္ယာ​ေတြရယ္ ​ေပးရမယ္။ ငါ သူ႕ကိုလႊတ္မ​ေပးခင္ အဲဒါ​ေတြအားလုံးကို အရင္ျပန္လိုခ်င္တယ္ "

အခု​ေလးတင္ပဲ စုန္႔႐ွီလင္ဟာ ​ေမာ့မိသားစု အရင္တုန္းကတည္းက ပစ္မွတ္ထားခဲ့တဲ့ Sean နဲ႔ လုပ္ငန္းပူး​ေပါင္း​ေရးပ​ေရာဂ်က္ကို ​ေရးထိုးခဲ့သည္။ဒါ​ေပမယ့္ အဲဒီအခ်က္ကပဲ သူတို႔​ေတြကို ပြဲသိမ္းအႏိုင္ယူဖို႔ စုန္႔႐ွီလင္ရဲ႕ ​ေနာက္ဆုံး​ေျခလွမ္းျဖစ္သည္။

​ေမာ့မိသားစုက Sean နဲ႔ ပူး​ေပါင္းလုပ္​ေဆာင္ႏိုင္မယ္ဆိုရင္ ဟြားခ်န္ၿမိဳ႕​ေတာ္မွာ ခိုင္မာ​ေသခ်ာတဲ့ ​ေျခကုပ္တစ္ခုကို သူတို႔ေတြ ျပန္ရႏိုင္လိမ့္မယ္ !!! ၿပီး​ေတာ့ သူအစ္ကိုႀကီးလည္း အ​​ေနာက္​ေတာင္႐ုံးခြဲအသစ္ဆီက​ေန ဒီကို ျပန္​ေျပာင္း​ေ႐ြ႕လာႏိုင္ၿပီ !!! အဲဒါ​ေၾကာင့္ ​ေမာ့အန္းယြီက ဒီဟာကို အရယူဖို႔ သႏၷိ႒ာန္ခ်ထား​ေလသည္။

စုန္႔႐ွီလင္ဟာ Sean နဲ႔ လုပ္ငန္းပူး​ေပါင္း​မႈပ​ေရာဂ်က္က သူ႕မ်က္လုံးထဲမွာ ဘာမွအ​ေရးမပါသလိုမ်ိဳး ​ေခါင္းၿငိမ့္လက္ခံလိုက္သည္။

အဲဒီအခ်ိန္တြင္ ​ေမာ့အန္းယြီမွာ ႐ုတ္တရက္ ခါးသီးမႈကို ခံစားလိုက္ရသည္။စုန္႔႐ွီလင္က သူ​ေတာင္းတာ​ေတြကို ​​ေတြ​ေဝတုံ႔ဆိုင္းမ​ေနဘဲ တစ္ခါတည္းတန္းၿပီး ျငင္းပစ္လိမ့္မယ္လို႔ သူ ထင္ထားခဲ့တာျဖစ္သည္။ဒါမွသာ ​ေပၚယြီက ဒီလူ႕အ​ေၾကာင္းကို ပို႐ွင္း႐ွင္းလင္းလင္း ျမင္သြား​ေအာင္ ​ေမာ့အန္းယြီ ျပခ်င္ခဲ့သည္။

ဒါ​ေပမယ့္ အခု​ေတာ့ .............

​ေမာ့အန္းယြီက ဘာအရိပ္အ​ေယာင္မွမ႐ွိဘဲ ​ေပၚယြီဘက္ကို လွည့္ၾကည့္လိုက္သည္။တစ္ဖက္လူရဲ႕မ်က္၀န္း​ေတြထဲမွာ စုန္႔႐ွီလင္တစ္​ေယာက္ကပဲ အျပည့္​ေနရာယူထားတာကို ျမင္တဲ့အခါ ​ေမာ့အန္းယြီ ၿငိမ္သက္သြားရသည္။သူက လက္တစ္ဖက္ကို ​ေနာက္ပို႔လိုက္ၿပီး သူ႕​ေက်ာဘက္မွာ ဖြက္ထားတဲ့ ​ေသနတ္ကို ခိုး​ေၾကာင္ခိုးဝွက္ စမ္းၾကည့္လိုက္သည္။

​ေပၚယြီကို သူမွမရရင္ ဘယ္သူမွ မရရဘူး !!!

စုန္႔႐ွီလင္က စီးပြား​ေရးစီမံကိန္းနဲ႔ လုပ္ငန္းပူး​ေပါင္းမႈသ​ေဘာတူစာခ်ဳပ္ကို ကားထဲက​ေန ထုတ္လိုက္ၿပီး ​ေမာ့အန္းယြီကို ၾကည့္ကာ ​ေလး​ေလးနက္နက္ ​ဆိုလိုက္သည္။   " ဒါက မင္းကတိတည္ရမယ့္ အခ်ိန္ပဲ "

​ေမာ့အန္းယြီ အသက္ျပင္းျပင္း႐ွဴထုတ္ကာ bodyguard ​ေတြဆီက​ေန ဓါးကို ယူလိုက္သည္။သူက ​ေပၚယြီ႕​ေနာက္ကို ​ေလွ်ာက္သြားလိုက္ၿပီး ႀကိဳးျဖတ္​ေပးရင္း တိုးတိုး​ေလး​ေျပာလိုက္သည္။   " ​ေကာ ဒါကို​ ေနာင္တရလိမ့္မယ္ ? "

" ငါ အမွားလုပ္ထားတာ တစ္ခုမွမ႐ွိဘူး။ ဘာလို႔ ငါက ​ေနာင္တရရမွာလဲ ??? "   ကိစၥ​ေတြက အခုလို ျဖစ္လာတဲ့အခါမွာ ​ေပၚယြီ  ​ေမာ့အန္းယြီကို ထပ္မံ မ်က္ႏွာသာ​ေပးခ်င္စိတ္မ႐ွိ​ေတာ့​ေပ။

တကယ္လို႔ အဲဒီလူက အ​ေလ်ာ့မ​ေပးဘဲ ​ေခါင္းမာမာနဲ႔ ျငင္းဆန္ပစ္လိုက္ရင္​ေတာင္ ဒီ​ေန႔ ဘာမွ​ေထြ​ေထြထူးထူး ကိစၥ​ေတြ ျဖစ္လာမွာမဟုတ္ဘူး။

​ေမာ့အန္းယြီက ျပဳံးကာ ညည္းညဴသလိုပင္ ခပ္တိုးတိုး ဆိုလိုက္သည္။   " ကြၽန္​ေတာ္လည္း အဲ့လိုျဖစ္ဖို႔ပဲ ​ေမွ်ာ္လင့္ပါတယ္ "

သူ႕လက္​ေကာက္၀တ္​ေတြကို ​ေပၚယြီ ပြတ္သပ္လိုက္သည္။​ေနာက္ဆုံး​ေတာ့ သူ႕လက္​ေတြက အခ်ဳပ္အ​ေႏွာင္က​ေန လြတ္​​ေျမာက္သြားၿပီျဖစ္သည္။

တစ္ဖက္တြင္။အမ်ိဳးသားဟာ သူ႕ႏႈတ္ခမ္း​ေတြကို တင္းတင္း​ေစ့ပိတ္ထားရင္း bodyguard ​ေတြရဲ႕အကာအကြယ္ထဲက​ေန ျဖတ္​ေလွ်ာက္လာၿပီး ​ေ႐ွ႕ကို ​ေျခလွမ္းသုံးလွမ္းတိုးလိုက္သည္။

အဲဒီအမ်ိဳးသားက ​ေပၚယြီကို စိုက္ၾကည့္ကာ ရင့္က်က္ၿပီးသား ​ေယာက်္ားတစ္​ေယာက္ ပိုင္ဆိုင္ထားတဲ့ သံလိုက္လို ညိႇဳ႕ဓါတ္ျပင္းတဲ့ အသံနဲ႔ ​ေျပာလိုက္သည္။   " ဒီကိုလာ "

​ေပၚယြီရဲ႕ႏႈတ္ခမ္း​ေတြက ဘယ္သူမွမျမင္​ေအာင္ အ​ေပၚဘက္ကို ခပ္​ေဖ်ာ့​ေဖ်ာ့ ​ေကြးတက္ကာ ျပဳံးလိုက္ၿပီး ​ေ႐ွ႕ကို ​ေလွ်ာက္သြားလိုက္သည္။

​ေမာ့အန္းယြီက bodyguard ​ေတြဆီက​ေန စာခ်ဳပ္စာတန္း​ေတြကို ဆြဲယူကာ ​ေဒါသတႀကီးနဲ႔ ၾကမ္းတမ္းစြာ ၾကည့္႐ွဴလိုက္သည္။အဲဒီ​ေနာက္ သူက သူ႕မ်က္လုံး​ေတြ အျပင္ကို ျပဴးထြက္လာ​ေတာ့မတတ္ ​ေပၚယြီကို စိုက္ၾကည့္လိုက္သည္။

စုန္႔႐ွီလင္ရဲ႕​ေ႐ွ႕မွာရပ္​ေနရင္း ​ေပၚယြီ သူ႕စိတ္ထဲမွာ စဥ္းစားမိတာက ခုကိစၥဟာ ဒီ​ေလာက္ျမန္ျမန္ဆန္ဆန္ႀကီး ၿပီးဆုံးသြားမွာ မဟုတ္ဘူးဆိုတာပဲျဖစ္သည္။

​ေနာက္စကၠန္႔မွာပင္ စုန္႔႐ွီလင္ရဲ႕မ်က္၀န္း​ေတြက ​ေအးစက္လာၿပီး ​ေပၚယြီကို သန္မာ​ေႏြး​ေထြးတဲ့ သူ႕လက္​ေမာင္း​ေတြၾကားမွာ ​ေပြ႕ဖက္လိုက္​ေလသည္။အဲဒီ​ေနာက္ စုန္႔႐ွီလင္က သူတို႔ႏွစ္​ေယာက္ကို လ်င္ျမန္စြာ ​ေနရာခ်င္းလဲလိုက္သည္။

ခ်ီလင္းက ​ေက်ာ့ကြင္းမွာ ပိတ္မိလို႔ ႐ုန္းထြက္မရျဖစ္​ေနတဲ့ တိရိစၧာန္တစ္​ေကာင္လိုမ်ိဳး မ်က္လုံးနီနီ​ေတြနဲ႔အတူ တဟားဟားရယ္​ေမာရင္း ဓါးတစ္​ေခ်ာင္းကို ကိုင္ကာ ​ေျပးလာ​ေနသည္။   " စုန္႔႐ွီလင္ , မင္းအ​ေဖရဲ႕အ​ေႂကြး​ေတြကို မင္း ဆပ္ရမယ္ !!! "

ကံမ​ေကာင္းစြာနဲ႔ပဲ စုန္႔႐ွီလင္ရဲ႕ bodyguard ​ေတြဟာ ယီးတီးယားတားသြားလုပ္လို႔ရတဲ့ လူ​ေတြ မဟုတ္​ေပ။bodyguard ႏွစ္​ေယာက္က ​ေသြး႐ူး​ေသြးတန္းနဲ႔ ဆူဆူညံညံ ​ေအာ္ဟစ္​ေနတဲ့ ခ်ီလင္းကို ဆီးခ်ဳက္ထားလိုက္ၾကၿပီး ျပင္းျပင္းထန္ထန္ သတိလစ္သြား​ေအာင္လုပ္ကာ ​ေသတၱာႀကီးတစ္လုံးထဲကို ႀကိဳးခ်ည္ပစ္ထည့္လိုက္သည္။

ဒီအခ်ိန္မွာ သူတို႔​ေတြက တျခားလူ​ေတြကို ကယ္ဆယ္႐ုံသာမက ခ်ီညီအစ္ကိုတစ္​ေတြကို အ​ေဝးကန္ထုတ္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ဒီ​ေရာက္လာၾကရတာျဖစ္သည္။

အ​ေဝးတစ္​ေနရာမွာ အခ်င္းခ်င္း ​ေပြ႕ဖက္ထားၾကတဲ့ စုန္႔႐ွီလင္နဲ႔​ေပၚယြီကို ျမင္တဲ့အခါ ခ်ီယန္ ႏွလုံး​ေဖာက္လုနီးပါး ခံစား​လိုက္ရသည္။သူ ​ေတြး​ေနမိတာက သူ႕အနာဂတ္က​ေတာ့ ပ်က္စီးျခင္းငါးပါးဆိုက္သြားၿပီး ဒီႏွစ္​ေယာက္က အဲဒီျပစ္မႈကိုလုပ္တဲ့ တရားခံ​ေခါင္း​ေဆာင္​ေတြျဖစ္သည္။ဒါ​ေၾကာင့္ ခ်ီယန္ အမ်က္​​ေျခာင္း​ေျခာင္း​ေဒါသထြက္​ေနသည္။

ခ်ီယန္က သူ႕​ေသနတ္ကို ​ေျမႇာက္လိုက္ၿပီး တုန္ယင္​ေနတဲ့ လက္​ေတြနဲ႔အတူ ​ေပၚယြီဆီ ခ်ိန္႐ြယ္လိုက္သည္။သူက သူ႕ရဲ႕​ေၾကာက္႐ြံ႕မႈ​ေတြကို ​ေဒါသ​ေတြနဲ႔ ဖုံးအုပ္ရင္း ...... " စုန္႔႐ွီလင္ , ငါ့လမ္းက​ေန ဖယ္စမ္း !!! ငါ ဒီ​ေန႔ သူ႕ကို ​ေသခ်ာ​ေပါက္ သတ္မယ္ !!! "

​ေမာ့အန္းယြီရဲ႕တစ္​ေလွတည္းစီး လက္တြဲပူး​ေပါင္းဖို႔ ခ်ီယန္ ဆုံးျဖတ္လိုက္တဲ့အခ်ိန္ကတည္းက သူဟာ ကိုယ့္ကိုကိုယ္ ကာကြယ္ဖို႔အတြက္ လူတစ္​ေယာက္အား ​ေမွာင္ခို​ေစ်းကြက္က​ေန ပစၥတို​ေသနတ္တစ္လက္နဲ႔ က်ည္ဆံအ​ေျမာက္အမ်ားကို လ်ိဳ႕ဝွက္စြာ ၀ယ္ယူခိုင္းခဲ့သည္။

အရင္တုန္းက ခ်ီယန္ဟာ အဲဒီပစၥည္း​ေတြကို သူနဲ႔အတူ တစ္ပါတည္း သယ္​ေဆာင္သြားလာတတ္​ေပမယ့္ တစ္ခါမွ အသုံးမျပဳခဲ့ဘူး​ေခ်။သူက ​ေသနတ္ဘယ္လိုသုံးရမယ္ဆိုတာကို တကယ္ မသိတာျဖစ္သည္။

ယခုခ်ိန္ထိတိုင္​ေအာင္​ေပါ့ .............

​ေမာ့အန္းယြီကပါ သူ႕​ေဘာင္းဘီအိတ္ကပ္ထဲက ​ေသနတ္ကို ဆြဲထုတ္လိုက္ၿပီး ​ေဒါသထြက္စြာ ​ေျပာလိုက္သည္။   " ခ်ီယန္ , မက္းကမ်ား မီးနဲ႔ကစားရဲတယ္​ေပါ့ !!! ယုံခ်င္ယုံ မယုံခ်င္​ေန , ငါ အခုခ်က္ခ်င္း မင္းကို သတ္ပစ္လိုက္လို႔ရတယ္ "

ဒါ​ေပမယ့္ ခ်ီယန္က​ေတာ့ ​ေမာ့အန္းယြီရဲ႕​ေဒါသ​ေတြကို တမက္သက္သက္ လ်စ္လ်ဴ႐ွဴကာ သူ႕ကိုယ္သူ တည္တည္ၿငိမ္ၿငိမ္ပုံစံျဖစ္​ေအာင္ အတင္းဖိအား​ေပး​ေနရသည္။   " ​ေပၚယြီ , ဒီထဲကို အျပစ္မ႐ွိတဲ့လူ​ေတြ ဆြဲမထည့္ရ​ေအာင္။ ငါက မင္းအသက္ကိုပဲ လိုခ်င္တာ "

စုန္႔႐ွီလင္ရဲ႕ရက္ခြင္ထဲမွာ ​ေခါင္းျမဳပ္​ေအာင္ ​​ေထြး​ေပြ႕ခံထား​ေနရဆဲျဖစ္တဲ့ ​ေပၚယြီက အဲဒီစကားကို ၾကားတဲ့အခါ လက္​ေမာင္း​ေတြထဲက​ေန ထြက္သြားဖို႔ လုပ္လိုက္သည္။

စုန္႔႐ွီလင္က ​ေပၚယြီ႕ကို သူ႕လက္​ေမာင္း​ေတြထဲမွာ လႊတ္မ​ေပးဘဲ ​ေပြ႕ခ်ဳပ္ထားရင္း ခပ္တိုးတိုး​ေလး ​ေခ်ာ့ျမႇဴလာသည္။   " မလႈပ္နဲ႔။ လိမၼာတယ္ "

​ေပၚယြီ တစ္ေအာင့္စာ​ေလာက္ ​ေတာင့္တင္းသြား​ေပမယ့္ ​ေျပာစကားကို နာခံကာ စုန္႔႐ွီလင္ရဲ႕​ေထြး​ေပြ႕မႈထဲမွာပင္ ၿငိမ္ၿငိမ္​ေလး ဆက္​ေန​ေနသည္။

စုန္႔႐ွီလင္က တစ္ခုခု ထူးဆန္း​ေနတာကို သတိမထားမိ​ေခ်။သို႔​ေသာ္ အကယ္၍မ်ား သူသာ ​ေပၚယြီကို သူ႕လက္​ေမာင္း​ေတြထဲက​ေန တစ္ခ်က္​ေလာက္ ဆြဲထုတ္ၾကည့္လိုက္မယ္ဆိုရင္ နဖူး​ေပၚမွာ ​ေခြၽး​ေစး​​ေတြ ထြက္​ေနၿပီး ျဖဴဆုတ္ကာ ႏႈတ္ခမ္းသား​ေတြ တဆတ္ဆတ္ တုန္ရီ​ေနတဲ့ ​ေပၚယြီကို ဆတ္ဆတ္ ျမင္ရမွာျဖစ္သည္။

ကုတ္အက်ႌရဲ႕ ကာကြယ္မႈ​ေအာက္မွာ ​ေပၚယြီက သူ႕၀မ္းဗိုက္ကို တုန္ယင္​ေနတဲ့ လက္​ေတြနဲ႔ ဖိအုပ္ထားသည္။ ဒါက နာတာပဲ။ အရမ္းနာတယ္ .............

ခ်ီယန္က အထိတ္ထိတ္အလန္႔လန္႔နဲ႔ ​ေနာက္ထပ္ က်ည္ဆံတစ္ခုကို ပစ္လိုက္သည္။သူက ​ေပၚယြီကို ထိမွန္​ေအာင္ တမင္မပစ္ရဲဘဲ တျခား​ေဘးတစ္ဖက္ဆီသာ ပစ္လႊတ္လိုက္သည္။   " ​ေပၚယြီ , မင္း ဘာကို​ေၾကာက္​ေနတာလဲ !!!??? မင္း ​ေစာင္ေၾကာက္ !!! "

အဲဒီအခ်ိန္မွာ ႐ုတ္တရက္ ​ေမာ့အန္းယြီက အၿမႇီးကို တက္နင္းခံလိုက္ရတဲ့ ​ေႁမြႀကီးတစ္​ေကာင္လိုျဖစ္သြားသည္။သူ လႊားခနဲခုန္လိုက္ၿပီး ​ေသနတ္​ေမာင္းခလုတ္ကို အညႇာအတာမ႐ွိ ဆြဲတင္ကာ ခ်ီယန္ရဲ႕​ေပါင္နဲ႔​ေျခသလုံး​ေတြကို ပစ္ခတ္လိုက္သည္။

တစ္ခ်ိန္တည္းမွာပင္ ခ်ီယန္ရဲ႕လက္​​ေတြက တုန္ရီလာၿပီး က်ည္ဆံ​ေတြကို ပ်ံဝဲ​ေစကာ စုန္႔႐ွီလင္ရဲ႕အ​ေနာက္ဘက္ျခမ္းကို သဲႀကီးမဲႀကီး ပစ္ခတ္လိုက္သည္။ဒါ​ေပမယ့္ စုန္႔႐ွီလင္ရဲ႕ bodyguard ​ေတြက စုန္႔႐ွီလင္​ေ႐ွ႕မွာ ပိတ္ဆို႔လိုက္ၾကတာ​ေၾကာင့္ သူ ထိခိုက္ဒဏ္ရာရမသြား​ေခ်။

ခ်ီယန္မွာ ​ေျမႀကီး​ေပၚ ပစ္လဲက်သြားၿပီး သူ႕​ေျခ​ေထာက္က ​ေသနတ္ဒဏ္ရာႏွစ္ခု​ေၾကာင့္ နာက်င္စြာနဲ႔ ထြန္႔ထြန္႔လူး​ေနရသည္။

​ေမာ့အန္းယြီ ​ေ႐ွ႕ကိုတိုးလာၿပီး တစ္ဖက္လူ အနာတရျဖစ္​ေနတာကို ဂ႐ုမစိုက္ဘဲ မရပ္မနား ​ေသြး​ေတြဆက္တိုက္ထြက္ေနတဲ့ ​ေသနတ္ဒဏ္ရာ​ေပၚကို ​ေျခ​ေထာက္တစ္ဖက္ ပစ္တင္ကာ ဖိ​ေခ်ပစ္လိုက္သည္။   " မင္းက ငါ့အမိန္႔​ေတြကို အျပင္ပန္း​ေတာ့ နား​ေထာင္သလိုနဲ႔ စိတ္ထဲမွာ ဆန္႔က်င္​ေနရဲတဲ့ ပထမဆုံးတစ္​ေယာက္ပဲ !!! "

စုန္႔႐ွီလင္က ​ေပၚယြီ႕ကို ဖက္ထားရာက​ေန လႊတ္​ေပးလိုက္သည္။အဲဒီ​ေနာက္ သူက ​ေအးစက္စက္မ်က္ႏွာအမူအရာနဲ႔အတူ ​ေ႐ွ႕ကို ​ေလွ်ာက္လွမ္းလာၿပီး ​အ​ေပၚစီးက​ေန ခ်ီယန္အား ေလလြင့္​ေခြးတစ္​ေကာင္ကို ၾကည့္သလို ​ငုံ႔ၾကည့္ကာ ​ေလွာင္​ေျပာင္ခနဲ႔လိုက္သည္။   " ငါ မင္းကို သတိ​ေပးထားခဲ့ၿပီးသား။ ဒါေပမယ့္ ကံမ​ေကာင္းတာတစ္ခုက ငါ့ရဲ႕အၾကံ​ေပးခ်က္ကို မင္း ဂ႐ုမစိုက္တာပဲ "

ခ်ီယန္မွာ နာက်င္မႈ​ေၾကာင့္ လူးလြန္႔​ေနရင္း အဲဒီ​ေန႔ သူ စုန္႔႐ွီလင္ရဲ႕အ​ေမ​ေ႐ွ႕မွာ ​ေပၚယြီ႕မ​ေကာင္း​ေၾကာင္း ​ေျပာခဲ့ၿပီး​ေနာက္ သူမကို စုန္႔႐ွီလင္ဆီ ဖုန္းဆက္ဖို႔အတြက္လည္း ​ေျမႇာက္ထိုးပင့္​ေကာ္လုပ္ခဲ့တာကို ျပန္မွတ္မိသြားသည္။အဲဒီတုန္းက စုန္႔႐ွီလင္ဟာ သူ႕ကို ဟန္႔တားကာ ကားပါကင္ထဲမွာ ​ေခၚယူသတိ​ေပးခဲ့ဖူးသည္။
{ T / N ; ဒီအပုဒ္က ​ေ႐ွ႕အခန္း​ေတြမွာတုန္းက အရိပ္အႁမြက္ပါခဲ့ပါတယ္​ေနာ္ ; မမွတ္မိရင္ ျပန္ဖတ္ၾကပါကုန္ ...... }

တစ္ခ်ိန္က စုန္႔႐ွီလင္ဟာ ဒီစကား​ေတြကို ​ေျပာ႐ုံသက္သက္သာ​ ေျပာ​ေနတာျဖစ္ၿပီး ဒီ​ေလာက္ႀကီး သူ႕အ​ေပၚ ရက္စက္မွာမဟုတ္​ေလာက္ပါဘူးလို႔ ခ်ီယန္ ထင္ခဲ့သည္။

တကယ္လို႔ ... တကယ္လို႔ ... တကယ္လို႔မ်ား သူသာ ​ေနာက္တစ္ႀကိမ္ ျပန္​ေ႐ြးခ်ယ္ဖို႔ အခြင့္အ​ေရး႐ွိမယ္ဆိုရင္ အ​ေဝးႀကီးကို ထြက္သြားၿပီး ဘယ္​ေတာ့မွ ျပန္မလာ​ေတာ့ဘူး !!!

မဟုတ္ဘူး !!! ​ေနာက္တစ္ခါ အခြင့္အ​ေရးရင္ စုန္႔မိသားစုကို ​ေသခ်ာ​ေပါက္ ဆက္ဆက္ ​ေသြး​ေႂကြးဆပ္ခိုင္းမွာ။ ၿပီး​ေတာ့ ထပ္လည္း စိတ္မ​ေပ်ာ့​ေတာ့ဘူး !!!

ကံဆိုးတာက အခုခ်ိန္မွာ ဒါ​ေတြ​ေျပာဖို႔ အရမ္း​ေနာက္က်လြန္း​ေနၿပီျဖစ္သည္။

ခ်ီယန္ ​ေမ့​ေျမာမသြားခင္ ​ေပၚယြီ႕ကို ဝိုးတဝါး ျမင္လိုက္​ေသး​ေပမယ့္ အမုန္းတရား​ေတြနဲ႔ သူ႕မ်က္လုံး​ေတြကို မွိတ္ထား႐ုံသာ တတ္ႏိုင္​ေလသည္။

​ေမာ့အန္းယြီ မ်က္ခုံးပင့္ကာ မ​ေကာင္းတဲ့ ရည္႐ြယ္ခ်က္နဲ႔အတူ စုန္႔႐ွီလင္ကို ၾကည့္လိုက္သည္။   " ၾကည့္ရတာ ဥကၠ႒စုန္႔က မက္မြန္ပန္းေလး​ေတြနဲ႔ပတ္သတ္ရင္ တကယ္ ကံ​ေကာင္းတာပဲ​ေနာ္။ ဒါ​ေပမယ့္ ခက္တာက သူတို႔​ေတြအားလုံးက ဥကၠ႒စုန္႔လိုခ်င္တဲ့ မက္မြန္ပန္း​ေလး မဟုတ္ဘူးျဖစ္​ေနတယ္ "

စုန္႔႐ွီလင္က စိတ္မ၀င္စားဟန္ျဖင့္ သူ႕အၾကည့္​ေတြကို ျပန္လည္႐ုတ္သိမ္းလိုက္ၿပီး ​ေနာက္ကို လွည့္ကာ bodyguard ၾကားက ရင္းႏွီး​ေနတဲ့ ပုံရိပ္​ေလးကို ႐ွာ​ေဖြရင္း ​ေျပာလိုက္သည္။   " အဲဒါ မင္းကိစၥမဟုတ္ဘူး "

​ေပၚယြီခမ်ာ driver seat မွာ ထိုင္ႏိုင္ဖို႔အတြက္​ေလးကို အ​ေတာ္​ေလး ႐ုန္းကန္လႈပ္႐ွား​ေနရသည္။အဲဒီ​ေနာက္ သူက ကားတံခါးကို ပိတ္ကာ ​ေသာ့ဖြင့္လိုက္သည္။ျဖဴ​​ေဖ်ာ့​ေနတဲ့ မ်က္ႏွာ​ေလးနဲ႔ ​​ေပၚယြီက ကားလီဗာကို ဖိနင္းလိုက္ၿပီး လူအုပ္ၾကားက​ေန အ​ေဝးကို လ်င္ျမန္စြာ ​ေမာင္းထြက္သြား​ေလသည္။

အမ်ိဳးသားႏွစ္​ေယာက္လုံးရဲ႕ မ်က္ႏွာအမူအရာ​ေတြက တစ္ခ်ိန္တည္းမွာပင္ ​ေျပာင္းလဲသြားၾကသည္။

" ဥကၠ႒စုန္႔ရဲ႕ ဆြဲ​ေဆာင္ႏိုင္တဲ့အရည္အခ်င္းႀကီးကလည္း ခင္ဗ်ားလက္ထဲမွာ႐ွိ​ေနတဲ့ အဲဒီအလွ​ေလးကို ​ေပ်ာ္႐ႊင္သာယာၾကည္ႏူးဖို႔အတြက္ ဆြဲထားႏိုင္ပုံမရဘူး​ "   ​ေမာ့အန္းယြီဟာ အစက မင္တက္​ေနမိ​ေပမယ့္ အခုခ်ိန္မွာ​ေတာ့ စုန္႔႐ွီလင္ကို ထိုင္ဟား​ေနသည္။

ဘယ္​ေလာက္​ေတာင္ ရယ္စရာ​ေကာင္းလိုက္သလဲ​ေနာ္။ ဒီလူက သူတို႔​ေတြအကုန္လုံးကို တကယ္ႀကီး ထားပစ္ခဲ့တာ ......

စုန္႔႐ွီလင္က သူ႕လက္ကို ​ေျမႇာက္လိုက္တဲ့အခါ bodyguard ႏွစ္​ေယာက္ ​ေရာင္လာၾကၿပီး ခ်ီယန္ကို ႀကိဳးတုပ္ကာ ​ေသတၱာႀကီးထဲကို ၾကမ္းၾကမ္းတမ္းတမ္း ပစ္ထည့္လိုက္ၾကသည္။

အခုခ်ိန္မွာ ခ်ီမိသားစုရဲ႕ညီအစ္ကိုႏွစ္​ေယာက္ကို သတ္လို႔မရႏိုင္​ေသးဘူးဆို​ေပမယ့္ ဒီလိုကလည္း ဒီႏွစ္​ေယာက္ကို ညႇင္းပန္းႏွိပ္စက္ဖို႔ အဆင္​ေျပပါတယ္​ေလ။

စုန္႔႐ွီလင္ရဲ႕ဖခင္ဟာ အရင္တုန္းက စုန္႔မိသားစုဆီက​ေန ခ်ီမိသားစု ခိုးယူသြားခဲ့တဲ့ တန္ဖိုးႀကီးပစၥည္း​ေတြ ႐ွိတဲ့​ေနရာကို သိခ်င္ေနသည္။ဒါ​ေၾကာင့္ အခု​ေလာ​ေလာဆယ္မွာ ဒီညီအစ္ကိုႏွစ္​ေယာက္ရဲ႕ကံၾကမၼာကို အဆုံးအျဖတ္​ေပးႏိုင္သည့္လူက စုန္႔သခင္ႀကီးတစ္​ေယာက္တည္းသာ႐ွိ​ေလသည္။

.
.
.
.
.
.

If you press the star button , I have more energy and my update will be faster .

Unless you press the star button , it make me feel blue and my update will be later .

So , in short , the more you vote , the faster my update is .

🚨🚨🚨 ​Spoiler Alert ; ​ေနာက္တစ္ပိုင္းမွာ က​ေလး​ေလး ​ေသသြားတယ္ ......

Fortsett å les

You'll Also Like

237K 26.3K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...
439K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
1.4M 59.4K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
79.1K 14.1K 51
ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့...