The Deal With A Demon King

By HninAung913

130K 12.8K 931

မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ... More

Intro And Characters
Part 1 (အမှတ်အသား)
Part 2 ( ဘဝရဲ့စာမျက်နှာ)
Part 3 ( ပူလောင်ခြင်း)
Part 4 ( ကျေးဇူးကြွေး)
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Characters of Deal (Edit)
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31**
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57

Part 22

686 93 4
By HninAung913

" အိုး...သူက လူပုံစံဖန်ဆင်းထားတာပဲ။သူ့ရဲ့အမြုတေစွမ်းအားက အတော်ကောင်းနေပြီ။"

" ဟုတ်တယ်။ သူ့ရဲ့ အမြုတေစွမ်းအားက ပိုအားကောင်းလာတယ်"

သူတို့ဖမ်းဖို့ကြိုးစားနေတဲ့ လူပုံစံဖန်ဆင်းထားသော သားရဲကောင်ကြီးရှိရာ နန်းတော်ကြီးထဲရှိ အဆောင်တစ်ခုအား တဖက် မနီးမဝေးတွင်ရှိသောအဆောင်၏အမိုးပေါ်တွင်ထိုင်နေကာ အကဲခတ်နေကြသည်။ နျူးက ထိုမိဖုရားအသွင်အဆောင်အယောင်တို့ဖြင့် တလတ်လတ်ထနေသည့်နှယ် တောက်ပြောင်ကာလှပနေသော ထိုလူသားမိန်းမကိုကြည့်ကာ သူ၏အကြည့်က မခွာနိုင်ဖြစ်နေ၏။

" သူက လှတယ်။ "

နျူး၏မျက်ဝန်းတို့က တောက်ပလွန်းနေကာ ထိုအမျိုးသမီးကို မျက်တောင်မခပ်တမ်းကြည့်နေ၏။

" မကြည့်နဲ့တော့...."

 ယွင်းရန်က စိတ်ရှုပ်လာသည့်အမူအရာဖြင့် နျူး၏မျက်ဝန်းများကို သူ၏လက်ဖဝါးပြင်ကျယ်ကြီးဖြင့်ကာလိုက်ရင်း မြင်ကွင်းကိုပိတ်ဆို့သည်။ နျူးက သူ၏လက်ကိုချက်ချင်းပြန်ပုတ်ထုတ်လိုက်၏။ ယွင်းရန်က နျူးကိုကြည့်ရင်း

" ငါပြောတာကိုသိတယ်မလား။ သေမျိုးတွေနေရာမှာ ပြဿနာရှာတာမျိုးမလုပ်ချင်လို့...ငါတို့အတတ်နိုင်ဆုံး သူ့ကိုအေးဆေးခေါ်ထုတ်မှရမယ်။ ဒီမှာပြဿနာတတ်ရင် ရှင်းရပိုခတ်တယ်။ "

" ဘယ်လိုလုပ်မလို့လဲ။"

" တောအုပ်ထဲကို မျှားခေါ်တာမျိုး....အာ...ဒါပေမဲ့....ဒီဟာက ဒုတိယအစီအစဥ်နော်။ ငါမင်းကိုခေါ်လာတာ သူနဲ့ညှိဖို့လေ။ "

" ဒါဆို...နျူးသွားလိုက်မယ်..."

နျူးက ချက်ချင်းပင်အောက်သိူ့ခုန်ဆင်းသွားလိုက်လေတော့သည်။ ယွင်းရန်ကလှမ်းတားဖို့ပြင်လိုက်သော်လည်း သူ့နောက်မှ အရိပ်တစ်ခုကြောင့် သူအလုပ်ရှုပ်သွားသည်။ ထိုသူက သူ့ကိုဂါရဝပြုလေ၏။

" အရှင်...."

" ဘာတွေသိရပြီလဲ။ "

တိဟွက သူ့ကိုဂါရဝပြုလိုက်ပြီးတဲ့နောက် ကိုယ်ကိုပြန်မက်ကာဖြေသည်။

“ ကျွန်တော်…..”

ယွင်းရန်က ထစ်အနေသော တိဟွကိုလှမ်းကြည့်သည်။ တိဟွက ချက်ချင်းသူ့ခေါင်းကိုငုံ့လိုက်ရင်း

“ ကျွဲဂျိုမိစ္ဆာက ကိုင်တွယ်ဖို့အဆင်ပြေလိမ့်မယ်လို့ မထင်ဘူး။ သူ့ကို ထိန်းချုပ်နေတဲ့ အရာရှိလိမ့်မယ်လို့ ထင်ပါတယ်…”

“ ဘယ်လိုမျိုးလဲ….သူက တကယ်ဆို ငါ့ရဲ့လှောင်အိမ်ထဲက အိမ်မွေးတိရစ္ဆာန်တစ်ကောင်ပဲလေ။ ကျီရင်းက တမင်သူ့ကိုလွှတ်ပေးခဲ့တာမို့ ငါအဲ့အတွက် သူ့ကိုလည်းအပြစ်ဒဏ်ပေးပြီးပြီ။ ကျီရင်းက ဒီမှာမရှိတော့ဘူး….သူ့ကိုချုပ်ကိုင်နေတဲ့အရာ ဘာရှိနိုင်အုန်းမလဲ။”

တိဟွက တွေဝေစွာဖြေသည်။

“ ကျွန်တော် အဖြေကိုသိနိုင်စွမ်းမရှိပါဘူး”

“ အင်း…စဥ်းစားစရာပဲ။ အဲ့တာမှ ကျီရင်းရဲ့ညီမဖြစ်သူရော…အခုထိ ရူးကြောင်ကြောင်နိုင်နေတုန်းလား။ “

သူ့အကိုဖြစ်သူကို ယွင်းရန်ရှင်းပစ်လိုက်ပြီးတည်းက ညီမဖြစ်သူက ယွင်းရန်ကိုလိုက်နှောက်ယှက်နေခြင်းဖြစ်ပြီး တချိန်က ကျီရင်း၏မျက်နှာကြောင့်သာ ယွင်းရန် ထိုကောင်မလေးကို ဥပက္ခာပြုထားခြင်းဖြစ်သည်။ တိဟွက ဖြေသည်။

“ လောလောဆယ်တော့ ပြန်ငြိမ်နေပြန်ပါပြီ။ “

“ ကောင်းပြီ”

ယွင်းရန်က အဆောင်အမိုးပေါ်မှပင် နျူးဝင်သွားသောအဆောင်သို့သွားရန် ကိုယ်ကိုဖော့ကာ ဖြည်းညှင်းစွာပဲ ခုန်ဆင်းလာခဲ့သည်။ တိဟွကလည်း နောက်မှလိုက်ဆင်းလိုက်သည်။

*ဖောင်း.!!!*

ယွင်းရန်တို့ အောက်ကိုရောက်သည်နှင့် ထိုအဆောင်အတွင်းမှ ပေါက်ကွဲသံကြီးကပေါ်ထွက်လာလေတော့သည်။ မီးတောက်တချို့ပေါ်ထွက်လာပြီးတဲ့နောက် အခိုးအငွေ့တစ်ချို့ပါ ပေါ်ထွက်လာလေတော့သည်။ အပျက်အစီးတချို့သည်လည်း လွှင့်စင်ကာလာလေ၏။ ယွင်းရန်မှာ အနည်းငယ်ထိတ်လန့်သွားမိသည်။ တကယ်တမ်းတော့ သူအထဲသို့ဝင်သွားသော နတ်သူငယ်လေးကို စိတ်ပူမိတာမို့ပင်ဖြစ်ပြီး အသံကြားလိုက်ရသည်နှင့်တပြိုင်နက်ကိုပင် သူ၏လက်ကိုအပေါ်သိူ့မြှောက်လိုက်ကာ စွမ်းအားတချို့ထုတ်လွှတ်လိုက်ပြီး ထိုအဆောင်၏ပတ်လည်ဝန်းကျင်တစ်ခုလုံးကို ကြည်လင်ကာ အနီရောင်အဆင်းရှိသည့် ဒိုင်းသဘောမျိုး ကာချလိုက်သည်။ ထိုအရာ၏အပြင်ဘက်တွင်ရှိသော မည်သည့်အရာမဆို အထဲတွင် ဖြစ်ပျက်နေသမျှကို မြင်နိုင်ကြားနိုင်လိမ့်တော့မည်မဟုတ်ချေ။ အပြင်ဘက်ကနေကြည့်ပါက အရာအားလုံးသည် ပုံမှန်အတိုင်းသာ ဖြစ်နေလိမ့်တော့မည်။

ယွင်းရန်က သူ့ဘေးတွင်ရှိသော တိဟွကိုမေးမော့ပြလိုက်သည်။ တိဟွက ချက်ချင်းခေါင်းကို ညိမ့်ကာ ထိုပေါက်ကွဲသံထွက်လာသော အဆောင်တွင်းထဲသို့ ဝင်သွားလေတော့သည်။ သို့သော်လည်း သူပင်အထဲသိူ့ဝင်ရန် အဝတွင်သာရှိသေး၏။ ထိုအဆောင်တော်ကြီးတစ်ခုလုံးသည် ပြိုကျသွားကာ အဆောက်အဦးကြီးထဲမှ အိမ်တလုံးနီးပါး ကြီးမားသော ကျွဲဂျိုမိစ္ဆာကြီး ထွက်ပေါ်လာတော့သည်။

ကြည့်ရသည့်ပုံမှာ အလွန်စိတ်တိုနေပုံရပြီး သူ၏နှခေါင်းပေါက်နှစ်ဖက်မှ သာမာန်လူတို့၏အရေပြားပေါ်ထိတွေ့မိသည်နှင့် လောင်ကျွမ်းစေနိုင်လောက်သည့် အပူဓာတ်ရှိသော အငွေ့များကို ထုတ်လွှတ်နေလေသည်။ ယွင်းရန်က မျက်မှောင်တချက်ကြုတ်လိုက်ပြီးတဲ့နောက် ချက်ချင်း ကိုယ်ကိုဖော့ကာ ထိုကျွဲဂျိုမိစ္ဆာမ၏ မျက်နှာနားအထိ သွားလိုက်သည်။ သူ၏ကိုယ်ကို လေပေါ်တွင်ဝဲထားလျက်ပင်

“ အမြုတေဘယ်မှာလဲ။ မင်း ထုတ်ပေးမယ်ဆိုရင် မင်းကိုခွင့်လွှတ်ပေးဖို့ စဥ်းစားပေးမယ်။”

“ ရှင်လာမယ်ဆိုတာကို ကျွန်မသိနေပြီးသားပါ။ ပြီးတော့ ကျွန်မဒီနေ့ ရှင့်ကိုသတ်မယ်။”

ယွင်းရန်မှာ ဒေါသတကြီးအော်ပြောနေသော ထိုကျွဲပုံသဏ္ဍာန်နှင့်မိစ္ဆာကြောင့် မရယ်ပဲမနေနိုင်။ ဘာ့ကြောင့် အဆင့်နိမ့်သတ္တဝါတွေက သူ့ကိုအရမ်းသတ်ချင်နေရတာလဲဆိုတာကို သူသိပေမဲ့ သူတို့မှာ သူ့ကို သတ်နိုင်တဲ့အရည်အချင်းမရှိဘူးဆိုတာကိုတော့ ဘာလို့မသိကြတာပါလိမ့်။ တကယ်တမ်းတော့ ယွင်းရန်၏အမြုတေက ကောင်းကင်ဘုံ၏အသန့်စင်ဆုံးအမြုတေနှင့် အတူပင်ဖြစ်သည်။ သူ၏အမြုတေသည်လည်း ထပ်မရှိနိုင်တော့သည့် အဖိုးတန်အရာတစ်ခုဖြစ်ပြီး ထိုအမြုတေကိုသာရနိုင်ပါက ရှန်းဝူပိုင်နှင့်ပင် စွမ်းအားတူညီကာ ယှဥ်ပြိုင်နိုင်လာပေလိမ့်မည်။ သူတို့နှစ်ယောက်သည် တူညီသော အမြုတေရှိကြသည့် နှစ်ဦးဖြစ်၏။ သို့သော် မည်သူကမျှတော့ ကောင်းကင်ဘုံကိုတတ်ပြီး ပြဿနာမရှာရဲကြသည်မို့ များသောအားဖြင့်က ယွင်းရန်ကိုသာ ဦးတည်ကြသည်။ သို့သော်လည်း အားလုံး၏အဆုံးသတ်သည်ကတော့ သေခြင်းတရားပါပင်။

“ မင်း….ဘယ်သူ့ကြောင့် ဒီလောက်ထိသတ္တိတွေရှိသွားသလဲတော့ ငါမသိဘူး။ ဒါပေမဲ့..မင်းက ငါ့အတွက် ခွေးတစ်ကောင်သာသာပဲလေ။ မင်း....ငါ့ကိုတကယ်သတ်နိုင်မှာလား”

ကျွဲဂျိုမိစ္ဆာသည် သူ၏အပူငွေ့များကို နှခေါင်းပေါက်နှစ်ခုမှသာမက ပါးစပ်ပါဟကာ ထုတ်လွှတ်နေလေတော့သည်။ ယွင်းရန်က ထိုမိစ္ဆာ၏တိုက်ခိုက်မှုကိုရှောင်ကွင်းနေရင်း

“ အမြုတေသလင်းကျောက်ကို အကုန်သုံးပစ်လိုက်ပြီပဲ။ ငါ သူနဲ့ဘာမှဆက်လုပ်နေစရာမလိုတော့ဘူး။”

ယွင်းရန်က သစ္စာဖောက်တဲ့သူတွေကိုအလွန်မုန်းတီးသည့်စရိုက်ရှိသူဖြစ်သည်။ သူ့အပေါ်၌ ထိုသို့ကျူးလွန်မိသည်နှင့် ထိုသူသည် မည်သိူ့မျှအသက်ရှင်ခွင့်ရလိမ့်မည်မဟုတ်ချေ။ သူသည် သစ္စာဖောက်တယောက်အား မည်သိူ့သောအကြောင်းပြချက်နှင့်မျှ သူခွင့်လွှတ်ခြင်းမရှိခဲ့ပေ။

ယွင်းရန်နောက်ဆုံးတွင် လေပေါ်၌ရပ်တန့်နေရင်း သူ၏လက်ဖဝါးကိုဖြန့်လိုက်ကာ ထုံးစံအတိုင်း ဓားပုံသဏ္ဍာန်သည် အခိုးအငွေ့တို့မှတဆင့် တဖြည်းဖြည်းချင်း ပုံပေါ်လာလေတော့သည်။ ယွင်းရန်သည် မည်သို့သောအကြောင်းကိစ္စမျိုးနှင့်မှ သူ၏မူလအသွင်အပြင်ဖြစ်သည့် အနက်ရောင်နဂါးအသွင်သို့ ပြောင်းလဲခြင်းမရှိပါချေ။ ထို့အပြင် ယခုအချိန်ထိလည်း ထိုသို့တိုက်ခိုက်ရန် မလိုအပ်သေးတာမို့လည်း ပါပေလိမ့်မည်။

“ အရှင်ယွင်းရန် ကျွန်တော် နျူးကိုတွေ့ပြီ။ “

အောက်မှလှမ်းအော်လိုက်သည့် တိဟွ၏အသံကြောင့် ယွင်းရန် ကျွဲဂျိုမိစ္ဆာကို တိုက်ခိုက်နေရင်း လှမ်းကြည့်မိသည်။ နျူးကို အဆောက်အဦးပုံကြားမှ ယခုမှသာ ရှာတွေ့ပုံရ၏။ တိဟွက နျူးကိုတွဲထားသည်။ သူ၏ပုံစံက ညစ်ပတ်နေချေပြီ။ သူတို့လာမည်ဆိုသည်ကို ကြိမ်းသေသိနှင့်နေပြီဆိုတာကြောင့် နျူးကိုလည်း တမင်အထိနာအောင် ဝင်ဝင်ချင်းကတည်းက တိုက်ခိုက်လိုက်ပုံရသည်။ ထိုကောင်လေးက အတိုက်အခိုက် မကျွမ်းကျင်တာမို့ ထိုအရာကြီးကို အနိုင်ယူနိုင်ဖို့ဆိုသည်မှာ ဖြစ်နိုင်ချေမရှိချေ။ ယွင်းရန် နျူးကိုတယောက်တည်း လွှတ်လိုက်မိသည်နှင့် ပတ်သတ်ပြီး အနည်းငယ်တော့ နောင်တရမိသည်။

ယွင်းရန်ဗျာများနေမိတုန်းမှာပဲ ကျွဲဂျိုမိစ္ဆာက အခွင့်ကောင်းယူကာ ယွင်းရန်အား သူ၏အမြှီးကြီးဖြင့် ဝေ့ဝဲလျက် လှမ်းရိုက်လေတော့သည်။ ယွင်းရန်မှာ သူ၏ဓားဖြင့် အမြန်ကာလိုက်သော်လည်း နောက်သို့အနည်းငယ်တော့ လွင့်ထွက်သွားပြီး နောက်ရှိ အဆောက်အဦးနှင့်ရိုက်မိကာ အဆောက်အဦးနံရံမှာ အက်ကွဲပြီး တစစီဖြစ်သွားလေ၏။

ထိုအချိန်မှာ နျူးက အ်ိပ်ချင်မူးတူးပုံစံဖြင့် နိုးလာပြီး တဖက်ရှိအုတ်ပုံကြား၌ ထရန်ပြင်နေသော ယွင်းရန်အားတွေ့လိုက်ရသည်။ ကျွဲဂျိုမိစ္ဆာက ယွင်းရန်ကိုဝင်လုံးရန်ပြေးလာသည်ကိုပါ သူကြည့်မိပြီးတဲ့နောက် သူ၏လူသားအသွင်မှချက်ချင်း သူ၏မူလအသွင် နတ်သူငယ်ပုံစံကိုပြောင်းလဲပစ်လိုက်လေတော့သည်။ တိဟွပင် တားယူရန်အချိန်မမှီလိုက်။ နျူးသည် ကျွဲဂျိုမိစ္ဆာ၏ကိုယ်ပေါ်သို့အမြန်ခုန်တတ်လိုက်ပြီး သူ၏လက်နတ်တစ်ခုဖြစ်သည့် ရေခဲနှောင်ကြိုးကို သုံးကာထိုကျွဲကြီး၏ ကိုယ်ကိုအထပ်ထပ်ရစ်ပတ်ပစ်လိုက်ပြီးနောက် သူ၏လက်ထဲမှ အအေးဓာတ်ကိုစွမ်းအားကုန်ထုတ်ကာ ကျွဲကြီး၏ကိုယ်ကိုရိုက်ချလိုက်ပြီးနောက် ထိုနေရာမှစတင်ကာ ကျွဲဂျိုမိစ္ဆာ၏တကိုယ်လုံးအား ရေခဲရိုက်သလို ခဲသွားစေလိုက်တော့သည်။ ထိုအခိုက်အတန့်တွင်ပဲ ယွင်းရန်က ချက်ချင်းလေပေါ်ပျံတတ်လိုက်ပြီး သူ၏ဓားနှင့်အမြုတေကိုဆက်နွယ်လိုက်ကာ ဓားသွားသည် အနီရောင်အလင်းတန်းသဖွယ်ဖြစ်သွားပြီးနော​က် ထိုကျွဲကြီး၏ လည်ပင်းအား တိခနဲ ခုတ်ပိုင်းပစ်လိုက်လေတော့သည်။

ထိုအချိန်တဒင်္ဂအတွင်းပင် ကျွဲဂျိုမိစ္ဆာသည် သူ၏လှုပ်ရှားမှုအကုန်လုံး ရပ်တန့်ကာသွားပြီးနောက် မြေပေါ်သို့ တုန်းခနဲလဲကျလာလေတော့သည်။ ကျွဲဂျိုမိစ္ဆာ၏ ကိုယ်ပေါ်တွင်ရှိနေသေးသော နျူးက လေပေါ်တွင်ရှိနေသေးသော ယွင်းရန်ဆီသို့ လှမ်းခုန်လိုက်လေသည်။ ယွင်းရန်က သူ၏လက်ထဲရှိဓားကိုချက်ချင်းဖျောက်ပစ်လိုက်ပြီး သူ့ကိုအမြန်လှမ်းဖမ်းလိုက်လေသည်။

“ မင်း အဆင်ပြေရဲ့လား။”

နျူးက သူ့အားခေါင်းညိမ့်ပြသည်။ နတ်သူငယ်အသွင်ကြောင့် နျူး၏ပြာလဲ့လဲ့မျက်ဝန်းတို့က အလွန်တောက်ပနေကာ လရောင်အောက်တွင် လှပနေကြသည်။ ဖြူလွလွဝတ်ရုံတို့သည်ပင် လေတွင်ဝေ့ဝဲလျက်။ ဆံနွယ်ဖြူတို့ကတော့ ထိုးထားတဲ့ဆံထိုးကြောင့် ထုံးဖွဲ့ကာဖရိုဖရဲတော့ အနည်းငယ်ဖြစ်နေသည်။  ယွင်းရန် နျူး၏ခါးကိုမလွှတ်တမ်းဖက်ထားနေမိပြီး သူနျူးကိုသာ ငေးကြည့်နေမိသည်။ သူ့ရင်တွေတဒိန်းဒိန်းခုန်ကာနေပြီး ပျော်ရွှင်သည့်ခံစားချက်လိုမျိုး ဒါမှမဟုတ် အဲ့ထက်ပိုတာမျိူး….တစ်ခုခု…ထူးထူးဆန်းဆန်းအရာတစ်ခုကို သူခံစားလိုက်မိသည်။ ထို့အပြင် ထိုအရာသည် သူ့သက်တမ်းတလျောက် အဘယ်သောအခါမျှ မခံစားခဲ့ဖူးသည့် အရာမျိုးပါပင်။

သူတို့မြေပြင်ကို ပြန်အခြေချလိုက်သည်နှင့်တပြိုင်နက် ယွင်းရန်က နျူးကိုပြန်လွှတ်ပေးလိုက်သည်။ သိူ့သော် နျူးသည် သူလွှတ်ပေးလိုက်သည်နှင့်တပြိုင်နက် ခွေယိုင်ကာ လဲကျမလိုဖြစ်သွားလေတော့သည်။ ယွင်းရန်မှာ ထပ်မံကာထိတ်လန့်သွားရပြီး အမြန်ပင် နျူးကို လှမ်းဖမ်းလိုက်သည်။ နျူး၏ပုံစံက အားနည်းနေပုံရပြီး ယွင်းရန်၏ရင်ခွင်ထဲတွင်ပင် ငြိမ်သက်သွားတော့သည်။

တိဟွက သေဆုံးသွားသော သားရဲကြီး၏ဝိညာည်နှင့်အမြုတေအား သူ့တွင်ပါလာသောငွေရောင်ဗူးလေးထဲသို့ အခိုးအငွေ့သဏ္ဍာန်ဖန်ဆင်းပြီး ထည့်လိုက်သည်။ သူ့ခါးတွင် ထိုဗူးလေးအား ပြန်ချိတ်ပြီး ယွင်းရန်တို့ကိုကြည့်လိုက်တော့ ယွင်းရန်က နျူးကိုညင်သာစွာပွေ့ချီထားပြီး တောက်ပတဲ့မျက်ဝန်းနက်နက်တွေနှင့် ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ တိဟွက သူတိူ့အနားသို့ပြေးလာလိုက်ရင်း

“ သူအဆင်ပြေရဲ့လား”

“ အင်း….ခုနကတုန်းက သူ့စွမ်းအားကို အကုန်သုံးလိုက်မိပုံပဲ။ အနားယူလိုက်ရင် အဆင်ပြေသွားမယ်ထင်တယ်”

“ ဒါဆို ကောင်းကင်ဘုံကို ကျွန်တော်အကြောင်းကြားလိုက်ရမလား။”

တိဟွက သတင်းစကားပါးရန်ပြင်လိုက်စဥ်တွင်းပဲ ယွင်းရန်က နျူးကိုပွေ့ချီထားလျက်ပင် ရှေ့သို့ခြေလှမ်းစတင်လှမ်းလိုက်ကာ

“ သူ့ကို…. ငါပဲ..... ခေါ်သွားမယ်....။”

“ ဗျာ !!!”

တိဟွမှာ အလုပ်ရှူပ်နေရာမှ ယွင်းရန်၏စကားကြောင့်ထိတ်လန့်သွားရလေတော့သည်။ သူသေချာပေါက်ကြားခဲ့တာကိုက ဒီနတ်သူငယ်လေးကို ကောင်းကင်ဘုံဧကရာဇ်က မကြာခင်လာခေါ်မှာဖြစ်ပြီး ထိုနတ်သူငယ်လေးက အထူးအရေးပေးခံရသည်ကို သူသေချာသိတာမို့ ယခုကဲ့သို့ သူ၏အရှင်သခင်ကသာ မိစ္ဆာနန်းတော်ကိုခေါ်သွားမည်ဆိုပါက ပြဿနာရှိလာမည်ကို စိုးရိမ်မိသည်။

“ အရှင်…တချက်ပြန်စဥ်းစားပါအုန်း။ သူ…သူက…ကောင်းကင်ဘုံဧကရာဇ်ရဲ့….ဟိုဟာ….”

ယွင်းရန်က တိဟွကိုအကြည့်စူးစူးတို့ဖြင့် လှည့်ကြည့်လာသည်။ တိဟွမှာ စကားသံတို့ထစ်ပြီးတဲ့နောက် အ ပါအသွားသည့်နှယ် အသံတိတ်သွားတော့သည်။

“ ဒီကအပျက်အစီးတွေ မင်းပဲ ကြည့်ရှင်းလိုက်တော့”

“ မှန်လှပါ….”

ယွင်းရန်က တဖက်သို့သာပြန်လှည့်လိုက်ပြီးနောက် ကိုယ်ဖော့ကာ လေပေါ်သို့ပျံတတ်သွားပြီး ပျောက်ကွယ်သွားလေတော့သည်။

 
~~~~~~~~~~~~~~~~~~~~~
နောက်ကျသွားလို့ သွေ့ပုချိပါ။ မနက်ဖြန်လည်း အပ်ပုဒိတ်ပေးပါမယ်နော်။ မကြာခင် ရိုမာပါ။ အဗန်ချာနဲ့ မှားကုန်တော့မာပဲ။ အားတိုင်း တိုက်နေတာ ချိဖတွေက 🤣🤣

တိဟွလေးမာ သူ့ချစ်ချစ်ရှိပါမယ်။ side couple လေးလာမာပါ။ 👀😝 spoiler

" အိုး...သူက လူပုံစံဖန္ဆင္းထားတာပဲ။သူ႔ရဲ့အျမဳေတစြမ္းအားက အေတာ္ေကာင္းေနၿပီ။"

" ဟုတ္တယ္။ သူ႔ရဲ့ အျမဳေတစြမ္းအားက ပိုအားေကာင္းလာတယ္"

သူတို႔ဖမ္းဖို႔ႀကိဳးစားေနတဲ့ လူပုံစံဖန္ဆင္းထားေသာ သားရဲေကာင္ႀကီးရွိရာ နန္းေတာ္ႀကီးထဲရွိ အေဆာင္တစ္ခုအား တဖက္ မနီးမေဝးတြင္ရွိေသာအေဆာင္၏အမိုးေပၚတြင္ထိုင္ေနကာ အကဲခတ္ေနၾကသည္။ န်ဴးက ထိုမိဖုရားအသြင္အေဆာင္အေယာင္တို႔ျဖင့္ တလတ္လတ္ထေနသည့္ႏွယ္ ေတာက္ေျပာင္ကာလွပေနေသာ ထိုလူသားမိန္းမကိုၾကည့္ကာ သူ၏အၾကည့္က မခြာနိုင္ျဖစ္ေန၏။

" သူက လွတယ္။ "

န်ဴး၏မ်က္ဝန္းတို႔က ေတာက္ပလြန္းေနကာ ထိုအမ်ိဳးသမီးကို မ်က္ေတာင္မခပ္တမ္းၾကည့္ေန၏။

" မၾကည့္နဲ႔ေတာ့...."

 ယြင္းရန္က စိတ္ရွုပ္လာသည့္အမူအရာျဖင့္ န်ဴး၏မ်က္ဝန္းမ်ားကို သူ၏လက္ဖဝါးျပင္က်ယ္ႀကီးျဖင့္ကာလိုက္ရင္း ျမင္ကြင္းကိုပိတ္ဆို႔သည္။ န်ဴးက သူ၏လက္ကိုခ်က္ခ်င္းျပန္ပုတ္ထုတ္လိုက္၏။ ယြင္းရန္က န်ဴးကိုၾကည့္ရင္း

" ငါေျပာတာကိုသိတယ္မလား။ ေသမ်ိဳးေတြေနရာမွာ ျပႆနာရွာတာမ်ိဳးမလုပ္ခ်င္လို႔...ငါတို႔အတတ္နိုင္ဆုံး သူ႔ကိုေအးေဆးေခၚထုတ္မွရမယ္။ ဒီမွာျပႆနာတတ္ရင္ ရွင္းရပိုခတ္တယ္။ "

" ဘယ္လိုလုပ္မလို႔လဲ။"

" ေတာအုပ္ထဲကို မၽွားေခၚတာမ်ိဳး....အာ...ဒါေပမဲ့....ဒီဟာက ဒုတိယအစီအစဥ္ေနာ္။ ငါမင္းကိုေခၚလာတာ သူနဲ႔ညႇိဖို႔ေလ။ "

" ဒါဆို...န်ဴးသြားလိုက္မယ္..."

န်ဴးက ခ်က္ခ်င္းပင္ေအာက္သိူ႔ခုန္ဆင္းသြားလိုက္ေလေတာ့သည္။ ယြင္းရန္ကလွမ္းတားဖို႔ျပင္လိုက္ေသာ္လည္း သူ႔ေနာက္မွ အရိပ္တစ္ခုေၾကာင့္ သူအလုပ္ရွုပ္သြားသည္။ ထိုသူက သူ႔ကိုဂါရဝျပဳေလ၏။

" အရွင္...."

" ဘာေတြသိရၿပီလဲ။ "

တိဟြက သူ႔ကိုဂါရဝျပဳလိုက္ၿပီးတဲ့ေနာက္ ကိုယ္ကိုျပန္မက္ကာေျဖသည္။

“ ကၽြန္ေတာ္…..”

ယြင္းရန္က ထစ္အေနေသာ တိဟြကိုလွမ္းၾကည့္သည္။ တိဟြက ခ်က္ခ်င္းသူ႔ေခါင္းကိုငုံ႔လိုက္ရင္း

“ ကၽြဲဂ်ိဳမိစၧာက ကိုင္တြယ္ဖို႔အဆင္ေျပလိမ့္မယ္လို႔ မထင္ဘူး။ သူ႔ကို ထိန္းခ်ဳပ္ေနတဲ့ အရာရွိလိမ့္မယ္လို႔ ထင္ပါတယ္…”

“ ဘယ္လိုမ်ိဳးလဲ….သူက တကယ္ဆို ငါ့ရဲ့ေလွာင္အိမ္ထဲက အိမ္ေမြးတိရစၧာန္တစ္ေကာင္ပဲေလ။ က်ီရင္းက တမင္သူ႔ကိုလႊတ္ေပးခဲ့တာမို႔ ငါအဲ့အတြက္ သူ႔ကိုလည္းအျပစ္ဒဏ္ေပးၿပီးၿပီ။ က်ီရင္းက ဒီမွာမရွိေတာ့ဘူး….သူ႔ကိုခ်ဳပ္ကိုင္ေနတဲ့အရာ ဘာရွိနိုင္အုန္းမလဲ။”

တိဟြက ေတြေဝစြာေျဖသည္။

“ ကၽြန္ေတာ္ အေျဖကိုသိနိုင္စြမ္းမရွိပါဘူး”

“ အင္း…စဥ္းစားစရာပဲ။ အဲ့တာမွ က်ီရင္းရဲ့ညီမျဖစ္သူေရာ…အခုထိ ႐ူးေၾကာင္ေၾကာင္နိုင္ေနတုန္းလား။ “

သူ႔အကိုျဖစ္သူကို ယြင္းရန္ရွင္းပစ္လိုက္ၿပီးတည္းက ညီမျဖစ္သူက ယြင္းရန္ကိုလိုက္ေႏွာက္ယွက္ေနျခင္းျဖစ္ၿပီး တခ်ိန္က က်ီရင္း၏မ်က္ႏွာေၾကာင့္သာ ယြင္းရန္ ထိုေကာင္မေလးကို ဥပကၡာျပဳထားျခင္းျဖစ္သည္။ တိဟြက ေျဖသည္။

“ ေလာေလာဆယ္ေတာ့ ျပန္ၿငိမ္ေနျပန္ပါၿပီ။ “

“ ေကာင္းၿပီ”

ယြင္းရန္က အေဆာင္အမိုးေပၚမွပင္ န်ဴးဝင္သြားေသာအေဆာင္သို႔သြားရန္ ကိုယ္ကိုေဖာ့ကာ ျဖည္းညႇင္းစြာပဲ ခုန္ဆင္းလာခဲ့သည္။ တိဟြကလည္း ေနာက္မွလိုက္ဆင္းလိုက္သည္။

*ေဖာင္း.!!!*

ယြင္းရန္တို႔ ေအာက္ကိုေရာက္သည္ႏွင့္ ထိုအေဆာင္အတြင္းမွ ေပါက္ကြဲသံႀကီးကေပၚထြက္လာေလေတာ့သည္။ မီးေတာက္တခ်ိဳ႕ေပၚထြက္လာၿပီးတဲ့ေနာက္ အခိုးအေငြ႕တစ္ခ်ိဳ႕ပါ ေပၚထြက္လာေလေတာ့သည္။ အပ်က္အစီးတခ်ိဳ႕သည္လည္း လႊင့္စင္ကာလာေလ၏။ ယြင္းရန္မွာ အနည္းငယ္ထိတ္လန္႔သြားမိသည္။ တကယ္တမ္းေတာ့ သူအထဲသို႔ဝင္သြားေသာ နတ္သူငယ္ေလးကို စိတ္ပူမိတာမို႔ပင္ျဖစ္ၿပီး အသံၾကားလိုက္ရသည္ႏွင့္တၿပိဳင္နက္ကိုပင္ သူ၏လက္ကိုအေပၚသိူ႔ေျမႇာက္လိုက္ကာ စြမ္းအားတခ်ိဳ႕ထုတ္လႊတ္လိုက္ၿပီး ထိုအေဆာင္၏ပတ္လည္ဝန္းက်င္တစ္ခုလုံးကို ၾကည္လင္ကာ အနီေရာင္အဆင္းရွိသည့္ ဒိုင္းသေဘာမ်ိဳး ကာခ်လိုက္သည္။ ထိုအရာ၏အျပင္ဘက္တြင္ရွိေသာ မည္သည့္အရာမဆို အထဲတြင္ ျဖစ္ပ်က္ေနသမၽွကို ျမင္နိုင္ၾကားနိုင္လိမ့္ေတာ့မည္မဟုတ္ေခ်။ အျပင္ဘက္ကေနၾကည့္ပါက အရာအားလုံးသည္ ပုံမွန္အတိုင္းသာ ျဖစ္ေနလိမ့္ေတာ့မည္။

ယြင္းရန္က သူ႔ေဘးတြင္ရွိေသာ တိဟြကိုေမးေမာ့ျပလိုက္သည္။ တိဟြက ခ်က္ခ်င္းေခါင္းကို ညိမ့္ကာ ထိုေပါက္ကြဲသံထြက္လာေသာ အေဆာင္တြင္းထဲသို႔ ဝင္သြားေလေတာ့သည္။ သို႔ေသာ္လည္း သူပင္အထဲသိူ႔ဝင္ရန္ အဝတြင္သာရွိေသး၏။ ထိုအေဆာင္ေတာ္ႀကီးတစ္ခုလုံးသည္ ၿပိဳက်သြားကာ အေဆာက္အဦးႀကီးထဲမွ အိမ္တလုံးနီးပါး ႀကီးမားေသာ ကၽြဲဂ်ိဳမိစၧာႀကီး ထြက္ေပၚလာေတာ့သည္။

ၾကည့္ရသည့္ပုံမွာ အလြန္စိတ္တိုေနပုံရၿပီး သူ၏ႏွေခါင္းေပါက္ႏွစ္ဖက္မွ သာမာန္လူတို႔၏အေရျပားေပၚထိေတြ႕မိသည္ႏွင့္ ေလာင္ကၽြမ္းေစနိုင္ေလာက္သည့္ အပူဓာတ္ရွိေသာ အေငြ႕မ်ားကို ထုတ္လႊတ္ေနေလသည္။ ယြင္းရန္က မ်က္ေမွာင္တခ်က္ၾကဳတ္လိုက္ၿပီးတဲ့ေနာက္ ခ်က္ခ်င္း ကိုယ္ကိုေဖာ့ကာ ထိုကၽြဲဂ်ိဳမိစၧာမ၏ မ်က္ႏွာနားအထိ သြားလိုက္သည္။ သူ၏ကိုယ္ကို ေလေပၚတြင္ဝဲထားလ်က္ပင္

“ အျမဳေတဘယ္မွာလဲ။ မင္း ထုတ္ေပးမယ္ဆိုရင္ မင္းကိုခြင့္လႊတ္ေပးဖို႔ စဥ္းစားေပးမယ္။”

“ ရွင္လာမယ္ဆိုတာကို ကၽြန္မသိေနၿပီးသားပါ။ ၿပီးေတာ့ ကၽြန္မဒီေန႔ ရွင့္ကိုသတ္မယ္။”

ယြင္းရန္မွာ ေဒါသတႀကီးေအာ္ေျပာေနေသာ ထိုကၽြဲပုံသ႑ာန္ႏွင့္မိစၧာေၾကာင့္ မရယ္ပဲမေနနိုင္။ ဘာ့ေၾကာင့္ အဆင့္နိမ့္သတၱဝါေတြက သူ႔ကိုအရမ္းသတ္ခ်င္ေနရတာလဲဆိုတာကို သူသိေပမဲ့ သူတို႔မွာ သူ႔ကို သတ္နိုင္တဲ့အရည္အခ်င္းမရွိဘူးဆိုတာကိုေတာ့ ဘာလို႔မသိၾကတာပါလိမ့္။ တကယ္တမ္းေတာ့ ယြင္းရန္၏အျမဳေတက ေကာင္းကင္ဘုံ၏အသန္႔စင္ဆုံးအျမဳေတႏွင့္ အတူပင္ျဖစ္သည္။ သူ၏အျမဳေတသည္လည္း ထပ္မရွိနိုင္ေတာ့သည့္ အဖိုးတန္အရာတစ္ခုျဖစ္ၿပီး ထိုအျမဳေတကိုသာရနိုင္ပါက ရွန္းဝူပိုင္ႏွင့္ပင္ စြမ္းအားတူညီကာ ယွဥ္ၿပိဳင္နိုင္လာေပလိမ့္မည္။ သူတို႔ႏွစ္ေယာက္သည္ တူညီေသာ အျမဳေတရွိၾကသည့္ ႏွစ္ဦးျဖစ္၏။ သို႔ေသာ္ မည္သူကမၽွေတာ့ ေကာင္းကင္ဘုံကိုတတ္ၿပီး ျပႆနာမရွာရဲၾကသည္မို႔ မ်ားေသာအားျဖင့္က ယြင္းရန္ကိုသာ ဦးတည္ၾကသည္။ သို႔ေသာ္လည္း အားလုံး၏အဆုံးသတ္သည္ကေတာ့ ေသျခင္းတရားပါပင္။

“ မင္း….ဘယ္သူ႔ေၾကာင့္ ဒီေလာက္ထိသတၱိေတြရွိသြားသလဲေတာ့ ငါမသိဘူး။ ဒါေပမဲ့..မင္းက ငါ့အတြက္ ေခြးတစ္ေကာင္သာသာပဲေလ။ မင္း....ငါ့ကိုတကယ္သတ္နိုင္မွာလား”

ကၽြဲဂ်ိဳမိစၧာသည္ သူ၏အပူေငြ႕မ်ားကို ႏွေခါင္းေပါက္ႏွစ္ခုမွသာမက ပါးစပ္ပါဟကာ ထုတ္လႊတ္ေနေလေတာ့သည္။ ယြင္းရန္က ထိုမိစၧာ၏တိုက္ခိုက္မွုကိုေရွာင္ကြင္းေနရင္း

“ အျမဳေတသလင္းေက်ာက္ကို အကုန္သုံးပစ္လိုက္ၿပီပဲ။ ငါ သူနဲ႔ဘာမွဆက္လုပ္ေနစရာမလိုေတာ့ဘူး။”

ယြင္းရန္က သစၥာေဖာက္တဲ့သူေတြကိုအလြန္မုန္းတီးသည့္စရိုက္ရွိသူျဖစ္သည္။ သူ႔အေပၚ၌ ထိုသို႔က်ဴးလြန္မိသည္ႏွင့္ ထိုသူသည္ မည္သိူ႔မၽွအသက္ရွင္ခြင့္ရလိမ့္မည္မဟုတ္ေခ်။ သူသည္ သစၥာေဖာက္တေယာက္အား မည္သိူ႔ေသာအေၾကာင္းျပခ်က္ႏွင့္မၽွ သူခြင့္လႊတ္ျခင္းမရွိခဲ့ေပ။

ယြင္းရန္ေနာက္ဆုံးတြင္ ေလေပၚ၌ရပ္တန္႔ေနရင္း သူ၏လက္ဖဝါးကိုျဖန္႔လိုက္ကာ ထုံးစံအတိုင္း ဓားပုံသ႑ာန္သည္ အခိုးအေငြ႕တို႔မွတဆင့္ တျဖည္းျဖည္းခ်င္း ပုံေပၚလာေလေတာ့သည္။ ယြင္းရန္သည္ မည္သို႔ေသာအေၾကာင္းကိစၥမ်ိဳးႏွင့္မွ သူ၏မူလအသြင္အျပင္ျဖစ္သည့္ အနက္ေရာင္နဂါးအသြင္သို႔ ေျပာင္းလဲျခင္းမရွိပါေခ်။ ထို႔အျပင္ ယခုအခ်ိန္ထိလည္း ထိုသို႔တိုက္ခိုက္ရန္ မလိုအပ္ေသးတာမို႔လည္း ပါေပလိမ့္မည္။

“ အရွင္ယြင္းရန္ ကၽြန္ေတာ္ န်ဴးကိုေတြ႕ၿပီ။ “

ေအာက္မွလွမ္းေအာ္လိုက္သည့္ တိဟြ၏အသံေၾကာင့္ ယြင္းရန္ ကၽြဲဂ်ိဳမိစၧာကို တိုက္ခိုက္ေနရင္း လွမ္းၾကည့္မိသည္။ န်ဴးကို အေဆာက္အဦးပုံၾကားမွ ယခုမွသာ ရွာေတြ႕ပုံရ၏။ တိဟြက န်ဴးကိုတြဲထားသည္။ သူ၏ပုံစံက ညစ္ပတ္ေနေခ်ၿပီ။ သူတို႔လာမည္ဆိုသည္ကို ႀကိမ္းေသသိႏွင့္ေနၿပီဆိုတာေၾကာင့္ န်ဴးကိုလည္း တမင္အထိနာေအာင္ ဝင္ဝင္ခ်င္းကတည္းက တိုက္ခိုက္လိုက္ပုံရသည္။ ထိုေကာင္ေလးက အတိုက္အခိုက္ မကၽြမ္းက်င္တာမို႔ ထိုအရာႀကီးကို အနိုင္ယူနိုင္ဖို႔ဆိုသည္မွာ ျဖစ္နိုင္ေခ်မရွိေခ်။ ယြင္းရန္ န်ဴးကိုတေယာက္တည္း လႊတ္လိုက္မိသည္ႏွင့္ ပတ္သတ္ၿပီး အနည္းငယ္ေတာ့ ေနာင္တရမိသည္။

ယြင္းရန္ဗ်ာမ်ားေနမိတုန္းမွာပဲ ကၽြဲဂ်ိဳမိစၧာက အခြင့္ေကာင္းယူကာ ယြင္းရန္အား သူ၏အျမႇီးႀကီးျဖင့္ ေဝ့ဝဲလ်က္ လွမ္းရိုက္ေလေတာ့သည္။ ယြင္းရန္မွာ သူ၏ဓားျဖင့္ အျမန္ကာလိုက္ေသာ္လည္း ေနာက္သို႔အနည္းငယ္ေတာ့ လြင့္ထြက္သြားၿပီး ေနာက္ရွိ အေဆာက္အဦးႏွင့္ရိုက္မိကာ အေဆာက္အဦးနံရံမွာ အက္ကြဲၿပီး တစစီျဖစ္သြားေလ၏။

ထိုအခ်ိန္မွာ န်ဴးက အ္ိပ္ခ်င္မူးတူးပုံစံျဖင့္ နိုးလာၿပီး တဖက္ရွိအုတ္ပုံၾကား၌ ထရန္ျပင္ေနေသာ ယြင္းရန္အားေတြ႕လိုက္ရသည္။ ကၽြဲဂ်ိဳမိစၧာက ယြင္းရန္ကိုဝင္လုံးရန္ေျပးလာသည္ကိုပါ သူၾကည့္မိၿပီးတဲ့ေနာက္ သူ၏လူသားအသြင္မွခ်က္ခ်င္း သူ၏မူလအသြင္ နတ္သူငယ္ပုံစံကိုေျပာင္းလဲပစ္လိုက္ေလေတာ့သည္။ တိဟြပင္ တားယူရန္အခ်ိန္မမွီလိုက္။ န်ဴးသည္ ကၽြဲဂ်ိဳမိစၧာ၏ကိုယ္ေပၚသို႔အျမန္ခုန္တတ္လိုက္ၿပီး သူ၏လက္နတ္တစ္ခုျဖစ္သည့္ ေရခဲေႏွာင္ႀကိဳးကို သုံးကာထိုကၽြဲႀကီး၏ ကိုယ္ကိုအထပ္ထပ္ရစ္ပတ္ပစ္လိုက္ၿပီးေနာက္ သူ၏လက္ထဲမွ အေအးဓာတ္ကိုစြမ္းအားကုန္ထုတ္ကာ ကၽြဲႀကီး၏ကိုယ္ကိုရိုက္ခ်လိုက္ၿပီးေနာက္ ထိုေနရာမွစတင္ကာ ကၽြဲဂ်ိဳမိစၧာ၏တကိုယ္လုံးအား ေရခဲရိုက္သလို ခဲသြားေစလိုက္ေတာ့သည္။ ထိုအခိုက္အတန္႔တြင္ပဲ ယြင္းရန္က ခ်က္ခ်င္းေလေပၚပ်ံတတ္လိုက္ၿပီး သူ၏ဓားႏွင့္အျမဳေတကိုဆက္ႏြယ္လိုက္ကာ ဓားသြားသည္ အနီေရာင္အလင္းတန္းသဖြယ္ျဖစ္သြားၿပီးေနာ​က္ ထိုကၽြဲႀကီး၏ လည္ပင္းအား တိခနဲ ခုတ္ပိုင္းပစ္လိုက္ေလေတာ့သည္။

ထိုအခ်ိန္တဒဂၤအတြင္းပင္ ကၽြဲဂ်ိဳမိစၧာသည္ သူ၏လွုပ္ရွားမွုအကုန္လုံး ရပ္တန္႔ကာသြားၿပီးေနာက္ ေျမေပၚသို႔ တုန္းခနဲလဲက်လာေလေတာ့သည္။ ကၽြဲဂ်ိဳမိစၧာ၏ ကိုယ္ေပၚတြင္ရွိေနေသးေသာ န်ဴးက ေလေပၚတြင္ရွိေနေသးေသာ ယြင္းရန္ဆီသို႔ လွမ္းခုန္လိုက္ေလသည္။ ယြင္းရန္က သူ၏လက္ထဲရွိဓားကိုခ်က္ခ်င္းေဖ်ာက္ပစ္လိုက္ၿပီး သူ႔ကိုအျမန္လွမ္းဖမ္းလိုက္ေလသည္။

“ မင္း အဆင္ေျပရဲ့လား။”

န်ဴးက သူ႔အားေခါင္းညိမ့္ျပသည္။ နတ္သူငယ္အသြင္ေၾကာင့္ န်ဴး၏ျပာလဲ့လဲ့မ်က္ဝန္းတို႔က အလြန္ေတာက္ပေနကာ လေရာင္ေအာက္တြင္ လွပေနၾကသည္။ ျဖဴလြလြဝတ္႐ုံတို႔သည္ပင္ ေလတြင္ေဝ့ဝဲလ်က္။ ဆံႏြယ္ျဖဴတို႔ကေတာ့ ထိုးထားတဲ့ဆံထိုးေၾကာင့္ ထုံးဖြဲ႕ကာဖရိုဖရဲေတာ့ အနည္းငယ္ျဖစ္ေနသည္။  ယြင္းရန္ န်ဴး၏ခါးကိုမလႊတ္တမ္းဖက္ထားေနမိၿပီး သူန်ဴးကိုသာ ေငးၾကည့္ေနမိသည္။ သူ႔ရင္ေတြတဒိန္းဒိန္းခုန္ကာေနၿပီး ေပ်ာ္ရႊင္သည့္ခံစားခ်က္လိုမ်ိဳး ဒါမွမဟုတ္ အဲ့ထက္ပိုတာမ်ိဴး….တစ္ခုခု…ထူးထူးဆန္းဆန္းအရာတစ္ခုကို သူခံစားလိုက္မိသည္။ ထို႔အျပင္ ထိုအရာသည္ သူ႔သက္တမ္းတေလ်ာက္ အဘယ္ေသာအခါမၽွ မခံစားခဲ့ဖူးသည့္ အရာမ်ိဳးပါပင္။

သူတို႔ေျမျပင္ကို ျပန္အေျခခ်လိုက္သည္ႏွင့္တၿပိဳင္နက္ ယြင္းရန္က န်ဴးကိုျပန္လႊတ္ေပးလိုက္သည္။ သိူ႔ေသာ္ န်ဴးသည္ သူလႊတ္ေပးလိုက္သည္ႏွင့္တၿပိဳင္နက္ ေခြယိုင္ကာ လဲက်မလိုျဖစ္သြားေလေတာ့သည္။ ယြင္းရန္မွာ ထပ္မံကာထိတ္လန္႔သြားရၿပီး အျမန္ပင္ န်ဴးကို လွမ္းဖမ္းလိုက္သည္။ န်ဴး၏ပုံစံက အားနည္းေနပုံရၿပီး ယြင္းရန္၏ရင္ခြင္ထဲတြင္ပင္ ၿငိမ္သက္သြားေတာ့သည္။

တိဟြက ေသဆုံးသြားေသာ သားရဲႀကီး၏ဝိညာည္ႏွင့္အျမဳေတအား သူ႔တြင္ပါလာေသာေငြေရာင္ဗူးေလးထဲသို႔ အခိုးအေငြ႕သ႑ာန္ဖန္ဆင္းၿပီး ထည့္လိုက္သည္။ သူ႔ခါးတြင္ ထိုဗူးေလးအား ျပန္ခ်ိတ္ၿပီး ယြင္းရန္တို႔ကိုၾကည့္လိုက္ေတာ့ ယြင္းရန္က န်ဴးကိုညင္သာစြာေပြ႕ခ်ီထားၿပီး ေတာက္ပတဲ့မ်က္ဝန္းနက္နက္ေတြႏွင့္ ၾကည့္ေနသည္ကိုေတြ႕လိုက္ရသည္။ တိဟြက သူတိူ႔အနားသို႔ေျပးလာလိုက္ရင္း

“ သူအဆင္ေျပရဲ့လား”

“ အင္း….ခုနကတုန္းက သူ႔စြမ္းအားကို အကုန္သုံးလိုက္မိပုံပဲ။ အနားယူလိုက္ရင္ အဆင္ေျပသြားမယ္ထင္တယ္”

“ ဒါဆို ေကာင္းကင္ဘုံကို ကၽြန္ေတာ္အေၾကာင္းၾကားလိုက္ရမလား။”

တိဟြက သတင္းစကားပါးရန္ျပင္လိုက္စဥ္တြင္းပဲ ယြင္းရန္က န်ဴးကိုေပြ႕ခ်ီထားလ်က္ပင္ ေရွ႕သို႔ေျခလွမ္းစတင္လွမ္းလိုက္ကာ

“ သူ႔ကို…. ငါပဲ..... ေခၚသြားမယ္....။”

“ ဗ်ာ !!!”

တိဟြမွာ အလုပ္ရွူပ္ေနရာမွ ယြင္းရန္၏စကားေၾကာင့္ထိတ္လန္႔သြားရေလေတာ့သည္။ သူေသခ်ာေပါက္ၾကားခဲ့တာကိုက ဒီနတ္သူငယ္ေလးကို ေကာင္းကင္ဘုံဧကရာဇ္က မၾကာခင္လာေခၚမွာျဖစ္ၿပီး ထိုနတ္သူငယ္ေလးက အထူးအေရးေပးခံရသည္ကို သူေသခ်ာသိတာမို႔ ယခုကဲ့သို႔ သူ၏အရွင္သခင္ကသာ မိစၧာနန္းေတာ္ကိုေခၚသြားမည္ဆိုပါက ျပႆနာရွိလာမည္ကို စိုးရိမ္မိသည္။

“ အရွင္…တခ်က္ျပန္စဥ္းစားပါအုန္း။ သူ…သူက…ေကာင္းကင္ဘုံဧကရာဇ္ရဲ့….ဟိုဟာ….”

ယြင္းရန္က တိဟြကိုအၾကည့္စူးစူးတို႔ျဖင့္ လွည့္ၾကည့္လာသည္။ တိဟြမွာ စကားသံတို႔ထစ္ၿပီးတဲ့ေနာက္ အ ပါအသြားသည့္ႏွယ္ အသံတိတ္သြားေတာ့သည္။

“ ဒီကအပ်က္အစီးေတြ မင္းပဲ ၾကည့္ရွင္းလိုက္ေတာ့”

“ မွန္လွပါ….”

ယြင္းရန္က တဖက္သို႔သာျပန္လွည့္လိုက္ၿပီးေနာက္ ကိုယ္ေဖာ့ကာ ေလေပၚသို႔ပ်ံတတ္သြားၿပီး ေပ်ာက္ကြယ္သြားေလေတာ့သည္။

 
~~~~~~~~~~~~~~~~~~~~~
ေနာက္က်သြားလို႔ ေသြ႕ပုခ်ိပါ။ မနက္ျဖန္လည္း အပ္ပုဒိတ္ေပးပါမယ္ေနာ္။ မၾကာခင္ ရိုမာပါ။ အဗန္ခ်ာနဲ႔ မွားကုန္ေတာ့မာပဲ။ အားတိုင္း တိုက္ေနတာ ခ်ိဖေတြက 🤣🤣

တိဟြေလးမာ သူ႔ခ်စ္ခ်စ္ရွိပါမယ္။ side couple ေလးလာမာပါ။ 👀😝 spoiler

Continue Reading

You'll Also Like

4.9K 359 66
Descriptionကို အထဲမှာ ရေးထားပါတယ်ရှင့်
77.8K 11.6K 28
Both Zawgyi & Unicode available. မေသမ်ိဳးေလာက၏ နံပတ္တစ္ေဆးေဖာ္စပ္သူျဖစ္သည့္ မုခ်န္သည္ သူ၏ေဆးေတြေဖာ္စပ္မႈအေပၚတြင္သာ ဲအျမဲအာရံုစိုက္ေနမိသည့္အတြက္ သူ႔တ...
233K 32.3K 200
Book-8 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
112K 2.4K 33
ကျွန်တော်က ကျွန်တော့်ကောင်မလေးကို *စာအုပ်လေး* လို့ ချစ်စနိုးခေါ်တယ်။ လောကမှာ ဘယ်လောက်ပဲ ပြီးပြည့်စုံတဲ့ မိန်းကလေးဖြစ်နေပါစေ လိုအပ်ချက် တစ်ခုတော့ ရှိ...