[Unicode]
"ထန်၊ ဒါက ဒီနှစ်နွေဦးအတွက် လူသစ်လျှောက်လွှာတွေပဲ။ တစ်ချက်လောက်စစ်ကြည့်ဦး"
ယန်ထန်က သူ့ရှေ့ရောက်လာတဲ့စာရင်းကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။
ပြီးနောက် မျက်ခုံးပင့်လာကာ
"ဒီတစ်ယောက်ကို ခေါ်ထားလိုက်"
အန်ဂျလာက နာမည်ကိုလှမ်းဖတ်ကြည့်တယ်။
သူမရဲ့တရုတ်စာလယ်ဗယ်က ပင်ယင်းအဆင့်မှာပဲရှိသေးတာ၊ အသံထွက်ဖို့ကို မနည်းကြိုးစားနေရတယ်
"ဟုန်ကု?"
"ဟုန်ဟူ၊ ကောင်းဟုန်ဟူ"
"သူက နင်နဲ့ညိထားဖူးလို့လား?"
အန်ဂျလာမျက်နှာပေးဟာ စပ်စုလိုစိတ်အပြည့်ဖြင့်။
"ငါ့ရဲ့ဖြူလေးကို ပြဿနာရှာဖူးတယ်၊ သူနဲ့စာရင်းရှင်းလို့ မပြီးသေးဘူး"
ပြောရင်းနဲ့ပဲ၊ ယန်ထန်က စီးကရက်တစ်လိပ်ကိုမီးညှိလိုက်ကာ
"သူ့ကိုထိမရသေးလို့ ခဏလွှတ်ထားပေးတာ၊ ငါ့ဆီတည့်တည့်ကြီး ပြေးလာတယ်ဆိုတော့လည်း...အမိအရဖမ်းထားရမှာပေါ့"
နားထောင်နေတဲ့အန်ဂျလာက 'အမိအရဖမ်းထားမယ်'ဆိုသည့်စကားရဲ့ အဓိပ္ပာယ်ကိုနားမလည်နိုင်ပေ။
ထိုင်တွေးနေမိပေမဲ့၊ တကယ်ကြီးကိုနားမလည်ဘူး။
အဲ့တော့၊ သူ့ထက်ပိုနားလည်သူလေး ယုတုန်ဆီ စာပို့လိုက်တယ်
[ ဘေဘီ! 'အမိအရဖမ်းထားမယ်'ဆိုတဲ့စကားက ဘာကိုဆိုလိုတာလဲ? ]
ယုတုန်က အင်္ဂလိပ်စကားနဲ့ ရှင်းပြချက်စာအရှည်ကြီး ပြန်ပို့လေရဲ့။
အဓိပ္ပာယ်ကို အကြမ်းဖျင်းနားလည်ပြီးနောက်မှာ၊ အန်ဂျလာက ယန်ထန့်ကိုပုခုံးပုတ်ပေးလာပြီး
"ဂရုတော့စိုက်ဦး။ တရုတ်ပြည်မှာ သေဒဏ်ကိုမပယ်ဖျက်ရသေးဘူးမလား?"
"သွားစမ်းပါ!"
...
"ရှေ့နေဟယ်၊ ဒီအမှုကို မင်းတာဝန်ယူလိုက်"
ဟယ်ရှင်းချွမ်ဟာ အံ့ဩသွားရတယ်။
သို့သော်လည်း၊ ဖန်ကျင်းဇီကမ်းပေးလာတဲ့ ဖိုင်တွဲကို လက်ခံလိုက်ရပါတယ်
"ဒါပေမဲ့...ကျွန်တော်က အခုမှ..."
"တရားခွင်ဆိုတာ မင်းအဆင်သင့်ဖြစ်မှာကို စောင့်ပေးမဲ့နေရာတစ်ခုမဟုတ်ဘူး။ မလုပ်နိုင်ဘူးထင်ရင်၊ ကျောင်းပြန်သွားပြီး ထပ်လေ့လာခဲ့။ တရားခွင်ထဲတောင်မဝင်ရဲတဲ့လက်ထောက်မျိုး ငါအလိုမရှိဘူး!"
ဖန်ကျင်းဇီအကြည့်တွေဟာ အေးစက်စက်ဖြင့်။
တံခါးကိုတွန်းဖွင့်ကာ၊ ရုံးခန်းထဲမှ ထွက်ခွါသွားတော့တယ်။
တရားခွင်။
တရားခွင်ထဲ တစ်ခါမှမရောက်ဖူးတာ မဟုတ်ပါဘူး။
ဒါပေမဲ့၊ တရားလိုရှေ့နေနေရာမှာ ကိုယ်တိုင်ရပ်ရတဲ့အခါ...ထိတ်လန့်မိတယ်။
ဟယ်ရှင်းချွမ်က သူ့မျက်ခွံကိုကုတ်နေမိတယ်။
အချိန်အတော်ကြာ လျစ်လျူရှုထားခဲ့တဲ့ညာဘက်မျက်လုံးဟာ၊ ရုတ်တရပ်ကြီး ယားကျိကျိဖြစ်လာသလိုပဲ။
တရားခွင်ထဲမှာ၊ လေအေးပေးစက်ကို အပြည့်အဝဖွင့်ထားပါတယ်။
ဝတ်စုံပြည့်ဝတ်ထားရင်တောင်မှ၊ ပူအိုက်ခြင်းကို ခံစားရမှာမဟုတ်ပေ။
လူတွေဟာ ဝင်လိုက် ထွက်လိုက်ဖြင့်။
တရားပြိုင်ဘက်မှရှေ့နေနဲ့ အမှုသည်ထွက်သွားတာကို မြင်လိုက်တယ်...အပြုံးတွေနဲ့။
ရေဗူးကို လက်ထဲဆုပ်ကိုင်ထားကာ၊ ဟယ်ရှင်းချွမ်အတွေးများဟာ ဦးတည်ရာမဲ့ပျံ့လွင့်လျက်။
"ဘယ်လိုခံစားရလဲ?"
ဟယ်ရှင်းချွမ်က မော့ကြည့်လာတယ်။
အလမ်းရောင်ကို ကျောပေးရပ်ထားသောကြောင့်၊ ဖန်ကျင်းဇီရဲ့မျက်နှာအမူအရာကို မမြင်နိုင်ဘူး။
ဟယ်ရှင်းချွမ်က ခဏတာတွေးတောလိုက်တယ်။
"နောင်တရတယ်၊ ထောက်ပြလို့ရတဲ့အချက်တွေ ရှိနေရဲ့သားနဲ့ကို..."
ဖန်ကျင်းဇီက အိတ်ကပ်ထဲမှလက်ကိုင်ပုဝါကို ထုတ်ယူတယ်။
ထိုင်ခုံပေါ်ခင်းလိုက်ပြီး၊ အရှေ့ခြမ်းလေးမှာသာ ဝင်ထိုင်လာတယ်...ဝတ်စုံက အတော်လေးစျေးကြီးလို့ဖြစ်ရမယ်။
"ဒါက စကားရည်လုပြိုင်ပွဲမဟုတ်ဘူး၊ တရားခွင်ပဲ။ မင်းရဲ့လက်ရှိအတွေ့အကြုံတွေအပေါ်သာ မူတည်ခဲ့ရင်၊ အရှုံးဆိုတာကို ရှောင်လွှဲလို့မရဘူး"
ဖန်ကျင်းဇီက ခဏရပ်တန့်သွားပြီးမှ
"ဒါပေမဲ့ မင်းကစိတ်ဓာတ်ကြံ့ခိုင်တယ်။ တရားခွင်ထဲဝင်တဲ့အခါ လူတိုင်းနားလည်သင့်တာက...အလုပ်တစ်ခုသပ်သပ်ဆိုတာပဲ၊ ဒါက မင်းရဲ့ဘဝကြီးမဟုတ်ဘူး။ လုပ်နိုင်သမျှလုပ်ပြီး၊ ရလာဒ်ကိုလက်ခံပါ။ ဆုံးဖြတ်ပိုင်ခွင့်က တရားသူကြီးရဲ့လက်ထဲမှာလေ၊ မင်းလုပ်ရမှာက ကိုယ်ယုံကြည်တဲ့အမှန်တရားကို တင်ပြဖို့ပဲ"
စကားအဆုံးမှာ၊ ဟယ်ရှင်းချွမ်လက်ထဲမှ ရေဗူးအလွတ်ကိုလှမ်းယူတယ်။
သူထိုင်ခဲ့တဲ့ လက်ကိုင်ပုဝါကိုပါ ဆွဲယူလိုက်ပြီး၊ နှစ်ခုလုံးကို အမှိုက်ပုံးထဲလွှင့်ပစ်လိုက်ပါတယ်။
"မလိုအပ်တဲ့အရာတွေကို အဝေးလွှင့်ပစ်နိုင်ရမယ်"
ထွက်သွားဖို့ဟန်ပြင်နေတဲ့ဖန်ကျင်းဇီကို ဟယ်ရှင်းချွမ်က မေးခွန်းတစ်ခုမေးတယ်
"ရှေ့နေဖန်ရော၊ ပထမဆုံးတရားခွင်မှာ ရှုံးခဲ့တာလား?"
ဖန်ကျင်းဇီက ပြန်လှည့်ကြည့်လာတယ်၊ အလိုမကျတဲ့မျက်လုံးများဖြင့်။
"မမေးသင့်တဲ့မေးခွန်းတွေ မမေးစမ်းနဲ့"
ထို့နောက်မှာတော့၊ ထွက်ခွါသွားပါတော့တယ်။
ကျန်နေခဲ့တဲ့ဟယ်ရှင်းချွမ်ဟာ ရယ်မောနေရတယ်။ ခံစားချက်တွေဟာလည်း ပိုမိုကောင်းမွန်သွားခဲ့ပြီ။
ဒီလူက တကယ့်ကိုမာနခပ်ကြီးကြီးလူစားမျိုးပဲ!
...
နွေရာသီဟာ ခပ်မြန်မြန်ဘဲရောက်ရှိလာပါတယ်။
ရှေ့နေရုံးချုပ်ဘေးနားမှာ၊ ပရုတ်ပင်တွေဟာ တည်တံ့ခိုင်မြဲစွာအမြစ်တွယ်လို့။
ယန်ထန်က ရုံးအောက်မှာရပ်စောင့်ရင်း၊ ဆေးလိပ်သောက်နေခဲ့တယ်။
ဒုတိယမြောက်ဆေးလိပ်ကို မီးညှိတော့၊ အဆောက်အဦးထဲမှ ထွက်လာတဲ့ဖြူလေး။
စိတ်ပျက်လက်ပျက်မျက်နှာပေးနဲ့ပါလား!
ဖြူလေးကို ကျွမ်းကျင်စွာပဲ ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။
ဟယ်ရှင်းချွမ်က သူ့လည်ပင်းကို ခေါင်းလေးနဲ့ပွတ်သပ်လာပြီး
"ထန်ကော...ငါရှုံးသွားတယ်"
"အမှုရင်ဆိုင်တာလား?"
"အင်း"
"စိတ်မပူပါနဲ့၊ သုံးခါ လေးခါလောက်ရှုံးလည်း သင်ယူစရာတွေရလာဦးမှာပါ!"
"......"
သူ့ထန်ကောရဲ့ လူတွေကိုနှစ်သိမ့်နည်းကြီးကလည်း!
ဆိုးရွားလိုက်တာနော်!!!
ဟယ်ရှင်းချွမ်က ပြန်ငြင်းချင်ပေမဲ့၊ ယန်ထန်က သူ့ခါးကိုတစ်ချက်ပုတ်ပေးပြီး ကိုယ်ကိုခွါလိုက်လေရဲ့။
သပ်ရပ်စွာဝတ်စားထားတဲ့အမျိုးသားဟာ ရုံးချုပ်ထဲမှထွက်လာပါတယ်။
ဟယ်ရှင်းချွမ်နဲ့ ယန်ထန်ကိုမြင်တော့၊ အနားသို့လျှောက်လာကာ နှုတ်ဆက်စကားဆိုတယ်။
"ရှင်းချွမ်ကို လိုအပ်တာရှိရင်သင်ပြပေးဖို့ တောင်းဆိုပါတယ် ရှေ့နေဖန်"
ယန်ထန်က စီးကရက်တစ်လိပ်ကမ်းပေးလာတယ်။
ဖန်ကျင်းဇီက လက်ခါပြတယ်။
ယန်ထန့်မျက်နှာကို အချိန်အတော်ကြာစိုက်ကြည့်နေပြီးတော့မှ
"အရမ်းတော်တဲ့ကျောင်းသားကို သင်ပြပေးရတာ၊ ကျွန်တော်က ပိုဂုဏ်ယူရမှာပါ"
ဖန်ကျင်းဇီကို နှုတ်ဆက်ခဲ့ပြီး၊ နှစ်ယောက်သား အိမ်ပြန်လာခဲ့ကျတယ်။
ဟယ်ရှင်းချွမ်ဟာ စိတ်အလိုမကျဖြစ်နေရပါတယ်။
ယန်ထန့်ရှပ်အင်္ကျီစကို လှမ်းဆွဲလာကာ
"ထန်ကော...ရှေ့နေဖန်ရဲ့အကြည့်တွေက နည်းနည်းတစ်မျိုးဖြစ်နေသလိုပဲ"
မီးပွိုင့်နီနေတာကြောင့်၊ ယန်ထန်က ဖြူလေးလက်ကို ပြန်လည်ဆုပ်ကိုင်လိုက်တယ်။
ကားရဲ့အတွင်းပိုင်းဟာ လေအေးပေးစက်ကြောင့် အေးစက်နေရတယ်၊ သူတို့လက်တွေလည်း အေးစက်ကုန်ပြီ။
"မင်းအမြင်မှာ အရမ်းချောနေတိုင်း၊ သူများကပါ အဲ့လိုတွေးမယ်လို့ထင်မနေနဲ့။ စိတ်ကူးယဉ်တာလေး နည်းနည်းလျော့ပါဦး ဖြူလေးရဲ့"
"ကိုယ့်ကိုယ်ကိုမြှောက်ပင့်မနေနဲ့!"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]
"ထန္၊ ဒါက ဒီႏွစ္ေႏြဦးအတြက္ လူသစ္ေလွ်ာက္လႊာေတြပဲ။ တစ္ခ်က္ေလာက္စစ္ၾကည့္ဦး"
ယန္ထန္က သူ႔ေရွ႕ေရာက္လာတဲ့စာရင္းကို တစ္ခ်က္ေဝ့ၾကည့္လိုက္တယ္။
ၿပီးေနာက္ မ်က္ခုံးပင့္လာကာ
"ဒီတစ္ေယာက္ကို ေခၚထားလိုက္"
အန္ဂ်လာက နာမည္ကိုလွမ္းဖတ္ၾကည့္တယ္။
သူမရဲ႕တ႐ုတ္စာလယ္ဗယ္က ပင္ယင္းအဆင့္မွာပဲရွိေသးတာ၊ အသံထြက္ဖို႔ကို မနည္းႀကိဳးစားေနရတယ္
"ဟုန္ကု?"
"ဟုန္ဟူ၊ ေကာင္းဟုန္ဟူ"
"သူက နင္နဲ႔ညိထားဖူးလို႔လား?"
အန္ဂ်လာမ်က္ႏွာေပးဟာ စပ္စုလိုစိတ္အျပည့္ျဖင့္။
"ငါ့ရဲ႕ျဖဴေလးကို ျပႆနာရွာဖူးတယ္၊ သူနဲ႔စာရင္းရွင္းလို႔ မၿပီးေသးဘူး"
ေျပာရင္းနဲ႔ပဲ၊ ယန္ထန္က စီးကရက္တစ္လိပ္ကိုမီးညႇိလိုက္ကာ
"သူ႔ကိုထိမရေသးလို႔ ခဏလႊတ္ထားေပးတာ၊ ငါ့ဆီတည့္တည့္ႀကီး ေျပးလာတယ္ဆိုေတာ့လည္း...အမိအရဖမ္းထားရမွာေပါ့"
နားေထာင္ေနတဲ့အန္ဂ်လာက 'အမိအရဖမ္းထားမယ္'ဆိုသည့္စကားရဲ႕ အဓိပၸာယ္ကိုနားမလည္ႏိုင္ေပ။
ထိုင္ေတြးေနမိေပမဲ့၊ တကယ္ႀကီးကိုနားမလည္ဘူး။
အဲ့ေတာ့၊ သူ႔ထက္ပိုနားလည္သူေလး ယုတုန္ဆီ စာပို႔လိုက္တယ္
[ ေဘဘီ! 'အမိအရဖမ္းထားမယ္'ဆိုတဲ့စကားက ဘာကိုဆိုလိုတာလဲ? ]
ယုတုန္က အဂၤလိပ္စကားနဲ႔ ရွင္းျပခ်က္စာအရွည္ႀကီး ျပန္ပို႔ေလရဲ႕။
အဓိပၸာယ္ကို အၾကမ္းဖ်င္းနားလည္ၿပီးေနာက္မွာ၊ အန္ဂ်လာက ယန္ထန္႔ကိုပုခုံးပုတ္ေပးလာၿပီး
"ဂ႐ုေတာ့စိုက္ဦး။ တ႐ုတ္ျပည္မွာ ေသဒဏ္ကိုမပယ္ဖ်က္ရေသးဘူးမလား?"
"သြားစမ္းပါ!"
...
"ေရွ႕ေနဟယ္၊ ဒီအမႈကို မင္းတာဝန္ယူလိုက္"
ဟယ္ရွင္းခြၽမ္ဟာ အံ့ဩသြားရတယ္။
သို႔ေသာ္လည္း၊ ဖန္က်င္းဇီကမ္းေပးလာတဲ့ ဖိုင္တြဲကို လက္ခံလိုက္ရပါတယ္
"ဒါေပမဲ့...ကြၽန္ေတာ္က အခုမွ..."
"တရားခြင္ဆိုတာ မင္းအဆင္သင့္ျဖစ္မွာကို ေစာင့္ေပးမဲ့ေနရာတစ္ခုမဟုတ္ဘူး။ မလုပ္ႏိုင္ဘူးထင္ရင္၊ ေက်ာင္းျပန္သြားၿပီး ထပ္ေလ့လာခဲ့။ တရားခြင္ထဲေတာင္မဝင္ရဲတဲ့လက္ေထာက္မ်ိဳး ငါအလိုမရွိဘူး!"
ဖန္က်င္းဇီအၾကည့္ေတြဟာ ေအးစက္စက္ျဖင့္။
တံခါးကိုတြန္းဖြင့္ကာ၊ ႐ုံးခန္းထဲမွ ထြက္ခြါသြားေတာ့တယ္။
တရားခြင္။
တရားခြင္ထဲ တစ္ခါမွမေရာက္ဖူးတာ မဟုတ္ပါဘူး။
ဒါေပမဲ့၊ တရားလိုေရွ႕ေနေနရာမွာ ကိုယ္တိုင္ရပ္ရတဲ့အခါ...ထိတ္လန္႔မိတယ္။
ဟယ္ရွင္းခြၽမ္က သူ႔မ်က္ခြံကိုကုတ္ေနမိတယ္။
အခ်ိန္အေတာ္ၾကာ လ်စ္လ်ဴရႈထားခဲ့တဲ့ညာဘက္မ်က္လုံးဟာ၊ ႐ုတ္တရပ္ႀကီး ယားက်ိက်ိျဖစ္လာသလိုပဲ။
တရားခြင္ထဲမွာ၊ ေလေအးေပးစက္ကို အျပည့္အဝဖြင့္ထားပါတယ္။
ဝတ္စုံျပည့္ဝတ္ထားရင္ေတာင္မွ၊ ပူအိုက္ျခင္းကို ခံစားရမွာမဟုတ္ေပ။
လူေတြဟာ ဝင္လိုက္ ထြက္လိုက္ျဖင့္။
တရားၿပိဳင္ဘက္မွေရွ႕ေနနဲ႔ အမႈသည္ထြက္သြားတာကို ျမင္လိုက္တယ္...အၿပဳံးေတြနဲ႔။
ေရဗူးကို လက္ထဲဆုပ္ကိုင္ထားကာ၊ ဟယ္ရွင္းခြၽမ္အေတြးမ်ားဟာ ဦးတည္ရာမဲ့ပ်ံ႕လြင့္လ်က္။
"ဘယ္လိုခံစားရလဲ?"
ဟယ္ရွင္းခြၽမ္က ေမာ့ၾကည့္လာတယ္။
အလမ္းေရာင္ကို ေက်ာေပးရပ္ထားေသာေၾကာင့္၊ ဖန္က်င္းဇီရဲ႕မ်က္ႏွာအမူအရာကို မျမင္ႏိုင္ဘူး။
ဟယ္ရွင္းခြၽမ္က ခဏတာေတြးေတာလိုက္တယ္။
"ေနာင္တရတယ္၊ ေထာက္ျပလို႔ရတဲ့အခ်က္ေတြ ရွိေနရဲ႕သားနဲ႔ကို..."
ဖန္က်င္းဇီက အိတ္ကပ္ထဲမွလက္ကိုင္ပုဝါကို ထုတ္ယူတယ္။
ထိုင္ခုံေပၚခင္းလိုက္ၿပီး၊ အေရွ႕ျခမ္းေလးမွာသာ ဝင္ထိုင္လာတယ္...ဝတ္စုံက အေတာ္ေလးေစ်းႀကီးလို႔ျဖစ္ရမယ္။
"ဒါက စကားရည္လုၿပိဳင္ပြဲမဟုတ္ဘူး၊ တရားခြင္ပဲ။ မင္းရဲ႕လက္ရွိအေတြ႕အႀကဳံေတြအေပၚသာ မူတည္ခဲ့ရင္၊ အရႈံးဆိုတာကို ေရွာင္လႊဲလို႔မရဘူး"
ဖန္က်င္းဇီက ခဏရပ္တန္႔သြားၿပီးမွ
"ဒါေပမဲ့ မင္းကစိတ္ဓာတ္ႀကံ့ခိုင္တယ္။ တရားခြင္ထဲဝင္တဲ့အခါ လူတိုင္းနားလည္သင့္တာက...အလုပ္တစ္ခုသပ္သပ္ဆိုတာပဲ၊ ဒါက မင္းရဲ႕ဘဝႀကီးမဟုတ္ဘူး။ လုပ္ႏိုင္သမွ်လုပ္ၿပီး၊ ရလာဒ္ကိုလက္ခံပါ။ ဆုံးျဖတ္ပိုင္ခြင့္က တရားသူႀကီးရဲ႕လက္ထဲမွာေလ၊ မင္းလုပ္ရမွာက ကိုယ္ယုံၾကည္တဲ့အမွန္တရားကို တင္ျပဖို႔ပဲ"
စကားအဆုံးမွာ၊ ဟယ္ရွင္းခြၽမ္လက္ထဲမွ ေရဗူးအလြတ္ကိုလွမ္းယူတယ္။
သူထိုင္ခဲ့တဲ့ လက္ကိုင္ပုဝါကိုပါ ဆြဲယူလိုက္ၿပီး၊ ႏွစ္ခုလုံးကို အမႈိက္ပုံးထဲလႊင့္ပစ္လိုက္ပါတယ္။
"မလိုအပ္တဲ့အရာေတြကို အေဝးလႊင့္ပစ္ႏိုင္ရမယ္"
ထြက္သြားဖို႔ဟန္ျပင္ေနတဲ့ဖန္က်င္းဇီကို ဟယ္ရွင္းခြၽမ္က ေမးခြန္းတစ္ခုေမးတယ္
"ေရွ႕ေနဖန္ေရာ၊ ပထမဆုံးတရားခြင္မွာ ရႈံးခဲ့တာလား?"
ဖန္က်င္းဇီက ျပန္လွည့္ၾကည့္လာတယ္၊ အလိုမက်တဲ့မ်က္လုံးမ်ားျဖင့္။
"မေမးသင့္တဲ့ေမးခြန္းေတြ မေမးစမ္းနဲ႔"
ထို႔ေနာက္မွာေတာ့၊ ထြက္ခြါသြားပါေတာ့တယ္။
က်န္ေနခဲ့တဲ့ဟယ္ရွင္းခြၽမ္ဟာ ရယ္ေမာေနရတယ္။ ခံစားခ်က္ေတြဟာလည္း ပိုမိုေကာင္းမြန္သြားခဲ့ၿပီ။
ဒီလူက တကယ့္ကိုမာနခပ္ႀကီးႀကီးလူစားမ်ိဳးပဲ!
...
ေႏြရာသီဟာ ခပ္ျမန္ျမန္ဘဲေရာက္ရွိလာပါတယ္။
ေရွ႕ေန႐ုံးခ်ဳပ္ေဘးနားမွာ၊ ပ႐ုတ္ပင္ေတြဟာ တည္တံ့ခိုင္ၿမဲစြာအျမစ္တြယ္လို႔။
ယန္ထန္က ႐ုံးေအာက္မွာရပ္ေစာင့္ရင္း၊ ေဆးလိပ္ေသာက္ေနခဲ့တယ္။
ဒုတိယေျမာက္ေဆးလိပ္ကို မီးညႇိေတာ့၊ အေဆာက္အဦးထဲမွ ထြက္လာတဲ့ျဖဴေလး။
စိတ္ပ်က္လက္ပ်က္မ်က္ႏွာေပးနဲ႔ပါလား!
ျဖဴေလးကို ကြၽမ္းက်င္စြာပဲ ရင္ခြင္ထဲဆြဲသြင္းလိုက္တယ္။
ဟယ္ရွင္းခြၽမ္က သူ႔လည္ပင္းကို ေခါင္းေလးနဲ႔ပြတ္သပ္လာၿပီး
"ထန္ေကာ...ငါရႈံးသြားတယ္"
"အမႈရင္ဆိုင္တာလား?"
"အင္း"
"စိတ္မပူပါနဲ႔၊ သုံးခါ ေလးခါေလာက္ရႈံးလည္း သင္ယူစရာေတြရလာဦးမွာပါ!"
"......"
သူ႔ထန္ေကာရဲ႕ လူေတြကိုႏွစ္သိမ့္နည္းႀကီးကလည္း!
ဆိုး႐ြားလိုက္တာေနာ္!!!
ဟယ္ရွင္းခြၽမ္က ျပန္ျငင္းခ်င္ေပမဲ့၊ ယန္ထန္က သူ႔ခါးကိုတစ္ခ်က္ပုတ္ေပးၿပီး ကိုယ္ကိုခြါလိုက္ေလရဲ႕။
သပ္ရပ္စြာဝတ္စားထားတဲ့အမ်ိဳးသားဟာ ႐ုံးခ်ဳပ္ထဲမွထြက္လာပါတယ္။
ဟယ္ရွင္းခြၽမ္နဲ႔ ယန္ထန္ကိုျမင္ေတာ့၊ အနားသို႔ေလွ်ာက္လာကာ ႏႈတ္ဆက္စကားဆိုတယ္။
"ရွင္းခြၽမ္ကို လိုအပ္တာရွိရင္သင္ျပေပးဖို႔ ေတာင္းဆိုပါတယ္ ေရွ႕ေနဖန္"
ယန္ထန္က စီးကရက္တစ္လိပ္ကမ္းေပးလာတယ္။
ဖန္က်င္းဇီက လက္ခါျပတယ္။
ယန္ထန္႔မ်က္ႏွာကို အခ်ိန္အေတာ္ၾကာစိုက္ၾကည့္ေနၿပီးေတာ့မွ
"အရမ္းေတာ္တဲ့ေက်ာင္းသားကို သင္ျပေပးရတာ၊ ကြၽန္ေတာ္က ပိုဂုဏ္ယူရမွာပါ"
ဖန္က်င္းဇီကို ႏႈတ္ဆက္ခဲ့ၿပီး၊ ႏွစ္ေယာက္သား အိမ္ျပန္လာခဲ့က်တယ္။
ဟယ္ရွင္းခြၽမ္ဟာ စိတ္အလိုမက်ျဖစ္ေနရပါတယ္။
ယန္ထန္႔ရွပ္အက်ႌစကို လွမ္းဆြဲလာကာ
"ထန္ေကာ...ေရွ႕ေနဖန္ရဲ႕အၾကည့္ေတြက နည္းနည္းတစ္မ်ိဳးျဖစ္ေနသလိုပဲ"
မီးပြိဳင့္နီေနတာေၾကာင့္၊ ယန္ထန္က ျဖဴေလးလက္ကို ျပန္လည္ဆုပ္ကိုင္လိုက္တယ္။
ကားရဲ႕အတြင္းပိုင္းဟာ ေလေအးေပးစက္ေၾကာင့္ ေအးစက္ေနရတယ္၊ သူတို႔လက္ေတြလည္း ေအးစက္ကုန္ၿပီ။
"မင္းအျမင္မွာ အရမ္းေခ်ာေနတိုင္း၊ သူမ်ားကပါ အဲ့လိုေတြးမယ္လို႔ထင္မေနနဲ႔။ စိတ္ကူးယဥ္တာေလး နည္းနည္းေလ်ာ့ပါဦး ျဖဴေလးရဲ႕"
"ကိုယ့္ကိုယ္ကိုေျမႇာက္ပင့္မေနနဲ႔!"