[Unicode]
နာရီဝက်အတွင်းမှာပဲ၊ Land Roverတစ်စီးဟာ ဘာဘီကျူးဆိုင်အရှေ့သို့ ရောက်ရှိလာခဲ့တယ်။
ကားပေါ်မှဆင်းလာတဲ့အမျိုးသားဟာ အညိုရောင်ဖျော့ဖျော့ကုတ်အရှည်ကို ဝတ်ဆင်ထားပြီး၊ ဆံပင်တွေကိုလှန်တင်ထားတယ်။
ဖော်ပြထားတဲ့မျက်လုံးစူးစူးတွေနဲ့၊ အမူအရာကင်းမဲ့နေသောမျက်နှာထား။
ပြေပြစ်စွာထုဆစ်ထားတဲ့ ကျောက်ဆစ်ရုပ်တစ်ခုအလားပင်။
လောင်ကွမ်က ယန်ထန်ဝင်လာတာကိုမြင်လိုက်တော့၊ အလိုလိုပဲ ဟယ်ရှင်းချွမ်ကိုပြန်ကြည့်မိတယ်။
ယန်ထန့်အကြည့်တွေကတော့၊ ဆံပင်စုတ်ဖွားလေးနဲ့ ဘီယာပုလင်းပိုက်ထားတဲ့ဖြူလေးဆီမှာသာ။
"သူဘယ်လောက်တောင် သောက်ထားတာလဲ?"
"အရမ်းမများပါဘူး! သူမသောက်နိုင်တာကို ငါသိတယ်။ သူ့ကိုအရမ်းမတိုက်ထားဘူး!"
ယန်ထန့်အသံကြားသောကြောင့်၊ ဟယ်ရှင်းချွမ်ဟာ ခေါင်းလေးထောင်လာပါရဲ့။
ထန်ကောက အရမ်းချောတာပဲ!
သူ့ဘေးနားမှာအိပ်ပျော်နေတဲ့ စန်းအာကိုပါအတင်းလှုပ်နှိုးနေရင်း
"စန်းအာ! စန်းအာ! ထဦး! မင်းနဲ့မိတ်ဆက်ပေးမယ်!"
စန်းအာက ခေါင်းလိုက်ထောင်လာပြီး
"အခုသာစာမကျက်ရင်...စာမေးပွဲပြီးမှ ကျက်ချင်တယ်ဆိုရင်တောင်၊ မဖြစ်နိုင်တော့ဘူး!"
စန်းအာရဲ့အမူးသမားစကားကို ဟယ်ရှင်းချွမ်ကဂရုမစိုက်နိုင်သေးပါဘူး။
ပျော်ရွှင်နေတဲ့မျက်နှာထားလေးဖြင့်၊ လောင်ကွမ်ကိုပါ မိတ်ဆက်ပေးလာတယ်။
"လောင်ကွမ်! ဒါက ငါ့ရဲ့ချစ်သူ ယန်ထန်"
လောင်ကွမ်က သူ့ခေါင်းသူကုတ်နေကာ
"ထန်ကော!"
"......"
ယန်ထန်က ဟယ်ရှင်းချွမ်ကိုတွဲထူလိုက်တယ်။
"ရှင်းချွမ်ကို အိမ်ပြန်ခေါ်သွားလိုက်တော့မယ်၊ ထားခဲ့လို့အဆင်ပြေတယ်မလား?"
"ဒါက ပထမဆုံးအကြိမ်မဟုတ်ဘူး!"
စန်းအာရဲ့ပုခုံးကိုပုတ်လိုက်ရင်း
"စန်းအာ ထတော့! မင်းကို အဆောင်ပြန်ခေါ်သွားပေးမယ်!"
ကားထဲရောက်လာတဲ့ဖြူလေးဟာ သက်တောင့်သက်သာအိပ်ပျော်နေလိုက်တာ...ဟောက်ပါဟောက်နေသေး။
အတော်ကိုနောက်ကျနေပြီဖြစ်တာကြောင့်၊ လမ်းမထက်မှာ လူသူကင်းမဲ့နေခဲ့တယ်။
ကားရှေ့မှန်ပေါ်ကျလာတဲ့မိုးစက်တွေ...ရေယက်တွေကသုတ်လိုက်တဲ့အခါ ပြန်လည်ပျောက်ကွယ်သွားရင်း။
ပထမတော့ မိုးဖွဲယုံလေးပဲ၊ အခုတော့ တဖြည်းဖြည်းမိုးသည်းလာခဲ့ပြီ။ လေတွေပါတိုက်ခတ်နေတယ်။
ကားကို မြေအောက်ထပ်ကားပါကင်ဆီတန်းမောင်းသွားလိုက်တယ်၊ ဒီလိုမှပဲ မိုးမမိတော့မှာလေ။
ဟယ်ရှင်းချွမ်က ကြည့်လိုက်ရင်သာအရပ်ရှည်တယ်၊ တကယ်တမ်းက အရိုးပဲရှိပြီး အသားမရှိတဲ့လူမျိုး။
သူ့ထန်ကောရဲ့နောက်ကျောထက်မှာ ခြေကားယား လက်ကားယားလေးဖြင့်။
"ထန်ကော..."
"ဟမ်?"
မူးပြီး အော်ချင်ရာအော်နေတယ်ထင်ပါရဲ့။
ဟယ်ရှင်းချွမ်က သုံးခါတောင်အန်တယ်။
အန်ပြီးတဲ့အဆုံးမှာတော့ အစာအိမ်ပါနာလာသလိုပဲ!
ရေချိုးကန်ထဲမှာ ရေနွေးနွေးလေးနဲ့ရေစိမ်ချိုးတယ်၊ ပြီးတာနဲ့ ကုတင်ပေါ်မှာစောင်ခြုံပြီးကွေးနေတယ်။
ယန်ထန်က ရေနွေးနွေးလေးတစ်ခွက်ခပ်ပေးလာပြီး၊ ဟယ်ရှင်းချွမ်ကို ဆူပူတဲ့လေသံဖြင့်
"ဘာလို့ အဲ့လောက်တောင်သောက်လာရတာလဲ?"
"ထန်ကော...ငါ...အကုန်လုံးကို မှန်အောင်လုပ်နိုင်ခဲ့တယ်မဟုတ်လား?"
ဟယ်ရှင်းချွမ်စကားသံများဟာ ဗလုံးဗထွေးဖြစ်နေခဲ့တယ်။
ဖြူလေးရဲ့ဆံပင်တွေကို ဆွဲဖွလိုက်ပြီး
"ဘာတွေလုပ်ခဲ့လို့လဲ?"
ဟယ်ရှင်းချွမ်မျက်လုံးတွေဟာ ရီဝေဝေဖြစ်နေတုန်းပဲ၊ ယန်ထန့်လက်ချောင်းတွေနဲ့ ဆော့ကစားနေကာ
"သူတို့နှစ်ယောက်လုံးကို လမ်းဆုံးရောက်အောင်ပို့ပေးလိုက်တယ်!"
ဥပဒေချိုးဖောက်တဲ့ ဥပဒေကျောင်းသားရယ်၊ ကျောင်းသားကိုစော်ကားပြောဆိုတဲ့ ဆရာရယ်။
အနာဂတ်ဟာ ဘယ်ဖြောင့်ဖြူးပါတော့မလဲ။
နှလုံးသားထဲကခံစားချက်ကြီးကို ယန်ထန်အမည်မတပ်တတ်ဘူး။
သူ့ရဲ့ဖြူလေး...ဘယ်လိုမျိုးသက်သေရှာမယ် ဘယ်လိုမျိုးမှတ်တမ်းတင်ထားမယ် တရားစွဲဖို့ ဘယ်လိုစီစဉ်ရမယ် ကျောင်းရဲ့ဖိအားတွေကို ဘယ်လိုရင်ဆိုင်ရမယ်...သူ အကုန်ကြားနေခဲ့တာ။
သူ့ဖြူလေးဟာ အရာရာကိုတစ်ယောက်တည်း လုပ်ကိုင်သွားရတာပါလား။
"ထန်ကော...ငါ မင်းကိုကာကွယ်နိုင်ပါတယ်။ ငါက အရမ်းတော်တဲ့ရှေ့နေလေ!"
ကုန်းရုန်းထလာပြီး၊ ယန်ထန့်ကို အနမ်းပေးပြီးခါမှ
"ထန်ကောအတွက်ပဲ ရပ်တည်ပေးမယ်။ အနိုင်ကျင့်မဲ့လူတိုင်းကို သေအောင်တိုက်ခိုက်ပစ်မယ်! ငါကရှေ့နေပဲ! ငါက ရှေ့နေတစ်ယောက်!"
ထိုနှစ်ယောက်ကို ဟယ်ရှင်းချွမ်မညှာတာရတဲ့အကြောင်းအရင်း...ယန်ထန် ရိပ်မိပါတယ်။
ဟယ်ရှင်းချွမ်အထိမခံနိုင်တာကို လာထိမိလို့ပေါ့။
အဲ့ဒါကလည်း တစ်ခုပဲဖြစ်နိုင်ချေရှိတယ်လေ...ယန်ထန်။
"ငါ့ကိုကော အဲ့လိုမျိုးအနိုင်ကျင့်မှာလား?"
ယန်ထန်က မေးခွန်းထုတ်တယ်၊ ဟယ်ရှင်းချွမ်ပါးလေးကို ခပ်ဖွဖွထိကိုင်လာပြီး။
"မလုပ်ဘူး! လုံးဝပဲ! ဘာလို့လဲဆိုတော့-"
ဖြူလေးမျက်နှာထက်မှာ ဂုဏ်ယူတဲ့အပြုံးလေးရှိနေခဲ့တယ်။
"ငါ့ရဲ့ဥပဒေက မင်းတစ်ယောက်အတွက်ပဲ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]
နာရီဝက္အတြင္းမွာပဲ၊ Land Roverတစ္စီးဟာ ဘာဘီက်ဴးဆိုင္အေရွ႕သို႔ ေရာက္ရွိလာခဲ့တယ္။
ကားေပၚမွဆင္းလာတဲ့အမ်ိဳးသားဟာ အညိဳေရာင္ေဖ်ာ့ေဖ်ာ့ကုတ္အရွည္ကို ဝတ္ဆင္ထားၿပီး၊ ဆံပင္ေတြကိုလွန္တင္ထားတယ္။
ေဖာ္ျပထားတဲ့မ်က္လုံးစူးစူးေတြနဲ႔၊ အမူအရာကင္းမဲ့ေနေသာမ်က္ႏွာထား။
ေျပျပစ္စြာထုဆစ္ထားတဲ့ ေက်ာက္ဆစ္႐ုပ္တစ္ခုအလားပင္။
ေလာင္ကြမ္က ယန္ထန္ဝင္လာတာကိုျမင္လိုက္ေတာ့၊ အလိုလိုပဲ ဟယ္ရွင္းခြၽမ္ကိုျပန္ၾကည့္မိတယ္။
ယန္ထန္႔အၾကည့္ေတြကေတာ့၊ ဆံပင္စုတ္ဖြားေလးနဲ႔ ဘီယာပုလင္းပိုက္ထားတဲ့ျဖဴေလးဆီမွာသာ။
"သူဘယ္ေလာက္ေတာင္ ေသာက္ထားတာလဲ?"
"အရမ္းမမ်ားပါဘူး! သူမေသာက္ႏိုင္တာကို ငါသိတယ္။ သူ႔ကိုအရမ္းမတိုက္ထားဘူး!"
ယန္ထန္႔အသံၾကားေသာေၾကာင့္၊ ဟယ္ရွင္းခြၽမ္ဟာ ေခါင္းေလးေထာင္လာပါရဲ႕။
ထန္ေကာက အရမ္းေခ်ာတာပဲ!
သူ႔ေဘးနားမွာအိပ္ေပ်ာ္ေနတဲ့ စန္းအာကိုပါအတင္းလႈပ္ႏႈိးေနရင္း
"စန္းအာ! စန္းအာ! ထဦး! မင္းနဲ႔မိတ္ဆက္ေပးမယ္!"
စန္းအာက ေခါင္းလိုက္ေထာင္လာၿပီး
"အခုသာစာမက်က္ရင္...စာေမးပြဲၿပီးမွ က်က္ခ်င္တယ္ဆိုရင္ေတာင္၊ မျဖစ္ႏိုင္ေတာ့ဘူး!"
စန္းအာရဲ႕အမူးသမားစကားကို ဟယ္ရွင္းခြၽမ္ကဂ႐ုမစိုက္ႏိုင္ေသးပါဘူး။
ေပ်ာ္႐ႊင္ေနတဲ့မ်က္ႏွာထားေလးျဖင့္၊ ေလာင္ကြမ္ကိုပါ မိတ္ဆက္ေပးလာတယ္။
"ေလာင္ကြမ္! ဒါက ငါ့ရဲ႕ခ်စ္သူ ယန္ထန္"
ေလာင္ကြမ္က သူ႔ေခါင္းသူကုတ္ေနကာ
"ထန္ေကာ!"
"......"
ယန္ထန္က ဟယ္ရွင္းခြၽမ္ကိုတြဲထူလိုက္တယ္။
"ရွင္းခြၽမ္ကို အိမ္ျပန္ေခၚသြားလိုက္ေတာ့မယ္၊ ထားခဲ့လို႔အဆင္ေျပတယ္မလား?"
"ဒါက ပထမဆုံးအႀကိမ္မဟုတ္ဘူး!"
စန္းအာရဲ႕ပုခုံးကိုပုတ္လိုက္ရင္း
"စန္းအာ ထေတာ့! မင္းကို အေဆာင္ျပန္ေခၚသြားေပးမယ္!"
ကားထဲေရာက္လာတဲ့ျဖဴေလးဟာ သက္ေတာင့္သက္သာအိပ္ေပ်ာ္ေနလိုက္တာ...ေဟာက္ပါေဟာက္ေနေသး။
အေတာ္ကိုေနာက္က်ေနၿပီျဖစ္တာေၾကာင့္၊ လမ္းမထက္မွာ လူသူကင္းမဲ့ေနခဲ့တယ္။
ကားေရွ႕မွန္ေပၚက်လာတဲ့မိုးစက္ေတြ...ေရယက္ေတြကသုတ္လိုက္တဲ့အခါ ျပန္လည္ေပ်ာက္ကြယ္သြားရင္း။
ပထမေတာ့ မိုးဖြဲယုံေလးပဲ၊ အခုေတာ့ တျဖည္းျဖည္းမိုးသည္းလာခဲ့ၿပီ။ ေလေတြပါတိုက္ခတ္ေနတယ္။
ကားကို ေျမေအာက္ထပ္ကားပါကင္ဆီတန္းေမာင္းသြားလိုက္တယ္၊ ဒီလိုမွပဲ မိုးမမိေတာ့မွာေလ။
ဟယ္ရွင္းခြၽမ္က ၾကည့္လိုက္ရင္သာအရပ္ရွည္တယ္၊ တကယ္တမ္းက အ႐ိုးပဲရွိၿပီး အသားမရွိတဲ့လူမ်ိဳး။
သူ႔ထန္ေကာရဲ႕ေနာက္ေက်ာထက္မွာ ေျခကားယား လက္ကားယားေလးျဖင့္။
"ထန္ေကာ..."
"ဟမ္?"
မူးၿပီး ေအာ္ခ်င္ရာေအာ္ေနတယ္ထင္ပါရဲ႕။
ဟယ္ရွင္းခြၽမ္က သုံးခါေတာင္အန္တယ္။
အန္ၿပီးတဲ့အဆုံးမွာေတာ့ အစာအိမ္ပါနာလာသလိုပဲ!
ေရခ်ိဳးကန္ထဲမွာ ေရေႏြးေႏြးေလးနဲ႔ေရစိမ္ခ်ိဳးတယ္၊ ၿပီးတာနဲ႔ ကုတင္ေပၚမွာေစာင္ၿခဳံၿပီးေကြးေနတယ္။
ယန္ထန္က ေရေႏြးေႏြးေလးတစ္ခြက္ခပ္ေပးလာၿပီး၊ ဟယ္ရွင္းခြၽမ္ကို ဆူပူတဲ့ေလသံျဖင့္
"ဘာလို႔ အဲ့ေလာက္ေတာင္ေသာက္လာရတာလဲ?"
"ထန္ေကာ...ငါ...အကုန္လုံးကို မွန္ေအာင္လုပ္ႏိုင္ခဲ့တယ္မဟုတ္လား?"
ဟယ္ရွင္းခြၽမ္စကားသံမ်ားဟာ ဗလုံးဗေထြးျဖစ္ေနခဲ့တယ္။
ျဖဴေလးရဲ႕ဆံပင္ေတြကို ဆြဲဖြလိုက္ၿပီး
"ဘာေတြလုပ္ခဲ့လို႔လဲ?"
ဟယ္ရွင္းခြၽမ္မ်က္လုံးေတြဟာ ရီေဝေဝျဖစ္ေနတုန္းပဲ၊ ယန္ထန္႔လက္ေခ်ာင္းေတြနဲ႔ ေဆာ့ကစားေနကာ
"သူတို႔ႏွစ္ေယာက္လုံးကို လမ္းဆုံးေရာက္ေအာင္ပို႔ေပးလိုက္တယ္!"
ဥပေဒခ်ိဳးေဖာက္တဲ့ ဥပေဒေက်ာင္းသားရယ္၊ ေက်ာင္းသားကိုေစာ္ကားေျပာဆိုတဲ့ ဆရာရယ္။
အနာဂတ္ဟာ ဘယ္ေျဖာင့္ျဖဴးပါေတာ့မလဲ။
ႏွလုံးသားထဲကခံစားခ်က္ႀကီးကို ယန္ထန္အမည္မတပ္တတ္ဘူး။
သူ႔ရဲ႕ျဖဴေလး...ဘယ္လိုမ်ိဳးသက္ေသရွာမယ္ ဘယ္လိုမ်ိဳးမွတ္တမ္းတင္ထားမယ္ တရားစြဲဖို႔ ဘယ္လိုစီစဥ္ရမယ္ ေက်ာင္းရဲ႕ဖိအားေတြကို ဘယ္လိုရင္ဆိုင္ရမယ္...သူ အကုန္ၾကားေနခဲ့တာ။
သူ႔ျဖဴေလးဟာ အရာရာကိုတစ္ေယာက္တည္း လုပ္ကိုင္သြားရတာပါလား။
"ထန္ေကာ...ငါ မင္းကိုကာကြယ္ႏိုင္ပါတယ္။ ငါက အရမ္းေတာ္တဲ့ေရွ႕ေနေလ!"
ကုန္း႐ုန္းထလာၿပီး၊ ယန္ထန္႔ကို အနမ္းေပးၿပီးခါမွ
"ထန္ေကာအတြက္ပဲ ရပ္တည္ေပးမယ္။ အႏိုင္က်င့္မဲ့လူတိုင္းကို ေသေအာင္တိုက္ခိုက္ပစ္မယ္! ငါကေရွ႕ေနပဲ! ငါက ေရွ႕ေနတစ္ေယာက္!"
ထိုႏွစ္ေယာက္ကို ဟယ္ရွင္းခြၽမ္မညႇာတာရတဲ့အေၾကာင္းအရင္း...ယန္ထန္ ရိပ္မိပါတယ္။
ဟယ္ရွင္းခြၽမ္အထိမခံႏိုင္တာကို လာထိမိလို႔ေပါ့။
အဲ့ဒါကလည္း တစ္ခုပဲျဖစ္ႏိုင္ေခ်ရွိတယ္ေလ...ယန္ထန္။
"ငါ့ကိုေကာ အဲ့လိုမ်ိဳးအႏိုင္က်င့္မွာလား?"
ယန္ထန္က ေမးခြန္းထုတ္တယ္၊ ဟယ္ရွင္းခြၽမ္ပါးေလးကို ခပ္ဖြဖြထိကိုင္လာၿပီး။
"မလုပ္ဘူး! လုံးဝပဲ! ဘာလို႔လဲဆိုေတာ့-"
ျဖဴေလးမ်က္ႏွာထက္မွာ ဂုဏ္ယူတဲ့အၿပဳံးေလးရွိေနခဲ့တယ္။
"ငါ့ရဲ႕ဥပေဒက မင္းတစ္ေယာက္အတြက္ပဲ"