[Unicode]
ဟယ်ရှင်းချွမ်က သိုးသားဟင်းပွဲကိုမှာစားခဲ့တယ်။သို့သော်လည်း၊ အသားရဲ့ညှီနံ့ကြောင့်ကောင်းကောင်းမစားနိုင်ခဲ့ဘူး။
သပ်ရပ်စွာလှီးဖြတ်ထားတဲ့ အမဲသားကင်Steakပန်းကန်ဟာ၊ သူ့ရှေ့ရောက်လာခဲ့တယ်။
ယန်ထန်က သူ့ပန်းကန်နဲ့လဲပေးလိုက်ခြင်း။
"ဒီဟာစားလိုက်၊ မင်းပန်းကန် ငါ့ကိုပေး"
အမဲသားကင်က အနေတော်လေးရယ်။
လှီးဖြတ်ထားပုံက အသားရဲ့နူးညံ့မှုကိုပေါ်လွင်စေပြီး၊ စားချင်စဖွယ်ကောင်းလှတယ်။
စားပွဲပေါ်မှာ ဟင်းပွဲများစွာရှိနေပေမဲ့၊ ဟယ်ရှင်းချွမ်အကြိုက်တွေ့တာတော့ နည်းပါးလွန်းပါတယ်။
ဘာပဲဖြစ်ဖြစ်ပါလေ၊ သူ့ညီလေးဟယ်ရှင်းလျန်က ပျော်ရွှင်နေရတာပဲဟာ။
အခု မွေးနေ့ကိတ်မုန့်ခွဲဖို့ပဲကျန်တော့တယ်။
"ရှင်းလျန်၊ ထပ်စားချင်တာရှိသေးလား?"
"တော်ပြီ မစားချင်တော့ဘူး၊ ကိတ်မုန့်ခွဲကျမယ်လေ!"
ဟယ်ရှင်းလျန်ရဲ့မွေးနေ့အစစ်အမှန်ကို ဟယ်ရှင်းချွမ်မသိဘူး။
ခေါ်ယူလာခဲ့တဲ့နေ့ရက်ကိုပဲ မွေးနေ့အဖြစ်သတ်မှတ်ဖြစ်ခဲ့တာ....နှစ်တွေတောင်အတော်ကြာခဲ့ပြီပဲ။
ငေးကြည့်နေသူအစ်ကိုကြောင့်၊ ကိတ်လှီးနေတဲ့ဟယ်ရှင်းလျန်က အမေးစကားလှမ်းမေးလာတယ်
"ကိုကို! ဘာတွေစိုက်ကြည့်နေတာလဲ?"
"ဘယ်မှာကြည့်လို့လဲ? မကြည့်ပါဘူး!"
"ကြည့်နေပါတယ်နော်! မသိရင် နောက်ထပ်မတွေ့ရတော့မှာကျနေတာပဲ!"
ဟယ်ရှင်းချွမ်အပြုံးတွေဟာ ချက်ချင်းပျောက်ကွယ်သွားခဲ့တယ်။
ယန်ထန်ကပါ မျက်ခုံးတွေတွန့်ချိုးသွားရင်း၊ ဟယ်ရှင်းလျန်ကို ကိတ်မုန့်ပန်းကန်ပေးလိုက်ကာ
"မင်းရဲ့အတန်းဖော်လေးဆီ ကိတ်မုန့်သွားပို့လိုက်"
"...သူမအားဘူးလို့ ပြောခဲ့တယ်မလား?"
"ဒီလိုပုံစံမျိုးနဲ့ လူကိုလိုက်မလို့လား? တုံးလိုက်တာ!"
ယန်ထန့်စကားက သူ့ကိုလှုပ်နှိုးလိုက်သလိုပင်။
ဟယ်ရှင်းလျန်က မုန့်ပန်းကန်ကိုင်လျက်၊ သူ့ရဲ့အတန်းဖော်လေးဆီ ပြေးသွားလေရဲ့။
ကျောင်းသားလေးက အနည်းငယ်အံ့ဩသွားပုံပင်။
ခေါင်းလေးကုတ်ရင်း၊ ရှက်ပြုံးလေးပါပြုံးနေတယ်။
လူငယ်တွေများနော်!
ပန်းနုရောင်မြင်ကွင်းလေးဆီမှ အကြည့်လွှဲလိုက်ပြီး၊ သူ့ဖြူလေးရဲ့လက်ကို ဆုပ်ကိုင်လိုက်တယ်။
အမြဲနွေးထွေးနေကျလက်ဖဝါးငယ်ဟာ၊ အခုအချိန်မှာတော့ အေးစက်နေခဲ့ပါတယ်။
ချွေးစေးတွေပါပြန်လို့။
"သူ့ကိုမပြောပြသေးဘူးလား?"
ဟယ်ရှင်းချွမ်က ခေါင်းခါတယ်
"ငါ...နည်းနည်းလေး...စကားစမရှာနိုင်သေးလို့..."
...
အိမ်ပြန်ရောက်ချိန်မှာ၊ ညီအစ်ကိုနှစ်ယောက် စကားပြောနိုင်ဖို့အတွက် ယန်ထန်ကရှောင်ပေးလိုက်တယ်။
တီဗီဖွင့်ထားတဲ့ဧည့်ခန်းငယ်ထဲ၊ ဆိုဖာပေါ်ထိုင်နေတဲ့ညီအစ်ကိုနှစ်ယောက်။
"ရှင်းလျန်...ကိုကို့မှာပြောစရာရှိတယ်"
ဟယ်ရှင်းလျန်က စားပွဲပေါ်ရှိချိုချဉ်ဗူးကို မွှေနှောက်နေခဲ့တယ်။ သူက မက်မွန်သီးအရသာလိုက်ရှာနေခဲ့တာလေ။
"ဘာလို့လဲ?"
"......"
ချိုချဉ်ကို ပါးစပ်ထဲထည့်လိုက်တယ်၊ ထို့နောက်မှာတော့ သူ့ကိုကိုဘေးနားဝင်ထိုင်လာတယ်။
"ကိုကို တနေကုန်ထူးဆန်းနေသလိုပဲ? ထန်ကောနဲ့ရန်ဖြစ်ထားလို့လား?"
"ထန်ကောကိစ္စမဟုတ်ဘူး...မင်းရဲ့ကိစ္စ"
"ကျွန်တော့်ကိစ္စဆို ဘာတွေခက်ခဲနေတာလဲ!? ဒီညီအစ်ကိုတွေက အမြဲအတူရှိလာခဲ့တဲ့ဟာ! ဘာတွေများကွယ်ဝှက်ထားရမှာလဲ!?"
"ညီအစ်ကိုမဟုတ်ဘူး"
"ဟမ်?"
"ငါတို့က ညီအစ်ကိုတွေမဟုတ်ဘူးလို့"
ဟယ်ရှင်းလျန်ဟာ အပြုံးတွေကိုရပ်တန့်လိုက်တယ်။ သူ့အစ်ကိုလက်မောင်းကို ဆွဲကိုင်လာပြီး
"ကိုကို ဘာတွေပြောနေတာလဲ!? ကျွန်တော် စိတ်ဆိုးလိုက်မှာနော်!"
ဇာတ်လမ်းလေးက ကြောက်စရာကောင်းလောက်အောင် ရိုးရှင်းနေခဲ့ပါတယ်။
ဟယ်ရှင်းချွမ်စကားတွေက တရားခွင်မှလျှောက်လဲချက်တစ်ခုအလားပင်။
စကားအဆုံးမှာ၊ ဟယ်ရှင်းလျန်မျက်နှာပေါ် မည်သို့သောအမူအရာမှရှိမနေခဲ့ပေ။
ပါးစပ်ထဲကလိုင်ချီးအရသာချိုချဉ်ကို ရုတ်တရပ်ကြီးမုန်းတီးလာမိတယ်။
ချိုလွန်းတယ်...သဘောမကျဘူး။
ဘယ်လိုလုပ်ပြီး ဒီလူကအဲ့လိုပြောနိုင်ရတာလဲ?
ဒီလူက သူ့ရဲ့တစ်ဦးတည်းသောအစ်ကိုလေ!
ဒီစကားကို ဘယ်လိုများပြောထွက်နိုင်တာလဲ?
"ရှင်းလျန်! ရှင်းလျန်! မင်းဘယ်သွားမလို့လဲ!?"
တိုက်ခတ်လာတဲ့လေထုဟာ ဦးနှောက်ကိုထုံထိုင်းသွားစေတယ်။ နားရွက်တွေပါ အေးခဲသွားရပြီ။
စကားလုံးလေးတစ်လုံးပြောထွက်ဖို့တောင် အားအင်မလုံလောက်တော့ဘူး။
ဆောင်းရာသီရောက်လာတော့မှာလား?
"မင်းပြန်ဝင်နေလိုက်၊ ငါသွားရှာလိုက်မယ်"
ဟယ်ရှင်းချွမ်မျက်နှာဟာ ဖြူဆုတ်နေခဲ့တယ်။
"ဟင့်အင်း! ငါ...ငါ သူ့ကိုသွားရှာမှဖြစ်မယ်!"
ယန်ထန်က သူ့ရဲ့မာဖလာကိုဆွဲချွတ်လိုက်ပြီး၊ ဟယ်ရှင်းချွမ်ကိုဝတ်ပေးတယ်။
"အိမ်အရင်ပြန်လိုက်နော်။ မင်းရဲ့အခြေအနေက သူ့ထက်ပိုဆိုးနေတယ်၊ ကောပြောတာကို သဘောပေါက်တယ်မလား ဖြူလေး?"
"...ထန်ကော"
"မင်းရဲ့ထန်ကောကို ယုံကြည်တယ်မလား?"
အဆောက်အဦးရဲ့အောက်ထပ်မှာ၊ လေထုကပြင်းထန်လွန်းနေခဲ့တယ်။
ယန်ထန်ရဲ့အင်္ကျီအနားစကိုပါ တွန့်ကြေသွားလောက်တဲ့အထိ။
ဟယ်ရှင်းချွမ်က သူ့မျက်နှာကိုပွတ်သပ်နေပြီး၊ ခေါင်းလေးပါ ညိတ်ပြလာတယ်။
"ငါ...ငါပြန်သွားလိုက်မယ်"
ဟယ်ရှင်းချွမ်အပေါ်ပြန်တက်သွားခါမှ၊ ယန်ထန်ဟာ ပတ်ဝန်းကျင်မှာလူစရှာရတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]
ဟယ္ရွင္းခြၽမ္က သိုးသားဟင္းပြဲကိုမွာစားခဲ့တယ္။သို႔ေသာ္လည္း၊ အသားရဲ႕ညႇီနံ႔ေၾကာင့္ေကာင္းေကာင္းမစားႏိုင္ခဲ့ဘူး။
သပ္ရပ္စြာလွီးျဖတ္ထားတဲ့ အမဲသားကင္Steakပန္းကန္ဟာ၊ သူ႔ေရွ႕ေရာက္လာခဲ့တယ္။
ယန္ထန္က သူ႔ပန္းကန္နဲ႔လဲေပးလိုက္ျခင္း။
"ဒီဟာစားလိုက္၊ မင္းပန္းကန္ ငါ့ကိုေပး"
အမဲသားကင္က အေနေတာ္ေလးရယ္။
လွီးျဖတ္ထားပုံက အသားရဲ႕ႏူးညံ့မႈကိုေပၚလြင္ေစၿပီး၊ စားခ်င္စဖြယ္ေကာင္းလွတယ္။
စားပြဲေပၚမွာ ဟင္းပြဲမ်ားစြာရွိေနေပမဲ့၊ ဟယ္ရွင္းခြၽမ္အႀကိဳက္ေတြ႕တာေတာ့ နည္းပါးလြန္းပါတယ္။
ဘာပဲျဖစ္ျဖစ္ပါေလ၊ သူ႔ညီေလးဟယ္ရွင္းလ်န္က ေပ်ာ္႐ႊင္ေနရတာပဲဟာ။
အခု ေမြးေန႔ကိတ္မုန္႔ခြဲဖို႔ပဲက်န္ေတာ့တယ္။
"ရွင္းလ်န္၊ ထပ္စားခ်င္တာရွိေသးလား?"
"ေတာ္ၿပီ မစားခ်င္ေတာ့ဘူး၊ ကိတ္မုန္႔ခြဲက်မယ္ေလ!"
ဟယ္ရွင္းလ်န္ရဲ႕ေမြးေန႔အစစ္အမွန္ကို ဟယ္ရွင္းခြၽမ္မသိဘူး။
ေခၚယူလာခဲ့တဲ့ေန႔ရက္ကိုပဲ ေမြးေန႔အျဖစ္သတ္မွတ္ျဖစ္ခဲ့တာ....ႏွစ္ေတြေတာင္အေတာ္ၾကာခဲ့ၿပီပဲ။
ေငးၾကည့္ေနသူအစ္ကိုေၾကာင့္၊ ကိတ္လွီးေနတဲ့ဟယ္ရွင္းလ်န္က အေမးစကားလွမ္းေမးလာတယ္
"ကိုကို! ဘာေတြစိုက္ၾကည့္ေနတာလဲ?"
"ဘယ္မွာၾကည့္လို႔လဲ? မၾကည့္ပါဘူး!"
"ၾကည့္ေနပါတယ္ေနာ္! မသိရင္ ေနာက္ထပ္မေတြ႕ရေတာ့မွာက်ေနတာပဲ!"
ဟယ္ရွင္းခြၽမ္အၿပဳံးေတြဟာ ခ်က္ခ်င္းေပ်ာက္ကြယ္သြားခဲ့တယ္။
ယန္ထန္ကပါ မ်က္ခုံးေတြတြန္႔ခ်ိဳးသြားရင္း၊ ဟယ္ရွင္းလ်န္ကို ကိတ္မုန္႔ပန္းကန္ေပးလိုက္ကာ
"မင္းရဲ႕အတန္းေဖာ္ေလးဆီ ကိတ္မုန္႔သြားပို႔လိုက္"
"...သူမအားဘူးလို႔ ေျပာခဲ့တယ္မလား?"
"ဒီလိုပုံစံမ်ိဳးနဲ႔ လူကိုလိုက္မလို႔လား? တုံးလိုက္တာ!"
ယန္ထန္႔စကားက သူ႔ကိုလႈပ္ႏႈိးလိုက္သလိုပင္။
ဟယ္ရွင္းလ်န္က မုန္႔ပန္းကန္ကိုင္လ်က္၊ သူ႔ရဲ႕အတန္းေဖာ္ေလးဆီ ေျပးသြားေလရဲ႕။
ေက်ာင္းသားေလးက အနည္းငယ္အံ့ဩသြားပုံပင္။
ေခါင္းေလးကုတ္ရင္း၊ ရွက္ၿပဳံးေလးပါၿပဳံးေနတယ္။
လူငယ္ေတြမ်ားေနာ္!
ပန္းႏုေရာင္ျမင္ကြင္းေလးဆီမွ အၾကည့္လႊဲလိုက္ၿပီး၊ သူ႔ျဖဴေလးရဲ႕လက္ကို ဆုပ္ကိုင္လိုက္တယ္။
အၿမဲေႏြးေထြးေနက်လက္ဖဝါးငယ္ဟာ၊ အခုအခ်ိန္မွာေတာ့ ေအးစက္ေနခဲ့ပါတယ္။
ေခြၽးေစးေတြပါျပန္လို႔။
"သူ႔ကိုမေျပာျပေသးဘူးလား?"
ဟယ္ရွင္းခြၽမ္က ေခါင္းခါတယ္
"ငါ...နည္းနည္းေလး...စကားစမရွာႏိုင္ေသးလို႔..."
...
အိမ္ျပန္ေရာက္ခ်ိန္မွာ၊ ညီအစ္ကိုႏွစ္ေယာက္ စကားေျပာႏိုင္ဖို႔အတြက္ ယန္ထန္ကေရွာင္ေပးလိုက္တယ္။
တီဗီဖြင့္ထားတဲ့ဧည့္ခန္းငယ္ထဲ၊ ဆိုဖာေပၚထိုင္ေနတဲ့ညီအစ္ကိုႏွစ္ေယာက္။
"ရွင္းလ်န္...ကိုကို႔မွာေျပာစရာရွိတယ္"
ဟယ္ရွင္းလ်န္က စားပြဲေပၚရွိခ်ိဳခ်ဥ္ဗူးကို ေမႊေႏွာက္ေနခဲ့တယ္။ သူက မက္မြန္သီးအရသာလိုက္ရွာေနခဲ့တာေလ။
"ဘာလို႔လဲ?"
"......"
ခ်ိဳခ်ဥ္ကို ပါးစပ္ထဲထည့္လိုက္တယ္၊ ထို႔ေနာက္မွာေတာ့ သူ႔ကိုကိုေဘးနားဝင္ထိုင္လာတယ္။
"ကိုကို တေနကုန္ထူးဆန္းေနသလိုပဲ? ထန္ေကာနဲ႔ရန္ျဖစ္ထားလို႔လား?"
"ထန္ေကာကိစၥမဟုတ္ဘူး...မင္းရဲ႕ကိစၥ"
"ကြၽန္ေတာ့္ကိစၥဆို ဘာေတြခက္ခဲေနတာလဲ!? ဒီညီအစ္ကိုေတြက အၿမဲအတူရွိလာခဲ့တဲ့ဟာ! ဘာေတြမ်ားကြယ္ဝွက္ထားရမွာလဲ!?"
"ညီအစ္ကိုမဟုတ္ဘူး"
"ဟမ္?"
"ငါတို႔က ညီအစ္ကိုေတြမဟုတ္ဘူးလို႔"
ဟယ္ရွင္းလ်န္ဟာ အၿပဳံးေတြကိုရပ္တန္႔လိုက္တယ္။ သူ႔အစ္ကိုလက္ေမာင္းကို ဆြဲကိုင္လာၿပီး
"ကိုကို ဘာေတြေျပာေနတာလဲ!? ကြၽန္ေတာ္ စိတ္ဆိုးလိုက္မွာေနာ္!"
ဇာတ္လမ္းေလးက ေၾကာက္စရာေကာင္းေလာက္ေအာင္ ႐ိုးရွင္းေနခဲ့ပါတယ္။
ဟယ္ရွင္းခြၽမ္စကားေတြက တရားခြင္မွေလွ်ာက္လဲခ်က္တစ္ခုအလားပင္။
စကားအဆုံးမွာ၊ ဟယ္ရွင္းလ်န္မ်က္ႏွာေပၚ မည္သို႔ေသာအမူအရာမွရွိမေနခဲ့ေပ။
ပါးစပ္ထဲကလိုင္ခ်ီးအရသာခ်ိဳခ်ဥ္ကို ႐ုတ္တရပ္ႀကီးမုန္းတီးလာမိတယ္။
ခ်ိဳလြန္းတယ္...သေဘာမက်ဘူး။
ဘယ္လိုလုပ္ၿပီး ဒီလူကအဲ့လိုေျပာႏိုင္ရတာလဲ?
ဒီလူက သူ႔ရဲ႕တစ္ဦးတည္းေသာအစ္ကိုေလ!
ဒီစကားကို ဘယ္လိုမ်ားေျပာထြက္ႏိုင္တာလဲ?
"ရွင္းလ်န္! ရွင္းလ်န္! မင္းဘယ္သြားမလို႔လဲ!?"
တိုက္ခတ္လာတဲ့ေလထုဟာ ဦးေႏွာက္ကိုထုံထိုင္းသြားေစတယ္။ နား႐ြက္ေတြပါ ေအးခဲသြားရၿပီ။
စကားလုံးေလးတစ္လုံးေျပာထြက္ဖို႔ေတာင္ အားအင္မလုံေလာက္ေတာ့ဘူး။
ေဆာင္းရာသီေရာက္လာေတာ့မွာလား?
"မင္းျပန္ဝင္ေနလိုက္၊ ငါသြားရွာလိုက္မယ္"
ဟယ္ရွင္းခြၽမ္မ်က္ႏွာဟာ ျဖဴဆုတ္ေနခဲ့တယ္။
"ဟင့္အင္း! ငါ...ငါ သူ႔ကိုသြားရွာမွျဖစ္မယ္!"
ယန္ထန္က သူ႔ရဲ႕မာဖလာကိုဆြဲခြၽတ္လိုက္ၿပီး၊ ဟယ္ရွင္းခြၽမ္ကိုဝတ္ေပးတယ္။
"အိမ္အရင္ျပန္လိုက္ေနာ္။ မင္းရဲ႕အေျခအေနက သူ႔ထက္ပိုဆိုးေနတယ္၊ ေကာေျပာတာကို သေဘာေပါက္တယ္မလား ျဖဴေလး?"
"...ထန္ေကာ"
"မင္းရဲ႕ထန္ေကာကို ယုံၾကည္တယ္မလား?"
အေဆာက္အဦးရဲ႕ေအာက္ထပ္မွာ၊ ေလထုကျပင္းထန္လြန္းေနခဲ့တယ္။
ယန္ထန္ရဲ႕အက်ႌအနားစကိုပါ တြန္႔ေၾကသြားေလာက္တဲ့အထိ။
ဟယ္ရွင္းခြၽမ္က သူ႔မ်က္ႏွာကိုပြတ္သပ္ေနၿပီး၊ ေခါင္းေလးပါ ညိတ္ျပလာတယ္။
"ငါ...ငါျပန္သြားလိုက္မယ္"
ဟယ္ရွင္းခြၽမ္အေပၚျပန္တက္သြားခါမွ၊ ယန္ထန္ဟာ ပတ္ဝန္းက်င္မွာလူစရွာရေတာ့တယ္။