[Unicode]
အဆောင်မှထွက်လာပြီးနောက်မှာ၊ ယန်ထန်နဲ့ချိန်းဆိုထားတဲ့နေရာဆီ ရောက်လာခဲ့တယ်။
ကားက ကိတ်မုန့်ဆိုင်ရဲ့အရှေ့မှာ။
ကိတ်မုန့်ကိုင်လျက်ထွက်လာသူ ယန်ထန်ဟာ၊ ဟယ်ရှင်းချွမ်ကိုတောင် ဝင်တိုက်မိတော့မလို့ပင်။
"စိတ်နဲ့လူနဲ့ မကပ်ဖြစ်နေတာလား? မွေးနေ့ကိတ်ကို ဝင်တိုက်မိတော့မယ်"
ယန်ထန်က မကျေမချမ်းလေးစကားစတယ်။
ကိတ်မုန့်ဗူးကို ကားအနောက်ဘက်ခြမ်းထဲတင်လိုက်ပြီး၊ ထိုင်ခုံခါးပတ်ပါပတ်ပေးလိုက်တယ်။
လုံးဝ! လုံးဝ! ပုံပျက်သွားလို့မဖြစ်ဘူး!!!
မောင်းသူနေရာဆီပြန်ဝင်ထိုင်တော့၊ 'မိုးပြိုတော့မည့်အလား' မျက်နှာပေးနဲ့ဖြူလေး။
"...စကော်လားရှစ်မရလို့ ဝမ်းနည်းတာလား? ပိုက်ဆံမရတော့လို့လား?"
ယန်ထန်က စနောက်လိုက်ပေမဲ့၊ ကတ်ကတ်လန်အောင် ပြန်ရန်တွေ့နေကျဖြူလေးဟာ ငြိမ်သက်နေတုန်းပဲ။
ယန်ထန့်နှလုံးသားဟာ တုန်လှုပ်သွားရပြီ။
ဖြူလေးရဲ့လက်ဖဝါးနုနုကို ညှစ်ကိုင်လာရင်း
"ရှင်းလျန်ကျောင်းဆီ အရင်သွားကျတာပေါ့"
အထက်တန်းတတိယနှစ်တွေက အတန်းမဆင်းသေးဘူး။
ကျောင်းရဲ့အနောက်ဘက်ဂိတ်မှာ ကားကိုရပ်လိုက်တယ်၊ ခါးပတ်ချွတ်ပြီး ဟယ်ရှင်းချွမ်ဘက်မျက်နှာမူလိုက်ကာ
"ဘာကိစ္စလဲ?"
ဟယ်ရှင်းချွမ်က တိတ်ဆိတ်နေဆဲပင်။
ခဏအကြာမှ၊ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလာတယ်။
သူနဲ့ယန်ထန်က အမြဲဒီလိုပဲ၊ တစ်ယောက်အပေါ်တစ်ယောက် မှီခိုနေကျ။
ဒီလမ်းကိုအတူဆက်လျှောက်ရဖို့အတွက်၊ ဘယ်လိုအကြောင်းအရာကိုမှ ထိန်ချန်မထားခဲ့ချင်ဘူး။
သူ့ဘဝရဲ့အစိတ်အပိုင်းအားလုံးမှာ ယန်ထန်ပါဝင်နေဖို့မျှော်လင့်မိတယ်။ အသက်ကြီးသွားတဲ့အခါ၊ ဘယ်လောက်တောင်ချိုမြိန်နေလိုက်မလဲ?
ထန်ကောလည်း အဲ့လိုပဲတွေးမိလောက်မှာပါ။
ဟယ်ရှင်းချွမ်ရဲ့ရှင်းပြမှုအဆုံးမှာ၊ ယန်ထန်က စီးကရက်လိပ်ကိုထုတ်ယူလိုက်တယ်။
ယန်ထန်ဆေးလိပ်ဖြတ်ထားမှန်း သိသော်လည်း၊ ဟယ်ရှင်းချွမ်ဟာ မဟန့်တားရဲဘူး။
ကားထဲက တိတ်ဆိတ်သောလေထုကြီးကို၊ ဖုန်းမြည်သံက ဖြိုခွင်းလိုက်ပါတယ်။
ဟယ်ရှင်းချွမ်က အမြန်ဖုန်းဖြေလိုက်တယ်
"ရှင်းလျန်! ဘယ်မှာလဲ? ကိုကိုတို့ အနောက်ဘက်ဂိတ်မှာစောင့်နေတယ်နော်။ အမြန်လာခဲ့တော့!"
"အာ! ကျွန်တော်က အရှေ့ဘက်ဂိတ်ကိုပြေးလာမိတာ! ခဏပဲထပ်စောင့်! ချက်ချင်းလာခဲ့မယ်"
"အင်းပါ။ ကားတွေကြည့်ဦး၊ အရမ်းကြီးပြေးမလာနဲ့နော်"
ဖုန်းချပြီးနောက်မှာ၊ ယန်ထန့်ကို ခိုးကြည့်နေလေရဲ့။
ယန်ထန်က သူ့ကိုပြန်ကြည့်လာတယ်
"ဘာလဲ?"
"ငါထင်ထားတာက...ထန်ကောက ကားတံခါးကိုဆောင့်ဖွင့်လာမယ်၊ ပြီးရင် ငါ့ကျောင်းဆီသွားပြီး အဲ့ဆရာကိုဆွဲထိုးပစ်မယ်"
ယန်ထန်က သဘောတကျပြုံးရယ်ပါတယ်
"အိမ်ပြန်ရောက်မှပဲ သေချာထပ်ဆွေးနွေးကျတာပေါ့"
ယန်ထန်ရဲ့စကားသံဆုံးဆုံးချင်းမှာပဲ၊ အနောက်ဘက်ကားတံခါးဟာ ဆွဲဖွင့်ခြင်းခံလိုက်ရတယ်။
ဟယ်ရှင်းလျန်က ကားထဲဝင်လာပြီး
"...ဘာတွေပြောနေကျတာလဲ? မျက်နှာတွေက တင်းမာနေတာပဲ! ကိုကို! ကိုကိုဖောက်ပြန်လို့လား!?"
ဟယ်ရှင်းချွမ်က အနောက်လှည့်လာကာ၊ သူ့ညီကို တစ်ချက်လှမ်းရိုက်တယ်
"ဘာလို့ငါလဲ!? ဘာလို့ ထန်ကောကိုမပြောတာလဲ!?"
"အသိသာကြီးကို! ထန်ကောက တကယ့်သစ္စာရှိခွေးလေးလေ၊ ကိုကို့ကို အကြည့်တောင်လွှဲနိုင်တာ မဟုတ်ဘူး! တစ်ခုခုဆို ကိုကိုပဲနေမှာ!"
"ဟယ်ရှင်းလျန်! ဒီကောင်စုတ်လေးတော့!"
ဟယ်ရှင်းလျန်ဟာ ဟယ်ရှင်းချွမ်နဲ့အတူ ဒုက္ခတွေခံစားခဲ့ရတယ်ဆိုပေမဲ့၊ သူ့ရဲ့သခင်လေးအမူအကျင့်တွေကတော့ ထွက်ပေါ်လာတတ်တုန်းပင်။
အကြီးစားအကောင်းစား စားသောက်ဆိုင်နဲ့၊ နည်းနည်းလေးတောင်မှ အံဝင်မကျဖြစ်မနေခဲ့ဘူး။
စမတ်ကျကျပဲ၊ မီနူးကိုလှန်လှောကြည့်ရှုနေတယ်။
ယန်ထန်နဲ့ အနေကြာလို့ဖြစ်ရမယ်၊ ယန်ထန်ရဲ့အကျင့်တွေကူးကုန်တော့တာပါပဲ။
ဂရုစိုက်တဲ့လူတွေအပေါ်ဆို ချိုမြိန်ပေးနိုင်ပေမဲ့၊ သူစိမ်းတွေအပေါ်မှာတော့ အေးစက်တတ်လွန်းတယ်။
"အတန်းဖော် ဟယ်ရှင်းလျန်လား...?"
ဟယ်ရှင်းလျန်မော့ကြည့်လိုက်တော့၊ ဟင်းပန်းကန်လာချပေးသူက သူ့ရဲ့အတန်းဖော်ကောင်လေး။
စားပွဲထိုးယူနီဖောင်းအဖြူ အနက်ကိုဝတ်ဆင်ထားပြီး၊ လှပတဲ့မျက်လုံးတစ်စုံကိုပါ ပိုင်ဆိုင်ထားတယ်။
"ဒီဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်နေတာလား?"
"ဟုတ်တယ်...မိသားစုနဲ့ ညစာလာစားတာလား?"
ဟယ်ရှင်းလျန်က ခေါင်းညိတ်ပြရင်း၊ ဟယ်ရှင်းချွမ်ပုခုံးကိုဆွဲဖက်လိုက်ကာ
"ဒါ ငါ့ကိုကိုလေ! ငါတို့ကျောင်းရဲ့ဘက်စုံဗဟုသုတနတ်ဘုရားကြီးပဲ!—အား! ကိုကို! ဘာလို့ ငါ့ကိုဆွဲဆိတ်နေရတာလဲ!?"
"ဘယ်လိုဖြစ်လို့၊ လူတွေ့တာနဲ့ ငါ့ကိုထုတ်ထုတ်ကြွားနေရတာလဲ!"
သူ့ညီကို မျက်စောင်းထိုးလိုက်ပြီးနောက်၊ အတန်းဖော်လေးဘက်လှည့်လာကာ
"နားချိန်ဘယ်တော့လဲ? ကိတ်မုန့်လာစားပါလား? ဒီနေ့က ရှင်းလျန်ရဲ့မွေးနေ့လေ"
"ရပါတယ်၊ ကျွန်တော် ဒီနေ့နားချိန်မပါလို့"
မန်နေဂျာရဲ့လှမ်းခေါ်သံကြောင့်၊ အတန်းဖော်လေးဟာ မျက်နှာနီနီလေးဖြင့် ဟယ်ရှင်းလျန်ကို မွေးနေ့ဆုတောင်းစကားဆိုတယ်။
ထို့နောက်မှာတော့၊ ဆိုင်အတွင်းပိုင်းထဲသို့ ပြန်လည်ဝင်ရောက်သွားလေရဲ့။
"ငေးနေတုန်းပဲလား? လူကဖြင့်ဝေးနေပြီကို~"
ဟယ်ရှင်းလျန်က သတိပြန်ကပ်သွားတယ်။
ယန်ထန့်ကို လှမ်းကြည့်လိုက်တော့၊ စနောက်ချင်နေသည့်မျက်လုံးများဖြင့်။
'အတွေးတွေကို ဖောက်ထွင်းမြင်သွားမှာ' စိုးရိမ်မိသည့်အလား၊ ဟယ်ရှင်းလျန်က ချက်ချင်းခေါင်းငုံ့သွားပါတယ်။
ထန်ကောဘေးမှာ နေရမယ်ဆိုရင်၊ အမြဲတမ်းသတိကပ်ထားဖို့တော့လိုလိမ့်မယ်။
ဘာလို့လဲဆိုတော့...နည်းနည်းလေးသတိလက်လွတ်ဖြစ်သွားတာနဲ့၊ သူက မင်းရဲ့နှလုံးသားကိုဖောက်ထွင်းမြင်သွားမှာမို့လို့ပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]
အေဆာင္မွထြက္လာၿပီးေနာက္မွာ၊ ယန္ထန္နဲ႔ခ်ိန္းဆိုထားတဲ့ေနရာဆီ ေရာက္လာခဲ့တယ္။
ကားက ကိတ္မုန္႔ဆိုင္ရဲ႕အေရွ႕မွာ။
ကိတ္မုန္႔ကိုင္လ်က္ထြက္လာသူ ယန္ထန္ဟာ၊ ဟယ္ရွင္းခြၽမ္ကိုေတာင္ ဝင္တိုက္မိေတာ့မလို႔ပင္။
"စိတ္နဲ႔လူနဲ႔ မကပ္ျဖစ္ေနတာလား? ေမြးေန႔ကိတ္ကို ဝင္တိုက္မိေတာ့မယ္"
ယန္ထန္က မေက်မခ်မ္းေလးစကားစတယ္။
ကိတ္မုန္႔ဗူးကို ကားအေနာက္ဘက္ျခမ္းထဲတင္လိုက္ၿပီး၊ ထိုင္ခုံခါးပတ္ပါပတ္ေပးလိုက္တယ္။
လုံးဝ! လုံးဝ! ပုံပ်က္သြားလို႔မျဖစ္ဘူး!!!
ေမာင္းသူေနရာဆီျပန္ဝင္ထိုင္ေတာ့၊ 'မိုးၿပိဳေတာ့မည့္အလား' မ်က္ႏွာေပးနဲ႔ျဖဴေလး။
"...စေကာ္လားရွစ္မရလို႔ ဝမ္းနည္းတာလား? ပိုက္ဆံမရေတာ့လို႔လား?"
ယန္ထန္က စေနာက္လိုက္ေပမဲ့၊ ကတ္ကတ္လန္ေအာင္ ျပန္ရန္ေတြ႕ေနက်ျဖဴေလးဟာ ၿငိမ္သက္ေနတုန္းပဲ။
ယန္ထန္႔ႏွလုံးသားဟာ တုန္လႈပ္သြားရၿပီ။
ျဖဴေလးရဲ႕လက္ဖဝါးႏုႏုကို ညႇစ္ကိုင္လာရင္း
"ရွင္းလ်န္ေက်ာင္းဆီ အရင္သြားက်တာေပါ့"
အထက္တန္းတတိယႏွစ္ေတြက အတန္းမဆင္းေသးဘူး။
ေက်ာင္းရဲ႕အေနာက္ဘက္ဂိတ္မွာ ကားကိုရပ္လိုက္တယ္၊ ခါးပတ္ခြၽတ္ၿပီး ဟယ္ရွင္းခြၽမ္ဘက္မ်က္ႏွာမူလိုက္ကာ
"ဘာကိစၥလဲ?"
ဟယ္ရွင္းခြၽမ္က တိတ္ဆိတ္ေနဆဲပင္။
ခဏအၾကာမွ၊ ျဖစ္ေၾကာင္းကုန္စင္ကို ေျပာျပလာတယ္။
သူနဲ႔ယန္ထန္က အၿမဲဒီလိုပဲ၊ တစ္ေယာက္အေပၚတစ္ေယာက္ မွီခိုေနက်။
ဒီလမ္းကိုအတူဆက္ေလွ်ာက္ရဖို႔အတြက္၊ ဘယ္လိုအေၾကာင္းအရာကိုမွ ထိန္ခ်န္မထားခဲ့ခ်င္ဘူး။
သူ႔ဘဝရဲ႕အစိတ္အပိုင္းအားလုံးမွာ ယန္ထန္ပါဝင္ေနဖို႔ေမွ်ာ္လင့္မိတယ္။ အသက္ႀကီးသြားတဲ့အခါ၊ ဘယ္ေလာက္ေတာင္ခ်ိဳၿမိန္ေနလိုက္မလဲ?
ထန္ေကာလည္း အဲ့လိုပဲေတြးမိေလာက္မွာပါ။
ဟယ္ရွင္းခြၽမ္ရဲ႕ရွင္းျပမႈအဆုံးမွာ၊ ယန္ထန္က စီးကရက္လိပ္ကိုထုတ္ယူလိုက္တယ္။
ယန္ထန္ေဆးလိပ္ျဖတ္ထားမွန္း သိေသာ္လည္း၊ ဟယ္ရွင္းခြၽမ္ဟာ မဟန္႔တားရဲဘူး။
ကားထဲက တိတ္ဆိတ္ေသာေလထုႀကီးကို၊ ဖုန္းျမည္သံက ၿဖိဳခြင္းလိုက္ပါတယ္။
ဟယ္ရွင္းခြၽမ္က အျမန္ဖုန္းေျဖလိုက္တယ္
"ရွင္းလ်န္! ဘယ္မွာလဲ? ကိုကိုတို႔ အေနာက္ဘက္ဂိတ္မွာေစာင့္ေနတယ္ေနာ္။ အျမန္လာခဲ့ေတာ့!"
"အာ! ကြၽန္ေတာ္က အေရွ႕ဘက္ဂိတ္ကိုေျပးလာမိတာ! ခဏပဲထပ္ေစာင့္! ခ်က္ခ်င္းလာခဲ့မယ္"
"အင္းပါ။ ကားေတြၾကည့္ဦး၊ အရမ္းႀကီးေျပးမလာနဲ႔ေနာ္"
ဖုန္းခ်ၿပီးေနာက္မွာ၊ ယန္ထန္႔ကို ခိုးၾကည့္ေနေလရဲ႕။
ယန္ထန္က သူ႔ကိုျပန္ၾကည့္လာတယ္
"ဘာလဲ?"
"ငါထင္ထားတာက...ထန္ေကာက ကားတံခါးကိုေဆာင့္ဖြင့္လာမယ္၊ ၿပီးရင္ ငါ့ေက်ာင္းဆီသြားၿပီး အဲ့ဆရာကိုဆြဲထိုးပစ္မယ္"
ယန္ထန္က သေဘာတက်ၿပဳံးရယ္ပါတယ္
"အိမ္ျပန္ေရာက္မွပဲ ေသခ်ာထပ္ေဆြးေႏြးက်တာေပါ့"
ယန္ထန္ရဲ႕စကားသံဆုံးဆုံးခ်င္းမွာပဲ၊ အေနာက္ဘက္ကားတံခါးဟာ ဆြဲဖြင့္ျခင္းခံလိုက္ရတယ္။
ဟယ္ရွင္းလ်န္က ကားထဲဝင္လာၿပီး
"...ဘာေတြေျပာေနက်တာလဲ? မ်က္ႏွာေတြက တင္းမာေနတာပဲ! ကိုကို! ကိုကိုေဖာက္ျပန္လို႔လား!?"
ဟယ္ရွင္းခြၽမ္က အေနာက္လွည့္လာကာ၊ သူ႔ညီကို တစ္ခ်က္လွမ္း႐ိုက္တယ္
"ဘာလို႔ငါလဲ!? ဘာလို႔ ထန္ေကာကိုမေျပာတာလဲ!?"
"အသိသာႀကီးကို! ထန္ေကာက တကယ့္သစၥာရွိေခြးေလးေလ၊ ကိုကို႔ကို အၾကည့္ေတာင္လႊဲႏိုင္တာ မဟုတ္ဘူး! တစ္ခုခုဆို ကိုကိုပဲေနမွာ!"
"ဟယ္ရွင္းလ်န္! ဒီေကာင္စုတ္ေလးေတာ့!"
ဟယ္ရွင္းလ်န္ဟာ ဟယ္ရွင္းခြၽမ္နဲ႔အတူ ဒုကၡေတြခံစားခဲ့ရတယ္ဆိုေပမဲ့၊ သူ႔ရဲ႕သခင္ေလးအမူအက်င့္ေတြကေတာ့ ထြက္ေပၚလာတတ္တုန္းပင္။
အႀကီးစားအေကာင္းစား စားေသာက္ဆိုင္နဲ႔၊ နည္းနည္းေလးေတာင္မွ အံဝင္မက်ျဖစ္မေနခဲ့ဘူး။
စမတ္က်က်ပဲ၊ မီႏူးကိုလွန္ေလွာၾကည့္ရႈေနတယ္။
ယန္ထန္နဲ႔ အေနၾကာလို႔ျဖစ္ရမယ္၊ ယန္ထန္ရဲ႕အက်င့္ေတြကူးကုန္ေတာ့တာပါပဲ။
ဂ႐ုစိုက္တဲ့လူေတြအေပၚဆို ခ်ိဳၿမိန္ေပးႏိုင္ေပမဲ့၊ သူစိမ္းေတြအေပၚမွာေတာ့ ေအးစက္တတ္လြန္းတယ္။
"အတန္းေဖာ္ ဟယ္ရွင္းလ်န္လား...?"
ဟယ္ရွင္းလ်န္ေမာ့ၾကည့္လိုက္ေတာ့၊ ဟင္းပန္းကန္လာခ်ေပးသူက သူ႔ရဲ႕အတန္းေဖာ္ေကာင္ေလး။
စားပြဲထိုးယူနီေဖာင္းအျဖဴ အနက္ကိုဝတ္ဆင္ထားၿပီး၊ လွပတဲ့မ်က္လုံးတစ္စုံကိုပါ ပိုင္ဆိုင္ထားတယ္။
"ဒီဆိုင္မွာ အခ်ိန္ပိုင္းအလုပ္လုပ္ေနတာလား?"
"ဟုတ္တယ္...မိသားစုနဲ႔ ညစာလာစားတာလား?"
ဟယ္ရွင္းလ်န္က ေခါင္းညိတ္ျပရင္း၊ ဟယ္ရွင္းခြၽမ္ပုခုံးကိုဆြဲဖက္လိုက္ကာ
"ဒါ ငါ့ကိုကိုေလ! ငါတို႔ေက်ာင္းရဲ႕ဘက္စုံဗဟုသုတနတ္ဘုရားႀကီးပဲ!—အား! ကိုကို! ဘာလို႔ ငါ့ကိုဆြဲဆိတ္ေနရတာလဲ!?"
"ဘယ္လိုျဖစ္လို႔၊ လူေတြ႕တာနဲ႔ ငါ့ကိုထုတ္ထုတ္ႂကြားေနရတာလဲ!"
သူ႔ညီကို မ်က္ေစာင္းထိုးလိုက္ၿပီးေနာက္၊ အတန္းေဖာ္ေလးဘက္လွည့္လာကာ
"နားခ်ိန္ဘယ္ေတာ့လဲ? ကိတ္မုန္႔လာစားပါလား? ဒီေန႔က ရွင္းလ်န္ရဲ႕ေမြးေန႔ေလ"
"ရပါတယ္၊ ကြၽန္ေတာ္ ဒီေန႔နားခ်ိန္မပါလို႔"
မန္ေနဂ်ာရဲ႕လွမ္းေခၚသံေၾကာင့္၊ အတန္းေဖာ္ေလးဟာ မ်က္ႏွာနီနီေလးျဖင့္ ဟယ္ရွင္းလ်န္ကို ေမြးေန႔ဆုေတာင္းစကားဆိုတယ္။
ထို႔ေနာက္မွာေတာ့၊ ဆိုင္အတြင္းပိုင္းထဲသို႔ ျပန္လည္ဝင္ေရာက္သြားေလရဲ႕။
"ေငးေနတုန္းပဲလား? လူကျဖင့္ေဝးေနၿပီကို~"
ဟယ္ရွင္းလ်န္က သတိျပန္ကပ္သြားတယ္။
ယန္ထန္႔ကို လွမ္းၾကည့္လိုက္ေတာ့၊ စေနာက္ခ်င္ေနသည့္မ်က္လုံးမ်ားျဖင့္။
'အေတြးေတြကို ေဖာက္ထြင္းျမင္သြားမွာ' စိုးရိမ္မိသည့္အလား၊ ဟယ္ရွင္းလ်န္က ခ်က္ခ်င္းေခါင္းငုံ႔သြားပါတယ္။
ထန္ေကာေဘးမွာ ေနရမယ္ဆိုရင္၊ အၿမဲတမ္းသတိကပ္ထားဖို႔ေတာ့လိုလိမ့္မယ္။
ဘာလို႔လဲဆိုေတာ့...နည္းနည္းေလးသတိလက္လြတ္ျဖစ္သြားတာနဲ႔၊ သူက မင္းရဲ႕ႏွလုံးသားကိုေဖာက္ထြင္းျမင္သြားမွာမို႔လို႔ပဲ။