[Unicode]
အဆုံးသတ်ကတော့...ဟယ်ရှင်းချွမ်လည်း မပြောပြတတ်တော့ဘူး။
ထန်ကောရဲ့အကြည့်ကိုတော့ နားလည်လိုက်တယ်။
[ မြန်လှချည်လား? ] တဲ့။
ထန်ကောနဲ့ယှဉ်လိုက်ရင်...သူပြီးတာက မြန်လွန်းအားကြီးနေတယ်!!!
မိနစ်အနည်းငယ်လေးနဲ့ ပြီးပြီးသွားတာမျိုး!
ကိုယ်အတွင်းပိုင်းထဲက တင်းကြပ်မှုတွေကို ခံစားမိနေတယ်။ ဟယ်ရှင်းချွမ်က အရှေ့ဘက်တိုးဖို့ကြိုးစားလိုက်ပေမဲ့၊ လျင်မြန်စွာဖိကပ်ထားခြင်းကိုသာ ခံလိုက်ရတယ်။
သူ့ရဲ့အထိမခံနိုင်သောနေရာလေးတွေဟာ အနောက်ဘက်ရှိအမျိုးသားရဲ့လက်ထဲမှာ။
ထိုလူသားဟာ ဟယ်ရှင်းချွမ်ကိုအိပ်ရာခင်းထဲနစ်ဝင်လုမတတ် ဖိကပ်လို့ထားတယ်။
ဟယ်ရှင်းချွမ်ဟာ သတိပြန်မကပ်နိုင်သေးဘူး။
ရေချိုးခန်းထဲ ပွေ့ချီသွားခြင်းခံရတာကိုတော့ သိလိုက်တယ်။
သန့်စင်ဆေးကြောပေးဖို့အတွက် ဖြစ်ရမယ်။
ယန်ထန်က သူ့မေးစေ့ကိုထိန်းကိုင်ထားကာ၊ နှုတ်ခမ်းတွေကို နမ်းရှိုက်ပြီးသွားမှ
"နာနေလား?"
"...မနာဘူး"
ယန်ထန်က ပြုံးလိုက်တယ်၊ သူ့ကိုလည်း ပိုမိုတင်းကြပ်အောင်ဖက်တွယ်လာခဲ့တယ်။
လက်ချောင်းသွယ်သွယ်တို့ကတော့ ဖြေးညှင်းစွာပဲ တိုးဝင်လို့လာတယ်။
ဟယ်ရှင်းချွမ်ဟာ အရှေ့ဘက်ရှိနံရံတွေကို အားပြုနေရတယ်။ သူ သတိမကပ်နိုင်သေးခင်မှာပဲ...ယန်ထန်က သူ့ခါးကိုဆုပ်ကိုင်ပြီး၊ ထပ်မံဝင်ရောက်လာပြန်တယ်။
ထွက်ပေါ်လုဆဲဆဲငြီးသံတွေကို ဟယ်ရှင်းချွမ်ဟာ မနည်းမြိုချနေရပါတယ်။
ထန်ကောက အကြာကြီးသည်းခံနေခဲ့တာဖြစ်ရမယ်!
...
"ဟေး..."
"ကိုကို! ဘာလုပ်နေတာလဲ?"
"အိပ်နေတယ်"
"အိပ်နေတုန်းလား? ၁၂နာရီအထိ အိပ်နေတုန်းပဲလား!? လေဖြတ်သွားဦးမယ်!"
"ဟယ်ရှင်းလျန်! အရိုက်ခံချင်နေပြီလား!?"
"အိုး! စတာပါ ကိုကိုကလည်း! ဖုန်းခေါ်ပြီး စာမေးပွဲအတွက် ဆုတောင်းပေးမလို့ဟာ!"
ဖုန်းချပြီးနောက်မှာ၊ သတိကြီးကြီးထားကာ ကိုယ်ကိုတစ်ဖက်စောင်းလိုက်ရတယ်။
ကြည့်ရတာ...သူ့အခန်းမှာ အိပ်ဖြစ်သွားပုံပဲ။
ထန်ကောရဲ့ကုတင်ပေါ်မှာက...Lubricantတွေပေကုန်လို့ ဖြစ်ရမယ်...
မနေ့ညတုန်းက၊ ထန်ကောက အရမ်းဆွဲဆောင်မှုရှိခဲ့တာ!
အသက်ရှူသံပြင်းပြင်းတွေ...အရေပြားပေါ်က အပူချိန်တွေ...ထိကပ်မိထားတဲ့ နှဖူးပြင်လေး။
ဟယ်ရှင်းချွမ်အိပ်ရာထလာတော့၊ အိမ်ထဲမှာ ဘယ်သူမှရှိမနေခဲ့ဘူး။
ထန်ကောက မနက်စောစောစီးစီးကို ဘယ်သွားနေတာပါလိမ့်?
ဝရန်တာပေါ်က စံပယ်တွေတောင်ပွင့်နေပြီပဲ၊ အဖြူရောင်အိပ်ရာခင်းကတော့ နေရောင်ထဲမှာလှန်းလို့ထားတယ်။
မျက်နှာသစ်ဆေးကြောပြီးနောက်၊ မနက်စာကို ကိုယ့်ဟာကိုယ်ပဲချက်လိုက်တော့တယ်။
တက္ကသိုလ်ကျောင်းသားဘဝရဲ့သုံးနှစ်တာကာလအတွင်းမှာ၊ ပထမဆုံးအကြိမ်အနေဖြင့် အတန်းပျက်ဖူးခြင်းပဲ။
ခံစားချက်က တစ်မျိုးလေးကောင်းမွန်နေတယ်!
အိမ်တံခါးက ပွင့်လာပြီး၊ အစားအသောက်တွေကိုင်ထားတဲ့ယန်ထန်က ဝင်ရောက်လာတယ်။
မနက်စာပန်းကန်လေးရှေ့ချထားတဲ့ ဟယ်ရှင်းချွမ်ကို လှမ်းကြည့်လာကာ
"မင်းစားဖို့ တစ်ခုခုသွားဝယ်တဲ့ဟာ၊ နောက်ကျသွားပြီလား?"
ဟယ်ရှင်းချွမ်က ခေါက်ဆွဲတွေကိုမွှေနေရင်း
"ဗိုက်မဝသေးဘူးဆို၊ ထန်ကောဝယ်လာတာကိုပါ ထပ်စားဦးမှာ!"
ယန်ထန်က သူ့ရဲ့ဖြူလေးစကားကြောင့်၊ သဘောတကျပြုံးရယ်လာတယ်။
မီးဖိုခန်းထဲဝင်သွားကာ၊ သူဝယ်လာတဲ့ပေါက်စီတွေကို ပြန်နွှေးနေတယ်။
"ဒီနေ့အလုပ်မသွားဘူးလား?"
"မသွားဘူး၊ မားကတ်တင်းဌာနက အခုမှပြင်ဆင်နေတုန်း။ ငါကတော့ ဂိမ်းပဲထိုင်ကစားနေတော့မယ်"
ဟယ်ရှင်းချွမ်က ယန်ထန့်ဘေးရောက်လာတယ်
"ငါ့အတန်းထဲကလူတွေပြောနေတာ ကြားမိတယ်၊ ဂိမ်းက အတော်လေးနာမည်ကြီးနေပြီပဲ!"
"ဟုတ်တယ်၊ အခုတော့ ပန်းချီဆရာကောင်းကောင်းရှာရဦးမယ်။ တစ်ချို့Skinတွေကို အင်တာနက်ပေါ်ကြိုချပြထားမှ၊ ဂိမ်းရဲ့နာမည်ကိုမြှင့်ထားလို့ရမှာ။ နောက်မှပြန်ပြင်ရင်လည်း ပြင်ပေါ့"
ဟယ်ရှင်းချွမ်ကတော့ သူ့ထန်ကောရဲ့စကားတွေကို နားမလည်နိုင်ပါဘူး။
"ငါ့ကိုလည်းပေးကစားဦး!"
"BETAထွက်လာရင် ကစားခိုင်းမယ်"
"ကောက ဂိမ်းပဲကစားနေတာ၊ လက်ထပ်ဖို့တောင်ဖြစ်နိုင်ပါဦးမလား!?"
"လက်ထပ်တယ်ဆိုတာ ချည်နှောင်ခြင်းတစ်မျိုးပဲ။ မင်းသာ ချည်နှောင်ချင်တယ်ဆိုရင်တော့၊ မနက်ဖြန်ပဲနိုင်ငံခြားသွားကျတာပေါ့"
"တော်တော်သွက်နေပါလား!"
ဟယ်ရှင်းချွမ်က ယန်ထန့်ရင်ခွင်ထဲတိုးဝင်လာကာ
"ကော...ငါ ခါးနာနေတယ်..."
ယန်ထန့်လက်တွေက ဟယ်ရှင်းချွမ်ခါးပေါ်ရောက်သွားတယ်။ ဖွဖွလေးပွတ်သပ်ပေးနေရင်း၊ အနားတိုးကာ တစ်ခုခုကပ်ပြောလိုက်လေရဲ့။
ဟယ်ရှင်းချွမ်ဟာ မျက်နှာကြီးနီရဲသွားကာ၊ ခုံပေါ်မှတောင် ထခုန်မိသွားပါတယ်။
"ထန်ကော! မင်း! မင်း! တကယ့်လူဆိုးကောင်!!! သွား! ပေါက်စီတွေသာသွားယူတော့!"
...
လီချင်းက သူတို့တက္ကသိုလ်ဆီရောက်လာခဲ့တယ်။
ဆရာ ဆရာမတွေကို နှုတ်ဆက်လို့အပြီးမှာ၊ ဟယ်ရှင်းချွမ်နဲ့ ချိန်းဆိုလိုက်တယ်။
နှစ်ယောက်လုံးက လုပ်ငန်းခွင်ဆီမဝင်ရသေးဘူး။
အဲ့တော့၊ အဆင့်မြင့်စားသောက်ဆိုင်တွေဆီ သွားမနေတော့ဘူးလေ။
ကျောင်းအပြင်ဘက်ကဆိုင်ငယ်လေးတစ်ခုမှာ ချိန်းဆိုခဲ့ကျပြီး၊ စောရောက်နေတဲ့ဟယ်ရှင်းချွမ်က ဟင်းပွဲ လေးငါးပွဲလောက်ကြိုမှာထားလိုက်တယ်။
ထို့နောက်၊ လီချင်းကို စောင့်တယ်။
"ရှင်းချွမ်! စောင့်ရတာကြာသွားပြီလား?"
လီချင်းက လည်ပင်းရှိမာဖလာကို ဆွဲချွတ်ကာ၊ ဟယ်ရှင်းချွမ်ဘေးဝင်ထိုင်တယ်။
ဆိုင်အတွင်းပတ်ဝန်းကျင်ကို ကြည့်ရှုနေပြီး
"ဒီနေရာလေးက ကောင်းသားပဲ! ဘာတွေရေးထားတာလဲ?"
ဟယ်ရှင်းချွမ်က သူ့လက်ထဲရှိစာရွက်လေးကို ငုံ့ကြည့်မိသွားတယ်။
"စာမေးပွဲဖြေနိုင်ပြီး၊ အချစ်ရေးလည်းတည်တံ့စေဖို့။ စီနီယာရော ရေးချင်လား?"
လီချင်းဆီ မှတ်စုစာရွက်လေးကမ်းပေးလိုက်တယ်။
ဒီလိုမျိုး ဆုတောင်းတွေရေးရတာကို၊ လီချင်းမကြိုက်လောက်ဘူးလို့ ထင်မိခဲ့ပေမဲ့...လီချင်းက လက်ခံလိုက်ပါတယ်။
စာရွက်လေးပေါ်မှာလည်း စာတွေချရေးနေသေး။
[ အလုပ်အကိုင်အဆင်ပြေချောမွေ့ပါစေ ]
စီနီယာလီချင်းလည်း အလုပ်မရှိသေးလို့ဖြစ်ရမယ်!
နှစ်ယောက်သားစကားကောင်းနေတုန်းမှာပဲ၊ ဟင်းပွဲတွေရောက်လာခဲ့တယ်။
စားရင်းသောက်ရင်း၊ လီချင်းလည်ပင်းပေါ်က အနီရောင်အကွက်ကို ဟယ်ရှင်းချွမ်မြင်မိလိုက်တယ်။
Hickeyကြီးပါလား!?
အိုး...အဲ့နှစ်ယောက်တော့ ပြန်တည့်သွားပြန်ပြီပဲ!
လီချင်းမှာ စာတမ်းရေးရမဲ့အလုပ်ရှိနေသေးတယ်။
ထို့ကြောင့်ပဲ ဟယ်ရှင်းချွမ်ကိုနှုတ်ဆက်ပြီး၊ လျင်မြန်စွာပဲ ပြန်ထွက်ခွါသွားခဲ့တယ်။
စားပွဲဝိုင်းမှာထိုင်နေတဲ့ဟယ်ရှင်းချွမ်က ယန်ထန့်ဆီစာပို့လိုက်တယ်။
[ မင်းရဲ့ရည်းစား: စီနီယာနဲ့တွေ့လို့ပြီးသွားပြီလား? ]
[ ဟယ်ရှင်းချွမ်: အခုပဲပြီးတာ! ကော ကုမ္ပဏီမှာပဲလား? ]
[ မင်းရဲ့ရည်းစား: အင်း ]
[ ဟယ်ရှင်းချွမ်: ငါလာခဲ့လို့ရမလား? ]
[ မင်းရဲ့ရည်းစား: နေရာအဆင်သင့်ပါပဲ! ]
ဟယ်ရှင်းချွမ်နှုတ်ခမ်းစွန်းလေးဟာ မြင့်တက်လို့သွားတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]
အဆုံးသတ္ကေတာ့...ဟယ္ရွင္းခြၽမ္လည္း မေျပာျပတတ္ေတာ့ဘူး။
ထန္ေကာရဲ႕အၾကည့္ကိုေတာ့ နားလည္လိုက္တယ္။
[ ျမန္လွခ်ည္လား? ] တဲ့။
ထန္ေကာနဲ႔ယွဥ္လိုက္ရင္...သူၿပီးတာက ျမန္လြန္းအားႀကီးေနတယ္!!!
မိနစ္အနည္းငယ္ေလးနဲ႔ ၿပီးၿပီးသြားတာမ်ိဳး!
ကိုယ္အတြင္းပိုင္းထဲက တင္းၾကပ္မႈေတြကို ခံစားမိေနတယ္။ ဟယ္ရွင္းခြၽမ္က အေရွ႕ဘက္တိုးဖို႔ႀကိဳးစားလိုက္ေပမဲ့၊ လ်င္ျမန္စြာဖိကပ္ထားျခင္းကိုသာ ခံလိုက္ရတယ္။
သူ႔ရဲ႕အထိမခံႏိုင္ေသာေနရာေလးေတြဟာ အေနာက္ဘက္ရွိအမ်ိဳးသားရဲ႕လက္ထဲမွာ။
ထိုလူသားဟာ ဟယ္ရွင္းခြၽမ္ကိုအိပ္ရာခင္းထဲနစ္ဝင္လုမတတ္ ဖိကပ္လို႔ထားတယ္။
ဟယ္ရွင္းခြၽမ္ဟာ သတိျပန္မကပ္ႏိုင္ေသးဘူး။
ေရခ်ိဳးခန္းထဲ ေပြ႕ခ်ီသြားျခင္းခံရတာကိုေတာ့ သိလိုက္တယ္။
သန္႔စင္ေဆးေၾကာေပးဖို႔အတြက္ ျဖစ္ရမယ္။
ယန္ထန္က သူ႔ေမးေစ့ကိုထိန္းကိုင္ထားကာ၊ ႏႈတ္ခမ္းေတြကို နမ္းရႈိက္ၿပီးသြားမွ
"နာေနလား?"
"...မနာဘူး"
ယန္ထန္က ၿပဳံးလိုက္တယ္၊ သူ႔ကိုလည္း ပိုမိုတင္းၾကပ္ေအာင္ဖက္တြယ္လာခဲ့တယ္။
လက္ေခ်ာင္းသြယ္သြယ္တို႔ကေတာ့ ေျဖးညႇင္းစြာပဲ တိုးဝင္လို႔လာတယ္။
ဟယ္ရွင္းခြၽမ္ဟာ အေရွ႕ဘက္ရွိနံရံေတြကို အားျပဳေနရတယ္။ သူ သတိမကပ္ႏိုင္ေသးခင္မွာပဲ...ယန္ထန္က သူ႔ခါးကိုဆုပ္ကိုင္ၿပီး၊ ထပ္မံဝင္ေရာက္လာျပန္တယ္။
ထြက္ေပၚလုဆဲဆဲၿငီးသံေတြကို ဟယ္ရွင္းခြၽမ္ဟာ မနည္းၿမိဳခ်ေနရပါတယ္။
ထန္ေကာက အၾကာႀကီးသည္းခံေနခဲ့တာျဖစ္ရမယ္!
...
"ေဟး..."
"ကိုကို! ဘာလုပ္ေနတာလဲ?"
"အိပ္ေနတယ္"
"အိပ္ေနတုန္းလား? ၁၂နာရီအထိ အိပ္ေနတုန္းပဲလား!? ေလျဖတ္သြားဦးမယ္!"
"ဟယ္ရွင္းလ်န္! အ႐ိုက္ခံခ်င္ေနၿပီလား!?"
"အိုး! စတာပါ ကိုကိုကလည္း! ဖုန္းေခၚၿပီး စာေမးပြဲအတြက္ ဆုေတာင္းေပးမလို႔ဟာ!"
ဖုန္းခ်ၿပီးေနာက္မွာ၊ သတိႀကီးႀကီးထားကာ ကိုယ္ကိုတစ္ဖက္ေစာင္းလိုက္ရတယ္။
ၾကည့္ရတာ...သူ႔အခန္းမွာ အိပ္ျဖစ္သြားပုံပဲ။
ထန္ေကာရဲ႕ကုတင္ေပၚမွာက...Lubricantေတြေပကုန္လို႔ ျဖစ္ရမယ္...
မေန႔ညတုန္းက၊ ထန္ေကာက အရမ္းဆြဲေဆာင္မႈရွိခဲ့တာ!
အသက္ရွဴသံျပင္းျပင္းေတြ...အေရျပားေပၚက အပူခ်ိန္ေတြ...ထိကပ္မိထားတဲ့ ႏွဖူးျပင္ေလး။
ဟယ္ရွင္းခြၽမ္အိပ္ရာထလာေတာ့၊ အိမ္ထဲမွာ ဘယ္သူမွရွိမေနခဲ့ဘူး။
ထန္ေကာက မနက္ေစာေစာစီးစီးကို ဘယ္သြားေနတာပါလိမ့္?
ဝရန္တာေပၚက စံပယ္ေတြေတာင္ပြင့္ေနၿပီပဲ၊ အျဖဴေရာင္အိပ္ရာခင္းကေတာ့ ေနေရာင္ထဲမွာလွန္းလို႔ထားတယ္။
မ်က္ႏွာသစ္ေဆးေၾကာၿပီးေနာက္၊ မနက္စာကို ကိုယ့္ဟာကိုယ္ပဲခ်က္လိုက္ေတာ့တယ္။
တကၠသိုလ္ေက်ာင္းသားဘဝရဲ႕သုံးႏွစ္တာကာလအတြင္းမွာ၊ ပထမဆုံးအႀကိမ္အေနျဖင့္ အတန္းပ်က္ဖူးျခင္းပဲ။
ခံစားခ်က္က တစ္မ်ိဳးေလးေကာင္းမြန္ေနတယ္!
အိမ္တံခါးက ပြင့္လာၿပီး၊ အစားအေသာက္ေတြကိုင္ထားတဲ့ယန္ထန္က ဝင္ေရာက္လာတယ္။
မနက္စာပန္းကန္ေလးေရွ႕ခ်ထားတဲ့ ဟယ္ရွင္းခြၽမ္ကို လွမ္းၾကည့္လာကာ
"မင္းစားဖို႔ တစ္ခုခုသြားဝယ္တဲ့ဟာ၊ ေနာက္က်သြားၿပီလား?"
ဟယ္ရွင္းခြၽမ္က ေခါက္ဆြဲေတြကိုေမႊေနရင္း
"ဗိုက္မဝေသးဘူးဆို၊ ထန္ေကာဝယ္လာတာကိုပါ ထပ္စားဦးမွာ!"
ယန္ထန္က သူ႔ရဲ႕ျဖဴေလးစကားေၾကာင့္၊ သေဘာတက်ၿပဳံးရယ္လာတယ္။
မီးဖိုခန္းထဲဝင္သြားကာ၊ သူဝယ္လာတဲ့ေပါက္စီေတြကို ျပန္ေႏႊးေနတယ္။
"ဒီေန႔အလုပ္မသြားဘူးလား?"
"မသြားဘူး၊ မားကတ္တင္းဌာနက အခုမွျပင္ဆင္ေနတုန္း။ ငါကေတာ့ ဂိမ္းပဲထိုင္ကစားေနေတာ့မယ္"
ဟယ္ရွင္းခြၽမ္က ယန္ထန္႔ေဘးေရာက္လာတယ္
"ငါ့အတန္းထဲကလူေတြေျပာေနတာ ၾကားမိတယ္၊ ဂိမ္းက အေတာ္ေလးနာမည္ႀကီးေနၿပီပဲ!"
"ဟုတ္တယ္၊ အခုေတာ့ ပန္းခ်ီဆရာေကာင္းေကာင္းရွာရဦးမယ္။ တစ္ခ်ိဳ႕Skinေတြကို အင္တာနက္ေပၚႀကိဳခ်ျပထားမွ၊ ဂိမ္းရဲ႕နာမည္ကိုျမႇင့္ထားလို႔ရမွာ။ ေနာက္မွျပန္ျပင္ရင္လည္း ျပင္ေပါ့"
ဟယ္ရွင္းခြၽမ္ကေတာ့ သူ႔ထန္ေကာရဲ႕စကားေတြကို နားမလည္ႏိုင္ပါဘူး။
"ငါ့ကိုလည္းေပးကစားဦး!"
"BETAထြက္လာရင္ ကစားခိုင္းမယ္"
"ေကာက ဂိမ္းပဲကစားေနတာ၊ လက္ထပ္ဖို႔ေတာင္ျဖစ္ႏိုင္ပါဦးမလား!?"
"လက္ထပ္တယ္ဆိုတာ ခ်ည္ေႏွာင္ျခင္းတစ္မ်ိဳးပဲ။ မင္းသာ ခ်ည္ေႏွာင္ခ်င္တယ္ဆိုရင္ေတာ့၊ မနက္ျဖန္ပဲႏိုင္ငံျခားသြားက်တာေပါ့"
"ေတာ္ေတာ္သြက္ေနပါလား!"
ဟယ္ရွင္းခြၽမ္က ယန္ထန္႔ရင္ခြင္ထဲတိုးဝင္လာကာ
"ေကာ...ငါ ခါးနာေနတယ္..."
ယန္ထန္႔လက္ေတြက ဟယ္ရွင္းခြၽမ္ခါးေပၚေရာက္သြားတယ္။ ဖြဖြေလးပြတ္သပ္ေပးေနရင္း၊ အနားတိုးကာ တစ္ခုခုကပ္ေျပာလိုက္ေလရဲ႕။
ဟယ္ရွင္းခြၽမ္ဟာ မ်က္ႏွာႀကီးနီရဲသြားကာ၊ ခုံေပၚမွေတာင္ ထခုန္မိသြားပါတယ္။
"ထန္ေကာ! မင္း! မင္း! တကယ့္လူဆိုးေကာင္!!! သြား! ေပါက္စီေတြသာသြားယူေတာ့!"
...
လီခ်င္းက သူတို႔တကၠသိုလ္ဆီေရာက္လာခဲ့တယ္။
ဆရာ ဆရာမေတြကို ႏႈတ္ဆက္လို႔အၿပီးမွာ၊ ဟယ္ရွင္းခြၽမ္နဲ႔ ခ်ိန္းဆိုလိုက္တယ္။
ႏွစ္ေယာက္လုံးက လုပ္ငန္းခြင္ဆီမဝင္ရေသးဘူး။
အဲ့ေတာ့၊ အဆင့္ျမင့္စားေသာက္ဆိုင္ေတြဆီ သြားမေနေတာ့ဘူးေလ။
ေက်ာင္းအျပင္ဘက္ကဆိုင္ငယ္ေလးတစ္ခုမွာ ခ်ိန္းဆိုခဲ့က်ၿပီး၊ ေစာေရာက္ေနတဲ့ဟယ္ရွင္းခြၽမ္က ဟင္းပြဲ ေလးငါးပြဲေလာက္ႀကိဳမွာထားလိုက္တယ္။
ထို႔ေနာက္၊ လီခ်င္းကို ေစာင့္တယ္။
"ရွင္းခြၽမ္! ေစာင့္ရတာၾကာသြားၿပီလား?"
လီခ်င္းက လည္ပင္းရွိမာဖလာကို ဆြဲခြၽတ္ကာ၊ ဟယ္ရွင္းခြၽမ္ေဘးဝင္ထိုင္တယ္။
ဆိုင္အတြင္းပတ္ဝန္းက်င္ကို ၾကည့္ရႈေနၿပီး
"ဒီေနရာေလးက ေကာင္းသားပဲ! ဘာေတြေရးထားတာလဲ?"
ဟယ္ရွင္းခြၽမ္က သူ႔လက္ထဲရွိစာ႐ြက္ေလးကို ငုံ႔ၾကည့္မိသြားတယ္။
"စာေမးပြဲေျဖႏိုင္ၿပီး၊ အခ်စ္ေရးလည္းတည္တံ့ေစဖို႔။ စီနီယာေရာ ေရးခ်င္လား?"
လီခ်င္းဆီ မွတ္စုစာ႐ြက္ေလးကမ္းေပးလိုက္တယ္။
ဒီလိုမ်ိဳး ဆုေတာင္းေတြေရးရတာကို၊ လီခ်င္းမႀကိဳက္ေလာက္ဘူးလို႔ ထင္မိခဲ့ေပမဲ့...လီခ်င္းက လက္ခံလိုက္ပါတယ္။
စာ႐ြက္ေလးေပၚမွာလည္း စာေတြခ်ေရးေနေသး။
[ အလုပ္အကိုင္အဆင္ေျပေခ်ာေမြ႕ပါေစ ]
စီနီယာလီခ်င္းလည္း အလုပ္မရွိေသးလို႔ျဖစ္ရမယ္!
ႏွစ္ေယာက္သားစကားေကာင္းေနတုန္းမွာပဲ၊ ဟင္းပြဲေတြေရာက္လာခဲ့တယ္။
စားရင္းေသာက္ရင္း၊ လီခ်င္းလည္ပင္းေပၚက အနီေရာင္အကြက္ကို ဟယ္ရွင္းခြၽမ္ျမင္မိလိုက္တယ္။
Hickeyႀကီးပါလား!?
အိုး...အဲ့ႏွစ္ေယာက္ေတာ့ ျပန္တည့္သြားျပန္ၿပီပဲ!
လီခ်င္းမွာ စာတမ္းေရးရမဲ့အလုပ္ရွိေနေသးတယ္။
ထို႔ေၾကာင့္ပဲ ဟယ္ရွင္းခြၽမ္ကိုႏႈတ္ဆက္ၿပီး၊ လ်င္ျမန္စြာပဲ ျပန္ထြက္ခြါသြားခဲ့တယ္။
စားပြဲဝိုင္းမွာထိုင္ေနတဲ့ဟယ္ရွင္းခြၽမ္က ယန္ထန္႔ဆီစာပို႔လိုက္တယ္။
[ မင္းရဲ႕ရည္းစား: စီနီယာနဲ႔ေတြ႕လို႔ၿပီးသြားၿပီလား? ]
[ ဟယ္ရွင္းခြၽမ္: အခုပဲၿပီးတာ! ေကာ ကုမၸဏီမွာပဲလား? ]
[ မင္းရဲ႕ရည္းစား: အင္း ]
[ ဟယ္ရွင္းခြၽမ္: ငါလာခဲ့လို႔ရမလား? ]
[ မင္းရဲ႕ရည္းစား: ေနရာအဆင္သင့္ပါပဲ! ]
ဟယ္ရွင္းခြၽမ္ႏႈတ္ခမ္းစြန္းေလးဟာ ျမင့္တက္လို႔သြားတယ္။