[Unicode]
ဟင်းအမယ်မျိုးစုံတို့ရဲ့ သင်းပျံ့တဲ့မွှေးရနံ့ဟာ၊ မီးဖိုခန်းထဲမှာ ပျံ့လွင့်လို့နေတယ်။
ဟယ်ရှင်းချွမ်က ဟင်းခတ်အမွှေးအကြိုင်ဗူးများကို လှန်လှောမွှေနှောက်နေကာ
"ထန်ကော! အိမ်မှာဆားကုန်နေပြီ! သွားဝယ်ပေးလို့ ရမလား?"
"ရတယ်လေ"
အပေါ်ကုတ်အင်္ကျီကို ဝတ်ဆင်လိုက်ပြီး၊ လှေကားထပ်တွေကိုဆင်းနေရင်းပဲ မာဖလာကိုပတ်လိုက်တယ်။
မြေညီထပ်ရှိ စူပါမားကတ်ဆီရောက်တော့၊ ကောင်းမွန်စွာဝတ်စားထားတဲ့ သက်ကြီးပိုင်းလူတစ်ယောက်က သူ့အနားတိုးကပ်လာကာ
"လူငယ်လေး! ဒီအဆောက်အဦးမှာနေတဲ့ 'ဟယ်ရှင်းချွမ်'ဆိုတဲ့လူငယ်ကို သိလား?"
ယန်ထန်က ဝယ်ယူပြီးသွားတဲ့ လက်ထဲကဆားကို ငုံ့ကြည့်နေမိတယ်။
"မြင်ဖူးသလိုလိုတော့ရှိတယ်"
"ဟုတ်လား? ကောင်းတာပေါ့! သူ့ကိုဘယ်လိုဆက်သွယ်ရမလဲကော သိလား? သူ့ဖုန်းနံပါတ်မရှိလို့"
"သူနဲ့သိပ်မသိဘူး၊ ခင်ဗျားရဲ့ ဖုန်းနံပါတ်ပေးခဲ့လေ။ သူနဲ့တွေ့ရင် ပြန်ဆက်သွယ်ဖို့ပြောပေးမယ်"
"အိုး၊ ဒီလိုလည်းကောင်းပါတယ်။ ခဏစောင့်ဦး!"
ထိုအဘိုးက သူ့ဖုန်းကိုချက်ချင်းထုတ်ယူကာ၊ ဖုန်းနံပါတ်ကို ပြောပြလာခဲ့တယ်။
...
ဟင်းပွဲလေး ငါးမျိုးလောက်ကို ဟယ်ရှင်းချွမ်ချက်ပြီးသွားပြီ။ ထမင်းစားစားပွဲကတော့ အပြည့်ပါပဲ။
ယန်ထန့်အကြိုက်တွေချည်းပဲ!
ဟင်းခွက်တွေထဲက ကြက်သွန်နီ၊ ချင်းနဲ့ ကြက်သွန်ဖြူတွေကိုသာ ဖယ်လိုက်ရင်ပေါ့။
ယန်ထန်က ကြက်သွန်ဖြူတွေကို ဖယ်ရှားဖို့လုပ်နေပေမဲ့၊ ဟယ်ရှင်းချွမ်ရဲ့တူဖြင့်တားဆီးခြင်းကို ခံလိုက်ရတယ်။
"သရက်ရွက်နဲ့ အစာအိမ်ရဲ့အပူချိန် ပုံမှန်လည်ပတ်စေဖို့၊ ကြက်သွန်ဖြူစားပေးရမယ်!"
"ကြက်သွန်ဖြူက Radix Isatidisလိုပဲလား?"
ဟယ်ရှင်းချွမ်က ခေါင်းညိတ်ပြတယ်
"ဖြစ်နိုင်မယ်ဆိုရင် မအိပ်ခင်တိုင်း၊ အဲ့ဒါကို တစ်ထုပ်သောက်စေချင်နေတာ!"
စားသောက်လို့အပြီးမှာ၊ ယန်ထန်က ဘောင်းဘီအိတ်ကပ်ထဲမှ စာရွက်အပိုင်းအစလေးကို ထုတ်ပြကာ
"အောက်ထပ်မှာ၊ မင်းကိုရှာနေတဲ့ အဘိုးတစ်ယောက်နဲ့တွေ့ခဲ့တယ်။ ဖုန်းနံပါတ်ကို ကြည့်လိုက်ဦး! သိကောသိရဲ့လား? ဖြူလေး...အပြင်မှာ ရှောင်သုံးတွေ ရှောင်လေးတွေ ရှောင်ငါးတွေထားပြီး၊ အဖော်ခံရတာတော့ မဟုတ်ပါဘူးနော်!?"
ဟယ်ရှင်းချွမ်က စာရွက်ပေါ်ကဖုန်းနံပါတ်ကို စိုက်ကြည့်နေရင်း၊ မျက်မှောင်တွေကြုတ်လာခဲ့တယ်။
"ဟယ်ရှင်းလျန်ရဲ့အဘိုး"
"အလုပ်သင်ဆင်းတုန်းက အဲ့အမှုကနေသိခဲ့တာလား?"
"အင်း"
"သူ မင်းကိုဘယ်လိုရှာတွေ့သွားတာလဲ?"
"မသိဘူး၊ စီနီယာလီချင်းကို မေးကြည့်လိုက်မယ်"
လီချင်းက ပြောပြလာတယ်...လူကုန်ကူးသူနှစ်ယောက်က ပြစ်ဒဏ်ဆိုင်းငံ့ခြင်းအတွက် တောင်းဆိုနေတယ်တဲ့...အမျိုးသမီးတစ်ချို့ရဲ့နာမည်နဲ့ နေရာကိုပြောပြရင်းပေါ့။
"...ကယ်နိုင်လိုက်လား?"
"မကယ်နိုင်လိုက်ဘူး။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက၊ အရိုက်ခံရပြီး သေသွားတယ်..."
"ပြီးတော့ရော..."
"ရှင်းချွမ်...မင်းဘာဖြစ်လို့လဲ? ရှေ့နေကြီးကို မေးပေးရမလား?"
"မလိုပါဘူး စီနီယာ။ သိချင်ယုံသပ်သပ်ပါ၊ ပြဿနာဖြစ်စေမိပါပြီ"
"မလိုပါဘူး! ငါ မင်းတို့မြို့ဆီလာဦးမှာ၊ ညစာတူတူစားဖို့ ကြိုချိန်းကျတာပေါ့!"
"ဟုတ်ပါပြီ"
တစ်ရွာလုံးက သိထားတယ်လေ...လောင်ဟယ်ရဲ့မြေးလေးက ကလေးခိုးပြီးထွက်ပြေးသွားတယ်ဆိုတာကိုပေါ့။ ရူးသွပ်လွန်းတဲ့ ကောင်ငယ်လေးပဲ။
ရှာတွေ့ဖို့က လွယ်ကူပါတယ်၊ ပြီးတော့ ဟယ်ရှင်းချွမ်ရဲ့ဦးလေးကလည်း ရွာမှာရှိနေတုန်းပဲလေ။
ဟယ်မိသားစုက အံ့ဩစရာမိသားစုပဲ၊ မိဘမရှိပဲနဲ့တောင် ကလေးကကောင်းကောင်းကြီးပြင်းလာတယ်။ မျက်လုံးက သိပ်မကောင်းပေမဲ့လို့ပေါ့။
ဖုန်းချပြီးတဲ့ဟယ်ရှင်းချွမ်ဟာ သက်ပြင်းကြီးကြီးတစ်ချက်ချတယ်။
ကိစ္စတွေက ဘယ်လိုဖြစ်ရတာလဲ?
"ဘာဆက်လုပ်မှာလဲ?"
"အဲ့အမျိုးသမီးကသာ သူ့သမီးမှန်တယ်ဆို၊ ရှင်းလျန်က..."
ယန်ထန်က သူ့ဖြူလေးရဲ့ဆံသားနုနုတွေကို ပွတ်သပ်ပေးနေကာ
"သူနဲ့အရင်ဆုံး တွေ့ကြည့်ချင်လား?"
"......"
ဟယ်ရှင်းချွမ်က ခဏတာငြိမ်သက်သွားပြီးမှ
"ကော...အဘွားတုန်းက၊ ဓာတုကုထုံးခံယူဖို့ ပြောထွက်နိုင်ပေမဲ့...အခုကျတော့ ဘာလုပ်ရမှန်းမသိတော့ဘူး။ ရှင်းလျန်က ၁၈နှစ်ပြည့်တော့မှာ၊ သူ့အတွက်ဆုံးဖြတ်ပေးလို့ မဖြစ်တော့ဘူးမလား? ဒီကိစ္စကို ဘယ်လိုဆုံးဖြတ်ချက်ချရမှာလဲ?..."
"ဟုတ်ပါပြီ၊ ပြီးတဲ့ကိစ္စတွေကို ပြောမနေပါနဲ့တော့။ မင်းရဲ့ထန်ကောပါ စိတ်မကောင်းဖြစ်နေရပြီ"
ဟယ်ရှင်းချွမ်က ယန်ထန့်ခါးကိုဖက်တွယ်လာကာ၊ ရင်ခွင်ထဲ ခေါင်းထိုးအပ်ထားရင်း
"ကံကောင်းလို့ပေါ့...ထန်ကောရှိနေသေးတယ်..."
"အရူးလေး"
နှစ်ယောက်ဟာ ဆိုဖာပေါ်လှဲနေခဲ့ကျတယ်။
တီဗီရဲ့အသံကတော့ တိုးလျလျ...သီချင်းဆိုနေတဲ့ အနုပညာရှင်ရယ်...အော်ဟစ်အားပေးနေတဲ့ ပရိတ်သတ်တွေရယ်။
"သေချာစဉ်းစားပြီးသွားပြီ။ ရှင်းလျန်ရဲ့မွေးနေ့ပြီးရင် ပြောပြလိုက်တော့မယ်။ ဒါက သူ့ရဲ့ကိုယ်ပိုင်ဘဝပဲလေ၊ ဆုံးဖြတ်ချက်ချသင့်တဲ့လူက သူပဲ"
ရှင်းလျန် ထွက်သွားလောက်မယ်ထင်တယ်?
ဆွေမျိုးတွေက အဝေးမှာလေ။
ဒီဖြစ်နိုင်ခြေကြီးကို တွေးမိယုံနဲ့ပဲ၊ ရင်ဘတ်ထဲ မွန်းကျပ်လာရတယ်။
ထန်ကောရဲ့ရင်ဘတ်ကိုပဲ ပွတ်သပ်နေမိတော့တယ်။
"ဉာဏ်ကောင်းလွန်းတဲ့ ဖြူကောင်လေး"
<T/N:
Radix Isatidis(BAN LAN GEN)-တရုတ်ရိုးရာဆေးမြစ်တစ်မျိုးပါ၊ ရောဂါကာကွယ်နိုင်စွမ်းကောင်းမွန်လို့ နာမည်ကြီးပါတယ် >
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]
ဟင္းအမယ္မ်ိဳးစုံတို႔ရဲ႕ သင္းပ်ံ႕တဲ့ေမႊးရနံ႔ဟာ၊ မီးဖိုခန္းထဲမွာ ပ်ံ႕လြင့္လို႔ေနတယ္။
ဟယ္ရွင္းခြၽမ္က ဟင္းခတ္အေမႊးအႀကိဳင္ဗူးမ်ားကို လွန္ေလွာေမႊေႏွာက္ေနကာ
"ထန္ေကာ! အိမ္မွာဆားကုန္ေနၿပီ! သြားဝယ္ေပးလို႔ ရမလား?"
"ရတယ္ေလ"
အေပၚကုတ္အက်ႌကို ဝတ္ဆင္လိုက္ၿပီး၊ ေလွကားထပ္ေတြကိုဆင္းေနရင္းပဲ မာဖလာကိုပတ္လိုက္တယ္။
ေျမညီထပ္ရွိ စူပါမားကတ္ဆီေရာက္ေတာ့၊ ေကာင္းမြန္စြာဝတ္စားထားတဲ့ သက္ႀကီးပိုင္းလူတစ္ေယာက္က သူ႔အနားတိုးကပ္လာကာ
"လူငယ္ေလး! ဒီအေဆာက္အဦးမွာေနတဲ့ 'ဟယ္ရွင္းခြၽမ္'ဆိုတဲ့လူငယ္ကို သိလား?"
ယန္ထန္က ဝယ္ယူၿပီးသြားတဲ့ လက္ထဲကဆားကို ငုံ႔ၾကည့္ေနမိတယ္။
"ျမင္ဖူးသလိုလိုေတာ့ရွိတယ္"
"ဟုတ္လား? ေကာင္းတာေပါ့! သူ႔ကိုဘယ္လိုဆက္သြယ္ရမလဲေကာ သိလား? သူ႔ဖုန္းနံပါတ္မရွိလို႔"
"သူနဲ႔သိပ္မသိဘူး၊ ခင္ဗ်ားရဲ႕ ဖုန္းနံပါတ္ေပးခဲ့ေလ။ သူနဲ႔ေတြ႕ရင္ ျပန္ဆက္သြယ္ဖို႔ေျပာေပးမယ္"
"အိုး၊ ဒီလိုလည္းေကာင္းပါတယ္။ ခဏေစာင့္ဦး!"
ထိုအဘိုးက သူ႔ဖုန္းကိုခ်က္ခ်င္းထုတ္ယူကာ၊ ဖုန္းနံပါတ္ကို ေျပာျပလာခဲ့တယ္။
...
ဟင္းပြဲေလး ငါးမ်ိဳးေလာက္ကို ဟယ္ရွင္းခြၽမ္ခ်က္ၿပီးသြားၿပီ။ ထမင္းစားစားပြဲကေတာ့ အျပည့္ပါပဲ။
ယန္ထန္႔အႀကိဳက္ေတြခ်ည္းပဲ!
ဟင္းခြက္ေတြထဲက ၾကက္သြန္နီ၊ ခ်င္းနဲ႔ ၾကက္သြန္ျဖဴေတြကိုသာ ဖယ္လိုက္ရင္ေပါ့။
ယန္ထန္က ၾကက္သြန္ျဖဴေတြကို ဖယ္ရွားဖို႔လုပ္ေနေပမဲ့၊ ဟယ္ရွင္းခြၽမ္ရဲ႕တူျဖင့္တားဆီးျခင္းကို ခံလိုက္ရတယ္။
"သရက္႐ြက္နဲ႔ အစာအိမ္ရဲ႕အပူခ်ိန္ ပုံမွန္လည္ပတ္ေစဖို႔၊ ၾကက္သြန္ျဖဴစားေပးရမယ္!"
"ၾကက္သြန္ျဖဴက Radix Isatidisလိုပဲလား?"
ဟယ္ရွင္းခြၽမ္က ေခါင္းညိတ္ျပတယ္
"ျဖစ္ႏိုင္မယ္ဆိုရင္ မအိပ္ခင္တိုင္း၊ အဲ့ဒါကို တစ္ထုပ္ေသာက္ေစခ်င္ေနတာ!"
စားေသာက္လို႔အၿပီးမွာ၊ ယန္ထန္က ေဘာင္းဘီအိတ္ကပ္ထဲမွ စာ႐ြက္အပိုင္းအစေလးကို ထုတ္ျပကာ
"ေအာက္ထပ္မွာ၊ မင္းကိုရွာေနတဲ့ အဘိုးတစ္ေယာက္နဲ႔ေတြ႕ခဲ့တယ္။ ဖုန္းနံပါတ္ကို ၾကည့္လိုက္ဦး! သိေကာသိရဲ႕လား? ျဖဴေလး...အျပင္မွာ ေရွာင္သုံးေတြ ေရွာင္ေလးေတြ ေရွာင္ငါးေတြထားၿပီး၊ အေဖာ္ခံရတာေတာ့ မဟုတ္ပါဘူးေနာ္!?"
ဟယ္ရွင္းခြၽမ္က စာ႐ြက္ေပၚကဖုန္းနံပါတ္ကို စိုက္ၾကည့္ေနရင္း၊ မ်က္ေမွာင္ေတြၾကဳတ္လာခဲ့တယ္။
"ဟယ္ရွင္းလ်န္ရဲ႕အဘိုး"
"အလုပ္သင္ဆင္းတုန္းက အဲ့အမႈကေနသိခဲ့တာလား?"
"အင္း"
"သူ မင္းကိုဘယ္လိုရွာေတြ႕သြားတာလဲ?"
"မသိဘူး၊ စီနီယာလီခ်င္းကို ေမးၾကည့္လိုက္မယ္"
လီခ်င္းက ေျပာျပလာတယ္...လူကုန္ကူးသူႏွစ္ေယာက္က ျပစ္ဒဏ္ဆိုင္းငံ့ျခင္းအတြက္ ေတာင္းဆိုေနတယ္တဲ့...အမ်ိဳးသမီးတစ္ခ်ိဳ႕ရဲ႕နာမည္နဲ႔ ေနရာကိုေျပာျပရင္းေပါ့။
"...ကယ္ႏိုင္လိုက္လား?"
"မကယ္ႏိုင္လိုက္ဘူး။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကတည္းက၊ အ႐ိုက္ခံရၿပီး ေသသြားတယ္..."
"ၿပီးေတာ့ေရာ..."
"ရွင္းခြၽမ္...မင္းဘာျဖစ္လို႔လဲ? ေရွ႕ေနႀကီးကို ေမးေပးရမလား?"
"မလိုပါဘူး စီနီယာ။ သိခ်င္ယုံသပ္သပ္ပါ၊ ျပႆနာျဖစ္ေစမိပါၿပီ"
"မလိုပါဘူး! ငါ မင္းတို႔ၿမိဳ႕ဆီလာဦးမွာ၊ ညစာတူတူစားဖို႔ ႀကိဳခ်ိန္းက်တာေပါ့!"
"ဟုတ္ပါၿပီ"
တစ္႐ြာလုံးက သိထားတယ္ေလ...ေလာင္ဟယ္ရဲ႕ေျမးေလးက ကေလးခိုးၿပီးထြက္ေျပးသြားတယ္ဆိုတာကိုေပါ့။ ႐ူးသြပ္လြန္းတဲ့ ေကာင္ငယ္ေလးပဲ။
ရွာေတြ႕ဖို႔က လြယ္ကူပါတယ္၊ ၿပီးေတာ့ ဟယ္ရွင္းခြၽမ္ရဲ႕ဦးေလးကလည္း ႐ြာမွာရွိေနတုန္းပဲေလ။
ဟယ္မိသားစုက အံ့ဩစရာမိသားစုပဲ၊ မိဘမရွိပဲနဲ႔ေတာင္ ကေလးကေကာင္းေကာင္းႀကီးျပင္းလာတယ္။ မ်က္လုံးက သိပ္မေကာင္းေပမဲ့လို႔ေပါ့။
ဖုန္းခ်ၿပီးတဲ့ဟယ္ရွင္းခြၽမ္ဟာ သက္ျပင္းႀကီးႀကီးတစ္ခ်က္ခ်တယ္။
ကိစၥေတြက ဘယ္လိုျဖစ္ရတာလဲ?
"ဘာဆက္လုပ္မွာလဲ?"
"အဲ့အမ်ိဳးသမီးကသာ သူ႔သမီးမွန္တယ္ဆို၊ ရွင္းလ်န္က..."
ယန္ထန္က သူ႔ျဖဴေလးရဲ႕ဆံသားႏုႏုေတြကို ပြတ္သပ္ေပးေနကာ
"သူနဲ႔အရင္ဆုံး ေတြ႕ၾကည့္ခ်င္လား?"
"......"
ဟယ္ရွင္းခြၽမ္က ခဏတာၿငိမ္သက္သြားၿပီးမွ
"ေကာ...အဘြားတုန္းက၊ ဓာတုကုထုံးခံယူဖို႔ ေျပာထြက္ႏိုင္ေပမဲ့...အခုက်ေတာ့ ဘာလုပ္ရမွန္းမသိေတာ့ဘူး။ ရွင္းလ်န္က ၁၈ႏွစ္ျပည့္ေတာ့မွာ၊ သူ႔အတြက္ဆုံးျဖတ္ေပးလို႔ မျဖစ္ေတာ့ဘူးမလား? ဒီကိစၥကို ဘယ္လိုဆုံးျဖတ္ခ်က္ခ်ရမွာလဲ?..."
"ဟုတ္ပါၿပီ၊ ၿပီးတဲ့ကိစၥေတြကို ေျပာမေနပါနဲ႔ေတာ့။ မင္းရဲ႕ထန္ေကာပါ စိတ္မေကာင္းျဖစ္ေနရၿပီ"
ဟယ္ရွင္းခြၽမ္က ယန္ထန္႔ခါးကိုဖက္တြယ္လာကာ၊ ရင္ခြင္ထဲ ေခါင္းထိုးအပ္ထားရင္း
"ကံေကာင္းလို႔ေပါ့...ထန္ေကာရွိေနေသးတယ္..."
"အ႐ူးေလး"
ႏွစ္ေယာက္ဟာ ဆိုဖာေပၚလွဲေနခဲ့က်တယ္။
တီဗီရဲ႕အသံကေတာ့ တိုးလ်လ်...သီခ်င္းဆိုေနတဲ့ အႏုပညာရွင္ရယ္...ေအာ္ဟစ္အားေပးေနတဲ့ ပရိတ္သတ္ေတြရယ္။
"ေသခ်ာစဥ္းစားၿပီးသြားၿပီ။ ရွင္းလ်န္ရဲ႕ေမြးေန႔ၿပီးရင္ ေျပာျပလိုက္ေတာ့မယ္။ ဒါက သူ႔ရဲ႕ကိုယ္ပိုင္ဘဝပဲေလ၊ ဆုံးျဖတ္ခ်က္ခ်သင့္တဲ့လူက သူပဲ"
ရွင္းလ်န္ ထြက္သြားေလာက္မယ္ထင္တယ္?
ေဆြမ်ိဳးေတြက အေဝးမွာေလ။
ဒီျဖစ္ႏိုင္ေျခႀကီးကို ေတြးမိယုံနဲ႔ပဲ၊ ရင္ဘတ္ထဲ မြန္းက်ပ္လာရတယ္။
ထန္ေကာရဲ႕ရင္ဘတ္ကိုပဲ ပြတ္သပ္ေနမိေတာ့တယ္။
"ဉာဏ္ေကာင္းလြန္းတဲ့ ျဖဴေကာင္ေလး"
<T/N:
Radix Isatidis(BAN LAN GEN)-တ႐ုတ္႐ိုးရာေဆးျမစ္တစ္မ်ိဳးပါ၊ ေရာဂါကာကြယ္ႏိုင္စြမ္းေကာင္းမြန္လို႔ နာမည္ႀကီးပါတယ္ >