လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

By Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... More

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၅၂(ဒွိဟဖြစ်ခြင်း)

6.4K 1.2K 50
By Indolent-Senorita

Scroll down for Zawgyi.

Unicode

စား​သောက်ပြီးတဲ့​နောက် အားလုံး ​ပျော်ရွှင်​နေကြသည်။သူတို့သုံး​ယောက်ဟာ စား​သောက်ဆိုင် တံခါး​ရှေ့မှာ မတ်တပ်ရပ်ရင်း တစ်ယောက်နဲ့တစ်​ယောက် နှုတ်ဆက်စကား ဆိုလိုက်ကြသည်။

အမျိုးသမီး​ခေါင်း​ဆောင်အယ်ဒီတာက ချူဖန်းကို သံ​ယောဇဉ်အမျှင်တန်းပြီး ကြည့်​နေ​ပေမယ့် သူမကို အိမ်ပြန်လိုက်ပို့​ပေးဖို့​တော့ ချူဖန်းဆီ မ​ပြော​ချေ။သူမဟာ ငါးကြီးကြီး ဖမ်းဖို့အတွက် ကြိုးရှည်ရှည်ဆွဲ​နေတာလည်း ဖြစ်နိုင်သည်။

တစ်ဦးတည်းရှိတဲ့ အမျိုးသမီး ထွက်ခွာသွားတဲ့အခါ ကျန်ရှိ​နေတဲ့ အမျိုးသားနှစ်​ယောက်က အခြား​ရောက်တက်ရာရာ ​ထွေရာ​လေးပါးကို စတင်​ပြောဆို​နေကြသည်။

ကားပါကင်က ဒီအနီးအနားတင်ရှိတာ​ကြောင့် သူတို့ ခဏတစ်ဖြုတ်​လောက်ပဲ ​လမ်း​လျှောက်သွားဖို့ လိုအပ်သည်။

ချူဖန်း ​ပြောလိုက်သည်။   " ​နောက်နှစ်ရက်​နေရင် က​လေး​တွေ ​ကျောင်းပိတ်ပြီ​​လေ။ ပြီး​တော့ ငါ့သားက မင်းရဲ့သားနဲ့အတူတူ မင်းအိမ်ကို သွားမယ်ဆိုပြီး ငါ့လာဂျီကျ​နေတာ။ အဲဒါ မင်းအတွက် အဆင်​ပြေရဲ့လား ? "

" ခင်ဗျားရဲ့သားနာမည်က ဘာလဲ ? "   ​ပေါ်ယွီ ​မေးလိုက်သည်။

" ချူလင်းရွှီ "   ချူဖန်းက ​ပေါ်ယွီ့ကို ပ​ဟေဠိဖြစ်​နေတဲ့ မျက်လုံး​တွေနဲ့ ကြည့်လိုက်သည်။   " သူက နည်းနည်း ၀တယ်လေ "

​ပေါ်ယွီ   ;   " ...... "

ဖရဲသီး​လေးရဲ့​ဘောင်းဘီကို ဆွဲချွတ်ခဲ့တဲ့ ၀တုတ်​လေးက သူ့ရဲ့အမုန်းတရား​တွေ​ကြောင့် သူ့ကို ကြိုက်လာတာများလား ???

ချူဖန်းက တခြားအ​ကြောင်းအရာတစ်ခုကို ​ပြောလိုက်သည်။   " တင်းဖန်​အေဂျင်စီနဲ့ ချုပ်ထားတဲ့ မင်းရဲ့စာချုပ်က ​နောင်နှစ်ဆိုရင် သက်တမ်းကုန်ပြီ​လေ။ မင်း အလုပ်​နေရာ​ပြောင်းဖို့ စဉ်းစားကြည့်ဖူးလား ? "

​ပေါ်ယွီ မျက်ခုံးပင့်သွားသည်။   " မစ္စတာချူ , ခင်ဗျားရဲ့ကုမ္ပဏီကို၀င်ရင် ဘာအကျိုးအမြတ်​တွေ ရှိလို့လဲ ? "

" ရှယ်ယာ "   ချူဖန်းက ​ခပ်ပေါ့​ပေါ့သာ ပြန်​ဖြေလိုက်သည်။

အခုချိန်မှာ နာမည်ကြီး သရုပ်​ဆောင်ကြယ်ပွင့်​တွေနဲ့ စာချုပ်,ချုပ်နိုင်ဖို့အတွက် ​အေဂျင်စီတိုင်းဟာ သူတို့​တွေဆီ ရှယ်ယာ​တွေပေးတဲ့ နည်းလမ်းကို အသုံးပြုလာကြသည်။

အဲဒါ​တွေက ရှယ်ယာအနည်းစုဆို​ပေမယ့်လည်း နှစ်ကုန်​ရောက်ရင် အပိုဆု​ကြေးအ​နေနဲ့ သူတို့ ရရှိနိုင်မယ့် အမြတ်​ဝေစုပမာဏက  နည်းနည်း​နော​နော မဟုတ်​ပေ။ဒါ​ကြောင့် အခုချိန်မှာ ​အေဂျင်စီတိုင်းရဲ့ အဓိက ​ထောက်တိုင်​တွေဖြစ်တဲ့ star ​တွေဟာ သူတို့နဲ့သက်ဆိုင်ရာ ကုမ္ပဏီအသီးသီးရဲ့ ရှယ်ယာ​တွေကို ကိုင်​ဆောင်ထားကြသည်။

သူတို့​တွေက star ရှယ်ယာရှင်​တွေပင်ဖြစ်ကြသည်။

ကုမ္ပဏီရဲ့ နိမ့်ပါးတဲ့ အ​ခြေအ​နေအရ တင်းဖန်​အေဂျင်စီဟာ ကုမ္ပဏီရှယ်ယာ​တွေကို ​စျေးနည်းနည်းနဲ့ ​ပေါ်ယွီဆီ ​ရောင်းချ​ပေးဖို့ ဆန္ဒရှိမ​နေတာက သူတို့ကြားမှာ အရမ်းရှင်းသည်။

ဒါ​ကြောင့် ​ပေါ်ယွီမှာ ချူဖန်း ကမ်းလှမ်းလာတဲ့ အကျိုးအမြတ်ကြီးကို ကြားလိုက်ရတဲ့​တော့ ခဏ​လောက် မင်တက်သွားမိသည်။

" ခင်ဗျား တကယ် ​ပြောနေတာလား ? "   ဒီကိစ္စက ​ပေါ်ယွီကို ဆွဲ​ဆောင်​နေ​ပေမယ့် သူ အ​လောတကြီး သ​ဘောမတူလိုက်နိုင်​​ပေ။

ချူဖန်း ​ခေါင်းငြိမ့်ပြကာ ရုတ်တရက် ပြုံးလိုက်သည်။   " မစိုးရိမ်ပါနဲ့။ ငါ့မှာလည်း ​တောင်းဆိုချက်ရှိပါတယ်။ ရှယ်ယာ​တွေ ကိုင်ပြီးရင် မင်းက ငါးနှစ်​ကျော် စာချုပ်,ချုပ်ဖို့အတွက် ငါတို့နဲ့အတူတူ လက်မှတ်ထိုးရမယ် "

အဲဒါကို ကြားလိုက်ရတဲ့အချိန်မှ ​ပေါ်ယွီ စိတ်သက်သာရာရစွာ ​ခေါင်းငြိမ့်လိုက်နိုင်ပြီး သူ့ကားဆီကို သွားကာ ကားတံခါးဖွင့်ရင်း ​ပြောလိုက်သည်။   " ကျွန်​တော် အိမ်ပြန်​ရောက်တဲ့အခါ အဲ့ကိစ္စကို ​သေချာ​လေး စဉ်းစားကြည့်လိုက်ပါ့မယ် "

ချူဖန်းက သူ့မြင်ကွင်းထဲက​နေ ​ပေါ်ယွီ ကား​မောင်းထွက်သွားတဲ့အထိ ကြည့်​နေလိုက်ပြီး​နောက် သူ့ဖုန်းကို ထုတ်ကာ စုန့်ရှီလင်ရဲ့ ဖုန်းနံပါတ်ဆီ ​ခေါ်ဆိုလိုက်သည်။  

စုန့်ရှီလင်ရဲ့​လေသံက ​​အေးစက်​နေသည်။ 
" ဘာကိစ္စလဲ ? "

" ငါ သူ့ကို စာချုပ်အ​ကြောင်း ​ပြောလို့ပြီးသွားပြီ "   ချူဖန်း ကားတံခါးဖွင့်ကာ အထဲ၀င်ထိုင်လိုက်ပြီး driver ကို ကားစထွက်ဖို့ အမူအရာပြရင်း စကားဆက်လိုက်သည်။   " မင်း ​ပြောတဲ့အတိုင်း ငါ လုပ်​ပေးပြီးပြီ​နော်။ အခု အ​ဖြေက​တော့ ​ပေါ်ယွီအ​ပေါ်ပဲ မူတည်​တယ်။ အဲဒီ​တော့ မင်းက ငါ့အတွက် ဘာလုပ်​ပေးမှာလဲ ? "

စုန့်ရှီလင် ​ပြောလိုက်သည်။   " ရုန်ချန်မြို့​တော်မှာ ​မြေ​နေရာ​လေလံဆွဲတဲ့ကိစ္စကို ငါ လက်​ရှောင်လိုက်မယ် "

ချူဖန်း စိတ်​ကျေနပ်အားရစွာ ပြုံးရင်း ​တွေးလိုက်မိသည်။ စုန့်ရှီလင်က သူ့ချစ်သူ​လေးအ​ပေါ် တကယ့်ကို ​ကောင်း​ပေးတာပဲ။ရုန်ချန်မြို့​တော်ရဲ့ ​မြေ​နေရာကို​တောင် လွယ်လွယ်ကူကူနဲ့ လက်​လျော့​ပေးလိုက်​သေးတယ်။ကျွတ် ... ကျွတ် ...

အဲ့​မြေက ​ရွှေ​တောင်ကြီးလို အဖိုးတန်တာကို။

အဲဒီအ​ကြောင်းကို ခဏ​လောက် စဉ်းစား​နေရင်း ချူဖန်း ​ပျော်ရွှင်အူမြူးစွာ ဆိုလိုက်သည်။   " ဟမ်း .......... ​လောင်စုန့် , မင်း ဒီ​လောက် ရိုးသားဖြူစင်မှန်း ငါ တစ်ခါမှ မသိခဲ့ဘူးကွာ။ သူက မင်းကို စွန့်လွှတ်လိုက်ပြီ​လေ။ အဲဒါကိုပဲ မင်းက သူ့ကို ကူညီ​ပေးချင်​နေ​သေးတယ် "

စုန့်ရှီလင်က စကားသံတစ်လုံးမှ ထွက်မလာဘဲ တိတ်ဆိတ်​နေသည်။

" ငါ မှန်းကြည့်ပါဦးမယ်။ မင်း သူ့အတွက် လုပ်​ပေးတာ​တွေကို သူ့ဆီ ပြန်​ပြောပြမှမဟုတ်ဘူးမလား ? "   ချူဖန်းက သူ့ရဲ့သူငယ်ချင်း​​ဟောင်းကြီးကို ပွင့်ပွင့်လင်းလင်းပင် စ​နောက်ကျီစယ်လိုက်သည်။

" ဒါ​ပေမယ့်လည်း ဒါက နားလည်​ပေးလို့ရပါတယ်​လေ။ ​ပေါ်ယွီရဲ့ မျက်နှာ​ချော​ချော​လေးက တန်ပါတယ် ...... "   ချူဖန်းမှာ ချသွားပြီဖြစ်တဲ့ သူ့ဖုန်း​လေးကို ကြည့်ရင်း ​တွေးလိုက်သည်။ စုန့်ရှီလင်က အရမ်းကပ်စီးကုတ်တတ်တာပဲ။ ငါက ​ပြောရုံ​လေးတင်ဟာကို။

စုန့်ရှီလင်က ကွန်ပျူတာက​နေတစ်ဆင့် ညွှန်ကြားချက်​တွေ ​ပေးလိုက်ပြီး​နောက် တစ်ခဏစာ​လောက် အနားယူရင်း ​ကော်ဖီခပ်ကြီးကြီးတစ်ငုံကို ​မော့​သောက်လိုက်သည်။သူ့ရဲ့ နက်ရှိုင်းလှတဲ့ မျက်၀န်း​တွေထဲမှာ စိတ်ရှုပ်​ထွေးမှု အနည်းငယ်က ၀င်းလက်​နေ​လေသည်။

စီးပွားရေးနယ်ပယ်မှာ ဒဏ္ဍာရီတစ်ပုဒ်လိုမျိုး အ​ကျော်​ဇေယျ လျှမ်းလျှမ်း​တောက်တဲ့ ဒီအမျိုးသားက တချို့​သော ကဏ္ဍ​တွေမှာ မည်သည့်အခါမှ ဉာဏ်အလင်းပွင့်လာကိန်းမရှိ​ချေ။

ဒါ​ပေမယ့် သူ့ရဲ့အချစ်​ရေးက လုံး၀ အကျိုးမရှိ ခက်ခဲ​​နေတဲ့ အ​ကြောင်းကို စုန့်ရှီလင် မခံစားမိ​ပေ။အဲဒီအ​ကြောင်းအရင်းရဲ့ ကြီးကြီးမားမား အချက်က​တော့ စုန့်ရှီလင်ဟာ ပြန်လည်တုံ့ပြန်ရာမှာ ​နှေး​ကွေးလွန်း​နေတာဖြစ်သည်။

စုန့်ရှီလင်က သူ့ရဲ့အိမ်ပြန်လမ်း​ပေါ်မှာ ဖြစ်သည်။သူက မီးပွိုင့်နီလို့ ကားရပ်လိုက်တဲ့အချိန်မှာ ရုတ်တရက် အပြင်ဘက်က​နေ ကား​နောက်တံခါးကို ဆွဲဖွင့်ခံလိုက်ရပြီး အကျွမ်းတ၀င်ရှိလှတဲ့ ပုံသဏ္ဍာန်တစ်ခုက အထဲကို အ​ပြေးအလွှား ၀င်​ရောက်လာခဲ့သည်။

​ပေါ်ယွီ ကားထဲကို ခုန်၀င်လိုက်တဲ့အခါ သူ့​ခြေ​ထောက်​တွေက ချက်ချင်းပင် အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။ဒါ​ကြောင့် သူက စုန့်ရှီလင်ရဲ့​ခြေတံ​တွေကြားမှာ လှဲ​လျောင်းရင်း ​တော်​တော်​လေး ကို့ရို့ကားရားဖြစ်​​​နေသည်။

စုန့်ရှီလင်က မျက်​မှောင်ကြုတ်ကာ မျက်နှာချင်းဆိုင်မှာ ထိုင်​နေတဲ့ အတွင်း​ရေးမှူးချူကို ကြည့်​ပေးလိုက်သည်။အတွင်း​ရေးမှူးချူက စုန့်ရှီလင်ရဲ့ဆိုလိုရင်းကို သ​ဘော​ပေါက်လိုက်ပြီး သူ​ဋ္ဌေးဆီ တင်ပြဖို့ ပြင်ဆင်လာတဲ့ စာရွင်စာတန်း​တွေနဲ့အတူ ကား​ပေါ်က​​​နေ တည်ငြိမ်စွာ ဆင်းသွားသည်။

ကား​ပေါ်က​နေ ဆင်းပြီးတဲ့​နောက် လွန်ခဲ့တဲ့ တစ်စက္ကန့်​လောက်ကထိ တည်ငြိမ်​အေး​ဆေး​နေ​သေးတဲ့ အတွင်း​ရေးမှူးချူဟာ ကား​ဘေးပတ်ပတ်လည်မှာ ၀န်းရံ​နေတဲ့ အရူးအမူးပရိသတ်​တွေ​ကို မြင်လိုက်ရတဲ့အခါ သူ့မျက်နှာအမူအရာက ချက်ချင်းကြီးပဲ ​ပြောင်းလဲသွား​တော့သည်။

​ပေါ်ယွီ ကားထဲကို အ​ပြေးအလွှား ၀င်လာတုန်းက သူ အဲ့​လောက် ကို့ရို့ကားရားနိုင်​နေတာ မအံ့ဩ​တော့ပါဘူး။

" တီ ! တီ ! "   အနက်​ရောင် အဆင့်မြင့် ဇိမ်ခံကားကြီးက ဒီအချိန်မှာ စထွက်လိုက်ပြီး အကြိမ်အနည်းငယ်​လောက် ဟွန်းတီးကာ ပရိသတ်ကြီးရဲ့ နှ​မြောတသ အကြည့်​တွေ​အောက်က​နေ အတင်းတိုးထွက်သွားလိုက်သည်။

စုန့်ရှီလင်က ခလုတ်တစ်ခုကို နှိပ်လိုက်တဲ့အခါ အသံလုံဖန်သားပြင်တစ်ခု ထွက်​ပေါ်လာပြီး ကား​ရှေ့ခုံနဲ့ ​​နောက်ခုံကို သီးသန့်ခွဲခြားကာ တံတိုင်းအ​သေးစား​လေး ကာရံထားတဲ့ ​နေရာ​လေးတစ်ခုအဖြစ်  ပုံ​ဖော်လိုက်​လေသည်။

​ပေါ်ယွီ ထလိုက်ပြီး စုန့်ရှီလင်ရဲ့ မျက်နှာချင်းဆိုင်မှာ ​ပြောင်းထိုင်လိုက်သည်။ပတ်၀န်းကျင် ​လေထုကြီးက နည်းနည်း ​နေရခက်​နေသည်။​ပေါ်ယွီက သူကိုယ်တိုင်​တောင် မသိလိုက်ဘဲ ကားထဲမှာရှိ​နေတဲ့ ​ရေခဲ​သေတ္တာအ​သေးစား​လေးကို ဖွင့်ပြီး ​ရေတစ်ဘူးယူ​သောက်လိုက်သည်။

" မင်း​ရော ​သောက်ချင်လား ? "   ​ရေနည်းနည်း​လောက် ​သောက်ပြီးတဲ့အခါ စုန့်ရှီလင်ကို ​ပေါ်ယွီ ကြည့်လိုက်သည်။

​နောက်ထပ် ပါးစပ်နဲ့အပြည့် ​ရေ​သောက်လို့ ပြီးတဲ့​နောက် ​ပေါ်ယွီက ​ရေတစ်၀က်​လောက်ကျန်​နေ​သေးတဲ့ ​ရေဘူးကို ​ဘေးချထားလိုက်သည်။

စုန့်ရှီလင်လည်း အ​ယောင်​ယောင်အမှားမှားနဲ့ ခါးကို ကိုင်းကာ ​ပေါ်ယွီ အခု​လေးတင် ​သောက်လို့ပြီးသွားတဲ့ ​ရေဘူးကို ယူပြီး ကျန်ရှိ​နေ​တဲ့ ​ရေ​တွေကို ​မော့​သောက်လိုက်သည်။

စုန့်ရှီလင် အဲ့လိုလုပ်လိုက်တာက သူတို့နှစ်​ယောက်လုံးကို မင်တက်သွား​စေပြီး ​နေရခက်​နေတဲ့ ​လေထုက ချက်ချင်းပင် ပြိုကွဲသွား​တော့သည်။

အရင် သူတို့ ချစ်သူ​တွေ ဖြစ်​နေကြတဲ့အချိန်တုန်းက ​ပေါ်ယွီဟာ အမြဲတမ်းလိုလို ဝိတ်ချနေရပြီး six-pack abs ​တွေကို ထိန်းသိမ်းဖို့အတွက် တမင်တကာ အစား​လေးနည်းနည်းသာ စားရသည်။

ဒါ​ကြောင့် သူတို့ အတူတူ ထမင်းစားကြတဲ့အချိန်တိုင်းမှာ စုန့်ရှီလင်က အမြဲတ​စေ ​ပေါ်ယွီကျန်တဲ့ အစားအ​သောက်​တွေကို စား​ပေး​လေ့ရှိသည်။

သည်းသည်းလှုပ် ချစ်​နေကြတဲ့ ကာလမှာ​တော့ ဒီလိုအပြုအမူမျိုးက သူတို့ရဲ့ဆက်ဆံ​ရေးကို ပိုမို တည်ငြိမ်ကာ ချိုမြိန်လာ​စေသည်။ဒါ​ပေမယ့် အခုချိန်မှာ သူတို့​တွေက ပြတ်စဲသွားကြပြီးဖြစ်တာ​ကြောင့် အခုလို အရမ်းရင်းနှီးပြီး အတွင်းကျတဲ့ အပြုအမူမျိုးက ​ပေါ်ယွီကို မသက်မသာဖြစ်​အောင်သာ ပြုလုပ်​နေသည်။

​ပေါ်ယွီက စုန့်ရှီလင်ကို ကြည့်ဖို့ ​ရှောင်လွှဲကာ အ​ဝေးတစ်​နေရာကို ​တောင့်​တောင့်တင်းတင်းကြီးနဲ့ ​ငေးကြည့်​ရင်း ရှင်းပြလိုက်သည်။   " ငါ ဒီနား​လေးတင် တစ်ခုခုလာ၀ယ်တာကို ပရိသတ်​တွေက ​တွေ့သွားတယ်​လေ။အဲဒါနဲ့ ငါ မင်းရဲ့ကားကို မြင်လိုက်လို့ ​ပြေး၀င်လာတာ "

စုန့်ရှီလင်က ​ခေါင်းငြိမ့်လိုက်ပြီး ​​​ရေဘူးကို ​ဘေးမှာ ချထားကာ ပေါ်ယွီရဲ့မျက်နှာကို စိုက်ကြည့်​​နေသည်။

​​ပေါ်ယွီ   ;   " .......... "

ငါ ဘာ​ပြောလိုက်သင့်လဲ ??? ​ပေါ်ယွီရဲ့စိတ်က လုံး၀ကို ဗလာကျင်း​လို့နေသည်။​ပေါ်ယွီ အသိစိတ်ပြန်ကပ်တဲ့ အချိန်မှာ ကားက အိမ်ရာ၀င်း၀င်​ပေါက်ထဲကို​​တောင် ​မောင်း၀င်ပြီး​နေပြီဖြစ်တာကို ​တွေ့လိုက်ရသည်။

စုန့်ရှီလင်က ရုတ်တရက် ​မေးလာသည်။
  " က​လေး​ရော ဘယ်လိုလုပ်ခဲ့လဲ ? "

​ပေါ်ယွီ အံ့အားသင့်သွားပြီး ပြန်​ဖြေလိုက်သည်။   " ငါ အပြင်မထွက်ခင် သူ့ကို သွား​ခေါ်လာခဲ့တယ် "

အဲဒီ​နောက် စုန့်ရှီလင်က စကားဆက်မ​ပြော​တော့​ချေ။

driver က ကားကို ​မြေ​အောက်ကားပါကင်မှာ ရပ်လိုက်ပြီး သူတို့နှစ်​ယောက်ကလည်း ဓါတ်​လှေကားဆီကို ​ရှေ့ဆင့်​နောက်ဆင့် လမ်း​လျှောက်၀င်သွားလိုက်သည်။

" တင် ! "   ဓါတ်​လှေကားတံခါးက ပွင့်လာခဲ့သည်။

စုန့်ရှီလင် , ​ပေါ်ယွီနဲ့ ​မော့အန်းယွီတို့ဟာ သုံး​ယောက်သား အချင်းချင်း ဆုံမိလိုက်ကြသည်။

ဓါတ်​လှေကားထဲက​နေ အတူတူထွက်လာတဲ့ စုန့်ရှီလင်နဲ့​ပေါ်ယွီကို ​မြင်တဲ့အခါ ​မော့အန်းယွီရဲ့ ​ပျော်ရွှင်​နေတဲ့ မျက်နှာအမူအရာက မည်း​မှောင်လာ​တော့သည်။

​မော့အန်းယွီက အာဏာပြဖို့အတွက် ​ရှေ့ကို တိုးသွားပြီး ​​ပေါ်ယွီဆီ နှင်းဆီပန်းကမ်း​ပေးကာ ပြုံးလိုက်သည်။

" ကျွန်​တော် ​ကောကို ​စောင့်​နေတာကြာပြီ။ ဘာလို့ ​ကောက အခုချိန်ထိ အိမ်ပြန်မလာတာလဲ ? "

​ပေါ်ယွီမှာ အသိစိတ်မကပ်နိုင်​သေးဘဲ ​ဖြေလိုက်သည်။   " Sorry , ငါ လမ်းမှာ အချိန်ကြာ​နေလို့ "

​မော့အန်းယွီက နူးညံ့စွာ ဆိုလိုက်သည်။
  " ဟုတ်ပါပြီ။ အထဲ၀င်ရ​အောင်​လေ။ ကျွန်​တော် အခု ဗိုက်ဆာ​နေပြီ "

စုန့်ရှီလင်က ဒီမင်းသားနှစ်​ယောက်ရဲ့ သံသယဖြစ်စရာ မရှင်းမရှင်း အပြုအမူ​တွေကို ဂရုမစိုက်ဘိသကဲ့သို့ သူ့ရဲ့တည်ငြိမ်​အေး​ဆေးလှတဲ့ မျက်နှာအမူအရာကြီးကို ထိန်းသိမ်းထားသည်။ဒါ​ပေမယ့် တစ်​ယောက်​ယောက်ကသာ စုန့်ရှီလင်ကို ​သေချာ ​စောင့်ကြည့်​​နေမယ်ဆိုရင် အဲဒီလူက စုန့်ရှီလင်ရဲ့ မျက်၀န်း​တွေထဲမှာရှိ​နေတဲ့ အ​မှောင်ထုလှိုင်းလုံးကြီးနဲ့ မူမမှန်ခြင်း​တွေကို ​တွေ့မြင်နိုင်မှာဖြစ်သည်။

​ပေါ်ယွီ သတိပြန်၀င်လာပြီး သူ့​ဘေးကလူ​တွေကို ဝါးတားတားနဲ့ ကြည့်လိုက်မိသည်။ဒါ​ပေမယ့် သူက အခန်းထဲ ၀င်သွားတဲ့ စုန့်ရှီလင်ရဲ့​ကျောပြင်ကိုသာ မြင်လိုက်ရ​လေသည်။

ရုတ်တရက် သူ့နှလုံးသား​လေးက မမြင်နိုင်တဲ့ လက်ကြီးတစ်စုံနဲ့ ကျစ်ကျစ်ပါ​အောင် ဖမ်းဆုပ်ခံထားရသလိုမျိုး တင်းကြပ်လာသည်။

​ပေါ်ယွီရဲ့မျက်နှာက ဖြူ​ရော်သွား​​တော့သည်။   " ငါ ...... "  

​မော့အန်းယွီက ​ပေါ်ယွီရဲ့ပခုံးနှစ်ဖက်ကို သူ့လက်​တွေနဲ့ မြဲမြံစွာ ချုပ်ကိုင်လိုက်ပြီး သူ့ကို ကြည့်​ပေးဖို့အတွက် ​ပေါ်ယွီကို အတင်းအကြပ် ဖိအား​ပေးလ်ုက်သည်။
  " သူ့ကို လျစ်လျူရှုလိုက်စမ်းပါ !!! ခင်ဗျားက ကျွန်​တော့်တစ်​ယောက်တည်းကိုပဲ ကြည့်ရမယ် "

​ပေါ်ယွီ သူ့အာရုံ​တွေကို ပြန်လည်ရရှိလိုက်ပြီး ​မော့အန်းယွီရဲ့လက်​တွေကို ​ဂရုမစိုက်စွာ ခါချပစ်လိုက်သည်။အဲဒီ​နောက် သူက နှင်းဆီပန်းကို ​မော့အန်းယွီဆီ ပြန်​ပေးကာ စိတ်မ၀င်စားဟန်ဖြင့် ​ပြောလိုက်သည်။   " ငါ​တော့ ​နောက်ကျရင် ငါတို့နှစ်​ယောက် ဆက်သွယ်​မနေသင့်​တော့ဘူးလို့ ထင်တယ် "

ရိုးရိုးသားသား ​ပြောရရင် ​မော့အန်းယွီက ကဏ္ဍအားလုံးမှာ အပြည့်စုံဆုံးဖြစ်သည်။သူ့မှာ ​နောက်ခံအင်အား​ကောင်းတဲ့ မိသားစု​ရော ရုပ်ရည်ရူပကာပါ ရှိပြီး ချစ်မှု​ရေးရာကိစ္စ​တွေ အတွက်လည်း ပိုက်ဆံကို လိုချင်သလို သုံးဖြုန်းနိုင်သည်။ဘယ်သူပဲ ကြည့်ကြည့် ​မော့အန်းယွီက တကယ့်ကို အဆင်​ပြေ​ကောင်းမွန်တဲ့ dating partner တစ်​ယောက်ဖြစ်သည်။

ပိုအ​ရေးကြီးတာက အဲဒီအရာရာ ထူးချွန်ပြည့်စုံ​နေတဲ့ အမျိုးသားက ​ပေါ်ယွီကို ကြိုက်​နေတာပင်။

ဒါ​ပေမယ့် အဲဒါထက် ပိုပြီးအ​ရေးကြီးတာက​တော့ ​ပေါ်ယွီက မစ္စတာစုန့်ဆိုတဲ့ ​ခေါင်းမာ ​ပေကတ်ကတ်နိုင်ပြီး တစ်​နေကုန်တစ်​နေခမ်း ​အေးတိ​အေးစက်မျက်နှာနဲ့ အဘိုးကြီးကိုပဲ သ​ဘောကျ​နေတာဖြစ်သည်။

" ကျွန်​တော်က ခင်ဗျားအတွက် မလုံ​လောက်ဘူးလား ? "   ​မော့အန်းယွီက ဖုံးကွယ်သရုပ်​ဆောင်ထားတဲ့ သူ့ရဲ့ ​နောက်ဆုံး​သော အလွှာ​လေးကို ဆုတ်ဖြဲပစ်လိုက်ပြီး ​ပေါ်ယွီ​ရဲ့ရှေ့မှာ ​ ယုံးမှားသံသယလွန်ကဲကာ ​မှောင်မဲတဲ့ ဘက်ခြမ်းကို လုံးလုံးလျားလျား ထုတ်​ဖော်ပြသလာခဲ့သည်။

​ပေါ်ယွီ မျက်​မှောင်ကြုတ်သွားသည်။   " ငါတို့က မသင့်​တော်ပါဘူး "

" ကျွန်​တော်တို့က လိုက်ဖက်ပါတယ်။ အကျင့်စရိုက်က​နေ ဝါသနာထိ အကုန်တူကြတယ်​လေ။ အဲဒါ မလုံ​လောက်ဘူးလား ? "

" ချွတ်စွပ်တူ​နေတဲ့ လူနှစ်​ယောက် အတူတူ ရှိ​နေတာက မှန်တစ်ချပ်ကို ကြည့်​နေရသလိုပဲ။ အဲလိုအချစ်မျိုးက ငါ လိုချင်တဲ့ဟာ မဟုတ်ဘူး "   ​ပေါ်ယွီ ​လေး​လေးနက်နက် ပြန်​​ဖြေလိုက်သည်။

တည်ကြည်​လေးနက်​နေတဲ့ ​ပေါ်ယွီရဲ့ မျက်၀န်း​တွေ​ကြောင့် ​မော့အန်းယွီက  တစ်ခဏချင်းမှာပဲ သူ့ရဲ့အားအင်​တွေအကုန် ဆုတ်ယုတ်သွားသလို ခံစားရကာ သူ့လက်​တွေကို ​ဖြေ​လျော့လိုက်သည်။

​ပေါ်ယွီက ​မော့အန်းယွီဘက်ကို ​ကျော​ပေးလိုက်ပြီး ​အေးစက်တဲ့ အမူအရာနဲ့ ​ပြောလိုက်သည်။   " ငါတို့က မသင့်​တော်ဘူး။ ပြီး​တော့ မင်း ငါ့ကို လုံးလုံး မစွန့်လွှတ်နိုင်ခင် ငါတို့​တွေ ထပ်မ​တွေ့တာ အ​ကောင်းဆုံးပဲ "

​မော့အန်းယွီက နှင်းဆီပန်းကို ကြမ်းပြင်​ပေါ် လွှင့်ပစ်ကာ ​နောက်လှည့်ထွက်သွား​တော့သည်။

စွန့်လွှတ်ရမယ် ???

သူက ​ပေါ်ယွီကို စွန့်လွှတ်ပြီးသွားရင် စုန့်ရှီလင်နဲ့ ​ပေါ်ယွီတို့ အတူတူရှိ​နေတာကို ​ငေးကြည့်​နေရမယ်​ပေါ့ ?? အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ?

တကယ်လို့ မဖြစ်မ​နေ စွန့်လွှတ်ရမယ်ဆိုရင်လည်း သူ စွန့်ပစ်ချင်တာကို စွန့်ပစ်မယ် !!!

​ပေါ်ယွီ အချိန်အကြာကြီး အဲဒီ​နေရာမှာ​တင်  မတ်တပ်ရပ်​နေမိပြီး​နောက် ​​သော့ကိုထုတ်ကာ အိမ်တံခါးဖွင့်၀င်လိုက်သည်။

ဖရဲသီး​လေးက ဇွန်း​လေးတစ်​ချောင်းကို ကိုင်ရင်း  စွပ်ပြုတ်​သောက်​နေတာဖြစ်သည်။​ပေါ်ယွီ ပြန်လာတာကို မြင်တဲ့အခါ ဖရဲသီး​လေးက အလိုက်သိစွာ ​​မေးလိုက်သည်။   " ပါးပါး , စွပ်ပြုတ်​သောက်ချင်လား ? "

​ပေါ်ယွီ ​ရှေ့ကို ​လျှောက်သွားလိုက်ပြီး ဖရဲသီး​လေး​ရှေ့မှာ ငုတ်တုတ်ထိုင်ချကာ ခုံသေး​သေး​လေး​ပေါ် ထိုင်​နေတဲ့ က​လေး​လေးကို ကြည့်လိုက်သည်။   " ဘယ်သူက မင်းကို စွပ်ပြုတ်​ကျွေးတာလဲ ? "

" ဦးဦးချူ "   ဖရဲသီး​လေးက သူ့အိတ်ကပ်ထဲက​နေ သကြားလုံးလေးတစ်လုံးကို ရတနာတစ်ခု လက်​ဆောင်​ပေးသလိုမျိုး ထုတ်ပြီး မခွာတတ်ခွာတတ်​လေးနဲ့ အခွံခွာကာ အပြုံးအကြီးကြီးပြုံးရင်း ​ပေါ်ယွီရဲ့ပါးစပ်ထဲကို ထည့်​ပေးလိုက်သည်။

" ပါးပါး , အရသာရှိလားဟင် ? "

ဒါက အနည်းငယ် ချိုမြပြီး အရသာ​ကောင်းတဲ့ နူးနူးညံ့ညံ့ သကြားလုံးလေးတစ်လုံးဖြစ်သည်။နည်းနည်း​လောက် ကိုက်ပြီးတဲ့အခါမှာလည်း သကြားလုံးက သွားကို လာကပ်မ​နေ​ချေ။အတွင်း​ရေးမှူးချူလို ပုဂ္ဂိုလ်မျိုးက ဒီပစ္စည်းကို မ၀ယ်နိုင်​ပေ။

​ပေါ်ယွီက ဖရဲသီး​လေးကို ​မွှေး​မွှေး​ပေးပြီး သူ့မျက်လုံး​တွေကို ကျဉ်း​မြောင်းကာ ​ပြောလိုက်သည်။   " ပါးပါးကို အမှန်အတိုင်း​ပြော။ သားကို ဒီသကြားလုံးနဲ့ စွပ်ပြုတ်​ကျွေးတာ ဘယ်သူလဲ ?? "

ဖရဲသီး​လေးက နှုတ်ခမ်း​လေး စူထွက်လာသည်။   " ဦးဦးစုန့် "

ထင်တဲ့အတိုင်းပဲ ၊ ဒါ​တွေကို ​ပေးလိုက်တဲ့သူက တိတ်ဆိတ်​အေးစက်ပြီး နည်းနည်း စိတ်​ကောက်​နေတဲ့ အဲဒီလူအိုကြီး​ပေါ့​လေ။

အမှန်ကို သိလိုက်ရပြီးတဲ့​နောက် ​ပေါ်ယွီ ဆက်​မေးလိုက်သည်။   " ဘာလို့ ပါးပါးကို လိမ်​ပြောတာလဲ ? "

ဖရဲသီး​လေးရဲ့ နီတာရဲ နှုတ်ခမ်း​လေးက ပိုပိုစူလာကာ သူ့ရဲ့စိတ်ဆိုးမှု​လေး​တွေနဲ့ မ​ကျေနပ်မှု​လေး​တွေကို ​ဖော်ပြရင်း   " သားကို ဦးဦးစုန့်က ပါးပါးဆီ ​ပြောမပြနဲ့တဲ့။ သား ​ပြောပြလိုက်ရင် ပါးပါးက ​ဒေါသထွက်သွားလိမ့်မယ့်လို့ ​​ပြောတယ် "

​ပေါ်ယွီ   ;   " နှုတ်ခမ်းကြီး ​ထော်မ​နေနဲ့​တော့။ မင်း ​တော်​တော်ရုပ်ဆိုး​နေတယ် "

ဖရဲသီး​​လေးက စိတ်ဆိုးဆိုးနဲ့ ​ပေါ်ယွီရဲ့မျက်နှာကို ကိုက်ပစ်လိုက်ပြီး သွားတန်းရာ​သေး​သေး​လေးတစ်ခုကို ချန်ထားခဲ့လိုက်သည်။   " လူဆိုးပါးပါးက သကြားလုံးတွေအကုန်လုံးကိုလည်း စားပစ်​သေးတယ်။က​လေး​လေးကိုလည်း ဆူ​နေတယ် "

​ပေါ်ယွီမှာ သူ့မျက်နှာ​ပေါ်က သွားရည်​တွေကို သုတ်လိုက်ရပြီး သူ့ရဲ့အူတူတူသား​လေးကို မချီကာ ​ရေချိုး​ပေးဖို့အတွက် ​ရေချိုးခန်းဆီ သွားလိုက်သည်။   " ဒါက လူကြီးနဲ့က​လေးကြားက ကွားခြားချက်ပဲ "

မိဘ​တွေဟာ က​​လေး​တွေ မလိမ္မာရင် ​ကောင်း​ကောင်း ရိုက်ပစ်ကြလိမ့်မည်။ဒါ​ပေမယ့် ​ယောကျ်ားတစ်​ယောက်က ဆိုးသွမ်း​နေရင်​တော့ သူ့ရဲ့ချစ်သူက အဲဒီ​ယောကျ်ားကို ပိုချစ်လာမှာဖြစ်သည်။

ဖရဲသီး​လေးကို ​ရေမိုးချိုး​ပေးပြီးတဲ့​နောက် ​ပေါ်ယွီ အိပ်ရာ​ပေါ်မှာ မျက်လုံး​တွေ ​မှေးစင်း​နေတဲ့ သူ့ရဲ့အူတူတူသားလေးကို စိတ်​ကျေနပ်စွာ ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။

တကယ်လို့ ဖရဲသီး​လေးသာ စုန့်ရှီလင်နဲ့ တူ​နေမယ်ဆိုရင် သူ ဒီက​လေး​လေးကို ​​မွေး​ပေးလိုက်နိုင်လို့ ပို​ပျော်​လောက်တယ်။

​နေစမ်းပါဦး ! ဒီက​လေးကို ​မွေးခဲ့တဲ့သူက ဘာကိစ္စ ဟိုလူအိုကြီး မဟုတ်ရတာလဲ ?

က​လေး​လေးက လျင်လျင်မြန်မြန်ပင် အိပ်​မောကျသွားသည်။​ပေါ်ယွီမှာ ကစားတာက​နေ အိပ်​ပျော်သွားတာအထိ ဖရဲသီး​လေးနဲ့ အတူတူ ရှိ​နေ​ပေးဖို့အတွက် အချိန်နာရီ၀က်​လောက်ပဲ ယူလိုက်ရသည်။

ဖရဲသီး​လေးကို အိပ်​ပျော်​အောင် ​ချော့​မော့ပြီး​နောက် ​ပေါ်ယွီက သူ့ဖုန်းကို ကိုင်ကာ အိတ်ကပ်ထဲထည့်ထားတဲ့ လက်နဲ့ စုန့်ရှီလင်ရဲ့ အိမ်​ခေါင်း​လောင်းကို တီးလိုက်သည်။

ဒါ​ပေမယ့် အထဲက​​နေ တံခါးဖွင့်လာတာကို သူ မြင်လိုက်တဲ့အချိန်မှာ ​ပေါ်ယွီ နှာ​ခေါင်း​သွေး လျှံလုနီးပါးပင် ဖြစ်သွားရသည် ______ တည်ငြိမ်ရင့်ကျက်ပြီး ဉာဏ်​ကောင်းတဲ့ အမျိုးသားက ညှို့အားပြင်းတဲ့မျက်နှာ ၊ စိုရွှဲ​နေတဲ့ ဆံပင်​တွေက​နေတစ်ဆင့် တစ်စက်ချင်း ကျ​နေတဲ့ ​ရေ​ပေါက်​တွေ ပြီး​တော့ ​ရေချိုးခန်းသုံး သပတ်နဲ့ ပတ်ထားတဲ့ ခါး​အောက်ပိုင်း။ ကြည့်ရတာ အရမ်းအရမ်းကို ဆွဲ​ဆောင်မှုရှိလိုက်တာ​နော် ......

သူက ​ဒီယောကျ်ားကို ချစ်ဖို့ ​မွေးဖွားလာရတာလို့ ​ပေါ်ယွီ ​ပြောခဲ့ဖူးသည်။ဒါ​ကြောင့် စုန့်ရှီလင်ဆိုတဲ့ ဒီ​ယောကျ်ားဆီက အချိန်မ​ရွေး ထုတ်လွှတ်​နေတဲ့ အမျိုးသား​ဟော်မုန်း​တွေရဲ့ ဆွဲ​ဆောင်မှုပြင်းအားကို ​ပေါ်ယွီ မခုခံနိုင်​ပေ။

သန်မာအား​ကောင်းတဲ့ အမျိုးသားရဲ့ အသက်ရှူသံ​တွေက တဖြည်းဖြည်းနဲ့ သူ့ဆီ နီးကပ်လို့လာ​နေသည်။​ပေါ်ယွီရဲ့နားရွက်​​တွေက အနည်းငယ် နီ​စွေးသွားပြီး သူ့​ခြေ​ထောက်​တွေဟာလည်း အားနည်းလာသလို ခံစား​နေရသည်။ဒါ​ပေမယ့် ​ပေါ်ယွီက သူ့ရဲ့မျက်နှာအမူအရာ​ပေါ်မှာ တည်ငြိမ်​အေး​ဆေးမှုကို ဆက်လက်ထိန်းသိမ်းထားသည်။

" ဘာကိစ္စရှိလို့လဲ ? "   သိသိသာသာကိုပဲ တံခါး၀မှာ ရပ်​နေတဲ့ အမျိုးသားက ​ပေါ်ယွီ အထဲ၀င်လာဖို့ကို မလိုလား​ပေ။

တကယ်လို့ ဒီလူအိုကြီရဲ့ လမ်းစည်အတိုင်းသာ သွား​နေရင် ​​ပေါ်ယွီ သူ့အိပ်ရာ​ပေါ် တက်ဖို့ကိစ္စက ​အောင်မြင်နိုင်မှာမဟုတ်သလို အချိန်အကြာကြီး သူ လုပ်ချင်​နေတာကိုလည်း လုပ်လိုက်ရမှာမဟုတ်ဘူး။

​ပေါ်ယွီ ​ဘေးကို​စောင်းကာ အထဲကို အတင်း တိုး​ဝှေ့၀င်လိုက်သည်။သူ လျင်မြန်စွာနဲ့ပဲ ဧည့်ခန်းဆီကို လမ်း​လျှောက်သွားရင်း ​ပြောလိုက်သည်။   " ငါ ဒီမှာ မင်းကို ​မေးစရာရှိလို့ လာခဲ့တာ "

စုန့်ရှီလင်က ​ပေါ်ယွီရဲ့အ​ရှေ့မှာ သပတ်အ​ခြောက်တစ်ထည်နဲ့ သူ့ရင်ဘတ်က ​ရေစက်​တွေကို တည်ငြိမ်စွာ သုတ်​လိုက်သည်။

ကိုယ်စီ အ​တွေး​တွေနဲ့ ရည်းစား​ဟောင်းနှစ်​ယောက်က တစ်​ယောက်နဲ့တစ်​ယောက် တိတ်ဆိတ်စွာ ကြည့်​နေကြပြီး ဘယ်သူကမှ စကားစ​ပြောဖို့ အစီအစဉ်မရှိ​ချေ။

.
.
.
.
.
.

​နောက်ကျသွားလို့ မီယားနဲ​ရော်။ ကိုယ် တကယ် ​နေမ​ကောင်းဖြစ်​နေလို့ပါ။

ခုအပိုင်းလည်း အရှည်ကြီးပဲ​နော်။ ဖျား​နေတဲ့ ကိုယ့်ကို moti ​ပေးတဲ့အ​နေနဲ့ VOTE !!! 😍😍😍

  Zawgyi

စား​ေသာက္ၿပီးတဲ့​ေနာက္ အားလုံး ​ေပ်ာ္႐ႊင္​ေနၾကသည္။သူတို႔သုံး​ေယာက္ဟာ စား​ေသာက္ဆိုင္ တံခါး​ေ႐ွ႕မွာ မတ္တပ္ရပ္ရင္း တစ္ေယာက္နဲ႔တစ္​ေယာက္ ႏႈတ္ဆက္စကား ဆိုလိုက္ၾကသည္။

အမ်ိဳးသမီး​ေခါင္း​ေဆာင္အယ္ဒီတာက ခ်ဴဖန္းကို သံ​ေယာဇဥ္အမွ်င္တန္းၿပီး ၾကည့္​ေန​ေပမယ့္ သူမကို အိမ္ျပန္လိုက္ပို႔​ေပးဖို႔​ေတာ့ ခ်ဴဖန္းဆီ မ​ေျပာ​ေခ်။သူမဟာ ငါးႀကီးႀကီး ဖမ္းဖို႔အတြက္ ႀကိဳး႐ွည္႐ွည္ဆြဲ​ေနတာလည္း ျဖစ္ႏိုင္သည္။

တစ္ဦးတည္း႐ွိတဲ့ အမ်ိဳးသမီး ထြက္ခြာသြားတဲ့အခါ က်န္႐ွိ​ေနတဲ့ အမ်ိဳးသားႏွစ္​ေယာက္က အျခား​ေရာက္တက္ရာရာ ​ေထြရာ​ေလးပါးကို စတင္​ေျပာဆို​ေနၾကသည္။

ကားပါကင္က ဒီအနီးအနားတင္႐ွိတာ​ေၾကာင့္ သူတို႔ ခဏတစ္ျဖဳတ္​ေလာက္ပဲ ​လမ္း​ေလွ်ာက္သြားဖို႔ လိုအပ္သည္။

ခ်ဴဖန္း ​ေျပာလိုက္သည္။   " ​ေနာက္ႏွစ္ရက္​ေနရင္ က​ေလး​ေတြ ​ေက်ာင္းပိတ္ၿပီ​​ေလ။ ၿပီး​ေတာ့ ငါ့သားက မင္းရဲ႕သားနဲ႔အတူတူ မင္းအိမ္ကို သြားမယ္ဆိုၿပီး ငါ့လာဂ်ီက်​ေနတာ။ အဲဒါ မင္းအတြက္ အဆင္​ေျပရဲ႕လား ? "

" ခင္ဗ်ားရဲ႕သားနာမည္က ဘာလဲ ? "   ​ေပၚယြီ ​ေမးလိုက္သည္။

" ခ်ဴလင္း႐ႊီ "   ခ်ဴဖန္းက ​ေပၚယြီ႕ကို ပ​ေဟဠိျဖစ္​ေနတဲ့ မ်က္လုံး​ေတြနဲ႔ ၾကည့္လိုက္သည္။   " သူက နည္းနည္း ၀တယ္ေလ "

​ေပၚယြီ   ;   " ...... "

ဖရဲသီး​ေလးရဲ႕​ေဘာင္းဘီကို ဆြဲခြၽတ္ခဲ့တဲ့ ၀တုတ္​ေလးက သူ႕ရဲ႕အမုန္းတရား​ေတြ​ေၾကာင့္ သူ႕ကို ႀကိဳက္လာတာမ်ားလား ???

ခ်ဴဖန္းက တျခားအ​ေၾကာင္းအရာတစ္ခုကို ​ေျပာလိုက္သည္။   " တင္းဖန္​ေအဂ်င္စီနဲ႔ ခ်ဳပ္ထားတဲ့ မင္းရဲ႕စာခ်ဳပ္က ​ေနာင္ႏွစ္ဆိုရင္ သက္တမ္းကုန္ၿပီ​ေလ။ မင္း အလုပ္​ေနရာ​ေျပာင္းဖို႔ စဥ္းစားၾကည့္ဖူးလား ? "

​ေပၚယြီ မ်က္ခုံးပင့္သြားသည္။   " မစၥတာခ်ဴ , ခင္ဗ်ားရဲ႕ကုမၸဏီကို၀င္ရင္ ဘာအက်ိဳးအျမတ္​ေတြ ႐ွိလို႔လဲ ? "

" ႐ွယ္ယာ "   ခ်ဴဖန္းက ​ခပ္ေပါ့​ေပါ့သာ ျပန္​ေျဖလိုက္သည္။

အခုခ်ိန္မွာ နာမည္ႀကီး သ႐ုပ္​ေဆာင္ၾကယ္ပြင့္​ေတြနဲ႔ စာခ်ဳပ္,ခ်ဳပ္ႏိုင္ဖို႔အတြက္ ​ေအဂ်င္စီတိုင္းဟာ သူတို႔​ေတြဆီ ႐ွယ္ယာ​ေတြေပးတဲ့ နည္းလမ္းကို အသုံးျပဳလာၾကသည္။

အဲဒါ​ေတြက ႐ွယ္ယာအနည္းစုဆို​ေပမယ့္လည္း ႏွစ္ကုန္​ေရာက္ရင္ အပိုဆု​ေၾကးအ​ေနနဲ႔ သူတို႔ ရ႐ွိႏိုင္မယ့္ အျမတ္​ေဝစုပမာဏက  နည္းနည္း​ေနာ​ေနာ မဟုတ္​ေပ။ဒါ​ေၾကာင့္ အခုခ်ိန္မွာ ​ေအဂ်င္စီတိုင္းရဲ႕ အဓိက ​ေထာက္တိုင္​ေတြျဖစ္တဲ့ star ​ေတြဟာ သူတို႔နဲ႔သက္ဆိုင္ရာ ကုမၸဏီအသီးသီးရဲ႕ ႐ွယ္ယာ​ေတြကို ကိုင္​ေဆာင္ထားၾကသည္။

သူတို႔​ေတြက star ႐ွယ္ယာ႐ွင္​ေတြပင္ျဖစ္ၾကသည္။

ကုမၸဏီရဲ႕ နိမ့္ပါးတဲ့ အ​ေျခအ​ေနအရ တင္းဖန္​ေအဂ်င္စီဟာ ကုမၸဏီ႐ွယ္ယာ​ေတြကို ​ေစ်းနည္းနည္းနဲ႔ ​ေပၚယြီဆီ ​ေရာင္းခ်​ေပးဖို႔ ဆႏၵ႐ွိမ​ေနတာက သူတို႔ၾကားမွာ အရမ္း႐ွင္းသည္။

ဒါ​ေၾကာင့္ ​ေပၚယြီမွာ ခ်ဴဖန္း ကမ္းလွမ္းလာတဲ့ အက်ိဳးအျမတ္ႀကီးကို ၾကားလိုက္ရတဲ့​ေတာ့ ခဏ​ေလာက္ မင္တက္သြားမိသည္။

" ခင္ဗ်ား တကယ္ ​ေျပာေနတာလား ? "   ဒီကိစၥက ​ေပၚယြီကို ဆြဲ​ေဆာင္​ေန​ေပမယ့္ သူ အ​ေလာတႀကီး သ​ေဘာမတူလိုက္ႏိုင္​​ေပ။

ခ်ဴဖန္း ​ေခါင္းၿငိမ့္ျပကာ ႐ုတ္တရက္ ျပဳံးလိုက္သည္။   " မစိုးရိမ္ပါနဲ႔။ ငါ့မွာလည္း ​ေတာင္းဆိုခ်က္႐ွိပါတယ္။ ႐ွယ္ယာ​ေတြ ကိုင္ၿပီးရင္ မင္းက ငါးႏွစ္​ေက်ာ္ စာခ်ဳပ္,ခ်ဳပ္ဖို႔အတြက္ ငါတို႔နဲ႔အတူတူ လက္မွတ္ထိုးရမယ္ "

အဲဒါကို ၾကားလိုက္ရတဲ့အခ်ိန္မွ ​ေပၚယြီ စိတ္သက္သာရာရစြာ ​ေခါင္းၿငိမ့္လိုက္ႏိုင္ၿပီး သူ႕ကားဆီကို သြားကာ ကားတံခါးဖြင့္ရင္း ​ေျပာလိုက္သည္။   " ကြၽန္​ေတာ္ အိမ္ျပန္​ေရာက္တဲ့အခါ အဲ့ကိစၥကို ​ေသခ်ာ​ေလး စဥ္းစားၾကည့္လိုက္ပါ့မယ္ "

ခ်ဴဖန္းက သူ႕ျမင္ကြင္းထဲက​ေန ​ေပၚယြီ ကား​ေမာင္းထြက္သြားတဲ့အထိ ၾကည့္​ေနလိုက္ၿပီး​ေနာက္ သူ႕ဖုန္းကို ထုတ္ကာ စုန္႔႐ွီလင္ရဲ႕ ဖုန္းနံပါတ္ဆီ ​ေခၚဆိုလိုက္သည္။  

စုန္႔႐ွီလင္ရဲ႕​ေလသံက ​​ေအးစက္​ေနသည္။ 
" ဘာကိစၥလဲ ? "

" ငါ သူ႕ကို စာခ်ဳပ္အ​ေၾကာင္း ​ေျပာလို႔ၿပီးသြားၿပီ "   ခ်ဴဖန္း ကားတံခါးဖြင့္ကာ အထဲ၀င္ထိုင္လိုက္ၿပီး driver ကို ကားစထြက္ဖို႔ အမူအရာျပရင္း စကားဆက္လိုက္သည္။   " မင္း ​ေျပာတဲ့အတိုင္း ငါ လုပ္​ေပးၿပီးၿပီ​ေနာ္။ အခု အ​ေျဖက​ေတာ့ ​ေပၚယြီအ​ေပၚပဲ မူတည္​တယ္။ အဲဒီ​ေတာ့ မင္းက ငါ့အတြက္ ဘာလုပ္​ေပးမွာလဲ ? "

စုန္႔႐ွီလင္ ​ေျပာလိုက္သည္။   " ႐ုန္ခ်န္ၿမိဳ႕​ေတာ္မွာ ​ေျမ​ေနရာ​ေလလံဆြဲတဲ့ကိစၥကို ငါ လက္​ေ႐ွာင္လိုက္မယ္ "

ခ်ဴဖန္း စိတ္​ေက်နပ္အားရစြာ ျပဳံးရင္း ​ေတြးလိုက္မိသည္။ စုန္႔႐ွီလင္က သူ႕ခ်စ္သူ​ေလးအ​ေပၚ တကယ့္ကို ​ေကာင္း​ေပးတာပဲ။႐ုန္ခ်န္ၿမိဳ႕​ေတာ္ရဲ႕ ​ေျမ​ေနရာကို​ေတာင္ လြယ္လြယ္ကူကူနဲ႔ လက္​ေလ်ာ့​ေပးလိုက္​ေသးတယ္။ကြၽတ္ ... ကြၽတ္ ...

အဲ့​ေျမက ​ေ႐ႊ​ေတာင္ႀကီးလို အဖိုးတန္တာကို။

အဲဒီအ​ေၾကာင္းကို ခဏ​ေလာက္ စဥ္းစား​ေနရင္း ခ်ဴဖန္း ​ေပ်ာ္႐ႊင္အူျမဴးစြာ ဆိုလိုက္သည္။   " ဟမ္း .......... ​ေလာင္စုန္႔ , မင္း ဒီ​ေလာက္ ႐ိုးသားျဖဴစင္မွန္း ငါ တစ္ခါမွ မသိခဲ့ဘူးကြာ။ သူက မင္းကို စြန္႔လႊတ္လိုက္ၿပီ​ေလ။ အဲဒါကိုပဲ မင္းက သူ႕ကို ကူညီ​ေပးခ်င္​ေန​ေသးတယ္ "

စုန္႔႐ွီလင္က စကားသံတစ္လုံးမွ ထြက္မလာဘဲ တိတ္ဆိတ္​ေနသည္။

" ငါ မွန္းၾကည့္ပါဦးမယ္။ မင္း သူ႕အတြက္ လုပ္​ေပးတာ​ေတြကို သူ႕ဆီ ျပန္​ေျပာျပမွမဟုတ္ဘူးမလား ? "   ခ်ဴဖန္းက သူ႕ရဲ႕သူငယ္ခ်င္း​​ေဟာင္းႀကီးကို ပြင့္ပြင့္လင္းလင္းပင္ စ​ေနာက္က်ီစယ္လိုက္သည္။

" ဒါ​ေပမယ့္လည္း ဒါက နားလည္​ေပးလို႔ရပါတယ္​ေလ။ ​ေပၚယြီရဲ႕ မ်က္ႏွာ​ေခ်ာ​ေခ်ာ​ေလးက တန္ပါတယ္ ...... "   ခ်ဴဖန္းမွာ ခ်သြားၿပီျဖစ္တဲ့ သူ႕ဖုန္း​ေလးကို ၾကည့္ရင္း ​ေတြးလိုက္သည္။ စုန္႔႐ွီလင္က အရမ္းကပ္စီးကုတ္တတ္တာပဲ။ ငါက ​ေျပာ႐ုံ​ေလးတင္ဟာကို။

စုန္႔႐ွီလင္က ကြန္ပ်ဴတာက​ေနတစ္ဆင့္ ၫႊန္ၾကားခ်က္​ေတြ ​ေပးလိုက္ၿပီး​ေနာက္ တစ္ခဏစာ​ေလာက္ အနားယူရင္း ​ေကာ္ဖီခပ္ႀကီးႀကီးတစ္ငုံကို ​ေမာ့​ေသာက္လိုက္သည္။သူ႕ရဲ႕ နက္႐ိႈင္းလွတဲ့ မ်က္၀န္း​ေတြထဲမွာ စိတ္႐ႈပ္​ေထြးမႈ အနည္းငယ္က ဝင္းလက္​ေန​ေလသည္။

စီးပြာယ​ေရးနယ္ပယ္မွာ ဒ႑ာရီတစ္ပုဒ္လိုမ်ိဳး အ​ေက်ာ္​ေဇယ် လွ်မ္းလွ်မ္း​ေတာက္တဲ့ ဒီအမ်ိဳးသားက တခ်ိဳ႕​ေသာ က႑​ေတြမွာ မည္သည့္အခါမွ ဉာဏ္အလင္းပြင့္လာကိန္းမ႐ွိ​ေခ်။

ဒါ​ေပမယ့္ သူ႕ရဲ႕အခ်စ္​ေရးက လုံး၀ အက်ိဳးမ႐ွိ ခက္ခဲ​​ေနတဲ့ အ​ေၾကာင္းကို စုန္႔႐ွီလင္ မခံစားမိ​ေပ။အဲဒီအ​ေၾကာင္းအရင္းရဲ႕ ႀကီးႀကီးမားမား အခ်က္က​ေတာ့ စုန္႔႐ွီလင္ဟာ ျပန္လည္တုံ႔ျပန္ရာမွာ ​ေႏွး​ေကြးလြန္း​ေနတာျဖစ္သည္။

စုန္႔႐ွီလင္က သူ႕ရဲ႕အိမ္ျပန္လမ္း​ေပၚမွာ ျဖစ္သည္။သူက မီးပြိဳင့္နီလို႔ ကားရပ္လိုက္တဲ့အခ်ိန္မွာ ႐ုတ္တရက္ အျပင္ဘက္က​ေန ကား​ေနာက္တံခါးကို ဆြဲဖြင့္ခံလိုက္ရၿပီး အကြၽမ္းတ၀င္႐ွိလွတဲ့ ပုံသ႑ာန္တစ္ခုက အထဲကို အ​ေျပးအလႊား ၀င္​ေရာက္လာခဲ့သည္။

​ေပၚယြီ ကားထဲကို ခုန္၀င္လိုက္တဲ့အခါ သူ႕​ေျခ​ေထာက္​ေတြက ခ်က္ခ်င္းပင္ အားအင္ကုန္ခမ္းသြားသလို ခံစားလိုက္ရသည္။ဒါ​ေၾကာင့္ သူက စုန္႔႐ွီလင္ရဲ႕​ေျခတံ​ေတြၾကားမွာ လွဲ​ေလ်ာင္းရင္း ​ေတာ္​ေတာ္​ေလး ကို႔႐ို႕ကားရားျဖစ္​​​ေနသည္။

စုန္႔႐ွီလင္က မ်က္​ေမွာင္ၾကဳတ္ကာ မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္​ေနတဲ့ အတြင္း​ေရးမႉးခ်ဴကို ၾကည့္​ေပးလိုက္သည္။အတြင္း​ေရးမႉးခ်ဴက စုန္႔႐ွီလင္ရဲ႕ဆိုလိုရင္းကို သ​ေဘာ​ေပါက္လိုက္ၿပီး သူ​ေ႒းဆီ တင္ျပဖို႔ ျပင္ဆင္လာတဲ့ စာ႐ြင္စာတန္း​ေတြနဲ႔အတူ ကား​ေပၚက​​​ေန တည္ၿငိမ္စြာ ဆင္းသြားသည္။

ကား​ေပၚက​ေန ဆင္းၿပီးတဲ့​ေနာက္ လြန္ခဲ့တဲ့ တစ္စကၠန္႔​ေလာက္ကထိ တည္ၿငိမ္​ေအး​ေဆး​ေန​ေသးတဲ့ အတြင္း​ေရးမႉးခ်ဴဟာ ကား​ေဘးပတ္ပတ္လည္မွာ ၀န္းရံ​ေနတဲ့ အ႐ူးအမူးပရိသတ္​ေတြ​ကို ျမင္လိုက္ရတဲ့အခါ သူ႕မ်က္ႏွာအမူအရာက ခ်က္ခ်င္းႀကီးပဲ ​ေျပာင္းလဲသြား​ေတာ့သည္။

​ေပၚယြီ ကားထဲကို အ​ေျပးအလႊား ၀င္လာတုန္းက သူ အဲ့​ေလာက္ ကို႔႐ို႕ကားရားႏိုင္​ေနတာ မအံ့ဩ​ေတာ့ပါဘူး။

" တီ ! တီ ! "   အနက္​ေရာင္ အဆင့္ျမင့္ ဇိမ္ခံကားႀကီးက ဒီအခ်ိန္မွာ စထြက္လိုက္ၿပီး အႀကိမ္အနည္းငယ္​ေလာက္ ဟြန္းတီးကာ ပရိသတ္ႀကီးရဲ႕ ႏွ​ေျမာတသ အၾကည့္​ေတြ​ေအာက္က​ေန အတင္းတိုးထြက္သြားလိုက္သည္။

စုန္႔႐ွီလင္က ခလုတ္တစ္ခုကို ႏွိပ္လိုက္တဲ့အခါ အသံလုံဖန္သားျပင္တစ္ခု ထြက္​ေပၚလာၿပီး ကား​ေ႐ွ႕ခုံနဲ႔ ​​ေနာက္ခုံကို သီးသန္႔ခြဲျခားကာ တံတိုင္းအ​ေသးစား​ေလး ကာရံထားတဲ့ ​ေနရာ​ေလးတစ္ခုအျဖစ္  ပုံ​ေဖာ္လိုက္​ေလသည္။

​ေပၚယြီ ထလိုက္ၿပီး စုန္႔႐ွီလင္ရဲ႕ မ်က္ႏွာခ်င္းဆိုင္မွာ ​ေျပာင္းထိုင္လိုက္သည္။ပတ္၀န္းက်င္ ​ေလထုႀကီးက နည္းနည္း ​ေနရခက္​ေနသည္။​ေပၚယြီက သူကိုယ္တိုင္​ေတာင္ မသိလိုက္ဘဲ ကားထဲမွာ႐ွိ​ေနတဲ့ ​ေရခဲ​ေသတၱာအ​ေသးစား​ေလးကို ဖြင့္ၿပီး ​ေရတစ္ဘူးယူ​ေသာက္လိုက္သည္။

" မင္း​ေရာ ​ေသာက္ခ်င္လား ? "   ​ေရနည္းနည္း​ေလာက္ ​ေသာက္ၿပီးတဲ့အခါ စုန္႔႐ွီလင္ကို ​ေပၚယြီ ၾကည့္လိုက္သည္။

​ေနာက္ထပ္ ပါးစပ္နဲ႔အျပည့္ ​ေရ​ေသာက္လို႔ ၿပီးတဲ့​ေနာက္ ​ေပၚယြီက ​ေရတစ္၀က္​ေလာက္က်န္​ေန​ေသးတဲ့ ​ေရဘူးကို ​ေဘးခ်ထားလိုက္သည္။

စုန္႔႐ွီလင္လည္း အ​ေယာင္​ေယာင္အမွားမွားနဲ႔ ခါးကို ကိုင္းကာ ​ေပၚယြီ အခု​ေလးတင္ ​ေသာက္လို႔ၿပီးသြားတဲ့ ​ေရဘူးကို ယူၿပီး က်န္႐ွိ​ေန​တဲ့ ​ေရ​ေတြကို ​ေမာ့​ေသာက္လိုက္သည္။

စုန္႔႐ွီလင္ အဲ့လိုလုပ္လိုက္တာက သူတို႔ႏွစ္​ေယာက္လုံးကို မင္တက္သြား​ေစၿပီး ​ေနရခက္​ေနတဲ့ ​ေလထုက ခ်က္ခ်င္းပင္ ၿပိဳကြဲသြား​ေတာ့သည္။

အရင္ သူတို႔ ခ်စ္သူ​ေတြ ျဖစ္​ေနၾကတဲ့အခ်ိန္တုန္းက ​ေပၚယြီဟာ အၿမဲတမ္းလိုလို ဝိတ္ခ်ေနရၿပီး six-pack abs ​ေတြကို ထိန္းသိမ္းဖို႔အတြက္ တမင္တကာ အစား​ေလးနည္းနည္းသာ စားရသည္။

ဒါ​ေၾကာင့္ သူတို႔ အတူတူ ထမင္းစားၾကတဲ့အခ်ိန္တိုင္းမွာ စုန္႔႐ွီလင္က အၿမဲတ​ေစ ​ေပၚယြီက်န္တဲ့ အစားအ​ေသာက္​ေတြကို စား​ေပး​ေလ့႐ွိသည္။

သည္းသည္းလႈပ္ ခ်စ္​ေနၾကတဲ့ ကာလမွာ​ေတာ့ ဒီလိုအျပဳအမူမ်ိဳးက သူတို႔ရဲ႕ဆက္ဆံ​ေရးကို ပိုမို တည္ၿငိမ္ကာ ခ်ိဳၿမိန္လာ​ေစသည္။ဒါ​ေပမယ့္ အခုခ်ိန္မွာ သူတို႔​ေတြက ျပတ္စဲသြားၾကၿပီးျဖစ္တာ​ေၾကာင့္ အခုလို အရမ္းရင္းႏွီးၿပီး အတြင္းက်တဲ့ အျပဳအမူမ်ိဳးက ​ေပၚယြီကို မသက္မသာျဖစ္​ေအာင္သာ ျပဳလုပ္​ေနသည္။

​ေပၚယြီက စုန္႔႐ွီလင္ကို ၾကည့္ဖို႔ ​ေ႐ွာင္လႊဲကာ အ​ေဝးတစ္​ေနရာကို ​ေတာင့္​ေတာင့္တင္းတင္းႀကီးနဲ႔ ​ေငးၾကည့္​ရင္း ႐ွင္းျပလိုက္သည္။   " ငါ ဒီနား​ေလးတင္ တစ္ခုခုလာ၀ယ္တာကို ပရိသတ္​ေတြက ​ေတြ႕သြားတယ္​ေလ။အဲဒါနဲ႔ ငါ မင္းရဲ႕ကားကို ျမင္လိုက္လို႔ ​ေျပး၀င္လာတာ "

စုန္႔႐ွီလင္က ​ေခါင္းၿငိမ့္လိုက္ၿပီး ​​​ေရဘူးကို ​ေဘးမွာ ခ်ထားကာ ေပၚယြီရဲ႕မ်က္ႏွာကို စိုက္ၾကည့္​​ေနသည္။

​​ေပၚယြီ   ;   " .......... "

ငါ ဘာ​ေျပာလိုက္သင့္လဲ ??? ​ေပၚယြီရဲ႕စိတ္က လုံး၀ကို ဗလာက်င္း​လို႔ေနသည္။​ေပၚယြီ အသိစိတ္ျပန္ကပ္တဲ့ အခ်ိန္မွာ ကားက အိမ္ရာဝင္း၀င္​ေပါက္ထဲကို​​ေတာင္ ​ေမာင္း၀င္ၿပီး​ေနၿပီျဖစ္တာကို ​ေတြ႕လိုက္ရသည္။

စုန္႔႐ွီလင္က ႐ုတ္တရက္ ​ေမးလာသည္။
  " က​ေလး​ေရာ ဘယ္လိုလုပ္ခဲ့လဲ ? "

​ေပၚယြီ အံ့အားသင့္သြားၿပီး ျပန္​ေျဖလိုက္သည္။   " ငါ အျပင္မထြက္ခင္ သူ႕ကို သြား​ေခၚလာခဲ့တယ္ "

အဲဒီ​ေနာက္ စုန္႔႐ွီလင္က စကားဆက္မ​ေျပာ​ေတာ့​ေခ်။

driver က ကားကို ​ေျမ​ေအာက္ကားပါကင္မွာ ရပ္လိုက္ၿပီး သူတို႔ႏွစ္​ေယာက္ကလည္း ဓါတ္​ေလွကားဆီကို ​ေ႐ွ႕ဆင့္​ေနာက္ဆင့္ လမ္း​ေလွ်ာက္၀င္သြားလိုက္သည္။

" တင္ ! "   ဓါတ္​ေလွကားတံခါးက ပြင့္လာခဲ့သည္။

စုန္႔႐ွီလင္ , ​ေပၚယြီနဲ႔ ​ေမာ့အန္းယြီတို႔ဟာ သုံး​ေယာက္သား အခ်င္းခ်င္း ဆုံမိလိုက္ၾကသည္။

ဓါတ္​ေလွကားထဲက​ေန အတူတူထြက္လာတဲ့ စုန္႔႐ွီလင္နဲ႔​ေပၚယြီကို ​ျမင္တဲ့အခါ ​ေမာ့အန္းယြီရဲ႕ ​ေပ်ာ္႐ႊင္​ေနတဲ့ မ်က္ႏွာအမူအရာက မည္း​ေမွာင္လာ​ေတာ့သည္။

​ေမာ့အန္းယြီက အာဏာျပဖို႔အတြက္ ​ေ႐ွ႕ကို တိုးသြားၿပီး ​​ေပၚယြီဆီ ႏွင္းဆီပန္းကမ္း​ေပးကာ ျပဳံးလိုက္သည္။

" ကြၽန္​ေတာ္ ​ေကာကို ​ေစာင့္​ေနတာၾကာၿပီ။ ဘာလို႔ ​ေကာက အခုခ်ိန္ထိ အိမ္ျပန္မလာတာလဲ ? "

​ေပၚယြီမွာ အသိစိတ္မကပ္ႏိုင္​ေသးဘဲ ​ေျဖလိုက္သည္။   " Sorry , ငါ လမ္းမွာ အခ်ိန္ၾကာ​ေနလို႔ "

​ေမာ့အန္းယြီက ႏူးညံ့စြာ ဆိုလိုက္သည္။
  " ဟုတ္ပါၿပီ။ အထဲ၀င္ရ​ေအာင္​ေလ။ ကြၽန္​ေတာ္ အခု ဗိုက္ဆာ​ေနၿပီ "

စုန္႔႐ွီလင္က ဒီမင္းသားႏွစ္​ေယာက္ရဲ႕ သံသယျဖစ္စရာ မ႐ွင္းမ႐ွင္း အျပဳအမူ​ေတြကို ဂ႐ုမစိုက္ဘိသကဲ့သို႔ သူ႕ရဲ႕တည္ၿငိမ္​ေအး​ေဆးလွတဲ့ မ်က္ႏွာအမူအရာႀကီးကို ထိန္းသိမ္းထားသည္။ဒါ​ေပမယ့္ တစ္​ေယာက္​ေယာက္ကသာ စုန္႔႐ွီလင္ကို ​ေသခ်ာ ​ေစာင့္ၾကည့္​​ေနမယ္ဆိုရင္ အဲဒီလူက စုန္႔႐ွီလင္ရဲ႕ မ်က္၀န္း​ေတြထဲမွာ႐ွိ​ေနတဲ့ အ​ေမွာင္ထုလိႈင္းလုံးႀကီးနဲ႔ မူမမွန္ျခင္း​ေတြကို ​ေတြ႕ျမင္ႏိုင္မွာျဖစ္သည္။

​ေပၚယြီ သတိျပန္၀င္လာၿပီး သူ႕​ေဘးကလူ​ေတြကို ဝါးတားတားနဲ႔ ၾကည့္လိုက္မိသည္။ဒါ​ေပမယ့္ သူက အခန္းထဲ ၀င္သြားတဲ့ စုန္႔႐ွီလင္ရဲ႕​ေက်ာျပင္ကိုသာ ျမင္လိုက္ရ​ေလသည္။

႐ုတ္တရက္ သူ႕ႏွလုံးသား​ေလးက မျမင္ႏိုင္တဲ့ လက္ႀကီးတစ္စုံနဲ႔ က်စ္က်စ္ပါ​ေအာင္ ဖမ္းဆုပ္ခံထားရသလိုမ်ိဳး တင္းၾကပ္လာသည္။

​ေပၚယြီရဲ႕မ်က္ႏွာက ျဖဴ​ေရာ္သြား​​ေတာ့သည္။   " ငါ ...... "  

​ေမာ့အန္းယြီက ​ေပၚယြီရဲ႕ပခုံးႏွစ္ဖက္ကို သူ႕လက္​ေတြနဲ႔ ၿမဲျမံစြာ ခ်ဳပ္ကိုင္လိုက္ၿပီး သူ႕ကို ၾကည့္​ေပးဖို႔အတြက္ ​ေပၚယြီကို အတင္းအၾကပ္ ဖိအား​ေပးလ္ုက္သည္။
  " သူ႕ကို လ်စ္လ်ဴ႐ႈလိုက္စမ္းပါ !!! ခင္ဗ်ားက ကြၽန္​ေတာ္႕တစ္​ေယာက္တည္းကိုပဲ ၾကည့္ရမယ္ "

​ေပၚယြီ သူ႕အာ႐ုံ​ေတြကို ျပန္လည္ရ႐ွိလိုက္ၿပီး ​ေမာ့အန္းယြီရဲ႕လက္​ေတြကို ​ဂ႐ုမစိုက္စြာ ခါခ်ပစ္လိုက္သည္။အဲဒီ​ေနာက္ သူက ႏွင္းဆီပန္းကို ​ေမာ့အန္းယြီဆီ ျပန္​ေပးကာ စိတ္မ၀င္စားဟန္ျဖင့္ ​ေျပာလိုက္သည္။   " ငါ​ေတာ့ ​ေနာက္က်ရင္ ငါတို႔ႏွစ္​ေယာက္ ဆက္သြယ္​မေနသင့္​ေတာ့ဘူးလို႔ ထင္တယ္ "

႐ိုး႐ိုးသားသား ​ေျပာရရင္ ​ေမာ့အန္းယြီက က႑အားလုံးမွာ အျပည့္စုံဆုံးျဖစ္သည္။သူ႕မွာ ​ေနာက္ခံအင္အား​ေကာင္းတဲ့ မိသားစု​ေရာ ႐ုပ္ရည္႐ူပကာပါ ႐ွိၿပီး ခ်စ္မႈ​ေရးရာကိစၥ​ေတြ အတြက္လည္း ပိုက္ဆံကို လိုခ်င္သလို သုံးျဖဳန္းႏိုင္သည္။ဘယ္သူပဲ ၾကည့္ၾကည့္ ​ေမာ့အန္းယြီက တကယ့္ကို အဆင္​ေျပ​ေကာင္းမြန္တဲ့ dating partner တစ္​ေယာက္ျဖစ္သည္။

ပိုအ​ေရးႀကီးတာက အဲဒီအရာရာ ထူးခြၽန္ျပည့္စုံ​ေနတဲ့ အမ်ိဳးသားက ​ေပၚယြီကို ႀကိဳက္​ေနတာပင္။

ဒါ​ေပမယ့္ အဲဒါထက္ ပိုၿပီးအ​ေရးႀကီးတာက​ေတာ့ ​ေပၚယြီက မစၥတာစုန္႔ဆိုတဲ့ ​ေခါင္းမာ ​ေပကတ္ကတ္ႏိုင္ၿပီး တစ္​ေနကုန္တစ္​ေနခမ္း ​ေအးတိ​ေအးစက္မ်က္ႏွာနဲ႔ အဘိုးႀကီးကိုပဲ သ​ေဘာက်​ေနတာျဖစ္သည္။

" ကြၽန္​ေတာ္က ခင္ဗ်ားအတြက္ မလုံ​ေလာက္ဘူးလား ? "   ​ေမာ့အန္းယြီက ဖုံးကြယ္သ႐ုပ္​ေဆာင္ထားတဲ့ သူ႕ရဲ႕ ​ေနာက္ဆုံး​ေသာ အလႊာ​ေလးကို ဆုတ္ၿဖဲပစ္လိုက္ၿပီး ​ေပၚယြီ​ရဲ႕ေ႐ွ႕မွာ ​ ယုံးမွားသံသယလြန္ကဲကာ ​ေမွာင္မဲတဲ့ ဘက္ျခမ္းကို လုံးလုံးလ်ားလ်ား ထုတ္​ေဖာ္ျပသလာခဲ့သည္။

​ေပၚယြီ မ်က္​ေမွာင္ၾကဳတ္သြားသည္။   " ငါတို႔က မသင့္​ေတာ္ပါဘူး "

" ကြၽန္​ေတာ္တို႔က လိုက္ဖက္ပါတယ္။ အက်င့္စ႐ိုက္က​ေန ဝါသနာထိ အကုန္တူၾကတယ္​ေလ။ အဲဒါ မလုံ​ေလာက္ဘူးလား ? "

" ခြၽတ္စြပ္တူ​ေနတဲ့ လူႏွစ္​ေယာက္ အတူတူ ႐ွိ​ေနတာက မွန္တစ္ခ်ပ္ကို ၾကည့္​ေနရသလိုပဲ။ အဲလိုအခ်စ္မ်ိဳးက ငါ လိုခ်င္တဲ့ဟာ မဟုတ္ဘူး "   ​ေပၚယြီ ​ေလး​ေလးနက္နက္ ျပန္​​ေျဖလိုက္သည္။

တည္ၾကည္​ေလးနက္​ေနတဲ့ ​ေပၚယြီရဲ႕ မ်က္၀န္း​ေတြ​ေၾကာင့္ ​ေမာ့အန္းယြီက  တစ္ခဏခ်င္းမွာပဲ သူ႕ရဲ႕အားအင္​ေတြအကုန္ ဆုတ္ယုတ္သြားသလို ခံစားရကာ သူ႕လက္​ေတြကို ​ေျဖ​ေလ်ာ့လိုက္သည္။

​ေပၚယြီက ​ေမာ့အန္းယြီဘက္ကို ​ေက်ာ​ေပးလိုက္ၿပီး ​ေအးစက္တဲ့ အမူအရာနဲ႔ ​ေျပာလိုက္သည္။   " ငါတို႔က မသင့္​ေတာ္ဘူး။ ၿပီး​ေတာ့ မင္း ငါ့ကို လုံးလုံး မစြန္႔လႊတ္ႏိုင္ခင္ ငါတို႔​ေတြ ထပ္မ​ေတြ႕တာ အ​ေကာင္းဆုံးပဲ "

​ေမာ့အန္းယြီက ႏွင္းဆီပန္းကို ၾကမ္းျပင္​ေပၚ လႊင့္ပစ္ကာ ​ေနာက္လွည့္ထြက္သြား​ေတာ့သည္။

စြန္႔လႊတ္ရမယ္ ???

သူက ​ေပၚယြီကို စြန္႔လႊတ္ၿပီးသြားရင္ စုန္႔႐ွီလင္နဲ႔ ​ေပၚယြီတို႔ အတူတူ႐ွိ​ေနတာကို ​ေငးၾကည့္​ေနရမယ္​ေပါ့ ?? အဲဒါက ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ ?

တကယ္လို႔ မျဖစ္မ​ေန စြန္႔လႊတ္ရမယ္ဆိုရင္လည္း သူ စြန္႔ပစ္ခ်င္တာကို စြန္႔ပစ္မယ္ !!!

​ေပၚယြီ အခ်ိန္အၾကာႀကီး အဲဒီ​ေနရာမွာ​တင္  မတ္တပ္ရပ္​ေနမိၿပီး​ေနာက္ ​​ေသာ့ကိုထုတ္ကာ အိမ္တံခါးဖြင့္၀င္လိုက္သည္။

ဖရဲသီး​ေလးက ဇြန္း​ေလးတစ္​ေခ်ာင္းကို ကိုင္ရင္း  စြပ္ျပဳတ္​ေသာက္​ေနတာျဖစ္သည္။​ေပၚယြီ ျပန္လာတာကို ျမင္တဲ့အခါ ဖရဲသီး​ေလးက အလိုက္သိစြာ ​​ေမးလိုက္သည္။   " ပါးပါး , စြပ္ျပဳတ္​ေသာက္ခ်င္လား ? "

​ေပၚယြီ ​ေ႐ွ႕ကို ​ေလွ်ာက္သြားလိုက္ၿပီး ဖရဲသီး​ေလး​ေ႐ွ႕မွာ ငုတ္တုတ္ထိုင္ခ်ကာ ခုံေသး​ေသး​ေလး​ေပၚ ထိုင္​ေနတဲ့ က​ေလး​ေလးကို ၾကည့္လိုက္သည္။   " ဘယ္သူက မင္းကို စြပ္ျပဳတ္​ေကြၽးတာလဲ ? "

" ဦးဦးခ်ဴ "   ဖရဲသီး​ေလးက သူ႕အိတ္ကပ္ထဲက​ေန ခ်ိဳခ်ဥ္​​ေလးတစ္လုံးကို ရတနာတစ္ခု လက္​ေဆာင္​ေပးသလိုမ်ိဳး ထုတ္ၿပီး မခြာတတ္ခြာတတ္​ေလးနဲ႔ အခြံခြာကာ အျပဳံးအႀကီးႀကီးျပဳံးရင္း ​ေပၚယြီရဲ႕ပါးစပ္ထဲကို ထည့္​ေပးလိုက္သည္။

" ပါးပါး , အရသာ႐ွိလားဟင္ ? "

ဒါက အနည္းငယ္ ခ်ိဳျမၿပီး အရသာ​ေကာင္းတဲ့ ႏူးႏူးညံ့ညံ့ ခ်ိဳခ်ဥ္​ေလးတစ္လုံးျဖစ္သည္။နည္းနည္း​ေလာက္ ကိုက္ၿပီးတဲ့အခါမွာလည္း ခ်ိဳခ်ဥ္က သြားကို လာကပ္မ​ေန​ေခ်။အတြင္း​ေရးမႉးခ်ဴလို ပုဂၢိဳလ္မ်ိဳးက ဒီပစၥည္းကို မ၀ယ္ႏိုင္​ေပ။

​ေပၚယြီက ဖရဲသီး​ေလးကို ​ေမႊး​ေမႊး​ေပးၿပီး သူ႕မ်က္လုံး​ေတြကို က်ဥ္း​ေျမာင္းကာ ​ေျပာလိုက္သည္။   " ပါးပါးကို အမွန္အတိုင္း​ေျပာ။ သားကို ဒီခ်ိဳခ်ဥ္နဲ႔ စြပ္ျပဳတ္​ေကြၽးတာ ဘယ္သူလဲ ?? "

ဖရဲသီး​ေလးက ႏႈတ္ခမ္း​ေလး စူထြက္လာသည္။   " ဦးဦးစုန္႔ "

ထင္တဲ့အတိုင္းပဲ ၊ ဒါ​ေတြကို ​ေပးလိုက္တဲ့သူက တိတ္ဆိတ္​ေအးစက္ၿပီး နည္းနည္း စိတ္​ေကာက္​ေနတဲ့ အဲဒီလူအိုႀကီး​ေပါ့​ေလ။

အမွန္ကို သိလိုက္ရၿပီးတဲ့​ေနာက္ ​ေပၚယြီ ဆက္​ေမးလိုက္သည္။   " ဘာလို႔ ပါးပါးကို လိမ္​ေျပာတာလဲ ? "

ဖရဲသီး​ေလးရဲ႕ နီတာရဲ ႏႈတ္ခမ္း​ေလးက ပိုပိုစူလာကာ သူ႕ရဲ႕စိတ္ဆိုးမႈ​ေလး​ေတြနဲ႔ မ​ေက်နပ္မႈ​ေလး​ေတြကို ​ေဖာ္ျပရင္း   " သားကို ဦးဦးစုန္႔က ပါးပါးဆီ ​ေျပာမျပနဲ႔တဲ့။ သား ​ေျပာျပလိုက္ရင္ ပါးပါးက ​ေဒါသထြက္သြားလိမ့္မယ့္လို႔ ​​ေျပာတယ္ "

​ေပၚယြီ   ;   " ႏႈတ္ခမ္းႀကီး ​ေထာ္မ​ေနနဲ႔​ေတာ့။ မင္း ​ေတာ္​ေတာ္႐ုပ္ဆိုး​ေနတယ္ "

ဖရဲသီး​​ေလးက စိတ္ဆိုးဆိုးနဲ႔ ​ေပၚယြီရဲ႕မ်က္ႏွာကို ကိုက္ပစ္လိုက္ၿပီး သြားတန္းရာ​ေသး​ေသး​ေလးတစ္ခုကို ခ်န္ထားခဲ့လိုက္သည္။   " လူဆိုးပါးပါးက ခ်ိဳခ်ဥ္​ေတြအကုန္လုံးကိုလည္း စားပစ္​ေသးတယ္။က​ေလး​ေလးကိုလည္း ဆူ​ေနတယ္ "

​ေပၚယြီမွာ သူ႕မ်က္ႏွာ​ေပၚက သြားရည္​ေတြကို သုတ္လိုက္ရၿပီး သူ႕ရဲ႕အူတူတူသား​ေလးကို မခ်ီကာ ​ေရခ်ိဳး​ေပးဖို႔အတြက္ ​ေရခ်ိဳးခန္းဆီ သြားလိုက္သည္။   " ဒါက လူႀကီးနဲ႔က​ေလးၾကားက ကြားျခားခ်က္ပဲ "

မိဘ​ေတြဟာ က​​ေလး​ေတြ မလိမၼာရင္ ​ေကာင္း​ေကာင္း ႐ိုက္ပစ္ၾကလိမ့္မည္။ဒါ​ေပမယ့္ ​ေယာက်္ားတစ္​ေယာက္က ဆိုးသြမ္း​ေနရင္​ေတာ့ သူ႕ရဲ႕ခ်စ္သူက အဲဒီ​ေယာက်္ားကို ပိုခ်စ္လာမွာျဖစ္သည္။

ဖရဲသီး​ေလးကို ​ေရမိုးခ်ိဳး​ေပးၿပီးတဲ့​ေနာက္ ​ေပၚယြီ အိပ္ရာ​ေပၚမွာ မ်က္လုံး​ေတြ ​ေမွးစင္း​ေနတဲ့ သူ႕ရဲ႕အူတူတူသားေလးကို စိတ္​ေက်နပ္စြာ ၾကည့္ရင္း သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။

တကယ္လို႔ ဖရဲသီး​ေလးသာ စုန္႔႐ွီလင္နဲ႔ တူ​ေနမယ္ဆိုရင္ သူ ဒီက​ေလး​ေလးကို ​​ေမြး​ေပးလိုက္ႏိုင္လို႔ ပို​ေပ်ာ္​ေလာက္တယ္။

​ေနစမ္းပါဦး ! ဒီက​ေလးကို ​ေမြးခဲ့တဲ့သူက ဘာကိစၥ ဟိုလူအိုႀကီး မဟုတ္ရတာလဲ ?

က​ေလး​ေလးက လ်င္လ်င္ျမန္ျမန္ပင္ အိပ္​ေမာက်သြားသည္။​ေပၚယြီမွာ ကစားတာက​ေန အိပ္​ေပ်ာ္သြားတာအထိ ဖရဲသီး​ေလးနဲ႔ အတူတူ ႐ွိ​ေန​ေပးဖို႔အတြက္ အခ်ိန္နာရီ၀က္​ေလာက္ပဲ ယူလိုက္ရသည္။

ဖရဲသီး​ေလးကို အိပ္​ေပ်ာ္​ေအာင္ ​ေခ်ာ့​ေမာ့ၿပီး​ေနာက္ ​ေပၚယြီက သူ႕ဖုန္းကို ကိုင္ကာ အိတ္ကပ္ထဲထည့္ထားတဲ့ လက္နဲ႔ စုန္႔႐ွီလင္ရဲ႕ အိမ္​ေခါင္း​ေလာင္းကို တီးလိုက္သည္။

ဒါ​ေပမယ့္ အထဲက​​ေန တံခါးဖြင့္လာတာကို သူ ျမင္လိုက္တဲ့အခ်ိန္မွာ ​ေပၚယြီ ႏွာ​ေခါင္း​ေသြး လွ်ံလုနီးပါးပင္ ျဖစ္သြားရသည္ ______ တည္ၿငိမ္ရင့္က်က္ၿပီး ဉာဏ္​ေကာင္းတဲ့ အမ်ိဳးသားက ညိႇဳ႕အားျပင္းတဲ့မ်က္ႏွာ ၊ စို႐ႊဲ​ေနတဲ့ ဆံပင္​ေတြက​ေနတစ္ဆင့္ တစ္စက္ခ်င္း က်​ေနတဲ့ ​ေရ​ေပါက္​ေတြ ၿပီး​ေတာ့ ​ေရခ်ိဳးခန္းသုံး သပတ္နဲ႔ ပတ္ထားတဲ့ ခါး​ေအာက္ပိုင္း။ ၾကည့္ရတာ အရမ္းအရမ္းကို ဆြဲ​ေဆာင္မႈ႐ွိလိုက္တာ​ေနာ္ ......

သူက ​ဒီေယာက်္ားကို ခ်စ္ဖို႔ ​ေမြးဖြားလာရတာလို႔ ​ေပၚယြီ ​ေျပာခဲ့ဖူးသည္။ဒါ​ေၾကာင့္ စုန္႔႐ွီလင္ဆိုတဲ့ ဒီ​ေယာက်္ားဆီက အခ်ိန္မ​ေ႐ြး ထုတ္လႊတ္​ေနတဲ့ အမ်ိဳးသား​ေဟာ္မုန္း​ေတြရဲ႕ ဆြဲ​ေဆာင္မႈျပင္းအားကို ​ေပၚယြီ မခုခံႏိုင္​ေပ။

သန္မာအား​ေကာင္းတဲ့ အမ်ိဳးသားရဲ႕ အသက္႐ွဴသံ​ေတြက တျဖည္းျဖည္းနဲ႔ သူ႕ဆီ နီးကပ္လို႔လာ​ေနသည္။​ေပၚယြီရဲ႕နား႐ြက္​​ေတြက အနည္းငယ္ နီ​ေစြးသြားၿပီး သူ႕​ေျခ​ေထာက္​ေတြဟာလည္း အားနည္းလာသလို ခံစား​ေနရသည္။ဒါ​ေပမယ့္ ​ေပၚယြီက သူ႕ရဲ႕မ်က္ႏွာအမူအရာ​ေပၚမွာ တည္ၿငိမ္​ေအး​ေဆးမႈကို ဆက္လက္ထိန္းသိမ္းထားသည္။

" ဘာကိစၥ႐ွိလို႔လဲ ? "   သိသိသာသာကိုပဲ တံခါး၀မွာ ရပ္​ေနတဲ့ အမ်ိဳးသားက ​ေပၚယြီ အထဲ၀င္လာဖို႔ကို မလိုလား​ေပ။

တကယ္လို႔ ဒီလူအိုႀကီရဲ႕ လမ္းစည္အတိုင္းသာ သြား​ေနရင္ ​​ေပၚယြီ သူ႕အိပ္ရာ​ေပၚ တက္ဖို႔ကိစၥက ​ေအာင္ျမင္ႏိုင္မွာမဟုတ္သလို အခ်ိန္အၾကာႀကီး သူ လုပ္ခ်င္​ေနတာကိုလည္း လုပ္လိုက္ရမွာမဟုတ္ဘူး။

​ေပၚယြီ ​ေဘးကို​ေစာင္းကာ အထဲကို အတင္း တိုး​ေဝွ႔၀င္လိုက္သည္။သူ လ်င္ျမန္စြာနဲ႔ပဲ ဧည့္ခန္းဆီကို လမ္း​ေလွ်ာက္သြားရင္း ​ေျပာလိုက္သည္။   " ငါ ဒီမွာ မင္းကို ​ေမးစရာ႐ွိလို႔ လာခဲ့တာ "

စုန္႔႐ွီလင္က ​ေပၚယြီရဲ႕အ​ေ႐ွ႕မွာ သပတ္အ​ေျခာက္တစ္ထည္နဲ႔ သူ႕ရင္ဘတ္က ​ေရစက္​ေတြကို တည္ၿငိမ္စြာ သုတ္​လိုက္သည္။

ကိုယ္စီ အ​ေတြး​ေတြနဲ႔ ရည္းစား​ေဟာင္းႏွစ္​ေယာက္က တစ္​ေယာက္နဲ႔တစ္​ေယာက္ တိတ္ဆိတ္စြာ ၾကည့္​ေနၾကၿပီး ဘယ္သူကမွ စကားစ​ေျပာဖို႔ အစီအစဥ္မ႐ွိ​ေခ်။

.
.
.
.
.
.

​ေနာက္က်သြားလို႔ မီယားနဲ​ေရာ္။ ကိုယ္ တကယ္ ​ေနမ​ေကာင္းျဖစ္​ေနလို႔ပါ။

ခုအပိုင္းလည္း အ႐ွည္ႀကီးပဲ​ေနာ္။ ဖ်ား​ေနတဲ့ ကိုယ့္ကို moti ​ေပးတဲ့အ​ေနနဲ႔ VOTE !!! 😍😍😍

Continue Reading

You'll Also Like

931K 106K 92
Title - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6...
12.9K 1K 8
sequel of "ရှီပိုင်ကုန်းလွဲ့"(ဗီလိန်ဗျူဟာ) Total: 8chapters အဓိကဇာတ်ဆောင်: ကျန်းရွှင်းယီ || မင်းသား: မိစ္ဆာဘုရင်ရွှမ်လီ၊ ယွင်ရှဲ့။ ဒါက"ရှီပိုင်ကုန်းလ...
241K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
237K 26.3K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...