[Unicode]
ညီလေးရှေ့မှာ Come Outလုပ်ပြီးကတည်းက၊ ဟယ်ရှင်းချွမ်ဟာ ယန်ထန့်နားမှခွါမည့်ပုံတောင် မပေါ်တော့ပေ။
ဟယ်ရှင်းလျန်အိမ်ပြန်လာတိုင်း..ယန်ထန့်ပေါင်ပေါ်လှဲနေပြီး၊ အင်္ကျီစကိုလှန်တင်ကာ ယန်ထန့်ဗိုက်သားကိုအနမ်းခြွေတတ်တဲ့ သူ့အစ်ကိုကို မြင်တွေ့ရတယ်။
ဟယ်ရှင်းလျန်ဟာဖြင့် ကြက်သီးတဖြန်းဖြန်းထလို့။
သူ့အစ်ကိုရဲ့Male Godပုံရိပ်ကြီးဟာ လဲကျပြိုလဲ ကွဲကြေပျက်စီးသွားခဲ့ပြီ။
အချစ်မှာနစ်မွန်းနေတဲ့လူတွေက အရူးတစ်ပိုင်းအတိုင်းပါလား!
စက်တင်ဘာလရဲ့အစောပိုင်းကာလမှာ၊ မွေးရပ်မြေမှဖုန်းကို ယန်ထန်လက်ခံရရှိတယ်။
အလုပ်လုပ်နေတဲ့သူ့အဘွား ချော်လဲလို့ဆေးရုံပို့လိုက်ရတယ်ဆိုတဲ့ သတင်း။
ဟယ်ရှင်းချွမ်ကိုတောင်အကြောင်းမကြားနိုင်ဘဲ၊ အဘွားဆီ ယန်ထန်အပြေးရောက်သွားခဲ့တယ်။
နယ်မြို့လေးရဲ့ဆေးရုံတွေဟာ ပြည့်စုံလှတယ်တော့မဟုတ်ဘူး၊ ရလာဒ်ဟာအမြဲဆိုသလို ဘာမှမဖြစ်ပါဘူးတဲ့။
အဘွားကို လင်ချန်းမြို့ဆီသာခေါ်သွားလိုက်တယ်။
ဟိုတယ်ခန်းတစ်ခုငှါးရမ်းပြီး၊ အဘွားကို ဆေးရုံတင်တယ်။
"...ခြေထောက်ကို ပြန်ပြီးပတ်တီးစည်းပြီးသွားပြီ။ အသေးစိတ်ရလာဒ်ကတော့ ထွက်လာဖို့စောင့်ရဦးမယ်။ စောင့်ကြည့်လို့ရအောင် ခဏလောက်တော့ဆေးရုံတင်ထားပါဦး"
ဆေးရုံခရှင်းပြီးနောက်၊ အဘွားရဲ့ခုတင်ဆီ ပြန်လာခဲ့လိုက်တယ်။
"အိုး! မြေးလေးလား!? အရမ်းကြည့်ကောင်းတာပဲ!"
ဘေးစကားတွေကို အဘွားကအပြုံးဖြင့်တုံ့ပြန်တယ်။ ယန်ထန့်ပုခုံးကို ပုတ်ပေးလာကာ
"ချော်လဲယုံလေးကို၊ ဆေးရုံအကြီးကြီးဆီခေါ်လာခဲ့ရသလား!? အလကား ငွေကုန်အောင်!"
"ဘယ်လောက်မှကုန်တာလည်း မဟုတ်ဘဲနဲ့၊ တခြားရောဂါတွေပါရှာလို့ရအောင် ဆေးစစ်ရတာပေါ့!"
အဘွားခုတင်ဘေးရှိလူက မြေးလေးလိမ္မာပုံကို ချီးမွန်းစကားဆိုတယ်၊ အဘွားမျက်နှာဟာဖြင့် တောက်ပပြုံးရွှင်လျက်။
"အဘွားသက်သာရဲ့လား? မနက်ဖြန်ကျရင် လေယာဉ်လက်မှတ်ဖြတ်လိုက်တော့မယ်!"
"သက်သာပါတယ်၊ ဆေးစစ်ချက်ကတော့ မနက်ဖြန်မှထွက်မှာ။ မင်းက စာမေးပွဲအတွက်ပြင်ဆင်နေတာမဟုတ်လား? ဘာလို့ ဒီအထိလာမှာလဲ?"
ဟယ်ရှင်းချွမ်က စိတ်ဆိုးသွားပုံပါပဲ
"ဟေး! သူမက ငါ့အဘွားရောမဟုတ်လို့လား!? ဘာလို့မလာနိုင်ရမှာလဲ!? ထန်ကောက ပြောရခက်လိုက်တာ!"
အဘွားက ဟယ်ရှင်းချွမ်ရဲ့အော်ဟစ်သံလေးကို ကြားသွားတယ်
"အတန်းဖော်လေးလား?"
"ဟုတ်တယ်၊ ဒီအထိလိုက်လာမယ်လုပ်နေလို့။ သူကစာမေးပွဲရှိနေတော့၊ ကျွန်တော်က မလာစေချင်ဘူးလေ"
အဘွားက ပြောလာတယ်
"ငါ့ကိုဖုန်းပေး၊ သူ့ကို ငါပြောလိုက်မယ်"
"အဘွား! ဘာမှစိတ်မပူနဲ့နော်! ကျွန်တော် မနက်ဖြန်လာခဲ့မယ်!"
"လိမ္မာတဲ့ကောင်လေး! ဒီကိုဘာလာလုပ်မှာလဲ? စာသာကြိုးစားစမ်းပါ! ဒီမှာထန်ထန်လည်း ရှိနေတာပဲဟာ!"
"အဘွား ကျွန်တော်အဆင်ပြေပါတယ်။ စာမေးပွဲဖြေဖို့က လဝက်တောင်လိုသေးတာ! အချိန်မှီသေးတယ်!"
"အဘွားစကားကို နားထောင်မယ်မလား? သားအရင် စာမေးပွဲဖြေလိုက်နော်၊ ပြီးတော့မှ ထန်ထန်နဲ့အတူ အိမ်လိုက်လာခဲ့။ ဝက်နံရိုးကင်လုပ်ကျွေးမယ်လေ"
ဟယ်ရှင်းချွမ်နဲ့စကားတစ်ချို့ပြောပြီးနောက်မှာ၊ အဘွားက ဖုန်းချလိုက်တယ်။
စိတ်ခံစားချက်တို့တော့ ကောင်းမွန်နေပုံပါပဲ။
"အတန်းဖော်လေးက နောက်ဆုံးစာမေးပွဲတောင် ဖြေနေရပြီလား?"
"...တရားခွင်ဆိုင်ရာရှေ့နေစာမေးပွဲ"
"ဟုတ်လား!?"
"ဝတ်လုံတော်ရရှေ့နေမျိုးလေ"
...
"ဘာကိုဆိုလိုတာလဲ...?"
"...ခြေထောက်ဒဏ်ရာက အဓိကမဟုတ်ဘူး။ ဒါပေမဲ့ တခြားနေရာတွေမှာရှာတွေ့ထားတာ..."
ဆရာဝန်က ဖလင်တစ်ချပ်ထုတ်ပြလာတယ်၊ တစ်နေရာကို လက်ညှိုးထောက်ပြကာ
"အစာပြွန်ကင်ဆာဖြစ်နိုင်ချေရှိနေတယ်၊ ပိုပြီးစစ်ဆေးရဦးမယ်ဆိုပေမဲ့..."
သူ့လက်ကောက်ဝတ်သူ ယန်ထန်ပြန်ဆွဲဆိတ်မိတယ်
"ဘယ်လောက်ကြာမှာလဲ?"
"အာ...အနည်းဆုံး၂ရက်လောက်လား?"
"နားလည်ပါပြီ"
ယန်ထန်အပြင်ထွက်သွားခါမှ၊ ဆရာဝန်က သူ့ဘေးရှိနောက်ဆရာဝန်တစ်ယောက်ကို ကပ်ပြောမိတယ်
"ငါတွေးနေတာက 'သူ ငါ့ကိုဘယ်တော့ထထိုးလောက်မလဲ?' ဆိုပြီးပဲ!"
အဘွားက ဘေးခုတင်ရှိလူတွေနဲ့ စကားပြောနေခဲ့တယ်။ ပြန်ရောက်လာတဲ့ ယန်ထန်ကိုမြင်တော့
"ထန်ထန်! ငါ ဆေးရုံဆင်းရတော့မယ်မလား?"
"အဘွား! ဆေးရုံရောက်ဖို့အခွင့်အရေးက နည်းတယ်ဆိုတော့၊ တစ်ကိုယ်လုံးဆေးစစ်ကျတာပေါ့။ နောက်ရက်အနည်းငယ်လောက် ထပ်နေဦးနော်"
"မဖြစ်ဘူးလေ! အိမ်က ကြက်တွေနဲ့ ဘဲတွေကို ဘယ်သူအစာကျွေးမှာလဲ!? ကုလားဆီးဖြူသီးတွေကိုရော ဘယ်လိုလုပ်မှာလဲ!? ခူးပြီး နင်တို့ဆီပို့ပေးမလို့ဟာ၊ ထပ်ကြာသွားရင် အကုန်ပုပ်သွားမှာပေါ့!"
"အဘွား၊ စိတ်အေးအေးသာထားပါ။ အိမ်နီးချင်းတွေကို အကုန်အကူအညီတောင်းပြီးသွားပြီ!"
"အင်း။ ဒါပေမဲ့ သူတို့ကိုပြောလိုက်ဦး! ငါ့ကုလားဆီးဖြူသီးတွေကို မခိုးစမ်းနဲ့လို့!"
လင်ချန်းမြို့-ဟယ်ဘေးစီရင်စုရဲ့ အနောက်တောင်ဘက်တွင်ရှိသောမြို့။ တိုင်ဟန်တောင်တန်းများ၏ တောင်ခြေတွင်တည်ရှိသည်။
တိုင်ဟန်တောင်တန်းများ(Taihang Mountains)
ကုလားဆီးဖြူသီး(Gooseberries)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]
ညီေလးေရွ႕မွာ Come Outလုပ္ၿပီးကတည္းက၊ ဟယ္ရွင္းခြၽမ္ဟာ ယန္ထန္႔နားမွခြါမည့္ပုံေတာင္ မေပၚေတာ့ေပ။
ဟယ္ရွင္းလ်န္အိမ္ျပန္လာတိုင္း..ယန္ထန္႔ေပါင္ေပၚလွဲေနၿပီး၊ အက်ႌစကိုလွန္တင္ကာ ယန္ထန္႔ဗိုက္သားကိုအနမ္းေႁခြတတ္တဲ့ သူ႔အစ္ကိုကို ျမင္ေတြ႕ရတယ္။
ဟယ္ရွင္းလ်န္ဟာျဖင့္ ၾကက္သီးတျဖန္းျဖန္းထလို႔။
သူ႔အစ္ကိုရဲ႕Male Godပုံရိပ္ႀကီးဟာ လဲက်ၿပိဳလဲ ကြဲေၾကပ်က္စီးသြားခဲ့ၿပီ။
အခ်စ္မွာနစ္မြန္းေနတဲ့လူေတြက အ႐ူးတစ္ပိုင္းအတိုင္းပါလား!
စက္တင္ဘာလရဲ႕အေစာပိုင္းကာလမွာ၊ ေမြးရပ္ေျမမွဖုန္းကို ယန္ထန္လက္ခံရရွိတယ္။
အလုပ္လုပ္ေနတဲ့သူ႔အဘြား ေခ်ာ္လဲလို႔ေဆး႐ုံပို႔လိုက္ရတယ္ဆိုတဲ့ သတင္း။
ဟယ္ရွင္းခြၽမ္ကိုေတာင္အေၾကာင္းမၾကားႏိုင္ဘဲ၊ အဘြားဆီ ယန္ထန္အေျပးေရာက္သြားခဲ့တယ္။
နယ္ၿမိဳ႕ေလးရဲ႕ေဆး႐ုံေတြဟာ ျပည့္စုံလွတယ္ေတာ့မဟုတ္ဘူး၊ ရလာဒ္ဟာအၿမဲဆိုသလို ဘာမွမျဖစ္ပါဘူးတဲ့။
အဘြားကို လင္ခ်န္းၿမိဳ႕ဆီသာေခၚသြားလိုက္တယ္။
ဟိုတယ္ခန္းတစ္ခုငွါးရမ္းၿပီး၊ အဘြားကို ေဆး႐ုံတင္တယ္။
"...ေျခေထာက္ကို ျပန္ၿပီးပတ္တီးစည္းၿပီးသြားၿပီ။ အေသးစိတ္ရလာဒ္ကေတာ့ ထြက္လာဖို႔ေစာင့္ရဦးမယ္။ ေစာင့္ၾကည့္လို႔ရေအာင္ ခဏေလာက္ေတာ့ေဆး႐ုံတင္ထားပါဦး"
ေဆး႐ုံခရွင္းၿပီးေနာက္၊ အဘြားရဲ႕ခုတင္ဆီ ျပန္လာခဲ့လိုက္တယ္။
"အိုး! ေျမးေလးလား!? အရမ္းၾကည့္ေကာင္းတာပဲ!"
ေဘးစကားေတြကို အဘြားကအၿပဳံးျဖင့္တုံ႔ျပန္တယ္။ ယန္ထန္႔ပုခုံးကို ပုတ္ေပးလာကာ
"ေခ်ာ္လဲယုံေလးကို၊ ေဆး႐ုံအႀကီးႀကီးဆီေခၚလာခဲ့ရသလား!? အလကား ေငြကုန္ေအာင္!"
"ဘယ္ေလာက္မွကုန္တာလည္း မဟုတ္ဘဲနဲ႔၊ တျခားေရာဂါေတြပါရွာလို႔ရေအာင္ ေဆးစစ္ရတာေပါ့!"
အဘြားခုတင္ေဘးရွိလူက ေျမးေလးလိမၼာပုံကို ခ်ီးမြန္းစကားဆိုတယ္၊ အဘြားမ်က္ႏွာဟာျဖင့္ ေတာက္ပၿပဳံး႐ႊင္လ်က္။
"အဘြားသက္သာရဲ႕လား? မနက္ျဖန္က်ရင္ ေလယာဥ္လက္မွတ္ျဖတ္လိုက္ေတာ့မယ္!"
"သက္သာပါတယ္၊ ေဆးစစ္ခ်က္ကေတာ့ မနက္ျဖန္မွထြက္မွာ။ မင္းက စာေမးပြဲအတြက္ျပင္ဆင္ေနတာမဟုတ္လား? ဘာလို႔ ဒီအထိလာမွာလဲ?"
ဟယ္ရွင္းခြၽမ္က စိတ္ဆိုးသြားပုံပါပဲ
"ေဟး! သူမက ငါ့အဘြားေရာမဟုတ္လို႔လား!? ဘာလို႔မလာႏိုင္ရမွာလဲ!? ထန္ေကာက ေျပာရခက္လိုက္တာ!"
အဘြားက ဟယ္ရွင္းခြၽမ္ရဲ႕ေအာ္ဟစ္သံေလးကို ၾကားသြားတယ္
"အတန္းေဖာ္ေလးလား?"
"ဟုတ္တယ္၊ ဒီအထိလိုက္လာမယ္လုပ္ေနလို႔။ သူကစာေမးပြဲရွိေနေတာ့၊ ကြၽန္ေတာ္က မလာေစခ်င္ဘူးေလ"
အဘြားက ေျပာလာတယ္
"ငါ့ကိုဖုန္းေပး၊ သူ႔ကို ငါေျပာလိုက္မယ္"
"အဘြား! ဘာမွစိတ္မပူနဲ႔ေနာ္! ကြၽန္ေတာ္ မနက္ျဖန္လာခဲ့မယ္!"
"လိမၼာတဲ့ေကာင္ေလး! ဒီကိုဘာလာလုပ္မွာလဲ? စာသာႀကိဳးစားစမ္းပါ! ဒီမွာထန္ထန္လည္း ရွိေနတာပဲဟာ!"
"အဘြား ကြၽန္ေတာ္အဆင္ေျပပါတယ္။ စာေမးပြဲေျဖဖို႔က လဝက္ေတာင္လိုေသးတာ! အခ်ိန္မွီေသးတယ္!"
"အဘြားစကားကို နားေထာင္မယ္မလား? သားအရင္ စာေမးပြဲေျဖလိုက္ေနာ္၊ ၿပီးေတာ့မွ ထန္ထန္နဲ႔အတူ အိမ္လိုက္လာခဲ့။ ဝက္နံ႐ိုးကင္လုပ္ေကြၽးမယ္ေလ"
ဟယ္ရွင္းခြၽမ္နဲ႔စကားတစ္ခ်ိဳ႕ေျပာၿပီးေနာက္မွာ၊ အဘြားက ဖုန္းခ်လိုက္တယ္။
စိတ္ခံစားခ်က္တို႔ေတာ့ ေကာင္းမြန္ေနပုံပါပဲ။
"အတန္းေဖာ္ေလးက ေနာက္ဆုံးစာေမးပြဲေတာင္ ေျဖေနရၿပီလား?"
"...တရားခြင္ဆိုင္ရာေရွ႕ေနစာေမးပြဲ"
"ဟုတ္လား!?"
"ဝတ္လုံေတာ္ရေရွ႕ေနမ်ိဳးေလ"
...
"ဘာကိုဆိုလိုတာလဲ...?"
"...ေျခေထာက္ဒဏ္ရာက အဓိကမဟုတ္ဘူး။ ဒါေပမဲ့ တျခားေနရာေတြမွာရွာေတြ႕ထားတာ..."
ဆရာဝန္က ဖလင္တစ္ခ်ပ္ထုတ္ျပလာတယ္၊ တစ္ေနရာကို လက္ညႇိဳးေထာက္ျပကာ
"အစာႁပြန္ကင္ဆာျဖစ္ႏိုင္ေခ်ရွိေနတယ္၊ ပိုၿပီးစစ္ေဆးရဦးမယ္ဆိုေပမဲ့..."
သူ႔လက္ေကာက္ဝတ္သူ ယန္ထန္ျပန္ဆြဲဆိတ္မိတယ္
"ဘယ္ေလာက္ၾကာမွာလဲ?"
"အာ...အနည္းဆုံး၂ရက္ေလာက္လား?"
"နားလည္ပါၿပီ"
ယန္ထန္အျပင္ထြက္သြားခါမွ၊ ဆရာဝန္က သူ႔ေဘးရွိေနာက္ဆရာဝန္တစ္ေယာက္ကို ကပ္ေျပာမိတယ္
"ငါေတြးေနတာက 'သူ ငါ့ကိုဘယ္ေတာ့ထထိုးေလာက္မလဲ?' ဆိုၿပီးပဲ!"
အဘြားက ေဘးခုတင္ရွိလူေတြနဲ႔ စကားေျပာေနခဲ့တယ္။ ျပန္ေရာက္လာတဲ့ ယန္ထန္ကိုျမင္ေတာ့
"ထန္ထန္! ငါ ေဆး႐ုံဆင္းရေတာ့မယ္မလား?"
"အဘြား! ေဆး႐ုံေရာက္ဖို႔အခြင့္အေရးက နည္းတယ္ဆိုေတာ့၊ တစ္ကိုယ္လုံးေဆးစစ္က်တာေပါ့။ ေနာက္ရက္အနည္းငယ္ေလာက္ ထပ္ေနဦးေနာ္"
"မျဖစ္ဘူးေလ! အိမ္က ၾကက္ေတြနဲ႔ ဘဲေတြကို ဘယ္သူအစာေကြၽးမွာလဲ!? ကုလားဆီးျဖဴသီးေတြကိုေရာ ဘယ္လိုလုပ္မွာလဲ!? ခူးၿပီး နင္တို႔ဆီပို႔ေပးမလို႔ဟာ၊ ထပ္ၾကာသြားရင္ အကုန္ပုပ္သြားမွာေပါ့!"
"အဘြား၊ စိတ္ေအးေအးသာထားပါ။ အိမ္နီးခ်င္းေတြကို အကုန္အကူအညီေတာင္းၿပီးသြားၿပီ!"
"အင္း။ ဒါေပမဲ့ သူတို႔ကိုေျပာလိုက္ဦး! ငါ့ကုလားဆီးျဖဴသီးေတြကို မခိုးစမ္းနဲ႔လို႔!"
လင္ခ်န္းၿမိဳ႕-ဟယ္ေဘးစီရင္စုရဲ႕ အေနာက္ေတာင္ဘက္တြင္ရွိေသာၿမိဳ႕။ တိုင္ဟန္ေတာင္တန္းမ်ား၏ ေတာင္ေျခတြင္တည္ရွိသည္။
တိုင္ဟန္ေတာင္တန္းမ်ား(Taihang Mountains)
ကုလားဆီးျဖဴသီး(Gooseberries)