ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စာ...

De No_Coz

1.1M 161K 5.7K

စစ္သူႀကီးမ်ိဳးရိုး၏ ပဏာမသမီးေတာ္၊ ျဖဴစင္၊ ရိုးသား၍ အလိမ္အညာခံရလြယ္ေသာ၊ မင္းသားသင္းအား ရူးရူးမိုက္မိုက္ခ်စ္ႀကိ... Mai multe

နိဒါန်း
၁။ မိဖုရားခေါင်ကြီးအား နန်းချခြင်း
၂။ ျပန္လည္ ေမြးဖြားျခင္း
၃။ ရန္တိုက္ျခင္း
၄။ ရွန္းသခင္မႀကီး
၅။ ပါးကိုက္ နားကိုက္
၆။ သတိေပးခ်က္
၇။ ကြမ္ဝမ့္ထန္
၈။ စကားရည္လုပြဲ
၉။ ေဖ့ရွဳကိုင္း (ဆရာေဖ့)
၁၀။ ႐ွဲ႔သခင္ေလး
၁၁။ ရွဲ႔မိသားစု၏ နိဂံုး
၁၂။ ေကြ႕ေမာေမာ
၁၃။ တိတ္တဆိတ္ ပူးေပါင္း
၁၄။ အေမႏွင့္ သမီး
၁၅။ ဆုမင္ဖုန္း
၁၆။ ယုန္ကိုမိေတာ့ ေခြးကို ခ်က္
၁၇။ ဘယ္သူ သင္ေပးလိုက္တာလဲ...
၁၈။ မင္းကိုး...
၁၉။ အလြန္ ခံညားေသာ လူငယ္
၂၀။ လင္အန္းနယ္စားရဲ႕ အိမ္ေတာ္
၂၁။ ဝတ္စံုသစ္ျပဳလုပ္ျခင္း
၂၂။ ေရႊႏွင့္ ေငြ
၂၃။ ပြဲေတာ္ရက္မတိုင္မွီ ျပင္ဆင္မႈမ်ား
၂၄။ မြန္းၾကပ္ေသာ ခံစားခ်က္
၂၅။ ေလွာင္ေျပာင္ သေရာ္ၾကျခင္း
၂၆။ ညႇိဳ႕ယူဖမ္းစားျခင္း
၂၇။ ပထမအဆင့္မင္းသားယြီ
၂၈။ ပန္ကုန္း ျပန္လာၿပီ...
၂၉။ ေတြေဝရွဳပ္ေထြးေစျခင္း
၃၀။ ကံစမ္းျခင္း
၃၁။ သည္​းမခံနဲ႔
၃၂။ တစ္အုပ္စုတည္းလား...
၃၃။ ေရးဆြဲျခယ္သား
၃၄။ အႏိုင္ရျခင္း
၃၅။ နားလည္သေဘာေပါက္ျခင္း
၃၆။ ခရမ္းေရာင္ လူငယ္
၃၇။ သူ႔ အေမး
၃၈။ ပန္းလက္ေဆာင္
၃၉။ ေဒါသထြက္ေစျခင္း
၄၀။ မ်က္ေမွာက္ေခတ္ ဥပေဒ အေၾကာင္းအရာ
၄၁။ ေက်းကၽြန္
၄၂။ သူမကိုစိန္ေခၚတယ္
၄၃။ ေသျခင္း ရွင္ျခင္းအတြက္ သေဘာတူညီခ်က္
၄၄။ သတ္ရဲလား
၄၅။ အခု ငါ့အလွည့္...
၄၆။ ဘဝေလာင္းေၾကး
၄၇။ အနီကို ျမင္
၄၈။ ေနာက္ဆံုး ျမႇား...
၄၉။ ရွဲ႔အိမ္ေတာ္က ရွဳညီေနာင္ ႏွစ္ပါး
၅၀။ တုန္႔ျပန္လာေစရန္ မခံခ်င္ေအာင္ေျပာ
၅၁။ တစ္ဦးတည္းႏွင့္. . .
၅၂။ ေနာက္ကြယ္မွ တိုက္ခိုက္ျခင္း
၅၃။ တူညီတဲ့လွည့္စားမႈတစ္ခုပဲသံုးျခင္း
၅၄။ ေထာင္ေခ်ာက္တစ္ခု
၅၅။ ေအာ္ဂလီဆန္စရာ ယုတ္မာမႈေတြ...
၅၆။ လ်ိဳ႕ဝွက္ ေဆြးေႏြးျခင္း
၅၇။ အရာရွိ မို႔ခ်င္း
၅၈။ ကိုယ္ရံေတာ္
၅၉။ ဝူလံု ဘုရားေက်ာင္း
၆၀။ အခန္း
၆၁။ လ​ေရာင္​​ေအာက္​က ည
၆၂။ မေမၽွာ္လင့္ထားေသာ ဧည့္သည္
၆၃။ ရွဲ႔သခင္ေလးႏွင့္ မေမၽွာ္လင့္ဘဲ ၾကံဳႀကိဳက္ေသာည (၁)
၆၃။ ရွဲ႔သခင္ေလးႏွင့္ မေမၽွာ္လင့္ဘဲ ၾကံဳႀကိဳက္ေသာည (၂)
၆၃။ ရွဲ႔သခင္ေလးႏွင့္ မေမၽွာ္လင့္ဘဲ ၾကံဳႀကိဳက္ေသာည (၃)
၆၄။ ရွန္းအိမ္ေတာ္ကို ျပန္ၾကၿပီ... (၁)
၆၄။ ႐ွန္းအိမ္ေတာ္ကို ျပန္ၾကၿပီ... (၂)
၆၄။ ႐ွန္းအိမ္ေတာ္ကို ျပန္ၾကၿပီ... (၃)
၆၄။ ႐ွန္းအိမ္ေတာ္ကို ျပန္ၾကၿပီ...(၄)
၆၅။ ဆံုးရွံဳးမႈ မရွိ (၁)
၆၅။ ဆံုးရွံဳးမႈ မရွိ (၂)
၆၅။ ဆံုးရွံဳးမႈ မရွိ (၃)
၆၆။ ေကြ႕ေမာေမာ၏ နိဂံုး (၁)
၆၆။ ေကြ႕ေမာေမာ၏ နိဂံုး (၂)
၆၆။ ေကြ႕ေမာေမာ၏ နိဂံုး (၃)
၆၇။ ကိုယ္​ဝန္​ (၁)
၆၇။ ကိုယ္​ဝန္​ (၂)
၆၈။ အိမ္​ေထာင္ဖက္​ကို လဲလွယ္​ (၁)
၆၈။ အိမ္​ေထာင္ဖက္​ကို လဲလွယ္​ (၂)
၆၉။ တတ္​စြမ္​းနိုင္​မႈ (၁)
၆၉။ တတ္​စြမ္​းနိုင္​မႈ (၂)
၆၉။ တတ္​စြမ္​းနိုင္​မႈ (၃)
၇၀။ ေမြးေန႔ က်င္းပျခင္း
၇၁။ ဘိုးေဘးခန္​းမ မီးရွိဳ႕ခံရ (၁)
၇၁။ ဘိုးေဘးခန္​းမ မီးရွိဳ႕ခံရ (၂)
၇၁။ ဘိုးေဘးခန္​းမ မီးရွိဳ႕ခံရ (၃)
၇၂။ ေက်ေအာင္​ ျပန္​ေခ်
၇၃။ ရွန္​ခ်ိဳး
၇၄။ အေျပာင္းအလဲ ျဖစ္​ေစမည္​ေသာ
၇၅။ ႐ြယ္​ထားေသာ အစီအစဥ္​
အဆိပ်/ လီဝေယန်း
၇၆။ အိမ်တော်အပြန် ကြိုဆိုပွဲ
၇၇။ အပြန်အလှန်
၇၈။ သက်ဝင်မှုများနှင့် စည်ကားသိုက်မြိုက်
၇၉။ ကိုယ်ဝန်
၈၀။ မှောင်မိုက်သော လမ်းကို ရွေးချယ်/ ခ
ရှန်မြောင် Paid Gp အတွက်
၈၁။ ညှိနှိုင်းခြင်း/ က
၈၁။ ညှိနှိုင်းခြင်း/ ခ
၈၁။ ညှိနှိုင်းခြင်း/ ဂ
၈၂။ အရောင်းအဝယ်/ က
၈၂။ အရောင်းအဝယ်/ ခ
၈၂။ အရောင်းအဝယ်/ဂ
၈၃။ အိမ်တော်တစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်/ က
၈၃။ အိမ်တော်တစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်/ ခ
၈၄။ မယုံကြည်မှု/ က
၈၄။ မယုံကြည်မှု/ ခ
၈၅။ ထိမ်းမြားလက်ထပ်ပွဲနေ့
၈၆။ သွေးချောင်းစီး
၈၇။ မလုပ်ရက်ဘဲနှင့် နေမည်
၈၈။ စိတ်ပျော့ပြောင်း
၈၉။ လမ်းမရှိ
၉၀။ မိသားစု
၉၁။ ရှန်ချင်း သေဆုံးခြင်း
၉၂။ ကျောက်စိမ်းယုန်ပွဲတော်
၉၃။ ပျောက်ဆုံးခြင်း
၉၄။ မရေရာမှု
၉၅။ နှစ်ကိုယ်တည်း သီးသီးသန့်သန့်
၉၆။ ပိုနီးစပ်လာ
၉၇။ ယုတ်မာသော ယောင်းမ ရောက်ရှိလာပြန်
၉၈။ သရုပ်ဖော်ပြသ
၉၉။ ဖောက်လွဲဖောက်ပြန် ပြုသူ
၁၀၀။ သူမအတွက် အရေးတယူ လှုပ်ရှား
၁၀၁။ ယစ်မူး
၁၀၂။ လူပြောစရာ
၁၀၃။ မိန်းမသားတစ်ယောက်၏ ညှို့အား
၁၀၄။ လူသတ်မှု
၁၀၅။ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း
၁၀၆။ မိသားစုချင်း ခွဲထွက်မည်
၁၀၇။ မျိုးဆက် ပြတ်စေသည်
၁၀၈။ ထွက်သွား
၁၀၉။ ပျော်တော်ဆက်မှုကို စွန့်ခွာလာ
၁၁၀။ ဖေ့လန်ကို သိမ်းသွင်းခြင်း
၁၁၁။ နန်းတော်တွင်းမှာ ထပ်မံဆုံတွေ့
၁၁၂။ စစ်သူကြီးအဖြစ် ထမ်းဆောင်ရန် တောင်းဆို
၁၁၃။ သွယ်ဝိုက်အနမ်း
၁၁၄။ မသေးသော အမုန်း
၁၁၅။ စစ်အင်အား သိမ်းယူခံရ
၁၁၆။ အနာဂတ် မရှိ
၁၁၇။ အစ်ကိုရှဲ့
၁၁၈။ အနမ်း
၁၁၉။ လော့အိမ်တော်
၁၂၀။ ထူကျွဲတို့ တိုက်လာပြီ
၁၂၁။ သူ သေသွားပြီ
၁၂၂။ ၂ နှစ်ကြာသော်
၁၂၃။ မြို့တော်သို့ အပြန်
၁၂၄။ လွေ့ဝမ်ရယ်
၁၂၅။ ယှဉ်ပြိုင်အောင် တွန်းအားပေး
၁၂၆။ သေလောက်အောင် ကြောက်စေမယ်
၁၂၇။ အဆွေဟောင်းနှင့် ပြန်ဆုံခြင်း
၁၂၈။ မှန်းကြည့်ခြင်း
၁၂၉။ မင်းသားလွေ့၏ အိမ်နီးချင်း

၈၀။ မှောင်မိုက်သော လမ်းကို ရွေးချယ်/ က

6.1K 943 34
De No_Coz

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause

၈၀။ မှောင်မိုက်သော လမ်းကို ရွေးချယ်/ က

ကောင်းမွန်သော အိမ်တော်အပြန်ကြိုဆိုစားသောက်ပွဲကြီးတစ်ခု ဤကဲ့သို့ ရုတ်တရက် အဖြစ်များ​ဖြင့် အဆုံးသတ်ခဲ့ရလေသည်။ ဘုရင် ဝန်ဟွေ့လည်း စိတ်ကုန်သွားပြီဖြစ်၍ အင်္ကျီလက်များ ခါချလိုက်ကာ ထွက်သွားတော့လေသည်။ မိဖုရားခေါင်ကြီးသည်လည်း မိမိ ပင်ပန်းလာပြီဖြစ်သောကြောင့် အနားယူတော့မည်ဆို၏။ မင်းကြီးနှင့် မိဖုရားခေါင်ကြီးတို့ ထွက်သွားပြီးနောက်ပိုင်း မှူးမတ်များကလည်း ဆက်နေ၍ မသင့်တော်တော့သည်ကို အလိုက်သိသည်။ အကြောင်းပြချက် အသီးသီးပေး၍ ထွက်သွားကြတော့လေသည်။ ရှန် ပထမသခင်မလေးက ပထမအဆင့်မင်းသားယွီအိမ်တော်သို့ ထိမ်းမြားလက်ထပ်ဝင်ရောက်မည်ကို သဘောတူခြင်းဖြင့် ပွဲအဆုံးသတ်ခြင်းသည် အပေါ်ယံအားဖြင့်ဆိုလျှင် ပြီးပြည့်စုံနေသယောင်ဖြစ်သော်လည်း အရှည်ကို ရှုမြင်တတ်သူတို့ အဖို့မူ ကျော်မကောင်းကြားမကောင်းသော သတင်းတစ်ခုသာ ဖြစ်သည်။ ရှန် ပထမသခင်မလေး အတွက်မှာတော့ မင်းသားယွီအိမ်တော်အတွင်း ဝင်ပြီးသည်နှင့် အရာရာ အဆိုးချည်းသာရှိရော့မည်။

လော့ရွှယ်ယန်သည် ရှန်မြောင်၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်လေသည်။ ရှန်ချင်းနှင့် မင်းသားယွီမှာ မည်သို့မည်ပုံ ပတ်သက်ဆက်ယှက်မှုရှိသွားသလဲ သူမ မသိ။ သူမက ရှန်မြောင်၏ လုံခြုံရေးကိုသာ စိတ်ပူနေသည်။ တင်းမြို့တော်တွင်းက အန္တရာယ်များမှာ အနောက်မြောက်ကန္တာရတွင်းမှ အန္တရာယ်များနှင့် ထူးမခြားနားဖြစ်နေလေပေသည်။

ရှန်ချိုးကတော့ အိမ်ပြန်ချိန်ရောက်သည်အထိ နှုတ်ဆိတ်နေသည်။ သူသည် အမြဲတစေ တက်ကြွသွက်လက်နေတတ်သော လူငယ်ဖြစ်၍ ရှန်ချင်း၏ အဖြစ်ကြောင့် စိတ်မကောင်းဖြစ်နေသည်ဟု ရှန်ရှင်းက ထင်သွားလေသည်။ သို့သော် သူ မသိသည်မှာ ရှန်ချိုး၏ စိတ်အတွင်း၌ ဒေါသမုန်တိုင်းထန်နေပြီး ဒေါသတို့ သိပ်သည်းလွန်းလှသောကြောင့်ဖြစ်သည်။ သူ့မှာ ပေါက်ကွဲ စိတ်ဖြေစရာ နေရာလည်း မရှိသောကြောင့် တိတ်ဆိတ်လွန်းနေခြင်းဖြစ်လေ၏။ ရှန် ဒုတိယအိမ်တော်ခွဲ၏ ရက်စက်မှုကို ရှန်ချိုး မုန်းသည်။ မင်းသားယွီ အရှက်သိက္ခာမဲ့မှုကိုလည်း သူ မုန်းသည်။

ရှန်ချင်းကတော့ ရမ့်ဝန်ယွင်နှင့်အတူ အလျင်စလို အိမ်ပြန်သွားခဲ့သည်။ သို့သော် ရှန်ကွေ့၏ မျက်နှာထားမှာတော့ မအီမလည်ဖြစ်နေချေပြီ။ သူ့အား ကြည့်လာသည့် အကြည့်တိုင်းကလည်း အဓိပ္ပာယ်တစ်မျိုးတစ်မည်ပါဝင်နေကြသည်။ ရုံးတော်မှ သူနှင့် ပြိုင်ဘက်ဖြစ်သော အချို့ အမတ်များဆိုလျှင် ရေတွင်းထဲ ကျနေသော သူ့ကို ခဲဖြင့် ပေါက်၍ ရယ်သွမ်းကြလေသည်။ "ရှန်လူကြီးမင်း(ရှန်တာ့ရန်) က မင်းသားယွီရဲ့ ယောက္ခထီးဖြစ်တော့မှာဆိုတော့ ဂုဏ်ပြုရမှာပေါ့၊ ဒါ မဟာ ကံထူးမှုကြီး မဟုတ်လား"

ယခင်ကလိုသာဆိုလျှင် မင်းသားယွီက ရှန်ချင်းကို ရွေးချယ်၍ လက်ထပ်ပေါင်းသင်းမည်ဆိုပါကလည်း ရှန်ကွေ့အတွက် အရေးမဟုတ်ချေ။ သူ၏ ရာထူးအခွင့်အလမ်းအတွက် အထောက်အပံ့သာဖြစ်မည်ဆိုလျှင် သမီးဖြစ်သူ၏ ပျော်ရွှင်မှုက အရေးမကြီးတော့ပေ။ သို့သော် ယခုတော့ ရှန်ချင်း၏ ပြုမူလျှောက်ထားပုံက မင်းသားယွီအား အခက်ကြုံရစေလိုက်သည်မှာ သေချာသည်။ မင်းသားယွီများ သူ့အပေါ် စိတ်ဆိုးဒေါသထွက်သွားလေမလား။ ထိုသို့ တွေးမိလိုက်သည်နှင့် ရှန်ကွေ့ရင်မှာ စိတ်ညစ်ညူးမှုနှင့် ကြောက်စိတ်တို့ ကြီးစိုးသွားကြတော့လေသည်။

အိမ်တော်အပြန်ကြိုဆိုပွဲ ပြီးသွားသောအခါ လော့ရွှယ်ယန်နှင့် ရှန်မြောင်တို့ နန်းတော်တွင်းမှ ထွက်ရန် လျှောက်လာခဲ့ကြသည်။ စင်္ကြံတစ်ခုသို့ ရောက်သောအခါ ရှန်မြောင်က သူမအား ညင်သာစွာ သတိပေးတော့လေသည်။ "သတိထားနော်၊ ဒီမှာ အုတ်ကျွံနေတာ ရှိတယ်"

လော့ရွှယ်ယန်မှာ စစ်သူကြီးတစ်ယောက် ဖြစ်သောကြောင့် ခြေလှမ်းများက ကျဲပြီး အားပါလေးလံသည်။ ထို့ကြောင့် သူမသာ ထိုအုတ်ချပ်ပေါ်နင်းမိလျှင် ချော်လဲကျသွားမည်မှာ ကျိန်းသေသည်။ လော့ရွှယ်ယန် သေချာ လမ်းကြည့်သွားရင်း ရယ်မောလိုက်တော့၏။ "တကယ်ကြီး ချော်လဲ ကျတော့မလို့" ထို့နောက်တော့ သူမ အံ့အားသင့်မိကာ ရှန်မြောင်အား မေးလိုက်တော့လေသည်။ "ကျောင်ကျောင်းက ဒီအကြောင်း ဘယ်လိုလုပ် သိတာလဲ" 

ရှန်မြောင် ရုတ်တရက် ဆို့နစ်သွားမိသည်။ သူမမှာ နန်းတော်တွင်း၌ ဆယ်စုနှစ်တစ်ခုစာမျှ နေခဲ့ဖူးသောကြောင့် နေရာတိုင်းကို အလွတ်မှတ်မိနေခဲ့သည်။ လော့ရွှယ်ယန် မေးလာသော အခါ၌မူ သူမ လွှဲပြောင်းဖြေရန်သာ တတ်နိုင်လေသည်။ "ဒီနေရာမှာ သမီး ချော်ဖူးလို့လေ၊ မှတ်ထားလိုက်တာ"

"ဒီလိုကိုး" လော့ရွှယ်ယန် ဟက်ဟက်ပက်ပက် ရယ်လိုက်လေသည်။ "ကျောင်ကျောင်းက ဉာဏ်ကောင်းလိုက်တာ၊ ကိုယ် လဲကျခဲ့တဲ့ နေရာအတိအကျကို ထပ်မလဲကျအောင်လို့ မှတ်ထားတတ်တယ်"

ရှန်မြောင် ရင်ထဲ လှုပ်လှုပ်ရှားရှားဖြစ်သွားရသော်လည်း ဘာစကားမှ ထပ်မဆိုဖြစ်တော့ပေ။

သူတို့နှစ်ဦး ဆက်သွားနေရင်း အစောင့်ဟု ထင်မှတ်ရသော လူနှစ်ဦးက မိန်းမစိုးငယ်လေး တစ်ဦးကို ဆွဲခေါ်လာသည်ကို တွေ့လိုက်ရလေသည်။ မိန်းမစိုးငယ်လေး၏ ပါးစပ်တွင် လက်ကိုင်ပဝါဖြင့် ဆို့ထားခံရပြီး အသည်းအသန် ရုန်းကန်နေပုံရလေသည်။ သို့သော် သန်မာထွားကျိုးင်းသော အစောင့်များလက်မှ သူ အဘယ်မှာ ရုန်းနိုင်ပါမည်နည်း။ သူတို့ သုံးဦးနောက်မှာတော့ မိန်းမစိုးအထိန်းကြီး ကောင်းကုန်းကုန်းပင်တည်း။

"ရှန်ဖူးရန်၊ ရှန် သခင်မလေး" ကောင်းကုန်းကုန်း ခေတ္တရပ်ကာ သူတို့အား နှုတ်ဆက်လိုက်သည်။

"ကောင်းကုန်းကုန်း၊ ဒါက. . ." လော့ရွှယ်ယန်က မိန်းမစိုးလေးကို ကြည့်ရင်း မေးလိုက်လေသည်။

"စည်းကမ်း နည်းနိဿယတွေ မသိနားမလည်ဘဲ အမှားလုပ်မိတဲ့ လူသစ်လေးပါ၊ ဒီကျွန်တော်က သူ့ကို ခေါ်သွားပြီး အပြစ်ပေးမလို့" ကောင်းကုန်းကုန်းက ဆို၏။

မိန်းမစိုးငယ်လေး ရှန်မြောင်ကို တွေ့သွားသည်။ ထို့နောက်တော့ သူမအနောက်မှ ကျင်းကျဲ့အပေါ် အကြည့်ရောက်သွားမိလေသည်။ ရုတ်တရက် သူ စိတ်ရူးထပေါက်သည့်ပမာ ရုန်းရင်းဆန်ခတ်ပြုတော့လေသည်။ သူ့ဟန်ပန်မှာ ကျင်းကျဲ့ဆီသို့ ပြေးသွားလိုက်ချင်ဟန် ရှိနေ၏။

"ငြိမ်ငြိမ်နေစမ်း...!" ကောင်းကုန်းကုန်းက မိန်းမစိုးငယ်၏ ဒူးကောက်ကွေးကို ကန်လိုက်သဖြင့် ၎င်းမှာ ဒူးထောက်ကျသွားတော့လေသည်။ ကောင်းကုန်းကုန်း နှာခေါင်းရှုံ့ကာ ဆိုသည်။ "ဒီဟာလေးက မိုးနဲ့ မြေ အပြောကျယ်ပြန့်မှုကို နားမလည်ဘဲ မင်းစိုးရာဇာ မျိုးဂုဏ်မြင့်သူတွေကို ဝင်တိုက်မိတော့မလို့"

လော့ရွှယ်ယန် မျက်မှောင်ကြုတ်မိတော့လေသည်။ နန်းတော်တွင်းမှ လူမဆန်သော အပြစ်ပေးမှုမျိုးကို သူမ မနှစ်မြို့သောကြောင့် ယခုကဲ့သို့ မြင်ကွင်းမျိုးနှင့် တွေ့ကြုံလာရသောအခါ သူမ စိတ်မသက်မသာဖြစ်မိတော့လေသည်။ ထို့ကြောင့် သူမ ကောင်းကုန်းကုန်းကို ပြောလိုက်တော့သည်။ "အဲ့သလိုဆိုတော့လဲ ဒီမင်းကတော်က ကောင်းကုန်းကုန်းရဲ့ အလုပ်ကို မနှောင့်ယှက်တော့ပါဘူး"

ကောင်းကုန်းကုန်းက အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

သို့သော်လည်း ထိုစဉ်တစ်ခဏ၌ ရှန်မြောင် နှုတ်ဟကာ အသံသာသာဖြင့် ဆိုလာချေသည်။ "အမှားကျူးလွန်မိတယ်ဆိုမှတော့ ပြစ်ဒဏ်ပေးတာက ဖြစ်သင့်တာပေါ့"

အားလုံး သူမကို အံ့သြတကြီး ကြည့်မိကြတော့သည်။ မိန်းမစိုးလေးမှာ တုန်ယင်လာပြီး ရှန်မြောင်ကို ကြည့်နေသော သူ့မျက်ဝန်းများ၌လည်း အမုန်းနာကျည်းချက်တို့ တိုးပွားလာတော့သည်။ ရှန်မြောင်ကတော့ ယင်းခံစားချက်တို့ကို မသိကျိုးကျွံပြုကာ လော့ရွှယ်ယန် လက်ကို တွဲရင်း ဆက်လျှောက်လှမ်းသွားဟန် ပြုသည်။ သို့သော် သူမ တစ်ခွန်းတော့ ထပ်ပြောဖြစ်လိုက်သေးသည်။ "စည်းကမ်း နည်းနိဿယကို မသိလို့ ဆိုရင်တော့ သင်ခန်းစာကောင်းကောင်းပေးဖို့လိုတာပေါ့၊ နန်းတော်တွင်းဆိုတာက နန်းတော်ပြင်က နေရာတွေလို မဟုတ်ဘူး၊ ပြီးတော့ အတိတ်နဲ့ ပစ္စုပ္ပန်က မတူတော့ဘူး"

ရှန်မြောင်တို့အဖွဲ့ တဖြည်းဖြည်းနှင့် အလှမ်းကွာသွားသောအခါမှ ကောင်းကုန်းကုန်းသည် အစောင့်နှစ်ယောက်ကို ပြောလိုက်တော့ချေသည်။ "ဘာစောင့်နေကြတာလဲ၊ သွားလေ"

ရှောင်လိဇီ နှလုံးသားအတွင်းမှာတော့ မလိုလားမှု မလိုက်လျော ငြင်းဆန်လိုမှုများ ပြည့်သိပ်လျက်ရှိပြီး မျက်နှာတွင်မူ အကြောက်တရားတို့ ထင်ဟပ်နေလေသည်။ သူ မည်သည်ကို အမှားပြုမိခဲ့သလဲ မသိတော့။ အိမ်​တော်အပြန်ကြိုဆို စားသောက်ပွဲ မစမီ၊ ဥယျာဉ်ငယ်အတွင်း၌ ရှန်မြောင်၏ ပုဂ္ဂိုလ်ရေး ရံရွှေတော် ကျင်းကျဲ့က သူ့အား ငွေသားတစ်တုံးပေးကာ ပြောခဲ့သည်။ ရှန် ပထမ သခင်မလေးမှာ ကျန်းမာရေး မကောင်းလှသဖြင့်၊ စားသောက်ပွဲတွင် တည်ခင်းပေးမည့် သေရည်အရက်ကို မသောက်နိုင်။ ထို့ကြောင့် ကြာပန်း လက်ဖက်ရည်နွေးကိုသာ လိုသည်။ စားသောက်ပွဲအတွင်း ထိုလက်ဖက်ရည်နွေး ပြင်ဆင်ပေးပါဟု ဆိုခဲ့လေသည်။ ထိုကဲ့သို့ လွယ်ကူရိုးရှင်းသော တာဝန်လေးတစ်ခုအတွက်နှင့် ငွေသားတစ်တုံးရသဖြင့် သူ ဝမ်းသာနေခဲ့မိလေသည်။ ရှန်သခင်မလေးသာ သူ့အကျိုးဆောင်းမှုကို ကျေနပ်အားရသွားပါလျှင် နောင်အခါ၌ မျိုးဂုဏ်မြင့်သူတစ်ဦး၏ အထောက်အပံ့ကို သူ ရနိုင်ချေရှိသည်ဟု စိတ်ကူးခဲ့မိသည်။ 

သို့သော် ရှန်ချင်း ကိုယ်ဝန်ရှိနေလိမ့်မည်ဟု ရှောင်လီဇီ တစ်ခါမှ မတွက်ဆခဲ့မိပေ။ ထိုကြာပန်းလက်ဖက်ရည်ကလည်း ဖြစ်ခဲ့သမျှ အရာအားလုံး၏ တရားခံအဖြစ် ယိုးမယ်ဖွဲ့ခံရတော့သည်။ သို့နှင့်၊ ဤကြာလက်ဖက်ရည်က ပွဲပျက်စေသည့် အကြောင်းရင်းဟု ဆိုနိုင်ပေသည်။ လက်ဖက်ရည်၏ နောက်ကြောင်းကို လိုက်လံစုံစမ်းကြတော့ ပြစ်မှုက သူ့ခေါင်းပေါ် ကျရောက်လာတော့၏။

ရှောင်လိဇီက အကြိမ်ပေါင်းများစွာ ပြန်လည်ရှင်းပြခဲ့သော်လည်း မည်သူမျှ သူ့စကားကို မယုံကြပေ။ ထိုမျှမက သူ လက်ခံရရှိခဲ့သော ငွေတုံးမှာ သာမန်အရပ်သုံးဖြစ်နေသည်။ ရုံးတော်တရားဝင် တံဆိပ်ခတ်နှိပ်ထားခြင်းပင် မရှိ။ မျိုးဂုဏ်မြင့်မှ သခင်မလေးတစ်ပါးက ဤသို့သော အရပ်သုံး ငွေတုံး ချီးမြှင့်ခဲ့သည်ကို မည်သူက ယုံချင်ပါတော့မလဲ။ ထို့ကြောင့် သူကသာ တရားခံဖြစ်ရတော့သည်။ သို့ဆိုလျှငါ သူ့အတွက် စောင့်ကြိုနေမည့်အရာမှာ မည်သည်ဖြစ်တော့မလဲ။

အပြင်ဘက်ရောက်တော့ ရှန်​မြောင် နှုတ်ဆိတ်စွာသာ ဆက်လျှောက်နေလေသည်။ ရှောင်လိဇီအတွက် စောင့်ကြိုနေမည့်အပြစ်ဒဏ်ကို သူမ အသိဆုံးဖြစ်၏။ နန်းတော်ဟူသည်မှာ အဖြူကို အမည်းပြု၍ အမည်းကို အဖြူ အလွယ်တကူ ပြောင်းပြန်လှန်နိုင်သော နေရာဖြစ်ပြီး အထက်မြင့်မားသော နေရာ၌ ရပ်တည်နိုင်လေလေ၊ အဖြူကို အမည်းပြောင်းနိုင်သော အစွမ်းအစက ပိုကြီးမားလေလေ ဖြစ်တတ်သည်။ ထို့ကြောင့် အခြေအနေမှန်က မည်သို့ပင်ရှိနေစေကာမူ၊ မည်မျှပင် သနား စိတ်မကောင်းဖွယ်ဖြစ်နေစေကာမူ၊ စကားလုံးများ သုံးရုံမျှဖြင့် အဖြူကို အမည်းဖြစ်သွားစေနိုင်သည်။ ထိုစဉ်အခါက ဖုရှိုးယီ နန်းတက်စတွင် ရှောင်လိဇီမှာ ကောင်းကုန်းကုန်း ဘေးနားမှ တောက်တိုမယ်ရ ပြေးလွှားသွားလုပ်ပေးရသော ခွေးတစ်ကောင်သာသာ အဆင့်ရှိလေသည်။ သူမက ရှောင်လိဇီကို သနားစရာကောင်းသည်ထင်၍ နန်းတော်တွင်း၌ မျက်နှာသာ ပေးခဲ့ဖြစ်သည်။ နောက်တော့ ရှောင်လိဇီသည် လီကုန်းကုန်းဖြစ်လာနိုင်ခဲ့ပြီး သူမကတော့ နန်းကျ မိဖုရားဖြစ်သွားခဲ့လေသည်။ သူမ၏ မြှောက်စားမှုကြောင့် အမြင့်သို့ တက်နိုင်ခဲ့သော မိန်းမစိုးမှာ ဤသူဖြစ်၍ သူမကို ကိုယ်တိုင် တမလွန်သို့ ပို့လွှတ်သူမှာလည်း ဤမိန်းမစိုးဖြစ်သည်။ 'အတိတ်နဲ့ ပစ္စုပ္ပန်က မတူတော့ဘူး' ဟု အကြံစကား ပြောခဲ့သူမှာလည်း ဤမိန်းမစိုးပင် ဖြစ်တော့လေသည်။

အခုတော့ သူမ ထိုစကားကို ပြန်ပေးလိုက်နိုင်ပြီဟု ယူဆနိုင်ချေပြီ။ ယခု ပစ္စုပ္ပန်ကလည်း အတိတ်နှင့် ခြားနားသည်။ ယခုတော့ သူမက အထက်မှာ ရှိသော မှူးမတ်တစ်ပါး၏ တိသမီး။ တစ်ဖက်လူမှာမူ မြက်ဖျားပေါ်မှ နိမ့်ကျသော ဖုန်တစ်မှုန်။ နင်း​ချေပစ်ရန် သူမ အားအင်သုံးစရာပင်မလိုချေ။ သပ်သပ်ရပ်ရပ်နှင့် ရှင်းလင်းပစ်နိုင်သည်က ကောင်း၏ဟု ဆိုရပေမည်။

သူမနှင့် လော့ရွှယ်ယန်က ရှေ့မှ သွားနေသည်ဖြစ်၍ အနောက်ဘက်တွင် ကျန်ရစ်ခဲ့သော စင်္ကြံလမ်းအကွေ့တစ်နေရာ၌ သက်ပြင်းချသံတစ်ခုကို မကြားလိုက်နိုင်ကြပေ။ "ဒီရှန် သခင်မလေးက အဲ့ဒီ မိန်းမစိုးလေးနဲ့ ရန်ငြိုးများ ရှိနေရော့လား၊ အကြောင်းရင်းလဲ မရှိပါဘဲနဲ့ လူ့ဘဝတစ်ခုကို ဖျက်ဆီးပစ်လိုက်တယ်"

သူ့ဘေးနားမှ ရှဲ့ကျင်ရှင်းကတော့ နှာခေါင်းရှုံ့လိုက်လေသည်။ "မင်းကရော ဘယ်အချိန်ကစလို့ သူများကို သနားတတ်သွားတာလဲ"

"သမားတော်ဖြစ်တယ်ဆိုတာ မိဘက သားသမီးအပေါ် မေတ္တာထားသလို စိတ်မျိုးရှိရတယ်" ကောင်းယန် ယပ်တခတ်ခတ်နှင့် ပြောရင်း ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားကာ သူ့မျက်နှာထားကလည်း တည်ကြည်သွားပြီး ပြောတော့လေသည်။ "အဲ့ဒီ ရှန်သခင်မလေးက မရိုးရှင်းဘူးပဲ၊ ခုနက ခန်းမထဲမှာတုန်းက သူ ငါ့ကို အကြာကြီး စိုက်ကြည့်နေခဲ့တာ၊ ဧကန္တ. . . သူ ငါ့သရုပ်မှန်ကို သိသွားတာများလား"

"မဖြစ်နိုင်ပါဘူး"

"သူ ငါ့ကို ကြည့်တဲ့ အကြည့်က တကယ်ကြောက်စရာကြီး" ကောင်းယန် မေးစေ့ကို ပွတ်ရင်း စေ့စေ့ငှငှ တွေးလိုက်ကာ ရုပ်တည်ကြီးနှင့် ထပ်ပြောလိုက်တော့လေသည်။ "ဒါဆို မဟုတ်မှလွဲရော ငါ့ကို နှစ်သက်မိတာကြောင့်များလား"

ရှဲ့ကျင်ရှင်းက သူ့အား မျက်နှာသေဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ပြောထုတ်လိုက်တော့လေသည်။ "လစ်တော့"

"မင်းဟာလေ၊ စိတ်ဝင်စားဖို့ကို မကောင်းဘူး" ကောင်းယန် စိတ်မကောင်းဟန်ဖြင့် ခေါင်းတခါခါ ပြုနေလိုက်သည်။ "အခု ကိစ္စကြီး လုပိရတော့မဲ့စဲစဲ ဖြစ်နေတာတောင်မှ မင်းရဲ့ စိတ်နေစိတ်ထားက ကျွတ်ဆတ်လွယ်နေလိုက်တာ၊ စိတ်လျှော့ထားစမ်းကွာ"

ရှဲ့ကျင်ရှင်း ခပ်လှမ်းလှမ်းသို့ လှမ်း​မျှော်ကြည့်နေရင်းသာ ဆိုတော့သည်။ "ယွီရှု ရောက်လာပြီ"

"ရှလား" ကောင်းယန် အံ့အားသင့်နေတော့လေသည်။ "အဲ့ဒါ ဘယ်တုန်းကလဲ"

"မနေ့က"

ကောင်းယန်၏ မျက်နှာထားလည်း တဖြည်းဖြည်းသုန်မှုန်သွားတော့လေသည်။ "ဧကန္တ မင်း ရည်ရွယ်နေတာက. . ."

"ဟုတ်တယ်"

• • • • •

တင်းမြို့တော်၊ ရှန်အိမ်တော်၏ ချိုင်ယွင်ယွမ်၌။

"ဖြန်း"ကနဲ ရိုက်သံနှင့်အတူ ရှန်ချင်း၏ မျက်နှာပေါ်၌ လက်ဝါးရာတစ်ခု ထင်ထင်ရှားရှားပေါ်လာတော့လေသည်။ သူမ နှုတ်ခမ်းများပင် နီမြန်းသွားရလေသည်။

"ရှန်ကွေ့၊ ရှင် ဒါ ဘာလုပ်တာလဲ" ရမ့်ဝန်ယွင် ပေါက်ကွဲထွက်ကာ ရှန်ချင်းအား သူမ ရင်ခွင်အတွင်းထည့်၍ ကာကွယ်ပေးထားရင်း ရှန်ကွေ့အား ဒေါသတကြီး ပြင်းပြင်းထန်ထန် ပြန်စိုက်ကြည့်နေတော့လေသည်။

"ငါ ဘာလုပ်သလဲ ဟုတ်လား" ရှန်ကွေ့၏ အပြုံးက ခက်ထန်နေသည်။ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေပမာ ဖြစ်ချေသည်။ ဆွေမျိုးတော်စပ်နေခြင်းကြောင့်သာ မဟုတ်လျှင် သူ့ရှေ့မှ အမျိုးသမီးနှစ်ယောက်အား သတ်ပါ သတ်ပစ်လိုက်ချင်မိသည်။ သူ ပြောလိုက်တော့သည်။ "မင်းတို့တွေ ဒီနေ့ ဘာလုပ်ခဲ့တာလဲ"

"အဲ့ဒါ ဘာဖြစ်သလဲ" ရမ့်ဝန်ယွင်ကတော့ ပျော့ညံ့ပုံကို မပြသလို။ "ဒီကိစ္စကို ချင်းအားအပေါ် အပြစ်ဖို့လို့ရသလား၊ ရှင်က ချင်းအာရဲ့ ဖခင်ပဲ၊ အိမ်ထောင်မပြုရသေးတဲ့ ကိုယ့်သမီးပျိုလေးကို ကူညီမယ်မရှိတဲ့အပြင် လက်ပါရက်သေးတယ်... ရှန်ကွေ့ ရှင် လိပ်ပြာလုံနိုင်ရဲ့လား"

"သမီးပျိုလေးတဲ့လား" ရှန်ကွေ့မှာ စိတ်တိုရလွန်း၍ ရယ်လိုက်မိတော့သည်။ "ငါ ရှန်ကွေ့မှာ ဒီလို သမီးပျိုမျိုး မရှိဘူး၊ မကြိုက်သင့် မနှစ်သက်သင့်တဲ့ လူစားမျိုးတွေနဲ့ ပလူးပလဲ ပတ်သက်ထားတဲ့ အရှက်မရှိတဲ့ သမီးမျိုး မရှိဘူး...! သေနာကျကလေးကိုလဲ ဝမ်းနဲ့ လွယ်ထားလိုက်သေးတယ်၊ အပျော်မယ်နဲ့ ဘာကွာခြားသေးလဲ"

ရှန်ချင်း၏ ခန္ဓာကိုယ်မှာ တုန်ခိုက်နေပြီး သူမ၏ မျက်ဝန်းအစုံမှလည်း မြင်ကွင်းက မရှင်းလင်းရီဝေနေတော့သည်။ သူမ၏ တက်ကြွရှင်သန်မှုတို့ ပျောက်ဆုံးသွားချေပြီ။ ဤသည်ကို လော့ရွှယ်ယန် တွေ့ရသောအခါ သူမ ရင်အတွင်း ဓားဖြင့် အမွေ့ခံရသကဲ့သို့ ခံစားသွားရလေသည်။ ရှန်ကွေ့မှာသာ ရှန်ချင်းအပေါ် ဖခင်မေတ္တာ စိုးစင်းမျှ ရှိခဲ့လျှင် သမီးအရင်းအား ဤသို့ ခက်ထန်ရုတ်ရင်းစွာ  ပြောဆို ထိုးနှက်ခဲ့လိမ့်မည် မဟုတ်ပေ။

ရမ့်ဝန်ယွင်က ရှန်ချင်းအား ချွင်းထောင်လက်သို့ လွှဲပေးလိုက်ပြီး အေးတိအေးစက်ရယ်ကာ ထရပ်လိုက်တော့သည်။ "ရှန်ကွေ့၊ ရှင့်အသိစိတ်ကိုသာ ပြန်​မေးကြည့်တော့... ချင်းအာ ဒီလိုအခြေအနေထိဖြစ်သွားအောင် ဒုက္ခပေးခဲ့တာက ဘယ်သူလဲ၊ ကျွန်မလား၊ အဲ့ဒါ ဟို အပျက်မ ရှန်မြောင်ကြောင့် ဖြစ်ရတာလေ၊ ရှင် ရှန်မြောင်ကိုကျတော့ ဘာလို့ ပြဿနာ သွားမရှာတာလဲ၊ သြော်... ရှင် ကြောက်နေတာ မဟုတ်လား၊ အစ်ကိုကြီးနဲ့ မရီးကြီး ပြန်ရောက်လာပြီမို့ ကြောက်ပြီး အဲ့ဒီအပျက်မလေးကို မထိရဲတော့တာမဟုတ်လား၊ ရှင့်ဒေါသတွေကို ချင်းအာအပေါ် ထွက်ပေါက်ရှာနေတာပဲ၊ ဒါပေမဲ့ ရှင် မမေ့နဲ့၊ ဝေါလုံဘုရားကျောင်းက ကိစ္စမှာ ရှင်လဲ ပတ်သက်နေတာပဲ၊ အခုတော့ ရှင်က လူကြားထဲ ရှင့်အကျင့်သီလသိက္ခာတွေ ဘယ်လိုဖြစ်နေမလဲဆိုတာကိုပဲ ဂရုစိုက်ပြီး သူများအတွက် မတွေးပေးတော့ဘူး၊ အပြစ်တွေ အကုန်လုံး ကျွန်မနဲ့ ချင်းအာ ခေါင်းပေါ် ပုံချပစ်တယ်ပေါ့၊ ကျွန်မကို လာ မဆွနဲ့၊ သည်းမခံနိုင်တော့လို့ အစ်ကိုကြီးနဲ့ မရီးကြီးဆီမှာ အကုန် သွားပြောပြမိလိုက်ရင် ကျွန်မတို့ အားလုံးအတွက် အကျိုးရှိမှာ မဟုတ်ဘူး"

"မင်း...!" ရှန်ကွေ့နှင့် ရမ့်ဝန်ယွင်မှာ နှစ်ပေါင်းများစွာ အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့သော်လည်း ရမ့်ဝန်ယွင် ဤမျှ စွာတေးလန်နေသည်ကိုတော့ သူ မတွေ့ကြုံခဲ့ဖူးပေ။ သူ ပို၍ စိတ်မသက်မသာ ဖြစ်ရသည့်အကြောင်းမှာ ထိုကိစ္စကို အကျပ်ကိုင်၍ ခြိမ်းခြောက်ခြင်းပင်ဖြစ်တော့၏။ ရှန်ကွေ့မှာ ကောက်ကျစ် ဉာဏ်များတတ်သော်လည်း သတ္တိနည်းသော သဘောရှိသည်မှာ မင်းသားယွီနှင့် ထိပ်တိုက် မတွေ့ရဲ၊ မပြစ်မှားရဲသည်ကို ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။ ယခု ရှန်ရှင်းနှင့် ဇနီးတို့ အိမ်တော်ပြန်ရောက်လာသောအခါ၌လည်း သူ ရှန်မြောင်ကို ရန် မပြုရဲတော့ပေ။ ရမ့်ဝန်ယွင်သာ ဤကိစ္စကို အမှန်တကယ် ဖွင့်ချလိုက်ပါက ရှန်ရှင်း သူ့အား ဓားဖြင့် လာခုတ်ပိုင်းလိုက်လိမ့်မည်ဟု ရှန်ကွေ့ အသေအချာ သိနေလေသည်။

ဤသည်ကို တွေးမိတော့ ရှန်ကွေ့ ဒေါသတကြီး အော်ငေါက်လိုက်တော့သည်။ "မိန်းမယုတ်၊ စကားကို ဆင်ဆင်ခြင်ခြင် မပြောတတ်ဘူး၊ ကျုပ်လဲ မင်းနဲ့ စကားမပြောတော့ဘူး၊ သွားတော့မယ်" ထို့နောက် ထွက်သွားတော့၏။

အလျင်စလို ထွက်ခွာသွားသော ရှန်ကွေ့၏ ကျောပြင်ကို ကြည့်ရင်း ရမ့်ဝန်ယွင် မျက်နှာက လှောင်ပြောင် ရယ်သွမ်းမှုများဖြင့် ပြည့်နှက်သွားတော့လေသည်။ သူမ၏ ခင်ပွန်းလင်အကြောင်း ကောင်းကောင်း သိသည်။ ရှန်ကွေ့မှာ အားနည်းသူကို အနိုင်ကျင့်ဖိနှိပ်တတ်၍ အင်အားကြီးသူကို ကြောက်တတ်သူ ဖြစ်လေသည်။ ထိုသို့သော ပုဂ္ဂိုလ်ကို လက်ထပ်မိသောကြောင့် ယခု သူမ၏ သမီးကို မကာကွယ်ပေးနိုင်လေခြင်း။

ရှန်မြောင်က ရမ့်ဝန်ယွင်ကို အထိနာအောင် အလဲထိုးလိုက်နိုင်သည်မှာ ကျိန်းသေသည်။ ရမ့်ဝန်ယွင်အဖို့ သမီးဖြစ်သူ ပျက်စီးရာ လမ်းကို လှမ်းလျှောက်သွားရသည်ကို မတားမဆီးနိုင် ကြည့်နေရခြင်းထက် ပို၍ နာကျင်ရသည့် ဝေဒနာ မရှိနိုင်တော့ပေ။ လောလောဆယ် အခြေအနေအရ မိဖုရားခေါင်ကြီးက ထိမ်းမြားပေးသည်ဖြစ်သောကြောင့် ရမ့်ဝန်ယွင်၌ အစွမ်းအစမည်မျှပင်ရှိရှိ၊ မည်သည်ကိုမျှ မပြောင်းလဲနိုင်စွမ်းတော့ပေ။

"ရှန်မြောင် ဒီအကြွေးကို ငါ ရမ့်ဝန်ယွင် သေချာပေါက် ညည်းဆီက ပြန်ယူပြမယ်၊ ငါ ကျိန်ဆို ကတိသစ္စာပြုတယ်" သူမ နှုတ်ခမ်းပေါက်၍ သွေးများ ထွက်လာသည်အထိ ဖိကိုက်ထားလိုက်မိတော့သည်။

_____

Notes:

Paid gp ဒီညပဲ စပါပြီ။ Option B နဲ့ပဲ လုပ်ဖြစ်လိုက်ပါတယ်။
တစ်ပိုင်းကို စာလုံးရေ (၁၅၀၀ - ၂၀၀၀)ပါတဲ့ အပိုင်းဖြတ်လေးတွေ ၉၀ ကို ၃၀၀၀ ပါ။
ကြားထဲမှာ Bonus Chap တင်နိုင်ခဲ့ရင် ၃ လ မပြည့်ခင်လဲ အပိုင်း ၉၀ ပြီးသွားနိုင်ပါတယ်။

Page နာမည်က ငြိုးသူ ကလဲ့စား - ရှန်မြောင် ပါ

____

[Zawgyi]

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause

၈၀။ ေမွာင္မိုက္ေသာ လမ္းကို ေ႐ြးခ်ယ္/ က

ေကာင္းမြန္ေသာ အိမ္ေတာ္အျပန္ႀကိဳဆိုစားေသာက္ပြဲႀကီးတစ္ခု ဤကဲ့သို႔ ႐ုတ္တရက္ အျဖစ္မ်ား​ျဖင့္ အဆုံးသတ္ခဲ့ရေလသည္။ ဘုရင္ ဝန္ေဟြ႕လည္း စိတ္ကုန္သြားၿပီျဖစ္၍ အကၤ်ီလက္မ်ား ခါခ်လိဳက္ကာ ထြက္သြားေတာ့ေလသည္။ မိဖုရားေခါင္ႀကီးသည္လည္း မိမိ ပင္ပန္းလာၿပီျဖစ္ေသာေၾကာင့္ အနားယူေတာ့မည္ဆို၏။ မင္းႀကီးႏွင့္ မိဖုရားေခါင္ႀကီးတို႔ ထြက္သြားၿပီးေနာက္ပိုင္း မႉးမတ္မ်ားကလည္း ဆက္ေန၍ မသင့္ေတာ္ေတာ့သည္ကို အလိုက္သိသည္။ အေၾကာင္းျပခ်က္ အသီးသီးေပး၍ ထြက္သြားၾကေတာ့ေလသည္။ ရွန္ ပထမသခင္မေလးက ပထမအဆင့္မင္းသားယြီအိမ္ေတာ္သို႔ ထိမ္းျမားလက္ထပ္ဝင္ေရာက္မည္ကို သေဘာတူျခင္းျဖင့္ ပြဲအဆုံးသတ္ျခင္းသည္ အေပၚယံအားျဖင့္ဆိုလွ်င္ ၿပီးျပည့္စုံေနသေယာင္ျဖစ္ေသာ္လည္း အရွည္ကို ရႈျမင္တတ္သူတို႔ အဖို႔မူ ေက်ာ္မေကာင္းၾကားမေကာင္းေသာ သတင္းတစ္ခုသာ ျဖစ္သည္။ ရွန္ ပထမသခင္မေလး အတြက္မွာေတာ့ မင္းသားယြီအိမ္ေတာ္အတြင္း ဝင္ၿပီးသည္ႏွင့္ အရာရာ အဆိုးခ်ည္းသာရွိေရာ့မည္။

ေလာ့႐ႊယ္ယန္သည္ ရွန္ေျမာင္၏ လက္ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားလိုက္ေလသည္။ ရွန္ခ်င္းႏွင့္ မင္းသားယြီမွာ မည္သို႔မည္ပုံ ပတ္သက္ဆက္ယွက္မႈရွိသြားသလဲ သူမ မသိ။ သူမက ရွန္ေျမာင္၏ လုံၿခဳံေရးကိုသာ စိတ္ပူေနသည္။ တင္းၿမိဳ႕ေတာ္တြင္းက အႏၲရာယ္မ်ားမွာ အေနာက္ေျမာက္ကႏၲာရတြင္းမွ အႏၲရာယ္မ်ားႏွင့္ ထူးမျခားနားျဖစ္ေနေလေပသည္။

ရွန္ခ်ိဳးကေတာ့ အိမ္ျပန္ခ်ိန္ေရာက္သည္အထိ ႏႈတ္ဆိတ္ေနသည္။ သူသည္ အၿမဲတေစ တက္ႂကြသြက္လက္ေနတတ္ေသာ လူငယ္ျဖစ္၍ ရွန္ခ်င္း၏ အျဖစ္ေၾကာင့္ စိတ္မေကာင္းျဖစ္ေနသည္ဟု ရွန္ရွင္းက ထင္သြားေလသည္။ သို႔ေသာ္ သူ မသိသည္မွာ ရွန္ခ်ိဳး၏ စိတ္အတြင္း၌ ေဒါသမုန္တိုင္းထန္ေနၿပီး ေဒါသတို႔ သိပ္သည္းလြန္းလွေသာေၾကာင့္ျဖစ္သည္။ သူ႕မွာ ေပါက္ကြဲ စိတ္ေျဖစရာ ေနရာလည္း မရွိေသာေၾကာင့္ တိတ္ဆိတ္လြန္းေနျခင္းျဖစ္ေလ၏။ ရွန္ ဒုတိယအိမ္ေတာ္ခြဲ၏ ရက္စက္မႈကို ရွန္ခ်ိဳး မုန္းသည္။ မင္းသားယြီ အရွက္သိကၡာမဲ့မႈကိုလည္း သူ မုန္းသည္။

ရွန္ခ်င္းကေတာ့ ရမ့္ဝန္ယြင္ႏွင့္အတူ အလ်င္စလို အိမ္ျပန္သြားခဲ့သည္။ သို႔ေသာ္ ရွန္ေကြ႕၏ မ်က္ႏွာထားမွာေတာ့ မအီမလည္ျဖစ္ေနေခ်ၿပီ။ သူ႕အား ၾကည့္လာသည့္ အၾကည့္တိုင္းကလည္း အဓိပၸာယ္တစ္မ်ိဳးတစ္မည္ပါဝင္ေနၾကသည္။ ႐ုံးေတာ္မွ သူႏွင့္ ၿပိဳင္ဘက္ျဖစ္ေသာ အခ်ိဳ႕ အမတ္မ်ားဆိုလွ်င္ ေရတြင္းထဲ က်ေနေသာ သူ႕ကို ခဲျဖင့္ ေပါက္၍ ရယ္သြမ္းၾကေလသည္။ "ရွန္လူႀကီးမင္း(ရွန္တာ့ရန္) က မင္းသားယြီရဲ႕ ေယာကၡထီးျဖစ္ေတာ့မွာဆိုေတာ့ ဂုဏ္ျပဳရမွာေပါ့၊ ဒါ မဟာ ကံထူးမႈႀကီး မဟုတ္လား"

ယခင္ကလိုသာဆိုလွ်င္ မင္းသားယြီက ရွန္ခ်င္းကို ေ႐ြးခ်ယ္၍ လက္ထပ္ေပါင္းသင္းမည္ဆိုပါကလည္း ရွန္ေကြ႕အတြက္ အေရးမဟုတ္ေခ်။ သူ၏ ရာထူးအခြင့္အလမ္းအတြက္ အေထာက္အပံ့သာျဖစ္မည္ဆိုလွ်င္ သမီးျဖစ္သူ၏ ေပ်ာ္႐ႊင္မႈက အေရးမႀကီးေတာ့ေပ။ သို႔ေသာ္ ယခုေတာ့ ရွန္ခ်င္း၏ ျပဳမူေလွ်ာက္ထားပုံက မင္းသားယြီအား အခက္ႀကဳံရေစလိုက္သည္မွာ ေသခ်ာသည္။ မင္းသားယြီမ်ား သူ႕အေပၚ စိတ္ဆိုးေဒါသထြက္သြားေလမလား။ ထိုသို႔ ေတြးမိလိုက္သည္ႏွင့္ ရွန္ေကြ႕ရင္မွာ စိတ္ညစ္ၫူးမႈႏွင့္ ေၾကာက္စိတ္တို႔ ႀကီးစိုးသြားၾကေတာ့ေလသည္။

အိမ္ေတာ္အျပန္ႀကိဳဆိုပြဲ ၿပီးသြားေသာအခါ ေလာ့႐ႊယ္ယန္ႏွင့္ ရွန္ေျမာင္တို႔ နန္းေတာ္တြင္းမွ ထြက္ရန္ ေလွ်ာက္လာခဲ့ၾကသည္။ စၾကၤံတစ္ခုသို႔ ေရာက္ေသာအခါ ရွန္ေျမာင္က သူမအား ညင္သာစြာ သတိေပးေတာ့ေလသည္။ "သတိထားေနာ္၊ ဒီမွာ အုတ္ကြၽံေနတာ ရွိတယ္"

ေလာ့႐ႊယ္ယန္မွာ စစ္သူႀကီးတစ္ေယာက္ ျဖစ္ေသာေၾကာင့္ ေျခလွမ္းမ်ားက က်ဲၿပီး အားပါေလးလံသည္။ ထို႔ေၾကာင့္ သူမသာ ထိုအုတ္ခ်ပ္ေပၚနင္းမိလွ်င္ ေခ်ာ္လဲက်သြားမည္မွာ က်ိန္းေသသည္။ ေလာ့႐ႊယ္ယန္ ေသခ်ာ လမ္းၾကည့္သြားရင္း ရယ္ေမာလိုက္ေတာ့၏။ "တကယ္ႀကီး ေခ်ာ္လဲ က်ေတာ့မလို႔" ထို႔ေနာက္ေတာ့ သူမ အံ့အားသင့္မိကာ ရွန္ေျမာင္အား ေမးလိုက္ေတာ့ေလသည္။ "ေက်ာင္ေက်ာင္းက ဒီအေၾကာင္း ဘယ္လိုလုပ္ သိတာလဲ" 

ရွန္ေျမာင္ ႐ုတ္တရက္ ဆို႔နစ္သြားမိသည္။ သူမမွာ နန္းေတာ္တြင္း၌ ဆယ္စုႏွစ္တစ္ခုစာမွ် ေနခဲ့ဖူးေသာေၾကာင့္ ေနရာတိုင္းကို အလြတ္မွတ္မိေနခဲ့သည္။ ေလာ့႐ႊယ္ယန္ ေမးလာေသာ အခါ၌မူ သူမ လႊဲေျပာင္းေျဖရန္သာ တတ္နိုင္ေလသည္။ "ဒီေနရာမွာ သမီး ေခ်ာ္ဖူးလို႔ေလ၊ မွတ္ထားလိုက္တာ"

"ဒီလိုကိုး" ေလာ့႐ႊယ္ယန္ ဟက္ဟက္ပက္ပက္ ရယ္လိုက္ေလသည္။ "ေက်ာင္ေက်ာင္းက ဉာဏ္ေကာင္းလိုက္တာ၊ ကိုယ္ လဲက်ခဲ့တဲ့ ေနရာအတိအက်ကိဳ ထပ္မလဲက်ေအာင္လို႔ မွတ္ထားတတ္တယ္"

ရွန္ေျမာင္ ရင္ထဲ လႈပ္လႈပ္ရွားရွားျဖစ္သြားရေသာ္လည္း ဘာစကားမွ ထပ္မဆိုျဖစ္ေတာ့ေပ။

သူတို႔ႏွစ္ဦး ဆက္သြားေနရင္း အေစာင့္ဟု ထင္မွတ္ရေသာ လူႏွစ္ဦးက မိန္းမစိုးငယ္ေလး တစ္ဦးကို ဆြဲေခၚလာသည္ကို ေတြ႕လိုက္ရေလသည္။ မိန္းမစိုးငယ္ေလး၏ ပါးစပ္တြင္ လက္ကိုင္ပဝါျဖင့္ ဆို႔ထားခံရၿပီး အသည္းအသန္ ႐ုန္းကန္ေနပုံရေလသည္။ သို႔ေသာ္ သန္မာထြားက်ိဳးင္းေသာ အေစာင့္မ်ားလက္မွ သူ အဘယ္မွာ ႐ုန္းနိုင္ပါမည္နည္း။ သူတို႔ သုံးဦးေနာက္မွာေတာ့ မိန္းမစိုးအထိန္းႀကီး ေကာင္းကုန္းကုန္းပင္တည္း။

"ရွန္ဖူးရန္၊ ရွန္ သခင္မေလး" ေကာင္းကုန္းကုန္း ေခတၱရပ္ကာ သူတို႔အား ႏႈတ္ဆက္လိုက္သည္။

"ေကာင္းကုန္းကုန္း၊ ဒါက. . ." ေလာ့႐ႊယ္ယန္က မိန္းမစိုးေလးကို ၾကည့္ရင္း ေမးလိုက္ေလသည္။

"စည္းကမ္း နည္းနိႆယေတြ မသိနားမလည္ဘဲ အမွားလုပ္မိတဲ့ လူသစ္ေလးပါ၊ ဒီကြၽန္ေတာ္က သူ႕ကို ေခၚသြားၿပီး အျပစ္ေပးမလို႔" ေကာင္းကုန္းကုန္းက ဆို၏။

မိန္းမစိုးငယ္ေလး ရွန္ေျမာင္ကို ေတြ႕သြားသည္။ ထို႔ေနာက္ေတာ့ သူမအေနာက္မွ က်င္းက်ဲ့အေပၚ အၾကည့္ေရာက္သြားမိေလသည္။ ႐ုတ္တရက္ သူ စိတ္႐ူးထေပါက္သည့္ပမာ ႐ုန္းရင္းဆန္ခတ္ျပဳေတာ့ေလသည္။ သူ႕ဟန္ပန္မွာ က်င္းက်ဲ့ဆီသို႔ ေျပးသြားလိုက္ခ်င္ဟန္ ရွိေန၏။

"ၿငိမ္ၿငိမ္ေနစမ္း...!" ေကာင္းကုန္းကုန္းက မိန္းမစိုးငယ္၏ ဒူးေကာက္ေကြးကို ကန္လိုက္သျဖင့္ ၎မွာ ဒူးေထာက္က်သြားေတာ့ေလသည္။ ေကာင္းကုန္းကုန္း ႏွာေခါင္းရႈံ႕ကာ ဆိုသည္။ "ဒီဟာေလးက မိုးနဲ႕ ေျမ အေျပာက်ယ္ျပန့္မႈကို နားမလည္ဘဲ မင္းစိုးရာဇာ မ်ိဳးဂုဏ္ျမင့္သူေတြကို ဝင္တိုက္မိေတာ့မလို႔"

ေလာ့႐ႊယ္ယန္ မ်က္ေမွာင္ၾကဳတ္မိေတာ့ေလသည္။ နန္းေတာ္တြင္းမွ လူမဆန္ေသာ အျပစ္ေပးမႈမ်ိဳးကို သူမ မႏွစ္ၿမိဳ႕ေသာေၾကာင့္ ယခုကဲ့သို႔ ျမင္ကြင္းမ်ိဳးႏွင့္ ေတြ႕ႀကဳံလာရေသာအခါ သူမ စိတ္မသက္မသာျဖစ္မိေတာ့ေလသည္။ ထို႔ေၾကာင့္ သူမ ေကာင္းကုန္းကုန္းကို ေျပာလိုက္ေတာ့သည္။ "အဲ့သလိုဆိုေတာ့လဲ ဒီမင္းကေတာ္က ေကာင္းကုန္းကုန္းရဲ႕ အလုပ္ကို မေႏွာင့္ယွက္ေတာ့ပါဘူး"

ေကာင္းကုန္းကုန္းက အၿပဳံးျဖင့္ တုံ႕ျပန္လိုက္သည္။

သို႔ေသာ္လည္း ထိုစဥ္တစ္ခဏ၌ ရွန္ေျမာင္ ႏႈတ္ဟကာ အသံသာသာျဖင့္ ဆိုလာေခ်သည္။ "အမွားက်ဴးလြန္မိတယ္ဆိုမွေတာ့ ျပစ္ဒဏ္ေပးတာက ျဖစ္သင့္တာေပါ့"

အားလုံး သူမကို အံ့ၾသတႀကီး ၾကည့္မိၾကေတာ့သည္။ မိန္းမစိုးေလးမွာ တုန္ယင္လာၿပီး ရွန္ေျမာင္ကို ၾကည့္ေနေသာ သူ႕မ်က္ဝန္းမ်ား၌လည္း အမုန္းနာက်ည္းခ်က္တို႔ တိုးပြားလာေတာ့သည္။ ရွန္ေျမာင္ကေတာ့ ယင္းခံစားခ်က္တို႔ကို မသိက်ိဳးကြၽံျပဳကာ ေလာ့႐ႊယ္ယန္ လက္ကို တြဲရင္း ဆက္ေလွ်ာက္လွမ္းသြားဟန္ ျပဳသည္။ သို႔ေသာ္ သူမ တစ္ခြန္းေတာ့ ထပ္ေျပာျဖစ္လိုက္ေသးသည္။ "စည္းကမ္း နည္းနိႆယကို မသိလို႔ ဆိုရင္ေတာ့ သင္ခန္းစာေကာင္းေကာင္းေပးဖို႔လိုတာေပါ့၊ နန္းေတာ္တြင္းဆိုတာက နန္းေတာ္ျပင္က ေနရာေတြလို မဟုတ္ဘူး၊ ၿပီးေတာ့ အတိတ္နဲ႕ ပစၥဳပၸန္က မတူေတာ့ဘူး"

ရွန္ေျမာင္တို႔အဖြဲ႕ တျဖည္းျဖည္းႏွင့္ အလွမ္းကြာသြားေသာအခါမွ ေကာင္းကုန္းကုန္းသည္ အေစာင့္ႏွစ္ေယာက္ကို ေျပာလိုက္ေတာ့ေခ်သည္။ "ဘာေစာင့္ေနၾကတာလဲ၊ သြားေလ"

ေရွာင္လိဇီ ႏွလုံးသားအတြင္းမွာေတာ့ မလိုလားမႈ မလိုက္ေလ်ာ ျငင္းဆန္လိုမႈမ်ား ျပည့္သိပ္လ်က္ရွိၿပီး မ်က္ႏွာတြင္မူ အေၾကာက္တရားတို႔ ထင္ဟပ္ေနေလသည္။ သူ မည္သည္ကို အမွားျပဳမိခဲ့သလဲ မသိေတာ့။ အိမ္​ေတာ္အျပန္ႀကိဳဆို စားေသာက္ပြဲ မစမီ၊ ဥယ်ာဥ္ငယ္အတြင္း၌ ရွန္ေျမာင္၏ ပုဂၢိဳလ္ေရး ရံေ႐ႊေတာ္ က်င္းက်ဲ့က သူ႕အား ေငြသားတစ္တုံးေပးကာ ေျပာခဲ့သည္။ ရွန္ ပထမ သခင္မေလးမွာ က်န္းမာေရး မေကာင္းလွသျဖင့္၊ စားေသာက္ပြဲတြင္ တည္ခင္းေပးမည့္ ေသရည္အရက္ကို မေသာက္နိုင္။ ထို႔ေၾကာင့္ ၾကာပန္း လက္ဖက္ရည္ေႏြးကိုသာ လိုသည္။ စားေသာက္ပြဲအတြင္း ထိုလက္ဖက္ရည္ေႏြး ျပင္ဆင္ေပးပါဟု ဆိုခဲ့ေလသည္။ ထိုကဲ့သို႔ လြယ္ကူရိုးရွင္းေသာ တာဝန္ေလးတစ္ခုအတြက္ႏွင့္ ေငြသားတစ္တုံးရသျဖင့္ သူ ဝမ္းသာေနခဲ့မိေလသည္။ ရွန္သခင္မေလးသာ သူ႕အက်ိဳးေဆာင္းမႈကို ေက်နပ္အားရသြားပါလွ်င္ ေနာင္အခါ၌ မ်ိဳးဂုဏ္ျမင့္သူတစ္ဦး၏ အေထာက္အပံ့ကို သူ ရနိုင္ေခ်ရွိသည္ဟု စိတ္ကူးခဲ့မိသည္။ 

သို႔ေသာ္ ရွန္ခ်င္း ကိုယ္ဝန္ရွိေနလိမ့္မည္ဟု ေရွာင္လီဇီ တစ္ခါမွ မတြက္ဆခဲ့မိေပ။ ထိုၾကာပန္းလက္ဖက္ရည္ကလည္း ျဖစ္ခဲ့သမွ် အရာအားလုံး၏ တရားခံအျဖစ္ ယိုးမယ္ဖြဲ႕ခံရေတာ့သည္။ သို႔ႏွင့္၊ ဤၾကာလက္ဖက္ရည္က ပြဲပ်က္ေစသည့္ အေၾကာင္းရင္းဟု ဆိုနိုင္ေပသည္။ လက္ဖက္ရည္၏ ေနာက္ေၾကာင္းကို လိုက္လံစုံစမ္းၾကေတာ့ ျပစ္မႈက သူ႕ေခါင္းေပၚ က်ေရာက္လာေတာ့၏။

ေရွာင္လိဇီက အႀကိမ္ေပါင္းမ်ားစြာ ျပန္လည္ရွင္းျပခဲ့ေသာ္လည္း မည္သူမွ် သူ႕စကားကို မယုံၾကေပ။ ထိုမွ်မက သူ လက္ခံရရွိခဲ့ေသာ ေငြတုံးမွာ သာမန္အရပ္သုံးျဖစ္ေနသည္။ ႐ုံးေတာ္တရားဝင္ တံဆိပ္ခတ္ႏွိပ္ထားျခင္းပင္ မရွိ။ မ်ိဳးဂုဏ္ျမင့္မွ သခင္မေလးတစ္ပါးက ဤသို႔ေသာ အရပ္သုံး ေငြတုံး ခ်ီးျမႇင့္ခဲ့သည္ကို မည္သူက ယုံခ်င္ပါေတာ့မလဲ။ ထို႔ေၾကာင့္ သူကသာ တရားခံျဖစ္ရေတာ့သည္။ သို႔ဆိုလွ်ငါ သူ႕အတြက္ ေစာင့္ႀကိဳေနမည့္အရာမွာ မည္သည္ျဖစ္ေတာ့မလဲ။

အျပင္ဘက္ေရာက္ေတာ့ ရွန္​ေျမာင္ ႏႈတ္ဆိတ္စြာသာ ဆက္ေလွ်ာက္ေနေလသည္။ ေရွာင္လိဇီအတြက္ ေစာင့္ႀကိဳေနမည့္အျပစ္ဒဏ္ကို သူမ အသိဆုံးျဖစ္၏။ နန္းေတာ္ဟူသည္မွာ အျဖဴကို အမည္းျပဳ၍ အမည္းကို အျဖဴ အလြယ္တကူ ေျပာင္းျပန္လွန္နိုင္ေသာ ေနရာျဖစ္ၿပီး အထက္ျမင့္မားေသာ ေနရာ၌ ရပ္တည္နိုင္ေလေလ၊ အျဖဴကို အမည္းေျပာင္းနိုင္ေသာ အစြမ္းအစက ပိုႀကီးမားေလေလ ျဖစ္တတ္သည္။ ထို႔ေၾကာင့္ အေျခအေနမွန္က မည္သို႔ပင္ရွိေနေစကာမူ၊ မည္မွ်ပင္ သနား စိတ္မေကာင္းဖြယ္ျဖစ္ေနေစကာမူ၊ စကားလုံးမ်ား သုံး႐ုံမွ်ျဖင့္ အျဖဴကို အမည္းျဖစ္သြားေစနိုင္သည္။ ထိုစဥ္အခါက ဖုရွိုးယီ နန္းတက္စတြင္ ေရွာင္လိဇီမွာ ေကာင္းကုန္းကုန္း ေဘးနားမွ ေတာက္တိုမယ္ရ ေျပးလႊားသြားလုပ္ေပးရေသာ ေခြးတစ္ေကာင္သာသာ အဆင့္ရွိေလသည္။ သူမက ေရွာင္လိဇီကို သနားစရာေကာင္းသည္ထင္၍ နန္းေတာ္တြင္း၌ မ်က္ႏွာသာ ေပးခဲ့ျဖစ္သည္။ ေနာက္ေတာ့ ေရွာင္လိဇီသည္ လီကုန္းကုန္းျဖစ္လာနိုင္ခဲ့ၿပီး သူမကေတာ့ နန္းက် မိဖုရားျဖစ္သြားခဲ့ေလသည္။ သူမ၏ ျမႇောက္စားမႈေၾကာင့္ အျမင့္သို႔ တက္နိုင္ခဲ့ေသာ မိန္းမစိုးမွာ ဤသူျဖစ္၍ သူမကို ကိုယ္တိုင္ တမလြန္သို႔ ပို႔လႊတ္သူမွာလည္း ဤမိန္းမစိုးျဖစ္သည္။ 'အတိတ္နဲ႕ ပစၥဳပၸန္က မတူေတာ့ဘူး' ဟု အႀကံစကား ေျပာခဲ့သူမွာလည္း ဤမိန္းမစိုးပင္ ျဖစ္ေတာ့ေလသည္။

အခုေတာ့ သူမ ထိုစကားကို ျပန္ေပးလိုက္နိုင္ၿပီဟု ယူဆနိုင္ေခ်ၿပီ။ ယခု ပစၥဳပၸန္ကလည္း အတိတ္ႏွင့္ ျခားနားသည္။ ယခုေတာ့ သူမက အထက္မွာ ရွိေသာ မႉးမတ္တစ္ပါး၏ တိသမီး။ တစ္ဖက္လူမွာမူ ျမက္ဖ်ားေပၚမွ နိမ့္က်ေသာ ဖုန္တစ္မႈန္။ နင္း​ေခ်ပစ္ရန္ သူမ အားအင္သုံးစရာပင္မလိုေခ်။ သပ္သပ္ရပ္ရပ္ႏွင့္ ရွင္းလင္းပစ္နိုင္သည္က ေကာင္း၏ဟု ဆိုရေပမည္။

သူမႏွင့္ ေလာ့႐ႊယ္ယန္က ေရွ႕မွ သြားေနသည္ျဖစ္၍ အေနာက္ဘက္တြင္ က်န္ရစ္ခဲ့ေသာ စၾကၤံလမ္းအေကြ႕တစ္ေနရာ၌ သက္ျပင္းခ်သံတစ္ခုကို မၾကားလိုက္နိုင္ၾကေပ။ "ဒီရွန္ သခင္မေလးက အဲ့ဒီ မိန္းမစိုးေလးနဲ႕ ရန္ၿငိဳးမ်ား ရွိေနေရာ့လား၊ အေၾကာင္းရင္းလဲ မရွိပါဘဲနဲ႕ လူ႕ဘဝတစ္ခုကို ဖ်က္ဆီးပစ္လိုက္တယ္"

သူ႕ေဘးနားမွ ရွဲ႕က်င္ရွင္းကေတာ့ ႏွာေခါင္းရႈံ႕လိုက္ေလသည္။ "မင္းကေရာ ဘယ္အခ်ိန္ကစလို႔ သူမ်ားကို သနားတတ္သြားတာလဲ"

"သမားေတာ္ျဖစ္တယ္ဆိုတာ မိဘက သားသမီးအေပၚ ေမတၱာထားသလို စိတ္မ်ိဳးရွိရတယ္" ေကာင္းယန္ ယပ္တခတ္ခတ္ႏွင့္ ေျပာရင္း ႐ုတ္တရက္ တစ္စုံတစ္ရာကို ေတြးမိသြားကာ သူ႕မ်က္ႏွာထားကလည္း တည္ၾကည္သြားၿပီး ေျပာေတာ့ေလသည္။ "အဲ့ဒီ ရွန္သခင္မေလးက မရိုးရွင္းဘူးပဲ၊ ခုနက ခန္းမထဲမွာတုန္းက သူ ငါ့ကို အၾကာႀကီး စိုက္ၾကည့္ေနခဲ့တာ၊ ဧကႏၲ. . . သူ ငါ့သ႐ုပ္မွန္ကို သိသြားတာမ်ားလား"

"မျဖစ္နိုင္ပါဘူး"

"သူ ငါ့ကို ၾကည့္တဲ့ အၾကည့္က တကယ္ေၾကာက္စရာႀကီး" ေကာင္းယန္ ေမးေစ့ကို ပြတ္ရင္း ေစ့ေစ့ငွငွ ေတြးလိုက္ကာ ႐ုပ္တည္ႀကီးႏွင့္ ထပ္ေျပာလိုက္ေတာ့ေလသည္။ "ဒါဆို မဟုတ္မွလြဲေရာ ငါ့ကို ႏွစ္သက္မိတာေၾကာင့္မ်ားလား"

ရွဲ႕က်င္ရွင္းက သူ႕အား မ်က္ႏွာေသျဖင့္ စိုက္ၾကည့္လိုက္ၿပီးေနာက္ ေျပာထုတ္လိုက္ေတာ့ေလသည္။ "လစ္ေတာ့"

"မင္းဟာေလ၊ စိတ္ဝင္စားဖို႔ကို မေကာင္းဘူး" ေကာင္းယန္ စိတ္မေကာင္းဟန္ျဖင့္ ေခါင္းတခါခါ ျပဳေနလိုက္သည္။ "အခု ကိစၥႀကီး လုပိရေတာ့မဲ့စဲစဲ ျဖစ္ေနတာေတာင္မွ မင္းရဲ႕ စိတ္ေနစိတ္ထားက ကြၽတ္ဆတ္လြယ္ေနလိုက္တာ၊ စိတ္ေလွ်ာ့ထားစမ္းကြာ"

ရွဲ႕က်င္ရွင္း ခပ္လွမ္းလွမ္းသို႔ လွမ္း​ေမွ်ာ္ၾကည့္ေနရင္းသာ ဆိုေတာ့သည္။ "ယြီရႈ ေရာက္လာၿပီ"

"ရွလား" ေကာင္းယန္ အံ့အားသင့္ေနေတာ့ေလသည္။ "အဲ့ဒါ ဘယ္တုန္းကလဲ"

"မေန႕က"

ေကာင္းယန္၏ မ်က္ႏွာထားလည္း တျဖည္းျဖည္းသုန္မႈန္သြားေတာ့ေလသည္။ "ဧကႏၲ မင္း ရည္႐ြယ္ေနတာက. . ."

"ဟုတ္တယ္"

• • • • •

တင္းၿမိဳ႕ေတာ္၊ ရွန္အိမ္ေတာ္၏ ခ်ိဳင္ယြင္ယြမ္၌။

"ျဖန္း"ကနဲ ရိုက္သံႏွင့္အတူ ရွန္ခ်င္း၏ မ်က္ႏွာေပၚ၌ လက္ဝါးရာတစ္ခု ထင္ထင္ရွားရွားေပၚလာေတာ့ေလသည္။ သူမ ႏႈတ္ခမ္းမ်ားပင္ နီျမန္းသြားရေလသည္။

"ရွန္ေကြ႕၊ ရွင္ ဒါ ဘာလုပ္တာလဲ" ရမ့္ဝန္ယြင္ ေပါက္ကြဲထြက္ကာ ရွန္ခ်င္းအား သူမ ရင္ခြင္အတြင္းထည့္၍ ကာကြယ္ေပးထားရင္း ရွန္ေကြ႕အား ေဒါသတႀကီး ျပင္းျပင္းထန္ထန္ ျပန္စိုက္ၾကည့္ေနေတာ့ေလသည္။

"ငါ ဘာလုပ္သလဲ ဟုတ္လား" ရွန္ေကြ႕၏ အၿပဳံးက ခက္ထန္ေနသည္။ ရက္စက္ၾကမ္းၾကဳတ္ေသာ ဝံပုေလြပမာ ျဖစ္ေခ်သည္။ ေဆြမ်ိဳးေတာ္စပ္ေနျခင္းေၾကာင့္သာ မဟုတ္လွ်င္ သူ႕ေရွ႕မွ အမ်ိဳးသမီးႏွစ္ေယာက္အား သတ္ပါ သတ္ပစ္လိုက္ခ်င္မိသည္။ သူ ေျပာလိုက္ေတာ့သည္။ "မင္းတို႔ေတြ ဒီေန႕ ဘာလုပ္ခဲ့တာလဲ"

"အဲ့ဒါ ဘာျဖစ္သလဲ" ရမ့္ဝန္ယြင္ကေတာ့ ေပ်ာ့ညံ့ပုံကို မျပသလို။ "ဒီကိစၥကို ခ်င္းအားအေပၚ အျပစ္ဖို႔လို႔ရသလား၊ ရွင္က ခ်င္းအာရဲ႕ ဖခင္ပဲ၊ အိမ္ေထာင္မျပဳရေသးတဲ့ ကိုယ့္သမီးပ်ိဳေလးကို ကူညီမယ္မရွိတဲ့အျပင္ လက္ပါရက္ေသးတယ္... ရွန္ေကြ႕ ရွင္ လိပ္ျပာလုံနိုင္ရဲ႕လား"

"သမီးပ်ိဳေလးတဲ့လား" ရွန္ေကြ႕မွာ စိတ္တိုရလြန္း၍ ရယ္လိုက္မိေတာ့သည္။ "ငါ ရွန္ေကြ႕မွာ ဒီလို သမီးပ်ိဳမ်ိဳး မရွိဘူး၊ မႀကိဳက္သင့္ မႏွစ္သက္သင့္တဲ့ လူစားမ်ိဳးေတြနဲ႕ ပလူးပလဲ ပတ္သက္ထားတဲ့ အရွက္မရွိတဲ့ သမီးမ်ိဳး မရွိဘူး...! ေသနာက်ကေလးကိုလဲ ဝမ္းနဲ႕ လြယ္ထားလိုက္ေသးတယ္၊ အေပ်ာ္မယ္နဲ႕ ဘာကြာျခားေသးလဲ"

ရွန္ခ်င္း၏ ခႏၶာကိုယ္မွာ တုန္ခိုက္ေနၿပီး သူမ၏ မ်က္ဝန္းအစုံမွလည္း ျမင္ကြင္းက မရွင္းလင္းရီေဝေနေတာ့သည္။ သူမ၏ တက္ႂကြရွင္သန္မႈတို႔ ေပ်ာက္ဆုံးသြားေခ်ၿပီ။ ဤသည္ကို ေလာ့႐ႊယ္ယန္ ေတြ႕ရေသာအခါ သူမ ရင္အတြင္း ဓားျဖင့္ အေမြ႕ခံရသကဲ့သို႔ ခံစားသြားရေလသည္။ ရွန္ေကြ႕မွာသာ ရွန္ခ်င္းအေပၚ ဖခင္ေမတၱာ စိုးစင္းမွ် ရွိခဲ့လွ်င္ သမီးအရင္းအား ဤသို႔ ခက္ထန္႐ုတ္ရင္းစြာ  ေျပာဆို ထိုးႏွက္ခဲ့လိမ့္မည္ မဟုတ္ေပ။

ရမ့္ဝန္ယြင္က ရွန္ခ်င္းအား ခြၽင္းေထာင္လက္သို႔ လႊဲေပးလိုက္ၿပီး ေအးတိေအးစက္ရယ္ကာ ထရပ္လိုက္ေတာ့သည္။ "ရွန္ေကြ႕၊ ရွင့္အသိစိတ္ကိုသာ ျပန္​ေမးၾကည့္ေတာ့... ခ်င္းအာ ဒီလိုအေျခအေနထိျဖစ္သြားေအာင္ ဒုကၡေပးခဲ့တာက ဘယ္သူလဲ၊ ကြၽန္မလား၊ အဲ့ဒါ ဟို အပ်က္မ ရွန္ေျမာင္ေၾကာင့္ ျဖစ္ရတာေလ၊ ရွင္ ရွန္ေျမာင္ကိုက်ေတာ့ ဘာလို႔ ျပႆနာ သြားမရွာတာလဲ၊ ေၾသာ္... ရွင္ ေၾကာက္ေနတာ မဟုတ္လား၊ အစ္ကိုႀကီးနဲ႕ မရီးႀကီး ျပန္ေရာက္လာၿပီမို႔ ေၾကာက္ၿပီး အဲ့ဒီအပ်က္မေလးကို မထိရဲေတာ့တာမဟုတ္လား၊ ရွင့္ေဒါသေတြကို ခ်င္းအာအေပၚ ထြက္ေပါက္ရွာေနတာပဲ၊ ဒါေပမဲ့ ရွင္ မေမ့နဲ႕၊ ေဝါလုံဘုရားေက်ာင္းက ကိစၥမွာ ရွင္လဲ ပတ္သက္ေနတာပဲ၊ အခုေတာ့ ရွင္က လူၾကားထဲ ရွင့္အက်င့္သီလသိကၡာေတြ ဘယ္လိုျဖစ္ေနမလဲဆိုတာကိုပဲ ဂ႐ုစိုက္ၿပီး သူမ်ားအတြက္ မေတြးေပးေတာ့ဘူး၊ အျပစ္ေတြ အကုန္လုံး ကြၽန္မနဲ႕ ခ်င္းအာ ေခါင္းေပၚ ပုံခ်ပစ္တယ္ေပါ့၊ ကြၽန္မကို လာ မဆြနဲ႕၊ သည္းမခံနိုင္ေတာ့လို႔ အစ္ကိုႀကီးနဲ႕ မရီးႀကီးဆီမွာ အကုန္ သြားေျပာျပမိလိုက္ရင္ ကြၽန္မတို႔ အားလုံးအတြက္ အက်ိဳးရွိမွာ မဟုတ္ဘူး"

"မင္း...!" ရွန္ေကြ႕ႏွင့္ ရမ့္ဝန္ယြင္မွာ ႏွစ္ေပါင္းမ်ားစြာ အၾကင္လင္မယားအျဖစ္ ေပါင္းသင္းခဲ့ေသာ္လည္း ရမ့္ဝန္ယြင္ ဤမွ် စြာေတးလန္ေနသည္ကိုေတာ့ သူ မေတြ႕ႀကဳံခဲ့ဖူးေပ။ သူ ပို၍ စိတ္မသက္မသာ ျဖစ္ရသည့္အေၾကာင္းမွာ ထိုကိစၥကို အက်ပ္ကိုင္၍ ၿခိမ္းေျခာက္ျခင္းပင္ျဖစ္ေတာ့၏။ ရွန္ေကြ႕မွာ ေကာက္က်စ္ ဉာဏ္မ်ားတတ္ေသာ္လည္း သတၱိနည္းေသာ သေဘာရွိသည္မွာ မင္းသားယြီႏွင့္ ထိပ္တိုက္ မေတြ႕ရဲ၊ မျပစ္မွားရဲသည္ကို ၾကည့္ျခင္းျဖင့္ သိနိုင္ေပသည္။ ယခု ရွန္ရွင္းႏွင့္ ဇနီးတို႔ အိမ္ေတာ္ျပန္ေရာက္လာေသာအခါ၌လည္း သူ ရွန္ေျမာင္ကို ရန္ မျပဳရဲေတာ့ေပ။ ရမ့္ဝန္ယြင္သာ ဤကိစၥကို အမွန္တကယ္ ဖြင့္ခ်လိဳက္ပါက ရွန္ရွင္း သူ႕အား ဓားျဖင့္ လာခုတ္ပိုင္းလိုက္လိမ့္မည္ဟု ရွန္ေကြ႕ အေသအခ်ာ သိေနေလသည္။

ဤသည္ကို ေတြးမိေတာ့ ရွန္ေကြ႕ ေဒါသတႀကီး ေအာ္ေငါက္လိုက္ေတာ့သည္။ "မိန္းမယုတ္၊ စကားကို ဆင္ဆင္ျခင္ျခင္ မေျပာတတ္ဘူး၊ က်ဳပ္လဲ မင္းနဲ႕ စကားမေျပာေတာ့ဘူး၊ သြားေတာ့မယ္" ထို႔ေနာက္ ထြက္သြားေတာ့၏။

အလ်င္စလို ထြက္ခြာသြားေသာ ရွန္ေကြ႕၏ ေက်ာျပင္ကို ၾကည့္ရင္း ရမ့္ဝန္ယြင္ မ်က္ႏွာက ေလွာင္ေျပာင္ ရယ္သြမ္းမႈမ်ားျဖင့္ ျပည့္ႏွက္သြားေတာ့ေလသည္။ သူမ၏ ခင္ပြန္းလင္အေၾကာင္း ေကာင္းေကာင္း သိသည္။ ရွန္ေကြ႕မွာ အားနည္းသူကို အနိုင္က်င့္ဖိႏွိပ္တတ္၍ အင္အားႀကီးသူကို ေၾကာက္တတ္သူ ျဖစ္ေလသည္။ ထိုသို႔ေသာ ပုဂၢိဳလ္ကို လက္ထပ္မိေသာေၾကာင့္ ယခု သူမ၏ သမီးကို မကာကြယ္ေပးနိုင္ေလျခင္း။

ရွန္ေျမာင္က ရမ့္ဝန္ယြင္ကို အထိနာေအာင္ အလဲထိုးလိုက္နိုင္သည္မွာ က်ိန္းေသသည္။ ရမ့္ဝန္ယြင္အဖို႔ သမီးျဖစ္သူ ပ်က္စီးရာ လမ္းကို လွမ္းေလွ်ာက္သြားရသည္ကို မတားမဆီးနိုင္ ၾကည့္ေနရျခင္းထက္ ပို၍ နာက်င္ရသည့္ ေဝဒနာ မရွိနိုင္ေတာ့ေပ။ ေလာေလာဆယ္ အေျခအေနအရ မိဖုရားေခါင္ႀကီးက ထိမ္းျမားေပးသည္ျဖစ္ေသာေၾကာင့္ ရမ့္ဝန္ယြင္၌ အစြမ္းအစမည္မွ်ပင္ရွိရွိ၊ မည္သည္ကိုမွ် မေျပာင္းလဲနိုင္စြမ္းေတာ့ေပ။

"ရွန္ေျမာင္ ဒီအေႂကြးကို ငါ ရမ့္ဝန္ယြင္ ေသခ်ာေပါက္ ညည္းဆီက ျပန္ယူျပမယ္၊ ငါ က်ိန္ဆို ကတိသစၥာျပဳတယ္" သူမ ႏႈတ္ခမ္းေပါက္၍ ေသြးမ်ား ထြက္လာသည္အထိ ဖိကိုက္ထားလိုက္မိေတာ့သည္။

_____

Notes:

Paid gp ဒီညပဲ စပါၿပီ။ Option B နဲ႕ပဲ လုပ္ျဖစ္လိုက္ပါတယ္။
တစ္ပိုင္းကို စာလုံးေရ (၁၅၀၀ - ၂၀၀၀)ပါတဲ့ အပိုင္းျဖတ္ေလးေတြ ၉၀ ကို ၃၀၀၀ ပါ။
ၾကားထဲမွာ Bonus Chap တင္နိုင္ခဲ့ရင္ ၃ လ မျပည့္ခင္လဲ အပိုင္း ၉၀ ၿပီးသြားနိုင္ပါတယ္။

Page နာမည္က ၿငိဳးသူ ကလဲ့စား - ရွန္ေျမာင္ ပါ

Continuă lectura

O să-ți placă și

55.2K 5.9K 88
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
69.2K 4.7K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
1.5M 187K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
772K 96.9K 198
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...