[Unicode]
Warning⚠️ADULT SCENES
ယန်ထန့်အနားတိုးကပ်လာပြီး၊ အနမ်းတွေခြွေနေသူဟယ်ရှင်းချွမ်ကြောင့် ရေချိုးကန်ထဲမှရေတွေဟာ အပြင်သို့လျှံကျလာခဲ့တယ်။
ယန်ထန့်လက်တွေဟာ ဟယ်ရှင်းချွမ်ခါးကိုဖက်တွယ်လို့ထားတယ်၊ ခြေတံတွေခွါပေးလိုက်ရင်း ဖြူလေးကို နေရာယူစေတယ်။
ရေချိုးခန်းဟာ ရုတ်တရပ်ကြီးအပူချိန်မြင့်တက်သွားသလိုပင်။
ယန်ထန်က ခေါင်းမော့ပေးထားတယ်၊ သူ့ညှပ်ရိုးပေါ်က အနမ်းတွေကိုလည်းခံစားမိနေတယ်။
လည်တိုင်နားတိုးကပ်လာတဲ့အပူငွေ့တွေ...မလုံလောက်သေးသည့်အလား ထပ်မံပွတ်သပ်မှုတွေ...
"ဖြူမဟုတ်ဘူး၊ တကယ့်ကို ပါပီလေးပါလား"
"...အခုအခြေအနေကြီးမှာ အဲ့စကားပြောထွက်နေသေးလား?"
ယန်ထန့်လက်က ဟယ်ရှင်းချွမ်ဝမ်းဗိုက်အောက်ပိုင်း ရောက်ရှိလို့သွားတယ်...ဟယ်ရှင်းချွမ်ရဲ့ပိုင်ဆိုင်ရာလေးကို လှမ်းကိုင်လိုက်ရင်းပေါ့။
"ငါနိုင်ငံခြားထွက်တာ ၂နှစ်ကျော်ပဲရှိသေးတာကို၊ ဒီနေရာက ပိုကြီးလာတာလား?"
အစခံလိုက်ရတဲ့ဟယ်ရှင်းချွမ်ကလည်း ယန်ထန့်ပေါင်ရင်းနားဆီ လက်တိုးသွားတယ်။
"ထန်ကောနဲ့တိုင်းကြည့်ရမလား?"
"အချိန်ကုန်မခံစမ်းနဲ့"
"...ဒါဆိုလည်း ငါ့ကိုလာမဆွနဲ့လေ!"
ယန်ထန်ရဲ့ မူးနေတုန်းရှက်သွေးဖြာပုံလေးဟာ ရှားပါးလှပြီး၊ အဖိုးတန်သော အခိုက်အတန့်လေးတစ်ခု။
ဟယ်ရှင်းချွမ်စိုက်ကြည့်မိလေလေ၊ ယန်ထန်ရဲ့ ထင်ရှားပြတ်သားမှုတွေ လျော့ကျသွားလေလေပင်။
ယန်ထန့်လက်ဖဝါးက နူးညံ့နေတယ်၊ ဟယ်ရှင်းချွမ်ရဲ့ပိုင်ဆိုင်ရာလေးကို မလွှတ်စတမ်းပွတ်သပ်နေတုန်းပဲ။
"ထန်ကော...ငါ ဝင်လာချင်တယ်..."
မူးနေပေမဲ့ အရူးတော့မဟုတ်သေးပါဘူး။
ယန်ထန်က အမြန်ကန်ထုတ်လိုက်ကာ
"မင်းက လုပ်ချင်တာလား?"
"ငါလုပ်ချင်တာက ဘာဖြစ်နေလို့လဲ!?"
အကန်ခံလိုက်ရလို့၊ ဟယ်ရှင်းချွမ်ဟာ မကျေမချမ်းဖြစ်နေပုံပါပဲ။
"ငါ့မှာလည်း အစွမ်းအစရှိပါတယ်နော်! လာစမ်းပါ!"
"လစ်လိုက်တော့!"
"လုံးဝပဲ!!!"
ယန်ထန်ဆိုတာ ဟယ်ရှင်းချွမ်အပေါ် အလိုလိုက်နိုင်ဆုံးလူသားတစ်ယောက်။
ဟယ်ရှင်းချွမ်က ဒါကိုကောင်းစွာနားလည်ထားတယ်၊ အချိန်တစ်ခုကြာပြီးနောက်မှာ စတင်ချွဲပါတော့တယ်။
ယန်ထန့်ရင်ဘတ်ပေါ်ကို အနမ်းခြွေရင်း
"ထန်ကော၊ ငါ့ကိုပြန်ဖြေဦးလေ"
တိတ်ဆိတ်နေတဲ့ယန်ထန်က သူ့လက်ကို ဟယ်ရှင်းချွမ်ခါးအထက်နားဆီပို့လိုက်တယ်။
ဆေးလိပ်မီးနဲ့အတို့ခံထားရတဲ့အမာရွတ်တွေ...သူ့အဒေါ်ရဲ့နှိပ်စက်မှုဒဏ်ရာတွေ။
နိုင်ငံခြားကနေ အမာရွတ်ပျောက်ဆေးတွေအများကြီးပို့ပေးခဲ့ပေမဲ့၊ အသုံးမဝင်တဲ့ပုံပါလား။
"ကော...ထန်ကော~"
ယန်ထန်ဟာ သက်ပြင်းချမိတယ်။
ဒီဖြူက သူနဲ့နေလာတာကြာလို့ဖြစ်ရမယ်၊ ချွဲရကောင်းမှန်း သေချာသိနေပုံပဲ!
ယန်ထန်က ဘာမှပြန်မပြောပေမဲ့၊ လျော့ဖြေလိုက်တဲ့ကိုယ်ခန္ဓာကြွက်သားတွေကို ကြည့်ခြင်းဖြင့် ဟယ်ရှင်းချွမ်နားလည်သဘောပေါက်သွားပါတယ်။
ပျော်ရွှင်မှုဟာ ပြောမပြတတ်အောင်ပါပဲ။
ဟယ်ရှင်းချွမ်က သူ့ထန်ကောရဲ့ခါးကို တင်းကြပ်စွာဆွဲဖက်ထားလိုက်တယ်။
ရေချိုးကန်ထဲမှာဆိုရင်တော့ သေချာပေါက်အဆင်ပြေမှာမဟုတ်ဘူး။
မူးဝေဝေဖြစ်နေဆဲယန်ထန်ကို ဟယ်ရှင်းချွမ်ကတွဲပေးလိုက်ကာ၊ အိပ်ရာခန်းထဲပြန်ရောက်လာခဲ့တယ်။
ယန်ထန့်ကို ကုတင်ပေါ်ချပေးပြီးနောက်မှာ၊ ဒီနေ့ ဝယ်လာခဲ့တဲ့ပစ္စည်းအိတ်ကို ပြေးမွှေနေလေရဲ့။
လိုအပ်တဲ့ပစ္စည်းယူပြီး ပြန်ဝင်လာတော့၊ ကုတင်ပေါ်မှာ ရုပ်တည်ကြီးနဲ့ဂိမ်းထိုင်ကစားနေသူ ယန်ထန်။
"......"
ယန်ထန့်ကို အိပ်ရာပေါ်တွန်းလှဲလိုက်ကာ၊ ဖုန်းကို ဆွဲဖယ်တယ်
"ကော! လူကြီးလူကောင်းဆိုတာ အခုလိုအရေးကြီးအချိန်အတွင်းမှာ သေချာအာရုံစိုက်ထာရမယ်လေ!"
"အင်းပါ! ဒီတစ်ပွဲတော့ ပြီးအောင်ကစားလိုက်ဦးမယ်"
"......"
မနက်ဖြန်ကျရင်၊ ထန်ကောကို လူငယ်အင်တာနက်ဖြတ်စခန်းဆီ ပို့မှဖြစ်တော့မယ်!!!
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]
Warning⚠️ADULT SCENES
"မင်းက လုပ်ချင်တာလား?"
"လစ်လိုက်တော့!"
"လုံးဝပဲ!!!"
"ကော...ထန်ကော~"
"......"
"......"