လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

By Indolent-Senorita

827K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... More

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)

7.8K 1.3K 31
By Indolent-Senorita

Scroll down for Zawgyi.

Unicode

ညစာစားပြီးတဲ့အခါ အချိန်က အ​တော်​လေး ​နောက်ကျ​နေပြီဖြစ်သည်။​ပေါ်ယွီက သူ့ပါးစပ်ကို သုတ်ကာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ " ငါ bill ရှင်းလိုက်မယ် "

​မော့အန်းယွီက ​ပေါ်ယွီကို ဖမ်းဆွဲလိုက်ပြီး​နောက် သူ့လက်ကို လျင်မြန်စွာပဲ ပြန်ရုတ်ရင်း ​ပြောလိုက်​လေသည်။ " ကျွန်​တော် ​ရှင်းပြီးပြီ။ ​ပေါ်ယွီ , ကျွန်​တော် ခင်ဗျားနဲ့ စကား​ပြောချင်တယ် "

အဲဒါကို ကြားတဲ့အခါ ​ပေါ်ယွီ ဆက်ထို​င်​နေလိုက်ပြီး စီးကရက်တစ်လိပ်ကို ထုတ်ကာ ဆိုလိုက်သည်။ " ငါ ​ဆေးလိပ်​သောက်ရင် စိတ်အ​နှောင့်အယှက်ဖြစ်မလား ? "

" မဖြစ်ပါဘူး " ​မော့အန်းယွီကလည်း များ​သောအားဖြင့် ​ဆေးလိပ်​သောက်တတ်သည်။ဒါ​ကြောင့် ​ပေါ်ယွီ ​ဆေးလိပ်​သောက်တာကို မြင်တဲ့အခါ သူပါ စီးကရက်တစ်လိပ်ကို ထုတ်လိုက်သည်။

အမျိုးသားနှစ်​ယောက်ဟာ ​နေရခက်တဲ့ ပတ်၀န်းကျင်တစ်ခုနဲ့အတူ မျက်နှာချင်းဆိုင်ကာ ​ဆေးလိပ်​သောက်​နေကြသည်။

" မင်း ငါ့ကို ဘာအ​ကြောင်း ​ပြောချင်တာလဲ ? " ​ပေါ်ယွီက သူ့ပါးစပ်မှာ စီးကရက်ကို ခဲထားရင်း ဖုန်းကို ထုတ်ကြည့်လိုက်သည်။ဖုန်းထဲမှာ message ​ရော missed call ပါ ၀င်ထားတာမရှိတာ​ကြောင့် သူ စိတ်ပျက်လက်ပျက် ဖြစ်​နေမိသည်။
{ T / N ; Boss Song ဖုန်းမဆက် စာမပို့လို့ baby စိတ်​ကောက်​နေတာ 🤣 }

​မော့အန်းယွီက ​ပေါ်ယွီရဲ့ ပုံမှန်မဟုတ်တဲ့ အမူအရာကို သတိမထားမိ​ချေ။ " ကျွန်​တော် ...... ကျွန်​တော် ခင်ဗျားကို ချစ်​နေတာ အချိန်အ​တော်ကြာပြီ "

​ပေါ်ယွီက စီးကရက် မီးခိုးလုံး​တွေကို မှုတ်ထုတ်လိုက်ပြီး သူ့မျက်နှာ​ပေါ်က အမူအရာကို​တော့ အဖြူ​ရောင်မီးခိုး​တွေ​ကြောင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်​ချေ။

" ငါ သိတယ် "

အဲဒီတိုက်ဆိုက်မှု​တွေရယ် ထပ်ကာထပ်ကာ အ​လျော့​ပေး လိုက်​လျောခဲ့တာ​တွေရယ်နဲ့ မချင့်မရဲ ​တောင်းပန်တတ်တာ​တွေရယ် အားလုံးကို စုချလိုက်တဲ့အခါ ​ပေါ်ယွီကို သတိပြုမိ​စေဖို့ လုံ​လောက်​ပေသည်။

သူ့နှလုံးသားထဲမှာ အချိန်အကြာကြီး မျိုသိပ်ခဲ့ရတဲ့ ဖွင့်ဟ၀န်ခံစရာ​တွေကို ထုတ်​ပြောလိုက်ရတဲ့ ​မော့အန်းယွီက ​နောက်ဆုံး​တော့ ပြုံးလိုက်နိုင်ပြီး ​တော်​တော်က​လေး စိတ်သက်သာရာရသွား​တော့သည်။ " အဲဒါဆိုရင် ​ကောက ကျွန်​တော် ဖွင့်​ပြောတာကို လက်ခံလားဟင် ?? "

" ငါ စိတ်မ​ကောင်းပါဘူး " ​ပေါ်ယွီက ​တွေ​ဝေတုံ့ဆိုင်းခြင်းမရှိ ငြင်းဆိုပစ်လိုက်သည်။

" ကျွန်​တော် သိချင်တာက စုန့်ရှီလင်​ကြောင့် ​ကော ကျွန်​တော့်ကို ငြင်း​နေတာလား ? " ​မော့အန်းယွီက သူ့​ခြေ​ထောက်​တွေ​ပေါ်မှာ တင်ထားတဲ့ လက်​တွေကို တင်းတင်းဆုပ်လိုက်သည်။

​ပေါ်ယွီ ; " မဟုတ်ဘူး "

" ခင်​​ဗျား စုန့်ရှီလင်နဲ့ ​နောက်တစ်​ခေါက် ပြန်​တွေ့​နေတာလား , ဟုတ်တယ်မလား ? " ​မော့အန်းယွီက ​ပေါ်ယွီရဲ့ မ​ပျော်မရွှင်ဖြစ်​နေတဲ့ မျက်နှာအမူအရာကို ​သေချာ မရိပ်မိဘဲ ​ပြောလိုက်သည်။

" ခင်ဗျား လွန်ခဲ့တဲ့နှစ်နှစ်တုန်းက သူနဲ့ လမ်းခွဲခဲ့တယ်​လေ။ ပြီး​တော့ အခု ပြန်​ရောက်လာပြီး ​နောက်ထပ်တစ်ကြိမ် သူနဲ့ အတူတူ ပြန်တွဲဖို့ ဆုံးဖြတ်လိုက်တယ်​ပေါ့ ??? ​ပေါ်ယွီ , ခင်ဗျား ကျွန်​တော့်ကို စဉ်းစားမ​ပေးနိုင်ဘူးလား ??? " ​မော့အန်းယွီ ​ပေါ်ယွီ့ကို ကြည့်ကာ တစ်လုံးချင်း ဖိ​ပြောလိုက်သည်။ " မိသားစု​နောက်ခံ ၊ အကျင့်စရိုက် ၊ အရည်အချင်း , ကျွန်​တော် စုန့်ရှီလင်ထက်မသာတာ မရှိဘူး !!! "

​ပေါ်ယွီက စီးကရက်တိုကို ​ဆေးလိပ်ပြာခွက်ထဲမှာ ထိုး​ချေလိုက်ပြီး *ပုလင်းထဲက အမြှုပ်​တွေ ​သေသွားတဲ့အချိန်ကျမှ လက်ကာပြလိုက်သည်။
{ T / N ; စိတ်​အေးသွားတဲ့အချိန်လို့ ဒါမှမဟုတ် ​ဒေါသ​တွေ အရှိန်​သေသွားတဲ့အချိန်လို့ ဆိုလိုချင်တာပါ --- just my thought }

" စုန့်ရှီလင်မရှိရင်​တောင် ငါ မင်းနဲ့အတူ ရှိမှာမဟုတ်ဘူး " ​ပေါ်ယွီ ခပ်​ပေါ့​ပေါ့ပဲ ပြန်​ပြောလိုက်သည်။

" အ​ကြောင်းပြချက်က ??? "

လူတစ်​ယောက်က ဘယ်​လောက်ပင် သ​ဘော​ကောင်း​နေပါ​စေ အ​ရေးမကြီးပေ။သူဟာ အကြိမ်ကြိမ် အခါခါ ငြင်းပယ်ခံ​နေရတဲ့အချိန်မှာ စိတ်တိုလာ​တော့မှာပဲဖြစ်သည်။ပြီး​တော့လည်း ​မော့အန်းယွီဟာ အစကတည်းက စိတ်ထားမ​ကောင်းတဲ့သူဖြစ်​နေ​လေသည်။

" မင်းက gay မှမဟုတ်တာ " ​ပေါ်ယွီ အ​သေအချာ ​ပြောလိုက်သည်။

" ဒါ​ပေမယ့် ကျွန်​တော် ခင်ဗျားကို သ​ဘောကျတယ်​လေ " ​မော့အန်းယွီ ပြန်​ပြောသည်။

" ငါလည်း ​ယောကျ်ားတစ်​ယောက်ပဲ​လေ။ မင်း ငါ့ကို ကြိုက်​နေတယ်ဆိုတာက မင်းဟာ ​ယောကျ်ား​တွေကို သ​ဘောကျတယ်ဆိုတဲ့အချက်နဲ့ ညီပါတယ် " ​ပေါ်ယွီ ​ပြောလိုက်သည်။ " ဒါ​ပေမယ့် မင်းက straight ပဲ "

သူဟာ ' ငါ မင်းကို သ​ဘောကျတယ် ' ဆိုတဲ့ အ​ကြောင်းပြချက်​ကြောင့် အငြင်းခံရလိမ့်မယ်လို့ ​မော့အန်းယွီ တစ်ခါမှ မ​တွေးဘူးပါ​ချေ။

" ကံမ​ကောင်းတာက ငါ မင်းကို မကြိုက်တာပဲ " ​ပေါ်ယွီ သူ့ကို စိတ်ကုန်​နေပြီဖြစ်သည်။သူ မတ်တပ်ထရပ်လိုက်ပြီး ​မော့အန်းယွီရဲ့ပခုံးကို ပုတ်​ပေးလိုက်သည်။အဲဒီ​နောက် သူ အ​နောက်ကို လှည့်ကာ အ​ဝေးဆီ ထွက်သွား​တော့သည်။

ရုတ်တရက် ​မော့အန်းယွီက ​မတ်တပ်ရပ်ချလိုက်ပြီး ​ပေါ်ယွီရဲ့လက်ကို လှမ်းဆွဲကာ ​ပေါ်ယွီကို ဖိချုပ်လိုက်သည်။သူတို့ရဲ့နှုတ်ခမ်း​တွေဟာ ပူးကပ်သွား​လေသည်။

​ပေါ်ယွီ စိတ်ဆင်းရဲသလို ခံစားလိုက်ရကာ ညာဘက်လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ​မော့အန်းယွီရဲ့ ၀မ်းဗိုက်ကို အညှာအတာမရှိ ပြင်းပြင်းထန်ထန် ထိုးချလိုက်​လေသည်။​မော့အန်းယွီမှာ ​ဖျော့​တော့​နေတဲ့ မျက်နှာနဲ့အတူ နာကျင်စွာ ကိုယ်ကိုင်းညွှတ်သွား​တော့သည်။

တစ်ချိန်တုန်းက ရုပ်ရှင်တစ်ခုမှာ သရုပ်​ဆောင်ဖို့အတွက် ​ရှောင်လင်ကွန်ဖူးအ​ပေါ် ရူးသွပ်ခဲ့ဖူးတဲ့ ​ပေါ်ယွီဟာ သူ့ရဲ့လက်သီးကို ​ရုတ်သိမ်းလိုက်ပြီး သူ့နှုတ်ခမ်း​တွေဆီ အပြင်းအထန် ပွတ်သုတ်ပစ်လိုက်သည်။

​မော့အန်းယွီရဲ့အပြုအမူက သူ့ကို ရွံရှာစက်ဆုပ်​​စေသည်။

" ကျွန်​တော် ခင်ဗျားကို သ​ဘောကျတယ် " ​မော့အန်းယွီရဲ့ မျက်နှာဟာ နာကျင်မှု​ကြောင့် မဲ့ရွဲ့​နေပြီး ​မျှော်လင့်တကြီး မျက်၀န်း​တွေနဲ့အတူ အံတင်းတင်းကြိတ်ကာ ဖွင့်​ပြောလိုက်​လေသည်။

​မော့အန်းယွီကို လက်သီးနဲ့ ထိုးပြီးသွားတဲ့အချိန်မှာ ​ပေါ်ယွီ ရုတ်တရက် စိုးရိမ်ကြောက်လန့်မှုကို ခံစားလိုက်ရသည်။ဒါ​ပေမယ့် ကံ​ကောင်း​ထောက်မတာက ​မော့အန်းယွီဟာ ဒီ​နေရာအကုန်လုံးကို booking လုပ်ထားတာ​ကြောင့် အခု သူတို့ရဲ့အပြုအမူ​တွေကို တခြားလူ​တွေ မြင်မှာမဟုတ်ဘူးလို့ ​ပေါ်ယွီ စဉ်းစားလိုက်မိသည်။

" ​မော့အန်းယွီ , အနာဂတ်မှာ ​နောက်တစ်ကြိမ် ထပ်မ​တွေ့ကြရ​အောင်။ မင်း စိတ်ငြိမ်ဖို့ အချိန်လို​နေပြီ " ​ပေါ်ယွီဟာ ​​လေလိုပင် လျင်မြန်စွာ ထွက်သွား​လေသည်။

အချိန်အ​တော်ကြာသွားပြီးတဲ့​နောက် ​မော့အန်းယွီက ​ခေါင်းကို ​မော့လိုက်ပြီး သူ့ဖုန်းကို ထုတ်ကာ ​ပြောလိုက်သည်။ " ဒီည video ကို ငါ့ရဲ့ email ဆီပို့လိုက်။ ပြီးရင် မူရင်းအားလုံးကို ဖျက်ပစ်လိုက်​တော့ "

" ဟုတ်ကဲ့ "

.
.
.
.
.
.

ဒီအပိုင်းမှာ ​မော့အန်းယွီက ​ပေါ်ယွီကို ​'ကော' ​လို့​ခေါ်လိုက် 'ခင်ဗျား' လို့​ပြောလိုက် လုပ်​နေတာ​တွေက ကိုယ် စိတ်ဂ​ယောက်ဂယက်ဖြစ်ပြီးမှား​ရေးတာမဟုတ်ပါဘူး​နော်။ ဒီလို​လေကွာ ​​မော့အန်းယွီက ပုံမှန်အချိုသပ်ချင်တဲ့အချိန်ကျ​တော့ ​ကောင်း​ကောင်းမွန်မွန်နဲ့ ​'ကော' လို့​ခေါ်ပြီး စိတ်လှုပ်ရှား​ဒေါသထွက်တဲ့အခါကျ 'ခင်ဗျား' လို့​ပြောတာပါ

အဲလို​လေးဆို ပိုဖတ်​ကောင်းသွားမလားလို့​လေ😁

ကဲ ကဲ ခဏခဏ ​တောင်း​နေရတာလည်း မျက်နှာပူလှပါပြီ​ရော်😪 VOTE !!! COMMENT !!!










Zawgyi

ညစာစားၿပီးတဲ့အခါ အခ်ိန္က အ​ေတာ္​ေလး ​ေနာက္က်​ေနၿပီျဖစ္သည္။​ေပၚယြီက သူ႕ပါးစပ္ကို သုတ္ကာ တိတ္ဆိတ္မႈကို ၿဖိဳခြဲလိုက္သည္။ " ငါ bill ႐ွင္းလိုက္မယ္ "

​ေမာ့အန္းယြီက ​ေပၚယြီကို ဖမ္းဆြဲလိုက္ၿပီး​ေနာက္ သူ႕လက္ကို လ်င္ျမန္စြာပဲ ျပန္႐ုတ္ရင္း ​ေျပာလိုက္​ေလသည္။ " ကြၽန္​ေတာ္ ​႐ွင္းၿပီးၿပီ။ ​ေပၚယြီ , ကြၽန္​ေတာ္ ခင္ဗ်ားနဲ႔ စကား​ေျပာခ်င္တယ္ "

အဲဒါကို ၾကားတဲ့အခါ ​ေပၚယြီ ဆက္ထို​င္​ေနလိုက္ၿပီး စီးကရက္တစ္လိပ္ကို ထုတ္ကာ ဆိုလိုက္သည္။ " ငါ ​ေဆးလိပ္​ေသာက္ရင္ စိတ္အ​ေႏွာင့္အယွက္ျဖစ္မလား ? "

" မျဖစ္ပါဘူး " ​ေမာ့အန္းယြီကလည္း မ်ား​ေသာအားျဖင့္ ​ေဆးလိပ္​ေသာက္တတ္သည္။ဒါ​ေၾကာင့္ ​ေပၚယြီ ​ေဆးလိပ္​ေသာက္တာကို ျမင္တဲ့အခါ သူပါ စီးကရက္တစ္လိပ္ကို ထုတ္လိုက္သည္။

အမ်ိဳးသားႏွစ္​ေယာက္ဟာ ​ေနရခက္တဲ့ ပတ္၀န္းက်င္တစ္ခုနဲ႔အတူ မ်က္ႏွာခ်င္းဆိုင္ကာ ​ေဆးလိပ္​ေသာက္​ေနၾကသည္။

" မင္း ငါ့ကို ဘာအ​ေၾကာင္း ​ေျပာခ်င္တာလဲ ? " ​ေပၚယြီက သူ႕ပါးစပ္မွာ စီးကရက္ကို ခဲထားရင္း ဖုန္းကို ထုတ္ၾကည့္လိုက္သည္။ဖုန္းထဲမွာ message ​ေရာ missed call ပါ ၀င္ထားတာမ႐ွိတာ​ေၾကာင့္ သူ စိတ္ပ်က္လက္ပ်က္ ျဖစ္​ေနမိသည္။
{ T / N ; Boss Song ဖုန္းမဆက္ စာမပို႔လို႔ baby စိတ္​ေကာက္​ေနတာ 🤣 }

​ေမာ့အန္းယြီက ​ေပၚယြီရဲ႕ ပုံမွန္မဟုတ္တဲ့ အမူအရာကို သတိမထားမိ​ေခ်။ " ကြၽန္​ေတာ္ ...... ကြၽန္​ေတာ္ ခင္ဗ်ားကို ခ်စ္​ေနတာ အခ်ိန္အ​ေတာ္ၾကာၿပီ "

​ေပၚယြီက စီးကရက္ မီးခိုးလုံး​ေတြကို မႈတ္ထုတ္လိုက္ၿပီး သူ႕မ်က္ႏွာ​ေပၚက အမူအရာကို​ေတာ့ အျဖဴ​ေရာင္မီးခိုး​ေတြ​ေၾကာင့္ ႐ွင္း႐ွင္းလင္းလင္း မျမင္ႏိုင္​ေခ်။

" ငါ သိတယ္ "

အဲဒီတိုက္ဆိုက္မႈ​ေတြရယ္ ထပ္ကာထပ္ကာ အ​ေလ်ာ့​ေပး လိုက္​ေလ်ာခဲ့တာ​ေတြရယ္နဲ႔ မခ်င့္မရဲ ​ေတာင္းပန္တတ္တာ​ေတြရယ္ အားလုံးကို စုခ်လိုက္တဲ့အခါ ​ေပၚယြီကို သတိျပဳမိ​ေစဖို႔ လုံ​ေလာက္​ေပသည္။

သူ႕ႏွလုံးသားထဲမွာ အခ်ိန္အၾကာႀကီး မ်ိဳသိပ္ခဲ့ရတဲ့ ဖြင့္ဟ၀န္ခံစရာ​ေတြကို ထုတ္​ေျပာလိုက္ရတဲ့ ​ေမာ့အန္းယြီက ​ေနာက္ဆုံး​ေတာ့ ျပဳံးလိုက္ႏိုင္ၿပီး ​ေတာ္​ေတာ္က​ေလး စိတ္သက္သာရာရသြား​ေတာ့သည္။ " အဲဒါဆိုရင္ ​ေကာက ကြၽန္​ေတာ္ ဖြင့္​ေျပာတာကို လက္ခံလားဟင္ ?? "

" ငါ စိတ္မ​ေကာင္းပါဘူး " ​ေပၚယြီက ​ေတြ​ေဝတုံ႔ဆိုင္းျခင္းမ႐ွိ ျငင္းဆိုပစ္လိုက္သည္။

" ကြၽန္​ေတာ္ သိခ်င္တာက စုန္႔႐ွီလင္​ေၾကာင့္ ​ေကာ ကြၽန္​ေတာ္႕ကို ျငင္း​ေနတာလား ? " ​ေမာ့အန္းယြီက သူ႕​ေျခ​ေထာက္​ေတြ​ေပၚမွာ တင္ထားတဲ့ လက္​ေတြကို တင္းတင္းဆုပ္လိုက္သည္။

​ေပၚယြီ ; " မဟုတ္ဘူး "

" ခင္​​ဗ်ား စုန္႔႐ွီလင္နဲ႔ ​ေနာက္တစ္​ေခါက္ ျပန္​ေတြ႕​ေနတာလား , ဟုတ္တယ္မလား ? " ​ေမာ့အန္းယြီက ​ေပၚယြီရဲ႕ မ​ေပ်ာ္မ႐ႊင္ျဖစ္​ေနတဲ့ မ်က္ႏွာအမူအရာကို ​ေသခ်ာ မရိပ္မိဘဲ ​ေျပာလိုက္သည္။

" ခင္ဗ်ား လြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းက သူနဲ႔ လမ္းခြဲခဲ့တယ္​ေလ။ ၿပီး​ေတာ့ အခု ျပန္​ေရာက္လာၿပီး ​ေနာက္ထပ္တစ္ႀကိမ္ သူနဲ႔ အတူတူ ျပန္တြဲဖို႔ ဆုံးျဖတ္လိုက္တယ္​ေပါ့ ??? ​ေပၚယြီ , ခင္ဗ်ား ကြၽန္​ေတာ္႕ကို စဥ္းစားမ​ေပးႏိုင္ဘူးလား ??? " ​ေမာ့အန္းယြီ ​ေပၚယြီ႕ကို ၾကည့္ကာ တစ္လုံးခ်င္း ဖိ​ေျပာလိုက္သည္။ " မိသားစု​ေနာက္ခံ ၊ အက်င့္စ႐ိုက္ ၊ အရည္အခ်င္း , ကြၽန္​ေတာ္ စုန္႔႐ွီလင္ထက္မသာတာ မ႐ွိဘူး !!! "

​ေပၚယြီက စီးကရက္တိုကို ​ေဆးလိပ္ျပာခြက္ထဲမွာ ထိုး​ေခ်လိုက္ၿပီး *ပုလင္းထဲက အျမႇဳပ္​ေတြ ​ေသသြားတဲ့အခ်ိန္က်မွ လက္ကာျပလိုက္သည္။
{ T / N ; စိတ္​ေအးသြားတဲ့အခ်ိန္လို႔ ဒါမွမဟုတ္ ​ေဒါသ​ေတြ အ႐ွိန္​ေသသြားတဲ့အခ်ိန္လို႔ ဆိုလိုခ်င္တာပါ --- just my thought }

" စုန္႔႐ွီလင္မ႐ွိရင္​ေတာင္ ငါ မင္းနဲ႔အတူ ႐ွိမွာမဟုတ္ဘူး " ​ေပၚယြီ ခပ္​ေပါ့​ေပါ့ပဲ ျပန္​ေျပာလိုက္သည္။

" အ​ေၾကာင္းျပခ်က္က ??? "

လူတစ္​ေယာက္က ဘယ္​ေလာက္ပင္ သ​ေဘာ​ေကာင္း​ေနပါ​ေစ အ​ေရးမႀကီးေပ။သူဟာ အႀကိမ္ႀကိမ္ အခါခါ ျငင္းပယ္ခံ​ေနရတဲ့အခ်ိန္မွာ စိတ္တိုလာ​ေတာ့မွာပဲျဖစ္သည္။ၿပီး​ေတာ့လည္း ​ေမာ့အန္းယြီဟာ အစကတည္းက စိတ္ထားမ​ေကာင္းတဲ့သူျဖစ္​ေန​ေလသည္။

" မင္းက gay မွမဟုတ္တာ " ​ေပၚယြီ အ​ေသအခ်ာ ​ေျပာလိုက္သည္။

" ဒါ​ေပမယ့္ ကြၽန္​ေတာ္ ခင္ဗ်ားကို သ​ေဘာက်တယ္​ေလ " ​ေမာ့အန္းယြီ ျပန္​ေျပာသည္။

" ငါလည္း ​ေယာက်္ားတစ္​ေယာက္ပဲ​ေလ။ မင္း ငါ့ကို ႀကိဳက္​ေနတယ္ဆိုတာက မင္းဟာ ​ေယာက်္ား​ေတြကို သ​ေဘာက်တယ္ဆိုတဲ့အခ်က္နဲ႔ ညီပါတယ္ " ​ေပၚယြီ ​ေျပာလိုက္သည္။ " ဒါ​ေပမယ့္ မင္းက straight ပဲ "

သူဟာ ' ငါ မင္းကို သ​ေဘာက်တယ္ ' ဆိုတဲ့ အ​ေၾကာင္းျပခ်က္​ေၾကာင့္ အျငင္းခံရလိမ့္မယ္လို႔ ​ေမာ့အန္းယြီ တစ္ခါမွ မ​ေတြးဘူးပါ​ေခ်။

" ကံမ​ေကာင္းတာက ငါ မင္းကို မႀကိဳက္တာပဲ " ​ေပၚယြီ သူ႕ကို စိတ္ကုန္​ေနၿပီျဖစ္သည္။သူ မတ္တပ္ထရပ္လိုက္ၿပီး ​ေမာ့အန္းယြီရဲ႕ပခုံးကို ပုတ္​ေပးလိုက္သည္။အဲဒီ​ေနာက္ သူ အ​ေနာက္ကို လွည့္ကာ အ​ေဝးဆီ ထြက္သြား​ေတာ့သည္။

႐ုတ္တရက္ ​ေမာ့အန္းယြီက ​မတ္တပ္ရပ္ခ်လိုက္ၿပီး ​ေပၚယြီရဲ႕လက္ကို လွမ္းဆြဲကာ ​ေပၚယြီကို ဖိခ်ဳပ္လိုက္သည္။သူတို႔ရဲ႕ႏႈတ္ခမ္း​ေတြဟာ ပူးကပ္သြား​ေလသည္။

​ေပၚယြီ စိတ္ဆင္းရဲသလို ခံစားလိုက္ရကာ ညာဘက္လက္သီးကို တင္းတင္းဆုပ္လိုက္ၿပီး ​ေမာ့အန္းယြီရဲ႕ ၀မ္းဗိုက္ကို အညႇာအတာမ႐ွိ ျပင္းျပင္းထန္ထန္ ထိုးခ်လိုက္​ေလသည္။​ေမာ့အန္းယြီမွာ ​ေဖ်ာ့​ေတာ့​ေနတဲ့ မ်က္ႏွာနဲ႔အတူ နာက်င္စြာ ကိုယ္ကိုင္းၫႊတ္သြား​ေတာ့သည္။

တစ္ခ်ိန္တုန္းက ႐ုပ္႐ွင္တစ္ခုမွာ သ႐ုပ္​ေဆာင္ဖို႔အတြက္ ​ေ႐ွာင္လင္ကြန္ဖူးအ​ေပၚ ႐ူးသြပ္ခဲ့ဖူးတဲ့ ​ေပၚယြီဟာ သူ႕ရဲ႕လက္သီးကို ​႐ုတ္သိမ္းလိုက္ၿပီး သူ႕ႏႈတ္ခမ္း​ေတြဆီ အျပင္းအထန္ ပြတ္သုတ္ပစ္လိုက္သည္။

​ေမာ့အန္းယြီရဲ႕အျပဳအမူက သူ႕ကို ႐ြံ႐ွာစက္ဆုပ္​​ေစသည္။

" ကြၽန္​ေတာ္ ခင္ဗ်ားကို သ​ေဘာက်တယ္ " ​ေမာ့အန္းယြီရဲ႕ မ်က္ႏွာဟာ နာက်င္မႈ​ေၾကာင့္ မဲ့႐ြဲ႕​ေနၿပီး ​ေမွ်ာ္လင့္တႀကီး မ်က္၀န္း​ေတြနဲ႔အတူ အံတင္းတင္းႀကိတ္ကာ ဖြင့္​ေျပာလိုက္​ေလသည္။

​ေမာ့အန္းယြီကို လက္သီးနဲ႔ ထိုးၿပီးသြားတဲ့အခ်ိန္မွာ ​ေပၚယြီ ႐ုတ္တရက္ စိုးရိမ္ေၾကာက္လန္႔မႈကို ခံစားလိုက္ရသည္။ဒါ​ေပမယ့္ ကံ​ေကာင္း​ေထာက္မတာက ​ေမာ့အန္းယြီဟာ ဒီ​ေနရာအကုန္လုံးကို booking လုပ္ထားတာ​ေၾကာင့္ အခု သူတို႔ရဲ႕အျပဳအမူ​ေတြကို တျခားလူ​ေတြ ျမင္မွာမဟုတ္ဘူးလို႔ ​ေပၚယြီ စဥ္းစားလိုက္မိသည္။

" ​ေမာ့အန္းယြီ , အနာဂတ္မွာ ​ေနာက္တစ္ႀကိမ္ ထပ္မ​ေတြ႕ၾကရ​ေအာင္။ မင္း စိတ္ၿငိမ္ဖို႔ အခ်ိန္လို​ေနၿပီ " ​ေပၚယြီဟာ ​​ေလလိုပင္ လ်င္ျမန္စြာ ထြက္သြား​ေလသည္။

အခ်ိန္အ​ေတာ္ၾကာသြားၿပီးတဲ့​ေနာက္ ​ေမာ့အန္းယြီက ​ေခါင္းကို ​ေမာ့လိုက္ၿပီး သူ႕ဖုန္းကို ထုတ္ကာ ​ေျပာလိုက္သည္။ " ဒီည video ကို ငါ့ရဲ႕ email ဆီပို႔လိုက္။ ၿပီးရင္ မူရင္းအားလုံးကို ဖ်က္ပစ္လိုက္​ေတာ့ "

" ဟုတ္ကဲ့ "

.
.
.
.
.
.

ဒီအပိုင္းမွာ ​ေမာ့အန္းယြီက ​ေပၚယြီကို ​'ေကာ' ​လို႔​ေခၚလိုက္ 'ခင္ဗ်ား' လို႔​ေျပာလိုက္ လုပ္​ေနတာ​ေတြက ကိုယ္ စိတ္ဂ​ေယာက္ဂယက္ျဖစ္ၿပီးမွား​ေရးတာမဟုတ္ပါဘူး​ေနာ္။ ဒီလို​ေလကြာ ​​ေမာ့အန္းယြီက ပုံမွန္အခ်ိဳသပ္ခ်င္တဲ့အခ်ိန္က်​ေတာ့ ​ေကာင္း​ေကာင္းမြန္မြန္နဲ႔ ​'ေကာ' လို႔​ေခၚၿပီး စိတ္လႈပ္႐ွား​ေဒါသထြက္တဲ့အခါက် 'ခင္ဗ်ား' လို႔​ေျပာတာပါ

အဲလို​ေလးဆို ပိုဖတ္​ေကာင္းသြားမလားလို႔​ေလ😁

ကဲ ကဲ ခဏခဏ ​ေတာင္း​ေနရတာလည္း မ်က္ႏွာပူလွပါၿပီ​ေရာ္😪 VOTE !!! COMMENT !!!

















Continue Reading

You'll Also Like

117K 9.9K 38
This is myanmar translation. Not my own story. Eng Title-Its Not Easy Being your love ravil's Big Brother (Completed) Chinese Tit...
442K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...