လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...
Indolent-Senorita द्वारा
847K 123K 3.8K
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... अधिक
ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)
အခန်း-၁၃၆(က​တောက်ကဆ)
အခန်း-၁၃၇(စိတ်အ​နှောင့်အယှက်)
အခန်း-၁၃၈(​ထောင်​ချောက်)
အခန်း-၁၃၉(မျက်နှာချို​သွေးခြင်း)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
6.3K 1.3K 19
Indolent-Senorita द्वारा
Scroll down for Zawgyi.
Unicode
​မော့ယန်က ​မော့အန်းယွီကို ကြည့်ကာ ​ပေါ်ယွီနဲ့ ပတ်သတ်ပြီး သူ့ညီငယ်​လေးရဲ့ အစွဲအလမ်းကို သိသည်။ဒါ​ကြောင့် သူက ​မော့အန်းယွီကို ​ဖျောင်းဖျမ​နေ​တော့ဘဲ ​ပြောလိုက်သည်။ 
" မင်း အခုတ​​လော လုပ်​နေတာ​တွေကို တခြားလူ​တွေဆီက ကြားပြီးပြီ။ အ​မေက ​ပေါ်ယွီကို စုံစမ်း​နေတယ် "
အစက ဂရုမစိုက်ဘဲ​နေ,​နေတဲ့ ​မော့အန်းယွီဟာ ချက်ချင်းလက်ငင်းပဲ တုန်လှုပ်သွားပြီး သူ့ရဲ့မျက်လုံးသူငယ်အိမ်​တွေပါ ကျုံ့၀င်သွား​လေသည်။   " ဘာကိုလဲ ? "
" မင်း မင်းကိုယ်မင်းသာ ပြန်​မေးသင့်တယ်။ ​ရှောင်ယွီ , အဆုံးသတ်ဖို့ လိုအပ်​နေတဲ့ တချို့ကိစ္စ​တွေဆိုတာ ရှိတယ် " ​မော့ယန်က အဓိပ္ပါယ်နှစ်ခွထွက်တဲ့ စကားမျိုးနဲ့ ပြန်​ဖြေလိုက်သည်။
​မော့အန်းယွီ ​လှောင်​ပြောင်ခနဲ့လိုက်​လေသည်။   " သူကလွဲရင် ကျွန်​တော့်အတွက် ဘယ်ကိစ္စကမှ အ​ရေးမကြီးဘူး။ အစ်ကိုကြီး , ကုမ္ပဏီရဲ့ နှစ်ပတ်လည်ပါတီပွဲ​ရော ဘယ်လိုလဲ ? "
​​မော့ယန် မျက်​မှောင်ကြုတ်ကာ အချိန်အကြာကြီး​နေမှ ​ပေါ့​ပေါ့ပါးပါးနဲ့ ပြန်​ပြောလိုက်သည်။   " ​ပေါ်ယွီ ဒီ​ည​နေခင်းမှာ ​ရောက်လာ​အောင် ငါ ညွှန်ကြားထားပြီးပြီ "
​မော့အန်းယွီမှာ အလွန်အမင်း ​ပျော်ရွှင်သွား​တော့သည်။   " ​ကျေးဇူးတင်ပါတယ် , အစ်ကိုကြီး ! "
" ဒီတစ်ခါပဲ​​နော် "   ​မော့ယန် သက်ပြင်းတစ်ချက်ချကာ မတ်တပ်ရပ်လိုက်ပြီး သူ့ရဲ့ suit jacket ကို ကြယ်သီးတပ်ရင်း ​ပြောလိုက်သည်။   " ငါ့မှာ အစည်းအ​​ဝေးရှိ​သေးတယ်။ ​နောင်ကျရင် မင်း အ​မေနဲ့ စကား​ကောင်း​ကောင်း ​ပြောလိုက်ကြဦး။ ကိစ္စ​တွေကို ပိုဆိုး​အောင် မလုပ်နဲ့ "
​မော့အန်းယွီ ​ခေါင်းငြိမ့်ပြလိုက်သည်။​မော့ယန် ရုံးခန်းထဲက​နေ ထွက်သွားပြီးတဲ့​နောက် ​မော့အန်းယွီ ဖုန်းကို ထုတ်လိုက်သည်။
​မော့​မေ​မေ​ဟာ သူမ​ရှေ့က ဖိုင်တွဲတစ်ခုနဲ့အတူ ဆိုဖာ​ပေါ်မှာ ထိုင်​နေသည်။သူမ ဖိုင်ကို ဖွင့်ကြည့်​တော့မယ့်အချိန်မှာ သူမရဲ့အငယ်ဆုံး သား​လေးက သူမဆီကို ဖုန်း​ခေါ်လာခဲ့သည်။သူမ အရမ်းကို ​ပျော်ရွှင်သွားပြီး ချက်ချင်းပဲ ဖိုက်ဖွင့်ဖတ်ဖို့ကိစ္စကို ​ဘေးဖယ်ထားလိုက်​​တော့သည်။
_____________
အတွင်း​ရေးမှူးချူက စာရွက်စာတန်းဖိုင်​တွေနဲ့အတူ အထဲ၀င်လာပြီး စားပွဲ​ပေါ်မှာ ဖိုင်တွဲ​​တွေကို တ​လေးတစား နေရာချကာ စုန့်ရှီလင်ဆီ ချီတုံချတုံဖြစ်စွာ ကြည့်လိုက်သည်။သူ စကား​ပြောချင်​နေ​ပေမယ့်လည်း တုံ့ဆိုင်း​နေမိသည်။
Keyboard ​ပေါ်မှာ ​ပြေးလွှား​နေတဲ့ စုန့်ရှီလင်ရဲ့ လက်​တွေဟာ တစ်စက္ကန့်​လောက် ရပ်တန့်သွားပြီး သူ အတွင်း​ရေးမှူးချူကို တစ်ချက်ကြည့်လိုက်သည်။
အတွင်း​ရေးမှူးချူက အ​ကြောက်​ကြောက်အလန့်လန့်နဲ့ ​​ဖြေလာခဲ့သည်။   " ဥက္ကဋ္ဌစုန့် , ​ပေါ်ယွီ ပြန်​ရောက်ပါပြီ။ အခုတင် ​လေယာဉ်ဆိုက်လာပါတယ် "
စုန့်ရှီလင် တစ်လုံးသာ ပြန်​ပြောလိုက်သည်။   " အင်း "   ပြီးတာနဲ့ သူ စကားဆက်မ​ပြော​တော့​ချေ။
အတွင်း​ရေးမှူးချူခမျာ ​ဆေးခါးကြီး မျိုချရသလို ခံစားလိုက်မိပြီး သူ့ကိုယ်သူ အားတင်းကာ ​ပြောလိုက်သည်။   " ဟုတ်ကဲ့။ ကျွန်​တော်တို့ ည​ရောက်ရင် က​လေးကို သွား​ခေါ်ဖို့ လို​သေးလား ? "
" သူ မင်းကို ဖုန်းဆက်​သေးလား ? "
ဒါ​​ပေါ့။အတွင်း​ရေးမှူးချူက ' သူ ' ဆိုတာ ဘယ်သူ့ကို ရည်ညွှန်းလဲ ရှင်းရှင်းလင်းလင်းကြီးကို သိတာ​ပေါ့။ အတွင်း​ရေးမှူးချူ ​ဖြေလိုက်သည်။   " မဆက်ပါဘူး "
" အဲတာကို မင်း အခု က​လေးကို သွား​ခေါ်လိုက် "   စုန့်ရှီလင်ရဲ့ မျက်နှာအမူအရာက ​အေး​ဆေးတည်ငြိမ်​နေပြီး ဘာခံစားချက်မှ မရှိ​ပေ။
ညွှန်ကြားချက်ရရှိပြီးတဲ့​နောက် မကြာခင်မှာပဲ အတွင်း​ရေးမှူးချူက ရုံးခန်းထဲက​နေ ထွက်သွား​တော့သည်။
​ပေါ်ယွီဟာ ဟွားချန်မြို့​တော်ကိုသွားတဲ့ လမ်း​ပေါ်မှာ ဖုန်းအင်တာဗျူးနှစ်ခုကို လက်ခံရရှိခဲ့သည်။အင်တာဗျူးပြီးတဲ့အချိန်မှာ သူ့ရဲ့ nanny car ကလည်း ​မော့ကုမ္ပဏီ၀င်​ပေါက်မှာ ရပ်​နေပြီဖြစ်သည်။
​မော့ကုမ္ပဏီရဲ့ အထူးဖိတ်ကြားခြင်းခံထားရတဲ့ နှစ်ပတ်လည်ပါတီက ကြယ်ပွင့်အခမ်းအနားမှူးတစ်​ယောက် ဖြစ်တာ​ကြောင့် ပွဲမစခင်အချိန်အထိ ​ပေါ်ယွီရဲ့ လာ​ရောက်မှုကို လုံး၀ လျို့ဝှက်ထားရသည်။
ရှစ်နာရီထိုးတွင် နှစ်ပတ်လည်ပါတီဟာ တရား၀င် စတင်ပြီဖြစ်သည်။တစ်ချိန်တည်းမှာပဲ သာမာန်အ၀တ်အစား​တွေ ၀တ်ထားတဲ့ ​ပေါ်ယွီဟာ လုံခြုံ​ရေး၀န်ထမ်း​တွေရဲ့ အကာအကွယ်နဲ့ လူအုပ်ကြီးကို တိတ်တဆိတ် ဖြတ်သန်းကာ သီးသန့်အ၀တ်လဲခန်းထဲကို ၀င်သွား​တော့သည်။
အ၀တ်လဲခန်းထဲတွင် ​မော့ကုမ္ပဏီက သီးသန့် ပြင်ဆင်​ပေးထားတဲ့ မိတ်ကပ်ဆရာတစ်​ယောက်နဲ့ နှစ်ပတ်လည်ပါတီရဲ့ ကြီးကြပ်​ရေးမှူးတစ်​ယောက်သာရှိ​သည်။
​ပေါ်ယွီက နှစ်ပတ်လည်ပွဲတာ၀န်ရှိသူရဲ့ လုပ်ငန်းစဉ် မိတ်ဆက်တာ​တွေကို နား​ထောင်ရင်း အ​သေးစိတ်အချက်အလက်​တွေကို ဂရုတစိုက် ဖတ်ကြည့်​နေသည်။
​မော့ကုမ္ပဏီရဲ့ပါတီက ပွဲရဲ့အထွတ်အထိပ်ကို ​ရောက်ရှိ​နေပြီး သီးသန့် အစီအစဉ်မှူးတစ်​ယောက်ကလည်း မဲလိပ်နှိုက်တဲ့ဂိမ်းကို ဦး​ဆောင်​ဆော့ကစား​ပေး​နေသည်။
ကုမ္ပဏီဥက္ကဋ္ဌတစ်​ယောက်အ​နေနဲ့ ၀န်ထမ်း​တွေ ​တော်​တော်များများ မဲနှိုက်ပြီးသွားတဲ့အချိန်မှာ ​မော့ယန်ကိုလည်း စင်​ပေါ်တက်ပြီး မဲနှိုက်ဖို့ ဇွတ်အတင်း အား​ပေးကြ​တော့သည်။သူ့ရဲ့လက်​အောက်၀န်ထမ်း​တွေက သူတို့ဟာ big boss က တန်ဖိုးကြီး ပစ္စည်း​တွေအတွက် ကံ​ကောင်းမ​ကောင်းကို သိချင်လို့ပါလို့ ​ပြောဆို​နေကြ​လေသည်။
မကြုံစဖူး စိတ်အားထက်သန်မှုကြီး​တွေက ပရိသတ်​တွေဆီက​နေ ​ပေါ်ထွက်လာသည်။​မော့ယန်က နှစ်ပတ်လည်ပါတီမှာ သူတို့ကို စိတ်ပျက်​အောင် မလုပ်ချင်​တာ​ကြောင့် စင်​​ပေါ်ကိုတက်ကာ စာရွက်ပိုင်း​လေးတစ်ခုကို ​ကောက်ယူပြီး ဖွင့်ကြည့်လိုက်သည်။
အ​ရောင်း ဒါရိုက်တာက ​ဖြောင့်မတ်မှန်ကန်သူ ဖြစ်သည်။သူက အဲဒီစာရွက်ကို မြင်တဲ့အခါ မင်တက်သွား​တော့သည်။အဲဒီ​နောက် သူ သက်ပြင်းချကာ ခါးသက်​နေတဲ့ မျက်နှာထားနဲ့ ​ပြောလိုက်​လေသည်။   " မင်းတို့ ငါ့ကို အပြစ်မတင်ကြဘူးမဟုတ်လား ? ပထမဆုကို ရရှိသွားတဲ့သူက​တော့ ဥက္ကဋ္ဌကြီးပဲ ဖြစ်ပါတယ် ! "
​မော့ယန် ဘာစကားမှမဆိုဘဲ ပြုံးသာပြလိုက်သည်။နှစ်ပတ်လည်ပါတီက ပထမဆုဆိုတာ သူ့အတွက်​တော့ အချိန်ဖြုန်းတာပင်ဖြစ်သည်။
၀န်ထမ်း​တွေက ပထမဆုကို big bossကြီးက ရရှိသွားခဲ့တာ​ကြောင့် မ​ပျော်မရွှင်ဖြစ်သွားကြ​ပေမယ့်လည်း မ​ကျေမနပ်​တော့ မ​ပြောရဲ​ချေ။ ဘာပဲဖြစ်ဖြစ် သူက big bossကြီး​ပဲလေ။
သိပ်မကြာခင်အချိန်မှာပဲ လူတိုင်း ​စောင့်​​မျှော်​နေကြတဲ့ ဆု​ပေးပွဲအစီအစဉ် စတင်ပြီဖြစ်သည်။
" တတိယဆုက​တော့ fruit mobile phone တစ်လုံးပဲ ဖြစ်ပါတယ်ခင်ဗျာ !!! "
​စျေးကွက်အ​ရောင်းဋ္ဌာနက ၀န်ထမ်းအသစ်​လေးဟာ ဖုန်းကို ယူဖို့အတွက် အ​ပြေးအလွှားထသွားလိုက်သည်။
" ဒုတိယက​တော့ ယွမ်သုံး​သောင်းပဲဖြစ်ပါတယ် ! "
စင်မြင့်နားက မိန်းမငယ်​လေးဟာ စာရွက်​လေးကို စိတ်လှုပ်ရှားစွာ လှုပ်ယမ်းရင်း အလွန်ပဲ ရွှင်မြူး​နေသည်။
" ပထမဆုက​တော့ _______ ကျွန်​တော်တို့ရဲ့ ' ဆုကြီး ' ကို ကြိုဆိုလိုက်ကြရ​အောင်လားခင်ဗျာ !!! "
​ပေါ်ယွီက သူ့လက်ထဲမှာ လှလှပပ ထုပ်ပိုးထားတဲ့ လက်ပတ်နာရီတစ်လုံးနဲ့အတူ စင်​နောက်မှာ ငုတ်တုတ်ထိုင်​နေသည်။သူ့ကို ထွက်လာဖို့ ​ခေါ်​နေတာကို သူ သတိပြုမိလိုက်တဲ့အချိန်မှာ သူ့​ခြေ​ထောက်​တွေက ထုံကျဉ်​နေပြီဖြစ်သည်။အဲဒီ​နောက် သူ မတ်တပ်ထရပ်လိုက်ပြီး သူ့အ၀တ်အစား​တွေကို သပ်သပ်ရပ်ရပ်ဖြစ်​အောင် ပြင်ဆင်ကာ ဆုလက်​ဆောင်​ပေးဖို့အတွက် စင်မြင့်​ပေါ်ကို ခမ်းနားထည်ဝါစွာ တက်​ရောက်သွားခဲ့သည်။
​ထောင့်မှာ မတ်တပ်ရပ်​နေတဲ့ ​မော့အန်းယွီက စင်မြင့်​ပေါ်ဆီ ဖြည်းညင်းစွာ တက်လှမ်းလာတဲ့ ​ပေါ်ယွီကို ​ငေးကြည့်လို့​နေသည်။သူက အရမ်းကို သက်​တောင့်သက်သာနဲ့ ​ပျော်ရွှင်​နေတာဖြစ်သည်။
.
.
.
.
.
.
​ပေါင်​ပေ့တို့ , အပိုင်း ၄၃ က noti မတက်ဘူးလားဟင် ဒါမှမဟုတ် မမြင်ကြတာလားဟင် vote ​ရော viewer ​ရော သိပ်မရှိလို့ ​​တော်ကြာ  noti မတက်ဘူးဖြစ်​နေမှာစိုးလို့​ရော် ❤❤❤
Zawgyi
_____________
ဈေးကွက်အ​ရောင်းဋ္ဌာနက ၀န်ထမ်းအသစ်​လေးဟာ ဖုန်းကို ယူဖို့အတွက် အ​ပြေးအလွှားထသွားလိုက်သည်။
.
.
.
.
.
.
पढ़ना जारी रखें
आपको ये भी पसंदे आएँगी
113K 20.5K 31
515K 84.7K 128
Author: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ...
58.5K 7.3K 30
⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡...
363K 56.8K 74
This is just translation. All credits to Original author.