Luxurious Link 𐤀 [Completed]

Od AKaYarHline

91.2K 9.2K 1.5K

Unicode & Zawgyi မင်းနဲ့ကိုယ့်အကြားက တန်ဖိုးကြီးနှောင်ကြိုးသံယောဇဥ်တစ်ခုကို Linkတစ်ခုအနေနဲ့အမှတ်အသားပြုထားမယ်... Více

The Existance of Us
The Beginning of Our Story
When We Crossed the Line 🔞
The First Clue of Diamond thef Case
You are My Honey
The Secret Man on the Container
The Love Night in the Car 🔞
Behind the A.D's Madness
The Secret of Min's 🔞
Simple or Not?
The Great Luck is Gone
Honey, I'm so tired of loving you
Who is the real Villain?
Author's Note
What is Behind the Similarities?
Mg, Please Don't Hurt Me
What is happened in Last Year Party?
The Baby is Gone (Abortion)
Everything is too late to Stop
Honey has left Mg's Heart forever
I will follow you wherever you are (Final)
Thankyou All

The First Solution of the Problem

2.4K 298 29
Od AKaYarHline

မကောင်းတဲ့လူဆိုတာ မကောင်းတဲ့ဇာတ်လမ်းနဲ့တင် ဘဝကသွားမှာပဲ။ ငွေရှိနေရင်တောင်မှ ဒုတိယဘုရားသခင်နဲ့လုပ်လို့မရတာတွေအများကြီးရှိတယ်။ ဥပမာ သစ္စာနဲ့အချစ်စစ် ဆိုတာမျိုးပေါ့။ အောက်တန်းကျတဲ့လူဆိုတာလည်း စိတ်ဓာတ်နဲ့တူတဲ့ ငရဲနဲ့တင်လိုက်ဖက်လွန်းတာမို့ မင်းတို့အတွက် ငရဲကအသင့်စောင့်ကြိုနေပါပြီ ဒုံမာန်ဆူးနဲ့ Sekira

Luxurious Link

"ဂျွန်ဂျောင်ကု!"

"ဟန်နီ မင်းမှာမောင်တစ်ယောက်လုံးရှိနေတယ်လေ ဘာဖြစ်လို့ အဲ့လိုကောင်တွေနဲ့မင်းပလူးနေရတာလဲ လူမြင်ကွင်းကြီးမှာမင်းမရှက်ဘူးလား!"

*ဖြန်း*

"ဒီမှာ ဂျွန်ဂျောင်ကု ရှင့်အဆင့်ရှင်သိရင်ကောင်းမယ် ကျွန်မဘာသာဘယ်သူနဲ့မကလို့ ဘယ်ကဟာနဲ့ပဲဖြစ်ဖြစ် ရှင့်အပူတစ်စက်မှမပါဘူး အချိန်တန်ရင်အိမ်ပြန်လာမှာပဲ ရှင့်ရင်ခွင်ဆီပြန်လာမှာပဲ အဲ့တာကိုရှင်ဘာဖြစ်နေတာလဲ အဲ့လောက်ထိချုပ်ချယ်နေရအောင် ကျွန်မကရှင့်အရုပ်မဟုတ်ဘူး လာမစားနဲ့ ကျက်သရေမရှိဘူး"

"ဟန်နီ!"

"စိတ်ပျက်စရာကောင်းလိုက်တာ ဖယ်စမ်းပါ"

ပါးပြင်ထက်နာနာကျင်ျကင်ရိုက်ချခံလိုက်သောအဖြစ်မှာ သူ့ဒေါသတွေထောင်းခနဲဖြစ်ခဲ့သည်။ သို့ပေမဲ့ မိန်းမသားတစ်ဦးဖြစ်နေတာမို့ ဂျောင်ကုပြန်မလုပ်ခဲ့ပါ။ သတိထားမိသွားတဲ့ရင်ထဲကတုံ့ပြန်မှုကိုသာအံ့ဩရင်း သူ့ရင်ဘတ်ကိုတွန်းကာအိမ်အပြင်ထွက်သွားပြန်သောထိုမိန်းမကျောပြင်ကိုသာ တုံ့ဆိုင်းရင်းလှမ်းကြည့်ခဲ့မိတယ်။ Sekira မင်းသိလား။ မင်းတခြားကောင်တွေနဲ့မြင်မကောင်းအောင်ပလူးနေခဲ့တာကို ငါမြင်သွားခဲ့တုန်းက ငါရှက်လွန်းလို့ဒေါသထွက်ရုံကလွဲပြီး ဒီရင်ဘတ်ထဲ ၊ ဒီနှလုံးသားထဲက စူးစူးနင့်နင့်နာကျင်တာကိုမခံစားခဲ့ရဘူး။ မင်းကြောင့် ငါ့နှလုံးသား ဒေါသစိတ်ကလွဲပြီး တခြားမခုန်နေခဲ့ဘူး Sekira

ဂျောင်ကုအတွက်မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲ...ဘာကြောင့်မလို့ သူဘာမှမနာကျင်ရတာလဲ။

"Hello ဒုံမာန်ဆူး ဟိုကောင်ကိုရှင်းပြီးပြီလား"

"ဟုတ်ကဲ့ ရှင်းပြီးပါပြီ သခင်မ ကိုယ်ဝန်ပျက်ကျသွားပါပြီ"

"သိပ်ကောင်းတယ်"

ဒေါသထွက်ထွက်နဲ့ ချုပ်ချယ်လွန်းတဲ့မောင့်ဆီက သူမထွက်လာတုန်း ဟန်နီဆိုတဲ့ သူမမပိုင်တဲ့နာမ်စားကြောသ့် ကိုရီးယားကကောင်ကိုဘာမဆိုင် ညာမဆိုင်သတိရမိသွားသေး။ ချက်ချင်းပင်မတရားရှုပ်လာခဲ့တဲ့ဒေါသတွေက သူမစိတ်နဲ့ဦးနှောက်တစ်ခုလုံးကို တရကြမ်းညှင်းစဲသည်။ အဟက် ကင်မ်ထယ်ယောင်း မင်းကတကယ်အကုသိုလ်ကောင်ပဲ။

"အစီအစဉ်တွေအကုန်ပြီးခဲ့ပြီဆိုတော့ ချက်လက်မှတ်နဲ့အယောင်ပြပြီး သူထွက်သွားရင် မင်း ဒိုဘင်ဂျူးကိုရှင်းလိုက်တော့ သူ့ရဲ့တစ်သက်တာသခင်ကိုတောင် နောက်ကျောဓားနဲ့ထိုးခဲ့တဲ့သစ္စာဖောက်ဆိုတော့ သူ့ကိုအကြပ်ကိုင်ထားတဲ့ငါတို့ကို သစ္စာဖောက်ဖို့ဝန်လေးမှာမဟုတ်ဘူး"

"ကျွန်တော်နားလည်ပါပြီ"

"မင်းအကုန်လုံးပြီးရင်LAကိုထွက်လာခဲ့ မင်းအတွက်ဆုကြီးကြီးပေးမယ်"

"ကျေးဇူးတင်ပါတယ်ဗျ!"

စကားပြောခဲ့ပြီးသောသူ့ရဲ့သခင်မတစ်ဖြစ်လည်း ချစ်နေရသောမိန်းမပျို။ ဖုန်းနံပါတ်အဝင်Callလေးကိုကြည့်ရင်း မာန်ဆူးတစိမ့်စိမ့်စိုက်ကြည့်နေမိတယ်။ လိုချင်တာမှန်သမျှရအောင်ယူတတ်သောထိုမိန်းမလေးရဲ့အကျင့်ကို သူကောင်းကောင်းနားလည်သလို သိလည်းသိသည်။ ငွေကြေးနဲ့စည်းစိမ်ဥစ္စာတွေအတွက် သူမအပျိုစင်ဘဝတစ်ခုလုံးကို လွယ်လွယ်စတေးပစ်ခဲ့တဲ့ သမင်ပျိုတစ်ကောင်မဟုတ်ခဲ့သောဝံပုလွေမလေးဟာ Sekiraဆိုသောသူမ။ လှပလွန်းသောအချိုးအစားနဲ့ဆံနွယ်တွေဟာ အတိတ်ဘဝရဲ့ကုသိုလ်တွေကြောင့်များလား။ ဒါမှမဟုတ် နတ်ဘုရားတွေကများဆုလာဒ်ပေးသနားတော်မူခဲ့သလား။ ဘယ်သူမြင်မြင် လှပရက်လွန်းတယ်ဆိုတာ ငြင်းဆန်နိုင်မှာမဟုတ်ပါလေ။

ဒါပေမဲ့ မောက်မာလွန်းတဲ့စိတ်သဘောထားဟာ ဘယ်သူ့ကိုမှလူရာမထင်ခဲ့သည့် ငါတစ်ကောကောစိတ်အဖြစ်အသွင်ပြောင်းလဲသွားခဲ့တယ်။ လောကဓံကြောင့်လား။ ငယ်ဘဝရဲ့နာကျင်မှုတွေကြောင့်လို့ အပြစ်တင်ဆိုခဲ့ရမည်လား။ သူမဟာ ငယ်ရွယ်စဉ်အပျိုဖော်ဝင်ကတည်းက လူအိုသူဌေးကြီးဆီမှာ‌ ရောင်းစားခံခဲ့ရသည်။ ဒီအခြင်းအရာတွေကြောင့်ပဲ မာန်ဆူးချစ်ခဲ့တဲ့သူမဟာ အခုလိုပြောင်းလဲသွားခဲ့ရတာထင်ပါရဲ့။

"ဒိုဘင်ဂျူး ငါနဲ့ချိန်းနေကျနေရာမှာအခုလာတွေ့ပါ မင်းလုပ်ရပ်အတွက် ထိုက်တန်တဲ့ဆုလာဒ် လာယူဖို့အချိန်ကျပြီလေ"

‌သူမတတ်နိုင်ခဲ့ပါ။ နှလုံးသားရဲ့ဧကရီငယ်က အမိန့်စေလာပြန်ပြီမို့ ဆောင်ရွက်ပေးရပါဦးမည်။ ထိုအရာတွေက အားလုံးမှားယွင်းနေခဲ့တာတောင်မှ သူမစိတ်ကြိုက် သူလုပ်ပေးနေမိဦးမှာပါပဲ။ ဒီတစ်ခုတည်းကသာ သူမအနားနေနိုင်မဲ့ ၊ သူမပျော်ရွှင်ဖို့အတွက် သူဖြည့်ဆည်းပေးနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်နေခဲ့တာကြောင့်မို့...။

Luxurious Link

နေမသာခဲ့သောနေ့တစ်နေ့တဖြည်းဖြည်းကုန်လာခဲ့ပြီ။ ညနေခင်းအချိန်တွင် ကောင်းကင်ကြီးတစ်ခုလုံး မီးခိုးရောင်တိမ်စိုင်များမှိုင်းညို့ညို့အုံ့ဆိုင်းထားရှိခဲ့ပေမဲ့ ညဘက်မှာတော့ ပုရစ်ကောင်တွေစူးစူးရှရှအော်မြည်လွန်းလောက်အောင် ပြောင်းလဲသွားခဲ့တယ်။ လေပြေမရှိခဲ့သောဒီလောက အထီးကျန်လွန်းစွာ ခြောက်ကပ်နေခဲ့ပါ၏။

တစ်ခုတည်းသောဆေးရုံအခန်းကြီးထဲမယ်
အဖြူရောင်အကျီအပွလေးကိုဝတ်ထားသောကောင်လေးတစ်ဦး ဆေးထိုးအပ်တွေများစွာသွင်းထားခံရရင်း ဆေးရုံကုတင်အထက် မေ့မျောနေခဲ့သည်။ လူအရိပ်အယောင်မမြင်ရသောတိတ်ဆိတ်မှုမှာ အခန်းကြီးအတွင်းဘယ်သူမှမရှိနေပုံပေါ်၏။ သက်တောင့်သက်သာမဟုတ်သော အိပ်စက်ခြင်းများစီရီနေခဲ့ခြင်းသည် ထိုကောင်လေးမျက်နှာတစ်ခုလုံးဖြူဖျော့လွန်းလျက် နှုတ်ခမ်းသားများပြာဝေနေခဲ့သည်။

အပြင်မှတဖြည်းဖြည်းကြားလာရတဲ့ခြေသံတရှပ်ရှပ်။ တိတ်တဆိတ်သေတသပ်လျှောက်လှမ်းသံဟာ ခြေသံလုံသောပုံစံကိုကြည့်ရုံနှင့်တင်သိနိုင်ပါ၏။ တရားဝင်မလာရဲသော ခိုးကြောင်ခိုးဝှက်အရိပ်ငယ်ဟာ ထောင့်စွန်းဆေးရုံအထူးခန်းရောက်လာတဲ့အချိန် ခြေလှမ်းတို့တုံ့ခနဲရပ်တန့်သွားခဲ့သည်။ တွန်းကာဖွင့်ဝင်လာခဲ့သောလူသည် တစ်ကိုယ်လုံးအနက်ချည်းဖြင့်ယောကျ်ားလေးတစ်ဦးဖြစ်နေသည်။ Maskအနက်ရောင်ကိုဝတ်ထားသောထိုကောင်လေး လက်ဖျံတွင်သွေးစက်များပေရေနေခဲ့သည်။

"ကျွန်တော်တောင်းပန်ပါတယ်"

ဝင်ဝင်ချင်းပင် ဒူးဒေါက်ကျသွားခဲ့သောပုံစံဟာအပြစ်သားတစ်ဦးနှယ်။ ကုတင်ပေါ်ကကောင်လေးကိုကြည့်ကာ မျက်လုံးထဲမျက်ရည်စတို့ပြည့်လျှံခဲ့ရင်း တရစပ်ကျဆင်းလာခဲ့တာမို့ နှုတ်ကသည်လည်း တောင်းပန်စကားများသာ တတွတ်တွတ်ဆိုနေခဲ့သည်။

"ကျွန်တော်တောင်းပန်ပါတယ် သခင်လေးထယ်ယောင်း မြောင်ဟိုကိုရော ဆရာ့ကိုပါ ကျွန်တော်မကာကွယ်ပေးနိုင်ခဲ့တာ တောင်းပန်ပါတယ်"

ဝပ်တွားကာတောင်းပန်တိုးလျိုးနေသည်ကို မေ့မျောနေခဲ့သူက ကြားနိုင်မှာမဟုတ်မှန်းသိပေမဲ့ လုပ်ပါမည်။ မျက်ရည်တွေနဲ့အတူချွေးစတွေ ၊ ‌မျက်နှာတစ်ခုလုံးစင်ထားတဲ့သွေးတွေက လက်ပေါ်ကအနီရင့်ရောင်သွေးစက်တွေနဲ့အတူ အဖြူရောင်ကြမ်းပြင်ပေါ်သို့တစက်စက်ခုန်ဆင်းလာတဲ့အထိ တောင်းပန်ထားမည်။ အရာအားလုံးက အသုံးမကျခဲ့တဲ့သူ့အပြစ်ချည်းတွေပဲမို့ သူတောင်းပန်မှကိုဖြစ်ပါမည်။

"ကျွန်တော်ရှင်းပေးပါ့မယ် ကျွန်တော်အရာအားလုံးကိုအတည့်ပြန်လုပ်ပေးမယ် ဆရာ"

တင်းတင်းကြိတ်ထားသောအံသည် ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့သည့်လက်သီးဆုပ်တွေနဲ့ တစ်ပြိုင်နက်ဖြစ်ပေါ်၏။ ပေရေနေခဲ့တဲ့သွေးစတွေက အောက်တန်းကျသော‌လူရဲ့ သေမင်းတံခါးလက်မှတ်၏ ကျသင့်တန်ဖိုးလို့ဆိုရမလား။ လွန်ခဲ့သောနှစ်နာရီခန့်က သူရှိနေခဲ့သောဂိုထောင်ဟောင်းကြီးက သွေးများပေကျံရာငရဲခန်းတစ်ခုအသွင်ပြောင်းလဲသွားခဲ့သည်။

လွန်ခဲ့သောနှစ်နှာရီခန့်က ဆိပ်ခံတံတားတစ်ခုအနားရှိ ကွန်တိန်နာဂိုထောင်ကြီးထဲ၌...။

"မင်းရောက်လာပြီလား"

"ကျွန်တော့်ကိုခေါ်တာဘာကိစ္စရှိသေးလို့လဲ ကျွန်တော့်တာဝန်တွေအကုန်ပြီးနေပြီမဟုတ်ဘူးလား"

"ဟုတ်ပါတယ် ဟုတ်ပါတယ် ဂျွန်ဂျောင်ကုရဲ့စိတ်ထဲသံသယဝင်အောင်ရိုက်ထည့်ပေးရမဲ့ မင်းရဲ့တာဝန်တွေအကုန်ပြီးပါပြီ"

"ဒါဆို ကျွန်တော့်ကိုခေါ်တာဘာကိစ္စရှိလို့လဲ"

"အခုချိန်မှာ မင်းရဲ့တော်လှ ၊ ထက်မြက်လွန်းလှပါတယ်ဆိုတဲ့ ဆရာသခင်ကြီးဂျွန်ဂျောင်ကုက Sekiraသခင်မရဲ့အောက်လမ်းဆေးမှာ သားရေတမြှားမြှားနဲ့ဖြစ်နေပါရောလား"

"ခင်ဗျား ဆရာ့ကိုမစော်ကားနဲ့!"

"အဟက် သစ္စာဖောက်ကောင်ကများပြောရတယ်ရှိတယါ ဒီမှာဒိုဘင်ဂျူး မင်းအခြေအနေမင်းနားလည်နော် မင်းကခွေးလောက်တောင်သစ္စာမရှိတဲ့ကောင်မျိုးပဲ"

မျက်စိရှေ့ကနေ သူ့ဂုဏ်သိက္ခာတစ်ခုလုံးကို ရစရာမရှိအောင်စော်ကားနေခဲ့တဲ့ အယုတ်တမာခွေးကောင်ကို သူချက်ချင်းသတ်ပစ်လိုက်ချင်ပါသော်လည်း အချိန်မကျသေးတာမို့ ဒေါသတွေကို ဖိကိုက်ထားခဲ့‌သောနှုတ်ခမ်းတွေနဲ့သာ ထိန်းချုပ်ထားခဲ့သည်။ မင်းငါ့သိက္ခာကို စိတ်ကြိုက်စော်ကားပစ်လိုက်လို့ရတယ် ဒုံမာန်ဆူး။ အေး ဒါပေမဲ့ မင်းငါ့ဆရာကိုစော်ကားဖို့တော့မစဉ်းစားလိုက်နဲ့။

"ကဲပါ ဒါကထားစမ်းပါ အခုက ဂျွန်ထယ်ယောင်းကလည်း ကိုယ်ဝန်ပျက်ကျသွားပြီဆိုတော့...."

"ဘာ! ခင်ဗျားဘာပြောလိုက်တယ်"

"ဒါကမသေချာရင်မဖြစ်တဲ့အတွက် ငါကိုယ်တိုင်လုပ်ခဲ့တာပဲ ဟုတ်တယ် ဂျွန်ထယ်ယောင်းမှာရှိတဲ့ကိုယ်ဝန်ပျက်ကျသွားပြီ အဲ့တာကလည်း က‌လေးပျက်ကျဖို့သိပ်ကောင်းတဲ့ဆေးအမှုန့်တွေကို ချိုအီအီစတော်ဘယ်ရီကိတ်လေးထဲ ငါကစေတနာအပြည့်နဲ့ထည့်ပြီး ဂျွန်ဂျောင်ကုကကျွေးသလိုလိုနဲ့ သွားကျွေးလိုက်တာကြောင့်လေ ဟားဟားဟား"

"ကျွန်တော် ခင်ဗျားရဲ့အောင်ပွဲခံမှုတွေကိုဂုဏ်ပြုပေးရလောက်အောင် ကျွန်တော်စိတ်ဓာတ်မပျက်ပြားသေးဘူး အခုခေါ်ရင်းကိစ္စကိုပြော"

"ငါကမင်းကိုပျင်းနေမှာစိုးလို့ ကစားဖို့ကြံနေတာလေ အခုမင်းကစိတ်မြန်လက်မြန်ပါလား OKပါလေ အခု မင်းတာဝန်ပြီးပြီဆိုတော့..."

မျက်နှာချင်းဆိုင်တစ်ဖက်မှာရပ်နေခဲ့တဲ့ဒုံမာန်ဆူးက သူ့ကိုလက်ပိုက်ကြည့်ရင်း အနောက်မှာစားပွဲခုံရှည်တစ်လုံးကိုမှီထားသည်။ တစ်ယောက် တစ်ယောက်ချင်းထိပ်တိုက်ရင်ဆိုင်ရတဲ့ဒီလူ့ကို ဘင်ဂျူးသိပ်ပြီးစက်ဆုပ်သည်။

"သိပ်တော်တဲ့မင်းအတွက် ငါတို့ကဆုလာဒ်ပေးရမှာပေါ့ လာယူလေ"

လက်ထဲကိုင်လာခဲ့တဲ့ချက်လက်မှတ်တစ်စောင်ကို ထိုလူဝေ့ရမ်းပြသည်။ နှုတ်ခမ်းတစ်ဖက်တည်းကွေးညွတ်ရုံပြုံးကာ ဘင်ဂျူး ဒုံမာန်ဆူးဆီလျှောက်ခဲ့သည်။ ဘဝင်ထိနေတဲ့အောင်နိုင်သူအပြုံးတွေက ရက်ရက်စက်စက်ကိုနင်းခြေပစ်ချင်တဲ့မျက်နှာထက်မှာ အခန့်သား။ ဒုံမာန်ဆူး မင်းသေနေ့ရောက်ပြီဆိုတာမင်းမသိဘူး။

"ဘယ်လိုလဲ သဘောကျတယ်မလား"

"သိပ်များတဲ့ပမာဏပဲ ကျွန်တော်ဘယ်လိုသဘောမကျပဲနေနိုင်ပါ့မလဲ"

ဒုံမာန်ဆူးပေးတဲ့ ချက်လက်မှတ်တစ်စောင်ကိုကြည့်ပြီး ကျေနပ်အပြုံးပြုံးပြခဲ့ကာ အနားနားကပ်ရင်းတိုးတိုးပြောလိုက်ခဲ့စဉ် ‌လစ်လပ်နေခဲ့တဲ့လည်ပင်းသားနေရာက ထင်းခနဲပေါနေသည်။ အကျီတွင်းထဲမှ လျှပ်ခနဲထွက်လာတဲ့ဓားမြောင်ပါးဟာ လည်ပင်းပင်မသွေးကြောကို တိတိတိကျကျဖြတ်တောက်သွားခဲ့တဲ့အချိန်မှာ ဘင်ဂျူးမျက်နှာတစ်ခုလုံး သွေးစက်တွေပန်းခနဲစင်လာသည်။

သွေးတွေပန်းထွက်နေတဲ့ မြေကြီးပေါ်လဲသွားသည့် Sekiraဆိုတဲ့ဘီလူးမရဲ့ရုပ်သေးရုပ်ကို ဘင်ဂျူးကြည့်ပြီး ရွဲ့သနားစိတ်တောင်ဝင်မိပါသေးတယ်။

"အဟက် ခွေးလိုခိုင်းခံထားရတဲ့ကောင်က ခွေးလိုပဲသေရမှာဆိုတာ မင်းနားမလည်ခဲ့ဘူးပဲ သနားပါတယ် ဒုံမာန်ဆူး ဒါမှမဟုတ် Sekiraရဲ့ပထမဆုံးလင်ကြီး လို့ဆိုရမလား မင်းသွေးတွေက အော်ဂလီဆန်စရာကောင်းလိုက်တာကွာ မင်းကောင်မအတိုင်းပဲ မင်းသိတယ်မလား S, E, K, I, R, A တဲ့ ဂျပန်-အမေရိကန်ကပြားမလေ မဟုတ်သေးဘူး ပိုတိကျအောင်ပြောရရင် အကောင်တကာချီကချူစားနေတုန်း အဖိုးကြီးနဲ့တွေ့မှငြိမ်သွားတဲ့ ဖာသည်မလေ"

"မင်း...မင်း!"

လည်ပင်းဓားမြောင်စိုက်ဝင်နေတဲ့ကောင် လွှင့်ပစ်ထားတဲ့ဓားကိုသူကောင်ပြီး မပြီးဆုံးတဲ့သွေးရည်စက်လက်နဲ့ဓားကိုကိုင်ထားလျက် တစ်လှမ်းချင်းလျှောက်ခဲ့တော့ သူရဲဘောကြောင်တဲ့ကောင်က အနောက်သို့တရွတ်‌တိုက်ဆုတ်သည်။ အဟား သိပ်ကြောက်နေတာလား ဒုံမာန်ဆူး။ မင်း မြောင်ဟိုကိုသတ်ခဲ့တုန်းကပုံနဲ့တခြားစီပါလား။

"ခံစားရတာသိပ်ကောင်းတယ်မလား ချိုနေတာပဲမလား မင်းမြောင်ဟို့ကိုသတ်ခဲ့တုန်းကရော အဲ့လိုချိုနေခဲ့တာမလား ပြောလေ!"

လည်ပင်းဆီ အားအကုန်သုံးရင်း အကြိမ်ကြိမ်ထိုးသွင်းတဲ့ဓားသွားက ‌ရှိသမျှသွေးကြောတွေအားလုံးကို သခင့်အလိုကျဖြတ်တောက်သည်။ အပေါ်ကတက်ခွပြီး အချက်ရေဘယ်လောက်ထိုးခဲ့လဲ မရေတွက်ခဲ့တော့။ ဒေါသတွေပြည့်ဝသွားခဲ့တဲ့အချိန်မှာ ဘင်ဂျူး သူ့လက်ထဲတဒုတ်ဒုတ်ခုန်နေခဲ့တဲ့နှလုံးတစ်ခုရှိနေခဲ့သလို အောက်မှာတော့ရင်ပွင့်နေတဲ့အလောင်းက ရုပ်ပျက်ဆင်းပျက်။ သူ့လက်တစ်ခုလုံးရော မျက်နှာတွေနဲ့ရင်ဘတ်တွေပါ သွေးများချင်းချင်းနီနေသည်။

"ဟက်"

လက်ထဲကနှလုံးကိုချေမွပစ်လိုက်ခဲ့ပြီစ သူထိုင်ထားတဲ့အလောင်းအပေါ်ကထလာခဲ့သည်။ ဓားကိုမြေကြီးပေါ်ပစ်ချခဲ့ရင်း မီးလာင်ကျွမ်းနေတဲ့အကောင်ကို ထွက်သွားခါနီးမှ တစ်ချက်လှည့်ကြည့်ခဲ့ကာ...

"မိန်းမတစ်ယောက်ရဲ့ကြိုးကိုင်ထားတာကိုမှ အောက်လမ်းဆေးမပါတာတောင် တမ်းတမ်းစွဲဖြစ်နေတဲ့အကောင်က ငါ့ဆရာမဟုတ်ဘူး မင်းပဲ ဒုံမာန်ဆူး Welcome to the Hell မင်းကိုငရဲကနေကြိုဆိုပါတယ်"

မီးရှို့ခဲ့တဲ့အလောင်းက ထိုက်တန်ရာဒဏ်ကိုခံစားခဲ့ရပါတယ်။ ‌အပြင်ကိုထွက်ခဲ့တဲ့အချိန် မိုးချုပ်တော့မဲ့ ကောင်းကင်ကြီး အမှောင်ရိပ်ရောင်သမ်းနေလေပြီ။ သူဖြေရှင်းရမဲ့ကိစ္စတစ်ခုပြီးပြီ။ အခုတော့ နောက်ဆုံးအဆင့်တစ်ခုပဲကျန်တော့တယ်။

လှုပ်မရခဲ့လို့ ပူးပေါင်းခဲ့ရတယ်။ မြောင်ဟို့ကိုဆုံးရှုံးခဲ့ရတဲ့အပြင် ဆရာ့ကိုပါစော်ကားလွန်းနေတဲ့လူတွေကြားမှာ မနည်းသည်းခံခဲ့တယ်။ အခုတော့အချိန်ရောက်လာခဲ့ပြီ။ ကျွန်တော့်အမှားတစ်ခုက အပြစ်မရှိတဲ့ဆရာ့ရဲ့ကြင်သူလေးကိုအန္တရာယ်ရှိနေစေခဲ့တာပဲ။ တောင်းပန်ပါတယ် ဆရာ။ အဲ့အတွက် ကျွန်တော်အပြစ်ကျွေးဆပ်မှာပါ။ ဒါပေမဲ့ အခုတော့ မြွေဟောက်မဆီက ဆရာဂျွန်ဂျောင်ကု ဆရာ့ကိုခေါ်ထုတ်ဖို့အတွက် ကျွန်တော်လာခဲ့မယ်။

Luxurious Link

AN - နောက်တစ်ပိုင်း Finalဖြစ်နိုင်ပါ၏။ ဒါမှမဟုတ် နောက်နှစ်ပိုင်းကျမှလည်းဖြစ်နိုင်ပါတယ်။ စာလုံးရေအရပေါ့နော်။

ဘင်ဂျူးရဲ့စိတ်ရင်းအမှန်က သူဟိုဘက်နဲ့ပေါင်းသွားခဲ့တာ အဆုံးသတ်ကိုလုပ်ဖို့အတွက်ဟန်ဆောင်ခဲ့တာပါ။ သူကမြောင်ဟိုကိုဆုံးရှုံးခဲ့ရတာလေ။ ဘယ်တော့မှအခဲမကျေခဲ့ပါဘူး။ ဒါပေမဲ့ ဟန်နီကတော့ ဟိုကောင်တွေကြောင့်ထိခိုက်ခဲ့ရတာပေါ့ Ó╭╮Ò
......................................................................





Zawgyi

မေကာင္းတဲ့လူဆိုတာ မေကာင္းတဲ့ဇာတ္လမ္းနဲ႕တင္ ဘဝကသြားမွာပဲ။ ေငြရွိေနရင္ေတာင္မွ ဒုတိယဘုရားသခင္နဲ႕လုပ္လို႔မရတာေတြအမ်ားႀကီးရွိတယ္။ ဥပမာ သစၥာနဲ႕အခ်စ္စစ္ ဆိုတာမ်ိဳးေပါ့။ ေအာက္တန္းက်တဲ့လူဆိုတာလည္း စိတ္ဓာတ္နဲ႕တူတဲ့ ငရဲနဲ႕တင္လိုက္ဖက္လြန္းတာမို႔ မင္းတို႔အတြက္ ငရဲကအသင့္ေစာင့္ႀကိဳေနပါၿပီ ဒုံမာန္ဆူးနဲ႕ Sekira

Luxurious Link

"ဂြၽန္ေဂ်ာင္ကု!"

"ဟန္နီ မင္းမွာေမာင္တစ္ေယာက္လုံးရွိေနတယ္ေလ ဘာျဖစ္လို႔ အဲ့လိုေကာင္ေတြနဲ႕မင္းပလူးေနရတာလဲ လူျမင္ကြင္းႀကီးမွာမင္းမရွက္ဘူးလား!"

*ျဖန္း*

"ဒီမွာ ဂြၽန္ေဂ်ာင္ကု ရွင့္အဆင့္ရွင္သိရင္ေကာင္းမယ္ ကြၽန္မဘာသာဘယ္သူနဲ႕မကလို႔ ဘယ္ကဟာနဲ႕ပဲျဖစ္ျဖစ္ ရွင့္အပူတစ္စက္မွမပါဘူး အခ်ိန္တန္ရင္အိမ္ျပန္လာမွာပဲ ရွင့္ရင္ခြင္ဆီျပန္လာမွာပဲ အဲ့တာကိုရွင္ဘာျဖစ္ေနတာလဲ အဲ့ေလာက္ထိခ်ဳပ္ခ်ယ္ေနရေအာင္ ကြၽန္မကရွင့္အ႐ုပ္မဟုတ္ဘူး လာမစားနဲ႕ က်က္သေရမရွိဘူး"

"ဟန္နီ!"

"စိတ္ပ်က္စရာေကာင္းလိုက္တာ ဖယ္စမ္းပါ"

ပါးျပင္ထက္နာနာက်င္်ကင္ရိုက္ခ်ခံလိုက္ေသာအျဖစ္မွာ သူ႕ေဒါသေတြေထာင္းခနဲျဖစ္ခဲ့သည္။ သို႔ေပမဲ့ မိန္းမသားတစ္ဦးျဖစ္ေနတာမို႔ ေဂ်ာင္ကုျပန္မလုပ္ခဲ့ပါ။ သတိထားမိသြားတဲ့ရင္ထဲကတုံ႕ျပန္မႈကိုသာအံ့ဩရင္း သူ႕ရင္ဘတ္ကိုတြန္းကာအိမ္အျပင္ထြက္သြားျပန္ေသာထိုမိန္းမေက်ာျပင္ကိုသာ တုံ႕ဆိုင္းရင္းလွမ္းၾကည့္ခဲ့မိတယ္။ Sekira မင္းသိလား။ မင္းတျခားေကာင္ေတြနဲ႕ျမင္မေကာင္းေအာင္ပလူးေနခဲ့တာကို ငါျမင္သြားခဲ့တုန္းက ငါရွက္လြန္းလို႔ေဒါသထြက္႐ုံကလြဲၿပီး ဒီရင္ဘတ္ထဲ ၊ ဒီႏွလုံးသားထဲက စူးစူးနင့္နင့္နာက်င္တာကိုမခံစားခဲ့ရဘူး။ မင္းေၾကာင့္ ငါ့ႏွလုံးသား ေဒါသစိတ္ကလြဲၿပီး တျခားမခုန္ေနခဲ့ဘူး Sekira

ေဂ်ာင္ကုအတြက္ေမးခြန္းထုတ္စရာျဖစ္ခဲ့ပါတယ္။ ဘာေၾကာင့္လဲ...ဘာေၾကာင့္မလို႔ သူဘာမွမနာက်င္ရတာလဲ။

"Hello ဒုံမာန္ဆူး ဟိုေကာင္ကိုရွင္းၿပီးၿပီလား"

"ဟုတ္ကဲ့ ရွင္းၿပီးပါၿပီ သခင္မ ကိုယ္ဝန္ပ်က္က်သြားပါၿပီ"

"သိပ္ေကာင္းတယ္"

ေဒါသထြက္ထြက္နဲ႕ ခ်ဳပ္ခ်ယ္လြန္းတဲ့ေမာင့္ဆီက သူမထြက္လာတုန္း ဟန္နီဆိုတဲ့ သူမမပိုင္တဲ့နာမ္စားေၾကာသ့္ ကိုရီးယားကေကာင္ကိုဘာမဆိုင္ ညာမဆိုင္သတိရမိသြားေသး။ ခ်က္ခ်င္းပင္မတရားရႈပ္လာခဲ့တဲ့ေဒါသေတြက သူမစိတ္နဲ႕ဦးႏွောက္တစ္ခုလုံးကို တရၾကမ္းညွင္းစဲသည္။ အဟက္ ကင္မ္ထယ္ေယာင္း မင္းကတကယ္အကုသိုလ္ေကာင္ပဲ။

"အစီအစဥ္ေတြအကုန္ၿပီးခဲ့ၿပီဆိုေတာ့ ခ်က္လက္မွတ္နဲ႕အေယာင္ျပၿပီး သူထြက္သြားရင္ မင္း ဒိုဘင္ဂ်ဴးကိုရွင္းလိုက္ေတာ့ သူ႕ရဲ႕တစ္သက္တာသခင္ကိုေတာင္ ေနာက္ေက်ာဓားနဲ႕ထိုးခဲ့တဲ့သစၥာေဖာက္ဆိုေတာ့ သူ႕ကိုအၾကပ္ကိုင္ထားတဲ့ငါတို႔ကို သစၥာေဖာက္ဖို႔ဝန္ေလးမွာမဟုတ္ဘူး"

"ကြၽန္ေတာ္နားလည္ပါၿပီ"

"မင္းအကုန္လုံးၿပီးရင္LAကိုထြက္လာခဲ့ မင္းအတြက္ဆုႀကီးႀကီးေပးမယ္"

"ေက်းဇူးတင္ပါတယ္ဗ်!"

စကားေျပာခဲ့ၿပီးေသာသူ႕ရဲ႕သခင္မတစ္ျဖစ္လည္း ခ်စ္ေနရေသာမိန္းမပ်ိဳ။ ဖုန္းနံပါတ္အဝင္Callေလးကိုၾကည့္ရင္း မာန္ဆူးတစိမ့္စိမ့္စိုက္ၾကည့္ေနမိတယ္။ လိုခ်င္တာမွန္သမွ်ရေအာင္ယူတတ္ေသာထိုမိန္းမေလးရဲ႕အက်င့္ကို သူေကာင္းေကာင္းနားလည္သလို သိလည္းသိသည္။ ေငြေၾကးနဲ႕စည္းစိမ္ဥစၥာေတြအတြက္ သူမအပ်ိဳစင္ဘဝတစ္ခုလုံးကို လြယ္လြယ္စေတးပစ္ခဲ့တဲ့ သမင္ပ်ိဳတစ္ေကာင္မဟုတ္ခဲ့ေသာဝံပုေလြမေလးဟာ Sekiraဆိုေသာသူမ။ လွပလြန္းေသာအခ်ိဳးအစားနဲ႕ဆံႏြယ္ေတြဟာ အတိတ္ဘဝရဲ႕ကုသိုလ္ေတြေၾကာင့္မ်ားလား။ ဒါမွမဟုတ္ နတ္ဘုရားေတြကမ်ားဆုလာဒ္ေပးသနားေတာ္မူခဲ့သလား။ ဘယ္သူျမင္ျမင္ လွပရက္လြန္းတယ္ဆိုတာ ျငင္းဆန္နိုင္မွာမဟုတ္ပါေလ။

ဒါေပမဲ့ ေမာက္မာလြန္းတဲ့စိတ္သေဘာထားဟာ ဘယ္သူ႕ကိုမွလူရာမထင္ခဲ့သည့္ ငါတစ္ေကာေကာစိတ္အျဖစ္အသြင္ေျပာင္းလဲသြားခဲ့တယ္။ ေလာကဓံေၾကာင့္လား။ ငယ္ဘဝရဲ႕နာက်င္မႈေတြေၾကာင့္လို႔ အျပစ္တင္ဆိုခဲ့ရမည္လား။ သူမဟာ ငယ္႐ြယ္စဥ္အပ်ိဳေဖာ္ဝင္ကတည္းက လူအိုသူေဌးႀကီးဆီမွာ‌ ေရာင္းစားခံခဲ့ရသည္။ ဒီအျခင္းအရာေတြေၾကာင့္ပဲ မာန္ဆူးခ်စ္ခဲ့တဲ့သူမဟာ အခုလိုေျပာင္းလဲသြားခဲ့ရတာထင္ပါရဲ႕။

"ဒိုဘင္ဂ်ဴး ငါနဲ႕ခ်ိန္းေနက်ေနရာမွာအခုလာေတြ႕ပါ မင္းလုပ္ရပ္အတြက္ ထိုက္တန္တဲ့ဆုလာဒ္ လာယူဖို႔အခ်ိန္က်ၿပီေလ"

‌သူမတတ္နိုင္ခဲ့ပါ။ ႏွလုံးသားရဲ႕ဧကရီငယ္က အမိန႔္ေစလာျပန္ၿပီမို႔ ေဆာင္႐ြက္ေပးရပါဦးမည္။ ထိုအရာေတြက အားလုံးမွားယြင္းေနခဲ့တာေတာင္မွ သူမစိတ္ႀကိဳက္ သူလုပ္ေပးေနမိဦးမွာပါပဲ။ ဒီတစ္ခုတည္းကသာ သူမအနားေနနိုင္မဲ့ ၊ သူမေပ်ာ္႐ႊင္ဖို႔အတြက္ သူျဖည့္ဆည္းေပးနိုင္တဲ့ တစ္ခုတည္းေသာနည္းလမ္းျဖစ္ေနခဲ့တာေၾကာင့္မို႔...။

Luxurious Link

ေနမသာခဲ့ေသာေန႕တစ္ေန႕တျဖည္းျဖည္းကုန္လာခဲ့ၿပီ။ ညေနခင္းအခ်ိန္တြင္ ေကာင္းကင္ႀကီးတစ္ခုလုံး မီးခိုးေရာင္တိမ္စိုင္မ်ားမွိုင္းညို႔ညို႔အုံ႕ဆိုင္းထားရွိခဲ့ေပမဲ့ ညဘက္မွာေတာ့ ပုရစ္ေကာင္ေတြစူးစူးရွရွေအာ္ျမည္လြန္းေလာက္ေအာင္ ေျပာင္းလဲသြားခဲ့တယ္။ ေလေျပမရွိခဲ့ေသာဒီေလာက အထီးက်န္လြန္းစြာ ေျခာက္ကပ္ေနခဲ့ပါ၏။

တစ္ခုတည္းေသာေဆး႐ုံအခန္းႀကီးထဲမယ္
အျဖဴေရာင္အက်ီအပြေလးကိုဝတ္ထားေသာေကာင္ေလးတစ္ဦး ေဆးထိုးအပ္ေတြမ်ားစြာသြင္းထားခံရရင္း ေဆး႐ုံကုတင္အထက္ ေမ့ေမ်ာေနခဲ့သည္။ လူအရိပ္အေယာင္မျမင္ရေသာတိတ္ဆိတ္မႈမွာ အခန္းႀကီးအတြင္းဘယ္သူမွမရွိေနပုံေပၚ၏။ သက္ေတာင့္သက္သာမဟုတ္ေသာ အိပ္စက္ျခင္းမ်ားစီရီေနခဲ့ျခင္းသည္ ထိုေကာင္ေလးမ်က္ႏွာတစ္ခုလုံးျဖဴေဖ်ာ့လြန္းလ်က္ ႏႈတ္ခမ္းသားမ်ားျပာေဝေနခဲ့သည္။

အျပင္မွတျဖည္းျဖည္းၾကားလာရတဲ့ေျခသံတရွပ္ရွပ္။ တိတ္တဆိတ္ေသတသပ္ေလွ်ာက္လွမ္းသံဟာ ေျခသံလုံေသာပုံစံကိုၾကည့္႐ုံႏွင့္တင္သိနိုင္ပါ၏။ တရားဝင္မလာရဲေသာ ခိုးေၾကာင္ခိုးဝွက္အရိပ္ငယ္ဟာ ေထာင့္စြန္းေဆး႐ုံအထူးခန္းေရာက္လာတဲ့အခ်ိန္ ေျခလွမ္းတို႔တုံ႕ခနဲရပ္တန့္သြားခဲ့သည္။ တြန္းကာဖြင့္ဝင္လာခဲ့ေသာလူသည္ တစ္ကိုယ္လုံးအနက္ခ်ည္းျဖင့္ေယာက်္ားေလးတစ္ဦးျဖစ္ေနသည္။ Maskအနက္ေရာင္ကိုဝတ္ထားေသာထိုေကာင္ေလး လက္ဖ်ံတြင္ေသြးစက္မ်ားေပေရေနခဲ့သည္။

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္"

ဝင္ဝင္ခ်င္းပင္ ဒူးေဒါက္က်သြားခဲ့ေသာပုံစံဟာအျပစ္သားတစ္ဦးႏွယ္။ ကုတင္ေပၚကေကာင္ေလးကိုၾကည့္ကာ မ်က္လုံးထဲမ်က္ရည္စတို႔ျပည့္လွ်ံခဲ့ရင္း တရစပ္က်ဆင္းလာခဲ့တာမို႔ ႏႈတ္ကသည္လည္း ေတာင္းပန္စကားမ်ားသာ တတြတ္တြတ္ဆိုေနခဲ့သည္။

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ သခင္ေလးထယ္ေယာင္း ေျမာင္ဟိုကိုေရာ ဆရာ့ကိုပါ ကြၽန္ေတာ္မကာကြယ္ေပးနိုင္ခဲ့တာ ေတာင္းပန္ပါတယ္"

ဝပ္တြားကာေတာင္းပန္တိုးလ်ိဳးေနသည္ကို ေမ့ေမ်ာေနခဲ့သူက ၾကားနိုင္မွာမဟုတ္မွန္းသိေပမဲ့ လုပ္ပါမည္။ မ်က္ရည္ေတြနဲ႕အတူေခြၽးစေတြ ၊ ‌မ်က္ႏွာတစ္ခုလုံးစင္ထားတဲ့ေသြးေတြက လက္ေပၚကအနီရင့္ေရာင္ေသြးစက္ေတြနဲ႕အတူ အျဖဴေရာင္ၾကမ္းျပင္ေပၚသို႔တစက္စက္ခုန္ဆင္းလာတဲ့အထိ ေတာင္းပန္ထားမည္။ အရာအားလုံးက အသုံးမက်ခဲ့တဲ့သူ႕အျပစ္ခ်ည္းေတြပဲမို႔ သူေတာင္းပန္မွကိုျဖစ္ပါမည္။

"ကြၽန္ေတာ္ရွင္းေပးပါ့မယ္ ကြၽန္ေတာ္အရာအားလုံးကိုအတည့္ျပန္လုပ္ေပးမယ္ ဆရာ"

တင္းတင္းႀကိတ္ထားေသာအံသည္ က်စ္က်စ္ပါေအာင္ဆုပ္ထားခဲ့သည့္လက္သီးဆုပ္ေတြနဲ႕ တစ္ၿပိဳင္နက္ျဖစ္ေပၚ၏။ ေပေရေနခဲ့တဲ့ေသြးစေတြက ေအာက္တန္းက်ေသာ‌လူရဲ႕ ေသမင္းတံခါးလက္မွတ္၏ က်သင့္တန္ဖိုးလို႔ဆိုရမလား။ လြန္ခဲ့ေသာႏွစ္နာရီခန႔္က သူရွိေနခဲ့ေသာဂိုေထာင္ေဟာင္းႀကီးက ေသြးမ်ားေပက်ံရာငရဲခန္းတစ္ခုအသြင္ေျပာင္းလဲသြားခဲ့သည္။

လြန္ခဲ့ေသာႏွစ္ႏွာရီခန႔္က ဆိပ္ခံတံတားတစ္ခုအနားရွိ ကြန္တိန္နာဂိုေထာင္ႀကီးထဲ၌...။

"မင္းေရာက္လာၿပီလား"

"ကြၽန္ေတာ့္ကိုေခၚတာဘာကိစၥရွိေသးလို႔လဲ ကြၽန္ေတာ့္တာဝန္ေတြအကုန္ၿပီးေနၿပီမဟုတ္ဘူးလား"

"ဟုတ္ပါတယ္ ဟုတ္ပါတယ္ ဂြၽန္ေဂ်ာင္ကုရဲ႕စိတ္ထဲသံသယဝင္ေအာင္ရိုက္ထည့္ေပးရမဲ့ မင္းရဲ႕တာဝန္ေတြအကုန္ၿပီးပါၿပီ"

"ဒါဆို ကြၽန္ေတာ့္ကိုေခၚတာဘာကိစၥရွိလို႔လဲ"

"အခုခ်ိန္မွာ မင္းရဲ႕ေတာ္လွ ၊ ထက္ျမက္လြန္းလွပါတယ္ဆိုတဲ့ ဆရာသခင္ႀကီးဂြၽန္ေဂ်ာင္ကုက Sekiraသခင္မရဲ႕ေအာက္လမ္းေဆးမွာ သားေရတျမႇားျမႇားနဲ႕ျဖစ္ေနပါေရာလား"

"ခင္ဗ်ား ဆရာ့ကိုမေစာ္ကားနဲ႕!"

"အဟက္ သစၥာေဖာက္ေကာင္ကမ်ားေျပာရတယ္ရွိတယါ ဒီမွာဒိုဘင္ဂ်ဴး မင္းအေျခအေနမင္းနားလည္ေနာ္ မင္းကေခြးေလာက္ေတာင္သစၥာမရွိတဲ့ေကာင္မ်ိဳးပဲ"

မ်က္စိေရွ႕ကေန သူ႕ဂုဏ္သိကၡာတစ္ခုလုံးကို ရစရာမရွိေအာင္ေစာ္ကားေနခဲ့တဲ့ အယုတ္တမာေခြးေကာင္ကို သူခ်က္ခ်င္းသတ္ပစ္လိုက္ခ်င္ပါေသာ္လည္း အခ်ိန္မက်ေသးတာမို႔ ေဒါသေတြကို ဖိကိုက္ထားခဲ့‌ေသာႏႈတ္ခမ္းေတြနဲ႕သာ ထိန္းခ်ဳပ္ထားခဲ့သည္။ မင္းငါ့သိကၡာကို စိတ္ႀကိဳက္ေစာ္ကားပစ္လိုက္လို႔ရတယ္ ဒုံမာန္ဆူး။ ေအး ဒါေပမဲ့ မင္းငါ့ဆရာကိုေစာ္ကားဖို႔ေတာ့မစဥ္းစားလိုက္နဲ႕။

"ကဲပါ ဒါကထားစမ္းပါ အခုက ဂြၽန္ထယ္ေယာင္းကလည္း ကိုယ္ဝန္ပ်က္က်သြားၿပီဆိုေတာ့...."

"ဘာ! ခင္ဗ်ားဘာေျပာလိုက္တယ္"

"ဒါကမေသခ်ာရင္မျဖစ္တဲ့အတြက္ ငါကိုယ္တိုင္လုပ္ခဲ့တာပဲ ဟုတ္တယ္ ဂြၽန္ထယ္ေယာင္းမွာရွိတဲ့ကိုယ္ဝန္ပ်က္က်သြားၿပီ အဲ့တာကလည္း က‌ေလးပ်က္က်ဖိဳ႕သိပ္ေကာင္းတဲ့ေဆးအမႈန႔္ေတြကို ခ်ိဳအီအီစေတာ္ဘယ္ရီကိတ္ေလးထဲ ငါကေစတနာအျပည့္နဲ႕ထည့္ၿပီး ဂြၽန္ေဂ်ာင္ကုကေကြၽးသလိုလိုနဲ႕ သြားေကြၽးလိုက္တာေၾကာင့္ေလ ဟားဟားဟား"

"ကြၽန္ေတာ္ ခင္ဗ်ားရဲ႕ေအာင္ပြဲခံမႈေတြကိုဂုဏ္ျပဳေပးရေလာက္ေအာင္ ကြၽန္ေတာ္စိတ္ဓာတ္မပ်က္ျပားေသးဘူး အခုေခၚရင္းကိစၥကိုေျပာ"

"ငါကမင္းကိုပ်င္းေနမွာစိုးလို႔ ကစားဖို႔ႀကံေနတာေလ အခုမင္းကစိတ္ျမန္လက္ျမန္ပါလား OKပါေလ အခု မင္းတာဝန္ၿပီးၿပီဆိုေတာ့..."

မ်က္ႏွာခ်င္းဆိုင္တစ္ဖက္မွာရပ္ေနခဲ့တဲ့ဒုံမာန္ဆူးက သူ႕ကိုလက္ပိုက္ၾကည့္ရင္း အေနာက္မွာစားပြဲခုံရွည္တစ္လုံးကိုမွီထားသည္။ တစ္ေယာက္ တစ္ေယာက္ခ်င္းထိပ္တိုက္ရင္ဆိုင္ရတဲ့ဒီလူ႕ကို ဘင္ဂ်ဴးသိပ္ၿပီးစက္ဆုပ္သည္။

"သိပ္ေတာ္တဲ့မင္းအတြက္ ငါတို႔ကဆုလာဒ္ေပးရမွာေပါ့ လာယူေလ"

လက္ထဲကိုင္လာခဲ့တဲ့ခ်က္လက္မွတ္တစ္ေစာင္ကို ထိုလူေဝ့ရမ္းျပသည္။ ႏႈတ္ခမ္းတစ္ဖက္တည္းေကြးၫြတ္႐ုံၿပဳံးကာ ဘင္ဂ်ဴး ဒုံမာန္ဆူးဆီေလွ်ာက္ခဲ့သည္။ ဘဝင္ထိေနတဲ့ေအာင္နိုင္သူအၿပဳံးေတြက ရက္ရက္စက္စက္ကိုနင္းေျခပစ္ခ်င္တဲ့မ်က္ႏွာထက္မွာ အခန႔္သား။ ဒုံမာန္ဆူး မင္းေသေန႕ေရာက္ၿပီဆိုတာမင္းမသိဘူး။

"ဘယ္လိုလဲ သေဘာက်တယ္မလား"

"သိပ္မ်ားတဲ့ပမာဏပဲ ကြၽန္ေတာ္ဘယ္လိုသေဘာမက်ပဲေနနိုင္ပါ့မလဲ"

ဒုံမာန္ဆူးေပးတဲ့ ခ်က္လက္မွတ္တစ္ေစာင္ကိုၾကည့္ၿပီး ေက်နပ္အၿပဳံးၿပဳံးျပခဲ့ကာ အနားနားကပ္ရင္းတိုးတိုးေျပာလိုက္ခဲ့စဥ္ ‌လစ္လပ္ေနခဲ့တဲ့လည္ပင္းသားေနရာက ထင္းခနဲေပါေနသည္။ အက်ီတြင္းထဲမွ လွ်ပ္ခနဲထြက္လာတဲ့ဓားေျမာင္ပါးဟာ လည္ပင္းပင္မေသြးေၾကာကို တိတိတိက်က်ျဖတ္ေတာက္သြားခဲ့တဲ့အခ်ိန္မွာ ဘင္ဂ်ဴးမ်က္ႏွာတစ္ခုလုံး ေသြးစက္ေတြပန္းခနဲစင္လာသည္။

ေသြးေတြပန္းထြက္ေနတဲ့ ေျမႀကီးေပၚလဲသြားသည့္ Sekiraဆိုတဲ့ဘီလူးမရဲ႕႐ုပ္ေသး႐ုပ္ကို ဘင္ဂ်ဴးၾကည့္ၿပီး ႐ြဲ႕သနားစိတ္ေတာင္ဝင္မိပါေသးတယ္။

"အဟက္ ေခြးလိုခိုင္းခံထားရတဲ့ေကာင္က ေခြးလိုပဲေသရမွာဆိုတာ မင္းနားမလည္ခဲ့ဘူးပဲ သနားပါတယ္ ဒုံမာန္ဆူး ဒါမွမဟုတ္ Sekiraရဲ႕ပထမဆုံးလင္ႀကီး လို႔ဆိုရမလား မင္းေသြးေတြက ေအာ္ဂလီဆန္စရာေကာင္းလိုက္တာကြာ မင္းေကာင္မအတိုင္းပဲ မင္းသိတယ္မလား S, E, K, I, R, A တဲ့ ဂ်ပန္-အေမရိကန္ကျပားမေလ မဟုတ္ေသးဘူး ပိုတိက်ေအာင္ေျပာရရင္ အေကာင္တကာခ်ီကခ်ဴစားေနတုန္း အဖိုးႀကီးနဲ႕ေတြ႕မွၿငိမ္သြားတဲ့ ဖာသည္မေလ"

"မင္း...မင္း!"

လည္ပင္းဓားေျမာင္စိုက္ဝင္ေနတဲ့ေကာင္ လႊင့္ပစ္ထားတဲ့ဓားကိုသူေကာင္ၿပီး မၿပီးဆုံးတဲ့ေသြးရည္စက္လက္နဲ႕ဓားကိုကိုင္ထားလ်က္ တစ္လွမ္းခ်င္းေလွ်ာက္ခဲ့ေတာ့ သူရဲေဘာေၾကာင္တဲ့ေကာင္က အေနာက္သို႔တ႐ြတ္‌တိုက္ဆုတ္သည္။ အဟား သိပ္ေၾကာက္ေနတာလား ဒုံမာန္ဆူး။ မင္း ေျမာင္ဟိုကိုသတ္ခဲ့တုန္းကပုံနဲ႕တျခားစီပါလား။

"ခံစားရတာသိပ္ေကာင္းတယ္မလား ခ်ိဳေနတာပဲမလား မင္းေျမာင္ဟို႔ကိုသတ္ခဲ့တုန္းကေရာ အဲ့လိုခ်ိဳေနခဲ့တာမလား ေျပာေလ!"

လည္ပင္းဆီ အားအကုန္သုံးရင္း အႀကိမ္ႀကိမ္ထိုးသြင္းတဲ့ဓားသြားက ‌ရွိသမွ်ေသြးေၾကာေတြအားလုံးကို သခင့္အလိုက်ျဖတ္ေတာက္သည္။ အေပၚကတက္ခြၿပီး အခ်က္ေရဘယ္ေလာက္ထိုးခဲ့လဲ မေရတြက္ခဲ့ေတာ့။ ေဒါသေတြျပည့္ဝသြားခဲ့တဲ့အခ်ိန္မွာ ဘင္ဂ်ဴး သူ႕လက္ထဲတဒုတ္ဒုတ္ခုန္ေနခဲ့တဲ့ႏွလုံးတစ္ခုရွိေနခဲ့သလို ေအာက္မွာေတာ့ရင္ပြင့္ေနတဲ့အေလာင္းက ႐ုပ္ပ်က္ဆင္းပ်က္။ သူ႕လက္တစ္ခုလုံးေရာ မ်က္ႏွာေတြနဲ႕ရင္ဘတ္ေတြပါ ေသြးမ်ားခ်င္းခ်င္းနီေနသည္။

"ဟက္"

လက္ထဲကႏွလုံးကိုေခ်မြပစ္လိုက္ခဲ့ၿပီစ သူထိုင္ထားတဲ့အေလာင္းအေပၚကထလာခဲ့သည္။ ဓားကိုေျမႀကီးေပၚပစ္ခ်ခဲ့ရင္း မီးလာင္ကြၽမ္းေနတဲ့အေကာင္ကို ထြက္သြားခါနီးမွ တစ္ခ်က္လွည့္ၾကည့္ခဲ့ကာ...

"မိန္းမတစ္ေယာက္ရဲ႕ႀကိဳးကိုင္ထားတာကိုမွ ေအာက္လမ္းေဆးမပါတာေတာင္ တမ္းတမ္းစြဲျဖစ္ေနတဲ့အေကာင္က ငါ့ဆရာမဟုတ္ဘူး မင္းပဲ ဒုံမာန္ဆူး Welcome to the Hell မင္းကိုငရဲကေနႀကိဳဆိုပါတယ္"

မီးရွို႔ခဲ့တဲ့အေလာင္းက ထိုက္တန္ရာဒဏ္ကိုခံစားခဲ့ရပါတယ္။ ‌အျပင္ကိုထြက္ခဲ့တဲ့အခ်ိန္ မိုးခ်ဳပ္ေတာ့မဲ့ ေကာင္းကင္ႀကီး အေမွာင္ရိပ္ေရာင္သမ္းေနေလၿပီ။ သူေျဖရွင္းရမဲ့ကိစၥတစ္ခုၿပီးၿပီ။ အခုေတာ့ ေနာက္ဆုံးအဆင့္တစ္ခုပဲက်န္ေတာ့တယ္။

လႈပ္မရခဲ့လို႔ ပူးေပါင္းခဲ့ရတယ္။ ေျမာင္ဟို႔ကိုဆုံးရႈံးခဲ့ရတဲ့အျပင္ ဆရာ့ကိုပါေစာ္ကားလြန္းေနတဲ့လူေတြၾကားမွာ မနည္းသည္းခံခဲ့တယ္။ အခုေတာ့အခ်ိန္ေရာက္လာခဲ့ၿပီ။ ကြၽန္ေတာ့္အမွားတစ္ခုက အျပစ္မရွိတဲ့ဆရာ့ရဲ႕ၾကင္သူေလးကိုအႏၱရာယ္ရွိေနေစခဲ့တာပဲ။ ေတာင္းပန္ပါတယ္ ဆရာ။ အဲ့အတြက္ ကြၽန္ေတာ္အျပစ္ေကြၽးဆပ္မွာပါ။ ဒါေပမဲ့ အခုေတာ့ ေႁမြေဟာက္မဆီက ဆရာဂြၽန္ေဂ်ာင္ကု ဆရာ့ကိုေခၚထုတ္ဖို႔အတြက္ ကြၽန္ေတာ္လာခဲ့မယ္။

Luxurious Link

AN - ေနာက္တစ္ပိုင္း Finalျဖစ္နိုင္ပါ၏။ ဒါမွမဟုတ္ ေနာက္ႏွစ္ပိုင္းက်မွလည္းျဖစ္နိုင္ပါတယ္။ စာလုံးေရအရေပါ့ေနာ္။

ဘင္ဂ်ဴးရဲ႕စိတ္ရင္းအမွန္က သူဟိုဘက္နဲ႕ေပါင္းသြားခဲ့တာ အဆုံးသတ္ကိုလုပ္ဖို႔အတြက္ဟန္ေဆာင္ခဲ့တာပါ။ သူကေျမာင္ဟိုကိုဆုံးရႈံးခဲ့ရတာေလ။ ဘယ္ေတာ့မွအခဲမေက်ခဲ့ပါဘူး။ ဒါေပမဲ့ ဟန္နီကေတာ့ ဟိုေကာင္ေတြေၾကာင့္ထိခိုက္ခဲ့ရတာေပါ့ Ó╭╮Ò
......................................................................

Pokračovat ve čtení

Mohlo by se ti líbit

131K 11.3K 36
အမုန္းတရားဆိုတာ ခ်စ္ျခင္းေမတၲာထက္ နွလံုးသားထဲမွာ ပိုၿပီးေနရာယူတတ္ၾကတယ္မလား ။ ဘယ္လိုပဲျဖစ္ျဖစ္ ဂြၽန္ကေတာ့ သူ႔နွလံုးသားထဲမွာ ေနရာယူေနေတာ့တာပါပဲ ။ အမုန်...
77.8K 19.5K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
7.6K 1K 3
Purple Scenarios Book လေးမှာပါဝင်လာမယ့် မမရဲ့ Short story လေးပါကလေးတို့ရေ 💜
101K 17.7K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...