The Legendary Master's Wife [...

melon_rays tarafından

465K 84.3K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... Daha Fazla

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-599
Chapter-600
Chapter-601
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-602

6.9K 1.3K 49
melon_rays tarafından

//Unicode//

အပိုင်း ၆၀၂- အမြင်သစ်နဲ့ကြည့်ရခြင်း

နေရာကအန္တရာယ်ကြီးလေ လေဟာနယ်က
အားနည်းလေဖြစ်သည်။

မြွေပါသားရဲ၏စွမ်းဆောင်ရည်ဖြင့်
သုံးရက်အကြာတွင် သူတို့နေရာတစ်ခုရှာတွေ့ခဲ့သည်။

၎င်းမှာ သထုန်ပင်လယ်ပြင်တွင်
အန္တရာယ်များကျော်ကြားသည့် ပင်လယ်ပိုင်း
တစ်နေရာဖြစ်၏။ ခပ်လှမ်းလှမ်းမှဖြင့်ပင်
ကောင်းကင်ကြီး၏မူမမှန်မှုကို မြင်ရနိုင်သည်။
ပင်လယ်ရေပြင်နေရာအကျယ်ကြီးကို
တိမ်ပုပ်တိမ်မည်းများဖြင့် ဖုံးအုပ်လို့နေသည်။
လျှပ်စီးများနှင့်ဟာရီကိန်းတို့က တစ်ခုနှင့်တစ်ခု
ရစ်ပတ်လျက် ရေစီးကြောင်းများကလည်း
ပိုမိုကြမ်းတမ်းလာသည်။ ဤနေရာသို့
သင်္ဘောကြီးတစ်စင်း ဖြတ်သွားခဲ့လျှင်
စုပ်ယူခံလိုက်ရမှာမလွဲမသွေပင်။

နတ်ဒေဝါအဆင့်ကျင့်ကြံခြင်းအခြေခံမရှိသူများဆို
ဝင်ရဲလိမ့်မည်မဟုတ်ချေ၊ အကြောင်းမှာ
ဤပင်လယ်ပိုင်းကထူးဆန်းရုံမျှမက ရံဖန်ရံခါ၌
အားပြင်းသည့်ရေစီးကြောင်းက
လေဆင်နှာမောင်းတစ်ခုကဲ့သို့ ကောင်းကင်သို့
ထိုးတက်သွားပြီး ၎င်း၏အဖျက်စွမ်းအားကလည်း
အလွန်တရာအံ့အားသင့်ဖွယ်ကောင်းသောကြောင့်ပင်။
ဤပင်လယ်တစ်ဝိုက်မှ ဘေးကင်းစွာ
လွတ်မြောက်ဖူးသည့်လှေဟူ၍မရှိကြောင်း
ပြောကြသည်၊ ပြီးတော့ ဒါက
အကြောင်းအရင်းများထဲမှတစ်ခုသာရှိသေးသည်။

လေဟာနယ်က အားပျော့လွန်းသောကြောင့်
တစ်ချိန်တည်းမှာပင် ပင်လယ်ပိုင်းတွင်
မတည်မငြိမ်ဖြစ်နေသော လေဟာနယ်စွမ်းအားများ
ပြည့်နှက်လို့နေသည်။ လျှပ်စီးမိုးကြိုးများက
တဂျိန်းဂျိန်းတဖျပ်ဖျပ်လက်လို့နေပြီး
လေဟာနယ်ကိုပိုမိုဖိအားဖြစ်စေကာ လေဟာနယ်
အက်ကြောင်းကို ပိုမိုကြီးမားလာစေသည်။
နတ်ဒေဝါအဆင့်ကျင့်ကြံသူဆိုရင်တောင်
ဝင်ရဲမည်မဟုတ်ချေ။

သို့သော်လည်း နတ်ဘုရားအဆင့်ကျင့်ကြံသူများ
အတွက်ကျတော့ ဤနေရာက လေဟာနယ်
စွမ်းအားစုစည်းရန် နေရာကောင်းဖြစ်ချေသည်။

သူတို့က အတွင်းဘက်ထိအနက်ကြီးမသွားဘဲ
အစွန်အဖျားမှာတင်ရပ်လိုက်ကြသည်။
နယ်မြေပြောင်းအဆောင်ပြုလုပ်ဖို့အတွက်သာ
လေဟာနယ်စွမ်းအားကို လိုအပ်တာဖြစ်၍
ဘေးပတ်လည်မှစုစည်းလျှင် လုံလောက်ပြီဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သာဖြတ်သွားပါက
သေချာပေါက် ထိတ်လန့်အံ့ဩသွားရမှာပင်၊
ဘာလို့ဆို ပျမ်းမျှလူတစ်ယောက်မှာ
၎င်းအနီးသို့သွားရန်မဆိုထားနှင့် ပုန်းချိန်တောင်
ရလိုက်မှာမဟုတ်တာကြောင့်ပင်။

သုံးရက်ကြာပြီးနောက်မှာ လင်းရှောင်က
နယ်မြေပြောင်းအဆောင်တစ်ထပ်လိုက်
ပြုလုပ်ပြီးခဲ့သည်။

အလတ်ဆင့်နယ်မြေပြောင်းအဆောင်လက်ဖွဲ့အတွက်
ကျောက်စိမ်းပြား အခုနှစ်ဆယ်အသုံးပြုခဲ့ပေမဲ့
ဆယ့်လေးခုပဲ အောင်မြင်လေသည်။
အဆင့်နိမ့်အဆောင်လုပ်တာကတော့ သူတို့မှာ
အတွေ့အကြုံရှိပြီးသားဖြစ်သဖြင့် အခုသုံးဆယ်လုံး
အောင်မြင်ခဲ့သည်။

အလတ်ဆင့်နယ်မြေပြောင်းအဆောင်များသည်
အကွာအဝေးပိုများများ ပို့ဆောင်ပေးနိုင်ခြင်းအပြင်
အဆင့်နိမ့်အဆောင်များထက် ပိုပြီးလည်း
တည်ငြိမ်သည်။ ဥပမာ၊ အဆင့်တူကျင့်ကြံသူ
တစ်ယောက်က အဆင့်နိမ့်နယ်မြေပြောင်း
အဆောင်၏ပို့ဆောင်ပေးနေခြင်းကို
နှောင့်ယှက်ရန် သူတို့စွမ်းအား၏ဆယ်ပုံတစ်ပုံ၊
ဆယ်ပုံနှစ်ပုံခန့် အသုံးပြုရန်လိုအပ်သည်။
သို့သော်လည်း အလတ်ဆင့်အဆောင်ဆိုလျှင်တော့
စွမ်းအား ဆယ်ပုံငါးပုံ၊ ဆယ်ပုံခြောက်ပုံခန့်
အသုံးပြုဖို့လိုအပ်လေသည်။ ဒါကြောင့်ပဲ
လင်းရှောင်က အလတ်ဆင့်အဆောင်ဆယ့်လေးခု
ပြုလုပ်ခဲ့တာဖြစ်၏။

ပြီးနောက်မှာတော့ သူတို့နှစ်ယောက်
ထွက်ခွာလာခဲ့ကြတော့သည်။

မြွေပါသားရဲကိုတော့ ယူရှောင်းမိုက
နယ်မြေထဲထည့်ထားလိုက်ပြီဖြစ်သည်။ သူက
သတ္တုစားသားရဲလေးနှင့်ကျန်နှစ်ကောင်ကိုလည်း
နယ်မြေထဲမှာချိုးဖောက်လို့မရသည့်
စည်းမျဉ်းများကို ၎င်းကိုရှင်းပြခိုင်းရန်
နယ်မြေထဲလွှတ်လိုက်သည်။

သူ့အကျင့်အရ ယူရှောင်းမိုက၎င်းကို
ချီချုံးဟုအမည်ပေးခဲ့သည်။

မြွေပါသားရဲက ချုံးအသင်းထဲမှာ
သူပေးသည့်နာမည်ကို မကြိုက်ဟန်မပြဘဲ
ကျေးဇူးတင်လို့တောင်မဆုံးသည့်
တစ်ကောင်တည်းသောသားရဲဖြစ်၏။ စိတ်အား
ထက်သန်မှုကတော့ဖြင့် ယူရှောင်းမိုကပဲ
သူ့ကျေးဇူးရှင်ကြီးလိုလို၊ ယူရှောင်းမိုမှာ
ကျေးဇူးတင်ခံရလွန်း၍ ရှက်တောင်ရှက်သည်။

နယ်မြေပြောင်းအဆောင်များ၊ မြွေပါသားရဲ၏
နောက်လိုက်များစုဆောင်းထားသောမြေပုံများ၏
အကူအညီဖြင့် နောက်ဆုံးတော့ သူတို့
သထုန်ပင်လယ်မှထွက်၍ တုံ့ယွီမှာ
ပြန်ပေါ်လာကြလေတော့သည်။

စူးစမ်းရှာဖွေသူအရေအတွက်မှာ ပြီးခဲ့သည့်
အခေါက်ကထက်စာရင် ပိုနည်းပါးသွားသည်။
လူအများစိတ်ထဲတွင် ဒဏ္ဍာရီလာလိုဏ်ဂူက
မှေးမှိန်သွားပြီဖြစ်ပုံရ၏။ သူတို့ နာရီဝက်ကြာအောင်
လမ်းလျှောက်လာသည့် ခရီးတစ်လျှောက်
လူအနည်းငယ်သာတွေ့ခဲ့ရသည်။

ထုံထျန်းတိုက်မကြီးမှာ လက်ရှိဖြစ်ပေါ်နေသည့်
အခြေအနေများနှင့်ပတ်သက်၍ပြောရလျှင်တော့
တင်းမာခက်ထန်မှုများအဖြစ်နေဆုံးနေရာမှာ
တောင်ပိုင်းတိုက်မကြီးမဟုတ်ပါဘဲ ရှီကျင်း
ဖြစ်လို့နေ၏။ ရှေးသားရဲမျိုးနွယ်ကြီးလေးခု၏
ပျောက်ဆုံးလျက်ရှိသောမျိုးဆက်သစ်များကို
ယခုထက်ထိရှာမတွေ့ကြသေးချေ၊ သို့သော်
သူတို့အားလုံး အသက်မရှင်တော့ဖို့ပိုများနေသည်။
ရှီကျင်းမှာ လူသတ်သမားကိုရှာဖွေရန်အတွက်
ယခုလက်ရှိတွင် အခြေအနေများရှုပ်ထွေးနေ၏။
ဘယ်နေရာမှာတော့ရန်ဖြစ်ကြပြန်ပြီ ဆိုသည့်
သတင်းမျိုးကို မကြာခဏဆိုသလိုကြားနေကြရ
လေသည်။

ဒါ့အပြင် ကျုံထျန်းမှာလည်း အရမ်းကြီး
အေးချမ်းမနေချေ။

ဒါက ကျုံထျန်းမှာလည်းလေပြင်းတိုက်နေပြီဟု
ဆိုလိုတာမဟုတ်ဘဲ ထုံထျန်းနန်းတော်က
နှစ်တစ်ရာမှာတစ်ခါကျင်းပလေ့ရှိသည့်
လက်ရွေးစင်ယှဉ်ပြိုင်ပွဲကို အခြားနေရာများ
တင်းမာခက်ထန်နေချိန်မှာ ကျင်းပဖို့
ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။ နောက်ဆုံး
လက်ရွေးစင်ယှဉ်ပြိုင်ပွဲမှာ လွန်ခဲ့သော
နှစ်လေးဆယ်ကဖြစ်သည်။ ရွေးချယ်ပွဲအား
နှစ်ခြောက်ဆယ်စော၍ ကျင်းပခြင်းက
အံ့အားသင့်ဖွယ်ဖြစ်နေတော့သည်။

လက်​ရွေးစင်ရွေးချယ်ပွဲ၏စံနှုန်းများက
အလွန်တင်းကျပ်၏။ သက်တန့်အဆင့်
မှော်ဆရာများသာ ပါဝင်ယှဉ်ပြိုင်ရန်
အရည်အချင်းပြည့်မှီပြီး သက်တန့်အဆင့်
မှော်ဆရာတိုင်း ယှဉ်မပြိုင်မနေရဟုဆိုသည်။

ယူရှောင်းမိုက ရှောင်ယောင်တက္ကသိုလ်နှင့်
ဝေးနေတာအချိန်အတော်ကြာပြီဖြစ်ပြီး
ပြန်သွားဖို့ရည်ရွယ်ချက်လည်းမရှိပေမဲ့ သူက
လက်ရှိတွင် စာရွက်စာတမ်းအရ
ရှောင်ယောင်တက္ကသိုလ်မှကျောင်းသားဖြစ်နေဆဲပင်
ဖြစ်ပြီး လက်ရွေးစင်ယှဉ်ပြိုင်ပွဲတွင် ပါဝင်
ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မှီနေ၏။
သို့ပေမဲ့ ထုံထျန်းနန်းတော်က သက်တန့်အဆင့်
မှော်ဆရာများခေါ်နေသည့်ကိစ္စက သိပ်ရိုးသားပုံ
မရဘူးဟု သူ့ရဲ့အပေါစားအဖေကပြောခဲ့ဖူးသည်။

သို့ဖြစ်ရာ ဤသတင်းများကြားရပြီးနောက်၌
သူကသွားဖို့စိတ်ကူးမရှိနေပေ။ ပထမ၊
ထုံထျန်းနန်းတော်ကို သူစိတ်မဝင်စား၊
ဒုတိယ၊ သူ့မှာလုပ်စရာတွေအများကြီးရှိနေပြီး
ပူပင်စရာတွေလည်းရှိနေသောကြောင့်
အရမ်းကြီးစိတ်မဝင်စားမိပေ။

သို့သော်လည်း မှော်ဆရာအစည်းအရုံးနှင့်
သားရဲသဏ္ဍာန်ပြောင်းလဲအဖွဲ့အစည်းအတွက်မူ
၎င်းက ပွဲအကြီးကြီးဖြစ်လေ၏။ ထုံထျန်းနန်းတော်က
ကျုံးယဲ့နှင့်ချောင်ဝူရှင်းတို့၏ဆရာများကတောင်
ရေရေရာရာရှင်းမပြနိုင်လောက်သည်အထိ
လျှို့ဝှက်ဆန်းကြယ်သည်။ သို့တိုင် ခြွင်းချက်မရှိ၊
ထုံထျန်းနန်းတော်၏ပုံရိပ်က သူတို့နှလုံးသားထဲမှာ
အင်မတန်ကြီးမားလှ၍ သူတို့က လက်ရွေးစင်
ယှဉ်ပြိုင်ပွဲအတွက်ပြင်ဆင်ရန် အလုပ်များနေကြ
လေသည်။

"နောက်ဘယ်သွားကြမလဲ?"

ယူရှောင်းမိုက ခေါင်းလှည့်ကာ လင်းရှောင်ကို
မော့ကြည့်လိုက်သည်။ မူလက သူအဆင့်လေးကို
မတက်သေးမချင်း သထုန်ပင်လယ်မှာနေချင်ခဲ့၏။
သို့ပေမဲ့ လင်းရှောင်က စောစောထွက်သွားချင်သည်
ဆိုမှတော့ သူကကန့်ကွက်စရာမရှိပေ။

လင်းရှောင်၏ခြေလှမ်းများက ရုတ်တရက်
ရပ်တန့်သွားလေသည်။

ယူရှောင်းမိုက သူ့ကိုအံ့ဩစွာကြည့်လိုက်သည်။
ဘာဖြစ်တာလဲမေးဖို့ပြင်လိုက်စဉ်မှာပဲ သူ့ပါးစပ်ကို
အုပ်ခံလိုက်ရသည်။ ခဏအကြာမှာတော့
အကြောင်းအရင်းကို သိလိုက်ရ၏။
အရှေ့ရှိ သိပ်သည်းလှသောမြူခိုးထဲမှ
အတော်လေးရင်းနှီးသည့်အသံများစွာ
လွင့်ပျံလာသည်၊ တစ်သံက သူ့ကိုအံ့အား
အသင့်စေဆုံးဖြစ်သည်၊ ဘာလို့ဆို
သူသိထားသလောက် ထိုသူကဤနေရာမှာပေါ်လာဖို့
မဖြစ်နိုင်တာကြောင့်ပင်။

.........

"ယန်ဟွေ့ ငါတို့ရန်သူတွေဖြစ်မှရမှာလား"

ချန်ရှန်းရုန်က ယန်ဟွေ့အား ညှိုးငယ်စွာ
ကြည့်လိုက်၏။ သူက စိတ်ခံစားချက်နှင့်
ပတ်သက်လျှင် အရေးပေးသူမျိုးဖြစ်သည်။
သူကယန်ဟွေ့နှင့်သိကျွမ်းတာ နှစ်များစွာပင်ရှိပြီ
ဖြစ်ရာ သူ့နှလုံးသားထဲမှာသူငယ်ချင်းတစ်ယောက်
အဖြစ်မှတ်ယူထားပြီးပြီဖြစ်၏။

ဝမ်းနည်းနေသည့်သူ့မျက်နှာက
ရယ်ဖွယ်ကောင်းသည်ဟု ယန်ဟွေ့ခံစားရသည်။
ချန်ရှန်းရုန်နှင့်ဆန့်ကျင်ဘက်ဖြစ်စွာ သူကတော့
သူငယ်ချင်းနှောင်ကြိုးကိုမဆိုထားနှင့်
မိသားစုကြိုးများကိုပင် ဖြတ်တောက်ပစ်ခဲ့သူမျိုး
ဖြစ်သည်။ သို့ဖြစ်ရာ ချန်ရှန်းရုန်၏တွေးခေါ်ပုံက
ရယ်စရာကောင်းသည်ဟု သူထင်သည်။
သူတို့က ပထမဆုံးစတွေ့ဆုံခဲ့ချိန်ကတည်းက
သူငယ်ချင်းဖြစ်ဖို့ ရေစက်မပါပေ။

"ကူမာမျိုးနွယ်စုနဲ့ရွှေ့ရှီမျိုးနွယ်စုကြားမှာ စစ်ပွဲ
ဖြစ်နေတာ တစ်နှစ်လည်းမဟုတ် နှစ်နှစ်လည်း
မဟုတ်တော့ဘူး။ ငါတို့က သူငယ်ချင်းမဖြစ်နိုင်မှန်း
မင်းစိတ်ထဲ ရှင်းရှင်းလင်းလင်းသိနေသင့်တယ်။
ဒါကိုနားလည်ပြီး ငါ့ကိုသူငယ်ချင်းလို့
သတ်မှတ်နေသေးတာ မင်းကအရမ်းနုံတာ
မဟုတ်ဘူးလား ဦလေးကြီးရယ်? ဒါမှမဟုတ်မင်းကို
မော့ချီရုန်လို့ခေါ်သင့်လား?"

ချန်ရှန်းရုန်က မျက်မှောင်ကျုံ့သွားပြီး
မမျှော်လင့်ထားစွာပြန်ခံပြောလာသည်။

"မင်းမဟုတ်တာငါသိတယ်"

"ဘာကို?" ယန်ဟွေ့က သူဆိုလိုတာကို
သိပ်သဘောမပေါက်ပေ။

ချန်ရှန်းရုန်က သေချာစွာပြောလာသည်။

"မင်းက ကူမာမျိုးနွယ်စုကမဟုတ်မှန်းငါသိတယ်။
အစကတည်းကမဟုတ်ဘူးလေ၊ ပြီးတော့
မင်းက တုံကျိုးကမဟုတ်မှန်းလည်းလည်း
ငါသိတယ်"

ယန်ဟွေ့၏အမူအရာက အနည်းငယ်
ပြောင်းသွားသည်။

"မင်းဘယ်လိုသိတာလဲ။ ဘယ်တုန်းက
စုံစမ်းထားတာလဲ"

ချန်ရှန်းရုန်က ရယ်လေသည်။

"မင်းနဲ့သိပြီးသိပ်မကြာခင်ကတည်းက သိတာ။
ငါကကူမာမျိုးနွယ်ကမဟုတ်ပေမဲ့လည်း
သူတို့အကြောင်းနောကျေနေပြီ။ မင်းကို
ရက်အတော်များများလေ့လာကြည့်လိုက်တာနဲ့
မင်းက တုံကျိုးကလူတွေနဲ့မတူတာကိုတွေ့ခဲ့တယ်။
ဥပမာ... တုံကျိုးကလူတွေ၊ အထူးသဖြင့်
မျိုးနွယ်စုတွေထဲမှာကြီးပြင်းလာတဲ့လူတွေက
သူတို့မျိုးနွယ်ကိုချစ်တဲ့စိတ်ပြင်းကြတယ်။
ဒါပေမဲ့ မင်းကတော့ မျိုးနွယ်စုအကြောင်း
တစ်ခုမှမပြောဖူးဘူး"

"ဒါနဲ့ပဲ ငါကကူမာမျိုးနွယ်စုကမဟုတ်ဘူးဆိုတာ
သေချာသွားတယ်ပေါ့။ ဒါကြီးက
တစ်ဖက်သတ်မဆန်လွန်းဘူးလား?"

ယန်ဟွေ့၏အမူအရာက မှောင်မိုက်လို့နေသည်။
သူ့လျှို့ဝှက်ချက်ကို ချန်ရှန်းရုန်ကဒီလောက်
အစောကြီးသိနေလိမ့်မည်ဟု သူမမျှော်လင့်ထားမှန်း
ထင်ရှားလှသည်။

ချန်ရှန်းရုန်က ယုံကြည်ချက်အပြည့်ဖြင့်ဆိုသည်။

"ဒါပေါ့၊ ဒါက မင်းကိုသံသယဝင်စေတဲ့
အချက်တွေထဲကတစ်ချက်ပဲရှိသေးတာ။ မင်းက
ကူမာမျိုးနွယ်စုကလူမဟုတ်မှန်း
သေချာသွားစေတာက မင်းရဲ့နေပုံထိုင်ပုံပဲ။
တကယ်လို့ ကူမာမျိုးနွယ်စုကသာဆိုရင်
နေပုံထိုင်ပုံအကျင့်တချို့ ပေါ်လာသင့်တယ်။
ဒါပေမဲ့ အဲ့လိုအရာမျိုး မင်းဆီမှာမတွေ့ရဘူး။
မျိုးနွယ်စုထဲမှာ နှစ်တွေအများကြီးနေလာတဲ့
တစ်ယောက် ရုတ်တရက်ကြီးပြောင်းလဲသွားဖို့
ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

ယန်ဟွေ့က ခက်ထန်စွာရယ်မောတော့သည်။

"သိနေမှတော့ ဘာလို့သူများတွေပါသိအောင်
မပြောလိုက်လဲ?"

ချန်ရှန်းရုန်က သူမြင်သလို အနိုင်ကျင့်ဖို့
မလွယ်ကူမှန်း ရုတ်တရက် သူတွေ့ရှိလိုက်ရသည်။
သူက သူ့ရဲ့ရိုးစင်း၊ အရှက်အကြောက်ကြီးတဲ့
ပုံစံအောက်မှာ ထက်မြက်သည့်စိတ်ကို
သိုဝှက်ထားခဲ့တာပင်။ ယန်ဟွေ့သည် လူတိုင်းကို
သူအရူးလုပ်နိုင်ခဲ့တယ်ဟုတွက်ဆထားခဲ့၏။

ချန်ရှန်းရုန်က သူ့ကိုတွန့်ဆုတ်တွန့်ဆုတ်နဲ့
ကြည့်သည်။

"ဘာလို့ဆို လိမ်ပြောတဲ့သူတွေအားလုံးက
မကောင်းတဲ့လူမဟုတ်ဘူးလေ၊ ပြီးတော့
မင်းရဲ့ရည်ရွယ်ချက်ကိုလည်း သိချင်တာမလို့"

"ဒါဖြင့် ဘာများရှာတွေ့ခဲ့သလဲ?"

ယန်ဟွေ့၏အမူအရာက မှောင်မည်းနေသည်။

ချန်ရှန်းရုန်က တုံ့ဆိုင်းစွာပြောလိုက်၏။

"ငါ့အထင်... မင်းရည်ရွယ်ချက်က ရှောင်းမို
ဖြစ်မယ်ထင်တယ်။ တခါတစ်လေ မင်းက
သူ့ကို အရေးတယူရှိတတ်တယ်။
မင်းက ရည်ရွယ်ချက်ကိုဖုံးကွယ်ထားချင်လို့
ထင်တယ်၊ ငါ့ကို မင်းရဲ့အကာအဖြစ်
ဆွဲဆွဲခေါ်သွားတာလေ"

ရုတ်တရက် ယန်ဟွေ့ကထရယ်လေသည်။

"ဒီအခါ မှားတာငါပေါ့။ မင်းကမတုံးဘူးဘဲ၊
တကယ်ဉာဏ်ပြေးတာပဲ"

"ချီးကျူးလို့ကျေးဇူးပဲ"

ချန်ရှန်းရုန်က ရှက်တတ်တတ်ဦးလေးကြီး
ပြန်ဖြစ်သွားပုံရသည်။ တကယ်လည်း သူက
နည်းနည်းရှက်ကိုးရှက်ကန်းဖြစ်နေတာဖြစ်သည်၊
သူ့ကို ပါးနပ်တယ်လို့ချီးကျူးတာ ဒါက
ဒုတိယမြောက်လူဖြစ်သောကြောင့်ဖြစ်နိုင်သည်။

"မင်းကသိနေပြီဆိုတော့ လွှတ်ပေးလိုက်ပြီး
ငါ့အစီအစဉ်ကိုဖျက်လိုဖျက်ဆီး
လုပ်ခွင့်မပေးနိုင်ဘူး"

ယန်ဟွေ့၏မျက်လုံးထဲတွင် ခက်ထန်သည့်
အလင်းတစ်ချက်လက်သွားသည်။ ကပ်သပ်
ပြောရလျှင် သူ့တာဝန်ကမကျရှုံးသေး။
ယူရှောင်းမိုက သူဘယ်သူဘယ်ဝါမှန်းမသိသေးရာ
သူ့ရှေ့ ဘယ်အချိန်မဆို သရုပ်ဆောင်လိုက်လို့
ရသည်။ ချန်ရှန်းရုန်ကသိနေရာ သူ့ကို
လွတ်သွားခွင့်မပြုနိုင်ပေ။

ယူရှောင်းမိုမှာတော့ ဆွံ့အစွာဖြင့်
မျက်ဖြူလှန်လိုက်မိလေ၏။

အစ်ကိုကြီးရေ ခင်ဗျားအစီအစဉ်က ဟိုအရင်
လတွေကတည်းက မီးခိုးကြွက်လျှောက်
ပေါ်သွားပြီးပေါ့။ တအားတွေစိတ်ကူးယဉ်
မဆန်ပါနဲ့လား။

"လင်းရှောင် ဒီနားတစ်ဝိုက်မှာသူတို့ပဲရှိတာလား"

ချန်ရှန်းရုန်ဘက်မှာ တစ်ယောက်တည်းရှိပေမဲ့
ယန်ဟွေ့ဘက်မှာကနှစ်ယောက်ရှိနေ၏။ ထို့အပြင်
သူ့အနောက်က လူနှစ်ယောက်၏ခွန်အားက
အတော်လေးမြင့်မားသည်။ ထိုနှစ်ယောက်ကို
တစ်ယောက်တည်းပြိုင်တိုက်တာက သူတို့အတွက်
ပြိုင်ဖက်လုံးဝမဖြစ်နိုင်ပေ။ ဤဦးလေးကြီးကို
ယူရှောင်းမို တော်တော်ကြီးသဘောကျသည်။
သူက ရှက်တတ်ပြီးစိတ်ကူးယဉ်ဆန်သည်၊
ရိုးသားပြီးနုံအပုံလည်းပေါ်သည်၊ သို့တိုင်
သူကအလွန်ခေါင်းမာပြန်သည်။ ချန်ရှန်းရုန်ကို
သူမသေစေချင်ပေ။

အမှန်အတိုင်းပြောရပါက ယန်ဟွေ့က
သံသယဖြစ်ဖို့ကောင်းတာကို ဦးလေးကြီးက
ဒီလောက်မြန်မြန်သတိထားမိခဲ့မယ်လို့
သူမထင်ထားပေ။ ထိုအချိန်တုန်းက ယန်ဟွေ့က
သူ့ကိုအန္တရာယ်ဖြစ်စေမည့်အရာမျိုးမလုပ်ခဲ့၍
ဖော်ထုတ်ခြင်းမပြုခဲ့တာဖြစ်လောက်သည်။

လင်းရှောင်က သူတို့ပတ်ဝန်းကျင်ကို
ရှာဖွေကြည့်လိုက်သည်။

"မရှိဘူး။ သူတို့ မတော်တဆဆုံကြတာဖြစ်နိုင်တယ်၊
ဒါပေမဲ့ ယန်ဟွေ့က ချန်ရှန်းရုန်ကိုဒီနေရာမှာ
ချုံခိုတိုက်တာလည်းဖြစ်နိုင်တယ်"

ချန်ရှန်းရုန်၏နာမည်အရင်းက မော့ချီရုန်ဖြစ်ရာ
သူက မော့ချီရှစ်ယွမ်၏သားဖြစ်တန်သည်။
သူ့အဆင့်အတန်းက သာမာန်လူများနှင့်
ယှဉ်လို့မရပေရာ အပြင်လောကမှာ
သူ့နာမည်အရင်းကို လျှို့ဝှက်ထားတာ
သဘာဝကျပေသည်။

ယခုတော့ မျိုးနွယ်စုနှစ်ခုကြားရန်ငြှိုးက
မျက်နှာပြင်ပေါ်သို့ ပေါ်ထွက်လာပြီဖြစ်ပြီး
ယန်ဟွေ့က ကူမာမျိုးနွယ်စုနှင့်ပူးပေါင်းထားပေရာ
ချန်ရှန်းရုန်ကို ဒီနေရာမှာချုံခိုတိုက်တာပုံမှန်ပင်။
_____________________

//Zawgyi//

အပိုင္း ၆၀၂- အျမင္သစ္နဲ႔ၾကၫ့္ရျခင္း

ေနရာကအႏၲရာယ္ႀကီးေလ ေလဟာနယ္က
အားနည္းေလျဖစ္သည္။

ႁမြေပါသားရဲ၏စြမ္းေဆာင္ရည္ျဖင့္
သံုးရက္အၾကာတြင္ သူတို႔ေနရာတစ္ခုရွာေတြ့ခဲ့သည္။

၄မွာ သထုန္ပင္လယ္ျပင္တြင္
အႏၲရာယ္မ်ားေက်ာ္ၾကားသၫ့္ ပင္လယ္ပိုင္း
တစ္ေနရာျဖစ္၏။ ခပ္လွမ္းလွမ္းမျွဖင့္ပင္
ေကာင္းကင္ႀကီး၏မူမမွန္မႈကို ျမင္ရႏိုင္သည္။
ပင္လယ္ေရျပင္ေနရာအက်ယ္ႀကီးကို
တိမ္ပုပ္တိမ္မည္းမ်ားျဖင့္ ဖံုးအုပ္လို႔ေနသည္။
လ်ွပ္စီးမ်ားႏွင့္ဟာရီကိန္းတို႔က တစ္ခုႏွင့္တစ္ခု
ရစ္ပတ္လ်က္ ေရစီးေၾကာင္းမ်ားကလည္း
ပိုမိုၾကမ္းတမ္းလာသည္။ ဤေနရာသို႔
သေဘၤာႀကီးတစ္စင္း ျဖတ္သြားခဲ့လ်ွင္
စုပ္ယူခံလိုက္ရမွာမလဲြမေသြပင္။

နတ္ေဒဝါအဆင့္က်င့္ႀကံျခင္းအေျခခံမရိွသူမ်ားဆို
ဝင္ရဲလိမ့္မည္မဟုတ္ေခ်၊ အေၾကာင္းမွာ
ဤပင္လယ္ပိုင္းကထူးဆန္းရံုမ်ွမက ရံဖန္ရံခါ၌
အားျပင္းသၫ့္ေရစီးေၾကာင္းက
ေလဆင္ႏွာေမာင္းတစ္ခုကဲ့သို႔ ေကာင္းကင္သို႔
ထိုးတက္သြားၿပီး ၄၏အဖ်က္စြမ္းအားကလည္း
အလြန္တရာအံ့အားသင့္ဖြယ္ေကာင္းေသာေၾကာင့္ပင္။
ဤပင္လယ္တစ္ဝိုက္မွ ေဘးကင္းစြာ
လြတ္ေျမာက္ဖူးသၫ့္ေလွဟူ၍မရိွေၾကာင္း
ေျပာၾကသည္၊ ၿပီးေတာ့ ဒါက
အေၾကာင္းအရင္းမ်ားထဲမွတစ္ခုသာရိွေသးသည္။

ေလဟာနယ္က အားေပ်ာ့လြန္းေသာေၾကာင့္
တစ္ခ်ိန္တည္းမွာပင္ ပင္လယ္ပိုင္းတြင္
မတည္မၿငိမ္ျဖစ္ေနေသာ ေလဟာနယ္စြမ္းအားမ်ား
ျပၫ့္ႏွက္လို႔ေနသည္။ လ်ွပ္စီးမိုးႀကိဳးမ်ားက
တဂ်ိန္းဂ်ိန္းတဖ်ပ္ဖ်ပ္လက္လို႔ေနၿပီး
ေလဟာနယ္ကိုပိုမိုဖိအားျဖစ္ေစကာ ေလဟာနယ္
အက္ေၾကာင္းကို ပိုမိုႀကီးမားလာေစသည္။
နတ္ေဒဝါအဆင့္က်င့္ႀကံသူဆိုရင္ေတာင္
ဝင္ရဲမည္မဟုတ္ေခ်။

သို႔ေသာ္လည္း နတ္ဘုရားအဆင့္က်င့္ႀကံသူမ်ား
အတြက္က်ေတာ့ ဤေနရာက ေလဟာနယ္
စြမ္းအားစုစည္းရန္ ေနရာေကာင္းျဖစ္ေခ်သည္။

သူတို႔က အတြင္းဘက္ထိအနက္ႀကီးမသြားဘဲ
အစြန္အဖ်ားမွာတင္ရပ္လိုက္ၾကသည္။
နယ္ေျမျပောင္းအေဆာင္ျပဳလုပ္ဖို႔အတြက္သာ
ေလဟာနယ္စြမ္းအားကို လိုအပ္တာျဖစ္၍
ေဘးပတ္လည္မွစုစည္းလ်ွင္ လံုေလာက္ၿပီျဖစ္သည္။
အကယ္၍ တစ္စံုတစ္ေယာက္သာျဖတ္သြားပါက
ေသခ်ာေပါက္ ထိတ္လန႔္အံ့ဩသြားရမွာပင္၊
ဘာလို႔ဆို ပ်မ္းမ်ွလူတစ္ေယာက္မွာ
၄အနီးသို႔သြားရန္မဆိုထားႏွင့္ ပုန္းခ်ိန္ေတာင္
ရလိုက္မွာမဟုတ္တာေၾကာင့္ပင္။

သံုးရက္ၾကာၿပီးေနာက္မွာ လင္းေရွာင္က
နယ္ေျမျပောင္းအေဆာင္တစ္ထပ္လိုက္
ျပဳလုပ္ၿပီးခဲ့သည္။

အလတ္ဆင့္နယ္ေျမျပောင္းအေဆာင္လက္ဖဲြ႔အတြက္
ေက်ာက္စိမ္းျပား အခုႏွစ္ဆယ္အသံုးျပဳခဲ့ေပမဲ့
ဆယ့္ေလးခုပဲ ေအာင္ျမင္ေလသည္။
အဆင့္နိမ့္အေဆာင္လုပ္တာကေတာ့ သူတို႔မွာ
အေတြ့အႄကံုရိွၿပီးသားျဖစ္သျဖင့္ အခုသံုးဆယ္လံုး
ေအာင္ျမင္ခဲ့သည္။

အလတ္ဆင့္နယ္ေျမျပောင္းအေဆာင္မ်ားသည္
အကြာအေဝးပိုမ်ားမ်ား ပို႔ေဆာင္ေပးႏိုင္ျခင္းအျပင္
အဆင့္နိမ့္အေဆာင္မ်ားထက္ ပိုၿပီးလည္း
တည္ၿငိမ္သည္။ ဥပမာ၊ အဆင့္တူက်င့္ႀကံသူ
တစ္ေယာက္က အဆင့္နိမ့္နယ္ေျမျပောင္း
အေဆာင္၏ပို႔ေဆာင္ေပးေနျခင္းကို
ေနွာင့္ယွက္ရန္ သူတို႔စြမ္းအား၏ဆယ္ပံုတစ္ပံု၊
ဆယ္ပံုႏွစ္ပံုခန႔္ အသံုးျပဳရန္လိုအပ္သည္။
သို႔ေသာ္လည္း အလတ္ဆင့္အေဆာင္ဆိုလ်ွင္ေတာ့
စြမ္းအား ဆယ္ပံုငါးပံု၊ ဆယ္ပံုေျခာက္ပံုခန႔္
အသံုးျပဳဖို႔လိုအပ္ေလသည္။ ဒါေၾကာင့္ပဲ
လင္းေရွာင္က အလတ္ဆင့္အေဆာင္ဆယ့္ေလးခု
ျပဳလုပ္ခဲ့တာျဖစ္၏။

ၿပီးေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္
ထြက္ခြာလာခဲ့ၾကေတာ့သည္။

ႁမြေပါသားရဲကိုေတာ့ ယူေရွာင္းမိုက
နယ္ေျမထဲထၫ့္ထားလိုက္ၿပီျဖစ္သည္။ သူက
သတၲုစားသားရဲေလးႏွင့္က်န္ႏွစ္ေကာင္ကိုလည္း
နယ္ေျမထဲမွာခ်ိဳးေဖာက္လို႔မရသၫ့္
စည္းမ်ဉ္းမ်ားကို ၄ကိုရွင္းျပခိုင္းရန္
နယ္ေျမထဲလႊတ္လိုက္သည္။

သူ႔အက်င့္အရ ယူေရွာင္းမိုက၄ကို
ခ်ီခ်ဳံးဟုအမည္ေပးခဲ့သည္။

ႁမြေပါသားရဲက ခ်ဳံးအသင္းထဲမွာ
သူေပးသၫ့္နာမည္ကို မႀကိဳက္ဟန္မျပဘဲ
ေက်းဇူးတင္လို႔ေတာင္မဆံုးသၫ့္
တစ္ေကာင္တည္းေသာသားရဲျဖစ္၏။ စိတ္အား
ထက္သန္မႈကေတာ့ျဖင့္ ယူေရွာင္းမိုကပဲ
သူ႔ေက်းဇူးရွင္ႀကီးလိုလို၊ ယူေရွာင္းမိုမွာ
ေက်းဇူးတင္ခံရလြန္း၍ ရွက္ေတာင္ရွက္သည္။

နယ္ေျမျပောင္းအေဆာင္မ်ား၊ ႁမြေပါသားရဲ၏
ေနာက္လိုက္မ်ားစုေဆာင္းထားေသာေျမပံုမ်ား၏
အကူအညီျဖင့္ ေနာက္ဆံုးေတာ့ သူတို႔
သထုန္ပင္လယ္မွထြက္၍ တံု႔ယီြမွာ
ျပန္ေပၚလာၾကေလေတာ့သည္။

စူးစမ္းရွာေဖြသူအေရအတြက္မွာ ၿပီးခဲ့သၫ့္
အေခါက္ကထက္စာရင္ ပိုနည္းပါးသြားသည္။
လူအမ်ားစိတ္ထဲတြင္ ဒ႑ာရီလာလိုဏ္ဂူက
ေမွးမိွန္သြားၿပီျဖစ္ပံုရ၏။ သူတို႔ နာရီဝက္ၾကာေအာင္
လမ္းေလ်ွာက္လာသၫ့္ ခရီးတစ္ေလ်ွာက္
လူအနည္းငယ္သာေတြ့ခဲ့ရသည္။

ထံုထ်န္းတိုက္မႀကီးမွာ လက္ရိျွဖစ္ေပၚေနသၫ့္
အေျခအေနမ်ားႏွင့္ပတ္သက္၍ေျပာရလ်ွင္ေတာ့
တင္းမာခက္ထန္မႈမ်ားအျဖစ္ေနဆံုးေနရာမွာ
ေတာင္ပိုင္းတိုက္မႀကီးမဟုတ္ပါဘဲ ရွီက်င္း
ျဖစ္လို႔ေန၏။ ေရွးသားရဲမ်ိဳးႏြယ္ႀကီးေလးခု၏
ေပ်ာက္ဆံုးလ်က္ရိွေသာမ်ိဳးဆက္သစ္မ်ားကို
ယခုထက္ထိရွာမေတြ့ၾကေသးေခ်၊ သို႔ေသာ္
သူတို႔အားလံုး အသက္မရွင္ေတာ့ဖို႔ပိုမ်ားေနသည္။
ရွီက်င္းမွာ လူသတ္သမားကိုရွာေဖြရန္အတြက္
ယခုလက္ရိွတြင္ အေျခအေနမ်ားရႈပ္ေထြးေန၏။
ဘယ္ေနရာမွာေတာ့ရန္ျဖစ္ၾကျပန္ၿပီ ဆိုသၫ့္
သတင္းမ်ိဳးကို မၾကာခဏဆိုသလိုၾကားေနၾကရ
ေလသည္။

ဒါ့အျပင္ က်ဳံထ်န္းမွာလည္း အရမ္းႀကီး
ေအးခ်မ္းမေနေခ်။

ဒါက က်ဳံထ်န္းမွာလည္းေလျပင္းတိုက္ေနၿပီဟု
ဆိုလိုတာမဟုတ္ဘဲ ထံုထ်န္းနန္းေတာ္က
ႏွစ္တစ္ရာမွာတစ္ခါက်င္းပေလ့ရိွသၫ့္
လက္ေရြးစင္ယွဉ္ၿပိဳင္ပဲြကို အျခားေနရာမ်ား
တင္းမာခက္ထန္ေနခ်ိန္မွာ က်င္းပဖို႔
ဆံုးျဖတ္လိုက္ျခင္းျဖစ္၏။ ေနာက္ဆံုး
လက္ေရြးစင္ယွဉ္ၿပိဳင္ပဲြမွာ လြန္ခဲ့ေသာ
ႏွစ္ေလးဆယ္ကျဖစ္သည္။ ေရြးခ်ယ္ပဲြအား
ႏွစ္ေျခာက္ဆယ္ေစာ၍ က်င္းပျခင္းက
အံ့အားသင့္ဖြယ္ျဖစ္ေနေတာ့သည္။

လက္​ေရြးစင္ေရြးခ်ယ္ပဲြ၏စံႏႈန္းမ်ားက
အလြန္တင္းက်ပ္၏။ သက္တန႔္အဆင့္
ေမွာ္ဆရာမ်ားသာ ပါဝင္ယွဉ္ၿပိဳင္ရန္
အရည္အခ်င္းျပၫ့္မွီၿပီး သက္တန႔္အဆင့္
ေမွာ္ဆရာတိုင္း ယွဉ္မၿပိဳင္မေနရဟုဆိုသည္။

ယူေရွာင္းမိုက ေရွာင္ေယာင္တကၠသိုလ္ႏွင့္
ေဝးေနတာအခ်ိန္အေတာ္ၾကာၿပီျဖစ္ၿပီး
ျပန္သြားဖို႔ရည္ရြယ္ခ်က္လည္းမရိွေပမဲ့ သူက
လက္ရိွတြင္ စာရြက္စာတမ္းအရ
ေရွာင္ေယာင္တကၠသိုလ္မွေက်ာင္းသားျဖစ္ေနဆဲပင္
ျဖစ္ၿပီး လက္ေရြးစင္ယွဉ္ၿပိဳင္ပဲြတြင္ ပါဝင္
ယွဉ္ၿပိဳင္ရန္ အရည္အခ်င္းျပၫ့္မွီေန၏။
သို႔ေပမဲ့ ထံုထ်န္းနန္းေတာ္က သက္တန႔္အဆင့္
ေမွာ္ဆရာမ်ားေခၚေနသၫ့္ကိစၥက သိပ္ရိုးသားပံု
မရဘူးဟု သူ႔ရဲ့အေပါစားအေဖကေျပာခဲ့ဖူးသည္။

သို႔ျဖစ္ရာ ဤသတင္းမ်ားၾကားရၿပီးေနာက္၌
သူကသြားဖို႔စိတ္ကူးမရိွေနေပ။ ပထမ၊
ထံုထ်န္းနန္းေတာ္ကို သူစိတ္မဝင္စား၊
ဒုတိယ၊ သူ႔မွာလုပ္စရာေတြအမ်ားႀကီးရိွေနၿပီး
ပူပင္စရာေတြလည္းရိွေနေသာေၾကာင့္
အရမ္းႀကီးစိတ္မဝင္စားမိေပ။

သို႔ေသာ္လည္း ေမွာ္ဆရာအစည္းအရံုးႏွင့္
သားရဲသ႑ာန္ေျပာင္းလဲအဖဲြ႔အစည္းအတြက္မူ
၄က ပဲြအႀကီးႀကီးျဖစ္ေလ၏။ ထံုထ်န္းနန္းေတာ္က
က်ဳံးယဲ့ႏွင့္ေခ်ာင္ဝူရွင္းတို႔၏ဆရာမ်ားကေတာင္
ေရေရရာရာရွင္းမျပႏိုင္ေလာက္သည္အထိ
လ်ိႈ႔ဝွက္ဆန္းၾကယ္သည္။ သို႔တိုင္ ႁခြင္းခ်က္မရိွ၊
ထံုထ်န္းနန္းေတာ္၏ပံုရိပ္က သူတို႔ႏွလံုးသားထဲမွာ
အင္မတန္ႀကီးမားလွ၍ သူတို႔က လက္ေရြးစင္
ယွဉ္ၿပိဳင္ပဲြအတြက္ျပင္ဆင္ရန္ အလုပ္မ်ားေနၾက
ေလသည္။

"ေနာက္ဘယ္သြားၾကမလဲ?"

ယူေရွာင္းမိုက ေခါင္းလွၫ့္ကာ လင္းေရွာင္ကို
ေမာ့ၾကၫ့္လိုက္သည္။ မူလက သူအဆင့္ေလးကို
မတက္ေသးမခ်င္း သထုန္ပင္လယ္မွာေနခ်င္ခဲ့၏။
သို႔ေပမဲ့ လင္းေရွာင္က ေစာေစာထြက္သြားခ်င္သည္
ဆိုမွေတာ့ သူကကန႔္ကြက္စရာမရိွေပ။

လင္းေရွာင္၏ေျခလွမ္းမ်ားက ရုတ္တရက္
ရပ္တန႔္သြားေလသည္။

ယူေရွာင္းမိုက သူ႔ကိုအံ့ဩစြာၾကၫ့္လိုက္သည္။
ဘာျဖစ္တာလဲေမးဖို႔ျပင္လိုက္စဉ္မွာပဲ သူ႔ပါးစပ္ကို
အုပ္ခံလိုက္ရသည္။ ခဏအၾကာမွာေတာ့
အေၾကာင္းအရင္းကို သိလိုက္ရ၏။
အေရ႔ွရိွ သိပ္သည္းလွေသာျမဴခိုးထဲမွ
အေတာ္ေလးရင္းႏွီးသၫ့္အသံမ်ားစြာ
လြင့္ပ်ံလာသည္၊ တစ္သံက သူ႔ကိုအံ့အား
အသင့္ေစဆံုးျဖစ္သည္၊ ဘာလို႔ဆို
သူသိထားသေလာက္ ထိုသူကဤေနရာမွာေပၚလာဖို႔
မျဖစ္ႏိုင္တာေၾကာင့္ပင္။

.........

"ယန္ေဟြ့ ငါတို႔ရန္သူေတျြဖစ္မွရမွာလား"

ခ်န္ရွန္းရုန္က ယန္ေဟြ့အား ၫွိုးငယ္စြာ
ၾကၫ့္လိုက္၏။ သူက စိတ္ခံစားခ်က္ႏွင့္
ပတ္သက္လ်ွင္ အေရးေပးသူမ်ိဳးျဖစ္သည္။
သူကယန္ေဟြ့ႏွင့္သိကၽြမ္းတာ ႏွစ္မ်ားစြာပင္ရိွၿပီ
ျဖစ္ရာ သူ႔ႏွလံုးသားထဲမွာသူငယ္ခ်င္းတစ္ေယာက္
အျဖစ္မွတ္ယူထားၿပီးၿပီျဖစ္၏။

ဝမ္းနည္းေနသၫ့္သူ႔မ်က္ႏွာက
ရယ္ဖြယ္ေကာင္းသည္ဟု ယန္ေဟြ့ခံစားရသည္။
ခ်န္ရွန္းရုန္ႏွင့္ဆန႔္က်င္ဘက္ျဖစ္စြာ သူကေတာ့
သူငယ္ခ်င္းေနွာင္ႀကိဳးကိုမဆိုထားႏွင့္
မိသားစုႀကိဳးမ်ားကိုပင္ ျဖတ္ေတာက္ပစ္ခဲ့သူမ်ိဳး
ျဖစ္သည္။ သို႔ျဖစ္ရာ ခ်န္ရွန္းရုန္၏ေတြးေခၚပံုက
ရယ္စရာေကာင္းသည္ဟု သူထင္သည္။
သူတို႔က ပထမဆံုးစေတြ့ဆံုခဲ့ခ်ိန္ကတည္းက
သူငယ္ခ်င္းျဖစ္ဖို႔ ေရစက္မပါေပ။

"ကူမာမ်ိဳးႏြယ္စုနဲ႔ေရႊ့ရွီမ်ိဳးႏြယ္စုၾကားမွာ စစ္ပဲြ
ျဖစ္ေနတာ တစ္ႏွစ္လည္းမဟုတ္ ႏွစ္ႏွစ္လည္း
မဟုတ္ေတာ့ဘူး။ ငါတို႔က သူငယ္ခ်င္းမျဖစ္ႏိုင္မွန္း
မင္းစိတ္ထဲ ရွင္းရွင္းလင္းလင္းသိေနသင့္တယ္။
ဒါကိုနားလည္ၿပီး ငါ့ကိုသူငယ္ခ်င္းလို႔
သတ္မွတ္ေနေသးတာ မင္းကအရမ္းႏံုတာ
မဟုတ္ဘူးလား ဦေလးႀကီးရယ္? ဒါမွမဟုတ္မင္းကို
ေမာ့ခ်ီရုန္လို႔ေခၚသင့္လား?"

ခ်န္ရွန္းရုန္က မ်က္ေမွာင္က်ဳံ႔သြားၿပီး
မေမ်ွာ္လင့္ထားစြာျပန္ခံေျပာလာသည္။

"မင္းမဟုတ္တာငါသိတယ္"

"ဘာကို?" ယန္ေဟြ့က သူဆိုလိုတာကို
သိပ္သေဘာမေပါက္ေပ။

ခ်န္ရွန္းရုန္က ေသခ်ာစြာေျပာလာသည္။

"မင္းက ကူမာမ်ိဳးႏြယ္စုကမဟုတ္မွန္းငါသိတယ္။
အစကတည္းကမဟုတ္ဘူးေလ၊ ၿပီးေတာ့
မင္းက တံုက်ိဳးကမဟုတ္မွန္းလည္းလည္း
ငါသိတယ္"

ယန္ေဟြ့၏အမူအရာက အနည္းငယ္
ေျပာင္းသြားသည္။

"မင္းဘယ္လိုသိတာလဲ။ ဘယ္တုန္းက
စံုစမ္းထားတာလဲ"

ခ်န္ရွန္းရုန္က ရယ္ေလသည္။

"မင္းနဲ႔သိၿပီးသိပ္မၾကာခင္ကတည္းက သိတာ။
ငါကကူမာမ်ိဳးႏြယ္ကမဟုတ္ေပမဲ့လည္း
သူတို႔အေၾကာင္းေနာေက်ေနၿပီ။ မင္းကို
ရက္အေတာ္မ်ားမ်ားေလ့လာၾကၫ့္လိုက္တာနဲ႔
မင္းက တံုက်ိဳးကလူေတြနဲ႔မတူတာကိုေတြ့ခဲ့တယ္။
ဥပမာ... တံုက်ိဳးကလူေတြ၊ အထူးသျဖင့္
မ်ိဳးႏြယ္စုေတြထဲမွာႀကီးျပင္းလာတဲ့လူေတြက
သူတို႔မ်ိဳးႏြယ္ကိုခ်စ္တဲ့စိတ္ျပင္းၾကတယ္။
ဒါေပမဲ့ မင္းကေတာ့ မ်ိဳးႏြယ္စုအေၾကာင္း
တစ္ခုမွမေျပာဖူးဘူး"

"ဒါနဲ႔ပဲ ငါကကူမာမ်ိဳးႏြယ္စုကမဟုတ္ဘူးဆိုတာ
ေသခ်ာသြားတယ္ေပါ့။ ဒါႀကီးက
တစ္ဖက္သတ္မဆန္လြန္းဘူးလား?"

ယန္ေဟြ့၏အမူအရာက ေမွာင္မိုက္လို႔ေနသည္။
သူ႔လ်ိႈ႔ဝွက္ခ်က္ကို ခ်န္ရွန္းရုန္ကဒီေလာက္
အေစာႀကီးသိေနလိမ့္မည္ဟု သူမေမ်ွာ္လင့္ထားမွန္း
ထင္ရွားလွသည္။

ခ်န္ရွန္းရုန္က ယံုၾကည္ခ်က္အျပၫ့္ျဖင့္ဆိုသည္။

"ဒါေပါ့၊ ဒါက မင္းကိုသံသယဝင္ေစတဲ့
အခ်က္ေတြထဲကတစ္ခ်က္ပဲရိွေသးတာ။ မင္းက
ကူမာမ်ိဳးႏြယ္စုကလူမဟုတ္မွန္း
ေသခ်ာသြားေစတာက မင္းရဲ့ေနပံုထိုင္ပံုပဲ။
တကယ္လို႔ ကူမာမ်ိဳးႏြယ္စုကသာဆိုရင္
ေနပံုထိုင္ပံုအက်င့္တခ်ိဳ႕ ေပၚလာသင့္တယ္။
ဒါေပမဲ့ အဲ့လိုအရာမ်ိဳး မင္းဆီမွာမေတြ့ရဘူး။
မ်ိဳးႏြယ္စုထဲမွာ ႏွစ္ေတြအမ်ားႀကီးေနလာတဲ့
တစ္ေယာက္ ရုတ္တရက္ႀကီးေျပာင္းလဲသြားဖို႔
ဆိုတာ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?"

ယန္ေဟြ့က ခက္ထန္စြာရယ္ေမာေတာ့သည္။

"သိေနမွေတာ့ ဘာလို႔သူမ်ားေတြပါသိေအာင္
မေျပာလိုက္လဲ?"

ခ်န္ရွန္းရုန္က သူျမင္သလို အႏိုင္က်င့္ဖို႔
မလြယ္ကူမွန္း ရုတ္တရက္ သူေတြ့ရိွလိုက္ရသည္။
သူက သူ႔ရဲ့ရိုးစင္း၊ အရွက္အေၾကာက္ႀကီးတဲ့
ပံုစံေအာက္မွာ ထက္ျမက္သၫ့္စိတ္ကို
သိုဝွက္ထားခဲ့တာပင္။ ယန္ေဟြ့သည္ လူတိုင္းကို
သူအရူးလုပ္ႏိုင္ခဲ့တယ္ဟုတြက္ဆထားခဲ့၏။

ခ်န္ရွန္းရုန္က သူ႔ကိုတြန႔္ဆုတ္တြန႔္ဆုတ္နဲ႔
ၾကၫ့္သည္။

"ဘာလို႔ဆို လိမ္ေျပာတဲ့သူေတြအားလံုးက
မေကာင္းတဲ့လူမဟုတ္ဘူးေလ၊ ၿပီးေတာ့
မင္းရဲ့ရည္ရြယ္ခ်က္ကိုလည္း သိခ်င္တာမလို႔"

"ဒါျဖင့္ ဘာမ်ားရွာေတြ့ခဲ့သလဲ?"

ယန္ေဟြ့၏အမူအရာက ေမွာင္မည္းေနသည္။

ခ်န္ရွန္းရုန္က တံု႔ဆိုင္းစြာေျပာလိုက္၏။

"ငါ့အထင္... မင္းရည္ရြယ္ခ်က္က ေရွာင္းမို
ျဖစ္မယ္ထင္တယ္။ တခါတစ္ေလ မင္းက
သူ႔ကို အေရးတယူရိွတတ္တယ္။
မင္းက ရည္ရြယ္ခ်က္ကိုဖံုးကြယ္ထားခ်င္လို႔
ထင္တယ္၊ ငါ့ကို မင္းရဲ့အကာအျဖစ္
ဆဲြဆဲြေခၚသြားတာေလ"

ရုတ္တရက္ ယန္ေဟြ့ကထရယ္ေလသည္။

"ဒီအခါ မွားတာငါေပါ့။ မင္းကမတံုးဘူးဘဲ၊
တကယ္ဉာဏ္ေျပးတာပဲ"

"ခ်ီးက်ူးလို႔ေက်းဇူးပဲ"

ခ်န္ရွန္းရုန္က ရွက္တတ္တတ္ဦးေလးႀကီး
ျပန္ျဖစ္သြားပံုရသည္။ တကယ္လည္း သူက
နည္းနည္းရွက္ကိုးရွက္ကန္းျဖစ္ေနတာျဖစ္သည္၊
သူ႔ကို ပါးနပ္တယ္လို႔ခ်ီးက်ူးတာ ဒါက
ဒုတိယေျမာက္လူျဖစ္ေသာေၾကာင့္ျဖစ္ႏိုင္သည္။

"မင္းကသိေနၿပီဆိုေတာ့ လႊတ္ေပးလိုက္ၿပီး
ငါ့အစီအစဉ္ကိုဖ်က္လိုဖ်က္ဆီး
လုပ္ခြင့္မေပးႏိုင္ဘူး"

ယန္ေဟြ့၏မ်က္လံုးထဲတြင္ ခက္ထန္သၫ့္
အလင္းတစ္ခ်က္လက္သြားသည္။ ကပ္သပ္
ေျပာရလ်ွင္ သူ႔တာဝန္ကမက်ရႈံးေသး။
ယူေရွာင္းမိုက သူဘယ္သူဘယ္ဝါမွန္းမသိေသးရာ
သူ႔ေရ႔ွ ဘယ္အခ်ိန္မဆို သရုပ္ေဆာင္လိုက္လို႔
ရသည္။ ခ်န္ရွန္းရုန္ကသိေနရာ သူ႔ကို
လြတ္သြားခြင့္မျပဳႏိုင္ေပ။

ယူေရွာင္းမိုမွာေတာ့ ဆြံ႔အစြာျဖင့္
မ်က္ျဖဴလွန္လိုက္မိေလ၏။

အစ္ကိုႀကီးေရ ခင္ဗ်ားအစီအစဉ္က ဟိုအရင္
လေတြကတည္းက မီးခိုးႂကြက္ေလ်ွာက္
ေပၚသြားၿပီးေပါ့။ တအားေတြစိတ္ကူးယဉ္
မဆန္ပါနဲ႔လား။

"လင္းေရွာင္ ဒီနားတစ္ဝိုက္မွာသူတို႔ပဲရိွတာလား"

ခ်န္ရွန္းရုန္ဘက္မွာ တစ္ေယာက္တည္းရိွေပမဲ့
ယန္ေဟြ့ဘက္မွာကႏွစ္ေယာက္ရိွေန၏။ ထို႔အျပင္
သူ႔အေနာက္က လူႏွစ္ေယာက္၏ခြန္အားက
အေတာ္ေလးျမင့္မားသည္။ ထိုႏွစ္ေယာက္ကို
တစ္ေယာက္တည္းၿပိဳင္တိုက္တာက သူတို႔အတြက္
ၿပိဳင္ဖက္လံုးဝမျဖစ္ႏိုင္ေပ။ ဤဦးေလးႀကီးကို
ယူေရွာင္းမို ေတာ္ေတာ္ႀကီးသေဘာက်သည္။
သူက ရွက္တတ္ၿပီးစိတ္ကူးယဉ္ဆန္သည္၊
ရိုးသားၿပီးႏံုအပံုလည္းေပၚသည္၊ သို႔တိုင္
သူကအလြန္ေခါင္းမာျပန္သည္။ ခ်န္ရွန္းရုန္ကို
သူမေသေစခ်င္ေပ။

အမွန္အတိုင္းေျပာရပါက ယန္ေဟြ့က
သံသယျဖစ္ဖို႔ေကာင္းတာကို ဦးေလးႀကီးက
ဒီေလာက္ျမန္ျမန္သတိထားမိခဲ့မယ္လို႔
သူမထင္ထားေပ။ ထိုအခ်ိန္တုန္းက ယန္ေဟြ့က
သူ႔ကိုအႏၲရာယ္ျဖစ္ေစမၫ့္အရာမ်ိဳးမလုပ္ခဲ့၍
ေဖာ္ထုတ္ျခင္းမျပဳခဲ့တာျဖစ္ေလာက္သည္။

လင္းေရွာင္က သူတို႔ပတ္ဝန္းက်င္ကို
ရွာေဖြၾကၫ့္လိုက္သည္။

"မရိွဘူး။ သူတို႔ မေတာ္တဆဆံုၾကတာျဖစ္ႏိုင္တယ္၊
ဒါေပမဲ့ ယန္ေဟြ့က ခ်န္ရွန္းရုန္ကိုဒီေနရာမွာ
ခ်ဳံခိုတိုက္တာလည္းျဖစ္ႏိုင္တယ္"

ခ်န္ရွန္းရုန္၏နာမည္အရင္းက ေမာ့ခ်ီရုန္ျဖစ္ရာ
သူက ေမာ့ခ်ီရွစ္ယြမ္၏သားျဖစ္တန္သည္။
သူ႔အဆင့္အတန္းက သာမာန္လူမ်ားႏွင့္
ယွဉ္လို႔မရေပရာ အျပင္ေလာကမွာ
သူ႔နာမည္အရင္းကို လ်ိႈ႔ဝွက္ထားတာ
သဘာဝက်ေပသည္။

ယခုေတာ့ မ်ိဳးႏြယ္စုႏွစ္ခုၾကားရန္ႃငွိုးက
မ်က္ႏွာျပင္ေပၚသို႔ ေပၚထြက္လာၿပီျဖစ္ၿပီး
ယန္ေဟြ့က ကူမာမ်ိဳးႏြယ္စုႏွင့္ပူးေပါင္းထားေပရာ
ခ်န္ရွန္းရုန္ကို ဒီေနရာမွာခ်ဳံခိုတိုက္တာပံုမွန္ပင္။
_____________________







Okumaya devam et

Bunları da Beğeneceksin

371K 26.5K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
654K 88.3K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
623K 70.1K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...