လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

By Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... More

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၃၇(အတိတ်)

7.1K 1.1K 29
By Indolent-Senorita

Scroll down for Zawgyi.

Unicode

ချီလင်းဟာ ချီယန်ရဲ့မျက်နှာကို လက်ဝါးနဲ့ ဖြန်းခနဲ ရိုက်ချလိုက်ပြီး ​ဒေါသတကြီး ​ပြောဆို​တော့သည်။   " မင်း ဒီနှစ်နှစ်လုံးမှာ စုန့်ရှီလင်က မင်းကို ကြိုက်လာ​အောင်​လေး​တောင် မလုပ်နိုင်ခဲ့ဘူး ။ အဲဒီနှစ်တုန်းက မင်း ငါ့ကို ဘယ်လိုကတိ​ပေး​ထားခဲ့လဲ ? "

ပထမတန်းအဆင့် အမျိုးသားကြယ်ပွင့်တစ်​ယောက်အ​နေနဲ့ ချီယန်မှာ ​အချိန်​ဇယားအပြည့်ရှိသည်။အထူးသဖြင့် ​နောင်ကျရင် သူ သရုပ်​ဆောင်ဖို့ လိုအပ်တဲ့ အနီးကပ် scene ​တွေ ​တော်​တော်များများလည်းရှိတာ​ကြောင့် သူက သူ့ရဲ့မျက်နှာကို သာမာန်ထက်ပိုပြီး ဂရုစိုက်ရသည်။

ဒါ​ပေမယ့် အခုချိန်မှာ​တော့ သူ့ရဲ့မျက်နှာက ချီလင်း​ကြောင့် ​ယောင်ကိုင်း​နေပြီဖြစ်သည်။ဒါ​ကြောင့် သူ့အလုပ်​တွေ ​နှောင့်​နှေးကြန့်ကြာကုန်မှာ ​သေချာ​​နေသည်။

ဒါ​ပေမယ့် အဲဒီလိုဆိုရင်​​တောင်မှ ချီယန်ဟာ ချီလင်းကို အပြစ်မတင်ရဲပါ​ပေ။အချိန်ခဏ​လောက် တိတ်ဆိတ်​နေပြီး သူ ​ပြောလိုက်သည်။   " မင်း ​ပေါ်ယွီကို သတိရ​နေတုန်းလား ? "

ချီလင်းက ချီယန်ကို တစ်ချက်ကြည့်လိုက်ပြီး​နောက် တစ်ခုခုကို ပြန်မှတ်မိသွားကာ သူ့မျက်နှာကြီး မည်း​မှောင်လာ​တော့သည်။ 
" မင်း အဲဒီကိစ္စကို ကိုယ့်ဘာသာကိုယ် မလုပ်နိုင်တာနဲ့ပဲ မင်းရဲ့တာ၀န်ကို တခြားလူ​တွေဆီ ပုံချပြီး ​ခေါင်းမ​ရှောင်သင့်ဘူး​လေ ။ စကားမစပ် , မင်း နှစ်ရက်အတွင်း စုန့်ရှီလင်နဲ့ စစ်​ပြေငြိမ်းလိုက်​ ။ ပြီးရင် မူမမှန်တာတစ်ခုခုကို စုန့်ရှီလင် သတိထားမိမသွား​စေနဲ့ "

ချီယန် အကူအညီမဲ့စွာ ​ပြောလိုက်သည်။
  " မင်း တကယ်ပဲ အစီအစဉ်​တွေအကုန်လုံးကို စိတ်ကူးပြီးသွားပြီလား ? အရင်တစ်ခါဖြစ်ခဲ့သလိုမျိုး​တော့ မလုပ် ...... မလုပ်ပါနဲ့​တော့ "

ချီလင်း စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်​ပြောလိုက်သည်။   " တကယ်လို့ တစ်ဖက်လူကို တိတ်တိတ်​လေး ကူ​ညီ​နေတုန်းမှာ ငါ့အ​​ပေါ်ကို တက်​နေ​,​နေတဲ့ ​ခွေးတစ်​​ကောင်က မင်းသာမဟုတ်ရင် ငါတို့မိသားစုလည်း စုန့်ရှီလင် တရုတ်နိုင်ငံက​နေ ​မောင်းထုတ်တာကို ခံရပါ့မလား ?!! "

ငါသာမရှိရင်လည်း မင်း ဒီ​နေရာမှာ ရပ်ပြီး ငါ့ကို ဆူပူ​နေနိုင်မှာ​တောင် မဟုတ်ဘူး !!!

ချီယန်က ဘာမှပြန်မ​ပြောဘဲ သူ့​ခေါင်းကို ငုံ့လိုက်သည်။သူ့မျက်၀န်း​တွေထဲမှာ​တော့ မ​ကျေမချမ်းနိုင်ခြင်း​တွေ ရှိ​နေ​လေသည်။ဒါ​ပေမယ့် သူ ​နောက်တစ်ကြိမ် ​ခေါင်းပြန်​မော့လိုက်တဲ့အချိန်မှာ သူ့မျက်၀န်းထဲက ခံစားချက်​တွေဟာ မရှိ​တော့​ပေ။

ချီလင်းက မျက်​မှောင်ကြုတ်လိုက်ပြီး သူ့မျက်စိထဲမှာ အဲဒီမျက်နှာအမူအရာက ထူးဆန်း​နေသလို ခံစားလိုက်ရသည်။ဒါ​ပေမယ့် သူ အဲ့လိုခံစားလိုက်မိရတဲ့ အ​ကြောင်းအရင်းကို​တော့ ချီလင်း မသိ​ပေ။

ချီယန်က ဘာမှသိပ်ပြီး များများစားစား ပြန်​ပြောမ​နေဘဲ ရိုက်ကွင်းသွားဖို့ဆိုပြီး အ​ကြောင်းပြချက်​ပေးကာ အရင်ဆုံး ထွက်လာခဲ့သည်။

ချီလင်း ​ဒေါနဲ့​မောနဲ့ ​အော်ဟစ်လိုက်သည်။
  " ဇာတ်လမ်းရိုက်မယ် ! ဇာတ်လမ်းရိုက်မယ်ဆိုတာချည်းပဲ !!! မင်း​ခေါင်းထဲမှာ တစ်​နေကုန် သရုပ်​ဆောင်ဖို့​လောက်ပဲ ​တွေး​နေတာလား ? တကယ်လို့ ငါတို့​တွေသာ အ​မေတစ်​ယောက်တည်းက​နေ ​မွေးလာတာမဟုတ်ရင် ငါ​တော့ မင်းလို ရည်မှန်းချက်မရှိတဲ့ အရူးတစ်​​ကောင်ကို သတ်မိလိမ့်မယ် "

____________

 
ချီမိသားစုနဲ့ စုန့်မိသားစုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်​တွေအကြာက အလွန်ရင်းနှီးကာ ကုမ္ပဏီချင်း ပူး​ပေါင်းထားတဲ့ ဆက်ဆံ​​ရေးတစ်ခုဖြစ်သည်။မိသားစုနှစ်ခုလုံးက က​တော်​တွေဟာလည်း သူတို့အချင်းချင်း အရမ်းကို ပလဲနံပသင့်ကြသည်​။ဒါ​ကြောင့် မိသားစုနှစ်ခုကြားက ဆက်ဆံ​ရေးဟာ အ​​တော်ကလေး ​ကောင်းမွန်လှသည်။

စုန့်ရှီလင်ရဲ့ဖခင်ဖြစ်သူက စီးပွား​ရေးနယ်ပယ်မှာ လူ​တော်တစ်​ယောက်ဖြစ်သည်။သူ့ရဲ့ဦး​ဆောင်မှု​အောင်တွင် စုန့်ကုမ္ပဏီဟာ တဖြည်းဖြည်းချင်း တိုးတက်မှုလက္ခဏာကို ပြသ​​နေသည်။ဒါ​ပေမယ့် ချီမိသားစုရဲ့စီးပွား​ရေးက​တော့ အလွန်ဆင်းရဲကာ တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးဝါးလို့လာသည်။

နှစ်အနည်းငယ်အတွင်းမှာပဲ မိသားစုနှစ်ခုဟာ ကုမ္ပဏီချင်း ပူး​ပေါင်းထားတဲ့ ဆက်ဆံ​ရေးက​နေ ချီကုမ္ပဏီက စုန့်ကုမ္ပဏီအ​ပေါ် မှီခို​နေရတဲ့ ဆက်ဆံ​ရေးဆီသို့ ​ပြောင်းလဲသွားခဲ့သည်။အဲလိုနဲ့ ချီကုမ္ပဏီဟာ ဖြည်းဖြည်းချင်း ပုံမှန် ဆိုးဝါးလာတဲ့ အ​ခြေအ​နေကြီးတစ်ခုမှာ သက်ဆိုးရှည်​နေ​လေသည်။

အဲဒီအချိန်တွင် ချီယန်နဲ့ စုန့်ရှီလင်တို့က အသက်ဆယ့်ငါးနှစ်သာ ရှိကြ​သေးသည်။သူတို့နှစ်​ယောက်က တစ်​ယောက်ကိုတစ်​ယောက် ​နောက်ဆုံး​သော စက္ကူပြတင်း​ပေါက်​လေးကို ဖြိုဖျက်ကာ တရား၀င် တွဲခဲ့ကြသည်။

​နောင်နှစ်နှစ်ကြာတဲ့အခါမှာ ချီကုမ္ပဏီက စုန့်ကုမ္ပဏီကို သစ္စာဖောက်ပြီး စုန့်ကုမ္ပဏီရဲ့ အင်အားအကြီးမားဆုံးပြိုင်ဘက်ဖြစ်တဲ့ ​မော့ကုမ္ပဏီနဲ့အတူ ပူး​ပေါင်းခဲ့သည်။ချီကုမ္ပဏီက စုန့်ကုမ္ပဏီရဲ့ အဓိကအ​ရေးကြီး သု​တေသနအချက်အလက်တချို့ကို ခိုးယူကာ အဲဒီအချက်အလက်​တွေကို သူတို့ပိုင်ဆိုင်​ကြောင်း ကမ္ဘာကြီးအပြင်ကို ထုတ်​ဖော်​ကြေညာခဲ့သည်။

စုန့်ကုမ္ပဏီ​ဟာ ကြီးကြီးမားမား အ​ပြောင်းအလဲ​တွေကို ထိခိုက်ခံစားခဲ့ရပြီး ခြွတ်ခြုံကျလုနီးပါး ဖြစ်သွားခဲ့ရသည်။ကံ​ကောင်း​ထောက်မစွာနဲ့ပဲ စုန့်ဘိုးဘိုး ပြန်​ရောက်လာခဲ့ပြီး အဲဒီအ​ခြေအ​နေကို ​ပြောင်းလဲပစ်ဖို့အတွက် လုံ့လဝီရိယစိုက်ထုတ်ကြိုးပမ်းခဲ့သည်။

အဲဒီအချိန်မှာပဲ ချီယန်ဟာ စုန့်ရှီလင်အပါအ၀င် ဘယ်သူ့ကိုမှ အသိမ​ပေးဘဲ လက်မှတ်တစ်​စောင် တိတ်တိတ်​လေး ၀ယ်ကာ စုန့်ရှီလင်ဆီ လမ်းခွဲ​ကြောင်း message တစ်ခုပို့ပြီး ထွက်​​ပြေးသွားခဲ့သည်။

အရှုံးသမား​တွေက ၀မ်းနည်းပူ​ဆွေး​နေတဲ့အချိန်မှာ အနိုင်ရသူက​တော့ အရာအားလုံးကို ယူ​ဆောင်သွားသည်။

ချီကုမ္ပဏီက လုံး၀ကို သုံးစားမရ​တော့တဲ့အခါမှာ ​မော့မိသားစုရဲ့စွန့်ပစ်ခြင်းကို ခံလိုက်ရပြီး ​ဘေးကျပ်နံကျပ်အ​ခြေအ​နေသို့ ကျ​ရောက်ခဲ့ရသည်။

အချိန်ခဏ​လောက်ပဲ ကြာပြီးတဲ့နောက် စုန့်ကုမ္ပဏီက သူတို့ဟာ ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ရမယ်လို့ စဉ်းစားခဲ့ကြသည်။ဒါ​ကြောင့် သူတို့က စော်ကား​မော်ကားပြုလုပ်တဲ့အ​နေနဲ့ ချီကုမ္ပဏီကို ကာလ​ပေါက်​စျေး တစ်၀က်သာ ​ပေး၀ယ်လိုက်ကြပြီး ချီကုမ္ပဏီရဲ့ စီနီယာမန်​နေဂျာ​တွေအားလုံးကို ရာထူးမှထုတ်ပယ်ကာ အလုပ်ဖြုတ်ပစ်ခဲ့သည်။

ချီ​ဖေ​ဖေက အရမ်းကို ​ဒေါသထွက်သွား​တော့သည်။သူက သူ ​မော့မိသားစုနဲ့ စုန့်​ဖေ​ဖေကို ကလဲ့စားမ​ချေနိုင်ရင်လည်း အခုချိန်မှာ ဘာမှအကာအကွယ်မရှိတဲ့ စုန့်​မေ​မေကို​တော့ တစ်ခုခုလုပ်ပစ်လိုက်လို့ရတယ်ဆိုပြီး ​တွေးခဲ့သည်။

​နောက်ဆုံးမှာ​တော့ စုန့်​မေ​မေကို ချီမိသားစုရဲ့အ​ဆောက်အဦးထိပ်ဆီ ပြန်​ပေးဆွဲသွားခဲ့တဲ့ ချီဖေ​ဖေဟာ စုန့်မိသားစုနဲ့အတူ ပြန်ပေးဆွဲလာတာကို ​ငွေ​ပေး​ရွေးဖို့ ​ပြောဆို​ညှိုနှိုင်းနေတဲ့အချိန်မှာပဲ သူက စုန့်​မေ​မေရဲ့မ​တော်တဆ တွန်းချခြင်းကို ခံလိုက်ရ​လေသည်။

ဒါ​ကြောင့် ချီယန်က ဘာမှမသိဘဲ နိုင်ငံခြားက​နေ ပြန်လာတဲ့အခါမှာ စုန့်​မေ​မေက ချီယန်ကို အလွန်ပဲ ​ကောင်း​ကောင်းမွန်မွန် ဆက်ဆံ​ပေးခဲ့သည်။ ______ သူမက ချီယန်ဟာ ရိုးသားဖြူစင်ပြီး ဘာကိုမှမသိဘူးလို့ စဉ်းစားခဲ့လိုက်တာဖြစ်သည်။

စုန့်ရှီလင်လည်း အစက​တော့ အဲဒီလိုပင် ​တွေးခဲ့သည်။

ဒါ​ပေမယ့် သူ လွန်ခဲ့တဲ့နှစ်နှစ်က ​ပေါ်ယွီနဲ့လမ်းခွဲလိုက်ပြီးသွားတဲ့​နောက် မကြာခင်မှာပဲ ကုမ္ပဏီကို တာ၀န်ယူထားလိုက်ရတဲ့ စုန့်ရှီလင်ဟာ သူ့အ​ဖေဆီက​နေတစ်ဆင့် အမှန်တရားကို သိရှိခဲ့ရသည်။

အဖြစ်မှန်က​တော့ ဒီဟွားချန်မြို့​တော်မှာ စုန့်ကုမ္ပဏီကို ​ပျောက်ကွယ်သွားလုနီးပါးဖြစ်​စေခဲ့တာက ချီယန်ဆိုတာပင်။

အဲဒီအချိန်မှာ စုန့်ရှီလင်က ချီယန်ကို entertainment ​လောကထဲမှာ နာမည်ကြီး​အောင် ကူညီ​ပေးခဲ့ပြီး​နေပြီဖြစ်သည်။

.
.
.
.
.
.

Vote and comment plzzz !!!🤩

Zawgyi













____________

 









အချိန်ခဏ​လောက်ပဲ ကြာပြီးတဲ့နောက် စုန့်ကုမ္ပဏီက သူတို့ဟာ ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ရမယ်လို့ စဉ်းသားခဲ့ကြသည်။ဒါ​ကြောင့် သူတို့က စော်ကား​မော်ကားပြုလုပ်တဲ့အ​နေနဲ့ ချီကုမ္ပဏီကို ကာလ​ပေါက်​ဈေး တစ်ဝက်သာ ​ပေးဝယ်လိုက်ကြပြီး ချီကုမ္ပဏီရဲ့ စီနီယာမန်​နေဂျာ​တွေအားလုံးကို ရာထူးမှထုတ်ပယ်ကာ အလုပ်ဖြုတ်ပစ်ခဲ့သည်။








.
.
.
.
.
.

Vote and comment plzzz !!!🤩


Continue Reading

You'll Also Like

117K 9.9K 38
This is myanmar translation. Not my own story. Eng Title-Its Not Easy Being your love ravil's Big Brother (Completed) Chinese Tit...
237K 26.3K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...
1.2M 89.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.