[Unicode]
ရေချိုးပြီးနောက်မှာ၊ နှစ်ယောက်သား ရေချိုးခန်းထဲမှနေ ထွက်လာခဲ့ကျတယ်။
ဟယ်ရှင်းချွမ်အပေါ်ပိုင်းမှာ အဝတ်အစားမရှိဘူး၊ မတ်တပ်ရပ်လျက်နဲ့ပဲ ရေနွေးပူတစ်ခွက်ကိုသောက်နေတယ်။
ဟယ်ရှင်းချွမ်နောက်ကျောက တော်တော်ကြည့်ကောင်းတယ်၊ ဒါပေမဲ့ ခါးအထက်နားမှာတော့အမာရွတ်တွေအများကြီးနဲ့။
သူ့အဒေါ်ရဲ့ဆေးလိပ်မီးရာတွေ။
အရင်တုန်းကဆို၊ ဟယ်ရှင်းလျန်ကိုသေချာစောင့်ရှောက်နိုင်ဖို့အတွက် ပိုက်ဆံမဖြုန်းရဲဘူး။
အစားအသောက်ကိုလည်း သေချာမစားရဲဘူး၊ တစ်ကိုယ်လုံးဟာအရိုးတွေချည်းပဲ။
လမ်းလျှောက်တိုင်း တကျွတ်ကျွတ်မြည်မလားတောင်စိုးရိမ်ရတယ်။
အခုအချိန်မှာတော့၊ ယန်ထန်ရဲ့သေချာကျွေးမွေးစောင့်ရှောက်မှုကြောင့် အသားအပြည့်နဲ့ဖြစ်နေပြီ။
ဟိုနေရာရဲ့အရွယ်အစားကလည်း အထင်ကြီးလောက်စရာပါပဲ...
ယန်ထန်က ဟယ်ရှင်းချွမ်ကိုတစ်ချက်လှမ်းကြည့်လာကာ
"အရပ်ထပ်ရှည်လာတာလား?"
နံရံနားကပ်ခိုင်းလိုက်ပြီး၊ ပေတံယူကာ အရပ်တိုင်းကြည့်လိုက်တယ်။
၁၈၃စင်တီမီတာ!
"ဘယ်လောက်လဲ?"
ယန်ထန်က စိတ်မပါဟန်နဲ့ပြန်ဖြေတယ်
"၁၈၃စင်တီမီတာ"
"အိုး...ထန်ကောနဲ့ ဘယ်လောက်မှမကွာပါဘူး"
ယန်ထန့်ခါးကိုဖက်တွယ်ရင်း ပြောလာတယ်။
ဒီစကားက ယန်ထန့်ကိုပိုစိတ်ဓာတ်ကျစေတယ်။
အိပ်ရာပေါ်မှာလှဲလျက်၊ မျက်နှာပေါ်မှာတော့ မသေချာမရေရာမှုများအပြည့်ဖြင့်။
နောက်တစ်နေ့မနက်မှာတော့၊ အိမ်မှာရှိသမျှနွားနို့တွေ အကုန်ပျောက်သွားတာကို ဟယ်ရှင်းချွမ်တွေ့လိုက်ရတယ်။
မရယ်ဘဲနဲ့မနေနိုင်တော့ဘူး။
သူ့ကောင်လေးရဲ့မာနက အရပ်နဲ့တိုင်းတာများလား?
"ရှင်းချွမ်...သားရဲ့လဝက်စာမေးပွဲအမှတ်က ထပ်ကျသွားပြန်ပြီ..."
ဆရာတုန်က သူ့နှာရိုးကိုပြန်ကိုင်နေရင်းပြောလာတယ်၊ အလွန်ပင်ပန်းနေပုံဖြင့်။
"အဆင့်က ၃၅အထိထိုးကျသွားတယ်၊ တစ်ခုခုပြောချင်တာမရှိဘူးလား?"
ဟယ်ရှင်းချွမ်က ခေါင်းခါပြတယ်။
ဘာပြောရမှာလဲ?
ဘဝဆိုတာ အတက်အကျတွေနဲ့ပဲတည်ဆောက်ထားတာမဟုတ်ဘူးလား?
ဆရာတုန်က အသံတိုးတိုးနဲ့ပြောတယ်
"ယန်ထန်နဲ့အရမ်းတွဲနေတာမလား? ယန်ထန်က စာမကြိုးစားရင်တောင် သူ့မိဘတွေကထောက်ပံ့ပေးနိုင်တယ်။ တက္ကသိုလ်မတက်ရရင်တောင်မှ သူ့ဘဝအတွက်နေရာတစ်ခုရနိုင်သေးတယ်။ သားက သူနဲ့မတူဘူး၊ ကျွေးမွေးရမဲ့ညီလေးရှိသေးတယ်လေ။ သား တက္ကသိုလ်ကောင်းကောင်းဝင်မှရမယ်၊ နားလည်လား? ဆရာက သားကောင်းဖို့အတွက်ပြောနေတာပါ"
"ဆရာ၊ ယန်ထန်ကြောင့်သာမဟုတ်ရင် ကျွန်တော့်အဒေါ်ရဲ့အိမ်တွင်းအကြမ်းဖက်မှုကိုခံနေရဦးမှာပဲ"
လက်ထဲကအဖြေလွှာစာရွက်ဟာ ရုတ်တရပ်ကြီးပူလောင်လာသလိုပဲ၊ ကိုင်ထားဖို့အတွက်တောင် ခက်ခဲနေခဲ့ပြီ
"...ဆရာပြောချင်တာကို ကျွန်တော်နားလည်ပါတယ်။ ယန်ထန့်ကိုဆွဲမထည့်ပါနဲ့..."
"သူ့ကိုဆွဲထည့်နေတာမဟုတ်ဘူး..."
"အဲ့ဒါဆို ဘာလုပ်မလို့လဲ?"
ယန်ထန့်မိဘတွေနဲ့ အတန်းပိုင်ဆရာကိုပြောပြမှာလား၊ ဟယ်ရှင်းချွမ်နဲ့ ဆက်မတွေ့တော့အောင်လေ။
ဟယ်ရှင်းချွမ်မျက်လုံးတွေဟာ ဆရာတုန်ကိုစူးစိုက်ကြည့်လာတယ်
"...သူ့ကိုပြဿနာမရှာပါနဲ့၊ ကျွန်တော်လုပ်သင့်တာကို ကျွန်တော်သိပါတယ်"
ရုံးခန်းထဲမှ ထွက်လာခဲ့ပြီးနောက်၊ ဟယ်ရှင်းချွမ်က အတန်းဆီပြန်လာခဲ့တယ်။
အဖြေလွှာစာရွက်ကို စားပွဲခုံအံဆွဲထဲထည့်လိုက်တယ်။
အတန်းဖော်ကျောင်းသားတစ်ယောက်က သူ့ရှေ့ရောက်လာတယ်၊ မေးခွန်းစာရွက်တစ်ခုနဲ့
"အတန်းခေါင်းဆောင်! ဒီမေးခွန်းလေးပြောပြပေးပါလား?"
အတန်းအပြင်ကယန်ထန်ကို လှမ်းမြင်လိုက်တာကြောင့်၊ ဟယ်ရှင်းချွမ်ဟာ အဖြေမပြန်နိုင်သေးဘူး။
မေးခွန်းစာရွက်ကို ကျောင်းသားဆီပြန်ထိုးပေးကာ
"အရင်ဖတ်ထားဦး၊ ပြန်လာရင်ပြောပြမယ်"
အတန်းအပြင်ဆီပြေးထွက်လာပြီး၊ ယန်ထန့်အနောက်ကိုကပ်လိုက်လာတယ်။
စကားတတ်လွန်းတဲ့ကြက်တူရွေးလေးလို မေးခွန်းတွေလည်းမေးနေသေး။
"ဘာလို့ဒီရောက်နေတာလဲ? အတန်းထဲမှာ ရှိရမှာမဟုတ်ဘူးလား? ဘာဖြစ်လို့လဲ? တစ်ခုခုရှိတာလား?"
အတန်းထဲကျန်ခဲ့တဲ့ကျောင်းသားလေးကတော့ လက်ထဲရှိမေးခွန်းစာရွက်ကိုသာ ကြောင်ကြည့်နေရရှာတယ်။
"အတန်းခေါင်းဆောင်! ဒီလိုတော့မလုပ်နဲ့လေ!!!"
ကျောင်းဂိတ်ဝရဲ့အပြင်ဘက်ကိုတောင် ရောက်လာခဲ့ပြီ။ ယန်ထန့်အနောက်ကဟယ်ရှင်းချွမ်ဟာဖြင့် အပြုံးလေးတွေကို မဖုံးကွယ်ထားနိုင်တော့ဘူး။
ယန်ထန်က အနောက်ကိုလှည့်ကြည့်လာတယ်
"မင်းကိုရောင်းစားပစ်မှာ မကြောက်ဘူးလား?"
"မကြောက်ပါဘူး၊ ရောင်းချင်ရင် ထန်ကောဆီကိုပဲရောင်းမယ်လေ"
"အရူးလေး"
ကျောင်းအနောက်ဘက်ဂိတ်မှာ ဆိုင်ကယ်တစ်စီးရပ်ထားတယ်။
တစ်ကိုယ်လုံးဟာ အနက်ရောင်တောက်တောက်၊ အနောက်ဖက်နားမှာတော့ နာမည်လေးငါးခုကို အဖြူရောင်နဲ့ရေးထားတယ်။
"ဝူကျင်းဆီကနေမှာထားခဲ့တာ၊ ဒီဆိုင်ကယ်ကိုလေ။ ငါ့အဖေသိသွားတော့ လွှင့်ပစ်လိုက်တယ်၊ ကံကောင်းလို့ အကုန်မပျက်စီးသွားခဲ့ဘူး။ ပြန်ပြင်ရတာကလွယ်ပါတယ်..."
ယန်ထန့်လက်ချောင်းတွေဟာ ချူးဖန်ဆိုတဲ့နာမည်ပေါ်ဖိကပ်လို့ထားတယ်။
ဒီနာမည်တွေသာပျောက်သွားခဲ့ရင်တော့ သူထပ်ရေးမိမှာမဟုတ်လောက်ဘူး။
မျက်လုံးလေးတွေတောက်ပနေတဲ့ဟယ်ရှင်းချွမ်ကြောင့်၊ ယန်ထန်က သက်ပြင်းတစ်ချက်ချတယ်။
ဖြူလေးခေါင်းကိုပုတ်ပေးလိုက်ကာ၊ ခြေတံရှည်ရှည်တွေကတော့ ဆိုင်ကယ်ပေါ်ခွထိုင်နှင့်ပြီးပြီ။
ဆိုင်ကယ်အရှေ့ပိုင်းကို လက်ညှိုးထိုးပြလိုက်ပြီး
"မင်းနာမည်ကို ဒီမှာရေးပေးမယ်"
ဒါပေါ့! ဒီလိုပဲဖြစ်သင့်တယ်လေ!
ဆိုင်ကယ်ဦးထုပ်ကိုဆောင်းကာ၊ ဟယ်ရှင်းချွမ်ကလည်း ဆိုင်ကယ်ပေါ်တက်လိုက်တယ်။
ယန်ထန်ရဲ့ခါးကိုလည်း အမိအရဖက်ထားသေး။
တင်းကြပ်နေအောင်အဖက်ခံလိုက်ရသူယန်ထန်က
"စက်တောင်မနှိုးရသေးဘူး၊ နည်းနည်းလောက်ထိန်းပါဦးလား!"
အနောက်ကနေ ရယ်သံလေးတွေကြားနေရတယ်၊ သူ့ကျောပြင်ထက် ခေါင်းမှီလာတာကိုရောပဲ။
ဒီအရူးလေးကို ဘယ်လိုများချစ်မိသွားတာပါလိမ့်?
အရူးလေးရဲ့ဆွဲဆောင်မှုအောက်မှာ ကျရှုံးသွားရပုံပဲ!
ယန်ထန်ဟာ ခါးပေါ်ကလက်တွေကို သူ့အင်္ကျီအိတ်ကပ်တွေထဲထိုးထည့်ပေးလိုက်တယ်။
ထို့နောက်မှာတော့၊ ဆိုင်ကယ်ကိုစက်နှိုးစေတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]
ေရခ်ိဳးၿပီးေနာက္မွာ၊ ႏွစ္ေယာက္သား ေရခ်ိဳးခန္းထဲမွေန ထြက္လာခဲ့က်တယ္။
ဟယ္ရွင္းခြၽမ္အေပၚပိုင္းမွာ အဝတ္အစားမရွိဘူး၊ မတ္တပ္ရပ္လ်က္နဲ႔ပဲ ေရေႏြးပူတစ္ခြက္ကိုေသာက္ေနတယ္။
ဟယ္ရွင္းခြၽမ္ေနာက္ေက်ာက ေတာ္ေတာ္ၾကည့္ေကာင္းတယ္၊ ဒါေပမဲ့ ခါးအထက္နားမွာေတာ့အမာ႐ြတ္ေတြအမ်ားႀကီးနဲ႔။
သူ႔အေဒၚရဲ႕ေဆးလိပ္မီးရာေတြ။
အရင္တုန္းကဆို၊ ဟယ္ရွင္းလ်န္ကိုေသခ်ာေစာင့္ေရွာက္ႏိုင္ဖို႔အတြက္ ပိုက္ဆံမျဖဳန္းရဲဘူး။
အစားအေသာက္ကိုလည္း ေသခ်ာမစားရဲဘူး၊ တစ္ကိုယ္လုံးဟာအ႐ိုးေတြခ်ည္းပဲ။
လမ္းေလွ်ာက္တိုင္း တကြၽတ္ကြၽတ္ျမည္မလားေတာင္စိုးရိမ္ရတယ္။
အခုအခ်ိန္မွာေတာ့၊ ယန္ထန္ရဲ႕ေသခ်ာေကြၽးေမြးေစာင့္ေရွာက္မႈေၾကာင့္ အသားအျပည့္နဲ႔ျဖစ္ေနၿပီ။
ဟိုေနရာရဲ႕အ႐ြယ္အစားကလည္း အထင္ႀကီးေလာက္စရာပါပဲ...
ယန္ထန္က ဟယ္ရွင္းခြၽမ္ကိုတစ္ခ်က္လွမ္းၾကည့္လာကာ
"အရပ္ထပ္ရွည္လာတာလား?"
နံရံနားကပ္ခိုင္းလိုက္ၿပီး၊ ေပတံယူကာ အရပ္တိုင္းၾကည့္လိုက္တယ္။
၁၈၃စင္တီမီတာ!
"ဘယ္ေလာက္လဲ?"
ယန္ထန္က စိတ္မပါဟန္နဲ႔ျပန္ေျဖတယ္
"၁၈၃စင္တီမီတာ"
"အိုး...ထန္ေကာနဲ႔ ဘယ္ေလာက္မွမကြာပါဘူး"
ယန္ထန္႔ခါးကိုဖက္တြယ္ရင္း ေျပာလာတယ္။
ဒီစကားက ယန္ထန္႔ကိုပိုစိတ္ဓာတ္က်ေစတယ္။
အိပ္ရာေပၚမွာလွဲလ်က္၊ မ်က္ႏွာေပၚမွာေတာ့ မေသခ်ာမေရရာမႈမ်ားအျပည့္ျဖင့္။
ေနာက္တစ္ေန႔မနက္မွာေတာ့၊ အိမ္မွာရွိသမွ်ႏြားႏို႔ေတြ အကုန္ေပ်ာက္သြားတာကို ဟယ္ရွင္းခြၽမ္ေတြ႕လိုက္ရတယ္။
မရယ္ဘဲနဲ႔မေနႏိုင္ေတာ့ဘူး။
သူ႔ေကာင္ေလးရဲ႕မာနက အရပ္နဲ႔တိုင္းတာမ်ားလား?
"ရွင္းခြၽမ္...သားရဲ႕လဝက္စာေမးပြဲအမွတ္က ထပ္က်သြားျပန္ၿပီ..."
ဆရာတုန္က သူ႔ႏွာ႐ိုးကိုျပန္ကိုင္ေနရင္းေျပာလာတယ္၊ အလြန္ပင္ပန္းေနပုံျဖင့္။
"အဆင့္က ၃၅အထိထိုးက်သြားတယ္၊ တစ္ခုခုေျပာခ်င္တာမရွိဘူးလား?"
ဟယ္ရွင္းခြၽမ္က ေခါင္းခါျပတယ္။
ဘာေျပာရမွာလဲ?
ဘဝဆိုတာ အတက္အက်ေတြနဲ႔ပဲတည္ေဆာက္ထားတာမဟုတ္ဘူးလား?
ဆရာတုန္က အသံတိုးတိုးနဲ႔ေျပာတယ္
"ယန္ထန္နဲ႔အရမ္းတြဲေနတာမလား? ယန္ထန္က စာမႀကိဳးစားရင္ေတာင္ သူ႔မိဘေတြကေထာက္ပံ့ေပးႏိုင္တယ္။ တကၠသိုလ္မတက္ရရင္ေတာင္မွ သူ႔ဘဝအတြက္ေနရာတစ္ခုရႏိုင္ေသးတယ္။ သားက သူနဲ႔မတူဘူး၊ ေကြၽးေမြးရမဲ့ညီေလးရွိေသးတယ္ေလ။ သား တကၠသိုလ္ေကာင္းေကာင္းဝင္မွရမယ္၊ နားလည္လား? ဆရာက သားေကာင္းဖို႔အတြက္ေျပာေနတာပါ"
"ဆရာ၊ ယန္ထန္ေၾကာင့္သာမဟုတ္ရင္ ကြၽန္ေတာ့္အေဒၚရဲ႕အိမ္တြင္းအၾကမ္းဖက္မႈကိုခံေနရဦးမွာပဲ"
လက္ထဲကအေျဖလႊာစာ႐ြက္ဟာ ႐ုတ္တရပ္ႀကီးပူေလာင္လာသလိုပဲ၊ ကိုင္ထားဖို႔အတြက္ေတာင္ ခက္ခဲေနခဲ့ၿပီ
"...ဆရာေျပာခ်င္တာကို ကြၽန္ေတာ္နားလည္ပါတယ္။ ယန္ထန္႔ကိုဆြဲမထည့္ပါနဲ႔..."
"သူ႔ကိုဆြဲထည့္ေနတာမဟုတ္ဘူး..."
"အဲ့ဒါဆို ဘာလုပ္မလို႔လဲ?"
ယန္ထန္႔မိဘေတြနဲ႔ အတန္းပိုင္ဆရာကိုေျပာျပမွာလား၊ ဟယ္ရွင္းခြၽမ္နဲ႔ ဆက္မေတြ႕ေတာ့ေအာင္ေလ။
ဟယ္ရွင္းခြၽမ္မ်က္လုံးေတြဟာ ဆရာတုန္ကိုစူးစိုက္ၾကည့္လာတယ္
"...သူ႔ကိုျပႆနာမရွာပါနဲ႔၊ ကြၽန္ေတာ္လုပ္သင့္တာကို ကြၽန္ေတာ္သိပါတယ္"
႐ုံးခန္းထဲမွ ထြက္လာခဲ့ၿပီးေနာက္၊ ဟယ္ရွင္းခြၽမ္က အတန္းဆီျပန္လာခဲ့တယ္။
အေျဖလႊာစာ႐ြက္ကို စားပြဲခုံအံဆြဲထဲထည့္လိုက္တယ္။
အတန္းေဖာ္ေက်ာင္းသားတစ္ေယာက္က သူ႔ေရွ႕ေရာက္လာတယ္၊ ေမးခြန္းစာ႐ြက္တစ္ခုနဲ႔
"အတန္းေခါင္းေဆာင္! ဒီေမးခြန္းေလးေျပာျပေပးပါလား?"
အတန္းအျပင္ကယန္ထန္ကို လွမ္းျမင္လိုက္တာေၾကာင့္၊ ဟယ္ရွင္းခြၽမ္ဟာ အေျဖမျပန္ႏိုင္ေသးဘူး။
ေမးခြန္းစာ႐ြက္ကို ေက်ာင္းသားဆီျပန္ထိုးေပးကာ
"အရင္ဖတ္ထားဦး၊ ျပန္လာရင္ေျပာျပမယ္"
အတန္းအျပင္ဆီေျပးထြက္လာၿပီး၊ ယန္ထန္႔အေနာက္ကိုကပ္လိုက္လာတယ္။
စကားတတ္လြန္းတဲ့ၾကက္တူေ႐ြးေလးလို ေမးခြန္းေတြလည္းေမးေနေသး။
"ဘာလို႔ဒီေရာက္ေနတာလဲ? အတန္းထဲမွာ ရွိရမွာမဟုတ္ဘူးလား? ဘာျဖစ္လို႔လဲ? တစ္ခုခုရွိတာလား?"
အတန္းထဲက်န္ခဲ့တဲ့ေက်ာင္းသားေလးကေတာ့ လက္ထဲရွိေမးခြန္းစာ႐ြက္ကိုသာ ေၾကာင္ၾကည့္ေနရရွာတယ္။
"အတန္းေခါင္းေဆာင္! ဒီလိုေတာ့မလုပ္နဲ႔ေလ!!!"
ေက်ာင္းဂိတ္ဝရဲ႕အျပင္ဘက္ကိုေတာင္ ေရာက္လာခဲ့ၿပီ။ ယန္ထန္႔အေနာက္ကဟယ္ရွင္းခြၽမ္ဟာျဖင့္ အၿပဳံးေလးေတြကို မဖုံးကြယ္ထားႏိုင္ေတာ့ဘူး။
ယန္ထန္က အေနာက္ကိုလွည့္ၾကည့္လာတယ္
"မင္းကိုေရာင္းစားပစ္မွာ မေၾကာက္ဘူးလား?"
"မေၾကာက္ပါဘူး၊ ေရာင္းခ်င္ရင္ ထန္ေကာဆီကိုပဲေရာင္းမယ္ေလ"
"အ႐ူးေလး"
ေက်ာင္းအေနာက္ဘက္ဂိတ္မွာ ဆိုင္ကယ္တစ္စီးရပ္ထားတယ္။
တစ္ကိုယ္လုံးဟာ အနက္ေရာင္ေတာက္ေတာက္၊ အေနာက္ဖက္နားမွာေတာ့ နာမည္ေလးငါးခုကို အျဖဴေရာင္နဲ႔ေရးထားတယ္။
"ဝူက်င္းဆီကေနမွာထားခဲ့တာ၊ ဒီဆိုင္ကယ္ကိုေလ။ ငါ့အေဖသိသြားေတာ့ လႊင့္ပစ္လိုက္တယ္၊ ကံေကာင္းလို႔ အကုန္မပ်က္စီးသြားခဲ့ဘူး။ ျပန္ျပင္ရတာကလြယ္ပါတယ္..."
ယန္ထန္႔လက္ေခ်ာင္းေတြဟာ ခ်ဴးဖန္ဆိုတဲ့နာမည္ေပၚဖိကပ္လို႔ထားတယ္။
ဒီနာမည္ေတြသာေပ်ာက္သြားခဲ့ရင္ေတာ့ သူထပ္ေရးမိမွာမဟုတ္ေလာက္ဘူး။
မ်က္လုံးေလးေတြေတာက္ပေနတဲ့ဟယ္ရွင္းခြၽမ္ေၾကာင့္၊ ယန္ထန္က သက္ျပင္းတစ္ခ်က္ခ်တယ္။
ျဖဴေလးေခါင္းကိုပုတ္ေပးလိုက္ကာ၊ ေျခတံရွည္ရွည္ေတြကေတာ့ ဆိုင္ကယ္ေပၚခြထိုင္ႏွင့္ၿပီးၿပီ။
ဆိုင္ကယ္အေရွ႕ပိုင္းကို လက္ညႇိဳးထိုးျပလိုက္ၿပီး
"မင္းနာမည္ကို ဒီမွာေရးေပးမယ္"
ဒါေပါ့! ဒီလိုပဲျဖစ္သင့္တယ္ေလ!
ဆိုင္ကယ္ဦးထုပ္ကိုေဆာင္းကာ၊ ဟယ္ရွင္းခြၽမ္ကလည္း ဆိုင္ကယ္ေပၚတက္လိုက္တယ္။
ယန္ထန္ရဲ႕ခါးကိုလည္း အမိအရဖက္ထားေသး။
တင္းၾကပ္ေနေအာင္အဖက္ခံလိုက္ရသူယန္ထန္က
"စက္ေတာင္မႏႈိးရေသးဘူး၊ နည္းနည္းေလာက္ထိန္းပါဦးလား!"
အေနာက္ကေန ရယ္သံေလးေတြၾကားေနရတယ္၊ သူ႔ေက်ာျပင္ထက္ ေခါင္းမွီလာတာကိုေရာပဲ။
ဒီအ႐ူးေလးကို ဘယ္လိုမ်ားခ်စ္မိသြားတာပါလိမ့္?
အ႐ူးေလးရဲ႕ဆြဲေဆာင္မႈေအာက္မွာ က်ရႈံးသြားရပုံပဲ!
ယန္ထန္ဟာ ခါးေပၚကလက္ေတြကို သူ႔အက်ႌအိတ္ကပ္ေတြထဲထိုးထည့္ေပးလိုက္တယ္။
ထို႔ေနာက္မွာေတာ့၊ ဆိုင္ကယ္ကိုစက္ႏႈိးေစတယ္။