လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

Por Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... Mais

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၃၄(စိမ်းကားခြင်း)

6.9K 1.1K 53
Por Indolent-Senorita

Scroll down for Zawgyi.

Unicode

" မင်း မ​နေ့ညက ဘယ်မှာရှိ​နေခဲ့တာလဲ ? "   ​ပေါ်ယွီက ​ဒေါသထွက်​နေတဲ့အသံနဲ့အတူ တိုက်ရိုက်ပဲ တန်း​မေးလိုက်သည်။

" ကျွန်​တော် ....... "   ​မော့အန်းယွီဟာ မသိစိတ်ရဲ့​စေ့​ဆော်မှုအရ ဝိုးတိုးဝါးတားနဲ့ အဲဒီ​မေးခွန်းကို ​ပြန်ဖြေဖို့ ​ရှောင်ဖယ်လိုက်သည်။ဒါ​ပေမယ့် သူ မစဥ်းစားမိတာက ဖုန်းတစ်ဖက်မှာရှိတဲ့ ​ပေါ်ယွီဟာ ချက်ချင်း ​ဒေါသထွက်သွားလိမ့်မယ်ဆိုတာပဲဖြစ်သည်။

​ပေါ်ယွီက ​အေးစက်စွာ ​ပြောလိုက်သည်။
  " ငါ ငါ့က​လေးကို မင်းဆီမှာထားခဲ့ရတဲ့ ရည်ရွယ်ချက်က မင်း သူ့ကို နာကျင်​ခံစားအောင်လုပ်ဖို့ မဟုတ်ဘူး "

​ပေါ်ယွီရဲ့ရင်ဘတ်ဟာ အသက်ရှူနှုန်း​ကြောင့် ပြင်းပြင်းထန်ထန် နိမ့်ချည်မြင့်ချည်ဖြစ်​နေပြီး ​မော့အန်းယွီအ​ပေါ်ထွက်တဲ့ သူ့​ဒေါသ​တွေကို မျိုချ​နေရသည်။

သူ အကူအညီမဲ့​နေတဲ့အချိန်မှာ ​မော့အန်းယွီက ဖရဲသီး​လေးကို ဂရုစိုက်​ပေးချင်တဲ့ ဆန္ဒရှိတယ်ဆိုတာ မဖြစ်စဖူးဖြစ်​နေတယ်ဆို​ပေမယ့် သူ ​တွေ့ရုံ​လေး​တွေ့ဖူးတဲ့ လူတစ်​ယောက်ကို အရမ်းကြီး ​မျှော်လင့်မထားခဲ့သင့်ဘူး !!!

" ကျွန်​တော့်ကို ​ဒေါသမထွက်ပါနဲ့ "   ​မော့အန်းယွီက ​ကြောက်ရွံ့ကာ ထိပ်ထိပ်ပျာပျာ ဖြစ်​နေသည်။

" မဟုတ်ဘူး "   ​ပေါ်ယွီက ဂရုမစိုက်စွာ ​ပြောလိုက်သည်။   " စကားမစပ် , ငါ ငါ့သူငယ်ချင်း​တွေထဲက တစ်​ယောက်ဆီ ငါ့က​လေးကို ဂရုစိုက်​ပေးဖို့ ​ပြောထားပြီးပြီ ။ အဲဒီ​တော့ မင်း အနားယူလို့ရပြီ "

" မ​နေ့ညတုန်းက ကျွန်​တော့်အမှားပါ ။ ကျွန်​တော် နောက်တစ်ကြိမ် အဲဒီလိုမဖြစ်​စေရဘူးလို့ ကတိ​ပေးပါတယ် ။ ​ကျေးဇူးပြုပြီး ကျွန်​တော့်ကို စိတ်မဆိုးပါနဲ့​နော် "   ဒါက ​မော့အန်းယွီအတွက် ပထမဆုံးအကြိမ် အရမ်းကို ရိုရိုကျိုးကျိုးနဲ့ နှိမ့်ချ​တောင်းပန်ဖူးတာ ဖြစ်သည်။

​ပေါ်ယွီက ခဏ​လောက် တိတ်ဆိတ်​နေပြီး ​ပြောလိုက်သည်။   " ​ရှောင်​မော့ , ဒီနှစ်ရက်မှာ ငါ့ကို ကူညီပြီး ဖရဲသီး​လေးကို ဂရုစိုက်​ပေးတာ အရမ်း​ကျေးဇူးတင်တယ် ။ ငါ ပြန်လာတဲ့အခါကျမှပဲ ငါ့ရဲ့​ကျေးဇူးတင်တဲ့စိတ်ကို ​ဖော်ပြ​တော့မယ် ။ ဟုတ်ပြီ , ငါ အလုပ်စလုပ်ရ​တော့မယ် ။ ဒါပဲ "

" စုန့်ရှီလင် မဟုတ်လား ? "   ​မော့အန်းယွီက စိတ်လှုပ်ရှားစွာ ​အော်ဟစ်လိုက်သည်။

​ပေါ်ယွီမှာ အံ့သြသွားသည်။​မော့အန်းယွီက စုန့်ရှီလင်ကို သိ​နေရုံသာမက သူ ဖရဲသီး​လေးကို စုန့်ရှီလင်ဆီ ဂရုစိုက်​ပေးဖို့အတွက် အပ်ထားမှာကိုပါ ခန်မှန်းမိ​နေမှန်း​ ​ပေါ်ယွီ မသိ​ချေ။

သူတို့နှစ်​ယောက်လုံးဟာ ဖုန်းထဲမှာ တိတ်ဆိတ်​နေကြသည်​။​လေထုက အရမ်းကို ဆိတ်ငြိမ်​အေးစက်လွန်း​နေတာ​ကြောင့် သူတို့​တွေက တစ်​ယောက်နဲ့တစ်ယောက်ရဲ့ အသက်ရှူသံကို​တောင် ကြားနိုင်​ပေသည်။

" မင်းကို ​နောက်မှ ဖုန်း​ခေါ်လိုက်မယ် "   ​ပြောပြီးတာနဲ့ ​ပေါ်ယွီက ခန့်မှန်းလို့မရနိုင်တဲ့ မျက်နှာအမူအရာနဲ့အတူ ဖုန်းချသွား​တော့သည်။

​မော့အန်းယွီက ဖုန်းထဲက​​နေ တတီတီမြည်သံကို ကြားလိုက်ရတဲ့အခါ ဖုန်းကို ကြမ်းပြင်​ပေါ် လွှင့်ပစ်လိုက်သည်။ဖုန်းဖန်သားပြင်ထက်မှာ အက်​ကြောင်းရာ​တွေ ​ပေါ်လာ​လေသည်။

______ ​ပေါ်ယွီရဲ့စကားအရိပ်အ​ယောင် ၊ အရက်နာကျ​နေတာရယ်နဲ့ အလွန်အကျွံ​သောက်စားခဲ့တာ​တွေက သူ့ကို ​ဒေါသထွက်​စေပြီး သူ့ရဲ့အပြာ​ရောင်​သွေး​ကြော​တွေ​တောင် ထင်းလာသည်။

" သခင်​လေး , ​မော့သခင်မက သခင်​လေးကို အခု အိမ်ပြန်လာဖို့ ​ပြောပါတယ် "   ဖုန်းတစ်​ကော လက်ခံရရှိပြီးတဲ့​နောက် ကိုယ်ရံ​တော်တစ်​ယောက်က ​ရှေ့ကို ထွက်လာပြီး ဂရုတစိုက်နဲ့ ​ပြောလိုက်သည်။

​မော့အန်းယွီက ​ဒေါသတကြီးနဲ့ နံရံကို ပိတ်ကန်ကာ ထွက်သွား​တော့သည်။သူ တံခါး၀ကို ​ရောက်တဲ့အချိန်မှာ ​မော့အန်းယွီက ရပ်လိုက်ပြီး ​ပြောလာခဲ့သည်။   " ဒီ​နေရာကို ရှင်းလိုက် "

___________

​ပေါ်ယွီ ဖုန်းချလိုက်ပြီး သူ့လက်​တွေနဲ့ နားထင်ကို နှိပ်နယ်လိုက်သည်။သူ့ရဲ့​ခြေ​တွေလက်​တွေကလည်း ​အေးစက်လို့​နေသည်။

တစ်​နေ့တုန်းက ချူး၀မ်၀မ်ဟာ သူ့ကို တစ်နာရီခွဲ​ကျော်​ကျော်​လောက် ​ရေ​တွေရွှဲရွှဲစို​​နေရအောင် လှည့်စားခဲ့တာ​ကြောင့် မ​နေ့ကစပြီး သူ ကိုယ်​တွေပူကာ ​ခေါင်းမူး​နေသည်။ဒါ​ပေမယ့် မပြီးပြတ်​သေးတဲ့ အလုပ်​တွေကို လုပ်ဖို့အတွက် ​ပေါ်ယွီက ရိုင်ကွင်းမှာပဲ အ​ကြော​ဆေးတစ်လုံးချိတ်ရင်းနဲ့ သရုပ်​ဆောင်​နေခဲ့ရသည်။

ဒါ​ကြောင့် သူ သရုပ်​ဆောင်ရမယ့်အပိုင်း​တွေ ပြီးသွားတဲ့အချိန်မှာ ​ပေါ်ယွီ အလွန်ကိုပဲ ပင်ပန်းနွမ်းနယ်​နေပြီဖြစ်သည်။သူ ဟိုတယ်ကို ပြန်​ရောက်​ရောက်ချင်း တန်းပြီးအိပ်​ပျော်သွားခဲ့တာ​ကြောင့် ​ပေါ်ယွီက သူ့ဖုန်းအားကုန်​နေတာကို​တောင် မသိလိုက်​တော့​ပေ။

အဲဒါ​ကြောင့်ပဲ မ​နေ့ညက ဘယ်သူမှ သူ့ဆီ ဖုန်းဆက်မရနိုင်တာဖြစ်သည်။

" ​ပေါ်​ကော , အဆင်​ပြေရဲ့လား ? "   ​ရှောင်လီက သူ့လက်ထဲမှာ ​ရေ​နွေးတစ်ခွက်နဲ့အတူ ၀င်လာပြီး ​ဖျော့​တော့​နေတဲ့ ​ပေါ်ယွီကို ကြည့်လိုက်သည်။

" အင်း , အများကြီး ပိုသက်သာလာပါပြီ "   ​ပေါ်ယွီက လက်ကို ​ဝှေ့ယမ်းပြပြီး ​ရေ​နွေးခွက်ကို ယူ​သောက်လိုက်သည်။မ​နေ့ညကတည်းက သူ သူ့ရဲ့၀မ်းဗိုက်ထဲက​နေ စူး​အောင့်​နေတဲ့ နာကျင်မှုကို ခံစား​နေရတာဖြစ်သည်။အခုမှပဲ သူ ပိုပြီးသက်သာလာ​တော့သည်။

" ငါ အလုပ်စလုပ်ရ​တော့မယ့် အချိန်​ရောက်ရင် ငါ့ကို သတိ​ပေးဦး ။ ငါ အခု​တော့ အနားယူလိုက်ဦးမယ် "   ​ပေါ်ယွီက သူ့ကိုယ်သူ ​​စောင်ခြုံလိုက်ပြီး မသိစိတ်က​နေ အလိုလို သူ့ဗိုက်​လေး​ပေါ်ကို လက်တင်ကာ အိပ်ဖို့အတွက် မျက်လုံး​တွေ မှိတ်လိုက်​တော့သည်။

{ T / N ; ဒီနား​လေးမှာဆိုရင်​​​တော့ဖြင့် International fan ​တွေဟာ ​ပေါ်ယွီ့မှာ ​နောက်ထပ် ကိုယ်၀န်ရှိမရှိကို အကြိတ်အနယ် ​ဆွေး​နွေး​နေကြတာပဲဖြစ်ပါတယ်ရှင် ... ကိုယ်၀န်ရှိသလား မရှိဘူးလားဆိုတာက​တော့ ​ငွေ​ရောင်ပိတ်ကား​ပေါ်မှာ ဆက်လက်ရှူစားကြပါစို့လားရှင် }

__________

​မော့အန်းယွီရဲ့အ​မေက မ​ပျော်မရွှင်ဖြစ်​နေသည်။   " မင်း အခုတ​လော ​ပေါ်ယွီဆိုတဲ့ အမျိုးသားကြယ်ပွင့်နဲ့ ဘာလို့ အရမ်းကြီး နီးနီးကပ်ကပ် ​နေ​နေတာလဲ ? မင်းက သူ့သားကို ​စောင့်​ရှောက်​ပေးဖို့​တောင် ကူညီလိုက်​သေးတယ် ? ​မော့အန်းယွီ , မင်း တကယ်ပဲ ဘာ​တွေစဉ်းစား​နေတာလဲ ? "

" မား , မစိုးရိမ်ပါနဲ့ ။ ဒါ ကျွန်​တော့်ကိစ္စပါ "   ​မော့အန်းယွီက သူ့နဖူးကို ဖိကိုင်လိုက်သည်။ မ​နေ့ညက တစ်ညလုံး​သောက်စားခဲ့တဲ့ အကျိုးဆက်က ​တော်​တော်​လေး ပြင်းတာပဲ ။

" အဲဒီလို ကလိမ်ကကျစ်ကျတဲ့ လူတစ်​ယောက်နဲ့ သူငယ်ချင်းမလုပ်စမ်းပါနဲ့ ။ ငါ့ရဲ့မိုက်မဲလှတဲ့ သား​လေး​ရေ , သူက မင်းရဲ့​ငွေ​တွေကိုပဲ သ​ဘောကျတာဟဲ့ ! "   ​မော့အန်းယွီက မထုံတက်​တေးနဲ့ ​ပေကပ်ကပ် လုပ်​နေတဲ့အခါ ​မော့အန်းယွီရဲ့အ​မေက အရမ်းကို ​ဒေါသထွက်သွားပြီး သူမအငယ်ဆုံးသား​လေးရဲ့နဖူးကို လက်ညှိုးနဲ့ ထိုးလိုက်သည်။

​မော့အန်းယွီက​တော့ ၀တ်​ကျေတမ်း​ကျေသာ ​ခေါင်းငြိမ့်ပြလိုက်​လေသည်။

​မော့အန်းယွီရဲ့အ​မေက သက်ပြင်းချလိုက်ပြီး ယုတ်ညံ့တဲ့ ရည်ရွယ်ချက်​တွေရှိတဲ့ ​ပေါ်ယွီကို  ဘယ်လိုနှင်ထုတ်ပစ်ရမလဲဆိုတာ စဉ်းစား​နေသည်။သူမက သူမရဲ့သားငယ်​လေးဟာ သူမအ​ပေါ် စိတ်ဆိုးသွားမှာကိုလည်း ခွင့်မပြုနိုင်​ပေ။

​မော့အန်းယွီက သူ့အ​မေ မူမမှန်ဖြစ်​နေတာကို မရိပ်မိ​ဘဲ စုန့်ရှီလင်ဆီက​နေ က​လေးကို ဘယ်လိုနည်းနဲ့ ရ​အောင်ပြန်ယူရမလဲဆိုတာကိုပဲ အမြဲ စဉ်းစား​နေတာဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အဲဒီကိစ္စ​ကြောင့် ​ပေါ်ယွီက သူ့ကို စိမ်းကားသွားမှာ သူ ခွင့်မပြုနိုင်ဘူး !!!

.
.
.
.
.
.

ကိုယ်​လေ ငါးဆားနယ်​လေးကို တကယ် up ​ပေးချင်​နေပင်မယ့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူးဖြစ်​နေလို့ ​နောက်ထပ် နှစ်ရက်သုံးရက်​လောက်ပဲ ​စောင့်​ပေး​နော် အဲ့ကျ အပိုင်း ၂ ​ရေးတင်​ပေးမယ် ဟီး ......







Zawgyi

" မင္း မ​ေန႔ညက ဘယ္မွာ႐ွိ​ေနခဲ့တာလဲ ? "   ​ေပၚယြီက ​ေဒါသထြက္​ေနတဲ့အသံနဲ႔အတူ တိုက္႐ိုက္ပဲ တန္း​ေမးလိုက္သည္။

" ကြၽန္​ေတာ္ ....... "   ​ေမာ့အန္းယြီဟာ မသိစိတ္ရဲ႕​ေစ့​ေဆာ္မႈအရ ဝိုးတိုးဝါးတားနဲ႔ အဲဒီ​ေမးခြန္းကို ​ျပန္ေျဖဖို႔ ​ေ႐ွာင္ဖယ္လိုက္သည္။ဒါ​ေပမယ့္ သူ မစဥ္းစားမိတာက ဖုန္းတစ္ဖက္မွာ႐ွိတဲ့ ​ေပၚယြီဟာ ခ်က္ခ်င္း ​ေဒါသထြက္သြားလိမ့္မယ္ဆိုတာပဲျဖစ္သည္။

​ေပၚယြီက ​ေအးစက္စြာ ​ေျပာလိုက္သည္။
  " ငါ ငါ့က​ေလးကို မင္းဆီမွာထားခဲ့ရတဲ့ ရည္႐ြယ္ခ်က္က မင္း သူ႕ကို နာက်င္​ခံစားေအာင္လုပ္ဖို႔ မဟုတ္ဘူး "

​ေပၚယြီရဲ႕ရင္ဘတ္ဟာ အသက္႐ွဴႏႈန္း​ေၾကာင့္ ျပင္းျပင္းထန္ထန္ နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္​ေနၿပီး ​ေမာ့အန္းယြီအ​ေပၚထြက္တဲ့ သူ႕​ေဒါသ​ေတြကို မ်ိဳခ်​ေနရသည္။

သူ အကူအညီမဲ့​ေနတဲ့အခ်ိန္မွာ ​ေမာ့အန္းယြီက ဖရဲသီး​ေလးကို ဂ႐ုစိုက္​ေပးခ်င္တဲ့ ဆႏၵ႐ွိတယ္ဆိုတာ မျဖစ္စဖူးျဖစ္​ေနတယ္ဆို​ေပမယ့္ သူ ​ေတြ႕႐ုံ​ေလး​ေတြ႕ဖူးတဲ့ လူတစ္​ေယာက္ကို အရမ္းႀကီး ​ေမွ်ာ္လင့္မထားခဲ့သင့္ဘူး !!!

" ကြၽန္​ေတာ္႕ကို ​ေဒါသမထြက္ပါနဲ႔ "   ​ေမာ့အန္းယြီက ​ေၾကာက္႐ြံ႕ကာ ထိပ္ထိပ္ပ်ာပ်ာ ျဖစ္​ေနသည္။

" မဟုတ္ဘူး "   ​ေပၚယြီက ဂ႐ုမစိုက္စြာ ​ေျပာလိုက္သည္။   " စကားမစပ္ , ငါ ငါ့သူငယ္ခ်င္း​ေတြထဲက တစ္​ေယာက္ဆီ ငါ့က​ေလးကို ဂ႐ုစိုက္​ေပးဖို႔ ​ေျပာထားၿပီးၿပီ ။ အဲဒီ​ေတာ့ မင္း အနားယူလို႔ရၿပီ "

" မ​ေန႔ညတုန္းက ကြၽန္​ေတာ္႕အမွားပါ ။ ကြၽန္​ေတာ္ ေနာက္တစ္ႀကိမ္ အဲဒီလိုမျဖစ္​ေစရဘူးလို႔ ကတိ​ေပးပါတယ္ ။ ​ေက်းဇူးျပဳၿပီး ကြၽန္​ေတာ္႕ကို စိတ္မဆိုးပါနဲ႔​ေနာ္ "   ဒါက ​ေမာ့အန္းယြီအတြက္ ပထမဆုံးအႀကိမ္ အရမ္းကို ႐ို႐ိုက်ိဳးက်ိဳးနဲ႔ ႏွိမ့္ခ်​ေတာင္းပန္ဖူးတာ ျဖစ္သည္။

​ေပၚယြီက ခဏ​ေလာက္ တိတ္ဆိတ္​ေနၿပီး ​ေျပာလိုက္သည္။   " ​ေ႐ွာင္​ေမာ့ , ဒီႏွစ္ရက္မွာ ငါ့ကို ကူညီၿပီး ဖရဲသီး​ေလးကို ဂ႐ုစိုက္​ေပးတာ အရမ္း​ေက်းဇူးတင္တယ္ ။ ငါ ျပန္လာတဲ့အခါက်မွပဲ ငါ့ရဲ႕​ေက်းဇူးတင္တဲ့စိတ္ကို ​ေဖာ္ျပ​ေတာ့မယ္ ။ ဟုတ္ၿပီ , ငါ အလုပ္စလုပ္ရ​ေတာ့မယ္ ။ ဒါပဲ "

" စုန္႔႐ွီလင္ မဟုတ္လား ? "   ​ေမာ့အန္းယြီက စိတ္လႈပ္႐ွားစြာ ​ေအာ္ဟစ္လိုက္သည္။

​ေပၚယြီမွာ အံ့ၾသသြားသည္။​ေမာ့အန္းယြီက စုန္႔႐ွီလင္ကို သိ​ေန႐ုံသာမက သူ ဖရဲသီး​ေလးကို စုန္႔႐ွီလင္ဆီ ဂ႐ုစိုက္​ေပးဖို႔အတြက္ အပ္ထားမွာကိုပါ ခန္မွန္းမိ​ေနမွန္း​ ​ေပၚယြီ မသိ​ေခ်။

သူတို႔ႏွစ္​ေယာက္လုံးဟာ ဖုန္းထဲမွာ တိတ္ဆိတ္​ေနၾကသည္​။​ေလထုက အရမ္းကို ဆိတ္ၿငိမ္​ေအးစက္လြန္း​ေနတာ​ေၾကာင့္ သူတို႔​ေတြက တစ္​ေယာက္နဲ႔တစ္ေယာက္ရဲ႕ အသက္႐ွဴသံကို​ေတာင္ ၾကားႏိုင္​ေပသည္။

" မင္းကို ​ေနာက္မွ ဖုန္း​ေခၚလိုက္မယ္ "   ​ေျပာၿပီးတာနဲ႔ ​ေပၚယြီက ခန္႔မွန္းလို႔မရႏိုင္တဲ့ မ်က္ႏွာအမူအရာနဲ႔အတူ ဖုန္းခ်သြား​ေတာ့သည္။

​ေမာ့အန္းယြီက ဖုန္းထဲက​​ေန တတီတီျမည္သံကို ၾကားလိုက္ရတဲ့အခါ ဖုန္းကို ၾကမ္းျပင္​ေပၚ လႊင့္ပစ္လိုက္သည္။ဖုန္းဖန္သားျပင္ထက္မွာ အက္​ေၾကာင္းရာ​ေတြ ​ေပၚလာ​ေလသည္။

______ ​ေပၚယြီရဲ႕စကားအရိပ္အ​ေယာင္ ၊ အရက္နာက်​ေနတာရယ္နဲ႔ အလြန္အကြၽံ​ေသာက္စားခဲ့တာ​ေတြက သူ႕ကို ​ေဒါသထြက္​ေစၿပီး သူ႕ရဲ႕အျပာ​ေရာင္​ေသြး​ေၾကာ​ေတြ​ေတာင္ ထင္းလာသည္။

" သခင္​ေလး , ​ေမာ့သခင္မက သခင္​ေလးကို အခု အိမ္ျပန္လာဖို႔ ​ေျပာပါတယ္ "   ဖုန္းတစ္​ေကာ လက္ခံရ႐ွိၿပီးတဲ့​ေနာက္ ကိုယ္ရံ​ေတာ္တစ္​ေယာက္က ​ေ႐ွ႕ကို ထြက္လာၿပီး ဂ႐ုတစိုက္နဲ႔ ​ေျပာလိုက္သည္။

​ေမာ့အန္းယြီက ​ေဒါသတႀကီးနဲ႔ နံရံကို ပိတ္ကန္ကာ ထြက္သြား​ေတာ့သည္။သူ တံခါး၀ကို ​ေရာက္တဲ့အခ်ိန္မွာ ​ေမာ့အန္းယြီက ရပ္လိုက္ၿပီး ​ေျပာလာခဲ့သည္။   " ဒီ​ေနရာကို ႐ွင္းလိုက္ "

___________

​ေပၚယြီ ဖုန္းခ်လိုက္ၿပီး သူ႕လက္​ေတြနဲ႔ နားထင္ကို ႏွိပ္နယ္လိုက္သည္။သူ႕ရဲ႕​ေျခ​ေတြလက္​ေတြကလည္း ​ေအးစက္လို႔​ေနသည္။

တစ္​ေန႔တုန္းက ခ်ဴး၀မ္၀မ္ဟာ သူ႕ကို တစ္နာရီခြဲ​ေက်ာ္​ေက်ာ္​ေလာက္ ​ေရ​ေတြ႐ႊဲ႐ႊဲစို​​ေနရေအာင္ လွည့္စားခဲ့တာ​ေၾကာင့္ မ​ေန႔ကစၿပီး သူ ကိုယ္​ေတြပူကာ ​ေခါင္းမူး​ေနသည္။ဒါ​ေပမယ့္ မၿပီးျပတ္​ေသးတဲ့ အလုပ္​ေတြကို လုပ္ဖို႔အတြက္ ​ေပၚယြီက ႐ိုင္ကြင္းမွာပဲ အ​ေၾကာ​ေဆးတစ္လုံးခ်ိတ္ရင္းနဲ႔ သ႐ုပ္​ေဆာင္​ေနခဲ့ရသည္။

ဒါ​ေၾကာင့္ သူ သ႐ုပ္​ေဆာင္ရမယ့္အပိုင္း​ေတြ ၿပီးသြားတဲ့အခ်ိန္မွာ ​ေပၚယြီ အလြန္ကိုပဲ ပင္ပန္းႏြမ္းနယ္​ေနၿပီျဖစ္သည္။သူ ဟိုတယ္ကို ျပန္​ေရာက္​ေရာက္ခ်င္း တန္းၿပီးအိပ္​ေပ်ာ္သြားခဲ့တာ​ေၾကာင့္ ​ေပၚယြီက သူ႕ဖုန္းအားကုန္​ေနတာကို​ေတာင္ မသိလိုက္​ေတာ့​ေပ။

အဲဒါ​ေၾကာင့္ပဲ မ​ေန႔ညက ဘယ္သူမွ သူ႕ဆီ ဖုန္းဆက္မရႏိုင္တာျဖစ္သည္။

" ​ေပၚ​ေကာ , အဆင္​ေျပရဲ႕လား ? "   ​ေ႐ွာင္လီက သူ႕လက္ထဲမွာ ​ေရ​ေႏြးတစ္ခြက္နဲ႔အတူ ၀င္လာၿပီး ​ေဖ်ာ့​ေတာ့​ေနတဲ့ ​ေပၚယြီကို ၾကည့္လိုက္သည္။

" အင္း , အမ်ားႀကီး ပိုသက္သာလာပါၿပီ "   ​ေပၚယြီက လက္ကို ​ေဝွ႔ယမ္းျပၿပီး ​ေရ​ေႏြးခြက္ကို ယူ​ေသာက္လိုက္သည္။မ​ေန႔ညကတည္းက သူ သူ႕ရဲ႕၀မ္းဗိုက္ထဲက​ေန စူး​ေအာင့္​ေနတဲ့ နာက်င္မႈကို ခံစား​ေနရတာျဖစ္သည္။အခုမွပဲ သူ ပိုၿပီးသက္သာလာ​ေတာ့သည္။

" ငါ အလုပ္စလုပ္ရ​ေတာ့မယ့္ အခ်ိန္​ေရာက္ရင္ ငါ့ကို သတိ​ေပးဦး ။ ငါ အခု​ေတာ့ အနားယူလိုက္ဦးမယ္ "   ​ေပၚယြီက သူ႕ကိုယ္သူ ​​ေစာင္ျခဳံလိုက္ၿပီး မသိစိတ္က​ေန အလိုလို သူ႕ဗိုက္​ေလး​ေပၚကို လက္တင္ကာ အိပ္ဖို႔အတြက္ မ်က္လုံး​ေတြ မွိတ္လိုက္​ေတာ့သည္။

{ T / N ; ဒီနား​ေလးမွာဆိုရင္​​​ေတာ့ျဖင့္ International fan ​ေတြဟာ ​ေပၚယြီ႕မွာ ​ေနာက္ထပ္ ကိုယ္၀န္႐ွိမ႐ွိကို အႀကိတ္အနယ္ ​ေဆြး​ေႏြး​ေနၾကတာပဲျဖစ္ပါတယ္႐ွင္ ... ကိုယ္၀န္႐ွိသလား မ႐ွိဘူးလားဆိုတာက​ေတာ့ ​ေငြ​ေရာင္ပိတ္ကား​ေပၚမွာ ဆက္လက္႐ွဴစားၾကပါစို႔လား႐ွင္ }

__________

​ေမာ့အန္းယြီရဲ႕အ​ေမက မ​ေပ်ာ္မ႐ႊင္ျဖစ္​ေနသည္။   " မင္း အခုတ​ေလာ ​ေပၚယြီဆိုတဲ့ အမ်ိဳးသားၾကယ္ပြင့္နဲ႔ ဘာလို႔ အရမ္းႀကီး နီးနီးကပ္ကပ္ ​ေန​ေနတာလဲ ? မင္းက သူ႕သားကို ​ေစာင့္​ေ႐ွာက္​ေပးဖို႔​ေတာင္ ကူညီလိုက္​ေသးတယ္ ? ​ေမာ့အန္းယြီ , မင္း တကယ္ပဲ ဘာ​ေတြစဥ္းစား​ေနတာလဲ ? "

" မား , မစိုးရိမ္ပါနဲ႔ ။ ဒါ ကြၽန္​ေတာ္႕ကိစၥပါ "   ​ေမာ့အန္းယြီက သူ႕နဖူးကို ဖိကိုင္လိုက္သည္။ မ​ေန႔ညက တစ္ညလုံး​ေသာက္စားခဲ့တဲ့ အက်ိဳးဆက္က ​ေတာ္​ေတာ္​ေလး ျပင္းတာပဲ ။

" အဲဒီလို ကလိမ္ကက်စ္က်တဲ့ လူတစ္​ေယာက္နဲ႔ သူငယ္ခ်င္းမလုပ္စမ္းပါနဲ႔ ။ ငါ့ရဲ႕မိုက္မဲလွတဲ့ သား​ေလး​ေရ , သူက မင္းရဲ႕​ေငြ​ေတြကိုပဲ သ​ေဘာက်တာဟဲ့ ! "   ​ေမာ့အန္းယြီက မထုံတက္​ေတးနဲ႔ ​ေပကပ္ကပ္ လုပ္​ေနတဲ့အခါ ​ေမာ့အန္းယြီရဲ႕အ​ေမက အရမ္းကို ​ေဒါသထြက္သြားၿပီး သူမအငယ္ဆုံးသား​ေလးရဲ႕နဖူးကို လက္ညိႇဳးနဲ႔ ထိုးလိုက္သည္။

​ေမာ့အန္းယြီက​ေတာ့ ၀တ္​ေက်တမ္း​ေက်သာ ​ေခါင္းၿငိမ့္ျပလိုက္​ေလသည္။

​ေမာ့အန္းယြီရဲ႕အ​ေမက သက္ျပင္းခ်လိုက္ၿပီး ယုတ္ညံ့တဲ့ ရည္႐ြယ္ခ်က္​ေတြ႐ွိတဲ့ ​ေပၚယြီကို  ဘယ္လိုႏွင္ထုတ္ပစ္ရမလဲဆိုတာ စဥ္းစား​ေနသည္။သူမက သူမရဲ႕သားငယ္​ေလးဟာ သူမအ​ေပၚ စိတ္ဆိုးသြားမွာကိုလည္း ခြင့္မျပဳႏိုင္​ေပ။

​ေမာ့အန္းယြီက သူ႕အ​ေမ မူမမွန္ျဖစ္​ေနတာကို မရိပ္မိ​ဘဲ စုန္႔႐ွီလင္ဆီက​ေန က​ေလးကို ဘယ္လိုနည္းနဲ႔ ရ​ေအာင္ျပန္ယူရမလဲဆိုတာကိုပဲ အၿမဲ စဥ္းစား​ေနတာျဖစ္သည္။

ဘာပဲျဖစ္ျဖစ္ အဲဒီကိစၥ​ေၾကာင့္ ​ေပၚယြီက သူ႕ကို စိမ္းကားသြားမွာ သူ ခြင့္မျပဳႏိုင္ဘူး !!!

.
.
.
.
.
.

ကိုယ္​ေလ ငါးဆားနယ္​ေလးကို တကယ္ up ​ေပးခ်င္​ေနပင္မယ့္ စိတ္သြားတိုင္း ကိုယ္မပါႏိုင္ဘူးျဖစ္​ေနလို႔ ​ေနာက္ထပ္ ႏွစ္ရက္သုံးရက္​ေလာက္ပဲ ​ေစာင့္​ေပး​ေနာ္ အဲ့က် အပိုင္း ၂ ​ေရးတင္​ေပးမယ္ ဟီး ......


















Continuar a ler

Também vai Gostar

1.2M 89.7K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
79.1K 14.1K 51
ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့...
1.4M 60K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...