လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

By Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... More

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)

6.3K 1K 32
By Indolent-Senorita

Scroll down for Zawgyi.

Unicode

​မော့အန်းယွီက ခါတိုင်းလိုပဲ ညရှစ်နာရီထိုးထိုးချင်းမှာ ဖရဲသီး​လေးကို အိပ်ရာ၀င်ဖို့ ​ပြောလိုက်သည်။

​မော့အန်းယွီက ဆိုဖာ​ပေါ်မှာထိုင်ရင်း ခဏ​​လောက် ဖုန်းကစားပြီးတဲ့အခါ သူ ဖရဲသီး​လေးရဲ့အခန်းတံခါးကို ​နောက်တစ်ကြိမ် ထပ်ဖွင့်ကြည့်လိုက်သည်။ဖရဲသီး​လေးက အိပ်​ပျော်​နေတာကို သူ မြင်တဲ့အခါ ​မော့အန်းယွီက သူ့ကား​သော့နဲ့ပိုက်ဆံအိတ်ကို ယူပြီး စိတ်​ကျေနပ်အားရစွာ ထွက်သွား​တော့သည်။

______ သူမှာ ဒီညအတွက် ချိန်းဆိုထားတာတစ်ခုရှိသည်။သူက သူ့ရဲ့က​လေးဘ၀တုန်းက သူငယ်ချင်း​တွေနဲ့အတူ ချိန်းထားတာဖြစ်သည်။ဒါ​ကြောင့် သူ မသွားလို့ မ​ကောင်းတတ်​ပေ။

ဒါပြင် သူက လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ည​နေတိုင်း ဖရဲသီး​လေးနဲ့ပဲ အတူတူရှိ​နေ​ပေးရတာဖြစ်သည်။ဒါ​ကြောင့် သူ အခု တကယ့်ကို အပြင်ထွက်ချင်​နေသည်။ခဏ​လောက် ချီတုံချတုံဖြစ်ပြီးတဲ့​နောက် သူ ချိန်းထားတာကို သွားဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

သို့​သော်လည်း ​မော့အန်းယွီ ထွက်သွားတာ ဆယ်မိနစ်​လောက်ရှိတဲ့အချိန်မှာ ဖရဲသီး​လေးက ညလယ်တစ်​ရေးနိုးလာခဲ့သည်။

ဖရဲသီး​လေးက အိပ်ရာပေါ်မှာ ထိုင်​နေရင်း မှင်တက်ကာ သူ့​ခေါင်း​နောက်​လေးကို ထိလိုက်သည်။အဲဒီ​နောက် သူ ​မော့အန်းယွီကို ရှာဖို့အတွက် အိပ်ရာ​ပေါ်က​နေ ဆင်းလိုက်သည်။ဖရဲသီး​လေးမှာ တိုက်ခန်းတစ်ခုလုံးနှံ့​အောင် ​မော့အန်းယွီကို ရှာကြည့်​ပေမယ့် လုံး၀မ​တွေ့တဲ့အခါ သူ ချက်ချင်းပဲ အထိတ်တလန့်ဖြစ်သွား​တော့သည်။

" ဦးဦး ? ဦးဦး !!! "   ဖရဲသီး​လေးက ဖုန်းကို မြန်မြန် ​ကောက်ကိုင်ကာ ​ပေါ်ယွီဆီ ဖုန်း​ခေါ်လိုက်​ပေမယ့် ​ပေါ်ယွီရဲ့ဖုန်းက အားကုန်​​နေလေ​သည်။

တန်တန်က အ​ရှေ့ကို ​ပြေးထွက်လာပြီး ဖရဲသီး​လေးကို ကြည့်လိုက်သည်။

ဖရဲသီး​လေးက အ​ကြောက်​ပြေအောင် ဆိုဖာ​ပေါ်မှာ အတင်းတိုးဝှေ့ပူးကပ်​​နေကာ ဘယ်သူမှမရှိတဲ့ အခန်းလွတ်ကြီးထဲမှာ​နေဖို့ ပိုပိုပြီး ​ကြောက်ရွံ့လာသည်။သူက သူ့နှုတ်ခမ်း​လေး​တွေကို တင်းတင်း​စေ့ပြီး တန်တန်ရဲ့အကြည့်​လေး​တွေ​အောက်မှာ ငို​နေမိသည်။

တစ်ဖက်တွင်။စုန့်ရှီလင်က လုပ်ငန်းစာရွက်စာတန်း​တွေကို အံဆွဲထဲထည့်ပြီး ​သူ့ကုတ်အင်္ကျီကို ယူကာ ရုံးခန်းထဲက​နေ ထွက်လာခဲ့လိုက်သည်။

နှစ်ကုန်ခါနီးပြီဖြစ်တာ​ကြောင့် ကုမ္ပဏီမှာ သူ ​ဖြေရှင်းဖို့လိုအပ်တဲ့ အလုပ်​တွေအများကြီးရှိ​နေသည်။ဥက္ကဋ္ဌတစ်​ယောက်အ​နေနဲ့ စုန့်ရှီလင် အချိန်ပိုဆင်း အလုပ်လုပ်​နေရတာ လ၀က်​ကျော်​ကျော်​လောက် ရှိပြီဖြစ်ပြီး ဒီ​နေ့ညက သူ အ​စောဆုံး အလုပ်ပြီးတဲ့ရက်ပင်ဖြစ်သည်။

" တင် ! "   ဓါတ်​လှေကားတံခါးက ပွင့်လာခဲ့သည်။

ဓါတ်​လှေကားထဲက​နေ စုန့်ရှီလင် ထွက်လာတဲ့အခါ သူက အရမ်းကို သြဇာတိက္ကမကြီးမား​နေလွန်းတာ​ကြောင့် လူ​တွေကို အကူအညီမဲ့စွာနဲ့ အညံခံအရှုံး​ပေးနိုင်​စေဟန်​ပေါ်သည်။

ဖရဲသီး​လေးက ​ခွေး​ခြေထိုက်ခုံ​သေး​သေး​လေး​ပေါ်မှာ မတ်တပ်ရပ်​နေပြီး လူကြည့်​ပေါက်က​နေတစ်ဆင့် အပြင်ဘက်ကို ကြည့်​နေသည်။သူ ​ဦးဦးစုန့်ကို မြင်လိုက်ရတဲ့အခါ ဖရဲသီး​လေးက စိတ်လှုပ်ရှားသွားပြီး သူ့ရဲ့နီရဲ​နေတဲ့ မျက်လုံး​လေး​တွေကို လက်ခုံ​လေး​တွေနဲ့ ဖိကပ်သုတ်ပစ်ကာ အ​ပြင်ဘက်ကို အ​ပြေးအလွှား ​ပြေးထွက်သွားလိုက်​လေသည်။သူက ချက်ချင်းပဲ စုန့်ရှီလင်ရဲ့​ပေါင်​တွေကို ဖက်တွယ်ကာ ငိုသံ​လေးနဲ့ ​ပြောလိုက်သည်။   " ဦးဦး ,  သား ပါးပါးကို ရှာမ​တွေ့ဘူး ! "

သူ ဖရဲသီး​လေး ဖက်တာကိုခံလိုက်ရတဲ့အချိန်မှာ စုန့်ရှီလင် ​တောင့်တင်းသွားသည်။အဲဒီ​နောက် သူ သတိပြန်၀င်လာပြီး ညင်သာစွာနဲ့ ခပ်တိုးတိုး ​ပြောလိုက်သည်။   " ဖရဲသီး​လေး ? "

​ပြောပြီးတာနဲ့ စုန့်ရှီလင်က ခါးကိုင်းကာ ဖရဲသီး​လေးကို ​ပွေ့ချီလိုက်ပြီး ​ပေါ်ယွီရဲ့အိမ်ထဲကို လမ်း​လျှောက်၀င်သွားလိုက်သည်။

တန်တန်ဟာ ပဲတီစိမ်း​လေးလိုမျိုး မျက်လုံး​သေး​သေး​လေး​တွေနဲ့အတူ သန့်စင်ခန်းတံခါးမှာ ရပ်​နေရင်း သတ်ဖြတ်လိုစိတ်အပြည့်ပါတဲ့ အကြည့်​တွေနဲ့ ကြည့်​နေ​လေသည်။ဒါ​ပေမယ့် သူက ​ရှေ့ကို​တော့ ​ပြေးထွက်မလာရဲ​ချေ။

" ဦးဦးစုန့် , ပါးပါးကို ရှာဖို့ သားကို ​ခေါ်သွား​ပေးလို့ရမလားဟင် ? "   ဖရဲသီး​လေးက သူ့မျက်လုံးထဲမှာရှိတဲ့ မျက်ရည်​​လေးတွေနဲ့အတူ စုန့်ရှီလင်ရဲ့လည်တိုင်ကို ဖက်တွယ်ထားသည်။

စုန့်ရှီလင်မှာ က​လေးတစ်​ယောက်ရဲ့မျက်ရည်​တွေက ဂျွန်လမှာရွာတဲ့ မိုးလိုမျိုး ရုတ်တရက်ဆန်လှတာပဲလို့ ​နောက်တစ်ကြိမ် ခံစားလိုက်မိသည်။သူက ဘာစကားမှမဆိုဘဲ ဖရဲသီး​လေးကို လက်တစ်ဖက်နဲ့ ချီထားပြီး ​နောက်လက်တစ်ဖက်က​တော့ ဖုန်းကို ထုတ်ယူကာ ​ပေါ်ယွီ့ဆီ ​ခေါ်လိုက်သည်။

" မင်္ဂလာပါရှင် , လူကြီးမင်း ​ခေါ်ဆို​သော ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါသဖြင့် ...... "

" မင်းကို ဂရုစိုက်​ပေးရမယ့် ​မော့အန်းယွီက​ရော ဘယ်မှာရှိ​နေတာလဲ ? "   စုန့်ရှီလင်က က​လေး​လေးရဲ့​ကျောပြင်​လေးကို ပုတ်​ပေးလိုက်သည်။တကယ်လို့ ခုချိန် ဒီ​​နေရာမှာသာ တတိယလူ ရှိ​နေရင် အဲဒီလူက စုန့်ရှီလင်ရဲ့ မျက်၀န်းထဲမှာ တလတ်လတ်​တောက်ပ​နေတဲ့ ​ဒေါသခိုး​တွေကို ​သေချာ​ပေါက် သတိပြုမိနိုင်မှာဖြစ်သည်။

" ဦးဦး​မော့က မရှိ​တော့ဘူး ........ "

ဖရဲသီး​လေးက ရုတ်တရက် သူ့ကိုဖက်ထားတဲ့ စုန့်ရှီလင်ဆီက​နေ တင်းကြပ်လာတဲ့အား​တွေကို ခံစားလိုက်မိသည်။ဒါ​ပေမယ့် သူက နာလို့ ​အော်ငိုရမယ့်အစား ဖရဲသီး​လေးဟာ စုန့်ရှီလင်နဲ့ ဒီလိုမျိုး​လေး ​နေချင်​နေဆဲဖြစ်သည်။ ___ ဒီလိုနည်းနဲ့ ဖက်ထား​ပေးတာက က​လေးတစ်ယောက်ဆီ လုံခြုံမှုရှိတဲ့ စိတ်ခံစားချက်ကို ​ပေးစွမ်းနိုင်​ပေသည်။

" မင်း အခု ဘာလုပ်ချင်လဲ ? "   စုန့်ရှီလင်က ဘာမှမရှိတဲ့ အခန်းလွတ်ကို ကြည့်ကာ ​မေးလိုက်သည်။

ခဏ​လောက်ကြာပြီးတဲ့အချိန်မှာ ဖရဲသီး​လေးက တိုးတိုး​​လေး ​ဖြေလာခဲ့သည်။ 
" သား ဦးဦးစုန့်နဲဲ့အတူတူ အိပ်ချင်တယ် ။ သား တစ်​ယောက်တည်းအိပ်ရမှာ ​ကြောက်လို့ပါ​နော် "

စုန့်ရှီလင်က ခဏ​လောက် တိတ်ဆိတ်သွားပြီး မ​မျှော်လင့်စွာနဲ့ပဲ က​လေး​လေးရဲ့ ​တောင်းဆိုချက်ကို သ​ဘောတူလိုက်သည်။

ဟွားချန်မြို့​တော်ရှိ bar party တစ်ခုတွင်။

​မော့အန်းယွီက သူ့ရဲ့နာရီကို ကြည့်ကာ ​ပြောလိုက်သည်။   " ​နောက်ကျ​နေပြီ ။ ငါ အရင် ပြန်​တော့မယ် "

ဒါ​ပေမယ့် သူ့ဘေးမှာရှိတဲ့ သူငယ်ချင်း​​တွေက မော့အန်းယွီကို ဝိုင်းဆွဲပြီး ​ပြောကြ​တော့သည်။   " မင်းက ကိုယ်ကျင့်တရားသိက္ခာ​တွေနဲ့​နေတဲ့ လူကြီးလူ​ကောင်းလုပ်ချင်နေတာလား ? မဟုတ်ဘူး​လေ ။ ငါတို့​တွေ မ​တွေ့ရတာ အ​တော်ကြာ​နေပြီကို ။ ဒီပါတီကို ​သေချာ​ပေါက် တစ်ညလုံး ကျင်းပရမယ် "

​မော့အန်းယွီက အိမ်မှာရှိ​နေတဲ့ က​လေးနဲ့ပတ်သတ်ပြီး စိတ်မချဖြစ်မိ​ပေမယ့်လည်း သူက သူ့သူငယ်ချင်း​တွေရဲ့ ဖြား​ယောင်း​သွေး​ဆောင်အယုံသွင်းတာကို ခံလိုက်ရကာ  ' ဖန်းချွမ် ' အမည်ရတဲ့ ဝိုင်ခွက်ကို ​မော့​သောက်ပစ်လိုက်သည်။

ထားပါ​တော့။အဲဒီက​လေးက ညဘက်မှာ နိုးတတ်တဲ့အကျင့်မရှိ​လောက်ပါဘူး။အခုချိန်​​တော့ အိမ်ပြန်သွားတာထက်စာရင် ဒီမှာ​နေပြီး အချိန်​ကောင်း​တွေကို ဖြတ်သန်းလိုက်တာပဲ ပို​ကောင်းတယ်။

မကြာမီမှာပဲ ​မော့အန်းယွီဟာ ဖရဲသီး​လေးကို လုံးလုံးလျားလျား ​မေ့​လျော့သွား​တော့​လေသည်။

.
.
.
.
.
.

I'm veryyyyy proud of being a fan of Wang Yibo and Xiaozhan.😭😭😭









Zawgyi

ေမာ့အန္းယြီက ခါတိုင္းလိုပဲ ည႐ွစ္နာရီထိုးထိုးခ်င္းမွာ ဖရဲသီး​ေလးကို အိပ္ရာ၀င္ဖို႔ ​ေျပာလိုက္သည္။

​ေမာ့အန္းယြီက ဆိုဖာ​ေပၚမွာထိုင္ရင္း ခဏ​​ေလာက္ ဖုန္းကစားၿပီးတဲ့အခါ သူ ဖရဲသီး​ေလးရဲ႕အခန္းတံခါးကို ​ေနာက္တစ္ႀကိမ္ ထပ္ဖြင့္ၾကည့္လိုက္သည္။ဖရဲသီး​ေလးက အိပ္​ေပ်ာ္​ေနတာကို သူ ျမင္တဲ့အခါ ​ေမာ့အန္းယြီက သူ႕ကား​ေသာ့နဲ႔ပိုက္ဆံအိတ္ကို ယူၿပီး စိတ္​ေက်နပ္အားရစြာ ထြက္သြား​ေတာ့သည္။

______ သူမွာ ဒီညအတြက္ ခ်ိန္းဆိုထားတာတစ္ခု႐ွိသည္။သူက သူ႕ရဲ႕က​ေလးဘ၀တုန္းက သူငယ္ခ်င္း​ေတြနဲ႔အတူ ခ်ိန္းထားတာျဖစ္သည္။ဒါ​ေၾကာင့္ သူ မသြားလို႔ မ​ေကာင္းတတ္​ေပ။

ဒါျပင္ သူက လြန္ခဲ့တဲ့ႏွစ္ရက္ကတည္းက ည​ေနတိုင္း ဖရဲသီး​ေလးနဲ႔ပဲ အတူတူ႐ွိ​ေန​ေပးရတာျဖစ္သည္။ဒါ​ေၾကာင့္ သူ အခု တကယ့္ကို အျပင္ထြက္ခ်င္​ေနသည္။ခဏ​ေလာက္ ခ်ီတုံခ်တုံျဖစ္ၿပီးတဲ့​ေနာက္ သူ ခ်ိန္းထားတာကို သြားဖို႔ ဆုံးျဖတ္ခ်က္ခ်လိုက္သည္။

သို႔​ေသာ္လည္း ​ေမာ့အန္းယြီ ထြက္သြားတာ ဆယ္မိနစ္​ေလာက္႐ွိတဲ့အခ်ိန္မွာ ဖရဲသီး​ေလးက ညလယ္တစ္​ေရးႏိုးလာခဲ့သည္။

ဖရဲသီး​ေလးက အိပ္ရာေပၚမွာ ထိုင္​ေနရင္း မွင္တက္ကာ သူ႕​ေခါင္း​ေနာက္​ေလးကို ထိလိုက္သည္။အဲဒီ​ေနာက္ သူ ​ေမာ့အန္းယြီကို ႐ွာဖို႔အတြက္ အိပ္ရာ​ေပၚက​ေန ဆင္းလိုက္သည္။ဖရဲသီး​ေလးမွာ တိုက္ခန္းတစ္ခုလုံးႏွံ႔​ေအာင္ ​ေမာ့အန္းယြီကို ႐ွာၾကည့္​ေပမယ့္ လုံး၀မ​ေတြ႕တဲ့အခါ သူ ခ်က္ခ်င္းပဲ အထိတ္တလန္႔ျဖစ္သြား​ေတာ့သည္။

" ဦးဦး ? ဦးဦး !!! "   ဖရဲသီး​ေလးက ဖုန္းကို ျမန္ျမန္ ​ေကာက္ကိုင္ကာ ​ေပၚယြီဆီ ဖုန္း​ေခၚလိုက္​ေပမယ့္ ​ေပၚယြီရဲ႕ဖုန္းက အားကုန္​​ေနေလ​သည္။

တန္တန္က အ​ေ႐ွ႕ကို ​ေျပးထြက္လာၿပီး ဖရဲသီး​ေလးကို ၾကည့္လိုက္သည္။

ဖရဲသီး​ေလးက အ​ေၾကာက္​ေျပေအာင္ ဆိုဖာ​ေပၚမွာ အတင္းတိုးေဝွ႔ပူးကပ္​​ေနကာ ဘယ္သူမွမ႐ွိတဲ့ အခန္းလြတ္ႀကီးထဲမွာ​ေနဖို႔ ပိုပိုၿပီး ​ေၾကာက္႐ြံ႕လာသည္။သူက သူ႕ႏႈတ္ခမ္း​ေလး​ေတြကို တင္းတင္း​ေစ့ၿပီး တန္တန္ရဲ႕အၾကည့္​ေလး​ေတြ​ေအာက္မွာ ငို​ေနမိသည္။

တစ္ဖက္တြင္။စုန္႔႐ွီလင္က လုပ္ငန္းစာ႐ြက္စာတန္း​ေတြကို အံဆြဲထဲထည့္ၿပီး ​သူ႕ကုတ္အက်ႌကို ယူကာ ႐ုံးခန္းထဲက​ေန ထြက္လာခဲ့လိုက္သည္။

ႏွစ္ကုန္ခါနီးၿပီျဖစ္တာ​ေၾကာင့္ ကုမၸဏီမွာ သူ ​ေျဖ႐ွင္းဖို႔လိုအပ္တဲ့ အလုပ္​ေတြအမ်ားႀကီး႐ွိ​ေနသည္။ဥကၠ႒တစ္​ေယာက္အ​ေနနဲ႔ စုန္႔႐ွီလင္ အခ်ိန္ပိုဆင္း အလုပ္လုပ္​ေနရတာ လ၀က္​ေက်ာ္​ေက်ာ္​ေလာက္ ႐ွိၿပီျဖစ္ၿပီး ဒီ​ေန႔ညက သူ အ​ေစာဆုံး အလုပ္ၿပီးတဲ့ရက္ပင္ျဖစ္သည္။

" တင္ ! "   ဓါတ္​ေလွကားတံခါးက ပြင့္လာခဲ့သည္။

ဓါတ္​ေလွကားထဲက​ေန စုန္႔႐ွီလင္ ထြက္လာတဲ့အခါ သူက အရမ္းကို ၾသဇာတိကၠမႀကီးမား​ေနလြန္းတာ​ေၾကာင့္ လူ​ေတြကို အကူအညီမဲ့စြာနဲ႔ အညံခံအ႐ႈံး​ေပးႏိုင္​ေစဟန္​ေပၚသည္။

ဖရဲသီး​ေလးက ​ေခြး​ေျခထိုက္ခုံ​ေသး​ေသး​ေလး​ေပၚမွာ မတ္တပ္ရပ္​ေနၿပီး လူၾကည့္​ေပါက္က​ေနတစ္ဆင့္ အျပင္ဘက္ကို ၾကည့္​ေနသည္။သူ ​ဦးဦးစုန္႔ကို ျမင္လိုက္ရတဲ့အခါ ဖရဲသီး​ေလးက စိတ္လႈပ္႐ွားသြားၿပီး သူ႕ရဲ႕နီရဲ​ေနတဲ့ မ်က္လုံး​ေလး​ေတြကို လက္ခုံ​ေလး​ေတြနဲ႔ ဖိကပ္သုတ္ပစ္ကာ အ​ျပင္ဘက္ကို အ​ေျပးအလႊား ​ေျပးထြက္သြားလိုက္​ေလသည္။သူက ခ်က္ခ်င္းပဲ စုန္႔႐ွီလင္ရဲ႕​ေပါင္​ေတြကို ဖက္တြယ္ကာ ငိုသံ​ေလးနဲ႔ ​ေျပာလိုက္သည္။   " ဦးဦး ,  သား ပါးပါးကို ႐ွာမ​ေတြ႕ဘူး ! "

သူ ဖရဲသီး​ေလး ဖက္တာကိုခံလိုက္ရတဲ့အခ်ိန္မွာ စုန္႔႐ွီလင္ ​ေတာင့္တင္းသြားသည္။အဲဒီ​ေနာက္ သူ သတိျပန္၀င္လာၿပီး ညင္သာစြာနဲ႔ ခပ္တိုးတိုး ​ေျပာလိုက္သည္။   " ဖရဲသီး​ေလး ? "

​ေျပာၿပီးတာနဲ႔ စုန္႔႐ွီလင္က ခါးကိုင္းကာ ဖရဲသီး​ေလးကို ​ေပြ႕ခ်ီလိုက္ၿပီး ​ေပၚယြီရဲ႕အိမ္ထဲကို လမ္း​ေလွ်ာက္၀င္သြားလိုက္သည္။

တန္တန္ဟာ ပဲတီစိမ္း​ေလးလိုမ်ိဳး မ်က္လုံး​ေသး​ေသး​ေလး​ေတြနဲ႔အတူ သန္႔စင္ခန္းတံခါးမွာ ရပ္​ေနရင္း သတ္ျဖတ္လိုစိတ္အျပည့္ပါတဲ့ အၾကည့္​ေတြနဲ႔ ၾကည့္​ေန​ေလသည္။ဒါ​ေပမယ့္ သူက ​ေ႐ွ႕ကို​ေတာ့ ​ေျပးထြက္မလာရဲ​ေခ်။

" ဦးဦးစုန္႔ , ပါးပါးကို ႐ွာဖို႔ သားကို ​ေခၚသြား​ေပးလို႔ရမလားဟင္ ? "   ဖရဲသီး​ေလးက သူ႕မ်က္လုံးထဲမွာ႐ွိတဲ့ မ်က္ရည္​​ေလးေတြနဲ႔အတူ စုန္႔႐ွီလင္ရဲ႕လည္တိုင္ကို ဖက္တြယ္ထားသည္။

စုန္႔႐ွီလင္မွာ က​ေလးတစ္​ေယာက္ရဲ႕မ်က္ရည္​ေတြက ဂြၽန္လမွာ႐ြာတဲ့ မိုးလိုမ်ိဳး ႐ုတ္တရက္ဆန္လွတာပဲလို႔ ​ေနာက္တစ္ႀကိမ္ ခံစားလိုက္မိသည္။သူက ဘာစကားမွမဆိုဘဲ ဖရဲသီး​ေလးကို လက္တစ္ဖက္နဲ႔ ခ်ီထားၿပီး ​ေနာက္လက္တစ္ဖက္က​ေတာ့ ဖုန္းကို ထုတ္ယူကာ ​ေပၚယြီ႕ဆီ ​ေခၚလိုက္သည္။

" မဂၤလာပါ႐ွင္ , လူႀကီးမင္း ​ေခၚဆို​ေသာ ဖုန္းနံပါတ္မွာ စက္ပိတ္ထားပါသျဖင့္ ...... "

" မင္းကို ဂ႐ုစိုက္​ေပးရမယ့္ ​ေမာ့အန္းယြီက​ေရာ ဘယ္မွာ႐ွိ​ေနတာလဲ ? "   စုန္႔႐ွီလင္က က​ေလး​ေလးရဲ႕​ေက်ာျပင္​ေလးကို ပုတ္​ေပးလိုက္သည္။တကယ္လို႔ ခုခ်ိန္ ဒီ​​ေနရာမွာသာ တတိယလူ ႐ွိ​ေနရင္ အဲဒီလူက စုန္႔႐ွီလင္ရဲ႕ မ်က္၀န္းထဲမွာ တလတ္လတ္​ေတာက္ပ​ေနတဲ့ ​ေဒါသခိုး​ေတြကို ​ေသခ်ာ​ေပါက္ သတိျပဳမိႏိုင္မွာျဖစ္သည္။

" ဦးဦး​ေမာ့က မ႐ွိ​ေတာ့ဘူး ........ "

ဖရဲသီး​ေလးက ႐ုတ္တရက္ သူ႕ကိုဖက္ထားတဲ့ စုန္႔႐ွီလင္ဆီက​ေန တင္းၾကပ္လာတဲ့အား​ေတြကို ခံစားလိုက္မိသည္။ဒါ​ေပမယ့္ သူက နာလို႔ ​ေအာ္ငိုရမယ့္အစား ဖရဲသီး​ေလးဟာ စုန္႔႐ွီလင္နဲ႔ ဒီလိုမ်ိဳး​ေလး ​ေနခ်င္​ေနဆဲျဖစ္သည္။ ___ ဒီလိုနည္းနဲ႔ ဖက္ထား​ေပးတာက က​ေလးတစ္ေယာက္ဆီ လုံျခဳံမႈ႐ွိတဲ့ စိတ္ခံစားခ်က္ကို ​ေပးစြမ္းႏိုင္​ေပသည္။

" မင္း အခု ဘာလုပ္ခ်င္လဲ ? "   စုန္႔႐ွီလင္က ဘာမွမ႐ွိတဲ့ အခန္းလြတ္ကို ၾကည့္ကာ ​ေမးလိုက္သည္။

ခဏ​ေလာက္ၾကာၿပီးတဲ့အခ်ိန္မွာ ဖရဲသီး​ေလးက တိုးတိုး​​ေလး ​ေျဖလာခဲ့သည္။ 
" သား ဦးဦးစုန္႔နဲဲ႕အတူတူ အိပ္ခ်င္တယ္ ။ သား တစ္​ေယာက္တည္းအိပ္ရမွာ ​ေၾကာက္လို႔ပါ​ေနာ္ "

စုန္႔႐ွီလင္က ခဏ​ေလာက္ တိတ္ဆိတ္သြားၿပီး မ​ေမွ်ာ္လင့္စြာနဲ႔ပဲ က​ေလး​ေလးရဲ႕ ​ေတာင္းဆိုခ်က္ကို သ​ေဘာတူလိုက္သည္။

ဟြားခ်န္ၿမိဳ႕​ေတာ္႐ွိ bar party တစ္ခုတြင္။

​ေမာ့အန္းယြီက သူ႕ရဲ႕နာရီကို ၾကည့္ကာ ​ေျပာလိုက္သည္။   " ​ေနာက္က်​ေနၿပီ ။ ငါ အရင္ ျပန္​ေတာ့မယ္ "

ဒါ​ေပမယ့္ သူ႕ေဘးမွာ႐ွိတဲ့ သူငယ္ခ်င္း​​ေတြက ေမာ့အန္းယြီကို ဝိုင္းဆြဲၿပီး ​ေျပာၾက​ေတာ့သည္။   " မင္းက ကိုယ္က်င့္တရားသိကၡာ​ေတြနဲ႔​ေနတဲ့ လူႀကီးလူ​ေကာင္းလုပ္ခ်င္ေနတာလား ? မဟုတ္ဘူး​ေလ ။ ငါတို႔​ေတြ မ​ေတြ႕ရတာ အ​ေတာ္ၾကာ​ေနၿပီကို ။ ဒီပါတီကို ​ေသခ်ာ​ေပါက္ တစ္ညလုံး က်င္းပရမယ္ "

​ေမာ့အန္းယြီက အိမ္မွာ႐ွိ​ေနတဲ့ က​ေလးနဲ႔ပတ္သတ္ၿပီး စိတ္မခ်ျဖစ္မိ​ေပမယ့္လည္း သူက သူ႕သူငယ္ခ်င္း​ေတြရဲ႕ ျဖား​ေယာင္း​ေသြး​ေဆာင္အယုံသြင္းတာကို ခံလိုက္ရကာ  ' ဖန္းခြၽမ္ ' အမည္ရတဲ့ ဝိုင္ခြက္ကို ​ေမာ့​ေသာက္ပစ္လိုက္သည္။

ထားပါ​ေတာ့။အဲဒီက​ေလးက ညဘက္မွာ ႏိုးတတ္တဲ့အက်င့္မ႐ွိ​ေလာက္ပါဘူး။အခုခ်ိန္​​ေတာ့ အိမ္ျပန္သြားတာထက္စာရင္ ဒီမွာ​ေနၿပီး အခ်ိန္​ေကာင္း​ေတြကို ျဖတ္သန္းလိုက္တာပဲ ပို​ေကာင္းတယ္။

မၾကာမီမွာပဲ ​ေမာ့အန္းယြီဟာ ဖရဲသီး​ေလးကို လုံးလုံးလ်ားလ်ား ​ေမ့​ေလ်ာ့သြား​ေတာ့​ေလသည္။

.
.
.
.
.
.

I'm veryyyyy proud of being a fan of Wang Yibo and Xiaozhan.😭😭😭









Continue Reading

You'll Also Like

1.2M 89.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
237K 26.3K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...
128K 22.7K 14
Title : Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事] Author : 花间二狗 English Translator : Chipoholic Total Chapters : 13 Genre : Mo...