လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

By Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... More

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၂၈(ဂရုစိုက်ခြင်း)

6.3K 1.1K 77
By Indolent-Senorita

Scroll down for Zawgyi.

Unicode

​နောက်တစ်​နေ့မနက်တွင် ဖရဲသီး​လေးဟာ အိပ်ရာနိုးလာပြီး အခန်းလွတ်ကြီးထဲကို ဟိုဟိုဒီဒီကြည့်ကာ အိပ်ရာ​ပေါ်က​နေ မြန်မြန် ထလိုက်သည်။အဲဒီ​နောက် သူ အိပ်ခန်းတံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ​တော့ ဧည့်ခန်းအလယ်မှာ မတ်တပ်ရပ်​နေတဲ့ ​​မော့အန်းယွီကို ​တွေ့လိုက်ရပြီး ဖရဲသီး​လေးက မ​ကျေမနပ်အသံ​လေးနဲ့အတူ ​မေးလိုက်သည်။   " ပါးပါး ဘယ်မှာလဲ ? "

" သူက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတယ် ။ ပြီး​တော့ ငါတို့က အချိန်အကြာကြီး တစ်​ယောက်နဲ့တစ်​ယောက် အတူတူ ​နေသွားရမယ့် သူ​တွေပဲ "   ​မော့အန်းယွီက သူ့ဖုန်းနဲ့ email တစ်​စောင်ပို့ရင်း ​တစ်ချက်မော့မကြည့်ဘဲ ပြန်​ဖြေလိုက်သည်။

ဖရဲသီး​လေးက သူ့ရဲ့နှုတ်ခမ်း​လေး​တွေကို တင်းတင်း​စေ့ကာ သူ့မျက်ရည်​လေး​တွေ ကျမလာ​အောင် အ​ကောင်းဆုံးကြိုးစား​ပေမယ့်လည်း အချည်းနှီးပင်ဖြစ်သည်။သူ ချက်ချင်းပဲ စိတ်ထိခိုက်စွာနဲ့ ငိုလိုက်မိ​လေသည်။

​မော့အန်းယွီက မလှုပ်မယှက်ဘဲ မတ်တပ်ရပ်နေသည်။သူက ဖရဲသီး​လေးကို ​အေးစက်စွာ တစ်ချက်စိုက်ကြည့်လိုက်ပြီး သူ့ဖုန်းကိုပဲ ဆက်ကစား​နေသည်။

​မော့အန်းယွီအတွက်က​တော့ သူ ဖရဲသီး​လေးရဲ့တည်ရှိမှုကို သည်းခံ​ပေးနိုင်တယ်ဆိုတာကတင် အံသြဖွယ်ရာ ဖြစ်ရပ်တစ်ခုဖြစ်သည်။သူ ဖရဲသီး​လေးအတွက် ဘာမှထပ်ပြီး လုပ်မ​ပေးနိုင်​တော့​ချေ။

ဖရဲသီး​လေးက ဆယ်မိနစ်​လောက် ငိုလိုက်ပြီးတဲ့​နောက် သူ တစ်ခုခုကို သတိပြုမိသွားကာ တအင့်အင့်ရှိုက်ငိုရင်း ​ရေချိုးခန်းဆီကို လမ်း​​လျှောက်သွားလိုက်သည်။

​ခွေး​ခြေခုံပု​လေး​ပေါ်မှာ မတ်တပ်ရပ်ကာ ဖရဲသီး​လေးက သွားတိုက်တံ​ကို သူ့ပါးစပ်​လေးထဲ ခက်ခက်ခဲခဲနဲ့ ထည့်လိုက်ရသည်။ဖရဲသီး​လေးက သွားတိုက်​ဆေး မသုံးတတ်သလို လျှပ်စစ်သွားတိုက်တံကိုလည်း ခလုတ်မဖွင့်တတ်ပါ​ပေ။အဲဒီ​နောက် ဖရဲသီး​လေးမှာ သူ့သွား​လေး​တွေကို ပြီးပြီး​ရော တိုက်လိုက်ရ​လေသည်။

​မော့အန်းယွီက ​ရေချိုးခန်းတံခါးကို မှီရင်း နှစ်နှစ်အရွယ် ​ကောင်​လေး​သေး​သေး​လေးတစ်​ယောက် အကျပ်အတည်းဖြစ်​နေတာကို လျစ်လျူရှူထားပြီး သက်​တောင့်သက်သာပုံစံနှင့်ပင် ဆိုလိုက်သည်။   " စားပွဲ​ပေါ်မှာ ဆန်ပြုတ်ရှိတယ် ။ မင်း မျက်နှာသစ်ပြီးရင် ကိုယ့်ဘာသာကိုယ် စားလိုက်​တော့ ။ ပြီးရင် ငါ မင်းကို ​ကျောင်းလိုက်ပို့​ပေးမယ် "

ဖရဲသီး​လေးက ​နောက်ကို ပြန်လှည့်မကြည့်ဘဲ သူ့​​ခေါင်း​လေးကို ငုံ့ကာ တိတ်ဆိတ်​နေသည်။

အဲဒီအခါ ​​မော့အန်းယွီက ​​နောက်လှည့်ထွက်သွား​တော့သည်။

သန့်စင်ခန်းအစွန်​လေးမှာ ငုတ်တုတ်​လေးထိုင်​နေတဲ့ တန်တန်က ​ရှေ့ကို ​ထွက်လာပြီး ဖရဲသီး​လေးကို နှစ်သိမ့်​​ပေးဖို့အတွက် သူ့လျှာ​လေးကို ထုတ်လိုက်သည်။

____________

" တင် ! "   ဓါတ်​လှေကားတံခါး ပွင့်လာခဲ့သည်။

​မော့အန်းယွီက ဖရဲသီး​လေးရဲ့လက်ကို ဆွဲကာ အထဲ၀င်လိုက်သည်။မကြာခင်မှာပဲ အ​နောက်တိုင်း၀တ်စုံကို ၀တ်ဆင်ထားတဲ့ စုန့်ရှီလင်ကလည်း ဓါတ်​လှေကားထဲကို ၀င်လာခဲ့သည်။

​မော့အန်းယွီရဲ့မျက်လုံး​တွေက ကျဉ်း​မြောင်းသွားသည်။   " ဥက္ကဋ္ဌစုန့် , တိုက်ဆိုင်လိုက်တာ​နော် "

စုန့်ရှီလင်က ​မော့အန်းယွီကို တစ်ချက်ကြည့်ကာ ​ခေါင်းငြိမ့်လိုက်ပြီး ဘာမှမ​ပြောဘဲ ဖရဲသီး​လေးကို ကြည့်​နေသည်။

ဖရဲသီး​လေးက ​မော့အန်းယွီကို သ​ဘောမကျ​ပေ။ဒါ​ပေမယ့် သူ ပါးပါးကို မ​နေ့ညက ကတိ​ပေးထားခဲ့ပြီး ပါးပါးကလည်း အလုပ်လုပ်ဖို့ သွား​နေသည်။ဒါ​ကြောင့် သူ့မှာ ​ရွေးချယ်စရာမရှိဘဲ ​မော့အန်းယွီနဲ့အတူ ​နေ​နေရသည်။

​မော့အန်းယွီ ​မေးလိုက်သည်။   " ဘာလို့ ဥက္ကဋ္ဌစုန့်က ဒီ​နေရာမှာ​နေဖို့​ ရွေးလိုက်ရတာလဲ ??? "

" ကုမ္ပဏီနဲ့ နီးတယ်​လေ "   စုန့်ရှီလင် ခပ်​ရေး​ရေးမျှ ပြန်​ဖြေလိုက်သည်။​မော့အန်းယွီက ​မော့မိသားစုရဲ့ မိသားစု၀င်တစ်​ယောက်ဖြစ်တာ​ကြောင့် သူ ​မော့အန်းယွီကို ​လေးစားမှု​လေး ထား​ပေးလိုက်သည်။

​မော့အန်းယွီက ​လေး​လေးနက်နက် ​ခေါင်းငြိမ့်ပြလိုက်​ပေမယ့် သူ့နှလုံးသားထဲမှာရှိတဲ့ စိုးရိမ်ပူပန်မှုနဲ့ သ၀န်တိုမှု​တွေက​တော့ လွင့်​ပျောက်မသွားတဲ့အပြင် ပိုပြီး​တော့​တောင် ကြီးမားပြင်းထန်လာသည်။

ဓါတ်​လှေကားတံခါးပွင့်လာတဲ့အခါ စုန့်ရှီလင်က သူ့​ခေါင်း​လေးကို ငုံ့ထားပြီး အစက​နေ အဆုံးထိ စကားတစ်လုံးမှ မ​ပြောတဲ့ ဖရဲသီး​လေးကို တစ်ချက်ကြည့်ကာ ဘာမှမ​မေး​ဘဲ ထွက်သွားလိုက်သည်။

​မော့အန်းယွီက ဖရဲသီး​လေးရဲ့လက်​မောင်း​လေးကို ဆုတ်ကိုင်လိုက်ပြီး နူးညံ့စွာ ဆိုလိုက်သည်။   " က​လေး​လေး , မင်း အဲဒီဦး​လေးကြီးကို သ​​ဘောကျလား ? "

ဖရဲသီး​လေးက ​​ခေါင်း​လေးငြိမ့်ကာ ​ဖြေလိုက်သည်။   " သား သူ့ကို သ​ဘောကျတယ် "

​မော့အန်းယွီရဲ့မျက်နှာအမူအရာက ပိုပြီးနူးညံ့လာကာ သူ့​လေသံကလည်း ပိုညင်သာ​နေသည်။   " အဲဒီဦး​​လေးကြီးက လူ​ကောင်းတစ်​ယောက်မဟုတ်ဘူး ။ သူ့ကို သ​​ဘောမကျရဘူး​နော် ငါ့က​လေး​လေး "

ဖရဲသီး​လေးက သူ့မျက်လုံး​လေး​တွေကို ကျယ်ကျယ်ဖွင့်လိုက်သည်။   " ဦးဦးစုန့်က လူ​ကောင်းပါ !!! "

" ဒါ​ပေမယ့် မင်းအ​ဖေက သူ့ကို မကြိုက်ဘူး​လေ ။ တကယ်လို့ မင်းက ဦး​လေးစုန့်ကို သ​ဘောကျရင် မင်းအ​ဖေက မင်းကို သ​ဘောကျ​တော့မှာ မဟုတ်ဘူး ! "   ​မော့အန်းယွီက ဖရဲသီး​လေးကို ​ချော့​မော့အစ်​အောက်ရင်း ဖရဲသီး​လေးရဲ့ဆံပင်​လေး​တွေကို ပွတ်​ပေးလိုက်သည်။

ဖရဲသီး​လေးက ​ပြောလိုက်သည်။   " အိုး ! "   ကြည့်ရတာ ဖရဲသီး​လေးက နည်းနည်း စိတ်နဲ့ကိုယ်နဲ့မကပ်သလိုဖြစ်နေသည်။

​​မော့အန်းယွီက အဲဒါကို စိတ်မရှိပါ​ပေ။သူက ဖရဲသီး​လေးကို အတန်းထဲ​ခေါ်သွား​ပေးပြီး​နောက် ညကျရင် လာ​ခေါ်မယ်​ပြောကာ ထွက်သွား​တော့သည်။

ဖရဲသီး​လေးက ၀မ်းနည်း​နေ​လေသည်။

၀တုတ်​လေးက ​ရှေ့ကို​လျှောက်လာပြီး ဖရဲသီး​လေးရဲ့ပုခုံး​လေးကို တို့ကာ ဂရုမစိုက်ချင်​ဟန်ဆောင် ​မေးလိုက်သည်။   " ​ပေါ်ရန်တင်း , မင်းအ​ဖေ ဘယ်မှာလဲ ? "

" ပါးပါးက အလုပ်သွားတယ် "   ဖရဲသီး​​လေးက သူ့ရဲ့ထိုင်ခုံဆီကို သွားကာ ​တွေ​တွေ​ငေး​ငေး​လေးနဲ့ စားပွဲ​ပေါ် ​မှောက်​နေလိုက်သည်။

၀တုတ်​လေးက စိတ်ပျက်သွား​ပေမယ့် မကြာခင်မှာပဲ ​ပျော်​ပျော်ရွှင်ရွှင် ကစား​နေ​လေသည်။

_____________

စုန့်ရှီလင်ဟာ က​လေး​ကို ကျောင်းလိုက်​ပို့​ပေးတဲ့ ​မော့အန်းယွီကို အ​ဝေးက​နေ စူးစိုက်ကြည့်​နေသည်။သူ့ရဲ့မျက်၀န်း​တွေက ​လေးနက်​နေပြီး သူ ​ပြောလိုက်သည်။   " ​မော့အန်းယွီက ဘာဖြစ်တာလဲ ? "

အတွင်း​ရေးမှူးချူက စုန့်ရှီလင်နဲ့အတူ အလုပ်,လုပ်ခဲ့တာ ဆယ်နှစ်​ကျော်ကြာပြီဖြစ်သည်။ဒါ​ကြောင့် သူက သူ့သူ​ဋ္ဌေး​ပြောတဲ့ စကားလုံး​​တွေရဲ့ အဓိပ္ပါယ်​တွေနဲ့ပတ်သတ်ပြီး အရမ်းကို ရှင်းရှင်းလင်းလင်း နားလည်သည်။အတွင်း​ရေးမှူးချူက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။   " ကျွန်​တော် တစ်​ယောက်​ယောက်ကို အဖြစ်မှန် ရှာခိုင်းထားလိုက်ပါ့မယ် "

" အင်း "   စုန့်ရှီလင်က စာရွက်စာတန်း​တွေကို ထုတ်ယူလိုက်သည်။   " ​မောင်း​တော့ "

Driver က ကားကို ဂရုတစိုက် ​မောင်းနှင်လိုက်သည်။အ​ရှေ့က passenger seat မှာ ထိုင်​နေတဲ့ အတွင်း​ရေးမှူးချူက​တော့ ​နောက်ကြည့်မှန်က​နေတစ်ဆင့် မကြာခဏ သူ့ရဲ့သူ​ဋ္ဌေးကို ​ချောင်းကြည့်ကာ စုန့်ရှီလင် ​ဒေါသထွက်​နေ​မ​နေကို စူးစမ်း​​နေရသည်။

စုန့်ရှီလင်က တစ်လမ်းလုံး တိတ်ဆိတ်​နေသည်။ဒါ​ပေမယ့် သူ ကား​ပေါ်က ဆင်းတဲ့အချိန်မှာ ရုတ်တရက် သူ အတွင်း​ရေးမှူးချူကို ​ပြောလိုက်သည်။   " တစ်​ယောက်​ယောက်ကို က​လေး​နောက် လိုက်ခိုင်းထားလိုက် ။ ပြီး​တော့ ​မော့အိမ်ကိုလည်း မျက်ခြည်မပျက် ​စောင့်ကြည့်ထား "

အတွင်း​ရေးမှူးချူ နာခံလိုက်​ပေမယ့် စုန့်ရှီလင်က ဘာ​ကြောင့်များ ​ပေါ်ယွီရဲ့သားဖြစ်သူကို အရမ်းကြီး ​ဂရုစိုက်​နေရသလဲဆိုတာ သူ နားမလည်​ပေ။ဒါ​ပေမယ့် သူ့ရဲ့နှစ်​ပေါင်းများစွာ​သော အလုပ်အ​တွေ့အကြုံများအရ အတွင်း​ရေးမှူးချူ နှုတ်ဆိတ်​နေဖို့ကိုပဲ ​ရွေးချယ်လိုက်​တော့သည်။

.
.
.
.
.
.

​​မော့အန်းယွီကို ဆဲမယ့်သူများ တန်းစီ​ပေးပါ !!! 🤬🤬🤬












Zawgyi

ေနာက္တစ္​ေန႔မနက္တြင္ ဖရဲသီး​ေလးဟာ အိပ္ရာႏိုးလာၿပီး အခန္းလြတ္ႀကီးထဲကို ဟိုဟိုဒီဒီၾကည့္ကာ အိပ္ရာ​ေပၚက​ေန ျမန္ျမန္ ထလိုက္သည္။အဲဒီ​ေနာက္ သူ အိပ္ခန္းတံခါးကို ဖြင့္လိုက္တဲ့အခ်ိန္မွာ​ေတာ့ ဧည့္ခန္းအလယ္မွာ မတ္တပ္ရပ္​ေနတဲ့ ​​ေမာ့အန္းယြီကို ​ေတြ႕လိုက္ရၿပီး ဖရဲသီး​ေလးက မ​ေက်မနပ္အသံ​ေလးနဲ႔အတူ ​ေမးလိုက္သည္။   " ပါးပါး ဘယ္မွာလဲ ? "

" သူက အလုပ္ကိစၥနဲ႔ ခရီးထြက္သြားတယ္ ။ ၿပီး​ေတာ့ ငါတို႔က အခ်ိန္အၾကာႀကီး တစ္​ေယာက္နဲ႔တစ္​ေယာက္ အတူတူ ​ေနသြားရမယ့္ သူ​ေတြပဲ "   ​ေမာ့အန္းယြီက သူ႕ဖုန္းနဲ႔ email တစ္​ေစာင္ပို႔ရင္း ​တစ္ခ်က္ေမာ့မၾကည့္ဘဲ ျပန္​ေျဖလိုက္သည္။

ဖရဲသီး​ေလးက သူ႕ရဲ႕ႏႈတ္ခမ္း​ေလး​ေတြကို တင္းတင္း​ေစ့ကာ သူ႕မ်က္ရည္​ေလး​ေတြ က်မလာ​ေအာင္ အ​ေကာင္းဆုံးႀကိဳးစား​ေပမယ့္လည္း အခ်ည္းႏွီးပင္ျဖစ္သည္။သူ ခ်က္ခ်င္းပဲ စိတ္ထိခိုက္စြာနဲ႔ ငိုလိုက္မိ​ေလသည္။

​ေမာ့အန္းယြီက မလႈပ္မယွက္ဘဲ မတ္တပ္ရပ္ေနသည္။သူက ဖရဲသီး​ေလးကို ​ေအးစက္စြာ တစ္ခ်က္စိုက္ၾကည့္လိုက္ၿပီး သူ႕ဖုန္းကိုပဲ ဆက္ကစား​ေနသည္။

​ေမာ့အန္းယြီအတြက္က​ေတာ့ သူ ဖရဲသီး​ေလးရဲ႕တည္႐ွိမႈကို သည္းခံ​ေပးႏိုင္တယ္ဆိုတာကတင္ အံၾသဖြယ္ရာ ျဖစ္ရပ္တစ္ခုျဖစ္သည္။သူ ဖရဲသီး​ေလးအတြက္ ဘာမွထပ္ၿပီး လုပ္မ​ေပးႏိုင္​ေတာ့​ေခ်။

ဖရဲသီး​ေလးက ဆယ္မိနစ္​ေလာက္ ငိုလိုက္ၿပီးတဲ့​ေနာက္ သူ တစ္ခုခုကို သတိျပဳမိသြားကာ တအင့္အင့္႐ိႈက္ငိုရင္း ​ေရခ်ိဳးခန္းဆီကို လမ္း​​ေလွ်ာက္သြားလိုက္သည္။

​ေခြး​ေျခခုံပု​ေလး​ေပၚမွာ မတ္တပ္ရပ္ကာ ဖရဲသီး​ေလးက သြားတိုက္တံ​ကို သူ႕ပါးစပ္​ေလးထဲ ခက္ခက္ခဲခဲနဲ႔ ထည့္လိုက္ရသည္။ဖရဲသီး​ေလးက သြားတိုက္​ေဆး မသုံးတတ္သလို လွ်ပ္စစ္သြားတိုက္တံကိုလည္း ခလုတ္မဖြင့္တတ္ပါ​ေပ။အဲဒီ​ေနာက္ ဖရဲသီး​ေလးမွာ သူ႕သြား​ေလး​ေတြကို ၿပီးၿပီး​ေရာ တိုက္လိုက္ရ​ေလသည္။

​ေမာ့အန္းယြီက ​ေရခ်ိဳးခန္းတံခါးကို မွီရင္း ႏွစ္ႏွစ္အ႐ြယ္ ​ေကာင္​ေလး​ေသး​ေသး​ေလးတစ္​ေယာက္ အက်ပ္အတည္းျဖစ္​ေနတာကို လ်စ္လ်ဴ႐ွဴထားၿပီး သက္​ေတာင့္သက္သာပုံစံႏွင့္ပင္ ဆိုလိုက္သည္။   " စားပြဲ​ေပၚမွာ ဆန္ျပဳတ္႐ွိတယ္ ။ မင္း မ်က္ႏွာသစ္ၿပီးရင္ ကိုယ့္ဘာသာကိုယ္ စားလိုက္​ေတာ့ ။ ၿပီးရင္ ငါ မင္းကို ​ေက်ာင္းလိုက္ပို႔​ေပးမယ္ "

ဖရဲသီး​ေလးက ​ေနာက္ကို ျပန္လွည့္မၾကည့္ဘဲ သူ႕​​ေခါင္း​ေလးကို ငုံ႔ကာ တိတ္ဆိတ္​ေနသည္။

အဲဒီအခါ ​​ေမာ့အန္းယြီက ​​ေနာက္လွည့္ထြက္သြား​ေတာ့သည္။

သန္႔စင္ခန္းအစြန္​ေလးမွာ ငုတ္တုတ္​ေလးထိုင္​ေနတဲ့ တန္တန္က ​ေ႐ွ႕ကို ​ထြက္လာၿပီး ဖရဲသီး​ေလးကို ႏွစ္သိမ့္​​ေပးဖို႔အတြက္ သူ႕လွ်ာ​ေလးကို ထုတ္လိုက္သည္။

____________

" တင္ ! "   ဓါတ္​ေလွကားတံခါး ပြင့္လာခဲ့သည္။

​ေမာ့အန္းယြီက ဖရဲသီး​ေလးရဲ႕လက္ကို ဆြဲကာ အထဲ၀င္လိုက္သည္။မၾကာခင္မွာပဲ အ​ေနာက္တိုင္း၀တ္စုံကို ၀တ္ဆင္ထားတဲ့ စုန္႔႐ွီလင္ကလည္း ဓါတ္​ေလွကားထဲကို ၀င္လာခဲ့သည္။

​ေမာ့အန္းယြီရဲ႕မ်က္လုံး​ေတြက က်ဥ္း​ေျမာင္းသြားသည္။   " ဥကၠ႒စုန္႔ , တိုက္ဆိုင္လိုက္တာ​ေနာ္ "

စုန္႔႐ွီလင္က ​ေမာ့အန္းယြီကို တစ္ခ်က္ၾကည့္ကာ ​ေခါင္းၿငိမ့္လိုက္ၿပီး ဘာမွမ​ေျပာဘဲ ဖရဲသီး​ေလးကို ၾကည့္​ေနသည္။

ဖရဲသီး​ေလးက ​ေမာ့အန္းယြီကို သ​ေဘာမက်​ေပ။ဒါ​ေပမယ့္ သူ ပါးပါးကို မ​ေန႔ညက ကတိ​ေပးထားခဲ့ၿပီး ပါးပါးကလည္း အလုပ္လုပ္ဖို႔ သြား​ေနသည္။ဒါ​ေၾကာင့္ သူ႕မွာ ​ေ႐ြးခ်ယ္စရာမ႐ွိဘဲ ​ေမာ့အန္းယြီနဲ႔အတူ ​ေန​ေနရသည္။

​ေမာ့အန္းယြီ ​ေမးလိုက္သည္။   " ဘာလို႔ ဥကၠ႒စုန္႔က ဒီ​ေနရာမွာ​ေနဖို႔​ ေ႐ြးလိုက္ရတာလဲ ??? "

" ကုမၸဏီနဲ႔ နီးတယ္​ေလ "   စုန္႔႐ွီလင္ ခပ္​ေရး​ေရးမွ် ျပန္​ေျဖလိုက္သည္။​ေမာ့အန္းယြီက ​ေမာ့မိသားစုရဲ႕ မိသားစု၀င္တစ္​ေယာက္ျဖစ္တာ​ေၾကာင့္ သူ ​ေမာ့အန္းယြီကို ​ေလးစားမႈ​ေလး ထား​ေပးလိုက္သည္။

​ေမာ့အန္းယြီက ​ေလး​ေလးနက္နက္ ​ေခါင္းၿငိမ့္ျပလိုက္​ေပမယ့္ သူ႕ႏွလုံးသားထဲမွာ႐ွိတဲ့ စိုးရိမ္ပူပန္မႈနဲ႔ သ၀န္တိုမႈ​ေတြက​ေတာ့ လြင့္​ေပ်ာက္မသြားတဲ့အျပင္ ပိုၿပီး​ေတာ့​ေတာင္ ႀကီးမားျပင္းထန္လာသည္။

ဓါတ္​ေလွကားတံခါးပြင့္လာတဲ့အခါ စုန္႔႐ွီလင္က သူ႕​ေခါင္း​ေလးကို ငုံ႔ထားၿပီး အစက​ေန အဆုံးထိ စကားတစ္လုံးမွ မ​ေျပာတဲ့ ဖရဲသီး​ေလးကို တစ္ခ်က္ၾကည့္ကာ ဘာမွမ​ေမး​ဘဲ ထြက္သြားလိုက္သည္။

​ေမာ့အန္းယြီက ဖရဲသီး​ေလးရဲ႕လက္​ေမာင္း​ေလးကို ဆုတ္ကိုင္လိုက္ၿပီး ႏူးညံ့စြာ ဆိုလိုက္သည္။   " က​ေလး​ေလး , မင္း အဲဒီဦး​ေလးႀကီးကို သ​​ေဘာက်လား ? "

ဖရဲသီး​ေလးက ​​ေခါင္း​ေလးၿငိမ့္ကာ ​ေျဖလိုက္သည္။   " သား သူ႕ကို သ​ေဘာက်တယ္ "

​ေမာ့အန္းယြီရဲ႕မ်က္ႏွာအမူအရာက ပိုၿပီးႏူးညံ့လာကာ သူ႕​ေလသံကလည္း ပိုညင္သာ​ေနသည္။   " အဲဒီဦး​​ေလးႀကီးက လူ​ေကာင္းတစ္​ေယာက္မဟုတ္ဘူး ။ သူ႕ကို သ​​ေဘာမက်ရဘူး​ေနာ္ ငါ့က​ေလး​ေလး "

ဖရဲသီး​ေလးက သူ႕မ်က္လုံး​ေလး​ေတြကို က်ယ္က်ယ္ဖြင့္လိုက္သည္။   " ဦးဦးစုန္႔က လူ​ေကာင္းပါ !!! "

" ဒါ​ေပမယ့္ မင္းအ​ေဖက သူ႕ကို မႀကိဳက္ဘူး​ေလ ။ တကယ္လို႔ မင္းက ဦး​ေလးစုန္႔ကို သ​ေဘာက်ရင္ မင္းအ​ေဖက မင္းကို သ​ေဘာက်​ေတာ့မွာ မဟုတ္ဘူး ! "   ​ေမာ့အန္းယြီက ဖရဲသီး​ေလးကို ​ေခ်ာ့​ေမာ့အစ္​ေအာက္ရင္း ဖရဲသီး​ေလးရဲ႕ဆံပင္​ေလး​ေတြကို ပြတ္​ေပးလိုက္သည္။

ဖရဲသီး​ေလးက ​ေျပာလိုက္သည္။   " အိုး ! "   ၾကည့္ရတာ ဖရဲသီး​ေလးက နည္းနည္း စိတ္နဲ႔ကိုယ္နဲ႔မကပ္သလိုျဖစ္ေနသည္။

​​ေမာ့အန္းယြီက အဲဒါကို စိတ္မ႐ွိပါ​ေပ။သူက ဖရဲသီး​ေလးကို အတန္းထဲ​ေခၚသြား​ေပးၿပီး​ေနာက္ ညက်ရင္ လာ​ေခၚမယ္​ေျပာကာ ထြက္သြား​ေတာ့သည္။

ဖရဲသီး​ေလးက ၀မ္းနည္း​ေန​ေလသည္။

၀တုတ္​ေလးက ​ေ႐ွ႕ကို​ေလွ်ာက္လာၿပီး ဖရဲသီး​ေလးရဲ႕ပုခုံး​ေလးကို တို႔ကာ ဂ႐ုမစိုက္ခ်င္​ဟန္ေဆာင္ ​ေမးလိုက္သည္။   " ​ေပၚရန္တင္း , မင္းအ​ေဖ ဘယ္မွာလဲ ? "

" ပါးပါးက အလုပ္သြားတယ္ "   ဖရဲသီး​​ေလးက သူ႕ရဲ႕ထိုင္ခုံဆီကို သြားကာ ​ေတြ​ေတြ​ေငး​ေငး​ေလးနဲ႔ စားပြဲ​ေပၚ ​ေမွာက္​ေနလိုက္သည္။

၀တုတ္​ေလးက စိတ္ပ်က္သြား​ေပမယ့္ မၾကာခင္မွာပဲ ​ေပ်ာ္​ေပ်ာ္႐ႊင္႐ႊင္ ကစား​ေန​ေလသည္။

_____________

စုန္႔႐ွီလင္ဟာ က​ေလး​ကို ေက်ာင္းလိုက္​ပို႔​ေပးတဲ့ ​ေမာ့အန္းယြီကို အ​ေဝးက​ေန စူးစိုက္ၾကည့္​ေနသည္။သူ႕ရဲ႕မ်က္၀န္း​ေတြက ​ေလးနက္​ေနၿပီး သူ ​ေျပာလိုက္သည္။   " ​ေမာ့အန္းယြီက ဘာျဖစ္တာလဲ ? "

အတြင္း​ေရးမႉးခ်ဴက စုန္႔႐ွီလင္နဲ႔အတူ အလုပ္,လုပ္ခဲ့တာ ဆယ္ႏွစ္​ေက်ာ္ၾကာၿပီျဖစ္သည္။ဒါ​ေၾကာင့္ သူက သူ႕သူ​ေ႒း​ေျပာတဲ့ စကားလုံး​​ေတြရဲ႕ အဓိပၸါယ္​ေတြနဲ႔ပတ္သတ္ၿပီး အရမ္းကို ႐ွင္း႐ွင္းလင္းလင္း နားလည္သည္။အတြင္း​ေရးမႉးခ်ဴက လ်င္ျမန္စြာ ျပန္ေျဖလိုက္သည္။   " ကြၽန္​ေတာ္ တစ္​ေယာက္​ေယာက္ကို အျဖစ္မွန္ ႐ွာခိုင္းထားလိုက္ပါ့မယ္ "

" အင္း "   စုန္႔႐ွီလင္က စာ႐ြက္စာတန္း​ေတြကို ထုတ္ယူလိုက္သည္။   " ​ေမာင္း​ေတာ့ "

Driver က ကားကို ဂ႐ုတစိုက္ ​ေမာင္းႏွင္လိုက္သည္။အ​ေ႐ွ႕က passenger seat မွာ ထိုင္​ေနတဲ့ အတြင္း​ေရးမႉးခ်ဴက​ေတာ့ ​ေနာက္ၾကည့္မွန္က​ေနတစ္ဆင့္ မၾကာခဏ သူ႕ရဲ႕သူ​ေ႒းကို ​ေခ်ာင္းၾကည့္ကာ စုန္႔႐ွီလင္ ​ေဒါသထြက္​ေန​မ​ေနကို စူးစမ္း​​ေနရသည္။

စုန္႔႐ွီလင္က တစ္လမ္းလုံး တိတ္ဆိတ္​ေနသည္။ဒါ​ေပမယ့္ သူ ကား​ေပၚက ဆင္းတဲ့အခ်ိန္မွာ ႐ုတ္တရက္ သူ အတြင္း​ေရးမႉးခ်ဴကို ​ေျပာလိုက္သည္။   " တစ္​ေယာက္​ေယာက္ကို က​ေလး​ေနာက္ လိုက္ခိုင္းထားလိုက္ ။ ၿပီး​ေတာ့ ​ေမာ့အိမ္ကိုလည္း မ်က္ျခည္မပ်က္ ​ေစာင့္ၾကည့္ထား "

အတြင္း​ေရးမႉးခ်ဴ နာခံလိုက္​ေပမယ့္ စုန္႔႐ွီလင္က ဘာ​ေၾကာင့္မ်ား ​ေပၚယြီရဲ႕သားျဖစ္သူကို အရမ္းႀကီး ​ဂ႐ုစိုက္​ေနရသလဲဆိုတာ သူ နားမလည္​ေပ။ဒါ​ေပမယ့္ သူ႕ရဲ႕ႏွစ္​ေပါင္းမ်ားစြာ​ေသာ အလုပ္အ​ေတြ႕အၾကဳံမ်ားအရ အတြင္း​ေရးမႉးခ်ဴ ႏႈတ္ဆိတ္​ေနဖို႔ကိုပဲ ​ေ႐ြးခ်ယ္လိုက္​ေတာ့သည္။

.
.
.
.
.
.

​​ေမာ့အန္းယြီကို ဆဲမယ့္သူမ်ား တန္းစီ​ေပးပါ !!! 🤬🤬🤬
























Continue Reading

You'll Also Like

79.1K 14.1K 51
ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့...
932K 106K 92
Title - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6...
1.4M 60K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
137K 14.8K 49
This is Myanmar Translation of (Rebirth)Ten Years that I loved You Most ဆယ်နှစ်ထက်မကမင်းကိုပိုချစ်ခဲ့ပါတယ်ရဲ့ အသစ်တဖန်မွေးဖွားခြင်း(Rebirth)ပါ...