အပိုင်း ၉၉။ ကတိသစ္စာပြုခြင်းနှင့် လက်နက်နန်းတော်
"အရိုးစုတစ်ခုပဲကျန်တယ်။ သူ့အသွေးအသားတွေအကုန်လုံးက အမြိုခံလိုက်ရတယ်။" Carendra (ကာလွမ်သလာ*) က ပုံမှန်မဟုတ်တဲ့ လေးနက်တဲ့အမူအယာနဲ့ ပြောလိုက်သည်။
(အခုကစပြီး သူ့ကို ကာလွမ်သလာလို့ မြန်မာလို ရေးခေါ်ပါမယ်။ English နာမည်ဖြစ်နေရင် တချို့က ဖတ်ရတာ ဇိမ်ပျက်တတ်လို့ပါ။)
သလင်းနက်ထဲ ကြည့်ခဲ့လိုက်တုန်းက ကောင်းကင်က ပင်လယ်နက်လို အနက်ရောင်မြူထူထူတွေနဲ့ နက်မှောင်နေတာကို သူ မြင်ခဲ့ရသည်။ တလိပ်လိပ်ထနေတဲ့ နက်မှောင်တဲ့မြူထူထူတွေက ထူးထူးဆန်းဆန်းကို စိတ်ညစ်ညူးစရာဖြစ်နေပြီး သူ အဲ့တာကို သလင်းနက်ကနေတဆင့် မြင်နေခဲ့ရတာဖြစ်ပေမဲ့ မကောင်းတဲ့ခံစားချက်တွေ သူ့ကို ပေးနေခဲ့သည်။
အပြစ်ကျူးလွန်တဲ့ ကျင့်ကြံသူက သာမာန်ပညာရှင်တစ်ယောက်မဟုတ်ပဲ မကောင်းဆိုးဝါးပညာရပ်တစ်မျိုးမျိုး ကျင့်ကြံခဲ့သူ ဖြစ်လောက်တယ်လို့ သူ ပြောနိုင်သည်။ နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်မှာ မကောင်းဆိုးဝါးမျိုးနွယ်စုလို့ခေါ်တဲ့ စုစည်းရေးသားထားတဲ့ သမိုင်းစာအုပ်တစ်အုပ်ထဲမှာ အဲ့လိုပုံစံမျိုး ကျင့်ကြံသူတွေအကြောင်းကို ရေးသားထားသည်။
အဲ့တာကြောင့် ကာလွမ်သလာ က နတ်ဘုရားဥဿျောင်နယ်ပယ်ပညာအဆင့် ရောက်နေတဲ့ အဲ့ဒီ့ပညာရှင်ဟာ မြောက်ဘက်ပိုင်းကိုပဲ လွှမ်းမိုးချင်တာဟုတ်ရဲ့လားလို့ သံသယရှိသည်။
"ဟမ်?" ဖုန့်ရှီ မမေးဘဲ မနေနိုင်တော့ပေ၊ "အဲ့တာ တစ္ဆေလောကက ထွက်ပြေးလွတ်မြောက်လာတဲ့ ဝိညာဉ်နက်တွေလား?"
ဖုန့်ရှီ ခရမ်းရောင်ကျောက်စိမ်းဖြတ်ပိုင်းထဲက သတင်းအချက်အလက်တွေ အကုန်လုံးကို ရရှိထားခဲ့တာဖြစ်တဲ့အတွက် အဲ့ဒီ့ဝိညာဉ်နက်တွေဟာ အရင်ဘဝတုန်းက မကောင်းဆိုးဝါးပညာရပ်ကို ကျင့်ကြံခဲ့ကြသူတွေဆိုတာ သူ သိခဲ့ရသည်။ သူတို့ပညာရပ်ရဲ့ အကြီးမားဆုံး ကြံအင်လက္ခဏာက အခြားကျင့်ကြံသူတွေရဲ့ အသွေးအသားတွေကို ဝါးမြိုတာဖြစ်သည်။ အဲ့တာပြီးတော့ သူတို့တွေက အဲ့ဒီ့ကျင့်ကြံသူတွေရဲ့ စွမ်းအင်တွေကို ယူပြီး သူတို့ကိုယ်ပိုင်စွမ်းအင်တွေအဖြစ်ပြောင်းလိုက်ကာ သူတို့ရဲ့ ကျင့်ကြံဆင့်ကို တိုးမြှင့်ကြတာဖြစ်သည်။ သေဆုံးမှုအကြောင်း ကာလွမ်သလာ ပြောတာ ကြားတုန်းက ဖုန့်ရှီ အဲ့တာကို ချက်ချင်းပဲ သတိရလိုက်တာဖြစ်သည်ပင်။
"ဝိညာဉ်နက်?" ကာလွမ်သလာ အဲ့တာကို ပထမဆုံး ကြားဖူးတာမို့ တခဏလောက် အေးခဲသွားတော့သည်။
"အဲ့ဒီ့ မကောင်းတာတွေမျိုးစုံလုပ်ပြီး လူတွေ အများကြီး အများကြီးကို သတ်ခဲ့တဲ့သူတွေက အနက်ရောင်ဝိညာဉ်တွေအဖြစ် ပြောင်းသွားပြီး သူတို့ကို ဝိညာဉ်နက်လို့ ခေါ်တာ။" ဖုန့်ရှီက သလင်းစားပွဲပေါ် တွယ်တက်လိုက်ပြီး စားပဲအစွန်းလေးမှာ ထိုင်လိုက်ကာ ခြေထောက် ရှေ့နောက် လွှဲနေရင်း ကျေနပ်မှုအပြည့်နဲ့ ပြောလိုက်သည်။
"မင်းဆိုလိုတာက အဲ့ဒီ့ပညာရှင်က ဝိညာဉ်နက်တစ်ယောက်ပေါ့?"
ကာလွမ်သလာ အဲ့နှစ်ခုကို ချက်ချင်း ဆက်စပ်လိုက်သည်။ တဖက်လူက သူ့ကိုယ်သူ တချိန်လုံး အနက်ရောင်မြူထူထူတွေနဲ့ လွှမ်းခြုံရစ်ပတ်ထားတာဖြစ်တဲ့အတွက် တကယ်တော့ သူ အဲ့ဒီ့ပညာရှင်ရဲ့ မျက်နှာကို တခါမှ မမြင်ဖူးခဲ့ချေ။ အဲ့အပြင် အနက်ရောင်မြူတွေက တခြားသူတွေရဲ့ စိတ်ဝိညာဉ်သိစိတ်တွေ မဝင်လာအောင် တားထားနိုင်ပုံရတဲ့အတွက် အဲ့ဒီ့ပညာရှင်ရဲ့ပုံသဏ္ဍာန်ကို ဘယ်သူကမှ ခုချိန်ထိ ရှင်းရှင်းလင်းလင်း မမြင်ဖူးခဲ့ကြပေ။
"အဲ့တာတော့ ငါမသိဘူး၊ ဒါပေမဲ့ တစ္ဆေလောကကနေ ဝိညာဉ်နက်ဆယ်ယောက် လွတ်သွားတယ်လို့တော့ ငါ သိထားတယ်၊ သူတို့ အခု မြောက်ဘက်ပိုင်းမှာလို့ ထင်ရတယ်!" ဖုန့်ရှီ အသုံးဝင်တဲ့သတင်းအချက်အလက်ေွကို ကြိုးစားတွေးလိုက်ပေမဲ့ သူက ကောက်ချက်ချရာမှာ မတော်ပေ။ အရေးအကြီးဆုံးအချက်က သူက တွေးဖို့ အရမ်းပျင်းတာဖြစ်သည်။
ကာလွမ်သလာ က ဝိညာဉ်နက်ကိစ္စကို မမေးချင်ခဲ့ပေ။ နောက်ဆုံးတော့ တစ္ဆေလောကက လွတ်ပြေးလာတဲ့ ဝိညာဉ်နက်တွေဆိုတာ အပြင်ကို မပေါက်ကြားသင့်တဲ့ အရေးကြီးတာတစ်ခုခု ဖြစ်ရမည်။ ကောင်လေးက အဲ့တာကို အကျယ်ကြီး ထုတ်ပြောလိမ့်မယ်လို့ ကာလွမ်သလာ မထင်ထားခဲ့။ ဒါပေမဲ့ ဘုရင်ကြီးက ကောင်လေးကို မတားတာကို ကာလွမ်သလာ သတိထားမိသွားတော့ ဘုရင်ကြီး အခု သူ့ကို ဆူးလားမိသားစုအရေးကိစ္စ မေးတာက တခြားအစီအစဉ်ရှိနေသလားဆိုတာ မတွေးဘဲ မနေနိုင်တော့ပေ။
'ဒါ အခွင့်အရေးကောင်းပဲ!'
ကာလွမ်သလာ အဲ့တာကို ချက်ချင်း သဘောပေါက်သွားရသည်။ ငရဲမင်းကြီးဆိုတာ ဘယ်လိုသူမျိုးမို့လဲ? သူဟာ ကောင်းကင်လောကနဲ့ မိစ္ဆာလောကက အရှင်တွေတောင် ကြောက်လန့်ကြရတဲ့ ပညာရှင်တစ်ဦးလေ။ ဆူးလားမိသားစုက ဘုရင်ကြီးရဲ့ အကာအကွယ်ကို ရနိုင်မယ်ဆိုရင် ဆူးလားမိသားစုက ခေါင်းမော့ ရင်ကော့ မလုပ်နိုင်သေးဘူးဆိုရင်တောင်မှ ဒီမိသားစုကို ဘယ်သူကမှ ရန်စရဲကြတော့မှာ မဟုတ်!
ဒါ သူ့မိသားစုအတွက် ရှားပါးအခွင့်အရေးတစ်ခုဆိုတာ ကာလွမ်သလာ သိနေသည်။ ဘုရင်ကြီးက သူ့အတွက် ဆူးလားမိသားစုက တစ်စုံတစ်ခုကို လုပါကိုင်ပေးစေချင်ပုံ။ ကာလွမ်သလာ ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်နေသ၍ သူ ဆူးလားမိသားစုရဲ့ ပြန်လည်သက်ဝင်လာမှုကို သေချာပေါက် ယူဆောင်နိုင်မှာ!
"ကျွန်တော် အရှင့်အမှူတော် ထမ်းရွက်ပါမယ်လို့ ကျွန်တော် ကာလွမ်သလာ ကနေ ဆူးလားမိသားစုဝင်တွေအားလုံးကိုယ်စား လျောက်တင်ပါတယ် အရှင်မင်းကြီး!" ကာလွမ်သလာ ထပ်မံဒူးထောက်လိုက်ကာ သူ့နှလုံးသားထဲက စိတ်လှုပ်ရှားနေမှုကို ကြိုးစားထိန်းချုပ်လိုက်ရင်း ကျိန်ဆိုလိုက်သည်။
"ထပါ!" ဘုရင်ကြီးက လက်မြှောက်တင်လိုက်ပြီး ပြောလိုက်သည်။
'ဒီလူ ကာလွမ်သလာ က တွေးတောတတ်တယ်၊ လိမ်မာပါးနပ်တယ်၊ အခွင့်အရေးကို ဘယ်လိုရယူရမလဲသိတယ်။ သူက တကယ်ပဲ ထူးချွန်တဲ့သူပဲ။' ဘုရင်ကြီးက ကာလွမ်သလာ အပေါ် အမြင်ပြောင်းသွားသည်၊ 'သူတို့တွေ တူတူရှိနေကြမယ်ဆိုရင် ဖုန့်ရှီ ဒီလူဆီကနေ အတော်များများ သင်ယူနိုင်လိမ့်မယ်။'
"ဝိညာဉ်နက်တွေကို ပြန်ဖမ်းရမယ်။ မင်းတို့နှစ်ယောက်လုံး အကဲဖြတ်မှု အောင်မြင်ပြီးပြီဆိုတော့ အနာဂတ်မှာ မင်းတို့နှစ်ယောက်လုံး အစိမ်းရောင် ငရဲသား အမဲလိုက်အဖွဲဝင်တွေ ဖြစ်လာကြလိမ့်မယ်။ မြောက်ဘက်ပိုင်းက ဝိညာဉ်နက်တွေကို ဖမ်းဖို့ဆိုတာ မင်းတို့ရဲ့ ပထမဆုံးတာဝန်ဖြစ်လာလိမ့်မယ်။ မင်းတို့တွေနဲ့အတူ ပညာရှင်အနည်းငယ်ကို နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ဆီ စေလွှတ်ပေးဖို့ ငါကိုယ်တော် နန်းကုန်းလီကို ပြောလိုက်မယ်။ အခု အနောက်ကနေ လိုက်ခဲ့ကြ။" အဲ့လိုပြောပြီး ဘုရင်ကြီး ချက်ချင်းပဲ ထရပ်လိုက်သည်။
အဲ့နောက် ဖုန့်ရှီက သလင်းစားပွဲပေါ်ကနေ ခုန်ချလိုက်ပြီး ဘုရင်ကြီးနောက် တက်တက်ကြွကြွနဲ့ ခုန်ဆွနေကာ လိုက်သွားတော့၏။
သူတို့သုံးဦး တိတ်ဆိတ်နန်းတော်ခန်းမကနေ ထွက်လာတဲ့အခါမှာ ဘုရင်ကြီးနဲ့ Carendra တို့ ဦးလေးဖြူကို မြင်တော့ သူတို့ သိပ်ကြီး မအံ့ဩကြပေ။ ဒါပေမဲ့ ဖုန့်ရှီကတော့ ကြောင်တစ်ကောင်နဲ့ ပက်ပင်းတိုးမိတဲ့ ကြွက်ကလေးအလား ချက်ချင်းပဲ ဖိန့်ဖိန့်တုန်အောင် ကြောက်သွားတော့သည်။ အဲ့နောက် ချက်ချင်းပဲ ဘုရင်ကြီးနောက် ဝင်ပုန်းကာ ဘုရင်ကြီးရဲ့ င်္အကျီလက်နဲ့ သူ့မျက်နှာကို ကာလိုက်ပြီး ဒီလိုဆို ဦးလေးဖြူ သူ့ကို သတိမပြုမိလောက်ဘူးလို့ ယူဆလိုက်သည်။
ဒါပေမဲ့ ကောင်လေးမသိလိုက်တာက ဦးလေးဖြူက သူ့ကို မြင်စရာမလိုဘဲ သူ့တည်ရှိမှုကို ခံစားသိရှိနိုင်တယ်ဆိုတာပါပဲ။ အရှေ့တူရှုကို ကြည့်နေတဲ့ အဘိုးအိုက သူတို့ ဖြတ်သွားတဲ့အချိန်မှာ ဘုရင်ကြီးနောက် ဝင်ပုန်းနေတဲ့ကောင်လေးကို ရုတ်ချည်းပဲ တချက် ကြည့်လိုက်သည်။ ဘယ်သူမှ သူ့ကို သတိမပြုမိတဲ့အချိန်မှာ အဘိုးအိုက သူ့ရဲ့ အေးစက်တဲ့မျက်လုံးထဲ တောက်ပတဲ့အပြုံးတို့ ပေါ်လာတော့သည်။
ဦးလေးဖြူရဲ့ပုံရိပ်ကို ဖုန့်ရှီ မမြင်ရတော့မှ ခေါင်းပြူလိုက်ကာ သက်ပြင်းချလိုက်တော့သည်။ သူက ကာလွမ်သလာ ရဲ့ မျက်နှာပေါ်က အမူအယာကို ဖြတ်ခနဲ မြင်လိုက်တော့ တဖက်လူက သူ့ကို ရယ်ချင်ပုံရနေတာကို သူ တွေ့လိုက်ရသည်။အဲ့နောက် ဖုန့်ရှီ မျက်နှာဆူပုပ်သွားကာ ရင်ကော့လိုက်ပြီး 'ငါ ဦးလေးဖြူကို မကြောက်ဘူး။ မင်း ငါ့ကို မှားတွေးနေတာ!' လို့ ပြောလိုဟန် ပေါ်နေ၏။
ကာလွမ်သလာ သာ မျက်နှာတည်ကြီးနဲ့ မွေးဖွားလာတဲ့သူမဟုတ်ရင်၊ ပြီးတော့ သူ မကြာခဏ မရယ်တတ်တဲ့သူသာ မဟုတ်ရင် အူတတ်အောင် ထရယ်မိမှာအသေအချာပင်။
သူတို့ အတန်ကြာ လျှောက်လာကြပြီးနောက် ဘုရင်ကြီးက ဒဏ္ဍာရီလာသားရဲပုံတွေ ထွင်းထုထားတဲ့ အနက်ရောင်တံခါးတစ်ခုရှေ့ ရုတ်တရက် ရပ်တန့်လိုက်သည်။ ကြောက်မက်ဖွယ်ဖြစ်နေတဲ့ သားရဲရဲ့ မျက်လုံးအကြည့်တို့က အနီးကပ်လာသူတွေကို တားဆီးနေသည့်နှယ်။ နဂါးသွေးကြောတွေ ပေါ်တစ်ဝက် မပေါ်တစ်ဝက်နဲ့မို့ အဲ့တာကို ကြည့်ရတာ သားရဲက အချိန်မရွေး သက်ဝင်လာကာ ပြေးဝင်လာတော့မတတ်ပုံ ပေါ်နေသည်။
တံခါးက ဘုရင်ကြီး ရောက်ရှိလာကြောင်း ခံစားသိရှိသွားပုံရသည်။ အဲ့နောက် တကျွီကျွီမြည်သံနဲ့အတူ တံခါး ပွင့်သွားတော့သည်။ မိုးထိအောင် မြင့်မားတဲ့ တိုင်လုံး မတ်မတ်ကြီး နှစ်လုံးဘေးမှာ ရုပ်သေးရုပ်နှစ်ခု ရပ်နေ၏။ သူတို့က အသက်ရှိဟန် လက္ခဏာ မရှိပေမဲ့ နတ်ဘုရားဥဿျောင်နယ်ပယ်ရောက်နေတဲ့ ပညာရှင်တွေဆီကနေတောင် ကာလွမ်သလာ မခံစားမိနိုင်လောက်တဲ့ ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေ ထုတ်လွှတ်နေသည်။
"ကာလွမ်သလာ၊ မင်းကို ငါပြောပြမယ်၊ သူတို့တွေက ရုပ်သေးအစောင့်တွေလို့ခေါ်တယ်၊ အရမ်းမိုက်တာ။ မင်း ဒီနန်းတော်ထဲက ဘာကိုပဲမဆို တစ်ခုခုကို ထိလိုက်တာနဲ့ ဖော့ဖော့လေး ပါးပါးလေးထိလိုက်တယ်ဆိုရင်တောင်မှ သူတို့တွေ အပြေးလာပြီး မင်းကို သေလုမတတ် အပြင်းအထန် ရိုက်နှက်ကြလိမ့်မယ်!" ဖုန့်ရှီ ရုတ်တရက် ကာလွမ်သလာဆီ ချည်းကပ်သွားကာ လျို့ဝှက်တဲ့အကြည့်တို့နဲ့ ပြောလိုက်၏။
ကာလွမ်သလာ သူ့မျက်ခုံးတို့ မပင့်သွားပဲ မနေနိုင်တော့၊ "ဖုန့်ရှီ၊ မင်း အဲ့တာကို ဘယ်လိုသိတာလဲ"
"ဘာလို့လဲဆိုတော့ ငါ အရင်တုန်းက အရိုက်ခံခဲ့ရဖူးတယ်လေ!" ဖုန့်ရှီ မဆိုင်းမတွ ထုတ်ပြောလိုက်သည်။
အရင်တုန်းက ဖုန့်ရှီက ဒီနန်းတော်ထဲက အရာဝတ္ထုတွေကို ရိုးရိုးတန်းတန်းပဲ ထိလိုက်တာ၊ ကိုင်တာတွေ ယူတာတွေတောင် မဟုတ်ဘူးနော်၊ ဒါပေမဲ့ အစောင့်နှစ်ယောက်က ချက်ချင်းပဲ သွေးဆာနေတဲ့ပုံနဲ့ သူ့ကို ဦးတည် တိုက်ခိုက်တော့တာပါပဲ။ သူ့ခေါင်းဆောင်သာ အဲ့တုန်းက အချိန်မီ မလာနိုင်ခဲ့ဘူးဆိုရင် သူ့ခေါင်းပေါ် အဖုတစ်ဖုထက်မက ရှိသွားတော့မှာ။ အဲ့မှတ်ဉာဏ်က သူ့အတွက် အရမ်းကို ထင်ရှားနေတာကြောင့် ရုပ်သေးအစောင့် နှစ်ခုကို သူ မြင်တိုင်း သူ့ခေါင်းပေါ် အရိုက်ခံရတဲ့ ခံစားချက် ပြန်ရနေတာဖြစ်သည်။
အဲ့ကတည်းက ဖုန့်ရှီ လက်နက်နန်းတော်ဆီ မသွားရဲတော့တာဖြစ်ပြီး သူ့မျက်လုံးထဲ မျက်ရည်လည်ရွှဲနဲ့ ဒီနန်းတော်ကို နှုတ်ဆက်ခဲ့တာပဲဖြစ်သည်။
သူ လက်နက်နန်းတော်ထဲက အစွမ်းထက် သိမ်မွေ့နနက်နဲတဲ့ လက်နက်တွေကို သူ လိုချင်မျက်စိ ရှိနေဆဲဆိုပေမဲ့ သူ့အသက်ရှင်ရေးသည်သာ ပထမလေ။
ကာလွမ်သလာ ရယ်ချင်သွားပေမဲ့ ဘုရင်ကြီး ရှိနေတဲ့အတွက် ချုပ်တည်းလိုက်သည်။ ကောင်လေးရဲ့မျက်နှာပေါ်က အမူအယာကို အကဲဖြတ်ရရင် ကောင်လေးက အဲ့အတွေ့အကြုံအပေါ် ရှက်နေမဲ့အစား သနားစဖွယ် ခံစာနေရဟန်ပေါ်နေသည်။ ဖုန့်ရှီ ဘာအတွက် သနားစဖွယ်ခံစားနေရသလဲဆိုတာကတော့ ကာလွမ်သလာ မှန်းဆပြီးဖြစ်သည်။
အစောင့်ရုပ်သေးရုပ် နှစ်ရုပ်က ရှေ့တံခါးကိုသာ စောင့်ကြပ်ကြတာဖြစ်သည်။ အဲ့အထဲမှာ နှစ်ကျန်း (ကျန်းဆိုတာက 3 1/3 meters အရှည်ကို ဆိုလိုတာပါ) အမြင့်ရှိတဲ့ တံခါးတစ်ခု ရှိသည်။ တံခါးနှစ်ခုကြားမှာ ထောင်ချောက်တွေ အများကြီး ရှိသည်။ တကယ်လို့ တစ်ယောက်ယောက်က ဖောက်ဝင်ချင်တယ်ဆိုရင် သူ အဲ့ဒီ့ထောင်ချောက်တွေကို ဘယ်လိုရှောင်ရမလဲဆိုတာ မသိသ၍ ကောင်းကင်ထွတ်ထိပ်နန်းတော်ကလူတွေကို သေချာပေါက် တပ်လှန့်လိုက်သလို ဖြစ်သွားမှာဖြစ်သည်။
ဖုန့်ရှီ အဲ့ဒီ့ထောင်ချောက်တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ရှာတွေ့ပြီး ဖြစ်သည်၊ အဲ့လိုမှမဟုတ်ရင် အဲ့ဒီ့အစောင့်နှစ်ယောက် သူ့ကို မရိုက်ခင်မှာကတည်းက သူ ကန်အထုတ်ခံရပြီး ဖြစ်နေမှာ။
အင်း ဟုတ်တာပေါ့၊ ဒါက ဘုရင်ကြီးနဲ့ ဦးလေးဖြူက သူ့အပြုအမူတွေကို မသိချင်ယောင်ဆောင်ထားခဲ့လို့လေ။
လေးလံတဲ့တံခါး တဂျိန်းဂျိန်းအသံတွေ ဆူသွားကာ ပွင့်သွားတော့သည်။ တံခါးအနောက်ဘက်က မြင်ကွင်းထဲ ဝင်လာတော့ ဖုန့်ရှီနဲ့ ကာလွမ်သလာတို့မျက်နှာမှာ မတူညီတဲ့အမူအယာတွေ ပေါ်လာကြသည်။ ဖုန့်ရှီကတော့ ဟိုးအရင်ကတည်းက လိုချင်မျက်စိ ကျနေခဲ့တဲ့ လက်နက်တွေအပေါ် သွားရည်တမြားမြား ဖြစ်လို့နေပြီး အဲ့လက်နက်တွေအားလုံး သူ့အပိုင်သာ ဖြစ်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲဆိုပြီး စတင် တွေးနေတော့သည်။ ကာလွမ်သလာကတော့ အဲ့လောက် ဒရမ်မာ ခင်းမနေဘဲ သူငယ်အိမ် ပြူးကျယ်နေကာ တအံ့တဩနဲ့ ပါးစပ်အဟောင်းသာ ဖြစ်လို့နေတာဖြစ်သည်။
ဒါ ကာလွမ်သလာ အဲ့လောက် သိမ်မွေ့နက်နဲတဲ့လက်နက်တွေအများကြီးကို မြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဒီလောကကြီးမှာ လက်နက်အမျိုးအစားပေါင်း ဆယ်ရှစ်မျိုး ရှိတယ်လို့ ဆိုကြပေမဲ့ ဒီနန်းတော်မှာတော့ လက်နက်အမျိုးအစားပေါင်း ဆယ့်ရှစ်မျိုး ကဟန်မတူပေ။ အမျိုးအစားစုံတဲ့ သိမ်မွေ့နက်နဲလက်နက်တွေအားလုံးကို အစီအစဉ်တကျ ထားသိုထားတာဖြစ်သည်။ အဲ့ဒီ့လက်နက်တွေကနေ ထုတ်လွှတ်နေတဲ့ အရှိန်အဝါတွေအရ အဲ့လက်နက်တွေထဲမှာ ဘယ်တစ်ခုကမှ အနိမ့်တန်း အဆင့်မြင့်အဆင့်ထက် ပိုနိမ့်မှာ မဟုတ်လို့ ကာလွမ်သလာ တွေ့ရှိသွားသည်။ အဲ့ဒီ့လက်နက်တွေကနေ လျို့ဝှက်ဆန်းကျယ်ပြီး ကြောက်မက်ဖွယ်လေထုတွေကိုတောင် သူခံစားလို့ရနေကာ အဲ့တာတွေက ဒဏ္ဍာရီလာအတန်းအစားရဲ့ သိမ်မွေ့နက်နဲတဲ့လက်နက်တွေဆိုတာ ရှင်းနေသည်ပင်။
သိမ်မွေ့နက်နဲလက်နက်တွေမှာ အဆင့် ငါးဆင့် ရှိသည်၊ အနိမ့်စား၊ အလယ်အလတ်တန်းစား၊ အဆင့်မြင့်အတန်းအစား၊ အမြင့်ဆုံးအတန်းအစားနဲ့ ဒဏ္ဍာရီလာအတန်းအစားတို့ဖြစ်ကြသည်။ အဆင့်မြင့်အတန်းအစား သိမ်မွေ့နက်နဲလက်နက်တွေကို အတွေ့ရများပေမဲ့ အရေအတွက်အားဖြင့်တော့ အဲ့လောက် မများချေ။ နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်က နယ်မြေတွေအားလုံးမှာ လေလံပွဲတွေ ရှိကြသည်။ တခါတလေ ပေါ်ထွက်လာတတ်တဲ့ အဆင့်မြင့်အတန်းအစား သိမ်မွေ့နက်နဲလက်နက်တွေကို အင်အားစုတွေ အားလုံးက အပြိုင်အဆိုင် လုပြီး လေလံပေးရလောက်အောင် တန်ဖိုးရှိတာဖြစ်သည်။ တကယ်လို့ အမြင့်ဆုံးအတန်းအစား သိမ်မွေ့နက်နဲလက်နက်တွေ ထွက်ပေါ်လာတယ်ဆိုရင် အဲ့လေလံပွဲက ကျိန်းသေပေါက် အကျိတ်အနယ်လုကြမဲ့ပွဲပါပဲ။ ဒဏ္ဍာရီလာအတန်းအစား သိမ်မွေ့နက်နဲလက်နက်တွေဆိုရင်တော့ အမြင့်ဆုံးအဆင့် သိမ်မွေ့နက်နဲလက်နက်တွေထက်တောင် ပိုလို့ တွေ့ရခဲတာဖြစ်သည်။
အဲ့တာကြောင့် အဆင့်မြင့်အတန်းအစားနဲ့ အထက် သိမ်မွေ့နက်နဲလက်နက်တွေက အလွန့်အလွန်ကို ရှားပါးတာဖြစ်သည်။ ဆူးလားမိသားစုမှာတောင် အနိမ့်စား အဆင့်မြင့်အတန်းအစား သိမ်မွေ့နက်နဲလက်နက် တစ်ခုသာ ရှိ၏။
ကာလွမ်သလာ အဲ့လက်နက်ကို အမွေလွှဲမယူခဲ့ချေ၊ အကြောင်းကတော့ အဲ့လက်နက်က သူ့အတွက် မသင့်တော်တဲ့ ခုတ်ဖြတ်တဲ့ ပုဆိန်တစ်ခုမို့ပဲ ဖြစ်သည်။ အဲ့တာကြောင့် တလျောက်လုံးမှာ သူက ဖုန့်ရှီလိုပဲ လက်ချည်းသပ်သပ်နဲ့သာ သူ တိုက်ခိုက်နေခဲ့တာဖြစ်၏။ ဒါပေမဲ့ ကာလွမ်သလာအပါအဝင် ကျင့်ကြံသူတွေအားလုံးက သိမ်မွေ့နက်နဲလက်နက်တစ်ခုလောက်တော့ လိုချင်တပ်မက်ကြသည်လေ!
ဘုရင်ကြီးက လှည့်ကြည့်လိုက်ကာ သူတို့မျက်နှာပေါ်က စိတ်လှုပ်ရှားနေမှုတွေကို လျစ်လျူရှုလိုက်ြပီး တည့်ပဲ ပြောလိုက်သည်၊ "မင်းတို့နဲ့ အသင့်တော်ဆုံးဖြစ်မယ့် သိမ်မွေ့နက်နဲလက်နက်တစ်ခု သွားရွေးချေ။ မှတ်ထားရမှာက မင်းတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေနဲ့ ကိုက်ညီတာကိုသာ ရွေးကြ!"
အရမ်းကို စိတ်မရှည် လက်မရှည် စောင့်နေခဲ့ရတဲ့ ဖုန့်ရှီက ချက်ချင်းကို ပြေးသွားလိုက်ပြီး ကာလွမ်သလာတစ်ယောက် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း အဲ့နေရာမှာတင် ရပ်နေတာကို သတိမပြုမိတော့ချေ။
ဘုရင်ကြီးက ကာလွမ်သလာကို မြင်သွားပုံရကာ ပြောလိုက်သည်၊ "သွား!"
"ကျေးဇူးကြီးမြတ်လှပါတယ် အရှင်မင်းကြီး!" ကာလွမ်သလာ နောက်ဆုံးတော့ တကယ်ကို ပျော်သွားတဲ့ပုံ ပေါ်လာတော့သည်။ အဲ့အမူအယာက သိပ်ကြီး မသိသာနေပေမဲ့လည်း သူ အခု ဘယ်လို ခံစားနေရသလဲဆိုတာ ဖော်ပြဖို့တော့ လုံလောက်ပြည့်စုံနေသည်လေ။ အဲ့နောက် သူက ဖုန့်ရှီနောက် လိုက်သွားလိုက်ကာ သိမ်မွေ့နက်နဲလက်နက်တွေ တပုံကြီးဆီ လျှောက်လှမ်းဝင်ရောက်သွားတော့သည်။
ဘုရင်ကြီးက ကာလွမ်သလာကို လက်ခံပြီးဖြစ်တဲ့အတွက် သေချာပေါက် ရက်ရောမှာဖြစ်သည်။
အခု ဘုရင်ကြီးရဲ့ နက်မှောင်တဲ့ မျက်လုံးအစုံက ရှိသမျှလက်နက်တိုင်းကို လိုက်ကိုင်နေ ထိနေတဲ့ ခပ်လှမ်းလှမ်းကသူဆီ အကြည့်မြဲမြံနေကာ တွေးလိုက်၏၊ "ဒါ သူ့အတွက် ငရဲပြည်အပြင်ဘက်ကို စူးစမ်းလေ့လာ တောင်ပံဖြန့်ကျက်ဖို့ အချိန်ရောက်ပြီ!'
20211215; 0008
—————————— Zawgyi —————————
အပိုင္း ၉၉။ ကတိသစၥာျပဳျခင္းႏွင့္ လက္နက္နန္းေတာ္
"အရိုးစုတစ္ခုပဲက်န္တယ္။ သူ႔အေသြးအသားေတြအကုန္လုံးက အၿမိဳခံလိုက္ရတယ္။" Carendra (ကာလြမ္သလာ*) က ပုံမွန္မဟုတ္တဲ့ ေလးနက္တဲ့အမူအယာနဲ႔ ေျပာလိုက္သည္။
(အခုကစၿပီး သူ႔ကို ကာလြမ္သလာလို႔ ျမန္မာလို ေရးေခၚပါမယ္။ English နာမည္ျဖစ္ေနရင္ တခ်ိဳ႕က ဖတ္ရတာ ဇိမ္ပ်က္တတ္လို႔ပါ။)
သလင္းနက္ထဲ ၾကည့္ခဲ့လိုက္တုန္းက ေကာင္းကင္က ပင္လယ္နက္လို အနက္ေရာင္ျမဴထူထူေတြနဲ႔ နက္ေမွာင္ေနတာကို သူ ျမင္ခဲ့ရသည္။ တလိပ္လိပ္ထေနတဲ့ နက္ေမွာင္တဲ့ျမဴထူထူေတြက ထူးထူးဆန္းဆန္းကို စိတ္ညစ္ညဴးစရာျဖစ္ေနၿပီး သူ အဲ့တာကို သလင္းနက္ကေနတဆင့္ ျမင္ေနခဲ့ရတာျဖစ္ေပမဲ့ မေကာင္းတဲ့ခံစားခ်က္ေတြ သူ႔ကို ေပးေနခဲ့သည္။
အျပစ္က်ဴးလြန္တဲ့ က်င့္ႀကံသူက သာမာန္ပညာရွင္တစ္ေယာက္မဟုတ္ပဲ မေကာင္းဆိုးဝါးပညာရပ္တစ္မ်ိဳးမ်ိဳး က်င့္ႀကံခဲ့သူ ျဖစ္ေလာက္တယ္လို႔ သူ ေျပာနိုင္သည္။ နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္မွာ မေကာင္းဆိုးဝါးမ်ိဳးႏြယ္စုလို႔ေခၚတဲ့ စုစည္းေရးသားထားတဲ့ သမိုင္းစာအုပ္တစ္အုပ္ထဲမွာ အဲ့လိုပုံစံမ်ိဳး က်င့္ႀကံသူေတြအေၾကာင္းကို ေရးသားထားသည္။
အဲ့တာေၾကာင့္ ကာလြမ္သလာ က နတ္ဘုရားဥႆ်ောင္နယ္ပယ္ပညာအဆင့္ ေရာက္ေနတဲ့ အဲ့ဒီ့ပညာရွင္ဟာ ေျမာက္ဘက္ပိုင္းကိုပဲ လႊမ္းမိုးခ်င္တာဟုတ္ရဲ့လားလို႔ သံသယရွိသည္။
"ဟမ္?" ဖုန္႔ရွီ မေမးဘဲ မေနနိုင္ေတာ့ေပ၊ "အဲ့တာ တေစၧေလာကက ထြက္ေျပးလြတ္ေျမာက္လာတဲ့ ဝိညာဥ္နက္ေတြလား?"
ဖုန္႔ရွီ ခရမ္းေရာင္ေက်ာက္စိမ္းျဖတ္ပိုင္းထဲက သတင္းအခ်က္အလက္ေတြ အကုန္လုံးကို ရရွိထားခဲ့တာျဖစ္တဲ့အတြက္ အဲ့ဒီ့ဝိညာဥ္နက္ေတြဟာ အရင္ဘဝတုန္းက မေကာင္းဆိုးဝါးပညာရပ္ကို က်င့္ႀကံခဲ့ၾကသူေတြဆိုတာ သူ သိခဲ့ရသည္။ သူတို႔ပညာရပ္ရဲ့ အႀကီးမားဆုံး ႀကံအင္လကၡဏာက အျခားက်င့္ႀကံသူေတြရဲ့ အေသြးအသားေတြကို ဝါးၿမိဳတာျဖစ္သည္။ အဲ့တာၿပီးေတာ့ သူတို႔ေတြက အဲ့ဒီ့က်င့္ႀကံသူေတြရဲ့ စြမ္းအင္ေတြကို ယူၿပီး သူတို႔ကိုယ္ပိုင္စြမ္းအင္ေတြအျဖစ္ေျပာင္းလိုက္ကာ သူတို႔ရဲ့ က်င့္ႀကံဆင့္ကို တိုးျမႇင့္ၾကတာျဖစ္သည္။ ေသဆုံးမွုအေၾကာင္း ကာလြမ္သလာ ေျပာတာ ၾကားတုန္းက ဖုန္႔ရွီ အဲ့တာကို ခ်က္ခ်င္းပဲ သတိရလိုက္တာျဖစ္သည္ပင္။
"ဝိညာဥ္နက္?" ကာလြမ္သလာ အဲ့တာကို ပထမဆုံး ၾကားဖူးတာမို႔ တခဏေလာက္ ေအးခဲသြားေတာ့သည္။
"အဲ့ဒီ့ မေကာင္းတာေတြမ်ိဳးစုံလုပ္ၿပီး လူေတြ အမ်ားႀကီး အမ်ားႀကီးကို သတ္ခဲ့တဲ့သူေတြက အနက္ေရာင္ဝိညာဥ္ေတြအျဖစ္ ေျပာင္းသြားၿပီး သူတို႔ကို ဝိညာဥ္နက္လို႔ ေခၚတာ။" ဖုန္႔ရွီက သလင္းစားပြဲေပၚ တြယ္တက္လိုက္ၿပီး စားပဲအစြန္းေလးမွာ ထိုင္လိုက္ကာ ေျခေထာက္ ေရွ႕ေနာက္ လႊဲေနရင္း ေက်နပ္မွုအျပည့္နဲ႔ ေျပာလိုက္သည္။
"မင္းဆိုလိုတာက အဲ့ဒီ့ပညာရွင္က ဝိညာဥ္နက္တစ္ေယာက္ေပါ့?"
ကာလြမ္သလာ အဲ့ႏွစ္ခုကို ခ်က္ခ်င္း ဆက္စပ္လိုက္သည္။ တဖက္လူက သူ႔ကိုယ္သူ တခ်ိန္လုံး အနက္ေရာင္ျမဴထူထူေတြနဲ႔ လႊမ္းျခဳံရစ္ပတ္ထားတာျဖစ္တဲ့အတြက္ တကယ္ေတာ့ သူ အဲ့ဒီ့ပညာရွင္ရဲ့ မ်က္ႏွာကို တခါမွ မျမင္ဖူးခဲ့ေခ်။ အဲ့အျပင္ အနက္ေရာင္ျမဴေတြက တျခားသူေတြရဲ့ စိတ္ဝိညာဥ္သိစိတ္ေတြ မဝင္လာေအာင္ တားထားနိုင္ပုံရတဲ့အတြက္ အဲ့ဒီ့ပညာရွင္ရဲ့ပုံသ႑ာန္ကို ဘယ္သူကမွ ခုခ်ိန္ထိ ရွင္းရွင္းလင္းလင္း မျမင္ဖူးခဲ့ၾကေပ။
"အဲ့တာေတာ့ ငါမသိဘူး၊ ဒါေပမဲ့ တေစၧေလာကကေန ဝိညာဥ္နက္ဆယ္ေယာက္ လြတ္သြားတယ္လို႔ေတာ့ ငါ သိထားတယ္၊ သူတို႔ အခု ေျမာက္ဘက္ပိုင္းမွာလို႔ ထင္ရတယ္!" ဖုန္႔ရွီ အသုံးဝင္တဲ့သတင္းအခ်က္အလက္ေြကို ႀကိဳးစားေတြးလိုက္ေပမဲ့ သူက ေကာက္ခ်က္ခ်ရာမွာ မေတာ္ေပ။ အေရးအႀကီးဆုံးအခ်က္က သူက ေတြးဖို႔ အရမ္းပ်င္းတာျဖစ္သည္။
ကာလြမ္သလာ က ဝိညာဥ္နက္ကိစၥကို မေမးခ်င္ခဲ့ေပ။ ေနာက္ဆုံးေတာ့ တေစၧေလာကက လြတ္ေျပးလာတဲ့ ဝိညာဥ္နက္ေတြဆိုတာ အျပင္ကို မေပါက္ၾကားသင့္တဲ့ အေရးႀကီးတာတစ္ခုခု ျဖစ္ရမည္။ ေကာင္ေလးက အဲ့တာကို အက်ယ္ႀကီး ထုတ္ေျပာလိမ့္မယ္လို႔ ကာလြမ္သလာ မထင္ထားခဲ့။ ဒါေပမဲ့ ဘုရင္ႀကီးက ေကာင္ေလးကို မတားတာကို ကာလြမ္သလာ သတိထားမိသြားေတာ့ ဘုရင္ႀကီး အခု သူ႔ကို ဆူးလားမိသားစုအေရးကိစၥ ေမးတာက တျခားအစီအစဥ္ရွိေနသလားဆိုတာ မေတြးဘဲ မေနနိုင္ေတာ့ေပ။
'ဒါ အခြင့္အေရးေကာင္းပဲ!'
ကာလြမ္သလာ အဲ့တာကို ခ်က္ခ်င္း သေဘာေပါက္သြားရသည္။ ငရဲမင္းႀကီးဆိုတာ ဘယ္လိုသူမ်ိဳးမို႔လဲ? သူဟာ ေကာင္းကင္ေလာကနဲ႔ မိစၧာေလာကက အရွင္ေတြေတာင္ ေၾကာက္လန္႔ၾကရတဲ့ ပညာရွင္တစ္ဦးေလ။ ဆူးလားမိသားစုက ဘုရင္ႀကီးရဲ့ အကာအကြယ္ကို ရနိုင္မယ္ဆိုရင္ ဆူးလားမိသားစုက ေခါင္းေမာ့ ရင္ေကာ့ မလုပ္နိုင္ေသးဘူးဆိုရင္ေတာင္မွ ဒီမိသားစုကို ဘယ္သူကမွ ရန္စရဲၾကေတာ့မွာ မဟုတ္!
ဒါ သူ႔မိသားစုအတြက္ ရွားပါးအခြင့္အေရးတစ္ခုဆိုတာ ကာလြမ္သလာ သိေနသည္။ ဘုရင္ႀကီးက သူ႔အတြက္ ဆူးလားမိသားစုက တစ္စုံတစ္ခုကို လုပါကိုင္ေပးေစခ်င္ပုံ။ ကာလြမ္သလာ ဒီအခြင့္အေရးကို ဆုပ္ကိုင္နိုင္ေနသ၍ သူ ဆူးလားမိသားစုရဲ့ ျပန္လည္သက္ဝင္လာမွုကို ေသခ်ာေပါက္ ယူေဆာင္နိုင္မွာ!
"ကၽြန္ေတာ္ အရွင့္အမွူေတာ္ ထမ္းရြက္ပါမယ္လို႔ ကၽြန္ေတာ္ ကာလြမ္သလာ ကေန ဆူးလားမိသားစုဝင္ေတြအားလုံးကိုယ္စား ေလ်ာက္တင္ပါတယ္ အရွင္မင္းႀကီး!" ကာလြမ္သလာ ထပ္မံဒူးေထာက္လိုက္ကာ သူ႔ႏွလုံးသားထဲက စိတ္လွုပ္ရွားေနမွုကို ႀကိဳးစားထိန္းခ်ဳပ္လိုက္ရင္း က်ိန္ဆိုလိုက္သည္။
"ထပါ!" ဘုရင္ႀကီးက လက္ေျမႇာက္တင္လိုက္ၿပီး ေျပာလိုက္သည္။
'ဒီလူ ကာလြမ္သလာ က ေတြးေတာတတ္တယ္၊ လိမ္မာပါးနပ္တယ္၊ အခြင့္အေရးကို ဘယ္လိုရယူရမလဲသိတယ္။ သူက တကယ္ပဲ ထူးခၽြန္တဲ့သူပဲ။' ဘုရင္ႀကီးက ကာလြမ္သလာ အေပၚ အျမင္ေျပာင္းသြားသည္၊ 'သူတို႔ေတြ တူတူရွိေနၾကမယ္ဆိုရင္ ဖုန္႔ရွီ ဒီလူဆီကေန အေတာ္မ်ားမ်ား သင္ယူနိုင္လိမ့္မယ္။'
"ဝိညာဥ္နက္ေတြကို ျပန္ဖမ္းရမယ္။ မင္းတို႔ႏွစ္ေယာက္လုံး အကဲျဖတ္မွု ေအာင္ျမင္ၿပီးၿပီဆိုေတာ့ အနာဂတ္မွာ မင္းတို႔ႏွစ္ေယာက္လုံး အစိမ္းေရာင္ ငရဲသား အမဲလိုက္အဖြဲဝင္ေတြ ျဖစ္လာၾကလိမ့္မယ္။ ေျမာက္ဘက္ပိုင္းက ဝိညာဥ္နက္ေတြကို ဖမ္းဖို႔ဆိုတာ မင္းတို႔ရဲ့ ပထမဆုံးတာဝန္ျဖစ္လာလိမ့္မယ္။ မင္းတို႔ေတြနဲ႔အတူ ပညာရွင္အနည္းငယ္ကို နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္ဆီ ေစလႊတ္ေပးဖို႔ ငါကိုယ္ေတာ္ နန္းကုန္းလီကို ေျပာလိုက္မယ္။ အခု အေနာက္ကေန လိုက္ခဲ့ၾက။" အဲ့လိုေျပာၿပီး ဘုရင္ႀကီး ခ်က္ခ်င္းပဲ ထရပ္လိုက္သည္။
အဲ့ေနာက္ ဖုန္႔ရွီက သလင္းစားပြဲေပၚကေန ခုန္ခ်လိုက္ၿပီး ဘုရင္ႀကီးေနာက္ တက္တက္ႂကြႂကြနဲ႔ ခုန္ဆြေနကာ လိုက္သြားေတာ့၏။
သူတို႔သုံးဦး တိတ္ဆိတ္နန္းေတာ္ခန္းမကေန ထြက္လာတဲ့အခါမွာ ဘုရင္ႀကီးနဲ႔ Carendra တို႔ ဦးေလးျဖဴကို ျမင္ေတာ့ သူတို႔ သိပ္ႀကီး မအံ့ဩၾကေပ။ ဒါေပမဲ့ ဖုန္႔ရွီကေတာ့ ေၾကာင္တစ္ေကာင္နဲ႔ ပက္ပင္းတိုးမိတဲ့ ႂကြက္ကေလးအလား ခ်က္ခ်င္းပဲ ဖိန္႔ဖိန္႔တုန္ေအာင္ ေၾကာက္သြားေတာ့သည္။ အဲ့ေနာက္ ခ်က္ခ်င္းပဲ ဘုရင္ႀကီးေနာက္ ဝင္ပုန္းကာ ဘုရင္ႀကီးရဲ့ အၤက်ီလက္နဲ႔ သူ႔မ်က္ႏွာကို ကာလိုက္ၿပီး ဒီလိုဆို ဦးေလးျဖဴ သူ႔ကို သတိမျပဳမိေလာက္ဘူးလို႔ ယူဆလိုက္သည္။
ဒါေပမဲ့ ေကာင္ေလးမသိလိုက္တာက ဦးေလးျဖဴက သူ႔ကို ျမင္စရာမလိုဘဲ သူ႔တည္ရွိမွုကို ခံစားသိရွိနိုင္တယ္ဆိုတာပါပဲ။ အေရွ႕တူရွုကို ၾကည့္ေနတဲ့ အဘိုးအိုက သူတို႔ ျဖတ္သြားတဲ့အခ်ိန္မွာ ဘုရင္ႀကီးေနာက္ ဝင္ပုန္းေနတဲ့ေကာင္ေလးကို ႐ုတ္ခ်ည္းပဲ တခ်က္ ၾကည့္လိုက္သည္။ ဘယ္သူမွ သူ႔ကို သတိမျပဳမိတဲ့အခ်ိန္မွာ အဘိုးအိုက သူ႔ရဲ့ ေအးစက္တဲ့မ်က္လုံးထဲ ေတာက္ပတဲ့အျပဳံးတို႔ ေပၚလာေတာ့သည္။
ဦးေလးျဖဴရဲ့ပုံရိပ္ကို ဖုန္႔ရွီ မျမင္ရေတာ့မွ ေခါင္းျပဴလိုက္ကာ သက္ျပင္းခ်လိုက္ေတာ့သည္။ သူက ကာလြမ္သလာ ရဲ့ မ်က္ႏွာေပၚက အမူအယာကို ျဖတ္ခနဲ ျမင္လိုက္ေတာ့ တဖက္လူက သူ႔ကို ရယ္ခ်င္ပုံရေနတာကို သူ ေတြ႕လိုက္ရသည္။အဲ့ေနာက္ ဖုန္႔ရွီ မ်က္ႏွာဆူပုပ္သြားကာ ရင္ေကာ့လိုက္ၿပီး 'ငါ ဦးေလးျဖဴကို မေၾကာက္ဘူး။ မင္း ငါ့ကို မွားေတြးေနတာ!' လို႔ ေျပာလိုဟန္ ေပၚေန၏။
ကာလြမ္သလာ သာ မ်က္ႏွာတည္ႀကီးနဲ႔ ေမြးဖြားလာတဲ့သူမဟုတ္ရင္၊ ၿပီးေတာ့ သူ မၾကာခဏ မရယ္တတ္တဲ့သူသာ မဟုတ္ရင္ အူတတ္ေအာင္ ထရယ္မိမွာအေသအခ်ာပင္။
သူတို႔ အတန္ၾကာ ေလၽွာက္လာၾကၿပီးေနာက္ ဘုရင္ႀကီးက ဒ႑ာရီလာသားရဲပုံေတြ ထြင္းထုထားတဲ့ အနက္ေရာင္တံခါးတစ္ခုေရွ႕ ႐ုတ္တရက္ ရပ္တန႔္လိုက္သည္။ ေၾကာက္မက္ဖြယ္ျဖစ္ေနတဲ့ သားရဲရဲ့ မ်က္လုံးအၾကည့္တို႔က အနီးကပ္လာသူေတြကို တားဆီးေနသည့္ႏွယ္။ နဂါးေသြးေၾကာေတြ ေပၚတစ္ဝက္ မေပၚတစ္ဝက္နဲ႔မို႔ အဲ့တာကို ၾကည့္ရတာ သားရဲက အခ်ိန္မေရြး သက္ဝင္လာကာ ေျပးဝင္လာေတာ့မတတ္ပုံ ေပၚေနသည္။
တံခါးက ဘုရင္ႀကီး ေရာက္ရွိလာေၾကာင္း ခံစားသိရွိသြားပုံရသည္။ အဲ့ေနာက္ တကၽြီကၽြီျမည္သံနဲ႔အတူ တံခါး ပြင့္သြားေတာ့သည္။ မိုးထိေအာင္ ျမင့္မားတဲ့ တိုင္လုံး မတ္မတ္ႀကီး ႏွစ္လုံးေဘးမွာ ႐ုပ္ေသး႐ုပ္ႏွစ္ခု ရပ္ေန၏။ သူတို႔က အသက္ရွိဟန္ လကၡဏာ မရွိေပမဲ့ နတ္ဘုရားဥႆ်ောင္နယ္ပယ္ေရာက္ေနတဲ့ ပညာရွင္ေတြဆီကေနေတာင္ ကာလြမ္သလာ မခံစားမိနိုင္ေလာက္တဲ့ ေၾကာက္စရာေကာင္းတဲ့ အရွိန္အဝါေတြ ထုတ္လႊတ္ေနသည္။
"ကာလြမ္သလာ၊ မင္းကို ငါေျပာျပမယ္၊ သူတို႔ေတြက ႐ုပ္ေသးအေစာင့္ေတြလို႔ေခၚတယ္၊ အရမ္းမိုက္တာ။ မင္း ဒီနန္းေတာ္ထဲက ဘာကိုပဲမဆို တစ္ခုခုကို ထိလိုက္တာနဲ႔ ေဖာ့ေဖာ့ေလး ပါးပါးေလးထိလိုက္တယ္ဆိုရင္ေတာင္မွ သူတို႔ေတြ အေျပးလာၿပီး မင္းကို ေသလုမတတ္ အျပင္းအထန္ ရိုက္ႏွက္ၾကလိမ့္မယ္!" ဖုန႔္ရွီ ႐ုတ္တရက္ ကာလြမ္သလာဆီ ခ်ည္းကပ္သြားကာ လ်ိဳ႕ဝွက္တဲ့အၾကည့္တို႔နဲ႔ ေျပာလိုက္၏။
ကာလြမ္သလာ သူ႔မ်က္ခုံးတို႔ မပင့္သြားပဲ မေနနိုင္ေတာ့၊ "ဖုန႔္ရွီ၊ မင္း အဲ့တာကို ဘယ္လိုသိတာလဲ"
"ဘာလို႔လဲဆိုေတာ့ ငါ အရင္တုန္းက အရိုက္ခံခဲ့ရဖူးတယ္ေလ!" ဖုန႔္ရွီ မဆိုင္းမတြ ထုတ္ေျပာလိုက္သည္။
အရင္တုန္းက ဖုန႔္ရွီက ဒီနန္းေတာ္ထဲက အရာဝတၳဳေတြကို ရိုးရိုးတန္းတန္းပဲ ထိလိုက္တာ၊ ကိုင္တာေတြ ယူတာေတြေတာင္ မဟုတ္ဘူးေနာ္၊ ဒါေပမဲ့ အေစာင့္ႏွစ္ေယာက္က ခ်က္ခ်င္းပဲ ေသြးဆာေနတဲ့ပုံနဲ႔ သူ႔ကို ဦးတည္ တိုက္ခိုက္ေတာ့တာပါပဲ။ သူ႔ေခါင္းေဆာင္သာ အဲ့တုန္းက အခ်ိန္မီ မလာနိုင္ခဲ့ဘူးဆိုရင္ သူ႔ေခါင္းေပၚ အဖုတစ္ဖုထက္မက ရွိသြားေတာ့မွာ။ အဲ့မွတ္ဉာဏ္က သူ႔အတြက္ အရမ္းကို ထင္ရွားေနတာေၾကာင့္ ႐ုပ္ေသးအေစာင့္ ႏွစ္ခုကို သူ ျမင္တိုင္း သူ႔ေခါင္းေပၚ အရိုက္ခံရတဲ့ ခံစားခ်က္ ျပန္ရေနတာျဖစ္သည္။
အဲ့ကတည္းက ဖုန႔္ရွီ လက္နက္နန္းေတာ္ဆီ မသြားရဲေတာ့တာျဖစ္ၿပီး သူ႔မ်က္လုံးထဲ မ်က္ရည္လည္ရႊဲနဲ႔ ဒီနန္းေတာ္ကို ႏွုတ္ဆက္ခဲ့တာပဲျဖစ္သည္။
သူ လက္နက္နန္းေတာ္ထဲက အစြမ္းထက္ သိမ္ေမြ႕နနက္နဲတဲ့ လက္နက္ေတြကို သူ လိုခ်င္မ်က္စိ ရွိေနဆဲဆိုေပမဲ့ သူ႔အသက္ရွင္ေရးသည္သာ ပထမေလ။
ကာလြမ္သလာ ရယ္ခ်င္သြားေပမဲ့ ဘုရင္ႀကီး ရွိေနတဲ့အတြက္ ခ်ဳပ္တည္းလိုက္သည္။ ေကာင္ေလးရဲ့မ်က္ႏွာေပၚက အမူအယာကို အကဲျဖတ္ရရင္ ေကာင္ေလးက အဲ့အေတြ႕အၾကဳံအေပၚ ရွက္ေနမဲ့အစား သနားစဖြယ္ ခံစာေနရဟန္ေပၚေနသည္။ ဖုန္႔ရွီ ဘာအတြက္ သနားစဖြယ္ခံစားေနရသလဲဆိုတာကေတာ့ ကာလြမ္သလာ မွန္းဆၿပီးျဖစ္သည္။
အေစာင့္႐ုပ္ေသး႐ုပ္ ႏွစ္႐ုပ္က ေရွ႕တံခါးကိုသာ ေစာင့္ၾကပ္ၾကတာျဖစ္သည္။ အဲ့အထဲမွာ ႏွစ္က်န္း (က်န္းဆိုတာက 3 1/3 meters အရွည္ကို ဆိုလိုတာပါ) အျမင့္ရွိတဲ့ တံခါးတစ္ခု ရွိသည္။ တံခါးႏွစ္ခုၾကားမွာ ေထာင္ေခ်ာက္ေတြ အမ်ားႀကီး ရွိသည္။ တကယ္လို႔ တစ္ေယာက္ေယာက္က ေဖာက္ဝင္ခ်င္တယ္ဆိုရင္ သူ အဲ့ဒီ့ေထာင္ေခ်ာက္ေတြကို ဘယ္လိုေရွာင္ရမလဲဆိုတာ မသိသ၍ ေကာင္းကင္ထြတ္ထိပ္နန္းေတာ္ကလူေတြကို ေသခ်ာေပါက္ တပ္လွန္႔လိုက္သလို ျဖစ္သြားမွာျဖစ္သည္။
ဖုန္႔ရွီ အဲ့ဒီ့ေထာင္ေခ်ာက္ေတြ ဘယ္လိုအလုပ္လုပ္သလဲဆိုတာ ရွာေတြ႕ၿပီး ျဖစ္သည္၊ အဲ့လိုမွမဟုတ္ရင္ အဲ့ဒီ့အေစာင့္ႏွစ္ေယာက္ သူ႔ကို မရိုက္ခင္မွာကတည္းက သူ ကန္အထုတ္ခံရၿပီး ျဖစ္ေနမွာ။
အင္း ဟုတ္တာေပါ့၊ ဒါက ဘုရင္ႀကီးနဲ႔ ဦးေလးျဖဴက သူ႔အျပဳအမူေတြကို မသိခ်င္ေယာင္ေဆာင္ထားခဲ့လို႔ေလ။
ေလးလံတဲ့တံခါး တဂ်ိန္းဂ်ိန္းအသံေတြ ဆူသြားကာ ပြင့္သြားေတာ့သည္။ တံခါးအေနာက္ဘက္က ျမင္ကြင္းထဲ ဝင္လာေတာ့ ဖုန္႔ရွီနဲ႔ ကာလြမ္သလာတို႔မ်က္ႏွာမွာ မတူညီတဲ့အမူအယာေတြ ေပၚလာၾကသည္။ ဖုန္႔ရွီကေတာ့ ဟိုးအရင္ကတည္းက လိုခ်င္မ်က္စိ က်ေနခဲ့တဲ့ လက္နက္ေတြအေပၚ သြားရည္တျမားျမား ျဖစ္လို႔ေနၿပီး အဲ့လက္နက္ေတြအားလုံး သူ႔အပိုင္သာ ျဖစ္မယ္ဆိုရင္ ဘယ္ေလာက္ေကာင္းမလဲဆိုၿပီး စတင္ ေတြးေနေတာ့သည္။ ကာလြမ္သလာကေတာ့ အဲ့ေလာက္ ဒရမ္မာ ခင္းမေနဘဲ သူငယ္အိမ္ ျပဴးက်ယ္ေနကာ တအံ့တဩနဲ႔ ပါးစပ္အေဟာင္းသာ ျဖစ္လို႔ေနတာျဖစ္သည္။
ဒါ ကာလြမ္သလာ အဲ့ေလာက္ သိမ္ေမြ႕နက္နဲတဲ့လက္နက္ေတြအမ်ားႀကီးကို ျမင္ဖူးတာ ပထမဆုံးအႀကိမ္ျဖစ္သည္။ ဒီေလာကႀကီးမွာ လက္နက္အမ်ိဳးအစားေပါင္း ဆယ္ရွစ္မ်ိဳး ရွိတယ္လို႔ ဆိုၾကေပမဲ့ ဒီနန္းေတာ္မွာေတာ့ လက္နက္အမ်ိဳးအစားေပါင္း ဆယ့္ရွစ္မ်ိဳး ကဟန္မတူေပ။ အမ်ိဳးအစားစုံတဲ့ သိမ္ေမြ႕နက္နဲလက္နက္ေတြအားလုံးကို အစီအစဥ္တက် ထားသိုထားတာျဖစ္သည္။ အဲ့ဒီ့လက္နက္ေတြကေန ထုတ္လႊတ္ေနတဲ့ အရွိန္အဝါေတြအရ အဲ့လက္နက္ေတြထဲမွာ ဘယ္တစ္ခုကမွ အနိမ့္တန္း အဆင့္ျမင့္အဆင့္ထက္ ပိုနိမ့္မွာ မဟုတ္လို႔ ကာလြမ္သလာ ေတြ႕ရွိသြားသည္။ အဲ့ဒီ့လက္နက္ေတြကေန လ်ိဳ႕ဝွက္ဆန္းက်ယ္ၿပီး ေၾကာက္မက္ဖြယ္ေလထုေတြကိုေတာင္ သူခံစားလို႔ရေနကာ အဲ့တာေတြက ဒ႑ာရီလာအတန္းအစားရဲ့ သိမ္ေမြ႕နက္နဲတဲ့လက္နက္ေတြဆိုတာ ရွင္းေနသည္ပင္။
သိမ္ေမြ႕နက္နဲလက္နက္ေတြမွာ အဆင့္ ငါးဆင့္ ရွိသည္၊ အနိမ့္စား၊ အလယ္အလတ္တန္းစား၊ အဆင့္ျမင့္အတန္းအစား၊ အျမင့္ဆုံးအတန္းအစားနဲ႔ ဒ႑ာရီလာအတန္းအစားတို႔ျဖစ္ၾကသည္။ အဆင့္ျမင့္အတန္းအစား သိမ္ေမြ႕နက္နဲလက္နက္ေတြကို အေတြ႕ရမ်ားေပမဲ့ အေရအတြက္အားျဖင့္ေတာ့ အဲ့ေလာက္ မမ်ားေခ်။ နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္က နယ္ေျမေတြအားလုံးမွာ ေလလံပြဲေတြ ရွိၾကသည္။ တခါတေလ ေပၚထြက္လာတတ္တဲ့ အဆင့္ျမင့္အတန္းအစား သိမ္ေမြ႕နက္နဲလက္နက္ေတြကို အင္အားစုေတြ အားလုံးက အၿပိဳင္အဆိုင္ လုၿပီး ေလလံေပးရေလာက္ေအာင္ တန္ဖိုးရွိတာျဖစ္သည္။ တကယ္လို႔ အျမင့္ဆုံးအတန္းအစား သိမ္ေမြ႕နက္နဲလက္နက္ေတြ ထြက္ေပၚလာတယ္ဆိုရင္ အဲ့ေလလံပြဲက က်ိန္းေသေပါက္ အက်ိတ္အနယ္လုၾကမဲ့ပြဲပါပဲ။ ဒ႑ာရီလာအတန္းအစား သိမ္ေမြ႕နက္နဲလက္နက္ေတြဆိုရင္ေတာ့ အျမင့္ဆုံးအဆင့္ သိမ္ေမြ႕နက္နဲလက္နက္ေတြထက္ေတာင္ ပိုလို႔ ေတြ႕ရခဲတာျဖစ္သည္။
အဲ့တာေၾကာင့္ အဆင့္ျမင့္အတန္းအစားနဲ႔ အထက္ သိမ္ေမြ႕နက္နဲလက္နက္ေတြက အလြန္႔အလြန္ကို ရွားပါးတာျဖစ္သည္။ ဆူးလားမိသားစုမွာေတာင္ အနိမ့္စား အဆင့္ျမင့္အတန္းအစား သိမ္ေမြ႕နက္နဲလက္နက္ တစ္ခုသာ ရွိ၏။
ကာလြမ္သလာ အဲ့လက္နက္ကို အေမြလႊဲမယူခဲေခ်၊ အေၾကာင္းကေတာ့ အဲ့လက္နက္က သူ႔အတြက္ မသင့္ေတာ္တဲ့ ခုတ္ျဖတ္တဲ့ ပုဆိန္တစ္ခုမို႔ပဲ ျဖစ္သည္။ အဲ့တာေၾကာင့္ တေလ်ာက္လုံးမွာ သူက ဖုန္႔ရွီလိုပဲ လက္ခ်ည္းသပ္သပ္နဲ႔သာ သူ တိုက္ခိုက္ေနခဲ့တာျဖစ္၏။ ဒါေပမဲ့ ကာလြမ္သလာအပါအဝင္ က်င့္ႀကံသူေတြအားလုံးက သိမ္ေမြ႕နက္နဲလက္နက္တစ္ခုေလာက္ေတာ့ လိုခ်င္တပ္မက္ၾကသည္ေလ!
ဘုရင္ႀကီးက လွည့္ၾကည့္လိုက္ကာ သူတို႔မ်က္ႏွာေပၚက စိတ္လွုပ္ရွားေနမွုေတြကို လ်စ္လ်ဴရွုလိုက္ၿပီး တည့္ပဲ ေျပာလိုက္သည္၊ "မင္းတို႔နဲ႔ အသင့္ေတာ္ဆုံးျဖစ္မယ့္ သိမ္ေမြ႕နက္နဲလက္နက္တစ္ခု သြားေရြးေခ်။ မွတ္ထားရမွာက မင္းတို႔ရဲ့ ကိုယ္ပိုင္စြမ္းရည္ေတြနဲ႔ ကိုက္ညီတာကိုသာ ေရြးၾက!"
အရမ္းကို စိတ္မရွည္ လက္မရွည္ ေစာင့္ေနခဲ့ရတဲ့ ဖုန႔္ရွီက ခ်က္ခ်င္းကို ေျပးသြားလိုက္ၿပီး ကာလြမ္သလာတစ္ေယာက္ လက္သီးက်စ္က်စ္ပါေအာင္ ဆုပ္ထားရင္း အဲ့ေနရာမွာတင္ ရပ္ေနတာကို သတိမျပဳမိေတာ့ေခ်။
ဘုရင္ႀကီးက ကာလြမ္သလာကို ျမင္သြားပုံရကာ ေျပာလိုက္သည္၊ "သြား!"
"ေက်းဇူးႀကီးျမတ္လွပါတယ္ အရွင္မင္းႀကီး!" ကာလြမ္သလာ ေနာက္ဆုံးေတာ့ တကယ္ကို ေပ်ာ္သြားတဲ့ပုံ ေပၚလာေတာ့သည္။ အဲ့အမူအယာက သိပ္ႀကီး မသိသာေနေပမဲ့လည္း သူ အခု ဘယ္လို ခံစားေနရသလဲဆိုတာ ေဖာ္ျပဖို႔ေတာ့ လုံေလာက္ျပည့္စုံေနသည္ေလ။ အဲ့ေနာက္ သူက ဖုန္႔ရွီေနာက္ လိုက္သြားလိုက္ကာ သိမ္ေမြ႕နက္နဲလက္နက္ေတြ တပုံႀကီးဆီ ေလၽွာက္လွမ္းဝင္ေရာက္သြားေတာ့သည္။
ဘုရင္ႀကီးက ကာလြမ္သလာကို လက္ခံၿပီးျဖစ္တဲ့အတြက္ ေသခ်ာေပါက္ ရက္ေရာမွာျဖစ္သည္။
အခု ဘုရင္ႀကီးရဲ့ နက္ေမွာင္တဲ့ မ်က္လုံးအစုံက ရွိသမၽွလက္နက္တိုင္းကို လိုက္ကိုင္ေန ထိေနတဲ့ ခပ္လွမ္းလွမ္းကသူဆီ အၾကည့္ျမဲၿမံေနကာ ေတြးလိုက္၏၊ "ဒါ သူ႔အတြက္ ငရဲျပည္အျပင္ဘက္ကို စူးစမ္းေလ့လာ ေတာင္ပံျဖန္႔က်က္ဖို႔ အခ်ိန္ေရာက္ၿပီ!'
20211215; 0008