Chapter 183 The Familiar Voice

668 118 1
                                    

အပိုင်း ၁၈၃။ ရင်းနှီးနေသောအသံ

ကောင်းကင်ယံထက် ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။

သီထျန်းဟွာနှင့် ဂျူနီယာချီ တို့ အပြင်းအထန် တိုက်ခိုက်ကြသောအချိန်၌ ဖုန့်ရှီနှင့် သူ့လူများသည် မီတာရာချီအကွာအဝေးသို့တောင် မရောက် ကြသေးပေ။ သို့ပေမဲ့ ဂျူနီယာချီက သီထျန်းဟွာအတွက် ပြိုင်ဘက်မဟုတ်တာ ထင်ရှားလှသည်။ အသောက်အစား၊ အပျော်အပါတွေနှင့် လောင်းကစားများတွင် မိမိကိုယ်ကို နစ်မွမ်းနေသူတစ်ဦးသည် သီထျန်းဟွာကို မည်သို့အနိုင်ယူနိုင်အံ့နည်း?

သူမအနားတွင်ရှိသော လုံရှီ၏အကူအညီမပါဘဲနှင့် သီထျန်းဟွာသည် ဂျူနီယာချီကို သူ၏တကိုယ်ရည် ပိုင်ပစ္စည်း ပျက်စီးသွားကာ သွေးထွက်လွန်သွားသည်အထိ အပြင်းအထန် ရိုက်နှက်ခဲ့သည်။

ထိုဖြစ်ရပ်ကြောင့် ပဋိပက္ခတွေဖြစ်လာကာ အခြေအနေတို့က ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့သည်။

ကြီးမြတ်သော သမ္မတချီ၏သားဖြစ်သူသည် သူ၏ ခန္ဓာကိုယ်တစ်ဝက်ခန့် သွက်ချာပါဒလိုက်အောင် ရိုက်နှက်ခံခဲ့ရပြီးနောက် ထိုသတင်းတို့က လေနှင့်သွေးမြို့တော်တစ်ခုလုံး ပျံ့နှံ့သွားလောက်အောင်ထိ တုန်လှုပ်ချောက်ချားသွားစေတော့သည်။ ကြီးမြတ်သော သမ္မတချီသည်ပင် အစောင့်အများအပြားခြံရံလျက် ယဲ့ရှန်းပျော်တော်ဆက်ဂေဟာသို့ ပေါက်ချလာတော့သည်။ အပျော်ရပ်ကြည့်နေခဲ့ကြသော လူတော်တော်များများတို့ ထွက်ပြေးသွားကြတော့သည်။ ဖုန့်ရှီနှင့် အခြားနှစ်ယောက်တို့မှာမူ ကွဲပြားလှသည်။ အခြားသူများမှာ ဆန့်ကျင်ဘက်သို့ ပြေးနေချိန်တွင် သူတို့ကတော့ အုံကြွမှုဖြစ်တည်ရာဆီသို့ ပြေးသွားနေကြသည်။

"ဒီလောက် အကြီးအကျယ်ဖြစ်သွားမယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူး။ ငါမှားသွားတယ်" ဖုန့်ရှီက သက်ပြင်းချလိုက်သည်။

ရေခဲချီလင်လည်း ထိုသို့ မထင်ထားခဲ့တာ သိသာလှသည်၊ "အဲ့လိုဖြစ်သွားတော့ ပိုမကောင်းသွားဘူးလား?"

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now