157. The Biggest Misunderstanding in the World

1K 217 5
                                    

အပိုင်း ၁၅၇။ ကမ္ဘာ့အကြီးဆုံး နားလည်မှုအလွဲအမှား

ဖုန့်ရှီက သူ့အကြည့်ကို ချင်းမင်ရဲ့ခါးနှင့် လက်တို့အပေါ် ရွှေ့လိုက်ပြီး နေရာလွတ်လက်စွပ်တို့ သိုလှောင်အိတ်တို့ ရှိမရှိ ရှာလိုက်ပြီး မတွေ့တာကြောင့် အဲ့နောက် သူ မနေနိုင်တော့ဘဲ ခေါင်းပြူကာ မေးလိုက်သည်၊ "ခင်များပစ္စည်းတွေကို ခင်များ ဘယ်နေရာမှာသိမ်းထားတာလဲ?" သူ့ရဲ့ သေးငယ်တဲ့မျက်နှာပေါ်က အကြည့်တို့က အတော်ကြီးကို ရိုးသားလို့နေသည်။

ချင်းမင်က မျက်လုံးလှိမ့်လိုက်ကာ ဖုန့်ရှီကို တစ်ခုခုပြောချင်ပေမဲ့ မပြောနိုင်သလိုပုံ ပေါ်နေသည်။

"ခင်များ အခုစကားမပြောနိုင်ဘူးဆိုတာ ကျွန်တော် မေ့သွားတယ်" ဖုန့်ရှီက သူ့ခေါင်းကို ရုတ်တရက် ပုတ်လိုက်ကာ ခုလေးတင် မှတ်မိသွားသလိုမျိုးနှင့် အနည်းငယ် တောင်းပန်တဲ့လေသံဖြင့် ပြောလိုက်သည်၊ "ကိစ္စမရှိပါဘူး။ ကျွန်တော် လက်ညှိုးထိုးတဲ့နေရာ မှန်သွားရင် ခင်များမျက်လုံးလှိမ့်လိုက်။"

ကောင်လေးက ချင်းမင်ရဲ့အမြင်ကို မေးဖို့ အစီအစဉ်မရှိဘဲ ချင်းမင်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုချင်းစီကို စတင်ကာ လက်ညှိုးညွှန်တော့လေသည်။

ချင်းမင်တစ်ယောက် သွေးအန်ထွက်လုမတတ်ဖြစ်သွား၏။ သူထင်လိုက်တာက ကောင်လေးက ဘုရင်ကြီးကို သူ့ကို လွှတ်ပေးဖို့ တောင်းဆိုလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ ဖုန့်ရှီ သူ့ရတနာတွေကို လိုချင်နေဆဲဖြစ်နေမယ်လို့ သူ ထင်မထားခဲ့။

ဒါပေမဲ့ ချင်းမင်က သူတို့ သူ့ကို လွှတ်ပေးမယ်ဆိုလို့ကတော့ အဲ့အရာတွေကို သူပေးဖို့ လိုလိုလားလားဆန္ဒရှိသည်။

သူ့ဘဝအတွက် ပါလာသမျှသောရတနာတွေ ဘယ်လောက်နဲ့ပဲဖြစ်ဖြစ် သူ အလဲအလှယ်လုပ်နိုင်သည်၊ သူ အခုက အလောတကြီးထွက်လာခဲ့တာဖြစ်တဲ့အတွက် ဘာမှ သိပ်များများစားစား မယူခဲ့တဲ့အချက်ကို ဘေးဖယ်ထားလိုက်ဦး။ သူယူလာတဲ့ နေရာလွတ်လက်စွပ်က မမြင်ရတဲ့ပိုင်ဆိုင်ပစ္စည်းတစ်ခုဖြစ်ပြီး သူ့လက်ချောင်းပေါ်မှာရှိနေကြောင်း ဘယ်သူမှ တွေ့ရမှာမဟုတ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now