51. Wooden Ring

1.7K 304 3
                                    

အပိုင်း ၅၁။ သစ်သားလက်စွပ်

နတ်ဘုရားတွေနဲ့ မိစ္ဆာတွေ မက်မက်မောမော လိုချင်ကြတဲ့ ကမ္ဘာ့သစ်သီးက ဖုန့်ရှီရဲ့ မျက်စိရှေ့မှောက် တည့်တည့်ရောက်နေပြီပင်။

သစ်ပင်ရဲ့ ကြီးမားတဲ့ပင်စည်ပေါ်မှာ တန်ပေါင်းများစွာသော သစ်သီးတွေ သီးနေကြပြီး တစ်ခုစီတိုင်းဟာ အရောင်တောက်တောက်နဲ့ ဝင်းလက်နေကာ အနံ့ရလိုက်သူတိုင်းကို လန်းဆန်းသွားစေတဲ့ ချိုမွှေးနေတဲ့ရနံ့တို့ကို ထုတ်လွှတ်နေတယ်။

အဲ့ဒီ့သစ်သီးတွေ ရင့်မှည့်ဖို့ဆိုတာ နှစ်ထောင်ချီ အချိန်ယူရတယ်၊ ဘာလို့လဲဆိုတော့ သစ်ပင်ရဲ့ ပန်းပွင့်တာနဲ့ သစ်သီးထွက်တာတို့ရဲ့ ကြာချိန်ဟာ အတော် ရှည်ကြာလို့ဖြစ်တယ်။ တခါတရံမှာ နှစ်သောင်းနဲ့ချီ ကြာနိုင်သလို တခါတရံဆို အဲ့ထက်ကို ပိုကြာသွားတတ်တယ်။

ဒါပေမဲ့ ဘယ်သူကမှ ကမ္ဘာ့သစ်ပင်ကို မတားဆီး မပိတ်ဆို့နိုင်ခဲ့ကြတဲ့အတွက် နှစ်သန်းပေါင်းများစွာကြာတဲ့အချိန်မှာတော့ သစ်ပင်ဟာ သစ်သီးတွေ တန်နဲ့ချီ သီးနေပြီ ဖြစ်တယ်။ ပိုတာတစ်ခုက သစ်သီးသက်တန်း အိုလေလေ ပိုအားကောင်းတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေလေလေပါပဲ။

သစ်ပင်ရဲ့ အဆီအနှစ်သာရက သူ့ပင်စည်ဖြစ်တယ်၊ အဲ့ဒါကြောင့် အဲ့မှာ ပေါ်ထွက်ကြီးထွားလာတဲ့ သစ်သီးတွေဟာ အားအကောင်းဆုံး အကျိုးသက်ရောက်မှုကို ပေးတယ်။ ဒါ့အပြင် ပင်စည်ရဲ့ ဟိုးထိပ်ဖျားကနေ အောက်ခြေအထိ သစ်သီးတွေရဲ့ အသီးသက်တမ်း တဖြည်းဖြည်း တိုးသွားတာ ဖြစ်ပြီး အသီးထဲက စွမ်းအင်တွေဟာလည်း အတူတူ တိုးသွားတာပဲ ဖြစ်တယ်။

ဥပမာ၊ ပင်စည်ရဲ့အောက်ခြေမှာ သီးတဲ့သစ်သီးအနည်းငယ်ဟာ သစ်ပင်ရဲ့ ရှေးအကျဆုံး သစ်သီးတွေဖြစ်ပြီး နှစ်သန်းချီ ကြာမြင့်စွာ တည်ရှိနေခဲ့တာ ဖြစ်တယ်။

အဲ့ဒီ့သစ်သီးတွေဟာ ဖုန့်ရှီအတွက် စားဖို့ မသင့်တော်သော်လည်း အဲ့အသီးတွေကို ခိုးယူချင်တဲ့ ဖုန့်ရှီရဲ့စိတ်ကို မတားဆီးနိုင်ပေ။

သစ်ပင်က သူတို့ အလိုရှိသလောက် သစ်သီးတွေအများကြီး ရယူနိုင်တယ်လို့ ပြောကတည်းက အဲ့သစ်သီးတွေကို လုံးဝ ဂရုမစိုက်မှန်း ရှင်းနေတယ်။ အဲ့ဒါကြောင့် ဖုန့်ရှီမှာ မကောင်းတဲ့အကြံတစ်ခု ချက်ချင်းပဲ​ရလိုက်တယ်။ သူ့အရှေ့က အဲ့ဒီ့သစ်သီးတွေကို ကြည့်လိုက်ရင်း သားရေကျလုလု ဖြစ်သွားတယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now