25. Passing the Buck

2.2K 411 15
                                    

အပိုင်း ၂၅။ ခေါင်းရှောင်ခြင်း

ကောလာဟာလတွေဟာ လေမုန်တိုင်းတစ်ခုလို အနားယူညမြို့တော် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့တယ်။ သုံးရက်အတွင်းမှာပဲ ငရဲပြည်မှာ ရှိတဲ့လူတိုင်း ဘာဖြစ်သွားခဲ့တယ်ဆိုတာ သိသွားကြတယ်။

ကြီးမြတ်တဲ့ငရဲမင်းကြီးဟာ ကောင်လေးတစ်ယောက် အတွက် လူထုကြားထဲကို ပေါ်လာခဲ့ပြီး သုန်းဖန်းအောင်ရဲ့ သမီးကို ကြာပန်းနီငရဲကို နှင်လွှတ်လိုက်တယ်။ မျက်မြင်သက်သေတွေအရ ကောင်လေးက ငရဲပြည်ရဲ့ ဘယ်မျိုးနွယ်စုကမှ မဟုတ်ဘူး၊ တကယ်တော့ ဘုံ ၃ဘုံမှာ ယုတ်အညံ့ဆုံးဘုံက ဖြစ်တဲ့ လူသားတစ်ဦးပဲ ဖြစ်တယ်။ ပိုထူးခြားတာက အဲ့လူသားဟာ ဘုရင်ကြီးရဲ့ မျက်နှာသာပေးခြင်းကို ခံရပြီး ဘုရင်ကြီးရဲ့ လက်တွဲဖော်အနေနဲ့ ကောင်းကင်လမ်းရဲ့ အသိအမှတ်ပြုခြင်းကိုပါ ခံရတဲ့သူ ဖြစ်နေတယ်။ ဘုရင်ကြီးကို နက်နက်ရှိုင်းရှိုင်း ကြည်ညိုသူတို့အတွက်တော့ အဲ့အချက်က သူတို့ခေါင်းထဲ ပေါက်ကွဲသွားတဲ့ ဗုံးတစ်လုံးလိုပဲ။

အပြင်လောကက ဆူညံ့သံတွေနဲ့ ပလုံစီနေပေမဲ့ နန်းတော်ကတော့ ငြိမ်းချမ်းနေဆဲပင်။

သူ့ဥကို အသက်နဲ့ထပ်တူ ကာကွယ်ချင်တဲ့အတွက် ဆူညံ့မှု အခု ပြုလုပ်လိုက်သူက ကောင်လေးတစ်ဦးတည်းသာ ဖြစ်တယ်။

"ဒီဥက.... အာ၊​ ကျွန်တော် အခု သတိရပြီ၊ ကျွန်တော် အပြင်ကနေ ဒီဥကို ကောက်လာခဲ့တာ။ ဟုတ်တယ်။ အပြင်ဘက်ကနေ။" ဖုန့်ရှီ သူ့ဥကို အိတ်ကပ်ထဲ​ တတ်နိုင်သမျှ အစွမ်းကုန် ဖုံးအုပ်ထားရင်း သူ့နှုတ်ခမ်းကို ကွေးလိုက်တယ်။

"ကိုယ်တော့ကို ပြန်ပေး" ငရဲမင်းကြီးက အတော် ခန့်ညားတဲ့ဟန်ပန်အပြည့်နဲ့ တည်တည်ငြိမ်ငြိမ်ပဲ လက်ဆန့်ထုတ်လိုက်တယ်။

ဖုန့်ရှီက နှုတ်ခမ်းတွန့်ပြီး ပွစိပွစိ ရေရွတ်ရင်း ဝမ်းနည်းစွာ ဦးညွှတ်လိုက်တယ်။ "ကပ်စီးနှဲကြီး၊ မင်းမှာ ဥတွေ အများကြီးရှိနေတာကို။ ငါ့ တစ်ခုလောက် ဘာလို့ မပေးနိုင်ရတာလဲ? ငါ့ခေါင်းဆောင်က ကပ်စေးနှဲတဲ့ သူတစ်ယောက်ပဲ"

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now