139. The Sinister King of the Netherworld

1.6K 246 10
                                    

အပိုင်း ၁၃၉။ ယုတ်မာစဉ်းလဲတဲ့ ငရဲမင်း

သူတို့အရှေ့က အမှောင်ထုက အဖြူရာင်ကမ္ဘာတစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။ သူတို့ မူးနောက်နေရာကနေ ပြန်မသက်သာသေးခင်မှာပဲ ကောင်းကင်အပြည့် ရေခဲပန်းဆွဲတို့က သူတို့ကို သေမတတ် ကြောက်လန့်သွားစေတော့သည်။

ကံကောင်းစွာပဲ နှစ်ယောက်လုံးက သာမာန်လူတွေမဟုတ်ကြတာကြောင့် လက်တွေ ရှုပ်ရှက်ခက်နေအောင် ဝှေ့ယမ်းကာ ရှောင်ရှားပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်လုံးက လေထဲက ရေခဲပန်းဆွဲတွေအားလုံးကို ဖယ်ရှားလိုက်နိုင်သွားကြသည်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူတို့ ရေခဲမျက်လုံးမိစ္ဆာသားရဲအုပ်ကြီးတစ်အုပ်ရဲ့ အဝိုင်းကို ခံလိုက်ရတော့သည်...

အခြားတစ်ဖက်မှာတော့ ငရဲမင်းကြီးက သူတို့ကို ဝန်းရံထားတဲ့ နောက်ထပ်သတ္တဝါတစ်မျိုးတွေကို ကျော်လွှားဖို့ လုပ်နေပြီဖြစ်သည်။ ရုတ်တရက် သူက သူတို့လာခဲ့တဲ့လမ်းဖက်ကို တစ်ချက် ပြန်လှည့်ကြည့်လိုက်၏။

ဒါပေမဲ့ သူက သူ့အကြည့်ကို ခပ်မြန်မြန်ပဲ ပြန်ရုတ်သိမ်းလိုက်ကာ သူ့ရဲ့အရှေ့မှာရှိနေတဲ့ သတ္တဝါတွေဆီ ပြန်အာရုံစိုက်လိုက်၏။

သူတို့ကို ဝန်းရံထားတာကတော့ ရေခဲဘတ်တီးရီးယားလို့ခေါ်တဲ့ သတ္တဝါဖြစ်ပြီး ၎င်းက ရေခဲဝိညာဉ်တွေပေါ်မှာ ကပ်တွယ်နေတတ်တဲ့ သက်ရှိတစ်မျိုးဖြစ်ကာ ရေခဲကုန်းမြေမှာသာ တွေ့ရှိနိုင်၏။ သူတို့မှာ သဘာဝအားဖြင့်တော့ တိုက်ခိုက်စွမ်းရည် မပါရှိပေမဲ့ လူတွေကို မသိမသာနဲ့ ထိခိုက်သက်ရောက်မှုဖြစ်စေတတ်လျက် များပြားလှတဲ့ ပျက်သုန်းခြင်းသို့ ဆိုက်ရောက်စေတတ်သည်။ အကယ်၍ နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့် ပညာရှင်တစ်ယောက်ဆိုလျင် ရေခဲဘတ်တီးရီးယားက ခန္ဓာကိုယ်ကို ကပ်တွယ်ဝင်ရောက်သွားပါက ချက်ချင်း မသိရှိလိုက်ရပေမဲ့ အဆုံးမှာတော့ သေဆုံးသွားရမှာသာဖြစ်သည်။

ရေခဲကုန်းမြေထဲတွင် ထိုသက်ရှိမျိုးကာ မရေမတွက်နိုင်အောင် ဆပွါး ပွါးများ တည်ရှိနိုင်ကြ၏။

နှစ်ကာလကြာညောင်းလာတော့ ဒီရပ်ဝန်းမှာ ပေါက်ဖွားနေထိုင်လာတဲ့ ရေခဲဘတ်တီးရီးယားကောင်အစုအပြုံဟာ တပုံတစ်ခေါင်း များပြားလာတာဖြစ်သည်။ ကံကောင်းစွာပဲ ငရဲမင်းကြီးရဲ့စွမ်းရည်က အဆုံးမရှိ ကြီးမားလွန်းလှတဲ့အပြင် သူက သာမာန် နတ်ဘုရားဘုရင်နယ်ပယ်ဆင့် ပညာရှင်တစ်ယောက်လည်းမဟုတ်ပေ။ အကယ်၍ အဲ့လိုမဟုတ်ဘူးဆိုလျင်တော့ သူတို့ကို ဝိုင်းထားတဲ့ ရေခဲဘတ်တီးရီးယားတွေက သူတို့ရဲ့အသွေးအသားထဲ ထိုးဖောက်ဝင်ရောက်သွားပြီးဖြစ်နေမှာပင်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now