91. The Final Match

1.4K 251 8
                                    

Please scroll down for Zawgyi.

အပိုင်း ၉၁။ ဖိုင်နယ်ပွဲ

ပူပြင်းနေတဲ့ နေရောင်အောင် လူအုပ်ကြီးကတော့ ပျော်ရွှင်ဝမ်းမြောက်လို့နေကြသည်။

ကွင်းထဲ ရပ်နေတဲ့ လူနှစ်ဦးကြောင့် လူတိုင်းက အလွန့်အလွန် စိတ်လှုပ်ရှားနေကြ၏။ ကွင်းပြင်က အတော်ဆိုးဆိုးဝါးဝါး ပျက်ဆီးသွားပေမဲ့ တကယ်စွမ်းအားကြီးတဲ့ကျင့်ကြံသူတွေဆိုတာ ကျဉ်းမြောင်း မတ်စောက်တဲ့ တောင်ကြားထဲတောင်မှ မြေပြန့်ပေါ်မှာလို တိုက်ခိုက်နိုင်ကြတာပဲလေ။

အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ အရမ်းကို မျှော်လင့်စောင့်စားနေခဲ့ကြတဲ့ နောက်ဆုံးယှဉ်ပြိုင်ပွဲစဉ် စတင်ပြီဖြစ်သည်။

ဒီနေ့ ကောင်လေးက နို့နှစ်ဖြူရောင် ဝတ်ရုံကို ဝတ်ထားပြီး နူးညံ့တဲ့ သိုးမွှေးချည်ရယ်၊ ကြယ်သီးတွေရယ်က သာမာန်မိသားစုကနေ လာတာမဟုတ်မှန်း သိသိသာသာ ဖော်ပြနေသည်ပင်။ သူ့မျက်နှာပေါ်က ချစ်စဖွယ်ဟန်ကို အကဲဖြတ်ကြည့်ရင် သူက စိတ်တင်းကျပ်တဲ့ လေထုရဲ့ သက်ရောက်မှု ရှိပုံမရပေ။ သူ့သွားစွယ်နှစ်ချောင်း ပေါ်သွားတာနဲ့ သူက တကယ်ကို အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်လိုပင်။

သူ အခု ကွင်းထဲမှာ ရပ်နေပြီး နာမည်ကြီး Carendra နဲ့ တိုက်ခိုက်ခါနီးသာ မဟုတ်ဘူးဆိုရင် သူ့စွမ်းအားက တဖက်လူရဲ့စွမ်းအားနဲ့ အဆင့်ခြင်း တူနေတဲ့ ကျင့်ကြံသူတစ်ယောက်ဆိုတာကို ဘယ်သူမှ ယုံကြမှာမဟုတ်ချေ။

သူ့နဲ့ ပြောင်းပြန် အနက်ရောင် ဝတ်ဆင်ထားတဲ့ Carendra က သူ့တကိုယ်လုံး အေးစက်တဲ့လေတွေ ထုတ်လွှတ်နေပြီး ညဉ့်ဘုရင်အလား ပိုတူနေပြီး ကြည့်ရတာ အလွန်အန္တရာယ်ကြီးတဲ့ပုံ ပေါက်သည်။ သူ့ရဲ့ နတ်ဘုရားတမျှ လှပတဲ့မျက်လုံးအစုံက ရေခဲလို အေးစက်နေပြီး သူ့မျက်နှာထက်မှာ တချိန်လုံး မျက်မှောင်ကြုတ်ထားတဲ့အမူအယာက ရှိလို့နေသည်။ သူက အဲ့မှာ ထက်ရှတဲ့ ဓါးသွားလို အေးစက်တဲ့အလင်းတွေ ထုတ်လွှတ်နေကာ ရပ်နေ၏။

တစ်ယောက်က အေးစက်စက်၊ အခြားတစ်ယောက်က မီးလို ပူ။ သူတို့နှစ်ယောက်က ရန်သူဖြစ်ဖို့ မွေးဖွားလာကြတာပဲ!

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now