161. Out of Luck

1K 177 2
                                    

အပိုင်း ၁၆၁။ ကံဆိုးချက်က

"ကျွန်တော်က ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကို အကြံပြုရုံပါ၊ ပြီးမှ ဆွေးနွေးမလို့ပါ။ ကြည့်ရတာ ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားယင်းဖုန်းက တဒင်္ဂလောက် ဆွံ့အသွားပုံရတယ်။"

ဖုန့်ယွင်က တည်ငြိမ်နေဆဲဖြစ်ပြီး အပြုံးတစ်ပွင့်နှင့်အတူ ချေပလိုက်သည်။ သက်တောင့်သက်သာနှင့် ယုံကြည်ချက်ရှိစွာ ပြန်လည်ချေပလိုက်ခြင်း ဖြစ်၏။ သူက ဂူနီလာကုန်သည်ကြီးများအသင်းကို နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်မှာ ပထမဆုံးကုန်သည်အသင်းဖြစ်လာအောင် ပျိုးထောင်နိုင်ခဲ့သူဖြစ်သည့်အတွက် အတော်လေး ထက်မြက်ကျွမ်းကျင်လိမ်မာပါးနပ်လှသည်။ အဲ့အတွက်ကြောင့် သူနဲ့ ပြိုင်ငြင်းလို့ ယင်းဖုန်း ဘာအကျိုးအမြတ်မှ မရနိုင်ပေ။ တစ်ဖက်လူက ပိုပိုဒေါသထွက်လာလေ၊ သူ ပိုတည်ငြိမ်လာလေဖြစ်သည်။

တခြားသူနဲ့ ပြိုင်ရန်ဖြစ်တိုင်း လေနတ်ဘုရား ဘယ်တော့မှ မရှုံးချေ။

ယင်းဖုန်း ဒေါသတို့ ငယ်ထိပ်တက်မတတ်ဖြစ်သွားရပေမဲ့ လေနတ်ဘုရားက သူ့ကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်နေခြင်းသာဖြစ်ကြောင်း သူသဘောပေါက်သွားတဲ့အတွက် ချက်ချင်းပဲ တည်ငြိမ်အောင် ကြိုးစားလိုက်ကာ၊ "ဒီကိစ္စကို အနာဂတ်မှာ ပြန်သုံးသပ်စဉ်းစားဖို့ လုံးဝမလိုအပ်ဘူး။ နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ရဲ့ ဥပဒေကို သူတို့ သိတယ်၊ အဲ့တာတောင်မှ သူတို့က ပိုင်ရှင်မဲ့သတ္တုကြောအတွက် တိုက်ခိုက်ရဲကြတယ်။ သူတို့က နတ်ဘုရားမိစ္ဆာမျှော်စင်ကို အလေးမထားတာ အသိသာကြီးပဲ။ ဒီကိစ္စကို သေချာမဖြေရှင်းဘူးဆိုရင် နတ်ဘုရားမိစ္ဆာမျှော်စင်ရဲ့ အာဏာက မေးခွန်းထုတ်စရာဖြစ်လာလိမ့်မယ်။ နတ်ဘုရားမိစ္ဆာမျှော်စင်ကို ဦးစားပေး လေးစားသမှုပြုရမယ်ဆိုတာကို လူတိုင်း သိသင့်တယ်၊ ဘာလို့လဲဆိုတော့ ဘယ်သူမှ အဲ့တာရဲ့ အာဏာကို စိန်မခေါ်ဝံ့လို့်ပဲ။ ချွင်းချက်တစ်ခု ရှိလာပြီဆိုရင် အများပြည်သူတွေကလည်း အဲ့အတိုင်း လိုက်လုပ်လာလိမ့်မယ်၊ အဲ့လိုဖြစ်ရပ်တွေ ခပ်စိတ်စိတ်ဖြစ်လာလိမ့်မယ်။ အဲ့အချက်ကို ထည့်စဉ်းစားရင် နတ်ဘုရားမိစ္ဆာအမိန့်ပြန်တမ်းတစ်စောင် ထုတ်သင့်တယ်လို့ ငါထင်တယ်။"

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now