12. To the Netherworld

3.1K 437 1
                                    

အပိုင်း ၁၂။ ငရဲပြည်သို့

ဆန္ဒပင်လယ်မှာ ၂နာရီပဲကြာသေးတာဖြစ်ပေမဲ့ ပြင်ပလောကမှာတော့ ၂ရက်ကုန်ဆုံးသွားပြီဖြစ်၏။

ဝိညာဉ်ကူးပြောင်းနန်းတော်အရှင်မှ ပါးလိုက်သည့်သတင်းစကားကို လက်ခံရရှိပြီးတဲ့နောက် အပလောကဘုရင် မီးဇာမဏီက အဆိုပါဝိညာဉ်က ဘယ်ကနေ ရောက်လာတယ်ဆိုတာ နောက်ဆုံးတော့ သိနားလည်သွားပြီဖြစ်သည်။

ရွှေရောင်ဝိညာဉ်သည် အကန့်အသတ်မဲ့ကုသိုလ်ကို ပိုင်ဆိုင်ထားသည်ဆိုသည်ကို အသာထားဦး လေလွင့်ဝိညာဉ်တစ်ဦးက ကောင်ကင်လမ်းနှင့် ပတ်သတ်နေပြီဆိုကတည်းက အရာရာဟာ မတူတော့ပေ။ မကောင်းတဲ့စိတ်ရှိသည့် သတ္တဝါအချို့တို့သာ ဒီအကြောင်းကိုသိသွားခဲ့လျင် ထိုဝိညာဉ်က အသန့်စင်ခံလိုက်ရမှာဖြစ်ပြီး ဝါးမြိုခြင်းခံလိုက်ရမှာဖြစ်သည်။ ဒါသည် အပလောကဘုရင် လက်မခံနိုင်သည့် အရာပင်ဖြစ်၏။

ထို့ကြောင့် ဘဝသုံးဆက်ကျောက်တုံးက ရွှေရောင်ဝိညာဉ်ကို ဘယ်ကိုခေါ်ဆောင်သွားသလဲဆိုတာ သူမ အတတ်နိုင်ဆုံး မြန်မြန်ရှာရမည်။

ဘဝသုံးဆက်ကျောက်တုံးသည် ငရဲပြည်၏ ရာထူးအမြင့်ဆုံးဖြစ်သည့် ငရဲမင်းနှင့် လျို့ဝှက်ဆန်းကျယ်သည့် ချိတ်ဆက်မှု ရှိသည်။

မှတ်တမ်းမှတ်ရာတို့အရ ဘဝသုံးဆက်ကျောက်တုံးသည် ငရဲမင်းကြီးနဲ့ သက်တမ်းတူတူလောက် ရှိပြီဖြစ်ကာ ၎င်းတွင် အဆုံးအဆမဲ့ လျို့ဝှက်ဆန်းကျယ်သည့် အစွမ်းတို့ပါဝင်ပြီး လူသား၊ နတ်ဘုရားနဲ့ မိစ္ဆာတို့၏ အတိတ်ဘဝ၊ အနာဂတ်ဘဝတို့ကို သိရှိနိုင်ပါသည်။ စွမ်းအားအရင်းအမြစ်သည်ကား ငရဲမင်းကြီးကိုယ်၌လိုပင် နားလည်ရန်ခက်ခဲသည်။

ငရဲမင်းကြီး စိတ်အနှောက်အယှက်ဖြစ်မှာစိုးကြတာကြောင့် အခုထိ ဘဝသုံးဆက်ကျောက်တုံးရဲ့ လျို့ဝှက်ချက်ကို ဘယ်သူမှ မဖော်ထုတ်ဝံ့ကြချေ။

ဒီတစ်ကြိမ်တော့ မီးဇာမဏီက ၂ရက်လောက် အချိန်ယူ တွေးဆပြီးနောက် ဒီကိစ္စက အတော် လေးနက်တယ်ဆိုတာ တွေ့ရှိသည့်အတွက် နောက်ဆုံးတော့ ရွှေရောင်ဝိညာဉ်နဲ့ပတ်သက်သည့် မတော်တဆဖြစ်ရပ်ကို သွားရောက်လျောက်တင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တော့သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now